“ဒီဆုတွေက တကယ်ကို အသုံးဝင်တဲ့ ဆု ၃ ခုပဲ၊ငါ့က လူကောင်းဆိုတော့ ကံကောင်းတာပေါ့"
ယွမ်ကျိုးက အလွန်စိတ်ကျေနပ်စွာ ပြောလိုက်သည်။
ယွမ်ကျိုး၏ဆု၃ခုတွင်ပထမဆု က လီမွန်ဖျော်ရည် ဖြစ်ပြီး နာမည်ကြည့်သည်နှင့် လွယ်လွယ်ကူကူ သိနိုင်သည်။
ဒုတိယဆုမှာ တရုတ်ဆီးသီးခြောက်နှင့်အစေ့အဆန်များပါ၀င်သည့်ဆေးဖက်၀င်လက်ဖက်ရည် ဖြစ်ပြီး လက်ရှိရာသီဥတုနဲ့ အလွန်ကို ကိုက်ညီသည်။
အထူးသဖြင့် မိန်းကလေးတွေ အတွက် သင့်တော်သည်။
သို့သော် ထိုဆုအတွက် အထူးမှတ်ချက်တစ်ခုရှိသည် လက်ဖက်ခြောက်မပါ။
“တခြားဆေးဖက်၀င်လက်ဖက်ရည် တွေဆိုရင် လက်ဖက်ခြောက် ပါတယ်မဟုတ်ဘူးလား”
ယွမ်ကျိုးက စိတ်ဝင်စားစွာ မေးလိုက်သည်။
စနစ် ပြန်ပြောသည်။
“စနစ်က ပေးတဲ့ အမျိုးအစားမှာ လက်ဖက်ခြောက် မပါပါဘူး”
“ကောင်းပါပြီ မင်းပဲအမှန်ဆုံး”
ယွမ်ကျိုးက ခပ်ပေါ့ပေါ့ ပြောလိုက်သည်။
သို့သော် ယွမ်ကျိုး ထိုကိစ္စကို ဆက်မပြောချင်တော့ပေ။
အကြောင်းက နောက်ဆုံးဆုက သူ့ကိုအံဩသည်ထက်ပိုအောင် လုပ်နိူင်ခဲ့၍ဖြစ်သည်။
လုံကျင်းလက်ဖက်ရည် ၊အတိအကျဆိုရလျှင် ချင်းမင်းခေတ်ဦးပိုင်းမှ လုံကျင်းလက်ဖက်ရည် ဖြစ်ပြီး ရတနာကဲ့သို့တန်ဖိုးကြီးတဲ့လက်ဖက်ရည် ဖြစ်သည်။
“ငါ့ရဲ့ ကြက်ဥခွံကြွေခွက်လေး တွေ အခုတော့ အသုံးဝင်လာပြီထင်တယ်"
ယွမ်ကျိုး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
အမှန်တကယ်တော့ ယွမ်ကျိုး ဒီ ကြွေထည်လက်ဖက်ရည်ခွက်ကို ဟိုးအရင်ကတည်းက ဆုအဖြစ် ရရှိထားခဲ့ပြီး တစ်ခါမှ ထုတ်မသုံးခဲ့ဖူး ပေ။အကြောင်းမှာ လိုက်ဖက်တဲ့ လက်ဖက်ရည် မရှိသောကြောင့် ဖြစ်သည်။
အနက်ရောင်ကီမန်းလက်ဖက်ရည်ကို သုံးဖို့ စဉ်းစားခဲ့ဖူးသော်လည်း သူ့ဧ။်လက်ဖက်ရည်ဖျော်စပ်သည့်ပညာက သာမာန်ဖြစ်နေသည်။ လက်ဖက်ရည်ကို စနစ်ကျကျဖျော်စပ်တတ်ရန်ကလည်း အချိန်အများကြီး အားစိုက်ထုတ်ရန်လိုအပ်လေသည်။သို့သော် ဒီတစ်ခေါက်တွင် အနည်းငယ်ကွာခြားသည်။
စနစ်ရဲ့ ဆုထဲမှာ ရေ၊လက်ဖက်ရွက်၊လက်ဖက်ရည်ပြုလုပ်နည်း ပညာစသဖြင့်အားလုံး ပါဝင်သည်။
လက်ဖက်ရည်အိုးနှင့်လက်ဖက်ရည်ခွက်ကလွဲ၍ အားလုံးပြည့်စုံနေသည်။
