"ဒီနေ့မှာတော့... လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ထောင်ဆီကို ရောင်းရင်းတို့ကို ခေါ်သွားပေးမယ်။ မိစ္ဆာနတ်ဆိုးနှိမ်နင်းရေးစစ်ပွဲဆိုတာ ဘာလဲဆိုတာကို ရောင်းရင်းတို့ ကိုယ်တိုင် မြင်တွေ့စေရမယ်..."
ချူရှင်းဟီရဲ့ အသံဆုံးသွားတာနဲ့ မဟာမိုးကောင်းကင်ကြေးမုံပေါ်က ပုံရိပ်တွေဟာလည်း ပြောင်းလဲသွားပါတယ်။ မဟာမိုးကောင်းကင်ဂိုဏ်းက တည်ဆောက်ထားတဲ့ ဝမ်ရှီမြို့ရဲ့ မြင်ကွင်းတွေ ပေါ်လာခဲ့ပါပြီ။
မှန်ချပ်ကြီးပေါ်မှာတော့ ဝမ်ရှီမြို့ရဲ့ အရပ်မျက်နှာအသီးသီးကနေ မရေမတွက်နိုင်တဲ့ မိစ္ဆာနတ်ဆိုးတွေ ပေါ်ထွက်လာပါတယ်။ တစ်ခဏချင်းမှာပဲ အကြီးအကဲတွေ ထိုင်နေတဲ့ ပူဇော်ပွဲစင်မြင့်ကလွဲရင် ဝမ်ရှီမြို့ရဲ့ တခြားနေရာအားလုံးဟာ မိစ္ဆာနတ်ဆိုးတွေရဲ့ လွှမ်းမိုးမှုအောက် ရောက်သွားပါပြီ။
ဒီလို ရုတ်တရက် ပေါ်လာတဲ့ မိစ္ဆာနတ်ဆိုးတွေဟာ တကယ်တော့ မာလင်းရဲ့ ဖန်းဒု သရဲတစ်သောင်း ၀င်္ကပါနဲ့ ဒုတိယဂိုဏ်းချုပ် ယန်ရှောင်ကျင်းရဲ့ ပုံရိပ်ယောင် ဝင်္ကပါတွေကို ပေါင်းစပ်ပြီး ဖန်တီးထားတာပါ။ ဝမ်ရှီမြို့ကြီးဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ထောင်ဆီကို တကယ်ပဲ အချိန်ခရီးနှင်သွားပြီး မေ့လျော့နေကြပြီ ဖြစ်တဲ့ မိစ္ဆာနတ်ဆိုးနှိမ်နင်းရေးစစ်ပွဲဆီ ရောက်သွားသလိုပါပဲ။
မိစ္ဆာတွေ သောင်းကျန်းနေချိန်မှာ လုချန်းချင်းကလည်း သူခေါ်လာတဲ့ ဂီတပညာရှင်တွေကို တီးခတ်ဖို့ ညွှန်ကြားလိုက်ပါတယ်။ ကြောက်မက်ဖွယ်ကောင်းတဲ့ ဂီတသံစဉ်တွေက မိစ္ဆာနတ်ဆိုးတွေကို ပိုပြီး ထိတ်လန့်စရာကောင်းအောင် ပံ့ပိုးပေးနေသလိုပါပဲ။
အဲဒီဂီတသံစဉ်တွေကြားမှာ မိစ္ဆာတွေဟာ ဝမ်ရှီမြို့ထဲက လူသားတွေကို ဖမ်းဆီးပြီး ရက်ရက်စက်စက် သတ်ဖြတ်နေကြပါပြီ။ အလောင်းတွေဟာ တောင်လိုပုံပြီး သွေးချောင်းတွေ စီးဆင်းနေပါတယ်။
အစက မင်္ဂလာရှိတဲ့ အနီရောင်လို့ ပြောခဲ့ကြတဲ့ ဝမ်ရှီမြို့ကြီးဟာ အခုတော့ အဲဒီသွေးတွေရဲ့ ရောင်ပြန်ဟပ်မှုအောက်မှာ တကယ်ကို ကြောက်မက်ဖွယ်ရာ မြို့ကြီးအဖြစ် ပြောင်းလဲသွားပါပြီ။
မဟာမိုးကောင်းကင်ကြေးမုံထဲက ဒီမြင်ကွင်းတွေကို မဟာနေမင်း ကုန်းမြေတိုက်ကြီး တစ်ခုလုံးက လူကြီးလူငယ်မရွေး အားလုံးပဲ ထိတ်လန့်တုန်လှုပ်စွာနဲ့ ကြည့်နေကြရပါတယ်။
မိစ္ဆာနတ်ဆိုးမျိုးနွယ်စု ဆိုတာကို နှစ်ပေါင်းတစ်ထောင် ကြာပြီးနောက်မှာတော့ လောကမှာ မှတ်မိတဲ့သူ သိပ်မရှိတော့ပါဘူး။ မိစ္ဆာနတ်ဆိုးတွေဆိုတာ ဘာလဲ။ ကျန်းယုလို ပါရမီရှင် လူငယ်လေးတောင်မှ ရှေးဟောင်းကျမ်းစာတွေထဲမှာပဲ ဖတ်ဖူးတာပါ။
