ယွမ်ကျိုးက သူ့လက်ဖက်ရည်ပန်းကန်လုံးထဲသို့ လက်ဖက်ရည်ထပ်ဖြည့်ပေးရန် မုရှောင်ယွင်အား လှမ်းပြောလိုက်သည်နှင့်တစ်ပြိုင်နက် ဌာနမှူးလင်းသည် သူ့ခွက်ကို ကပျာကယာ ကမ်းပေးလိုကပြီး ယွမ်ကျိုး သူ့ခွက်ကိုပင် မမြှောက်ရခင်ပင် ဌာနမှူးလင်းက လက်ဦးမှု ယူသွားခြင်းဖြစ်သည်။
"ရော့... ငါ့ခွက်ထဲကို အပြည့်ငဲ့ပေးစမ်းကွာ၊ ငါအကုန်သောက်နိုင်တယ်"
ဌာနမှူးလင်းက ပြတ်သားသော လေသံဖြင့် ပြောလာသည်။
"ဒါပေမဲ့... ဒါက အစ်ကိုယွမ်အတွက်လေ"
မုရှောင်ယွင်က ဌာနမှူးလင်းကို ကြည့်ကာ တွေဝေစွာ ပြောလိုက်သည်။
"ကိစ္စမရှိပါဘူး၊ သူဌေးယွမ်လို သဘောထားကြီးတဲ့ ဆရာကြီးက ဒီလောက်လေးနဲ့တော့ အပြစ်တင်နေမှာ မဟုတ်ပါဘူး"
ဌာနမှူးလင်းက ပြုံးဖြီးဖြီးဖြင့် မုရှောင်ယွင်အား မြှောက်ပင့်ပြောဆိုလိုက်သည်။
"မရဘူး"
ယွမ်ကျိုးက ခေါင်းခါလျက် ခပ်တည်တည်ဖြင့် ပိတ်ပြောလိုက်သည်။
"အာ... အေးပါ၊ အေးပါ၊ မင်းအရင်သောက်လေ၊ ငါ ပြီးမှ သောက်မယ်"
ဌာနမှူးလင်းက ယွမ်ကျိုးစကားအား ချက်ချင်းထောက်ခံလိုက်သည်။ သူ့မျက်နှာပေါ်တွင် မကျေနပ်သည့်အရိပ်အယောင် အနည်းငယ်မျှပင် မရှိပေ။
ဤအခြေအနေတွင် ယွမ်ကျိုးမှာ ဘာဆက်ပြောရမည်ကိုပင် မသိတော့ပဲ ဆွံ့အသွားရသည်။ လက်ဖက်ရည်ကောင်းကောင်း တစ်ငုံသောက်ရရေးအတွက် ဌာနမှူးလင်းတစ်ယောက် ဂုဏ်သိက္ခာကိုပင် ဘေးချိတ်ထားရန် ဆုံးဖြတ်ထားပုံရသည်။
ဌာနမှူးလင်း၏ အရှက်အကြောက်ကင်းမဲ့လှသော ဇွဲလုံ့လကြောင့် မုရှောင်ယွင်ခမျာ သူ့အတွက်ပါ လက်ဖက်ရည်တစ်ခွက် ငဲ့ပေးလိုက်ရသည်။
ယွမ်ကျိုးတွင် အားလပ်ချိန် သိပ်မရှိလှချေ။ ညစာစားချိန် နီးကပ်လာပြီလည်းဖြစ်ရာ လိုအပ်သည်များကို ကြိုတင်ပြင်ဆင်ရန် မီးဖိုချောင်ဆီသို့ လှည့်ထွက်သွားသည်။
"ဒီနေ့ ဘာကိစ္စရှိလို့ လာတာလဲ"
လက်ဖက်ရည်အိုးနှင့် ပန်းကန်များကို ဆေးကြောနေရင်း ယွမ်ကျိုးက မုရှောင်ယွင်အား ပေါ့ပေါ့ပါးပါး မေးလိုက်သည်။
"ဆောင်းတွင်းကျောင်းပိတ်ရက်ကျရင် အလုပ်ပြန်ဆင်းလို့ရမလား လာမေးတာပါ။"