အမှန်မှာ ကြက်ဥခွံပုံစံပါးလွှာသောကြွေထည်လက်ဖက်ရည်ခွက်များနှင့် တွဲဖက်နိုင်ရန် ထိုဆုကိုပေးထားခြင်းဖြစ်ပေသည်။
"ဆုလက်ခံမယ် အရင်ဆုံး ချင်းမင်းခေတ်ဦးပိုင်း လုံကျင်းလက်ဖက်ရည် ကို ယူလိုက်မယ်” ယွမ်ကျိုးက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
သူ အရင်ကတည်းက ကြားဖူးသည်။
ဒီလက်ဖက်ရည်က ရွှေနှင့်တန်းတူတန်ဖိုးရှိသည်။
စနစ်က ပြောသည်။
“ဆုကို ထုတ်ပေးပြီးပါပြီ ဆုလက်ခံလို့ရပါတယ်”
“လက်ခံမယ်” ယွမ်ကျိုး ပြောပြီး လက်ဖက်ရည်ဖျော်စပ်ခြင်းပညာ ကို အရင်လေ့လာလိုက်သည်။
ထိုပညာရပ် က ရိုးရှင်းပြီး လှပသည်။ လှုပ်ရှားမှုတွေက တိမ်လွှာလို လွင့်မျောပြီး ရေစီးလို ချောမွေ့ နေသည်။
“ဝတ္ထုတွေထဲမှာမင်းသမီး တွေကိုမင်းသား အတွက် လက်ဖက်ရည် ဖျော်စပ်ခိုင်းတာ ဘာကြောင့်လဲဆိုတာ အခုတော့ နားလည်ပြီ”
ယွမ်ကျိုးက ခုံပေါ်ထိုင်ပြီး စဉ်းစားကာ ပြောလိုက်သည်။
“ဒီ လှုပ်ရှားမှု့ တွေ ကိုယ်ဟန် တွေက အရမ်း ပြည့်စုံလွန်းတယ်
မိန်းကလေးတွေကို ဆွဲဆောင်ဖို့ အကောင်းဆုံးလက်နက်ပဲ”
သူ စိတ်ထဲမှာ တွေးလိုက်သည်။
အကြောင်းမှာ သူ့မှာလက်ဖက်ရည်ဖျော်စပ်နိုင်သည့်အရည်အချင်းရှိပြီး မျက်နှာလည်း ကြည့်ကောင်းသည်။
အရာရာက လှပစွာ ပြီးပြည့်စုံနေသည်။
“လက်ဖက်ရည်က အရင်လို ဗီဒို ထဲမှာပဲလား” ယွမ်ကျိုး လိုက်ရှာပြီး မေးလိုက်သည်။
စနစ်က
“ဟုတ်ပါတယ်”
ယွမ်ကျိုး လိုက်ရှာပြီးနောက် အပေါ်ဆုံး အံဆွဲ တစ်ခုမှာ လက်ဖက်ရွက်များကို တွေ့လိုက်သည်။
သို့သော် ထိုနေရာကိုရောက်ဖို့ အလိုအလျောက် မြှင့်တင်ပေးနိုင်သည့် ခုံတစ်ခုံကို အသုံးပြုခဲ့ရပေသည်။
ယွမ်ကျိုးမှာ အရပ်၆ပေမကျော်သောကြောင့် ထိုအပေါ်ဆုံးနေရာထိ မရောက်နိုင်သည်ကို လက်ခံဖို့ စိတ်ပိုင်းဆိုင်ရာအရ မည်မျှခက်ခဲခဲ့သနည်းဆိုတာကို ဘုရားသာသိပေလိမ့်မည်။
အရင်တုန်းက လက်မခံနိုင်ခဲ့သော်လည်း ယခုတွင် အဆင်ပြေပြေသာ လက်ခံလိုက်တော့သည်။
“ကျွီ"
အံဆွဲ ကို ဖွင့်လိုက်သည်နှင့်တစ်ပြိုင်နက် လက်ထဲတွင် သေတ္တာသေးသေးလေး တစ်ခု ပေါ်လာသည်။
အရွယ်အစားမှာ ယွမ်ကျိုး လက်ဖဝါး ၂ ဖက်အရွယ်သာ ရှိသည်။
“သေးလွန်းတယ်”
ယွမ်ကျိုး မျက်နှာမဲ့ပြီး ပြောလိုက်သည်။
