"မင်းတို့က ဘာသဘောလဲ,ချမ်းသာတိုင်း မောက်မာပြမနေကြနဲ့"
ဆိုင်ရှင်အမျိုးသမီးက လျစ်လျူရှုခံလိုက်ရ၍ မကျေမနပ်ဖြင့်ခပ်ဆတ်ဆတ် ပြောလိုက်သည်။
"သူဌေးယွမ်ကို အခွင့်ကောင်းယူလိုက်လို့ ငွေရလာမယ်ဆိုရင် ငါကတော့ လုပ်ဦးမှာပဲ"
အနောက်တိုင်း၀တ်စုံနှင့်လူမှာ သူ့ဆီရောက်လာသည့်ငွေအား ပြန်ထုတ်ပေးမည့်လူစားမျိုး မဟုတ်ပေ။
မှန်ပါသည်။အကြွေထည့်စက်ကို ကုမ္ပဏီကပိုင်သော်လည်း သီးသန့်၀င်ငွေရရန် သူလျှို့ဝှက်စွာ ရှာထားသည့်ငွေများမှာ သူ့အိတ်ထဲ လုံခြုံစွာ သိမ်းဆည်းထားပြီဖြစ်သည်။
"သူတို့နဲ့ ဘာလုပ်နေတာလဲ မကြာခင် သူတို့သိရမှာပဲကို"
လင်းဟုန်က အဝေးမှ လှမ်းအော်လိုက်သည်။
"အေးဗျာ ခင်ဗျားတို့အတွက် ကြိုပြီး၀မ်းနည်းထားမယ်နော်"
ဝူဟိုင်းက ပြုံးပြလိုက်သည်။
"အင်းလေ"
လင်းဟုန်က ခေါင်းငြိမ့်လိုက်သည်။
"ဘာကြီးကြီးကျယ်ကျယ်တွေ ပြောနေတာလဲ၊ငါ့ဘာသာ ဘယ်လိုရောင်းရောင်း မင်းတို့အပူမပါဘူးကွ"
အနောက်တိုင်း၀တ်စုံနှင့်လူက ကြိမ်းမောင်းလိုက်သည်။
"ဟမ့် အဲ့သူဌေးက သူ့များစီးပွားရေးကို ၀င်ရှုပ်ချင်တာလား"
ဆိုင်ရှင်အမျိုးသမီးက မဲ့ရွဲ့ကာ ရန်တွေ့လိုက်သေးသည်။
မည်သို့ဖြစ်စေ လင်းဟုန်တို့နှစ်ယောက်က အဝေးရောက်သွားပြီဖြစ်သည်။
လင်းဟုန်က နေ့လည်ပိုင်းမှာ ဝူဟိုင်းနဲ့အတူ ကျန်းချန်းရှီကို သွားတွေ့ပြီး ယခုကိစ္စကို ဆွေးနွေးရန် စီစဉ်ထားသည်။
ထို့ကြောင့် အိမ်ထဲမှာ အမြဲပဲ နေတတ်သော“အိမ်တွင်းအောင်း” ဝူဟိုင်းကို အပြင်သို့ ခေါ်ထုတ်လာခဲ့သည်။
အနောက်တိုင်း၀တ်စုံနှင့်လူကတော့ မထွက်သွားဘဲ နေ့လယ်အထိ စောင့်ရန် ဆုံးဖြတ်လိုက်သည်။
မနေ့ကလို သောက်စရာတွေ ဝယ်ရန် လူတွေ မရပ်မနား လာနေမည့် မြင်ကွင်းကို ပြန်တွေ့ချင်နေသည်။
ဆိုင်ရှင်အမျိုးသမီးကလည်း အကြွေထည့်စက်မှာ အအေးများကို ထပ်ဖြည့်လိုက်သည်။ နေ့လည်ပိုင်းမှာ ပြန်ရောင်းကောင်းလာလျှင် မြန်မြန်ဖြည့်နိုင်ရန် အအေးကတ်အများကြီးကိုပါ ထပ်ဖောက်ထားသည်။
မကြာခင် အချိန်က မြန်မြန်ပဲ ကုန်သွားတတ်သည်။
အထူးသဖြင့် မနက်ပိုင်းမှာ ဖြစ်သည်။
ယွမ်ကျိုးအတွက်တော့ ပန်းဂေါ်ဖီတစ်ခုကို ပုံဖော်လုပ်ပြီး အစားအစာများ ပြင်ဆင်သည့် အချိန်လေးတွင် မနက်ပိုင်းက ခဏလေးနဲ့ ကုန်သွားသည်။