မုရှောင်ယွင် ထိုသို့ပြောလိုက်ပြီးမှ လန့်ဖြန့်သွားကာ သူမပါးစပ်ကို ကမန်းကတန်း ပြန်အုပ်ထားမိလိုက်သည်။ အမှန်တွင် သူမလာရခြင်း၏ ရည်ရွယ်ချက်မှာ ထိုကိစ္စဖြစ်သော်လည်း ယွမ်ကျိုးထံတွင် အကူနှစ်ယောက်ရှိနှင့်ပြီးဖြစ်ကြောင်း သိထားသဖြင့် ဖွင့်ပြောရန် တွန့်ဆုတ်နေခဲ့ခြင်းဖြစ်သည်။ သူမသည် လက်ဖက်ရည်သောက်ရင်း ထိုကိစ္စကို မေ့ဖျောက်ထားရန် ဆုံးဖြတ်ထားသော်လည်း ယွမ်ကျိုးဘက်က ရုတ်တရက် မေးချလာသဖြင့် အငိုက်မိသွားခြင်းဖြစ်သည်။
"ဆိုင်ရှင်ယွမ်... ကျွန်မ ကိစ္စတစ်ခုရှိလို့ လာတယ်ဆိုတာ ဘယ်လိုလုပ် သိတာလဲဟင်"
မုရှောင်ယွင်က ယွမ်ကျိုးအား မျက်လုံးဝိုင်းလေးများဖြင့် ကြည့်ကာ မေးလိုက်သည်။ သူမခေါင်းထက်မှ ဆံပင်မြင်းမြီးလေးမှာလည်း စိုးရိမ်တကြီး ယိမ်းခါသွားသည်။
"ရတယ်၊ လစာကတော့ အရင်အတိုင်းပဲပေးမှာနော်"
ယွမ်ကျိုးက သူမ၏ ဒုတိယမေးခွန်းကို လျစ်လျူရှုကာ အဓိကအချက်ကိုသာ အဖြေပေးလိုက်သည်။
"ဟင်... ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ်၊ ဆိုင်ရှင်ယွမ်က အရမ်းသဘောကောင်းတာပဲ"
မုရှောင်ယွင်မှာ ဝမ်းသာလွန်း၍ ယွမ်ကျိုး အဘယ်ကြောင့် သိသွားသလဲဆိုသည်ကိုပင် ထပ်မစဉ်းစားနိုင်တော့ဘဲ အထပ်ထပ် ကျေးဇူးတင်နေတော့သည်။
"အင်း"
ယွမ်ကျိုးက ခေါင်းညိတ်ပြလိုက်ပြီး လက်ဖက်ရည်ပစ္စည်းများကို သိမ်းဆည်းကာ စားသောက်ဆိုင်ခန်းဘက်သို့ ပြန်ထွက်လာခဲ့သည်။
"ရေး... ပျော်လိုက်တာ"
မုရှောင်ယွင်သည် ဝမ်းသာအားရ လက်သီးဆုပ်ကာ အောင်ပွဲခံလိုက်ပြီး ယွမ်ကျိုးနောက် လိုက်ရန်ပြင်သည်။
"စောစော ပြန်တော့လေ"
ယွမ်ကျိုးက ခြေလှမ်းကိုရပ်ကာ သူမကို လှည့်၍ နှင်ထုတ်လိုက်သည်။
"ဟုတ်၊ ဒါဆို နောက်မှပဲ ပြန်လာခဲ့တော့မယ်"
မုရှောင်ယွင်သည် လိမ္မာရေးခြားရှိစွာဖြင့် ချက်ချင်းပင် နှုတ်ဆက်ထွက်သွားလေသည်။
"လက်ဖက်ရည် ကုန်သွားပြီ"
ယွမ်ကျိုးက အခန်းထဲအထိ အရိပ်လိုလိုက်လာသော ဌာနမှူးလင်းအား ကြည့်ကာ ခပ်ပြတ်ပြတ် ပြောလိုက်သည်။
"ငါ လက်ဖက်ရည် နှစ်ခွက်လေးပဲ သောက်ရသေးတာကိုကွာ"