သို့သော် ထိုသေတ္တာလေးက အလွန်လှပသည်။ စနစ်က မပြောထားသော်လည်း တန်ဖိုးကြီးတဲ့ သေတ္တာ ဖြစ်တယ်ဆိုတာ သူ ခံစားမိသည်။
လက်ထဲမှာ ကိုင်ရသည်က မိန်းကလေးဧ။်အသားအရေလို နူးညံ့ပြီး ချောမွေ့ သလို ခံစားရသည်။
အပြင်ဘက်ကြည့်လျှင် သံဖြူနှင့်လုပ်ထားသည်ထင်ရသော်လည်း အလွန်ကိုင်၍ကောင်းပြီး နူးညံချောပြောင်နေသည်။
“သံဖြူနဲ့လုပ်ထား ပေမဲ့ယိုစိမ့်မှု့မရှိ၊ဓါတ်တိုးဆန့်ကျင့်ပစွည်းတွေနဲ့ စိုထိုင်းမှု့ကာကွယ်တဲ့အကောင်းဆုံးပစွည်းတွေနဲ့လုပ်ထားလို့
'ခနောက်စိမ်း ” သတ္တုသန့်လို့တောင် ခေါ်ကြတယ်"
ယွမ်ကျိုး စစ်ဆေးပြီး ပြောလိုက်သည်။
သို့သော် သူက တစ်ခုကိုသာ စိတ်၀င်စားနေသည်။
"သေတ္တာ က သေးလွန်းတယ်”
“ကျွီ” ဆိုသည့် အသံနဲ့ သေတ္တာ ကို ဖြည်းဖြည်း ဖွင့်လိုက်သည်။
“စနစ် ဒီ လက်ဖက်ခြောက်က အရမ်းနည်းလွန်းတယ်”
ယွမ်ကျိုး ပြောလိုက်သည်။
သေတ္တာထဲမှာ လက်ဖက်ခြောက်က တစ်ဝက်လောက်သာ ရှိနေသည်။
“ဒါက ချင်းမင်းခေတ်ဦးပိုင်း လုံကျင်းလက်ဖက်ရည် ဖြစ်ပါတယ် နှစ်တိုင်း လက်ဖက်ဧကက ၄၀၀ဂရမ် ပဲ ရှိပါတယ်
အခု ပိုင်ရှင်လက်ထဲမှာရှိတဲ့ဟာပါ"
ယွမ်ကျိုးက ချက်ချင်း သေတ္တာကို ပိတ်လိုက်ပြီး ပြောသည်
“နှစ်တိုင်း လက်ဖက်ခြောက် နည်းနည်းပဲ ထွက်တာလား”
“ဒါကြောင့်ပဲချင်းမင်းခေတ်ဦးပိုင်း လုံကျင်းလက်ဖက်ရည် လို့ ခေါ်တာပေါ့၊
ရွှေနဲ့တန်းတူတန်ဖိုးရှိပေမယ့် အခုရတာကတကယ်ကို နည်းလွန်းတယ်”
ယွမ်ကျိုးက စိတ်လှုပ်ရှားသံနဲ့ သက်ပြင်းချကာ ပြောလိုက်သည်။
“တန်ခေတ်က လက်ဖက်ရည်ပညာရှင်ကြီး လျုယုက ဟန်ကျိုးမှာရှိတဲ့ ထျန်ဇူးဘုရားကျောင်းနှင့် လင်းယန်ဘုရားကျောင်း တွေမှာ စိုက်ပျိုးတဲ့ လက်ဖက်ရွက်တွေရဲ့ ထုတ်လုပ်မှုကို 'လက်ဖက်ရည်အခြေခံကျင့်၀တ်များ'ဆိုတဲ့ စာအုပ်ထဲမှာ မှတ်တမ်းတင်ခဲ့ပါတယ်၊
"မြောက်ပိုင်း ဆောင်ခေတ်ကတည်းက လက်ဖက်ရည်ထုတ်လုပ်မှု စတင် ဖွံ့ဖြိုးလာခဲ့တာပါ၊
ဘုန်းတော်ကြီး ဘန်ခိုင်းက လုံကျင်နယ်ရှိ ရှီဖန်တောင် အောက်မှာ ဆုရှီနဲ့အတူလက်ဖက်ရည်ကို မြည်းစမ်းရင်း ကဗျာရေးခဲ့ကြပါတယ်၊
ပြီးတော့ သူ့ကိုယ်တိုင် 'လုံကျင်း(မြို့) ဟောင်း"ဆိုတဲ့ စာလုံးသုံးလုံး ရေးခဲ့ပြီး ဘွဲ့မှတ်တမ်းတင်ခဲ့တာ ကြောင့်နောက်ပိုင်း မင်းဆက်အားလုံးက အဲဒီ့လက်ဖက်ရည်ကို နန်းတွင်းမှာတန်ဖိုးထားသုံးခဲ့ကြပါတယ်"