ထို့နောက် လမ်းပေါ်တွင် လူသွားလူလာများနှင့်ပြန်ရှုပ်ထွေးလာသည်။
စားသုံးသူများက တန်းစီပြီး အိုင်ဒီကတ်ကို စက်မှာ တင်ကာ နံပါတ်လက်မှတ်ယူပြီး ဆိုင်ထဲ ဝင်ပြီးစားရန် စောင့်နေကြသည်။
“ဟေ့ မင်း ဘာလုပ်ဖို့ သွားတာလဲ”
အရပ်ရှည်ရှည်လူငယ်တစ်ယောက်က သူ့မိတ်ဆွေကို တားလိုက်သည်။
“ရေငတ်လို့ ကိုလာတစ်ပုလင်း ဝယ်မယ်” ရပ်တန့်ခံရသော လူငယ်က အံ့ဩသလို ပြောသည်။
“မဝယ်နဲ့ သူဌေးယွမ်က အအေးတွေ သောက်ရင် ဟင်းရဲ့ အရသာ ပျက်နိုင်တယ်လို့ ပြောထားတယ်
မကြာခင် တွင်းထွက်ရေသန့် ပေးမယ်လို့လည်း ပြောထားတယ် အဲ့ဒါမှ အစားအစာရဲ့ အရသာအစစ်ကို ခံစားနိုင်မှာတဲ့”
လူငယ်က ချက်ချင်း ပြောလိုက်သည်။
“တကယ်လား”
သူ့မိတ်ဆွေက မယုံသလို မေးသည်။
“တကယ်ပဲ မင်း စကားပြောအုပ်စု
မကြည့်ဘူးလား
လူတိုင်း သူဌေးယွမ်ရဲ့ သတိပေးချက်ကို မျှဝေနေကြတယ်”
အရပ်ရှည်ရှည်လူငယ်က ထပ်ပြောလိုက်သည်။
“ကောင်းပြီ ဒီမှာ စားဖို့ လာရတာက ခက်ခဲတယ်ဆိုတော့ ဒီကိစ္စကြောင့် စိတ်မပျက်ချင်ဘူး”
သူ့မိတ်ဆွေက ခေါင်းညိတ်လိုက်သည်။
ယွမ်ကျိုး၏ ဟင်းလျာများကို စဉ်းစားလိုက်တာနှင့် အအေးသောက်ချင်စိတ်လည်း မဖြစ်တော့ပေ။
အအေးများကို အချိန်မရွေး သောက်နိုင်သော်လည်း သူဌေးယွမ်၏ ဟင်းလျာများကိုတော့ အလွယ်တကူ မစားနိုင်ပါ။
“မိတ်ဆွေရေ၊ တန်းစီကော်မတီအကြောင်း ကြားဖူးလား အခု ကျွန်တော်တို့ ရေကို အခမဲ့ ပေးနေတယ် ပိုက်ဆံ မပေးရဘူး”
အနည်းငယ် ခပ်၀၀ လူတစ်ယောက်ကပြောလာသည်။
ထိုသူမှာ တန်းစီကော်မတီအဖွဲ့လေးယောက်ထဲက အသက်ကြီးသောသူ ဖြစ်သည်။
“သိပါတယ် တန်းစီတဲ့ ကိစ္စတွေကို မင်းတို့ပဲ စီမံတာ မဟုတ်လား”
အရပ်ရှည်ရှည်လူငယ်က ပြန်ဖြေလိုက်သည်။
“ဒါဆို ဟိုဘက်သွားပြီး ရေယူလိုက်”
အသက်ကြီးကြီိးလူက တန်းစီစက်ဘက်ကို လက်ညွှန်သည်။
ထိုနေရာတွင် ပိန်ပါးပါး လူတစ်ယောက်က ရေပေးဝေနေသည်။
၎င်းသည် ကျန်းချန်းရှီ၏ ဒုတိယ အစီအစဉ် ဖြစ်ပြီး ယွမ်ကျိုး၏ သတိပေးချက်နှင့်လည်း ကိုက်ညီနေသည်။
နှစ်ခု ပေါင်းစပ်သွားသဖြင့် အအေး ဝယ်မည့်သူများ လျော့နည်းသွားသည်။
ယွမ်ကျိုး၏ စားသောက်ဆိုင် ဖွင့်ရန် ဆယ်မိနစ်သာ ကျန်တော့သည်။
“အင်း အအေး ဝယ်မယ့်သူ တစ်ယောက်တောင် မရှိတော့ဘူးထင်တယ်”