ဌာနမှူးလင်းက လက်နှစ်ချောင်း ထောင်ပြရင်း မကျေမချမ်း ညည်းတွားသည်။
ယွမ်ကျိုးက ခေါင်းတစ်ချက်သာ ညိတ်ပြလိုက်သည်။
"ဒါကြောင့် ငါ နည်းနည်းလောက် ထပ်သောက်ချင်သေးတယ်"
ဌာနမှူးလင်းက မရှက်မရွံ့ ဆက်တောင်းဆိုလာသည်။
"မရှိတော့ဘူး"
ယွမ်ကျိုးက ပြတ်ပြတ်သားသားပင် ငြင်းလိုက်သည်။
"ဟိုမှာ လက်ဖက်ခြောက်တွေ ကျန်သေးတယ်လေကွာ၊ ငါ ၅၀ ဂရမ်လောက်ပဲ ဝယ်ချင်တာပါ၊ ၅၀ ဂရမ်လောက်လေးပဲလေ"
ဌာနမှူးလင်းသည် သူ့လစာအား စိတ်ထဲမှ တွက်ဆကြည့်ရင်း တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ဈေးစကားဆိုလာသည်။ သူသည် ထိုအကောင်းဆုံးအရည်အသွေးမြင့် လက်ဖက်ခြောက်အား အများကြီးဝယ်ရန် မရဲသော်လည်း ၅၀ ဂရမ်လောက်ကိုပင် တတ်နိုင်သေးသည်။
"မရောင်းဘူး"
ယွမ်ကျိုးက ထပ်မံငြင်းပယ်လိုက်ပြန်သည်။
"ဘာလို့လဲ"
ဌာနမှူးလင်း၏ အကြည့်တို့က ယွမ်ကျိုး လက်ဖက်ခြောက်ဘူးဆီတွင်သာ ကပ်ငြိနေသည်။
"ညစာစားချိန် မရောက်သေးဘူး၊ လောလောဆယ် ဘာဝန်ဆောင်မှုမှ မပေးနိုင်သေးပါဘူး"
ယွမ်ကျိုးသည် ထုံးစံအတိုင်း ဧည့်သည်ကို စတင်နှင်ထုတ်တော့သည်။
"ကောင်းပြီလေ... ဒါဆိုလည်း ငါ တံခါးဝမှာပဲ ရပ်နေပါ့မယ်"
ဌာနမှူးလင်းသည် ယွမ်ကျိုး၏ စည်းမျဉ်းများကို မလွန်ဆန်ရဲချေ။ သူ၏ အသက်ဆက်တငန့်ငန့် ဘ၀လေးသည် ယွမ်ကျိုးလက်ထဲမှ လက်ဖက်ခြောက်များနှင့် ဆက်နွှယ်နေသကဲ့သို့ ခံစားရသည်။ သူသာ အဘိုးကြီးတစ်ယောက်ဖြစ်ပါက လက်ဖက်ခြောက်ရရေးအတွက် ကြမ်းပြင်ပေါ်တွင် လဲကျဟန်ဆောင်ပြမည်မှာ အသေအချာပင်။ သူသည် ထိုအကြံအား သူ့မြေးကြည့်နေသော ဗီဒီယိုမှတဆင့် သင်ယူခဲ့ခြင်းဖြစ်သည်။
"လက်ဖက်ခြောက်တွေက ရောင်းဖို့ မဟုတ်ဘူး"
ယွမ်ကျိုးက နောက်ဆုံးစကားအား ပိတ်ပြောလိုက်ပြီး မီးဖိုချောင်ထဲဝင်ကာ ညစာအတွက် စတင်ပြင်ဆင်လေတော့သည်။ ဌာနမှူးလင်းမှာ ထိုနေရာမှ ခွာမသွားသေးပေ။ သူ ယွမ်ကျိုး စကားကို ကြားသော်လည်း တံခါးဝတွင်သာ ခေါင်းမာစွာ ရပ်နေခဲ့သည်။