ဒါပေမဲ့ အခုအချိန်မှာတော့ ချူရှင်းဟီဟာ ဝိညာဉ်တစ်သောင်းဝင်္ကပါနဲ့ ဝမ်ရှီမြို့ကြီးကို အသုံးချပြီး မိစ္ဆာနတ်ဆိုးတွေရဲ့ ကြောက်မက်ဖွယ်ကောင်းပုံကို လူတိုင်းရဲ့ မျက်စိရှေ့မှာ အထင်အရှား ပြသလိုက်ပါပြီ။ သူပြောခဲ့သလိုပဲ အချိန်ကာလတွေကို ဖြတ်ကျော်ပြီး လူတိုင်းကို အဲဒီခေတ်ဆီကို ခေါ်ဆောင်သွားခဲ့ပါတယ်။
ဒီလို မျိုးသုန်းတော့မယ့် ကပ်ဘေးကို ရင်ဆိုင်ဖို့အတွက် ကမ္ဘာအနှံ့က အစွမ်းထက် ပုဂ္ဂိုလ်ကြီးတွေဟာ တစ်ယောက်ပြီးတစ်ယောက် ရှေ့ထွက်လာကြပါပြီ။ လူသားမျိုးနွယ်ရဲ့ တန်ပြန်တိုက်စစ် စတင်လာခဲ့ပါတယ်။
အစွမ်းထက်သူတွေဟာ မိစ္ဆာတွေရဲ့ ရှေ့မှာ တစ်ယောက်ပြီးတစ်ယောက် ကျဆုံးကုန်ကြပါပြီ။ ဒါပေမဲ့ လူသားတွေဟာ ရှေ့လူတွေ ကျဆုံးသွားလို့ လက်လျှော့မသွားဘဲ နောက်လူတွေက ဆက်တက်လာခဲ့ကြပါတယ်။
သူတို့တွေဟာ အလွန်ကို အစွမ်းထက်သူတွေ ဖြစ်နိုင်သလို၊ သာမန်လူတွေလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ မိစ္ဆာတွေကို ရင်ဆိုင်တဲ့အခါမှာတော့ သူတို့အားလုံးဟာ ကိုယ့်ကိုယ်ကိုယ် စွန့်လွှတ်ဖို့ ဆုံးဖြတ်ထားကြပြီးသားပါ။
လောကကြီးထဲက မိစ္ဆာနတ်ဆိုးတွေကို တဖြည်းဖြည်း မောင်းထုတ်နိုင်ခဲ့ပြီး နောက်ဆုံးမှာတော့ မြင်ကွင်းဟာ ဝမ်ရှီမြို့ကို ပြန်လည်ပြသလိုက်ပါပြီ။
တလောကလုံးက လူသားမျိုးနွယ်ရဲ့ အစွမ်းထက်သူတွေဟာ ဝမ်ရှီမြို့မှာ စုဝေးမိကြပြီး လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ထောင်က မိစ္ဆာနတ်ဆိုးနှိမ်နင်းရေးစစ်ပွဲကြီး စတင်လာခဲ့ပါတော့တယ်။
"၀ုန်း..."
ကြောက်မက်ဖွယ်ရာ ပေါက်ကွဲသံကြီးက ဝမ်ရှီမြို့တစ်ခုလုံးကို တုန်ခါသွားစေပါတယ်။ ပူဇော်ပွဲစင်မြင့်ပေါ်က ပုဂ္ဂိုလ်ကြီးတွေဟာလည်း ရုတ်တရက် ပေါက်ကွဲသံကြောင့် လန့်ဖျတ်ပြီး နေရာကနေ ထရပ်လိုက်ကြပါပြီ။ ချန်ရှောင်ထျန်းဆိုရင် ကြည့်နေရင်း ဈာန်ဝင်စားပြီးလေထဲတောင် ပျံတက်သွားပါတယ်။
ဒါက ချန်ရှောင်ထျန်းက စိတ်ဝင်စားလွန်းလို့ မဟုတ်ပါဘူး၊ ချူရှင်းဟီ ဖန်တီးထားတဲ့ စစ်ပွဲမြင်ကွင်းက တကယ့်ကို အစစ်အမှန်နဲ့မခြား ဖြစ်နေတာကြောင့်ပါ။
ချူရှင်းဟီ ဖိတ်ခေါ်ထားတဲ့ သောင်းနဲ့ချီတဲ့ သရုပ်ဆောင် ဂီတပညာရှင်တွေဟာ သမိုင်းမှာ မှတ်တမ်းတင်ထားတဲ့ အစွမ်းထက်သူတွေနဲ့ သာမန်လူတွေရဲ့ နေရာမှာ ပါဝင်သရုပ်ဆောင်နေကြတာပါ။
