အစွမ်းထက်တဲ့ တန်ခိုးရှင်တွေ တစ်ယောက်ပြီးတစ်ယောက် စင်ပေါ် တက်လာနေကြပါပြီ။ ဒါပေမဲ့ ပူဇော်ခံစင်မြင့်ပေါ် တက်လာသူတိုင်းဟာ အရင်ခေတ်တွေတုန်းကလို ငိုယိုပူဆွေးမနေကြတော့ပါဘူး။ ခဏခဏ ဘိုးဘေးတွေကို ပူဇော်ကန်တော့နေတာမျိုးလည်း မလုပ်ကြတော့ပါဘူး။
အခုအချိန်မှာတော့ သူတို့အားလုံးဟာ ဝိညာဉ်ကီစွမ်းအင်ကို အသုံးချပြီး ကိုယ့်ဂိုဏ်းရဲ့ တန်ခိုးစွမ်းအင်တွေကို တစ်ကမ္ဘာလုံး သိအောင် ထုတ်ဖော်ပြသနေကြပါတော့တယ်။
ဘိုးဘေးအင်မော်တယ် မြို့တော်ရဲ့ ခမ်းနားထည်ဝါမှု၊ ရှင်းယွဲ့ဂိုဏ်းရဲ့ နက်နဲမှု၊ ကောင်းကင်ဘုံဓားဂိုဏ်းရဲ့ ဓားတာအို... ယွီရွှီနန်းတော်ရဲ့ လျှို့ဝှက်ဆန်းကြယ်မှု...
မဟာဂိုဏ်းကြီး (၁၀) ဂိုဏ်းတင်မကပါဘူး။ ဝူရှင်းယန် တစ်ယောက် ပူဇော်ခံစင်မြင့်ပေါ် တက်လာတဲ့အချိန်မှာတော့ ကြောက်မက်ဖွယ်ကောင်းလှတဲ့ အစွမ်းထက်လှတဲ့ အော်ရာအရှိန်အဝါတွေ ဖြာထွက်လာခဲ့ပါပြီ။
ဝူရှင်းယန်ဟာ မိစ္ဆာအရိပ်ဂိုဏ်းက အစွမ်းထက်လှတဲ့ တန်ခိုးရှင် အများအပြားကို ခေါင်းဆောင်ပြီး မိစ္ဆာအရိပ်ဂိုဏ်းရဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ အော်ရာအရှိန်အဝါတွေကို ပြသခဲ့ပါတယ်။
ဒီအချိန်မှာတော့ လောကရဲ့ ဖြောင့်မတ်တဲ့လမ်းစဉ် လျှောက်လှမ်းသူတွေဟာ ချူရှင်းဟီက ဘာဖြစ်လို့ သူတို့ကို စင်ပေါ်တက်ခိုင်းရသလဲဆိုတာ နားလည်သွားကြပါပြီ။ မိစ္ဆာနတ်ဆိုးနှိမ်နင်းရေးစစ်ပွဲဆိုတာ အတိတ်ကို ပြန်လည်တမ်းတအောက်မေ့ဖို့ပါပဲ။
လောကကြီးကလူတွေကို အဲဒီ တောက်ပခဲ့တဲ့ ခေတ်ကြီးဆီ ပြန်ခေါ်သွားပြီး ဘိုးဘေးတွေရဲ့ အောင်မြင်မှုတွေကို မမေ့လျော့စေဖို့ပါပဲ။
လက်ရှိအခြေအနေကို ထုတ်ဖော်ပြသတာကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ထောင်ကျော်တုန်းက အခြေအနေနဲ့ ယှဉ်ပြီး သုံးသပ်နိုင်စေဖို့ပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ထောင်ကျော်တုန်းက အစွမ်းထက်တဲ့တန်ခိုးရှင်တွေ ကျဆုံးခဲ့ရပေမဲ့၊ နှစ်ပေါင်းတစ်ထောင်အကြာမှာတော့ အစွမ်းထက်တန်ခိုးရှင်တွေ ပြန်လည်ပေါ်ထွက်လာပြီဆိုတာကို ပြသခဲ့တာပါ။
ဒါဟာ နှစ်ပေါင်းတစ်ထောင်ကျော်ကို ဖြတ်ကျော်တဲ့ ပဲ့တင်သံတစ်ခုဖြစ်ပြီး မိစ္ဆာအရိပ်ဂိုဏ်းကိုတောင် ပူဇော်ခံစင်မြင့်ပေါ်တက်ဖို့ ချူရှင်းဟီ အခွင့်အရေး ပေးခဲ့ပါတယ်။
ဘာကြောင့်လဲဆိုတော့ မိစ္ဆာအရိပ်ဂိုဏ်းရဲ့ ဘိုးဘေးတွေဟာလည်း အဲဒီစစ်ပွဲကြီးမှာ ကျဆုံးခဲ့တာပဲလေ။ ဘာလို့ ဖြောင့်မတ်တဲ့ဂိုဏ်းတွေပဲ ဂါရဝပြုခွင့် ရှိရမှာလဲ။ ဒီ ထောင်စုနှစ် မဟာအခမ်းအနားပွဲတော် မှာ မိစ္ဆာအရိပ်ဂိုဏ်းကကော သူတို့ရဲ့ ဘိုးဘေးတွေကို ဂုဏ်မပြုထိုက်ဘူးလား။
