‘ကျင့်ကြံခြင်းအတတ်ပညာတွေနဲ့ နတ်ဘုရားစွမ်းရည်တွေက သိပ်ပြီးတိုးတက်မလာဘူးလား...’
ကျိုးစွေ့သည် မိမိ၏စွမ်းရည်များကို ကြည့်လိုက်ရာ အားလုံးမှာ အတားအဆီးတစ်ခုသို့ ရောက်ရှိနေပုံရလေသည်။
နတ်ဘုရားအသွင်ပြောင်းအဆင့်သို့ တက်လှမ်းနိုင်မှသာလျှင် ဤစွမ်းရည်များမှာ ဆက်လက်တိုးတက်လာနိုင်မည် ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် ကျင့်ကြံခြင်းအတတ်ပညာ အများစုမှာ ကျင့်ကြံခြင်းအဆင့်နဲ့ တိုက်ရိုက် သက်ဆိုင်နေသောကြောင့် ဖြစ်ပေသည်။ ကျင့်ကြံမှုအဆင့်တစ်ခုသို့ မရောက်ရှိပါက သက်ဆိုင်ရာစွမ်းရည်များကိုလည်း တတ်မြောက်နိုင်မည် မဟုတ်ချေ။
ထို့ကြောင့် လွန်ခဲ့သောဆယ်နှစ်အတွင်း သူ၏နတ်ဘုရားစွမ်းရည်များနှင့် အတတ်ပညာများမှာ ကြီးမားသောတိုးတက်မှု မရှိခဲ့ခြင်းဖြစ်ပေသည်။
ကျွမ်းကျင်မှုအနည်းငယ်သာ တိုးတက်လာခဲ့ခြင်းဖြစ်၏။ အရည်အသွေးပိုင်းဆိုင်ရာ ကြီးမားသောပြောင်းလဲမှု မရှိခဲ့ပေ။ သို့သော် သူသည်များစွာ မစိုးရိမ်ပေ။
အဘယ်ကြောင့်ဆိုသော် ဤစွမ်းရည်များမှာ ယခုအချိန်အထိ အသုံးပြုရန် လုံလောက်နေသေးသောကြောင့်ပင်။
ကျင့်ကြံခြင်းလောကတစ်ခုလုံးတွင် သူ့ကိုယှဉ်နိုင်သူမှာလည်း များစွာရှိလိမ့်မည် မဟုတ်ပေ။
“နှမြောစရာကောင်းတာက ကျင့်ကြံမှုအဆင့်က သိပ်ပြီးတိုးတက်မလာတာပဲ...”
ကျိုးစွေ့မှာ သူ၏ကျင့်ကြံမှုအဆင့် ကြီးကြီးမားမားတိုးတက်မလာခြင်းကို အလွန်ပင် နှမြောနေမိလေသည်။ လွန်ခဲ့သောဆယ်နှစ်အတွင်း အဆက်မပြတ်ကျင့်ကြံခဲ့သဖြင့် ကျင့်ကြံမှုအဆင့် အများကြီးတိုးတက်လာမည်ဟု သူထင်မှတ်ခဲ့ခြင်းဖြစ်၏။ သို့သော် ၇၈ ရာခိုင်နှုန်းအထိသာ တိုးတက်လာခဲ့လေသည်။
ဤသည်မှာလည်း မတတ်နိုင်သောကိစ္စပင် ဖြစ်ချေသည်။ ဝိညာဉ်သန္ဓေသား နှောင်းပိုင်းအဆင့် ကျင့်ကြံခြင်းမှာ အလွန်ပင်နှေးကွေးလှပြီး နှစ်ပေါင်းရာချီ ကြာမြင့်တတ်သောကြောင့် ဖြစ်ပေသည်။
ဆယ်နှစ်ဆိုသည်မှာ မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားသော အချိန်မျှသာဖြစ်ရာ များစွာ မထူးဆန်းလှပေ။ အချို့သောဝိညာဉ်သန္ဓေသား နှောင်းပိုင်းအဆင့်ကျင့်ကြံသူများသည် ဆယ်နှစ်ကြာ ကြိုးစားကျင့်ကြံသော်လည်း အနည်းငယ်မျှပင် တိုးတက်မှု မရှိကြပေ။
‘အမှန်တကယ် ကျင့်ကြံမှုစွမ်းဆောင်ရည်ကို မြှင့်တင်ချင်ရင် စိတ်ဝိညာဉ်အမြစ် အရည်အချင်းကို မြှင့်တင်မှဖြစ်မယ်...’
‘ကောင်းကင်အဆင့် စိတ်ဝိညာဉ်အမြစ် အရည်အချင်းသာ ရှိမယ်ဆိုရင် စွမ်းဆောင်ရည်က အခုထက် အဆပေါင်းများစွာ သာလွန်နိုင်လိမ့်မယ်...’