စနစ်က ဆက်ပြောသည်။
“ချင်မင်းဆက် ကွမ်လုံခေတ်မှာ ရှီပင်တောင် အောက်မှာရှိတဲ့ ဟူဂုန်ဘုရားကျောင်း ရှေ့က လက်ဖက်ပင် ၁၈ ပင် ကို နန်းတော်ဘဏ္ဍာ အဖြစ် သတ်မှတ်ခဲ့ပါတယ်"
ပိုင်ရှင်လက်ထဲက လက်ဖက်ခြောက်ရွက် တွေက အဲဒီ လက်ဖက်ပင် ၁၈ ပင်က ထွက်သော လက်ဖက်ရွက် ဖြစ်တာကြောင့် ပမာဏ အလွန်နည်းပါးတာပါ”
“ဒါပေမယ့် မင်းက စနစ်ပဲ မဟုတ်လား ထပ်မရဘူးလား”
ယွမ်ကျိုး မေးလိုက်သည်။
တန်ဖိုးကြီးတဲ့ အရာဆိုရင် ပိုများလေလေ ကောင်းလေလေ လို့ သူ အမြဲယုံကြည်သည်။
စနစ်က ပြောသည် ။
“ဒီချင်းမင်းခေတ်ဦးပိုင်း လုံကျင်းလက်ဖက်ရည်က ကျင်းမင်းပွဲတော် မတိုင်ခင် ရိတ်သိမ်းသော လက်ဖက်ရွက်တွေပါ”
ပြောလိုက်သည်။
ယွမ်ကျိုး ချက်ချင်း နားလည်သွားသည်။
လက်ဖက်ရည်ကို ရိတ်သိမ်းချိန်ကပဲ အလွန်အရေးကြီးသည်။၃ ရက်စော ရိတ်ရင်အဖိုးတန် ရတနာဖြစ်ပြီး ၃ ရက်နောက်ကျ ရိတ်ရင်တန်ဖိုးမရှိတဲ့ မြက်ပင်လိုပဲဖြစ်နေသည်။
ထို့အပြင် လက်ဖက်ပင် ၁၈ ပင်ပဲ ရှိသည်။
ထိုကြောင့် အဲဒါကို သိပြီးနောက် ယွမ်ကျိုး
ထိုလက်ဖက်ရည်ကို မရောင်းချချင်တော့ပါ။
အရမ်းနည်းပါးလွန်း၍ သူကိုယ်တိုင်ပဲ သောက်ချင်လာသည်။
သေတ္တာ ကိုကြည့်ပြီး သူက တော်တော်လေးကံကောင်းသည်လို့ ခံစားလိုက်သည်။
ပိုက်ဆံရှိနေရင်တောင် ယခုလို လက်ဖက်ရည်ကို ဝယ်နိုင်ရန် မသေချာနေပေ။
“ဒီနေ့နေ့လယ်မှာ ဒီအဖိုးတန် လက်ဖက်ရည်ကို မြည်းစမ်းနိုင်တော့မယ်ထင်တယ်”
ယွမ်ကျိုးက နေရောင်ခြည် ဖျော့ဖျော့ကို ကြည့်ကာ ပြောလိုက်သည်။
ဟုတ်ပါသည်။
ယွမ်ကျိုး လက်ဖက်ရည် ပြုလုပ်ပြီး သောက်ဖို့ ဆုံးဖြတ်ထားသည်။
သို့သော် အိမ်ထဲမှာ မဟုတ်ဘဲ ဆိုင်တံခါးရှေ့မှာ ထိုင်ပြီး သောက်မည်ဖြစ်သည်။
အကြောင်းကတော့ သူက လက်ဖက်ရည်ဖျော်စပ်ခြင်းပညာကို ကျွမ်းကျင်လာပြီဆိုတာ လူတွေ သိစေချင်လို့ ဖြစ်သည်။
မဟုတ်လျှင် လှပတဲ့ ပိုးဝတ်စုံ ဝတ်ပြီး ညဘက်မှာ လမ်းလျှောက်ထွက်သလိုပဲ မည်သူမျှမမြင်ရပါက အကျိုးမဲ့ပေသည်။
(လှပတာကို ဘယ်သူမှ မမြင်ရတဲ့ အခြေအနေ)