မိစ္ဆာအရိပ်ဂိုဏ်းက ပုံမှန်အားဖြင့် ဘာတွေပဲလုပ်လုပ်၊ အခုအချိန်မှာတော့ သူတို့ဘိုးဘေးတွေရဲ့ စတေးမှုတွေကြောင့် သူတို့တွေလည်း ပူဇော်ခံစင်မြင့်ပေါ်တက်ဖို့ ထိုက်တန်နေပါတယ်။
အစွမ်းထက်တန်ခိုးရှင်များစွာဟာ သူတို့ရဲ့ စွမ်းရည်တွေကို ပြသပြီး အတိတ်နဲ့ ထပ်တူကျ စေတဲ့အခါမှာတော့ တစ်ကမ္ဘာလုံးက လူငယ်ပေါင်းများစွာဟာလည်း အလွန်ကို စိတ်ဓာတ်တက်ကြွလာခဲ့ပါပြီ။
သူတို့တွေဟာ ဒီနေ့ခေတ် လောကမှာရှိတဲ့ အစွမ်းထက်တဲ့တန်ခိုးရှင်တွေအတွက် ဂုဏ်ယူနေကြပါတယ်။ ဘယ်သူကကော အစွမ်းထက်တန်ခိုးရှင် တဦး မဖြစ်ချင်ဘဲ ရှိပါ့မလဲ။
တာအိုလမ်းစဉ် လျှောက်လှမ်းရာမှာတော့ လူပေါင်းများစွာဟာ ဘာကြောင့် ဒီလမ်းကို စလျှောက်ခဲ့တာလဲဆိုတာ မေ့သွားကြတာမျိုး၊ ဒါမှမဟုတ် လက်လျှော့လိုက်တာမျိုးတွေ ရှိနိုင်ပါတယ်။ ဒါပေမဲ့ အခုအချိန်မှာတော့ သူတို့ ဘယ်သူပဲဖြစ်ဖြစ် အတွင်းစိတ်ဆန္ဒတွေဟာ ပြန်လည်နိုးထ တောက်လောင်လာခဲ့ကြပါပြီ။
(ကြည့်စမ်း... ပူဇော်ခံစင်မြင့်ပေါ် တက်သွားတဲ့ ပြိုင်ဘက်ကင်း ပုဂ္ဂိုလ်ကြီးတွေကို။ တစ်နေ့ကျရင် ငါတို့လည်း ကောင်းကင်ဘုံ ကိုးဆင့်အထိ တက်လှမ်းနိုင်ရမယ်။)
ပါရမီမရှိလို့ ဒါမှမဟုတ် တခြားအကြောင်းပြချက်အမျိုးမျိုးနဲ့ လက်လျှော့ထားတဲ့ လူငယ်ပေါင်းများစွာဟာ စိတ်အားထက်သန်မှုတွေ ပြန်လည်ရရှိလာပါပြီ။ သူတို့ဟာ မိုးကောင်းကင်ကို တိုင်တည်ပြီး ကျိန်ဆိုလိုက်ကြပါတယ်။
“လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ထောင်ကျော်က ဘိုးဘေးတွေလို လောကအတွက် အသက်မစတေးနိုင်ခဲ့ရင်တောင်မှ၊ အခုခေတ်က အစွမ်းထက်ပုဂ္ဂိုလ်ကြီးတွေလိုပဲ ငါတို့တွေအနေနဲ့ အထွတ်အထိပ်ဆီကို သတ္တိရှိရှိ တက်လှမ်းပါ့မယ်”
မဟာမိုးကောင်းကင်ကြေးမုံရဲ့ မြင်ကွင်းဟာ ထပ်မံ ပြောင်းလဲသွားပြန်ပါပြီ။ အခုတော့ မဟာမိုးကောင်းကင်ဂိုဏ်း တစ်ခုလုံးရဲ့ အထက်ကောင်းကင်ယံမြင်ကွင်း ဖြစ်သွားခဲ့ပါတယ်။။
ကြေးမုံချပ်ကြီးဟာ ပျက်စီးနေတဲ့ ဝမ်ရှီမြို့ပေါ်ကနေ မဟာမိုးကောင်းကင်ဂိုဏ်းရဲ့ နန်းတော်အသီးသီးဆီကို တဖြည်းဖြည်းချင်း ပျံသန်းသွားပါပြီ။
ဒီမြင်ကွင်းဟာ ပျက်စီးခြင်းကနေ ပြန်လည်မွေးဖွားခြင်း၊ အဲဒီကနေတစ်ဆင့် အထွတ်အထိပ်သို့ ရောက်ရှိခြင်းကို ပုံဖော်ထားသလိုပါပဲ။
ခမ်းနားတဲ့ နန်းတော်ကြီးတွေ တောင်တန်းကြီးတွေနဲ့ စိတ်အားထက်သန်လှတဲ့ မဟာမိုးကောင်းကင်ဂိုဏ်းရဲ့ တပည့်တွေ။ မဟာမိုးကောင်းကင်ဂိုဏ်းရဲ့ နန်းတော်အသီးသီးကို တစ်ကမ္ဘာလုံးက လူတွေရဲ့မျက်စိရှေ့မှာ တွေ့ရအောင် ပထမဆုံးအကြိမ် ထုတ်ဖော်ပြသလိုက်တာပါပဲ။
မဟာမိုးကောင်းကင် နန်းတော်ရဲ့ ခမ်းနားမှု၊ ကြိုးကြာဝိညာဉ်နန်းတော်ရဲ့ ကျယ်ပြောမှု၊ ချင်းမုနန်းတော်ရဲ့ တက်ကြွမှု၊ ချိန်းချန်နန်းတော်ရဲ့ လျှို့ဝှက်မှု၊ ဟေးယွဲ့နန်းတော်ရဲ့ ထူးခြားမှု...