‘ပထမအဆင့် စိတ်ဝိညာဉ်အမြစ်နဲ့ ကောင်းကင်အဆင့် စိတ်ဝိညာဉ်အမြစ်က အဆင့်တစ်ခုသာ ကွာတယ်ဆိုပေမဲ့… ဝိညာဉ်သန္ဓေသားနဲ့ နတ်ဘုရားအသွင်ပြောင်းအဆင့် ကွာသလို မိုးနဲ့မြေပဲ...’
ကျိုးစွေ့ မျက်လုံးများကို မှေးစင်းလိုက်သည်။ အမှန်အတိုင်းပြောရလျှင် သူ၏စိတ်ဝိညာဉ်အမြစ် အရည်အချင်းမှာ ၇၅ ရာခိုင်နှုန်းသို့ ရောက်ရှိနေပြီဖြစ်၏။ အကယ်၍ စိတ်ဝိညာဉ်အမြစ်ကို မြှင့်တင်ပေးနိုင်သည့် နှစ်တစ်ထောင်ဝိညာဉ်ဆေးမြစ်များ ရှာတွေ့နိုင်ပါက ကောင်းကင်အဆင့်သို့ ရောက်ရှိရန်မှာ မဖြစ်နိုင်သည်မဟုတ်ပေ။ သို့သော် ဤကဲ့သို့သော ဆေးမြစ်များကို ရှာတွေ့ရန်မှာ အလွန်ပင် ခက်ခဲလှပေသည်။
‘ဟုတ်သားပဲ… တာအိုလက်တွဲဖော်ရဲ့စွမ်းအားကို အသုံးပြုလို့ရတာပဲ...’
‘အကယ်လို့ ချန်ဇီယွင်ရဲ့ အကူအညီသာရမယ်ဆိုရင် ငါ့ရဲ့စိတ်ဝိညာဉ်အမြစ်ကို ကောင်းကင်အဆင့်အထိ မြှင့်တင်နိုင်ရုံသာမက ကျင့်ကြံမှုကိုပါ ဝိညာဉ်သန္ဓေသား ပြီးပြည့်စုံခြင်းအဆင့်အထိ မြှင့်တင်နိုင်လောက်တယ်...’
ကျိုးစွေ့မေးစေ့ကို ပွတ်သပ်ကာ ဤလမ်းစဉ်ကို စဉ်းစားလိုက်သည်။ ဤသည်မှာ မဖြစ်နိုင်စရာတော့ မရှိနိုင်ပေ။ မည်သို့ပင်ဖြစ်စေ ချန်ဇီယွင်သည် ကောင်းကင်အဆင့် စိတ်ဝိညာဉ်အမြစ်ကို ပိုင်ဆိုင်ထားသော ထိပ်တန်းကျင့်ကြံသူပင် မဟုတ်ပါလော။
သူမနှင့်သာ တူနှစ်ကိုယ်ကျင့်ကြံလိုက်မည်ဆိုပါက သူ၏စိတ်ဝိညာဉ်အမြစ်ကို ကောင်းကင့်အဆင့်သို့ မြှင့်တင်နိုင်ရုံသာမက၊ သူ၏ ကျင့်ကြံအဆင့်ကိုလည်း ဝိညာဉ်သန္ဓေသား ပြီးပြည့်စုံမှုအဆင့်သို့ တိုးမြှင့်နိုင်ပေလိမ့်မည်။
ဤသည်မှာ ငှက်များစွာအား ခဲတစ်လုံးတည်းဖြင့် ပစ်ခြင်းပင်။
“အချိန်ကို တွက်ကြည့်မယ်ဆိုရင် ချန်ဇီယွင်လည်း နတ်ဘုရားအသွင်ပြောင်းအဆင့်ကို တက်လှမ်းဖို့ အချိန်ရောက်ပြီ… သူ့ရဲ့ ကပ်ဘေးရင်ဆိုင်မယ့်နေရာကို ကောင်းကင်မိစ္ဆာကျွန်းမှာပဲ ရွေးချယ်လိုက်မယ်…”
ကျိုးစွေ့ တွေးတောလိုက်လေသည်။ ကမ္ဘာနှစ်ခု ပေါင်းစည်းမှုကြောင့် ရှေးဟောင်းမိစ္ဆာကမ္ဘာမှ စွမ်းအင်များ ရရှိလာခဲ့ပြီး ချန်လန်ပင်လယ်ဒေသ တစ်ခုလုံးရှိ ဝိညာဉ်သွေးကြောများမှာလည်း အသီးသီး တိုးတက်လာခဲ့ကြလေသည်။
စတုတ္ထအဆင့် အထွတ်အထိပ် ဝိညာဉ်သွေးကြောအချို့မှာ ပဉ္စမအဆင့် အောက်ခြေအဆင့်အထိ တက်လှမ်းသွားခဲ့ကြလေ၏။ ထိုအထဲတွင် 'ကောင်းကင်မိစ္ဆာကျွန်း' ၏ ဝိညာဉ်သွေးကြောလည်း ပါဝင်လေသည်။
