"ငါ့ပိုက်ဆံတွေကို အခုချက်ချင်း ပြန်ပေးစမ်း
မဟုတ်လို့ကတော့ ငါက လာရှုပ်ဖို့ လွယ်တဲ့သူမဟုတ်ဘူးဆိုတာ မင်းသိအောင် ပြပေးလိုက်မယ်၊"
ဆိုင်ရှင်အမျိုးသမီးက ခါးထောက်ပြီးအနောက်တိုင်း၀တ်စုံနှင့်လူကို နေရာမှ ထွက်သွားခွင့်မပြုပေ။
ဆိုင်ရှင်အမျိုးသားကလည်း ဘေးနားကနေ သူ့ကို မျက်မှောင်ကြုပ်ကာ ကြည့်နေပြီး ခွင့်လွှတ်မယ့်ပုံ မရှိပေ။
“ဒီဟာက မတရားလွန်းဘူးဗျာ
ဒီစက်ကို ကျွန်တော်ပဲ ထောက်ပံ့ထားတာတစ်နေ့မပြည့်ခင်မှာ မအောင်မြင်ဘူးလို့ ဘယ်လိုပြောနိုင်မလဲ”
အနောက်တိုင်းဝတ်စုံနှင့်လူက အခြေအနေကို ခန့်မှန်းပြီး အသံအနည်းငယ်လျော့ကာပြောလိုက်သည်။
“အခု သောက်စရာတစ်ခုခု ဝယ်ဖို့ လာတဲ့သူ တစ်ယောက်တောင် မြင်လို့လား”
ဆိုင်ရှင်အမျိုးသမီးက မတုံးအပေ။ လမ်းတစ်ဖက်က လူမရှိသော အကြွေထည့်စက်ကို ညွှန်ပြကာ ဒေါသထွက်စွာ ပြောလိုက်သည်။
“ဒီလောက် အချိန်တိုအတွင်းမှာ ဘာကို ဆုံးဖြတ်နိုင်မလဲ
နည်းနည်း ထပ်စောင့်ကြည့်ပြီးမှ ပြောကြတာပေါ့”
အနောက်တိုင်းဝတ်စုံနှင့်လူက သူတို့ကို စိတ်သက်သာအောင် ပြောလိုက်သည်။
“ငါတော့ အောင်မြင်မယ့် အရိပ်အယောင် မမြင်ဘူး”
ဆိုင်ရှင်အမျိုးသားက ချက်ချင်း ခေါင်းခါလိုက်သည်။
သူက အနောက်တိုင်းဝတ်စုံနှင့်လူ၏ စကားကို မယုံသလို ဖြစ်နေသည်။
သူတို့ သုံးယောက်က မရပ်မနား အငြင်းပွားနေကြချိန်၊ ယွမ်ကျိုး၏ စားသောက်ဆိုင်အတွင်းမှာတော့ အေးချမ်းကာပုံမှန်ပင်။
အကြွေထည့်စက်ဘက်သို့ လာသူ တစ်ယောက်မှ မရှိသည်ကို မြင်ပြီး အစီအစဉ်စတင်ခဲ့သော လူသုံးယောက်လည်း အလွန် ပျော်ရွှင်နေကြသည်။
ကျန်းချန်းရှီက ရေအနည်းငယ် သောက်ပြီးစိတ်ထဲတွင် အေးစက်စွာ တွေးလိုက်သည်။
“ငါ့ရင်သားက ကြီးတယ်ဆိုရင်တောင် လူတိုင်း ကြည့်လို့ရတဲ့ အရာတော့ မဟုတ်ဘူး”
“အခုတော့ အဲဒီလူ ကြွားဖို့အချိန်မရှိလောက်ဘူးထင်တယ်”
လင်းဟုန်က ပုခုံးတွန့်ကာ ပြောလိုက်သည်။
“ဒီစက်ကြီးက အလှတရားအားလုံးကို ဖျက်စီးပစ်နေတာ”
ဝူဟိုင်းက သူ၏ ပန်းချီကို ထိခိုက်စေသောကြောင့် မကျေနပ်သေးပေ။
“ဒါပေါ့
ဒီအကြံကို ကျွန်မကိုယ်တိုင် စဉ်းစားထားတာ”
ကျန်းချန်းရှီက ယုံကြည်မှုအပြည့်ဖြင့် ပြောသည်။
“မနက်ဖြန်ဆိုရင် ဒီစက်ကို သူတို့ ရွှေ့သွားလောက်ပြီ