နန်းတော်အသီးသီးဟာ ကမ္ဘာ့နံပါတ် (၁) ဂိုဏ်းဖြစ်တဲ့ မဟာမိုးကောင်းကင်ဂိုဏ်းရဲ့ ဩဇာအာဏာနဲ့ နက်နဲတဲ့ အစဉ်အလာတွေကို ပြသနေပါတယ်။ ပြီးတော့ နှစ်ပေါင်းတစ်ထောင်ကျော်ကြာပြီးနောက် အခုခေတ်ဟာ မဟာမိုးကောင်းကင်ဂိုဏ်းရဲ့ ခေတ်ဆိုတာကိုလည်း ကြေညာနေသလိုပါပဲ။
ဂူမင်ချောင်ဟာ ကြေးမုံချပ်ကြီးကို စိတ်လှုပ်ရှားစွာ ကြည့်နေပါတယ်။ ကမ္ဘာ့နံပါတ် (၁) တန်ခိုးရှင်အနေနဲ့ ဒီလိုစိတ်လှုပ်ရှားမှုမျိုး မခံစားရတာ ဘယ်နှစ်နှစ်တောင် ရှိသွားပြီလဲ။ သူကိုယ်တိုင်တောင် မမှတ်မိတော့ပါဘူး။ ဒါပေမဲ့ အခုအချိန်မှာတော့ သူ့ရဲ့ခံစားချက်တွေကို မထိန်းချုပ်နိုင်တော့ပါဘူး။
ဆရာဘိုးဘိုးရဲ့ အိုမင်းနေတဲ့ မျက်နှာအထက်မှာ နေကြာပန်းတွေ ပွင့်နေသလိုမျိုး တောက်ပနေတာ တွေ့ရမှာပါ။ မဟာမိုးကောင်းကင်ဂိုဏ်းကို မိုးနတ်မင်း စောင်မ စောင့်ရှောက်ပေးတော်မူပါ။ ဆိုပြီးတော့ ဟစ်ကြွေးချင်နေပါပြီ။
နန်းတော်အသီးသီးကို ပြသပြီးတဲ့အချိန်မှာတော့ မာလင်းဟာ ကြေးမုံချပ်ကြီးကို ဂိုဏ်းတူအစ်ကိုကြီး ချူရှင်းဟီရဲ့ ရှေ့ကို ရောက်သွားအောင် ထိန်းချုပ်လိုက်ပါတယ်။ ချူရှင်းဟီရဲ့ ပုံရိပ်ဟာ ကြေးမုံကြီးထဲမှာ ထပ်မံပေါ်လာပါပြီ။
ချူရှင်းဟီကတော့ အံ့ဩသွားခဲ့ပါတယ်။
(ဘာ... ဘာလဲဟ။ ဒါက မူလ အစီအစဉ်မှာ မပါဘူးလေ။)
(မဟာမိုးကောင်းကင်ဂိုဏ်းကို ပြသပြီးရင် ပြီးပြီဆိုတာ သဘောတူထားတာ မဟုတ်ဘူးလား။ မာလင်း... မင်း ဘာတွေ လျှောက်လုပ်နေတာလဲ။)
ဒါပေမဲ့ အခုအချိန်မှာ မှန်ကြီးထဲ ပေါ်နေတာဖြစ်လို့ ချူရှင်းဟီဟာ ဒီအတိုင်း ရပ်နေလို့မရဘူးဆိုတာ သိလိုက်ပါတယ်။ တစ်ခုခုတော့ ပြောမှဖြစ်မယ်။
ဒါပေမဲ့ ဘာပြောရမလဲ။
အခြေအနေကလည်း အတော်လေးကို အရှိန်တက်နေပြီ မဟုတ်လား။ ဒါကြောင့် အသေအချာ စဉ်းစားပြီးတဲ့နောက်မှာတော့ သူပြောလိုက်ပါပြီ။
ချူရှင်းဟီဟာ အံကိုကြိတ်၊ ခြေကိုဆောင့်ပြီး လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်ပါတယ်။
"ဒီလို သာယာ၀ပြောတဲ့ ခေတ်ကြီးကိုရောက်ဖို့ ဘိုးဘေးကြီးတို့ မျှော်လင့်ခဲ့တာပေါ့။"
ဒါဟာစကားတစ်ကြောင်းတည်းပါပဲ။ ဒါပေမဲ့ ဒီအချိန်မှာ ပြောလိုက်တဲ့ စကားလုံးတွေရဲ့ ခံစားချက်ကတော့ ရှေ့စကားတွေနဲ့ မတူပဲ လုံးဝကို ကွဲပြားခြားနားသွားပါတယ်။
"ဒီသာယာဝပြောတဲ့ ခေတ်ကြီးဟာ အဘိုးတို့ မျှော်လင့်ခဲ့တဲ့အတိုင်းပါပဲ" ဆိုတာ ဘာကို ဆိုလိုတာလဲ။ ချူရှင်းဟီရဲ့ နောက်ကွယ်မှာရှိတဲ့ ပူဇော်ခံစင်မြင့်ပေါ်က လေထဲမှာ လွင့်ပျံနေတဲ့ အနီရောင် မီးအိမ်တွေနဲ့ အလံစုံတွေကို ဒီစကားနဲ့ တွဲကြည့်လိုက်တဲ့အခါ... ချူရှင်းဟီဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ထောင်က ဘိုးဘေးတွေကို စကားပြောနေတာ ဖြစ်သွားပါပြီ။
ဘိုးဘေးတွေဟာ ဘာအတွက်ကြောင့် သွေးမြေကျခံ၊ အသက်စတေးပြီး တိုက်ပွဲဝင်ခဲ့ကြတာလဲ။