သူတို့တွေဟာ အခုအချိန်မှာ မာလင်းဦးဆောင်တဲ့ မိစ္ဆာတွေနဲ့ ဝမ်ရှီမြို့မှာ အဆုံးအဖြတ် တိုက်ပွဲကို ဆင်နွှဲနေကြပါပြီ။
ခုနက ပေါက်ကွဲသံကြီးကတော့ အိုးရန်မင်ရဲ့ လက်ချက်ပါ။ သူဟာ မှော်ရတနာကို သုံးပြီး ဝမ်ရှီမြို့ရဲ့ မြို့ရိုးတစ်စိတ်တစ်ပိုင်းကို တိုက်ရိုက်ဖောက်ခွဲလိုက်တာပါ။
လူသားမျိုးနွယ်နဲ့ မိစ္ဆာတွေဟာ ဝမ်ရှီမြို့ထဲမှာ အသေအကြေ တိုက်ခိုက်နေကြပါတယ်။ ပေါက်ကွဲသံတွေဟာ တစ်ခုပြီးတစ်ခု ထွက်ပေါ်နေပြီး အဲဒီအသံတိုင်းဟာ မိစ္ဆာတွေ ကျဆုံးသွားသလို လူသားမျိုးနွယ်ရဲ့ အစွမ်းထက်သူတွေလည်း အများအပြား သေဆုံးသွားရကြောင်း ဖော်ပြနေခဲ့ပါတယ်။
ကျန်းယုတစ်ယောက် ပါးစပ်အဟောင်းသား ဖြစ်နေပါပြီ။
မြို့ထဲမှာ ကိုယ်တိုင်ရောက်နေတဲ့ ကျန်းယုဟာ ခမ်းနားထည်ဝါလှတဲ့ ဝမ်ရှီမြို့ကြီးဟာ ဒီတိုက်ပွဲအတွင်းမှာ ဘယ်လိုမျိုး တဖြည်းဖြည်း ပြိုကျပျက်စီးသွားလဲဆိုတာကို ကိုယ်တိုင် မြင်တွေ့နေခဲ့ရပါတယ်။
ဒီတိုက်ပွဲဟာ သရုပ်ပြပွဲသက်သက်သာ ဖြစ်ပေမဲ့ အိုးရန်မင်ရဲ့ ကျွမ်းကျင်လှတဲ့ ဖောက်ခွဲမှုတွေ၊ မာလင်းနဲ့ ဒုတိယဂိုဏ်းချုပ်တို့ရဲ့ ဝင်္ကပါတွေကြောင့် တကယ့်စစ်မြေပြင်အလား ဖြစ်နေပါပြီ။
ကျန်းယုဟာ သူတို့ရဲ့ ဘိုးဘေးအင်မော်တယ်မြို့တော်က ဘိုးဘေးကြီး ဘိုးဘေးအင်မော်တယ်ဓားကို ကိုင်ရင်း ရှေ့တန်းကနေ တိုက်ပွဲဝင်နေတာကိုတောင် မြင်လိုက်ရပါတယ်။
ကျန်းယုတင် မကပါဘူး၊ ချန်ရှောင်ထျန်းလည်း အလွန်အမင်း တုန်လှုပ်နေပါပြီ။ ဘိုးဘေးအင်မော်တယ်မြို့တော်ရဲ့ ဘိုးဘေးတွေဟာ သွေးနဲ့မီးလျှံအကြားမှာ တိုက်ပွဲဝင်နေတာကို မြင်ရတဲ့အခါ ခန္ဓာကိုယ်ထဲက သွေးတွေ ဆူပွက်လာပါတော့တယ်။
ဒီစစ်ပွဲမှာ ဖြောင့်မတ်တဲ့ဂိုဏ်းတွေတင် မဟုတ်ဘဲ မိစ္ဆာအရိပ်ဂိုဏ်းက အစွမ်းထက်သူတွေဟာလည်း သူတို့ရဲ့ သွေးတွေကို ပေးဆပ်ခဲ့ကြတာပါ။
ဝူရှင်းယန်ရဲ့ မျက်လုံးတွေလည်း နီရဲနေပါပြီ။ မိစ္ဆာဂိုဏ်းက ဘိုးဘေးတွေ ဝမ်ရှီမြို့မှာ တိုက်ပွဲဝင်ရင်း တစ်ယောက်ပြီးတစ်ယောက် ကျဆုံးသွားတာကို သူ မြင်နေရပါတယ်။
တကယ်တော့ ချူရှင်းဟီက ဒီစစ်ပွဲကို သရုပ်ဖော်မယ်လို့ သိတုန်းက ဝူရှင်းယန်ရဲ့ ပထမဆုံးအတွေးက "ချူရှင်းဟီဟာ မိစ္ဆာဂိုဏ်းကို ပေါ်လွင်အောင် လုပ်ပေးမှာ မဟုတ်ဘူး" ဆိုတာပါပဲ။
ဒါပေမဲ့ အခုတော့ သူ မှားသွားပြီဆိုတာ သိလိုက်ရပါပြီ။ အကြီးအကျယ်ကို မှားသွားတာပါ။