ယွမ်ကျိုးက တခြားသူတွေကိုလည်း အမြဲစဉ်းစားပေးတတ်သူ ဖြစ်သည်။
“ရှဲ ရှဲ ဆို ဆို”
အချိန်တစ်ခုကြာပြီးနောက် ယွမ်ကျိုးက စနစ်ပေးထားသောလက်ဖက်ရည် ပစွည်းအစုံလိုက် တွေကို ယူလာပြီး သူ အမြဲ ပန်းပုလက်ရာများပြုလုပ်နေတဲ့ စားပွဲပေါ်မှာ တင်လိုက်သည်။
ဥခွံပုံစံကြွေထည်လက်ဖက်ရည်ခွက်တွေကို သေချာစွာ စီပြီးနောက် သူ ထိုင်ကာ လက်ဖက်ရည်စတင်ပြုလုပ်ဖို့ ပြင်လိုက်သည်။
"သူဌေးယွမ် ၊သူဌေးယွမ်"
ထိုအချိန်မှာ မိန်းကလေးတစ်ယောက်ရဲ့ အသံစူးစူးကို ကြားလိုက်ရသည်။
“ဟိုင်း ရှောင်ယွမ် မင်းလာပြီလား”
ယွမ်ကျိုး ခေါင်းမော့ပြီး နွေးထွေးစွာနှုတ်ဆက်လိုက်သည်။
“ဟုတ်ပါတယ် အကိုယွမ် အကို အလုပ်များနေလား”
မုရှောင်ယွမ် က ရှက်ကိုးရှက်ကန်းဖြင့် ယွမ်ကျိုးကို စိတ်ဝင်စားစွာ ကြည့်နေသည်။
သူမက ယနေ့တွင် ရိုးရိုးဆွယ်တာတစ်ထည်ကို နက်ပြာရောင်စကတ်တစ်ထည်ဖြင့် တွဲ၀တ်ထားပြီး တင်းနစ်ဖိနပ်အဖြူစီးထားလေသည်။
“ဒီနေ့ မင်းအတန်း မရှိဘူးလား”
ယွမ်ကျိုးက ပြန်မေးလိုက်သည်။
“ဒီနေ့ စနေ့နေ့ဆိုတော့ အဖေ့အိမ်ကို လာပြီး ညီမရဲ့အစ်ကိုကို လာရှာတာပါ"
မုရှောင်ယွမ်က ပြန်ဖြေလိုက်သည်။
“ကောင်းပြီလေ ခဏ နေပါဦး
လက်ဖက်ရည် အတူတူ သောက်ကြမယ်”
မုရှောင်ယွမ် အဖြေမပေးခင်ပဲ သူက သူမအတွက်နေရာတစ်ခု ပြင်ပြီး ဒုတိယထပ်ကနေ ခုံတစ်လုံး ယူရန် ပြန်တက်သွားသည်။
“လက်ဖက်ရည်လား ကျေးဇူးအများကြီးတင်ပါတယ်အကိုယွမ်”
မုရှောင်ယွမ်က အားတုံ့အားနာဖြေလိုက်သည်။
“ဟုတ်တယ် ဒီတစ်ခါတော့ ငါအလကားတိုက်တာနော်"
ယွမ်ကျိုးက ပြောလိုက်သည်။
ဒါက သူ့ကို အစ်ကိုခေါ်၍ အလကားတိုက်ခြင်းမဟုတ်သည့်အကြောင်း အလေးပေးပြောခဲ့သည်။
အကယ်၍ 'ဦးလေး' ခေါ်ခံရလျှင်လည်း သူ့စိတ်မရှိဘူးဟ
ရဲရဲကြီး အာမခံနိုင်သည်။
တစ်ယောက်တည်း သောက်လျှင် လက်ဖက်ရည်သောက်ခြင်းက ပျင်းစရာကောင်းပြီး လူနှစ်ယောက် သောက်မှသာ အမှန်တကယ် လက်ဖက်ရည်အရသာ မြည်
းစမ်းခြင်းဖြစ်ပေမည်။ မုရှောင်ယွမ်က ကလေးမလေးတစ်ဦးသာ ဖြစ်ပေမဲ့လည်းပေါ့။
“ဟုတ် ဟုတ်”
မုရှောင်ယွမ်က ခေါင်းညိတ်ပြီး ခုံပေါ် ထိုင်လိုက်သည်။
"လက်ဖက်ရည်သောက်ရင် စကားမပြောနဲ့တော့နော်"
ယွမ်ကျိုး အပိုင်း (၄၈၈)
ပြီးပါပြီ။
***