ခေါက်ဆွဲဆိုင်ရှင် လင်မယားက လွယ်လွယ်နဲ့ သွားရှုပ်လို့ရမယ့်သူတွေ မဟုတ်ဘူး”
လင်းဟုန်က ပြောလိုက်သည်။
“ရွှေ့သွားရင်ပဲ ကောင်းပါတယ်ကွာ”
ဝူဟိုင်းက ခေါင်းညိတ်သည်။
“ဒီတစ်ခါ အောင်မြင်မှုက သူဌေးယွမ်ကြောင့်ပဲ ထင်တယ်”
လင်းဟုန်က ခဏစဉ်းစားပြီး ပြောလိုက်သည်။
“ဟုတ်တယ် သူ့ရဲ့ နွေးထွေးတဲ့ သတိပေးချက် မရှိရင် ငါတို့ အကြံက ဒီလောက် မြန်မြန် အလုပ်ဖြစ်မှာ မဟုတ်ဘူး”
ကျန်းချန်းရှီက ခေါင်းညိတ်သည်။
“မှန်တယ်”
ဝူဟိုင်းလည်း ထောက်ခံသည်။
“သူဌေးယွမ်ကို ငါတို့ အစီအစဉ်ကို မင်း ပြောခဲ့တာလား”
ကျန်းချန်းရှီက ဝူဟိုင်းကို သံသယဖြင့် ကြည့်လိုက်သည်။
“ငါ အဲဒီလောက် အားမနေဘူး ”
ဝူဟိုင်းက သူ၏ နှုတ်ခမ်းမွှေးကို သပ်ကာ မထီမဲ့မြင် လှည့်ပြော လိုက်သည်။
“ဒါဆို အကြောင်းရင်း တစ်ခုပဲ ရှိတယ်
သူဌေးယွမ်က ငါ့ရဲ့ လှပတဲ့ မျက်နှာကြောင့် စိတ်လှုပ်ရှားပြီး ငါတို့ကို ကူညီလိုက်တာပဲ ဖြစ်မယ်”
ကျန်းချန်းရှီက ကိုယ့်မျက်နှာကို ထိကာ ဂုဏ်ယူသလို ပြောသည်။
“ဟေ့‘သုံးခါမြောက်အရှုံးသမား’ ရေ
သူဌေးယွမ်က မင်းကို စိတ်ဝင်စားမယ်လို့တော့ မထင်ဘူး”
လင်းဟုန်က အမှန်တရားဖြင့် ကျန်းချန်းရှီကို တိုက်ခိုက်လိုက်သည်။
“ငါတို့ အလုပ်ရှုပ်နေတာ မြင်လို့ ကူညီတာ ဖြစ်နိုင်တယ်
ဘာပဲဖြစ်ဖြစ် သူက ယွမ်ကျိုးပဲလေ”
ဝူဟိုင်းက ပုခုံးတွန်ကာ ပြောသည်။
“အဲဒါလည်း ဖြစ်နိုင်တယ်”
ကျန်းချန်းရှီက လင်းဟုန်ကို မျက်လုံးလှိမ့်ပြပြီး ပြောလိုက်သည်။
“သူဌေးယွမ်က ဒီလောက် လူကောင်းဖြစ်မယ်လို့ မထင်ထားဘူး”
လင်းဟုန်က အဓိပ္ပာယ်ရှိရှိ ပြောလိုက်သည်။
"သူဌေးယွမ်က တကယ်ကို လူကောင်းပဲ”
ဝူဟိုင်းက ခေါင်းညိတ်ကာ ထောက်ခံလိုက်သည်။
“သူဌေးယွမ်အတွက် ‘လူကောင်းကဒ်’ တစ်ခု ပေးလိုက်ပြီ”
ကျန်းချန်းရှီက သူမကိုမနေ့ည သန်းခေါင်တွင် ကလေးမလေးကို သွားခေါ်ပေးရန် ကူညီခိုင်းခဲသည့် အကြောင်းကို သတိရ၍ ခေါင်းငြိမ့်လိုက်သည်။
ယွမ်ကျိုးကိုယ်တိုင် မသိလိုက်ဘဲ သူသည် “လူကောင်းကဒ်” သုံးခုတောင် ရရှိသွားခဲ့သည်။
ထိုထဲတွင် ကျန်းချန်းရှီကဲ့သို့ လှပသော မိန်းကလေးတစ်ယောက်မှ ပေးထားသော ကဒ်တစ်ခုပါ ပါဝင်နေသည်။
ယွမ်ကျိုးသာ ဒီအကြောင်းကို သိခဲ့မယ်ဆိုရင်၊ သူ ပျော်နေမယ် မထင်ပါ။