ထို့ကြောင့် ညစာအတွက် တန်းစီရန် ရောက်လာကြသော ဖောက်သည်များမှာ တန်းစီမည့်အရိပ်အယောင်မပြဘဲ စားသောက်ဆိုင်အတွင်းပိုင်းကိုသာ လည်တဆန့်ဆန့် မျှော်ကြည့်နေသော ဌာနမှူးလင်းကို မြင်ပြီး အံ့အားသင့်သွားကြသည်။
"သူ ဘာဖြစ်နေတာလဲ"
ယင်းယင်းက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။ ယင်းယင်းဆိုသည်မှာ ယွမ်ကျိုး၏ ထူးဆန်းသော ပိတ်စာများကြောင့် အမြဲတစေ စိတ်ပျက်နေရသည့် ကောင်မလေးဖြစ်ပြီး ဖောက်သည်ဟောင်းတစ်ဦးလည်း ဖြစ်သည်။
"မင်းမသိဘူးလား၊ သူ စားစရာတစ်ခုခုကို စောင့်နေတာ သေချာတယ်"
ဝူဟိုင်းက အကဲခတ်ကျွမ်းကျင်သူပီပီ ဝင်ပြောလိုက်သည်။
"ဒါဆို ဘာလို့ သွားမတန်းစီတာလဲ"
ယင်းယင်းက ပြန်မေးလိုက်သည်။
"အဲဒါကို ငါက ဘယ်လိုလုပ်သိမှာလဲ"
ဝူဟိုင်းက ခပ်ပြတ်ပြတ်ပင် ပြန်ဖြေသည်။
"ရှင် သွားမေးကြည့်လို့ ရတယ်လေ"
ယင်းယင်းက မျက်လုံးလေးများ မှေးကျဉ်းသွားသည်အထိ ပြုံးကာ တိုက်တွန်းလိုက်သည်။
"သိချင်တာက ငါမှမဟုတ်တာ၊ မင်းဘာသာ သွားမေးပေါ့"
ဝူဟိုင်းက ချက်ချင်း ငြင်းလိုက်သည်။
"ဒါပေမဲ့... ကျွန်မ တကယ် သိချင်လို့ပါ၊ ကျွန်မအတွက် သွားမေးပေးလို့ မရဘူးလားဟင်"
ယင်းယင်းက ချွဲသံလေးဖြင့် အကူအညီတောင်းလိုက်သည်။
"အဲဒါ ငါနဲ့ ဘာဆိုင်လို့လဲ"
ဝူဟိုင်းက နားမလည်နိုင်သော အမူအရာဖြင့် ပြန်ကြည့်လိုက်သည်။ ဝူဟိုင်းတစ်ယောက် ရည်းစားမရနိုင်သည်မှာ သိပ်တော့မဆန်းပေ။ မည်သို့ပင်ဆိုစေ သူ၏ EQမှာ ယွမ်ကျိုးနှင့် ချွတ်စွပ် တူနေသည် မဟုတ်လား။
ထိုအခြေအနေကို အစကတည်းက စောင့်ကြည့်နေခဲ့သော EQ မြင့်သည့် လင်းဟုန်က "ခင်ဗျား အဲဒီမှာ ဒီအတိုင်းကြီးရပ်နေပြီး လာမတန်းစီဘူးဆိုရင် ဘယ်တော့မှ စားရမှာမဟုတ်ဘူးနော်" ဟ
"ကျေးဇူးပါနော်"
ယင်းယင်းက လင်ဟုန်ဘက်သို့ လှည့်ကာ ကျေးဇူးတင်စကား ဆိုလိုက်သည်။
"ရပါတယ်၊ ငါက လာစားတာမှ မဟုတ်တာ"
ဌာနမှူးလင်းက ပြောလာသည်။
"သူဌေးယွမ်က ဆိုင်ဖွင့်ချိန်ဆို တခြားသူတွေနဲ့ အလုပ်ကိစ္စ မဆွေးနွေးဘူး"
ဝူဟိုင်းက ပခုံးတွန့်ပြလိုက်သည်။
"ငါ သူ့ကိုပြောစရာ အလုပ်ကိစ္စလည်း မရှိပါဘူးကွာ"