ယွမ်ကျိုးက ဒုတိယထပ်မှ ရောင်းစက်ကို ကြည့်ကာ ပြောသည်။
“ဟားဟား ငါလည်း ကိုယ့်ရဲ့ ဆွဲဆောင်မှုနဲ့ပဲ အသက်မွေးနေတဲ့ လူမျိုး ဖြစ်နေမလားမသိဘူး
ငါ့က ဟင်းချက်နည်းနည်းကောင်းရုံလေးပါကွာ"
ကိုယ့်ကိုယ်ကိုယ် သဘောကျစွာ ချီးကျူး
လိုက်သည်။
သို့သော် အချိန်ကို ကြည့်ပြီးနောက် ယွမ်ကျိုးက အောက်ထပ်သို့ ဆင်းသွားသည်။
ဟင်းချက်ခြင်းကတော့ အရေးကြီးနေဆဲပင်။
“ဘာဖြစ်တာလဲ အအေး တစ်ပုလင်းတောင် မရောင်းရဘူးလား”
စက်ကို ခြောက်ကြိမ်တောင် လာစစ်ပြီးသော ဆိုင်ရှင်အမျိုးသမီးက စိုးရိမ်စွာ ပြောလာသည်။
“ငါပြောခဲ့တာ မမှတ်မိဘူးလား ယုန်အမြီး လေးလိုပဲလို့”
သူဌေးတုံက ပြုံးလျက် ထေ့ငေါ့လိုက်သည်။
“ရှင့်ကိစ္စ မဟုတ်ဘူး ကိုယ့်ကိစ္စ ကိုယ်လုပ်”
ဆိုင်ရှင်အမျိုးသမီးက ချက်ချင်း ရန်တွေ့လိုက်သည်။
“ဟုတ်တယ် မင်းကိစ္စ မဟုတ်ဘူး ဒါပေမယ့် ဒီလိုဖြစ်ပျက်နေတာကို ကြည့်ရတာ ငါ့အပျော်ပဲ လေ”
သူဌေးတုံက ရယ်လိုက်သည်။
“ဟွန့်”
ဆိုင်ရှင်အမျိုးသမီးက တစ်ဖက်ကိုမျက်နှာလှည့်ပြီး အနောက်တိုင်း၀တ်စုံနှင့်လူကို
“ပြဿနာ ဘယ်နားမှာရှိလဲ ပြောနိုင်မလား”
မကျေနပ်သလို မေးလာသည်။
“နည်းနည်း ထပ်စောင့်ကြရအောင်” အနောက်တိုင်းဝတ်စုံနှင့်လူက မျက်ခုံးတွန့်ချိုးပြီး ပြောလိုက်သည်။
“ထပ်စောင့်မယ် ရှင် အဲဒီစကားကို သုံးခါပြောပြီးပြီ မနေ့က ဒီအချိန်မှာ အအေးတွေ အများကြီး ရောင်းခဲ့ရတယ်
ဘာလို့ ဒီနေ့ကျ တစ်ခုမှမရောင်းရတာလဲ ”
ဆိုင်ရှင်အမျိုးသမီးက ဒေါသထွက်လာသည်။
“ဈေး အရမ်းမြင့်ထားလို့ ဖြစ်နိုင်တယ်၊
ပုံမှန်ဈေး လျှော့ပြီး စမ်းကြည့်ရင် ဘယ်လိုလဲ ဒီနေရာက ခရီးသွားနေရာလည်း မဟုတ်တော့လေ”
အနောက်တိုင်းဝတ်စုံနှင့်လူက ယွမ်ကျိုး၏ ဆိုင်ရှေ့က လူအုပ်ကို ကြည့်ရင်း စိုးရိမ်လာသည်။
“ဈေးလျှော့မယ်" ဆိုင်ရှင်အမျိုးသမီးက အံ့ဩစွာ သံယောင်လိုက် ပြောလိုက်သည်။
“ဟုတ်တယ် ပုံမှန်ဈေး လျှော့ပြီး စမ်းကြည့်ရင်ရော”
အနောက်တိုင်းဝတ်စုံနှင့်လူက ခပ်တည်တည်ပြောလိုက်သည်။
“အဲဒါ အလုပ်ဖြစ်ပါ့မလား”
ဆိုင်ရှင်အမျိုးသမီးက မယုံသလို မေးလိုက်သည်။
“သေချာပေါက် အလုပ်ဖြစ်မှာပဲ”
အနောက်တိုင်းဝတ်စုံနှင့်လူက ယုံကြည်စွာ ပြန်ဖြေသည်။
“အိုကေ”