အကြောင်းမှာ ချစ်သူနှစ်ဦး ခွဲခွာသည့်အခါ အများဆုံး သုံးလေ့ရှိသော စကားမှာ
“မင်းက လူကောင်းပါ” ဆိုသော စကား ဖြစ်သည်။
ယွမ်ကျိုးမှာ ယခုထိ ချစ်သူမရှိသေးသောကြောင့် ထို စကားမျိုးကို မကြိုက်ပါ။
သို့သော် ယွမ်ကျိုးက ထိုအကြောင်းများကို လုံးဝ မသိရှိခဲ့ပေ။
နေ့လယ်စာ အချိန်မှာ မြန်ဆန်စွာကုန်ဆုံးသွားခဲ့သည်။
ခေါက်ဆွဲဆိုင်ဘက်တွင် လူသုံးယောက်က အကြွေထည့်စက်အကြောင်းကို ဆက်လက် ဆွေးနွေးနေကြဆဲ ဖြစ်သည်။
ဆိုင်ရှင်အမျိုးသမီးကတော့ အနောက်တိုင်းဝတ်စုံနှင့်လူ၏ သောက်စရာ အအေးများက ဈေးအရမ်းမြင့်ပြီး အရည်အသွေးလည်း မကောင်း ထင်သောကြောင့် သောက်စရာ အအေးများကို သူ့ထံ ပြန်ပေးလိုက်ချင်နေသည်။
သို့သော် အနောက်တိုင်းဝတ်စုံနှင့်လူကတော့ သူ့အိတ်ထဲက ပိုက်ဆံကို မည်သည့်နည်းနှင့်မှ ပြန်မထုတ်ချင်ပါ။
ထို့ကြောင့် လင်မယားနှစ်ယောက်ကို
အမှန်အတိုင်း လက်ခံဖို့ စည်းရုံးနေသည်။
ဆိုင်ရှင်အမျိုးသားကတော့ စားပွဲအောက်တွင် သောက်စရာ အအေးကတ် အများကြီး စုပုံထားသည့်အတွက် ယနေ့ နေ့လယ်တွင် ဆိုင်မှာ ခေါက်ဆွဲ လာမစားကြတာဖြစ်မယ် ထင်နေသည်။
ထို့ကြောင့် ထိုသောက်စရာများကို အနောက်တိုင်းဝတ်စုံနှင့်လူထံ ပြန်ပေးလိုက်ရန် သူလည်း မျှော်လင့်နေသည်။
တစ်ဖက်တွင် ယွမ်ကျိုးကတော့ ခဏ ဘလာက်ထိုင်ခုံပေါ်တွင် အနားယူပြီးနောက် တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။
“ဒီနေ့လည်း ငါ ငါးဟင်းပဲ စားရတော့မယ် ထင်တယ်”
“ကျွီ"
ယွမ်ကျိုးက အနောက်တံခါးကို ဖွင့်လိုက်သည်။
“‘ကြက်ပြုတ်ရည်’၊ ဒီနေ့လည်း ငါတို့ ငါးစားရတော့မယ်”
ယွမ်ကျိုးက တံခါးအပြင် မြေပြင်ပေါ်တွင် လှဲနေသော ခွေး ကြီးကို ပြောလိုက်သည်။
‘ကြက်ပြုတ်ရည်’က ယွမ်ကျိုးကို တစ်ချက်သာ မော့ကြည့်ပြီး ပြန်လှဲနေခဲ့သည်။
“သဘောတူတယ်မလား ကောင်းပြီ
ငါ ငါးချက်တော့မယ်”
ယွမ်ကျိုးက သဘာဝကျကျ ပြောလိုက်သည်။
သို့သော် ‘ကြက်ပြုတ်ရည်’ သာ စကားပြောနိုင်ခဲ့ရင် ထိုစကားကို သေချာပေါက် ဆန့်ကျင်မည် ဖြစ်သည်။
“မင်းက အမြဲတမ်း အသားမရှိတဲ့ ငါးအရိုးတွေကိုပဲ ပေးပေမဲ့ အရသာတော့ ကောင်းပါတယ်”
မနက်ဖြန်က ဧည့်ခံနေ့ ဖြစ်သောကြောင့် ယွမ်ကျိုးက ဒီရက်ပိုင်းမှာ ငါးဟင်းများကိုဆက်တိုက် စားနေသည်။