ယခုအခါ ၎င်းမှာ ပဉ္စမအဆင့် အောက်ခြေအဆင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်၏။ ရွှမ်ဟွမ်ကျွန်းရှိ ပဉ္စမအဆင့် အထွတ်အထိပ် ဝိညာဉ်သွေးကြောကို မမီသော်လည်း ချန်ဇီယွင် နတ်ဘုရားအသွင်ပြောင်းအဆင့်သို့ တက်လှမ်းရန်အတွက်မူ လုံလောက်လှပေသည်။
ထို့ကြောင့်ပင် ချန်ဇီယွင်က 'ကောင်းကင်မိစ္ဆာကျွန်း' ကို ရွေးချယ်ခဲ့ခြင်း ဖြစ်ပေသည်။
အမှန်တကယ်တွင် ရွှမ်ဟွမ်ကျွန်းသို့ လာရောက်ခြင်းက အကောင်းဆုံးဖြစ်သော်လည်း ပြဿနာမှာ ချန်ဇီယွင်သည် ယဲ့ဖေးရိုနှင့် မျက်နှာချင်းမဆိုင်လိုခြင်းပင် ဖြစ်၏။ သူမသည် သေလျှင်တောင် ရွှမ်ဟွမ်ကျွန်းသို့ လာရောက်လိုစိတ် မရှိချေ။
သူမသည် နတ်ဘုရားအသွင်ပြောင်းအဆင့်သို့ တက်လှမ်းပြီးမှသာ ယဲ့ဖေးရိုကို အံ့အားသင့်သွားအောင် လုပ်လိုနေခြင်း ဖြစ်ပေသည်။ သူမသည် တစ်သက်လုံး မည်သူ့ကိုမျှ အရှုံးမပေးလိုသူ ဖြစ်ချေသည်။
ထိုအချိန်တွင် ကျိုးစွေ့၏ ဆက်သွယ်ရေး အဆောင်မှာ မြည်လာခဲ့ပြီး ချန်ဇီယွင်ထံမှ သတင်းစကား ရောက်ရှိလာခဲ့လေသည်။
“မောင်လေး... ကျွန်မ နတ်ဘုရားအသွင်ပြောင်းအဆင့်ကို တက်လှမ်းတော့မယ်၊ လာကူညီပေးပါဦး...”
ဟူသော သတင်းစကားတစ်စောင်က ချက်ချင်း ရောက်ရှိလာခဲ့တော့သည်။
“ကောင်းပြီလေ...”
ကျိုးစွေ့က ပြုံးလိုက်ပြီး သတင်းစကား ပြန်လည်ပေးပို့လိုက်လေသည်။ ထို့ကြောင့် သူသည် မျက်စိတစ်မှိတ်အတွင်းမှာပင် 'ကောင်းကင်မိစ္ဆာကျွန်း' သို့ ရောက်ရှိသွားနိုင်ပေလိမ့်မည်။ သူသည် အချိန်ဖြုန်းနေရန် လုံးဝမလိုအပ်ပေ။
ဝှစ်...။
မကြာမီအချိန်အတွင်းမှာပင် ကျိုးစွေ့သည် မိမိ၏ဂူဗိမာန်မှ ထွက်ခွာခဲ့ပြီးနောက် ရွှမ်ဟွမ်ကျွန်း၏ တည်နေရာရွှေ့ပြောင်းအစီအရင်ကို အသုံးပြုလျက် ကောင်းကင်မိစ္ဆာဂိုဏ်း၏ ဌာနချုပ်ဖြစ်သော ကောင်းကင်မိစ္ဆာကျွန်း၊ ကောင်းကင်မိစ္ဆာတောင်ထွတ်သို့ ရောက်ရှိသွားတော့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏ပုံရိပ်သည် ကောင်းကင်မိစ္ဆာတောင်ထွတ်ရှိ နန်းတော်တစ်ခုအတွင်း၌ ပေါ်ပေါက်လာလေသည်။ ထိုကျယ်ဝန်းလှသော နန်းတော်အတွင်း၌ အလွန်တရာ လှပကျော့ရှင်းသော အခြားပုံရိပ်တစ်ခု ရှိနေလေ၏။
ထိုသူမှာ အခြားသူမဟုတ်ဘဲ ချန်ဇီယွင်ပင် ဖြစ်ချေတော့သည်။
သူမသည် အနီရောင်ဝတ်စုံရှည်ကို ဆင်ယင်ထားပြီး သူမ၏ အလှများကို ထင်ထင်ရှားရှား ပေါ်လွင်စေကာ ကြည့်ရှုသူကို ဆွဲဆောင်ညို့ငင်နေလေသည်။
သူမ၏ ခန္ဓာကိုယ်အလှမှာ မယုံနိုင်လောက်အောင်ပင် ပြည့်စုံလွန်းလှသဖြင့် အမြင်အာရုံကို ပြင်းထန်စွာ ရိုက်ခတ်နေတော့၏။