ဆိုင်ရှင်အမျိုးသမီးက ပြောလိုက်သည်။ ယခုအချိန်တွင် သူမ စဉ်းစားနေသည်မှာ ပိုက်ဆံပိုရရန် မဟုတ်ဘဲ အအေးများကို အမြန်ဆုံး ရောင်းကုန်အောင် လုပ်ရန်သာ ဖြစ်သည်။
“ဒင် ဒင်”
အနည်းငယ် ပြင်ဆင်ပြီးနောက် သူမက သောက်စရာအားလုံး၏ ဈေးနှုန်းကို ပုံမှန်ဈေးသို့ လျှော့လိုက်သည်။
ထိုသည်က လူ့သဘောသဘာဝပင် ဖြစ်သည်။ လူများစွာ ဝယ်ယူနေသော ပစ္စည်းကို အခြားသူများလည်း ပိုဝယ်ချင်ကြသည်။
တစ်ဖက်တွင် ဝယ်သူနည်းသော ပစ္စည်းများကို ဈေးလျှော့ထားသော်လည်း နောက်ဆုံးတွင် မဝယ်ကြတော့ပေ။ ၎င်းသည် ရောင်းချမှု စိတ်ပညာတစ်မျိုး ဖြစ်သည်။
ယွမ်ကျိုး၏ နွေးထွေးသော သတိပေးချက်နှင့် တန်းစီကော်မတီ၏ လှုပ်ရှားမှုကြောင့် နေ့လယ်စာအချိန်တွင် စက်ဘက်သို့ သွားသူ တစ်ယောက်မျှ မရှိတော့ပေ။
“ဈေးလျှော့ရင် အလုပ်ဖြစ်မယ်လို့ မင်းပြောခဲ့တာ မဟုတ်ဘူးလား ဘာဖြစ်နေတာလဲ
မနက်ကလည်း နည်းနည်းပဲ ရောင်းရတယ်
အခုတော့ တစ်ပုလင်းတောင် မရောင်းရတော့ဘူး”
ဆိုင်ရှင်အမျိုးသမီးက လှည့်ကြည့်ပြီး အနောက်တိုင်းဝတ်စုံနှင့်လူကို မကျေနပ်သလို မေးလိုက်သည်။
“ခဏစောင့်ပါဦး အမကြီး မနက်မှာတောင် မရောင်းရဘူးလား”
အနောက်တိုင်းဝတ်စုံနှင့်လူက အရေးကြီးသော အချက်ကို ဖမ်းမိကာ မေးလိုက်သည်။
“ဟုတ်တယ်
မနက်ဘက်မှာ လူတွေအအေး မသောက်ချင်တာ နားလည်နိုင်တယ်
ဒါပေမယ့် နေ့လယ်မှာ ဒီလို ဖြစ်တာ ဘယ်လို ပြောမလဲ ရှင်ရဲ့ သောက်စရာတွေမှာ ပြဿနာရှိနေတာ မဟုတ်ဘူးလား
လူတွေ တစ်ခါ သောက်ပြီး နောက်လာမဝယ်တော့ဘူး”
ဆိုင်ရှင်အမျိုးသမီးက စိတ်ဆိုးမာန်ဆိုး ရန်တွေ့လိုက်သည်။
“မဖြစ်နိုင်ဘူး ဒီသောက်စရာတွေ အားလုံးက နာမည်ကြီး ထုတ်လုပ်သူတွေက ထုတ်တဲ့ ပစ္စည်းတွေပါ
ပြဿနာ မရှိနိုင်ပါဘူး မနေ့က မင်းဈေးကို အရမ်းမြင့်ထားလို့ ဖြစ်နိုင်တယ်
ဒါကြောင့် ဒီနေ့ လူတွေ မလာတော့တာပဲ ဖြစ်မယ်”
အနောက်တိုင်းဝတ်စုံနှင့်လူက ချက်ချင်း ခေါင်းရှောင်လိုက်သည်။
“မနေ့ကညနေပိုင်းမှာ ဈေးကို ပြင်ပြီးသားပဲလေ
အဲဒီအချိန်ကတောင် ကတ်တစ်ဒါဇင်လောက် ရောင်းကုန်ခဲ့တာ
မင်းရဲ့ သောက်စရာတွေမှာ တစ်ခုခု ပြဿနာရှိနေလို့ပဲ မဟုတ်ရင် ဘာလို့ အဲဒီကောင်လေး ယွမ်ကျိုးက မင်းနဲ့ မပူးပေါင်းချင်တာလဲ