သူတို့ဟာ နောက်မျိုးဆက်တွေ မျှော်လင့်ချက် ရှိစေဖို့၊ နောက်မျိုးဆက်တွေ ငြိမ်းချမ်းမှု ရရှိစေဖို့အတွက် သူတို့ရဲ့ အသက်တွေကို စတေးခဲ့ကြတာ မဟုတ်ပါလား။
ဒါဆိုရင် ဒီလိုသာယာဝပြောတဲ့ ခေတ်ကြီးဟာ တကယ့်ကိုပဲ ဘိုးဘေးတွေ မျှော်လင့်တောင့်တခဲ့တဲ့ အရာပဲ မဟုတ်ပါလား။
ဒီအချိန်မှာတော့ လူတိုင်းရဲ့ အကြည့်တွေဟာ ချူရှင်းဟီ ဆီမှာပဲ စုပြုံကျရောက်ရှိနေပါတယ်။ ချူရှင်းဟီရဲ့ နောက်ကွယ်မှာ လွှင့်ပျံနေတဲ့ အလံရောင်စုံနဲ့ အနီရောင် မီးအိမ်တွေကို ကြည့်ရင်း၊ သုံးခဲ့တဲ့ "မင်္ဂလာအနီရောင်" နောက်ခံအပြင်အဆင်ကို ပြန်တွေးမိတဲ့အခါ လူတိုင်း သဘောပေါက်သွားကြပါပြီ။
အော်... ဒါက ချူရှင်းဟီ ဆိုလိုချင်တဲ့ အဓိပ္ပာယ်ကိုး။
ဒီ "အနီရောင်" နောက်ခံ တစ်ခုတည်းမှာတင် ချူရှင်းဟီဟာ ရည်ရွယ်ချက်တွေ အများကြီး ထည့်သွင်းထားခဲ့တာလို့ ဆိုရမှာပါ။
ပထမဆုံးအနေနဲ့၊ သူက လူတော်တော်များများကို "မိစ္ဆာနတ်ဆိုးနှိမ်နင်းရေးစစ်ပွဲ" ဆိုတာ ဘာလဲလို့ လိုက်မေးခဲ့ပါတယ်။ ဘယ်သူမှ မဖြေနိုင်ကြတဲ့အချိန်မှာ အဲဒီအနီရောင်ဟာ လောကကြီးကလူတွေရဲ့ (မေ့လျော့နေမှုကို) ဝေဖန်လိုက်ပါပြီ။
ဒုတိယအနေနဲ့၊ သူက လူတိုင်းကို နှစ်ပေါင်းတစ်ထောင်ကျော်ဆီ ခေါ်သွားပြီး စစ်ပွဲကြီးကို ပြသခဲ့တဲ့အခါမှာတော့ အဲဒီအနီရောင်ဟာ အတိတ်က ဘိုးဘေးတွေရဲ့ "သွေး" တွေကို ကိုယ်စားပြုသွားပါတယ်။
အဲဒီနောက်မှာတော့၊ အစွမ်းထက် ပုဂ္ဂိုလ်ကြီးတွေ စင်ပေါ်တက်ပြီး သူတို့ရဲ့ အင်အားကို ပြသတဲ့အခါမှာတော့ အနီရောင်ဟာ လက်ရှိခေတ်ကာလရဲ့ "အောင်ပွဲခံခြင်း" ဖြစ်သွားပါတယ်။
နောက်ဆုံးမှာတော့ "ဒီသာယာဝပြောတဲ့ ခေတ်ကြီးဟာ အဘိုးတို့ မျှော်လင့်ခဲ့တဲ့အတိုင်းပါပဲ" ဆိုတဲ့ စကားနဲ့အတူ ဒီအနီရောင်ဟာ ဒီခေတ်ကြီးရဲ့ "ကျက်သရေ" ဖြစ်သွားပါပြီ။
ချူရှင်းဟီဟာ ဒီအနီရောင်နဲ့ပဲ ဘိုးဘေးတွေကိုရော၊ ဒီသာယာဝပြောတဲ့ ခေတ်ကြီးကိုပါ တစ်ပြိုင်တည်း ဂုဏ်ပြုလိုက်တာပါ။
"ထောင်စုနှစ် မဟာအခမ်းအနားပွဲတော်"၊ နှစ်ပေါင်းတစ်ထောင် ဆိုတဲ့ အချိန်ကာလ ကုန်လွန်သွားခဲ့ပြီ... အခုတော့ ဝမ်းနည်းပူဆွေးမှုတွေထဲကနေ ရုန်းထွက်ရမယ့်အချိန် ရောက်ပါပြီ။ ဘိုးဘေးတွေကိုလည်း "ဒီသာယာဝပြောတဲ့ ခေတ်ကြီးဟာ အဘိုးတို့ မျှော်လင့်ခဲ့တဲ့အတိုင်းပါပဲ" လို့ ပြသရမယ့် အချိန်ပါပဲ။
"ဒီလို သာယာ၀ပြောတဲ့ ခေတ်ကြီးကိုရောက်ဖို့ ဘိုးဘေးကြီးတို့ မျှော်လင့်ခဲ့တာပေါ့။" လို့ ဘယ်သူမှန်းမသိတဲ့သူတစ်ယောက်က စတင်ဟစ်ကြွေးလိုက်ပါတယ်။
ခဏချင်းမှာပဲ ဝမ်ရှီမြို့ပူဇော်ခံစင်မြင့်ပေါ်က ပုဂ္ဂိုလ်ကြီးတွေရော၊ တပည့်တွေပါ၊ ဖြောင့်မတ်တဲ့ဂိုဏ်းတွေရော၊ မိစ္ဆာလမ်းစဉ်ဂိုဏ်းတွေပါ တစ်ပြိုင်တည်း ဟစ်ကြွေးလိုက်ကြပါပြီ။
"ဒီသာယာဝပြောတဲ့ ခေတ်ကြီးဟာ အဘိုးတို့ မျှော်လင့်ခဲ့တဲ့အတိုင်းပါပဲ..."