ဤမိန်းမမှာ တကယ့်ကို ညို့ဓာတ်ပြင်းသော မိစ္ဆာမလေးပင် ဖြစ်ချေသည်။ ချန်ဇီယွင်မှာ ကျိုးစွေ့၏ အမူအရာကို မြင်လိုက်ရသောအခါ အလွန်ပင် ကျေနပ်သွားရလေသည်။
သူမ၏ ဆွဲဆောင်မှုမှာ အမှန်တကယ်ပင် ကြီးမားလှပေ၏။ သူမ၏ နည်းလမ်းအချို့ကြောင့် ရှေ့မှအမျိုးသားမှာ သူမ၏အလှတွင် ယစ်မူးသွားရသည်ဟု ထင်မှတ်နေလေသည်။
'ဟွန်း... အရှက်မရှိတဲ့ ယောက်ျား... အရင်ကတော့ သူတော်ကောင်းကြီးလိုလို ဘာလိုလိုနဲ့ ဟန်ဆောင်နေပြီးတော့... နောက်ဆုံးတော့လည်း ငါ့ရဲ့ အလှအောက်မှာ ဒူးထောက်ရတာပဲ မဟုတ်လား' ဟု သူမ စိတ်ထဲမှ တိတ်တဆိတ် ရေရွတ်လိုက်လေသည်။
“နတ်ဘုရားအသွင်ပြောင်းအဆင့်ကို တက်လှမ်းတော့မယ်ဆိုတာတောင် ဒီလိုအပေါစား နည်းလမ်းတွေကို သုံးနေတုန်းပဲလား… ငါ မင်းကို ဒီနေရာမှာတင် ဆုံးမလိုက်မှာ မကြောက်ဘူးလား...” ဟု ကျိုးစွေ့က ပြောလိုက်လေသည်။
ကျိုးစွေ့သည် ရှေ့သို့ တိုးသွားကာ ချန်ဇီယွင်၏ သွယ်လျသော ခါးလေးကို ဖက်လိုက်ပြီး စူးရှသော မျက်လုံးများဖြင့် သူမကို ကြည့်လိုက်လေသည်။
ဘာ...။
ခဏချင်းမှာပင် ချန်ဇီယွင်၏ မျက်နှာလေးမှာ နီရဲသွားခဲ့ရလေသည်။
သူမ၏ တစ်ကိုယ်လုံးတွင် ပြင်းထန်သော အရှိန်အဝါတစ်ခု ဖုံးလွှမ်းသွားသည်ကို ခံစားလိုက်ရပြီး သူမအား တုပ်နှောင်ထားသကဲ့သို့ ဖြစ်နေသဖြင့် လှုပ်ရှား၍ပင် မရတော့ချေ။ ကျိုးစွေ့၏ သန်မာလှသော လက်မောင်းများထဲမှ ပြင်းထန်လှသော ခွန်အားများကို သူမ ခံစားနေရလေသည်။
ထိုခွန်အားများရှေ့တွင် သူမအနေဖြင့် မည်သို့မျှ ရုန်းကန်နိုင်ခြင်း မရှိတော့ပေ။ သူမသည် နဂါးကြီးတစ်ကောင်၏ ဖမ်းဆီးခြင်းကို ခံထားရသော မင်းသမီးလေးတစ်ပါးကဲ့သို့ ခုခံနိုင်စွမ်း လုံဝ ကင်းမဲ့နေတော့၏။
အကယ်၍ ဤအမျိုးသားသာ ဆန္ဒရှိပါက နောက်တစ်စက္ကန့်တွင် သူမအား စိတ်ကြိုက် ပြုမူနိုင်သည်ဟု သူမ ခံစားလိုက်ရလေသည်။ သို့သော် သူမအနေဖြင့် မည်သို့မျှ တုံ့ပြန်နိုင်ခြင်း မရှိသလို ရုန်းကန်လိုစိတ်လည်း မရှိတော့ချေ။
“မင်းက... မင်းက နတ်ဘုရားအသွင်ပြောင်းအဆင့် ရုပ်ခန္ဓာကျင့်ကြံသူ ဖြစ်နေတာလား… ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...” ချန်ဇီယွင်သည် ကျိုးစွေ့ကို မယုံကြည်နိုင်သော မျက်လုံးများဖြင့် စိုက်ကြည့်နေမိလေသည်။
ကျိုးစွေ့၏ ခန္ဓာကိုယ်အတွင်းမှ ကြောက်မက်ဖွယ်ကောင်းသော ခွန်အားများနှင့် နတ်ဘုရားအသွင်ပြောင်း နယ်ပယ်အရှိန်အဝါများ ပျံ့နှံ့နေသည်ကို သူမ အာရုံခံမိလိုက်သောကြောင့် ဖြစ်ပေ၏။