ငါ့ကို လိမ်ဖို့ ကြိုးစားရင် မင်း ဒီလမ်းထဲကနေ မထွက်နိုင်ဘူးဆိုတာ မှတ်ထားလိုက်”
ဆိုင်ရှင်အမျိုးသမီးက မျက်လုံးပြူးကာ ခြိမ်းခြောက်လိုက်သည်။
ထိုအချိန်တွင် ခေါက်ဆွဲဆိုင်မှ ဆိုင်ရှင်အမျိုးသားပင် အနောက်တိုင်းဝတ်စုံနှင့်လူကို သံသယဖြင့် လှည့်ကြည့်လာသည်။
အဘယ့်ကြောင့်ဆိုသော် ပိုက်ဆံရှာရခြင်းကို မကြိုက်သည့်သူဆိုတာ မရှိသလောက်ပင်။
ယွမ်ကျိုးက သူနဲ့ မပူးပေါင်းခြင်းမှာ သောက်စရာများ အရည်အသွေးမကောင်းသောကြောင့် ဖြစ်နိုင်သည် သူတို့ထင်နေကြသည်။
“ဒါပေမယ့် ဒီ ယွမ်ကျိုးက တော်တော် မကောင်းတာပဲ၊
ဒီလို ဖြစ်မယ်ဆိုတာ ကြိုပြောမပေးထားဘူး
ငါတို့က သူ့အိမ်နီးချင်း မဟုတ်ဘူးလား”
အမျိုးသားဆိုင်ရှင်က ယွမ်ကျိုး၏ လူများပြည့်နေသော ဆိုင်ကို မကျေနပ်စွာ ကြည့်လိုက်သည်။
“ဟူး နှာခေါင်းယားလိုက်တာ
တစ်ယောက်ယောက် ငါ့အကြောင်း ပြောနေသလိုပဲ”
ယွမ်ကျိုးက မျက်မှောင်ကြုပ်ကာ နှာချေမထွက်အောင် ထိန်းလိုက်သည်။
ထို့နောက် ဟင်းချက်ခြင်းကိုသာ ဆက်လုပ်နေသည်။
ဟင်းချက်နေစဉ်တွင် ယွမ်ကျိုးသည် မျက်နှာဖုံးတပ်ထားသော်လည်း နှာချေမထွက်အောင် ထိန်းထားခဲ့သည်။
ယွမ်ကျိုးဘက်တွင် အရသာရှိသော ဟင်းပွဲများ ချက်ပြုတ်ပြီး အေးချမ်းနေသော်လည်း အခြားဘက်တွင် လူနှစ်ယောက်ကပြင်းပြင်းထန်ထန် အငြင်းပွားနေကြသည်။
“ဘာလို့ ငါ့ကို ခြိမ်းခြောက်နေတာလဲ
ငါက ဥပဒေအတိုင်း စီးပွားရေးလုပ်နေတာပဲ
မင်းတို့ ဘာလုပ်နိုင်မှာလဲ”
အနောက်တိုင်းဝတ်စုံနှင့်လူက ရိုင်းစိုင်းစွာ ပြောလိုက်သည်။
“ဘာ ငါ့ဆီက ပိုက်ဆံအများကြီး လိမ်ယူရဲပြီး တော့များ မြန်မြန် ပြန်ပေးလိုက်စမ်း"
ဆိုင်ရှင်အမျိုးသမီးက ဒေါသထွက်စွာ ပြောသည်။
သူမနှင့် သူမ၏ ခင်ပွန်းတို့သည် လမ်းဧ။်ထွက်ပေါက်ကို မသိမသာပိတ်ထားပြီးသား ဖြစ်သည်။
အချိန်မရွေး ရန်ပွဲ ပေါ်ပေါက်လာနိုင်သည့် အခြေအနေ ဖြစ်လာသည်။
ယွမ်ကျိုးကို အရင်က ဒုက္ခပေးရန် ကြိုးစားခဲ့သော အနောက်တိုင်းဝတ်စုံနှင့်လူသည် ယခု
တော့ ခေါက်ဆွဲ ဆိုင်ရှင်အမျိုးသမီးနှင့် တွေ့ကြုံနေ ရပြီ ဖြစ်သည်။
ထိုသည်မှာ “ကိုက်တတ်သူက တစ်ခါတစ်ရံ ကိုယ်တိုင်လည်း ကိုက်ခံရတတ်သည်” ဆိုသည့် စကားအတိုင်း ဖြစ်နေသည်။
ယွမ်ကျိုး အပိုင်း (၄၈၅)
ပြီးပါပြီ။
***