ချူရှင်းဟီဟာ ဒီစစ်ပွဲကို စိတ်ကြိုက် ပြုပြင်မထားပါဘူး။ သမိုင်းမှတ်တမ်းတွေကို အပြည့်အဝ လေးစားလိုက်နာထားခဲ့ပါတယ်။ တကယ်တော့ ဒီပွဲအတွက် ချူရှင်းဟီဟာ ဖြောင့်မတ်တဲ့ဂိုဏ်းတွေရဲ့ ကျမ်းစာတွေကိုတင် မကဘဲ မိစ္ဆာဂိုဏ်းရဲ့ မှတ်တမ်းတွေကိုပါ ရအောင်ရှာဖွေပြီး သေချာလေ့လာခဲ့တာပါ။
ဒါကြောင့် အခုမြင်နေရတဲ့ စစ်ပွဲဟာ ဘယ်ဘက်ကိုမှ ဘက်မလိုက်ဘဲ သမိုင်းကြောင်းကို အရှိအတိုင်း ဂုဏ်ပြုသရုပ်ဖော်ထားတာပါပဲ။
ဖြောင့်မတ်သောလမ်းစဉ် ကပဲဖြစ်ဖြစ်၊ မိစ္ဆာအရိပ်ဂိုဏ်းကပဲဖြစ်ဖြစ်... ဒီမိစ္ဆာနတ်ဆိုးနှိမ်နင်းရေးစစ်ပွဲမှာ အမှန်တကယ် ပါဝင်ပေးဆပ်ခဲ့ကြသူမှန်သမျှကို ချူရှင်းဟီက တန်းတူ ဂုဏ်ပြုပေးခဲ့ပါတယ်။
ဝူရှင်းယန်ရဲ့ မျက်လုံးတွေဟာ နီရဲနေသလို၊ မိစ္ဆာဂိုဏ်းက ပုဂ္ဂိုလ်ကြီးမြောက်မြားစွာဟာလည်း မျက်ရည်မဆည်နိုင်အောင် ဖြစ်နေကြရပါပြီ။
ဘယ်နှစ်နှစ်တောင် ရှိသွားပြီလဲ။ မိစ္ဆာအရိပ်ဂိုဏ်းဟာ ဖြောင့်မတ်တဲ့ဂိုဏ်းတွေနဲ့ ဆန့်ကျင်ဘက်ဖြစ်နေတယ်ဆိုတာက လျှောက်လှမ်းတဲ့တာအိုချင်း မတူတာကြောင့်သာဖြစ်ပြီး အခြေခံအားဖြင့် ရန်ဘက်တွေ မဟုတ်ကြပါဘူး။ ဒါပေမဲ့ ဒီမိစ္ဆာနတ်ဆိုးနှိမ်နင်းရေးစစ်ပွဲနဲ့ ပတ်သက်လာရင်တော့ မိစ္ဆာအရိပ်ဂိုဏ်းသားတွေဟာ အစဉ်အဆက် မကျေမနပ် ဖြစ်ခဲ့ကြရပါတယ်။
အရင်က ကျင်းပခဲ့တဲ့ နှစ်တစ်ရာတစ်ကြိမ် အောက်မေ့ဖွယ်ပွဲ ၁၀ ကြိမ်စလုံးမှာ ဖြောင့်မတ်တဲ့ဂိုဏ်းတွေဟာ သူတို့ရဲ့ ဘိုးဘေးတွေကိုပဲ အမွှမ်းတင် ချီးကျူးခဲ့ကြပြီး မိစ္ဆာအရိပ်ဂိုဏ်းသားးတွေရဲ့ ပေးဆပ်မှုကိုတော့ စကားတစ်ခွန်းတည်းနဲ့ပဲ ကျော်သွားခဲ့ကြစမြဲပါ။
ဝူရှင်းယန်ကတော့ ဖြောင့်မတ်တဲ့ဂိုဏ်းတွေဟာလည်း သိပ်ပြီး ထူးမခြားနားပါဘူးလို့ ပြောခဲ့ပါတယ်။
(ငါတို့ မိစ္ဆာအရိပ်ဂိုဏ်းသားးတွေက လူသားဆန်တဲ့ အလုပ်တွေ သိပ်မလုပ်တတ်ကြပေမဲ့... မိစ္ဆာနတ်ဆိုးနှိမ်နင်းရေးစစ်ပွဲတုန်းက ငါတို့ရဲ့ သေဆုံးမှုက မင်းတို့ ဖြောင့်မတ်တဲ့ဂိုဏ်းတွေထက် မနည်းခဲ့ပါဘူး။ ဘာလို့ ငါတို့ကျတော့ လျစ်လျူရှုခံခဲ့ရတာလဲ။)
ဒါကြောင့်လည်း မိစ္ဆာအရိပ်ဂိုဏ်းသားးတွေဟာ အရင်က ပွဲတော်တွေကို တက်ရောက်ခဲ့ကြပေမဲ့ ပါဝင်ဆင်နွှဲချင်စိတ် သိပ်မရှိခဲ့ကြပါဘူး။
ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့... ချူရှင်းဟီက ဝမ်ရှီမြို့ တစ်မြို့လုံးကို ရင်းနှီးပြီး မိစ္ဆာနတ်ဆိုးနှိမ်နင်းရေးစစ်ပွဲကို ပြန်လည်အသက်သွင်းပြလိုက်တဲ့အခါ ဝူရှင်းယန်ကိုယ်တိုင်ကတောင် "ရှင်းဟီဟာ အပြစ်ပြောစရာ မရှိဘူး" လို့ ကောက်ချက်ချလိုက်ပါပြီ။