သူမသည် ကောင်းကင်မိစ္ဆာဂိုဏ်းချုပ် ဖြစ်သည့်အားလျော်စွာ ဗဟုသုတ အလွန်ကြွယ်ဝသူ ဖြစ်ချေသည်။ ထို့ကြောင့် ရှေ့မှအမျိုးသားသည် နတ်ဘုရားအသွင်ပြောင်းအဆင့် ရုပ်ခန္ဓာကျင့်ကြံသူ ဖြစ်နေပြီဖြစ်ကြောင်း သူမ ချက်ချင်း သိရှိလိုက်ခြင်းပင် ဖြစ်လေ၏။
ရိုးရိုးသားသားဆိုရလျှင် အချိန်တိုအတွင်း ဤမျှအဆင့်ထိ တက်လှမ်းနိုင်ခြင်းမှာ မယုံနိုင်စရာပင်။
တစ်ဖက်လူမှာ အင်မော်တယ်တစ်ပါး ဆင်းသက်လာခြင်းဖြစ်ကြောင်း သူမ သိထားသော်လည်း ဤသည်မှာ အမှန်တကယ် လွန်ကဲလွန်းလှပေသည်။
ကောင်းကင်မိစ္ဆာဂိုဏ်း၏ သမိုင်းမှတ်တမ်းများတွင်ပင် ဤကဲ့သို့သော အမျိုးသားမျိုးကို မတွေ့ဖူးခဲ့ချေ။ တကယ့်ကို ထူးခြားဆန်းပြားလှပေ၏။
ထို့အပြင် ဤအမျိုးသားမှာ ယခုတိုင် အသက်သုံးရာပင် မပြည့်သေးချေ။ အသက်သုံးရာမပြည့်မီ နတ်ဘုရားအသွင်ပြောင်းအဆင့် ဖြစ်လာခြင်းမှာ မည်သည့်နေရာတွင်မဆို ကြောက်မက်ဖွယ်ကောင်းသော ကိစ္စပင် ဖြစ်လေ၏။
ရှေးဟောင်းခေတ်တွင်ပင် ဤမျှ ငယ်ရွယ်သော နတ်ဘုရားအသွင်ပြောင်း အရှင်သခင်မျိုး ရှိခဲ့မည် မဟုတ်ပေ။ ဝိညာဉ်လောကတွင်သာ ဤကဲ့သို့သော ပါရမီရှင်မျိုးကို ရှာတွေ့နိုင်ပေလိမ့်မည်။
သို့သော် ဝိညာဉ်လောကနှင့် ဤကျင့်ကြံခြင်းလောက၏ ပတ်ဝန်းကျင်မှာ လုံးဝ နှိုင်းယှဉ်၍ပင် မရနိုင်လောက်အောင် ကွာခြားလှသည် မဟုတ်ပါလော။
“အိုး... မင်းရဲ့ အာရုံခံနိုင်စွမ်းက တော်တော်လေး ထက်မြက်သားပဲ...” ကျိုးစွေ့က ပြုံးလျက် ပြောလိုက်လေသည်။
“အစ်ကိုလေးကျိုး... ကျွန်မ မှားသွားပါတယ်... ဒီတစ်ကြိမ်တော့ ခွင့်လွှတ်ပေးပါနော်...” ချန်ဇီယွင်က သနားစဖွယ် မျက်နှာလေးဖြင့် တောင်းပန်လိုက်လေသည်။
သူမ ဤတစ်ကြိမ်တွင် အနည်းငယ် လွန်သွားပြီဖြစ်ကြောင်း သိလိုက်ရလေသည်။ အကယ်၍ ဤအမျိုးသားသာ သူမအား အမှန်တကယ် စိတ်ဆိုးသွားပါက သူမအတွက် ကောင်းလိမ့်မည် မဟုတ်ချေ။
အကယ်၍ သူမသည် နတ်ဘုရားအသွင်ပြောင်းအဆင့်သို့ တက်လှမ်းနိုင်လျှင်ပင် ဤအမျိုးသား၏ ပြိုင်ဘက်ဖြစ်လာမည် မဟုတ်ကြောင်း သူမ ခံစားမိလိုက်လေသည်။
ယခုအချိန်တွင်မူ ပြောနေစရာပင် မလိုတော့ချေ။ သူမသည် နတ်ဘုရားအသွင်ပြောင်းအဆင့်သို့ တက်လှမ်းလိုသေးသဖြင့် ယခုအချိန်တွင် သူမ၏ ယင်အနှစ်သာရကို ဆုံးရှုံးခံ၍ မဖြစ်သေးကြောင်းလည်း တွေးမိလိုက်လေသည်။