အဲဒီဟစ်ကြွေးသံတိုင်းမှာ အံ့ဩစရာကောင်းတဲ့ ဆွဲဆောင်မှု အရှိန်အဝါတွေ ပါဝင်နေခဲ့ပါတယ်။ ဝမ်ရှီမြို့မှာတင် မဟုတ်ပါဘူး။ ကျုံးကျိုးမြို့... ယွီမြို့... ပီနန်း... မြို့တိုင်း မြို့တိုင်းမှာရှိတဲ့ လူတိုင်းဟာ လက်တွေကို မြှောက်ပြီး ကောင်းကင်ယံဆီကို ကြွေးကြော်လိုက်ကြပါပြီ။
ဒီတိုတောင်းလှတဲ့ စာတစ်ကြောင်းဟာ အခုအချိန်မှာတော့ မဟာနေမင်း ကုန်းမြေတိုက်ကြီး တစ်ခုလုံးကို ဆက်သွယ်ပေးလိုက်ပါပြီ။ ကောင်းသူ၊ ဆိုးသူ၊ အဆင့်မြင့်သူ၊ အနိမ့်သူ၊ ချမ်းသာသူ၊ ဆင်းရဲသူ... အားလုံးကို တစ်သားတည်း ဖြစ်သွားစေခဲ့ပါတယ်။
ဒီအချိန်မှာ ကုန်းမြေတိုက်ကြီးရဲ့ ဘယ်နေရာမှာပဲ ရှိနေပါစေ... "ဒီလို သာယာ၀ပြောတဲ့ ခေတ်ကြီးကိုရောက်ဖို့ ဘိုးဘေးကြီးတို့ မျှော်လင့်ခဲ့တာပေါ့။" ဆိုတဲ့ အသံကိုပဲ ကြားရမှာပါ။
"ဒုန်း။"
တစ်ကမ္ဘာလုံးက အားပါးတရ ဟစ်ကြွေးနေကြစဉ်မှာပဲ ကောင်းကင်ယံကနေ ရုတ်တရက် မိုးကြိုးပစ်သံကြီး ထွက်ပေါ်လာပါတယ်။
မိုးကြိုးသံဟာ စကြ၀ဠာတည်ရှိမှုတွေကို ဖောက်ထွင်းသွားပြီး အက်ကွဲသွားတဲ့ ဟင်းလင်းပြင်ကြားကနေ မရေမတွက်နိုင်တဲ့ ရွှေရောင်အလင်းတန်းတွေ ထွက်ပေါ်လာပါပြီ။
အလင်းတန်း တစ်ခု... နှစ်ခု... မရေမတွက်နိုင်တဲ့ ဝိညာဉ်ပုံရိပ်တွေဟာ စကြ၀ဠာ အက်ကွဲကြောင်းထဲကနေ ပျံထွက်လာပြီး ကောင်းကင်ယံတစ်ခုလုံးကို ရွှေရောင်တွေနဲ့ လွှမ်းမိုးသွားစေခဲ့ပါတယ်။
ဒီလို ရုတ်တရက် ပေါ်လာတဲ့ ဝိညာဉ်ပုံရိပ်တွေကြောင့် တစ်ကမ္ဘာလုံး မှင်တက်သွားရပါပြီ။
လူတိုင်း သေချာကြည့်လိုက်တဲ့အခါမှာတော့ ကောင်းကင်က ရွှေရောင်ပုံရိပ်တွေဟာ ပြုံးရွှင်နေကြတဲ့ သန့်စင်သော ဝိညာဉ်တော်တွေ ဖြစ်နေတာကို တွေ့လိုက်ရပါတယ်။
ဒီဝိညာဉ်တွေဟာ တခြားသူတွေ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ထောင် မိစ္ဆာနတ်ဆိုးနှိမ်နင်းရေးစစ်ပွဲမှာ ကျဆုံးခဲ့ကြတဲ့ မရေမတွက်နိုင်တဲ့ ဘိုးဘေးတို့ရဲ့ ဝိညာဉ်တော်တွေပါပဲ။
"ဘိုးဘေး... ဘိုးဘေးတွေပါလား...သူတို့ ဝိညာဉ်တော်တွေက မပျက်စီးဘဲ သာယာဝပြောတဲ့ ခေတ်ကြီးထဲမှာ ပြန်ပေါ်လာတာပဲ။"
ဒီအချိန်မှာတော့ အစွမ်းထက် တန်ခိုးရှင်တွေရော သာမန်လူတွေပါ အားလုံး ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြပါပြီ။
လူတိုင်းရဲ့ "ဒီသာယာဝပြောတဲ့ ခေတ်ကြီးဟာ အဘိုးတို့ မျှော်လင့်ခဲ့တဲ့အတိုင်းပါပဲ" ဆိုတဲ့ ဟစ်ကြွေးသံတွေက တကယ်ပဲ နှစ်ပေါင်းတစ်ထောင်ကြာ အိပ်မောကျနေတဲ့ ဘိုးဘေးဝိညာဉ်တော်တွေကို နိုးထလာစေလိမ့်မယ်လို့ ဘယ်သူမှ မမျှော်လင့်ထားခဲ့ပါဘူး။