ချူရှင်းဟီဟာ မိစ္ဆာဂိုဏ်းရဲ့ နံပါတ်တစ် ရန်သူတော်ကြီး ဟုတ်မဟုတ်ဆိုတာကို ခဏထားလိုက်ပါဦး။ ဒီစစ်ပွဲ သရုပ်ဖော်မှုတစ်ခုတည်းကို ကြည့်မယ်ဆိုရင်တော့ ချူရှင်းဟီဟာ မိစ္ဆာဂိုဏ်းကို နည်းနည်းလေးမှ နာမည်ဖျက်မထားဘဲ ပေးဆပ်ခဲ့သူတိုင်းကို သမိုင်းကြောင်းအတိုင်း အတိအကျ သရုပ်ဖော်ပေးခဲ့ပါတယ်။
ဒီအချက်တစ်ခုတည်းနဲ့တင် မိစ္ဆာအရိပ်ဂိုဏ်းသားးတွေဟာ ချူရှင်းဟီကို ဖြောင့်မတ်သူလို့ မခေါ်ချင်ဘဲ ခေါ်လိုက်ရပါပြီ။
မိစ္ဆာနတ်ဆိုးနှိမ်နင်းရေးစစ်ပွဲဟာ ဝမ်ရှီမြို့ကြီးကို အသုံးချခဲ့တာဖြစ်ပြီး မြေကမ္ဘာတုန်ဟည်းလောက်တဲ့ ဒီတိုက်ပွဲအတွင်းမှာ ခမ်းနားတဲ့ အဆောက်အဦးတွေဟာ တစ်ခုပြီးတစ်ခု ပြိုကျပျက်စီးသွားပါတယ်။
အစွမ်းထက်သူတွေ မြောက်မြားစွာ ကျဆုံးခဲ့သလို၊ သာမန်လူတွေလည်း သတ္တိရှိရှိနဲ့ ဒီတိုက်ပွဲကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြပါယတ်။
မဟာမိုးကောင်းကင်ကြေးမုံရဲ့ ပုံရိပ်တွေကို လူတိုင်းက မြင်တွေ့နေရပါဆဲ။ အခုအချိန်မှာတော့ ဂိုဏ်းပေါင်းစုံက ပုဂ္ဂိုလ်ကြီးတွေရော၊ လေလွင့် တန်ခိုးရှင်တွေရော၊ သာမန်လူတွေ အပါအဝင် အားလုံး မြင်တွေ့နေရတဲ့ မြင်ကွင်းက အတူတူပါပဲ။
မဟာမိုးကောင်းကင်ဂိုဏ်းရဲ့ ဆောက်လုပ်ရေးဌာနက တပည့်တွေဟာ သူတို့ အချိန်တွေ၊ ရတနာတွေအများကြီးသုံးပြီး တည်ဆောက်ခဲ့ရတဲ့ ဝမ်ရှီမြို့ကြီး ပျက်စီးသွားတာကို ကိုယ်တိုင်ကြည့်နေရပေမဲ့ ဘာမှ မပြောခဲ့ကြပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီမော်ကွန်းတင်လောက်တဲ့ တိုက်ပွဲကြီးကြောင့် သူတို့အားလုံး ဆွံ့အသွားကြလို့ပါပဲ။
(ဒါလား... ဒဏ္ဍာရီလာ မိစ္ဆာနတ်ဆိုးနှိမ်နင်းရေးစစ်ပွဲကြီးဆိုတာ။)
ဝမ်ရှီမြို့ကြီး ပျက်စီးသွားပြီး အစွမ်းထက်သူတွေရဲ့ သွေးတွေဟာ မြစ်လို စီးဆင်းနေပါတယ်။ အခုအချိန်မှာတော့ ဝမ်ရှီမြို့ကြီးဟာ နီရဲနေပါပြီ။ ဒါပေမဲ့ ဒီအနီရောင်က ပျော်ပွဲရွှင်ပွဲရဲ့ အနီရောင် မဟုတ်တော့ဘဲ မရေမတွက်နိုင်တဲ့ သွေးတွေနဲ့ ဖန်တီးထားတဲ့ အနီရောင် ဖြစ်သွားပါတယ်။
နောက်ဆုံး မိစ္ဆာနတ်ဆိုးဘုရင်ကြီးကို အစွမ်းထက်သူတွေ စုပေါင်းသတ်ဖြတ်လိုက်နိုင်တဲ့ အချိန်မှာတော့ ဝမ်ရှီမြို့ကြီးဟာ (အကြီးအကဲတွေရှိတဲ့ ပူဇော်ပွဲစင်မြင့်ကလွဲရင်) တစ်မြို့လုံး အပျက်အစီးပုံတွေ ဖြစ်သွားခဲ့ပါပြီ။
မဟာမိုးကောင်းကင်ကြေးမုံဟာ ဝမ်ရှီမြို့ ပျက်ကြီးပေါ်ကနေ ဖြတ်သန်းရိုက်ပြလိုက်ပါတယ်။ သွေးအိုင်ထဲမှာ လဲကျနေတဲ့ အလောင်းတွေနဲ့ အပျက်အစီးပုံတွေဟာ ဒီစစ်ပွဲရဲ့ ရက်စက်မှုကို သက်သေပြနေသလိုပါပဲ။