ဌာနမှူးလင်းသည် ထိပ်တန်းအရည်အသွေးရှိသော လက်ဖက်ခြောက် ၅၀ ဂရမ်လောက်ကိုသာ ဝယ်ချင်ခြင်းဖြစ်ရာ ခေါင်းရမ်းပြလိုက်ပြီး သူ့စိတ်ထဲမှသာ ငါဝယ်ချင်တာ လက်ဖက်ခြောက်လေးပါကွာဟု တိတ်တဆိတ် ရေရွတ်လိုက်သည်။
"စားဖို့လည်း မဟုတ်ဘူး၊ အလုပ်ကိစ္စလည်း မဟုတ်ဘူးလား"
ယခုအခါ တန်းစီနေသော ဖောက်သည်များအားလုံး သိချင်စိတ် ပြင်းပြသွားကြလေပြီ။
စားသောက်ရန်လည်းမဟုတ်၊ စီးပွားရေးကိစ္စလည်း မဟုတ်သောကြောင့် လင်းဟုန်နှင့် ဝူဟိုင်းတို့သည် သူ့ကို ဆက်မမေးတော့ပေ။ ဤလူက အစကတည်းက ထိုနေရာတွင် ရပ်နေခဲ့သော်လည်း နံပါတ်လက်မှတ် သွားမယူခဲ့ပေ။ သို့ဖြစ်ရာ သူတို့ အကြောင်းရင်းကို မေးမြန်းခဲ့ခြင်းဖြစ်သည်။ မည်သည့်အကြောင်းနှင့်မျှ မသက်ဆိုင်မှန်း သိလိုက်ရသောအခါ သူတို့ စိတ်ဝင်စားမှုလည်း ပျောက်ကွယ်သွားတော့သည်။
"ဒါဆို ရှင်က ဒီကို ဘာလာလုပ်တာလဲ"
ယင်းယင်းက လက်မလျှော့ဘဲ ဆက်မေးလိုက်သည်။ ဌာနမှူးလင်းလည်း ဖောက်သည်များစွာ၏ အကြည့်များက သူ့ထံ စူးစိုက်လာသည်ကို မြင်သောအခါ လန့်ဖြန့်သွားပြီး ကမန်းကတန်း ခေါင်းခါပြလိုက်သည်။
"ဘာမှမလုပ်ပါဘူး၊ ဒီ... ဒီတိုင်း တစ်ခုခုကို လာကြည့်နေတာပါ"
ယွမ်ကျိုးထံတွင် ထိပ်တန်းအရည်အသွေးရှိသော လက်ဖက်ခြောက်များ ရှိနေကြောင်း သူတို့အား ပြောပြလောက်အောင် သူ မမိုက်မဲပေ။ သူသာ မပြောပြလျှင် နည်းနည်းရနိုင်သေးသည်။ အကယ်၍ လူအများသိသွားပါက သူ့အခွင့်အရေးမှာ လုံးဝ ပျောက်ကွယ်သွားလိမ့်မည်။
"အရမ်းထူးဆန်းတာပဲ"
ဖောက်သည်များက တစ်သံတည်း ရေရွတ်လိုက်ကြပြီးနောက် သူ့အား လျစ်လျူရှုထားလိုက်ကြသည်။ ဘာပဲဖြစ်ဖြစ် ယွမ်ကျိုးရဲ့ စားသောက်ဆိုင်မှာ ဂွကျကျလူတွေက အများသားမဟုတ်လား။
ယွမ်ကျိုး၏ ဆိုင်မဖွင့်မီ ဆယ်မိနစ်အလိုတွင် ယွမ်ကျိုးဖုန်းမှာ မြည်လာသည်။
ပထမအကြိမ်တွင် ယွမ်ကျိုး လျစ်လျူရှုထားခဲ့သော်လည်း တတိယအကြိမ် အဆက်မပြတ် မြည်လာမှသာ ယွမ်ကျိုးသည် လက်ကိုသုတ်ပြီး ဖုန်းကိုင်လိုက်သည်။
"ဥက္ကဋ္ဌကျိုး၊ ကျွန်တော့်ဆိုင်ဖွင့်ချိန်က အခုပဲ စတော့မှာမို့လို့..."