မရေမတွက်နိုင်တဲ့ ဘိုးဘေးဝိညာဉ်တော်တွေဟာ ကောင်းကင်ဘုံ ကိုးဆင့်မှာ ရပ်နေကြပြီး လက်ရှိ သာယာဝပြောတဲ့ ခေတ်ကြီးကို ငုံ့ကြည့်နေကြသလိုပါပဲ။
လူတိုင်း အံ့ဩနေကြချိန်မှာပဲ ကောင်းကင်ပေါ်မှာ ရှိနေတဲ့ ဘိုးဘေးအင်မော်တယ် မြို့တော် ဘိုးဘေးကြီးရဲ့ ဝိညာဉ်တော်ကနေ ရွှေရောင်အလင်းတန်းတစ်ခု ပစ်ချလိုက်ပါတယ်။ အဲဒီအလင်းတန်းဟာ ချန်ရှောင်ထျန်း ရှိရာနေရာကို တည့်တည့်ကျရောက်သွားပါပြီ။
ဝိညာဉ်တော်ဆီက ရွှေရောင်အလင်းတန်းဟာ ချန်ရှောင်ထျန်းရဲ့ ခန္ဓာကိုယ်ထဲကို တိုးဝင်သွားပါတယ်။ ချန်ရှောင်ထျန်းဟာ အပြုစားခံလိုက်ရသလိုမျိုး တစ်နေရာတည်းမှာ တောင့်တောင့်ကြီး ဖြစ်သွားပါပြီ။
"ဝိညာဉ်တော် အမွေအနှစ်။ ဒါ ဝိညာဉ်တော် အမွေအနှစ်ပဲ။” ဘိုးဘေးအင်မော်တယ် မြို့တော်က လူတွေဟာ ဝမ်းသာလွန်းလို့ မျက်ရည်တွေတောင် ကျလာကြပါတယ်။
အဲဒီတုန်းက ဘိုးဘေးအင်မော်တယ် မြို့တော်ရဲ့ ဘိုးဘေးတွေဟာ ဝမ်ရှီမြို့မှာ ကျဆုံးခဲ့ကြပြီး အဖိုးတန် အမွေအနှစ်တွေလည်း ဘိုးဘေးတွေနဲ့အတူ ပျောက်ကွယ်သွားခဲ့ရတာပါ။ ဒါပေမဲ့ ဒီနေ့မှာတော့ ဘိုးဘေးတွေဟာ ချူရှင်းဟီရဲ့ စကားကြောင့် ပြန်လည်နိုးထလာခဲ့ပါပြီ။ မပျက်စီးနိုင်တဲ့ ဝိညာဉ်တော်ဟာ သူ့ရဲ့ နောက်ဆုံးအင်အားကို ဒီသာယာဝပြောတဲ့ ခေတ်ကြီးအတွက် ထပ်မံ ပေးဆပ်လိုက်တာပါပဲ။
ကောင်းကင်ကနေ နောက်ထပ် ဝိညာဉ်တော်တစ်ပါးရဲ့ ရွှေရောင်အလင်းတန်း ဆင်းသက်လာပါပြီ။ နောက်ထပ် အမွေအနှစ်တစ်ခု နိုးထလာခဲ့ပါတယ်။
ရွှေရောင်အလင်းတန်းတွေ တစ်ခုပြီးတစ်ခု ဆင်းသက်လာတာနဲ့အမျှ မရေမတွက်နိုင်တဲ့ အမွေအနှစ်တွေဟာ ဒီအချိန်မှာ နိုးထလာပါပြီ။
ဝူရှင်းယန်ဟာလည်း မိစ္ဆာအရိပ်ဂိုဏ်း ဘိုးဘေးတွေဆီက ဆင်းသက်လာတဲ့ အမွေအနှစ်တွေကို ကြည့်ရင်း ဝမ်းသာလွန်းလို့ မျက်ရည်ကျလာပါတယ်။
ဒီအချိန်မှာတော့ သူဟာ မိစ္ဆာအရိပ်ဂိုဏ်းချုပ်ကြီး မဟုတ်တော့ပါဘူး... သူဟာ ဝူရှင်းယန် သက်သက်ပါပဲ။
အမွေအနှစ်တွေဟာ ဆက်တိုက် ဆင်းသက်နေဆဲပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ထောင်က ဝိညာဉ်တော်တွေဟာ သူတို့ရဲ့ နောက်ဆုံးကျန်ရှိနေတဲ့ ဝိညာဉ်စွမ်းအားတွေကို သုံးပြီး လူတိုင်းကို စကားပြောနေသလိုပါပဲ။
"ဆင်းရဲဒုက္ခတွေဟာ နောက်ဆုံးတော့ ကုန်ဆုံးသွားလိမ့်မယ်။ သာယာဝပြောတဲ့ ခေတ်ကြီးကတော့ ဧကန်အမှန် ရောက်လာလိမ့်မယ်၊ ပြီးတော့ ဒီခေတ်ကြီးကို မင်းတို့တင် မဟုတ်ဘူး... ငါတို့လည်း မြင်တွေ့နေရပြီ"