စစ်ပွဲသရုပ်ဖော်မှုဟာ (၂) နာရီတိတိ ကြာမြင့်ခဲ့ပါတယ်။ ဒါက လုချန်းချင်းက အချိန်ကို ညှိထားတာဖြစ်ပြီး စစ်ပွဲရဲ့ အမှန်တကယ် ကြာချိန်တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ သူဟာ စစ်ပွဲရဲ့ အငွေ့အသက်အားလုံးကို အရှိအတိုင်း ပြန်လည်ခံစားနိုင်အောင် အစွမ်းကုန် ကြိုးစားခဲ့ပါတယ်။
အဲဒီ (၂) နာရီအတွင်းမှာ မဟာနေမင်း ကုန်းမြေတိုက်ကြီး တစ်ခုလုံးဟာ အသံတိတ်သွားသလိုပါပဲ။ ရောင်းရင်း ဘယ်ကပဲလာလာ၊ ဘယ်နေရာမှာပဲ ရှိနေပါစေ... အခုအချိန်မှာတော့ ရောင်းရင်းတို့အားလုံးဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ထောင်ဆီကို ရောက်သွားပြီး လူအများစု မေ့လျော့နေကြတဲ့ မိစ္ဆာနတ်ဆိုးနှိမ်နင်းရေးစစ်ပွဲကို ကိုယ်တိုင်မြင်တွေ့ခဲ့ကြရပါပြီ။
မဟာမိုးကောင်းကင်ကြေးမုံထဲမှာ ပျက်စီးနေတဲ့ ဝမ်ရှီမြို့ရဲ့ မြင်ကွင်းတွေ ပေါ်လာပြန်ပါတယ်။ ကမ္ဘာ့နံပါတ် (၁) ဂီတပညာရှင် ကွမ်းကျုံးမင်းဟာ အပျက်အစီးတွေကြားမှာ သူ့ရဲ့ စောင်းကို တီးခတ်နေပါပြီ။ စောင်းသံစဉ်တွေဟာ နှစ်ပေါင်းတစ်ထောင်ကို ကျော်ဖြတ်ပြီး လူတိုင်းကို မိစ္ဆာနတ်ဆိုးတွေ သောင်းကျန်းခဲ့တဲ့ အဲဒီခေတ်ဆီ ပြန်ခေါ်သွားသလိုပါပဲ။
ဘယ်သူမှ စကားမပြောကြပါဘူး။ တစ်ကမ္ဘာလုံးက ကွမ်းကျုံးမင်းရဲ့ ဖျော်ဖြေမှုကို ကြည့်နေကြချိန်မှာပဲ ချူရှင်းဟီဟာ အပျက်အစီးတွေနဲ့ သွေးတွေကို ဖြတ်ကျော်ပြီး စောင်းတီးနေတဲ့ ကွမ်းကျုံးမင်းရဲ့ ရှေ့ကို ရောက်လာပါတယ်။
ချူရှင်းဟီဟာ မဟာမိုးကောင်းကင်ကြေးမုံရှေ့မှာ ရပ်လိုက်ပြီး ခပ်တိုးတိုး ပြောလိုက်ပါတယ် -
"ဒါဟာ... မိစ္ဆာနတ်ဆိုးနှိမ်နင်းရေး စစ်ပွဲပဲ..."
ချူရှင်းဟီရဲ့ အသံကြောင့် လူပေါင်းများစွာဟာ သတိပြန်ဝင်လာကြပါပြီ။ မှန်ချပ်ကြီးထဲမှာ ရပ်နေတဲ့ ချူရှင်းဟီရဲ့ စကားလုံးတွေနဲ့တင် လူတိုင်းဟာ နှစ်ပေါင်းတစ်ထောင်ကြာ သမိုင်းကြောင်းကို ဖြတ်ကျော်ခဲ့ရသလို ခံစားလိုက်ရပါတယ်။
ရှည်ရှည်ဝေးဝေး စကားတွေ မပြောခဲ့ဘူး။ ဘိုးဘေးတွေကို အမွှမ်းတင်တာမျိုး မလုပ်ခဲ့ဘူး။ ချူရှင်းဟီဟာ သမိုင်းမှာ အကုန်အကျအများဆုံး "ရှန်းရှ ရုပ်ရှင်ကြီး" တစ်ကားကို ပြသလိုက်တာပါပဲ။ လူတိုင်းကို မိစ္ဆာနတ်ဆိုးနှိမ်နင်းရေးစစ်ပွဲဆိုတာ ဘာလဲဆိုတာ ကိုယ်တိုင်မြင်တွေ့ခွင့် ပေးခဲ့ပါတယ်။
အခုအချိန်မှာတော့ လူတိုင်း တိတ်ဆိတ်ငြိမ်သက်နေကြပါပြီ။