ယွမ်ကျိုး ဖုန်းကိုင်လိုက်သည်နှင့် ဖြတ်ပြောလိုက်သည်။
"သိပါတယ်၊ သိပါတယ်၊ မင်းရဲ့ အချိန်ဇယားကို ငါ မှတ်မိပါသေးတယ်၊ ဆယ်မိနစ် လိုသေးတယ်လေ"
ဥက္ကဋ္ဌကျိုးသည် ယွမ်ကျိုး၏ စိတ်မရှည်သော လေသံကို ဂရုမစိုက်သည့်အပြင် အလေးအနက်ပင် ပြောလိုက်သေးသည်။
"ဒါဆိုပြောပါ"
ယွမ်ကျိုးက ခေတ္တတန့်သွားပြီး ပြန်တုံ့ပြန်လိုက်သည်။
"မနက်ဖြန် မင်း ဘာဟင်းတွေ ချက်မလဲဆိုတာ လာမေးတာပါ၊ ငါတို့ရဲ့အကြိုက်တွေကိုလည်း မင်း မေးသင့်တယ်မလား"
ကျိုးရှီကျဲ့က ပွင့်ပွင့်လင်းလင်းပင် မေးလိုက်သည်။ ဤတစ်ကြိမ်တွင် ယွမ်ကျိုး အနည်းငယ် ပိုကြာကြာ တိတ်ဆိတ်သွားသည်။ ပုံမှန်အားဖြင့် သူသည် ဟင်းလျာအသစ်များအကြောင်း အခြားသူများကို ကြိုတင်ပြောပြလေ့မရှိပေ။ သို့သော် ဥက္ကဋ္ဌကျိုး၏ စကားမှာ အဓိပ္ပာယ်ရှိသည်။ ယွမ်ကျိုးသာ အခြားသူများအား ဤမျှတရင်းတနှီး မဆက်ဆံဖူးသောကြောင့် အနည်းငယ် ကိုးရိုးကားရား ဖြစ်မိသွားသည်။
သို့သော်လည်း သူ၏မျက်နှာပေါ်တွင် မည်သည့် ထူးခြားသော အမူအရာကိုမျှ ထုတ်ဖော်မပြခဲ့ပေ။ သူသည် လေကို ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီးနောက် တည်ငြိမ်စွာပင် အဖြေပေးလိုက်သည်။
"ငါးပါ၊ ချူရှောင်ရော ဥက္ကဋ္ဌကြီးရော ငါးစားတယ်မလား၊ ခင်ဗျား ခေါ်လာမယ့် တခြားလူတွေလည်း ငါးစားကြမယ်လို့ မျှော်လင့်ပါတယ်"
"ဒါပေါ့... ပြီးခဲ့တဲ့တစ်ခေါက်က မင်းချက်ခဲ့တဲ့ ငါးဟင်းရည်ပူပူလေးရဲ့ အရသာက ငါ့အာခေါင်ထဲမှာ စွဲနေတုန်းပဲ၊ မင်း ငါးဟင်းလျာတွေ ချက်တဲ့စကေးက အရမ်းကောင်းတယ်"
ကျိုးရှီကျဲ့ လေသံတွင် ကျေနပ်အားရမှုတို့ အပြည့်အဝ ပါဝင်နေသည်။
"ဟုတ်ကဲ့၊ ဒါဆို ဒါပဲနော်"
ယွမ်ကျိုးက ခေါင်းညိတ်ကာ ဖုန်းချလိုက်သည်။ ယခု
ချူရှောင်၏ နာမည်ကျော် ဘဲငန်းအသည်းဟင်းလျာအား ယွမ်ကျိုးတစ်ယောက် သူ၏ ငါးဟင်းလျာစုံဖြင့် မည်သို့ ရင်ဆိုင်ယှဉ်ပြိုင်မည်နည်း ဆိုသည်ကို လူတိုင်း ရင်တမမ စောင့်ကြည့်ရတော့မည် ဖြစ်သည်။
***