မဟာနေမင်း ကုန်းမြေတိုက်ကြီး တစ်ခုလုံးမှာရှိတဲ့ မရေမတွက်နိုင်တဲ့ သန့်စင်သော ဝိညာဉ်တော်တွေဟာ သူတို့ရဲ့ မျိုးဆက်တွေ၊ အမွေဆက်ခံသူတွေကို ရှာဖွေပြီး အမွေအနှစ်တွေနဲ့ ဒီသာယာဝပြောတဲ့ ခေတ်ကြီးအတွက် ထပ်မံဖြည့်ဆည်း ပေးဆပ်လိုက်ကြပါတယ်။
ဝိညာဉ်တော် အမွေအနှစ်တွေတင်မကပါဘူး။ ဝိညာဉ်တော်တွေ ပြန်လည်ပေါ်ထွက်လာတာနဲ့အမျှ ပတ်ဝန်းကျင်မှာရှိတဲ့ ဝိညာဉ်ကီစွမ်းအင် (Spiritual Qi) တွေဟာလည်း အရှိန်အဟုန်နဲ့ တိုးပွားလာတာကို လူတိုင်း ခံစားလိုက်ရပါပြီ။
လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ထောင်က မိစ္ဆာနတ်ဆိုးနှိမ်နင်းရေးစစ်ပွဲဟာ ဝမ်ရှီမြို့မှာတင် ဖြစ်ပွားခဲ့တာ မဟုတ်ဘဲ ကုန်းမြေတိုက်ကြီး တစ်တိုက်လုံးကို လွှမ်းခြုံသွားခဲ့တာပါ။ အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရသလို၊ တောင်တန်းတွေ ပြိုကျ၊ မြစ်ကြောင်းတွေ ပြောင်းလဲပြီး တစ်ကမ္ဘာလုံးဟာ ချိုင့်ခွက် အပေါက်အပြဲတွေနဲ့ ပြည့်နှက်နေတဲ့ အဝတ်စတစ်ခုလို ပျက်စီးလုနီးပါး ဖြစ်ခဲ့ရပါတယ်။
အဲဒီစစ်ပွဲကြီးပြီးနောက်မှာတော့ လောကရဲ့ ဝိညာဉ်ကီစွမ်းအင် အများစုဟာလည်း ပျောက်ကွယ်သွားခဲ့ပါတယ်။ ဒီနေ့အထိ လောကရဲ့ ဝိညာဉ်ကီစွမ်းအင်ဟာ အရင်ခေတ်က အဆင့်အတန်းကို ဘယ်တော့မှ ပြန်မရောက်နိုင်ခဲ့ပါဘူး။
ဒါပေမဲ့ အခုအချိန်မှာတော့ ဝိညာဉ်တော်အားလုံးဟာ နိုးထလာပါပြီ။ ဝိညာဉ်တော်တွေဟာ သူတို့ရဲ့ နောက်ဆုံးအင်အားကို သုံးပြီး ဒီလောကကြီးကို ပြန်လည်ပြုပြင်နေကြပါတယ်။ အဲဒီတုန်းက ပျောက်ဆုံးသွားတဲ့ ဝိညာဉ်ကီစွမ်းအင်တွေဟာ အခုအချိန်မှာ ပြန်လည် နိုးထလာပါပြီ။
ပြိုင်ဘက်ကင်း အစွမ်းထက်သူပဲဖြစ်ဖြစ်၊ သာမန်လူပဲဖြစ်ဖြစ် ဘယ်သူ့အတွက်မဆို ဝိညာဉ်ကီစွမ်းအင်တွေ ပြန်လည်နိုးထလာတာဟာ ကြီးမားတဲ့ ကောင်းချီးမင်္ဂလာတစ်ခုပါပဲ။
အရင်ကတော့ လူတစ်ယောက်ဟာ အနိမ့်ဆုံးအဆင့်အထိပဲ ရောက်နိုင်ခဲ့ရင်တောင် အခုလို ဝိညာဉ်ကီစွမ်းအင် ပြန်လည်နိုးထလာမှုကြောင့် ပိုမိုမြင့်မားပြီး အဆင့်အထိ တက်လှမ်းနိုင်တော့မှာပါ။
“ဝိညာဉ်ကီစွမ်းအင် ပြန်လည်နိုးထခြင်းနဲ့ ဝိညာဉ်တော် အမွေအနှစ်များ။ ဒီ ထောင်စုနှစ် မဟာအခမ်းအနားပွဲတော် ဟာ ခေတ်သစ်တစ်ခုကို ဖွင့်လှစ်ပေးလိုက်တာနဲ့ အတူတူပါပဲ။ ဒီခေတ်ကိုတော့ သာယာဝပြောသောခေတ်လို့ အမည်ပေးလိုက်ပါတယ်။”
ဒါပေမဲ့ ဒီအချိန်မှာ ဘယ်သူ အနေရ အခက်ဆုံးဖြစ်နေမလဲဆိုရင်တော့ ဂူမင်ချောင် ပါပဲ။
လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ထောင်ကျော်တုန်းက မဟာမိုးကောင်းကင်ဂိုဏ်းဟာ လောကရဲ့ နံပါတ် (၁) ဂိုဏ်း မဖြစ်သေးပါဘူး။ အဲဒီတုန်းက မိစ္ဆာနတ်ဆိုးနှိမ်နင်းရေးစစ်ပွဲမှာ မဟာမိုးကောင်းကင်ဂိုဏ်းက အစွမ်းထက်တန်ခိုးရှင်တွေ အများကြီး မပါဝင်ခဲ့တာကြောင့် အခုအချိန်မှာ ကောင်းကင်ယံမှာ ဝိညာဉ်တော် အမွေအနှစ်တွေ အများကြီးရှိနေပေမဲ့ မဟာမိုးကောင်းကင်ဂိုဏ်းနဲ့ သက်ဆိုင်တဲ့ ဝိညာဉ်တော် တစ်ပါးမှ မရှိနေပါဘူး။
ဘိုးဘေးအင်မော်တယ် မြို့တော် ဘိုးဘေးကြီးရဲ့ ကြောက်မက်ဖွယ်ရာ ရွှေရောင် ဝိညာဉ်တော် အလင်းတန်းကြီးကို ကြည့်ပြီး ဂူမင်ချောင် တစ်ယောက် မှင်သက် အံ့ဩနေခဲ့ပါတယ်။
(ဒီအမွေအနှစ်တွေ ရပြီးသွားရင် ဘိုးဘေးအင်မော်တယ် မြို့တော်က ငါ့ရဲ့ မဟာမိုးကောင်းကင်ဂိုဏ်းကို ကျော်တက်သွားတော့မှာ မဟုတ်လား။)
ချူရှင်းဟီလည်း ဒီအချိန်မှာ မျက်လုံးပြူးကျယ်နေပါပြီ။
"ဒီသာယာဝပြောတဲ့ ခေတ်ကြီးဟာ အဘိုးတို့ မျှော်လင့်ခဲ့တဲ့အတိုင်းပါပဲ" ဆိုတဲ့ စကားက အရှိန်တက်နေတဲ့ အခြေအနေကြောင့် သူ ပြောလိုက်ရုံ သက်သက်ပါ။ ဒါပေမဲ့ အဲဒီစကားတစ်ခွန်းက ဒီလောက်အထိ ဒုက္ခပေးမယ့် ဝိညာဉ်တော်တွေကို ခေါ်ထုတ်လာလိမ့်မယ်လို့ သူ လုံးဝ မထင်ထားခဲ့ပါဘူး။
ချူရှင်းဟီကတော့ ဝိညာဉ်တော်တွေ အများကြီး ပေါ်လာရင် တစ်ခုခု ထူးထူးဆန်းဆန်း ဖြစ်လာမှာကို အစကတည်းက စိုးရိမ်နေတာပါ။
အခု တကယ်ပဲ ထူးဆန်းတာ ဖြစ်လာပါပြီ။ ဝိညာဉ်တော်တွေ အားလုံးက အမွေအနှစ်တွေ ပေးနေကြပေမဲ့ အဲဒီထဲမှာ ငါတို့ မဟာမိုးကောင်းကင်ဂိုဏ်းက ဝိညာဉ်တော် တစ်ပါးမှ မပါတာပါပဲ...။
ဒီတစ်ကြိမ်မှာတော့ လောကရဲ့ မဟာဂိုဏ်းကြီးတွေ အားလုံးဟာ အမွေအနှစ်တွေ ရလိုက်ကြတဲ့အပြင် ဝိညာဉ်ကီစွမ်းအင် ပြန်လည်နိုးထလာမှုကြောင့် အကြီးအကျယ် အကျိုးအမြတ် ရသွားကြပါတယ်။
ငါ့ရဲ့ မဟာမိုးကောင်းကင်ဂိုဏ်းက ဝိညာဉ်ကီစွမ်းအင် နိုးထလာမှုကို ခံစားရမှာ မှန်ပေမဲ့ အမွေအနှစ် တစ်ခုမှ မရလိုက်တာကတော့ ကြီးမားတဲ့ ဆုံးရှုံးမှုကြီး မဟုတ်ပါလား။
ချူရှင်းဟီက ဂိုဏ်းအတွက် ဆုံးရှုံးသွားပြီလားလို့ တွေးတောနေချိန်မှာပဲ ကြောက်မက်ဖွယ်ရာ ရွှေရောင် အလင်းတန်းကြီးတစ်ခုဟာ ကောင်းကင်ကနေ ရုတ်တရက် ဆင်းသက်လာပါတော့တယ်။ အဲဒီအလင်းတန်း ကျရောက်လာတဲ့ နေရာကတော့...
ချူရှင်းဟီ ရပ်နေတဲ့ ပူဇော်ခံစင်မြင့်ရဲ့ အလယ်ဗဟိုတည့်တည့်ပါပဲ...။
***