လူတိုင်းဟာ နှစ်တစ်ရာတစ်ကြိမ် အောက်မေ့ဖွယ်ပွဲအကြောင်း သိကြပေမဲ့ အများစုအတွက်တော့ အဲဒါက ဘိုးဘေးတွေကို သတိရရုံသက်သက် လုပ်ဆောင်ချက်တစ်ခုပါပဲ။
သူတို့တွေဟာ မိစ္ဆာနတ်ဆိုးနှိမ်နင်းရေးစစ်ပွဲဆိုတာ ဘာလဲဆိုတာကိုတောင် နားမလည်ခဲ့ကြပါဘူး။ ဒါပေမဲ့ ဒီနေ့မှာတော့ ကျားမ မရွေး၊ လူကြီးလူငယ်မရွေး၊ အစွမ်းထက်သူဖြစ်ဖြစ် သာမန်လူဖြစ်ဖြစ် အားလုံးဟာ လူသားမျိုးနွယ်တွေ မျိုးသုန်းသွားလောက်အောင် ပြင်းထန်ခဲ့တဲ့ မိစ္ဆာနတ်ဆိုးနှိမ်နင်းရေးစစ်ပွဲကြီးကို ကိုယ်တိုင် ကိုယ်ကျ မြင်တွေ့ခဲ့ကြရပါပြီ။
ဒီစစ်ပွဲ သရုပ်မဖော်ခင်တုန်းက လူတွေက ချူရှင်းဟီ ဘာလို့ အနီရောင်ကြီးကို သုံးရတာလဲလို့ ဝေဖန်ခဲ့ကြပေမဲ့ အခုအချိန်မှာတော့ သူတို့ နားလည်သွားကြပါတယ်။ အဲဒီအနီရောင်ဟာ ပျော်ပွဲရွှင်ပွဲကို ကိုယ်စားပြုတာ မဟုတ်ဘဲ နှစ်ပေါင်းတစ်ထောင်ကြာတဲ့အထိ မခြောက်သွေ့သေးတဲ့ သွေးတွေကို ကိုယ်စားပြုနေတာပဲ မဟုတ်ပါလား။
လူတိုင်းက ခမ်းနားထည်ဝါလှတဲ့ တုန်လှုပ်ချောက်ချားစရာကောင်းတဲ့ မိစ္ဆာနတ်ဆိုးနှိမ်နင်းရေးစစ်ပွဲ မြင်ကွင်းကြောင့် အံ့အားသင့်နေကြချိန်မှာပဲ ချူရှင်းဟီက သူ့ရဲ့လက်ကို ဝေ့ယမ်းလိုက်ပါပြီ။ နောက်တဒင်္ဂမှာတော့ ကွမ်းကျုံးမင်းရဲ့ စောင်းသံစဉ်တွေက ရုတ်တရက် ပြောင်းလဲသွားပါတော့တယ်။
အစက ဝမ်းနည်းပူဆွေးဖွယ်ကောင်းတဲ့ စောင်းသံစဉ်ဟာ တဖြည်းဖြည်းနဲ့ ကြည်လင်သာယာတဲ့ အသံအဖြစ် ပြောင်းလဲလာပါပြီ။
စောင်းသံစဉ်ဟာ လွမ်းမောဖွယ်ရာကနေ သာယာငြိမ့်ညောင်းတဲ့အသံကို ကူးပြောင်းသွားတာနဲ့အမျှ မရေမတွက်နိုင်တဲ့ ဂီတပညာရှင်တွေဟာ တစ်ယောက်ပြီးတစ်ယောက် ပေါ်ထွက်လာကြပါတယ်။ သူတို့ဟာ ကွမ်းကျုံးမင်းနဲ့အတူ တူရိယာတွေကို ဟန်ချက်ညီညီ တီးခတ်လိုက်ကြတဲ့အခါမှာတော့ တေးသံစဉ်ဟာ တစ်ခဏအတွင်းမှာပဲ သာယာငြိမ့်ညောင်းရာကနေ ခမ်းနားပြီး စိတ်ဓာတ်တက်ကြွဖွယ်ကောင်းတဲ့ အသံအဖြစ် ကူးပြောင်းသွားပါပြီ။
ဒီလို ရုတ်တရက် ဂီတသံစဉ် ပြောင်းလဲသွားမှုက လူတိုင်းကို အစောပိုင်း ဝမ်းနည်းပူဆွေးမှုတွေထဲကနေ ဆွဲထုတ်ပေးလိုက်သလိုပါပဲ။ ဒါပေမဲ့ လူတိုင်းက "ဘာလို့ ဂီတသံစဉ်က ဒီလောက်အထိ အကြီးအကျယ် ပြောင်းလဲသွားရတာလဲ" တွေးတောနေကြချိန်မှာပဲ မဟာမိုးကောင်းကင်ကြေးမုံရဲ့ ပုံရိပ်တွေဟာ ပူဇော်ပွဲစင်မြင့်ဆီကို ရောက်ရှိသွားပါပြီ။