ငါးဟင်း အမျိုးမျိုးကိုလည်း တစ်ကြိမ်စီ ချက်ပြီးပြီ။
အကြိမ်တိုင်းလည်း အောင်မြင်ခဲ့သည်။
အဘယ့်ကြောင့်ဆိုသော် ယွမ်ကျိုးမှာ အစားအစာများကို အလှဆင်ပန်းပုထုခြင်း ကျွမ်းကျင်မှုရှိပြီး အချက်အပြုတ်ပညာကိုလည်း အပြည့်အဝ ကျွမ်းကျင်ထားပြီး ဖြစ်သည်။
ထို့ကြောင့် ငါးကို သတ်ပြီး ဟင်းချက်ခြင်းသည် သူ့အတွက် အလွန် လွယ်ကူသည်။
ယွမ်ကျိုးက အနောက်တံခါးကို ပိတ်ပြီး ရေတိုင်ကီထဲမှ ငါးကို သွားဖမ်းလိုက်သည်။
“ပြောရရင် ဒီရေတိုင်ကီထဲမှာ ပုစွန်တွေတင်မကဘူး၊ ခရုတွေ ယောက်သွားတွေ ငါးအမျိုးမျိုးတွေပါ ရှိလာပြီပဲ၊
ဒီလို ထားတာ တကယ် အဆင်ပြေရဲ့လား စနစ်”
ယွမ်ကျိုးက မျက်နှာဖုံးတပ်ထားပြီး
မကျေနပ်သလို ပြောလိုက်သည်။
စနစ်က ပြန်ပြသည်။
“ပိုင်ရှင်၊ ငါးပုစွန်နဲ့ ယောက်သွားတွေရဲ့ နေထိုင်မှုအခြေအနေကို စိုးရိမ်ရန် မလိုပါဘူး”
“မစိုးရိမ်ဘဲ ဘယ်လိုနေလို့ရမလဲ ယောက်သွားအခွံကို ဖွင့်လိုက်တဲ့အချိန်မှာ အထဲကနေ ပုစွန် တစ်ကောင် ခုန်ထွက်လာရင် ဘယ်လိုလုပ်မလဲ”
ယွမ်ကျိုးက ခေါင်းခါလိုက်သည်။
သူ့အတွေးထဲတွင် ယောက်သွားအခွံကို ဖွင့်လိုက်သောအခါ လတ်ဆတ်ပြီး ချိုမြိန်သော ကမာအသား မဟုတ်ဘဲ အသက်ရှိနေသေးတဲ့ ပုစွန်တစ်ကောင် ထွက်လာသော မြင်ကွင်းကို စိတ်ကူးယဉ်လိုက်သည်။
ထိုမြင်ကွင်းက အလွန် ထူးဆန်းလှသောကြောင့် သူ ဆက်မစဉ်းစားရဲတော့ပေ။
စနစ် က ပြောပြလာသည် ။
“စနစ် က ပေးထားတဲ့ ရေတိုင်ကီကို သယ်ယူပို့ဆောင်ရေးအတွက်သာ အသုံးပြုတာဖြစ်ပြီး အဲဒီအထဲရှိတဲ့ ပါဝင်ပစ္စည်းတွေ (ငါး၊ ပုစွန်၊ စသည်) ရဲ့ အသက်ရှင်နေမှုကို မထိခိုက်ပါဘူး”
“အဲဒီလိုဆိုရင် တစ်နေ့မှာ ရေတိုင်ကီထဲကနေ ဝေလငါး ဖမ်းမိလာရင်တောင် ငါ အံ့ဩတော့မယ် မဟုတ်ဘူး”
ယွမ်ကျိုးက သက်ပြင်းချလိုက်သည်။
စနစ် က ပြန်ပြသည် ။
“ဝေလငါးက လက်ရှိအချိန်မှာ ပါဝင်ပစ္စည်းမရှိသေးပါ”
“ဝိုးစနစ် ရေမင်း တကယ် ဝေလငါးတောင် ထည့်ဖို့ စဉ်းစားထားတာလား”
ယွမ်ကျိုးက အလွန်လန့်သွားသည်။
“ချီးကျူးမှုအတွက် ကျေးဇူးတင်ပါတယ်”
“မလိုပါဘူး”
ယွမ်ကျိုးက သဘာဝကျကျ ပြန်ပြောသည်။
“ဒါဆို ဒီအကြောင်းကို ဆက်ပြောရရင် နောက်ပိုင်းမှာ ပင်လယ်ထဲကမျိုးစိတ်တွေ ဥပမာ တန်ဝက်လောက် အလေးချိန်ရှိတဲ့ ဆယ်လမွန်ငါးတို့လို ပါဝင်ပစ္စည်းတွေ ရလာနိုင်မလား”