“ဒီတစ်ကြိမ်တော့ မင်းကို လွှတ်ပေးလိုက်မယ်... နောက်ခါကျရင်တော့ ဒီလိုမျိုး မီးနဲ့ မကစားနဲ့တော့... နားလည်လား...” ဟု ကျိုးစွေ့က ပြောလိုက်လေသည်။
သူသည်လည်း အလွန်ပင် ကျေနပ်သွားရလေ၏။ မည်သို့ပင်ဖြစ်စေ သူသည် ယခုအချိန်တွင် လက်တွေ့လှုပ်ရှားရန် ရည်ရွယ်ချက် မရှိသေးပေ။
နတ်ဘုရားအသွင်ပြောင်းအဆင့် အမျိုးသမီးကျင့်ကြံသူနှင့် ဝိညာဉ်သန္ဓေသားအဆင့် အမျိုးသမီးကျင့်ကြံသူတို့၏ ခြားနားချက်ကို သူ ကောင်းစွာ သိရှိထားသောကြောင့် ဖြစ်ပေ၏။
ကောင်းမွန်သော အစားအစာတစ်ခုကို ရရှိရန်အတွက် အချိန်ပေး၍ ပြင်ဆင်ရန် လိုအပ်သည် မဟုတ်ပါလော။
သူသည် တစ်ခဏတာ စိတ်လှုပ်ရှားမှုကြောင့် သူ၏ အစီအစဉ်များကို အပျက်စီးခံမည် မဟုတ်ပေ။
“သိပါပြီ...” ချန်ဇီယွင်က လိမ္မာယဉ်ကျေးသော ဇနီးငယ်လေးတစ်ဦးကဲ့သို့ ခေါင်းညိတ်လိုက်လေသည်။
“မင်းရဲ့ ကပ်ဘေးကို ရင်ဆိုင်ဖို့ နေရာကို ရွေးပြီးပြီလား... ဘယ်နေရာမှာ လုပ်မှာလဲ...” ကျိုးစွေ့က မေးလိုက်လေသည်။
“ရွေးပြီးပါပြီ... ဒီ ကောင်းကင်မိစ္ဆာတောင်ထွတ်မှာပဲ လုပ်မှာပါ... ပတ်ဝန်းကျင် မိုင်တစ်သောင်းအတွင်းမှာ ဘယ်သူမှ ဝင်ခွင့်မရှိတဲ့ တားမြစ်နယ်မြေအဖြစ် သတ်မှတ်ထားပါတယ်...
ကျွန်မ တံခါးပိတ် ကျင့်ကြံနေချိန်မှာ ဘယ်သူမှ အနားမကပ်ဖို့ တပည့်တွေနဲ့ အကြီးအကဲတွေကို အမိန့်ပေးထားပြီးသားပါ... ဒါကြောင့် ဒီနေရာက အလွန်ကို လုံခြုံပါတယ်...” ချန်ဇီယွင်က ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်လေသည်။
သူမသည် နတ်ဘုရားအသွင်ပြောင်း ကပ်ဘေးကို ရင်ဆိုင်ရန်အတွက် အရာရာကို အပြည့်အဝ ပြင်ဆင်ထားပြီး ဖြစ်ပေသည်။
“ကောင်းပြီ... ဒါဆိုရင် စလိုက်ကြတာပေါ့... ငါ ဒီမှာ ရှိနေတာဆိုတော့ မင်း သေချာပေါက် အဆင်ပြေပြေနဲ့ အောင်မြင်သွားမှာပါ...” ကျိုးစွေ့က ချန်ဇီယွင်ကို အလေးအနက်ကြည့်ကာ ပြောလိုက်လေသည်။
ထိုစကားကို ကြားသောအခါ ချန်ဇီယွင်မှာ အဘယ်ကြောင့်မှန်းမသိဘဲ ယုံကြည်မှုများ ပိုမိုတိုးပွားလာခဲ့လေသည်။
သူမ၏ နောက်ကွယ်တွင် ဤကဲ့သို့သော အမျိုးသားတစ်ဦး ရှိနေခြင်းကြောင့် ဖြစ်ပေလိမ့်မည်။ အကယ်၍ သူမသာ ရှုံးနိမ့်သွားပါက အမှန်တကယ်ပင် အသုံးမကျသူ ဖြစ်သွားပေလိမ့်မည်။
သူမသည် ကျိုးစွေ့ကို နှုတ်ဆက်လိုက်ပြီးနောက် သူမ၏ ဂူဗိမာန်အတွင်းသို့ ချက်ချင်း ဝင်ရောက်သွားလေသည်။ ကျိုးစွေ့မှာမူ ဂူဗိမာန်အပြင်ဘက်၌ သူမအတွက် စောင့်ရှောက်ပေးရန် ကျန်ရစ်ခဲ့လေ၏။
............