ချန်ရှောင်ထျန်းဟာ စကြ၀ဠာ ခုန်ကျော်ခြင်းနဲ့ စကြ၀ဠာအလွှာတွေကို ဖြတ်သန်း လျှောက်လှမ်းလာပြီး သူရဲ့ခန္ဓာကိုယ်ထဲကနေ မရေမတွက်နိုင်တဲ့ ဝိညာဉ်ကီစွမ်းအားတွေ ပေါက်ကွဲဖြာထွက်လာပါတယ်။ အဲဒီစွမ်းအားတွေဟာ စုစည်းသွားပြီးနောက်မှာတော့ ကြီးမားခမ်းနားလှတဲ့ ဘိုးဘေးအင်မော်တယ်မြို့တော်ကြီးအဖြစ် ပုံရိပ်ပေါ်လာခဲ့ပါပြီ။ ချန်ရှောင်ထျန်းရဲ့ ဝိညာဉ်စွမ်းအားတွေ စုစည်းသွားတာနဲ့အတူ ဘိုးဘေးအင်မော်တယ်မြို့တော်က မရေမတွက်နိုင်တဲ့ တပည့်တွေရဲ့ ပုံရိပ်တွေပါ ပေါ်ထွက်လာပါတယ်။
ဒီလောက်အထိ ခမ်းနားထည်ဝါတဲ့ ဘိုးဘေးအင်မော်တယ်မြို့တော်ကြီးနဲ့ အစွမ်းထက်လှတဲ့ ချန်ရှောင်ထျန်းကို ကြည့်ပြီး တလောကလုံးက လူတွေဟာ အကြီးအကျယ် တုန်လှုပ်သွားကြပါပြီ။
ဘိုးဘေးအင်မော်တယ်မြို့တော်ဟာ လောကမှာ နံပါတ် (၂) အဆင့်ရှိတယ်ဆိုတာ လူတိုင်းသိကြသလို၊ ဘိုးဘေးအင်မော်တယ်မြို့တော်က အစွမ်းထက်တယ်ဆိုတာလည်း သိကြပါတယ်။ ဒါပေမဲ့... တကယ်တမ်း ဘယ်လောက်အထိ အစွမ်းထက်သလဲ။
ဒီနေ့မှာတော့ လောကရဲ့ ဒုတိယအစွမ်းထက်ဆုံး ပုဂ္ဂိုလ်ဖြစ်တဲ့ ချန်ရှောင်ထျန်းကိုယ်တိုင် ဝိညာဉ်စွမ်းအားကို သုံးပြီး ဘိုးဘေးအင်မော်တယ်မြို့တော်တစ်ခုလုံးကို ပုံဖော်ပြသလိုက်တာပါ။ သူဟာ ဘိုးဘေးအင်မော်တယ်မြို့တော် ဘယ်လောက် ဩဇအာဏာ ကြီးမားကြောင်း တစ်လောကလုံး သိအောင် ကိုယ်တိုင်ကိုယ်ကျ သက်သေပြလိုက်တာပါပဲ။
ချန်ရှောင်ထျန်းရဲ့နောက်မှာတော့ အစွမ်းထက် ပုဂ္ဂိုလ်ကြီးတွေဟာ တစ်ယောက်ပြီးတစ်ယောက် ပူဇော်ပွဲစင်မြင့်ပေါ် တက်လာကြပါပြီ။ စင်ပေါ်တက်လာတဲ့ ပုဂ္ဂိုလ်တိုင်းဟာ ဝိညာဉ်စွမ်းအားတွေကို သုံးပြီး သူတို့ရဲ့သက်ဆိုင်ရာဂိုဏ်းတွေကို ပုံဖော်ကြပါတယ်။ အစွမ်းထက်လှတဲ့ ဂိုဏ်းကြီးတွေဟာ လူတိုင်းရဲ့ မျက်စိရှေ့မှာ ဆက်တိုက် ပေါ်ထွက်လာပါတယ်။
အစောပိုင်းတုန်းက မိစ္ဆာနတ်ဆိုးနှိမ်နင်းရေးစစ်ပွဲ မြင်ကွင်းဟာ လူတွေကို အတိတ်အတွက် ဝမ်းနည်းပူဆွေးစေခဲ့တယ်ဆိုရင်... အခုအချိန်မှာတော့ အစွမ်းထက် ပုဂ္ဂိုလ်ကြီးတွေ တစ်ယောက်ပြီးတစ်ယောက် စင်ပေါ်တက်ပြီး ဂိုဏ်းကြီးတွေရဲ့ ဩဇာအာဏာ အရှိန်အဝါကို ပြသနေတာကတော့ လူတွေကို စိတ်ဓာတ်တက်ကြွစေပြီး ရင်သပ်ရှုမော ဖြစ်စေခဲံပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ထောင်၊ မိစ္ဆာနတ်ဆိုးနှိမ်နင်းရေးစစ်ပွဲတုန်းကတော့ ကမ္ဘာလောကရဲ့ အစွမ်းထက်သူ အများအပြား ကျဆုံးခဲ့ရတယ် မဟုတ်ပါလား။။
ဒါပေမဲ့ နှစ်ပေါင်းတစ်ထောင် ကြာပြီးနောက်၊ သာယာဝပြောတဲ့ ခေတ်ကြီးမှာတော့ လောကရဲ့ ဂိုဏ်းအသီးသီးဟာ အမြင့်ဆုံးအဆင့်ကို ရောက်ရှိဖို့အတွက် သတ္တိရှိရှိနဲ့ ပြန်လည်လျှောက်လှမ်းနေကြပြီ ဆိုရမှာပါ။
***