ယွမ်ကျိုးက ကျွန်းနိုင်ငံမှာ လူကြိုက်များတဲ့ ဆာရှီမီကို သတိရပြီး မေးလိုက်သည်။
“ပိုင်ရှင်, ကျေးဇူးပြုပြီး အဆင့် တက်အောင် ကြိုးစားပါ”
“ဒီလိုဆိုရင် ငါတို့ ပျော်ပျော်ရွှင်ရွှင် စကားဆက်ပြောလို့ မရတော့ဘူးလား”
ယွမ်ကျိုးက ပြောစရာစကား ပျောက်ရှသွားသည်။
ထိုနောက်တော့ စနစ် က ပြန်မပြောတော့ပါ။
ယွမ်ကျိုးလည်း ငါးဟင်းချက်ရာတွင် အာရုံစိုက်သွားပြီး အခြားအရာကို မစဉ်းစားတော့ပေ။
အခြားတစ်ဖက်တွင် ကျိုးရှီကျစ်၏ ရုံးခန်းအတွင်းတွင် ယွမ်ကျိုးကို မကြာခင်က ဖိတ်ခေါ်ခဲ့သော အမျိုးသမီးလက်ထောက်က ထိုနေရာတွင် ရှိနေသည်။
“ဥက္ကဌကျိုး, မနက်ဖြန် ညစာသွားစားရာမှာ ဘယ်သူကို အတူခေါ်သွားချင်ပါသလဲ”
လက်ထောက်က လေးစားစွာ မေးလိုက်သည်။
“လီမင်ဟွာနဲ့ လျူတုံ ကို ပြောလိုက်ပါ
တစ်ယောက်က အကြီးဆုံးညီအစ်ကို၊
တစ်ယောက်က ဉာဏ်ထက်တဲ့ တပည့်
ချူးရှောင်း တစ်ယောက်တည်း ကသာ ထူးချွန်သူ မဟုတ်ဘူးဆိုတာ သူတို့ကို မြင်စေချင်တယ်”
ကျိုးက ပြုံးကာ ပြောလိုက်သည်။
“ကောင်းပါပြီ
သူတို့ကို သွားအကြောင်းကြားလိုက်ပါမယ်” လက်ထောက်က ခေါင်းညိတ်သည်။
“မင်းကို မခေါ်သွားတာနဲ့ မင်း စိတ်မကောင်းဖြစ်မှာ မဟုတ်ဘူးလား”
ကျိုးက နူးညံ့စွာ ပြောလိုက်သည်။သူက
လက်ထောက်မိန်းကလေး၏အကြီးအကဲတစ်ယောက်လိုလည်း ဖြစ်နေသည်။
“မဖြစ်ပါဘူး
အစားအသောက် လက်ရာကို ပိုပြီးတောင် စောင့်မျှော်နေပါတယ်”
လက်ထောက် ချက်ချင်း ပြုံးကာ ပြောသည်။
“ဟားဟား ကောင်းတယ် တရုတ်နှစ်သစ်ကူးအချိန်မှာ ငါ ကိုယ်တိုင် ဟင်းချက်ပေးမယ် မင်းလို အစားကြိုက်တဲ့ ကြောင်မလေးကို ကျေနပ်ရအောင်”
ကျိုးက ကျေနပ်သွားပြီး ပျော်ရွှင်စွာ ပြန်ပြောလိုက်သည်။
“ဒါဆို ဒီနေ့ကစပြီး ကိုယ်အလေးချိန် လျှော့ဖို့ စပြီး အစား လျှော့ထားရမယ်
အဲဒီအချိန်မှာ ပိုစားနိုင်အောင်”
လက်ထောက်က ပြုံးကာ စနောက်ပြီး ပြော လိုက်သည်။
“မလုပ်ပါနဲ့
မင်း ပိန်သွားရင် မင်းအဖေက
ငါ့ကို အပြစ်တင်လိမ့်မယ်”
ကျိုးက ရယ်မောရင်း ပြောလိုက်သည်။
“အဲဒီလို မဖြစ်ပါဘူးကောင်းပါပြီ
အခု သူတို့ကို သွားအကြောင်းကြားလိုက်ပါမယ်”
ပြောပြီးနောက် လက်ထောက်က ထွက်သွားခဲ့သည်။
ယွမ်ကျိုး အပိုင်း (၄၈၆)
ပြီးပါပြီ။
***