ရက်သတ္တပတ်အနည်းငယ် ကြာပြီးနောက်…။
ကောင်းကင်မိစ္ဆာကျွန်းတစ်ခုလုံးတွင် ကပ်ဘေးတိမ်တိုက်များ ဖုံးလွှမ်းသွားပြီး မိုးခြိမ်းသံများ တအုန်းအုန်း ထွက်ပေါ်လာလေတော့သည်။
အပြည့်အဝ ပြင်ဆင်ထားသော ချန်ဇီယွင်သည် ကျိုးစွေ့၏ အကူအညီဖြင့် နတ်ဘုရားအသွင်ပြောင်းအဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့လေသည်။ ထို့ကြောင့်သာ သူမသည် ကောင်းကင်မိစ္ဆာကပ်ဘေးနှင့် နတ်ဘုရားအသွင်ပြောင်း မိုးကြိုးကပ်ဘေးတို့ကို အဆင်ပြေစွာ ကျော်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်လေ၏။
ယခုတစ်ကြိမ် မိုးကြိုးကပ်ဘေးမှာ ရှစ်ဆင့်မြောက် မိုးကြိုးကပ်ဘေးဖြစ်ပြီး စွမ်းအားမှာ အလွန်ပင် ကြီးမားလှပေသည်။ သို့သော် ထိုမိုးကြိုးစွမ်းအင်များကို 'မိုးကြိုးကပ်ဘေးကူ' က စုပ်ယူလိုက်သဖြင့် မိုးကြိုး၏ စွမ်းအားမှာ များစွာ လျော့နည်းသွားခဲ့ရလေသည်။
ဤကိစ္စကြောင့် 'မိုးကြိုးကပ်ဘေးကူ' သည်လည်း ကြီးမားသော အကျိုးကျေးဇူးများကို ရရှိခဲ့လေသည်။ ၎င်းသည် ပဉ္စမအဆင့်သို့ တက်လှမ်းနိုင်မည့် အရိပ်အယောင်များပင် ပြသနေပြီ ဖြစ်ချေသည်။
“မယုံနိုင်စရာပဲ... နတ်ဘုရားအသွင်ပြောင်း မိုးကြိုးကပ်ဘေးနဲ့ ကောင်းကင်မိစ္ဆာကပ်ဘေးက ဒီလောက်အထိ ကြောက်စရာကောင်းလိမ့်မယ်လို့ ကျွန်မ မထင်ထားခဲ့ဘူး...
လွန်ခဲ့တဲ့ နှစ်ပေါင်းသောင်းချီအတွင်း ဘယ်သူမှ နတ်ဘုရားအသွင်ပြောင်းအဆင့်ကို မတက်လှမ်းနိုင်ခဲ့တာ မဆန်းပါဘူး... ဒီတစ်ကြိမ်မှာ သခင်လေးကျိုးသာ ကူညီမပေးခဲ့ရင် ကျွန်မတော့ သေချာပေါက် ဒုက္ခရောက်သွားတော့မှာပဲ...” ချန်ဇီယွင်က ထိတ်လန့်တုန်လှုပ်စွာဖြင့် ရေရွတ်လိုက်လေသည်။
ယခုအခါ သူမ၏ အဝတ်အစားများမှာ စုတ်ပြတ်နေပြီး မျက်နှာတွင်လည်း ဖုန်မှုန့်များ ပေကျံနေကာ ရှစ်ဆင့်မြောက် မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ပြီးကာစ ဖြစ်လေ၏။
သူမသည် ယခင်က ကြုံတွေ့ခဲ့ရသော ကပ်ဘေးများကို ပြန်တွေးမိတိုင်း ယခုတိုင် ကျောချမ်းနေရဆဲ ဖြစ်ပေသည်။ သူမ ပြင်ဆင်ထားခဲ့သော နည်းလမ်းများစွာမှာ အသုံးမဝင်ခဲ့ချေ။
ကံကောင်းထောက်မစွာဖြင့် ထိုအမျိုးသားက ကူညီပေးခဲ့သဖြင့်သာ အန္တရာယ်ကင်းစွာဖြင့် အောင်မြင်ခဲ့ခြင်း ဖြစ်ပေသည်။
ဤအကြောင်းကို တွေးမိသောအခါ သူမသည် ကျိုးစွေ့ကို အလွန်ပင် ကျေးဇူးတင်သော မျက်လုံးများဖြင့် ကြည့်လိုက်မိလေသည်။ ဤအမျိုးသားသာ မရှိခဲ့ပါက သူမသည် ယခုဘဝတွင် နတ်ဘုရားအသွင်ပြောင်းအဆင့်သို့ တက်လှမ်းနိုင်မည် မဟုတ်ကြောင်း သူမ ကောင်းစွာ သိရှိထားလေသည်။
“ဟားဟား... စိုးရိမ်စရာ မလိုပါဘူးလို့ ကိုယ် ပြောသားပဲ... နတ်ဘုရားအသွင်ပြောင်း ကပ်ဘေးက ကြောက်စရာကောင်းတယ် ဆိုပေမယ့် ကိုယ် ရှိနေတာဆိုတော့ ဘာမှ မဖြစ်ပါဘူး...” ကျိုးစွေ့က အပြုံးဖြင့် ပြောလိုက်ပြီး သူမ၏ ဦးခေါင်းကို ညင်သာစွာ ပွတ်သပ်လိုက်လေသည်။
“အရင်တစ်ခေါက် ယဲ့ဖေးရို အောင်မြင်သွားတာကလည်း ကျိုးသခင်လေး ကူညီပေးခဲ့လို့ မဟုတ်လား...” ချန်ဇီယွင်က မေးလိုက်လေသည်။
ယဲ့ဖေးရိုသည် သူမ၏ ကိုယ်ပိုင်အစွမ်းဖြင့် အောင်မြင်သွားခဲ့သည်ဟု ချန်ဇီယွင်က လုံးဝမယုံကြည်ပေ။ ဤအမျိုးသား၏ အကူအညီ ပါဝင်မည်မှာ သေချာလှပေသည်။
“ဟုတ်တယ်... ကိုယ် ကူညီပေးခဲ့တာ...” ကျိုးစွေ့က ခေါင်းညိတ်ပြလိုက်လေသည်။
ထိုစကားကို ကြားသောအခါ ချန်ဇီယွင်မှာ စိတ်ထဲတွင် အလွန်ပင် ကျေနပ်သွားရလေသည်။ သူမသည် ထိုအမျိုးသမီးထက် မည်သည့်နေရာတွင်မျှ နိမ့်ကျနေခြင်း မရှိပေ။
အမျိုးသား၏ အကူအညီဖြင့် အောင်မြင်ခဲ့ခြင်းမှာလည်း ဂုဏ်ယူစရာပင် မဟုတ်ပါလော။ ယခုအခါ သူမတွင်လည်း ကူညီပေးမည့် အမျိုးသားတစ်ဦး ရှိနေပြီ ဖြစ်လေသည်။
“သခင်လေးကျိုး... အခု ကျွန်မလည်း နတ်ဘုရားအသွင်ပြောင်းအဆင့် ဖြစ်သွားပြီဆိုတော့... ဒီည ကျွန်မတို့နှစ်ယောက် အတူတူ ပျော်ကြရအောင်လား...” ချန်ဇီယွင်က ကျိုးစွေ့ကို ညှို့ဓာတ်ပြင်းသော မျက်လုံးများဖြင့် ကြည့်ကာ ပြောလိုက်လေသည်။
ဒေါက်…။
ကျိုးစွေ့က သူမ၏ နဖူးလေးကို လက်ဖြင့် တစ်ချက်တောက်လိုက်ပြီး “မင်းက အခုမှ နတ်ဘုရားအသွင်ပြောင်းအဆင့် ဖြစ်တာလေ... ကျင့်ကြံမှုကို အရင်တည်ငြိမ်အောင် မလုပ်ဘဲ ဘာတွေ လျှောက်တွေးနေတာလဲ... ကျင့်ကြံမှုအဆင့် ပြန်ကျသွားချင်လို့လား...” ဟု ဆူပူလိုက်လေသည်။
“ကျွန်မက ကျိုးလန်နဲ့ အတူတူ နေချင်လို့ပါ...” ချန်ဇီယွင်က သူမ၏ နဖူးလေးကို ပွတ်ကာ နှုတ်ခမ်းလေးစူလျက် ဝမ်းနည်းဟန်ဖြင့် ပြောလိုက်လေသည်။ သို့သော်လည်း သူမ၏ စိတ်ထဲတွင်မူ အလွန်ပင် ပျော်ရွှင်နေမိလေတော့သည်။
“စကားအပိုတွေ ပြောမနေဘဲ အမြန်သွားပြီး တံခါးပိတ် ကျင့်ကြံချေ...” ကျိုးစွေ့က လေသံမာမာဖြင့် ပြောလိုက်ရာ... “သိပါပြီ...” ဟု ချန်ဇီယွင်က လိမ္မာစွာဖြင့် ပြန်ပြောလိုက်ရလေတော့၏။
***