လူတိုင်းသည် မိမိတို့၏ မသေမျိုးလှေများအပေါ် ထိန်းချုပ်နိုင်စွမ်း ပြန်လည်ရရှိလာသည်ကို ခံစားလိုက်ရသည်။
အနှစ် ၃၀ လွတ်လပ်စွာ သွားလာခွင့်ဆိုသည်မှာ လီရှမ်းဇီတို့က လူတိုင်းကို ထိုအနှစ် ၃၀ အတွင်း မိမိတို့ဘာသာ ရိတ်သိမ်းမှုများ ပြုလုပ်နိုင်ရန် အချိန်ပေးလိုက်ခြင်းပင် ဖြစ်သည်။
အနှစ် ၃၀ ပြည့်လျှင်မူ လီရှမ်းဇီတို့နှင့်အတူ ဤနေရာမှ ပြန်လည်ထွက်ခွာကြရပေမည်။
နောက်တစ်ကြိမ် ပြန်လာဖို့ဆိုသည်မှာ... လုံးဝမဖြစ်နိုင်သလောက်ပင်။
အမာခံတပည့်များမှလွဲ၍ သာမန်ကျင့်ကြံသူများ၏ မသေမျိုးလှေများသည် ဤမျှဝေးကွာလှသော အရပ်ဒေသသို့ ကိုယ်ပိုင်အစွမ်းဖြင့် ခရီးနှင်နိုင်စွမ်း မရှိကြချေ။
“မင်းတို့ ဒီတစ်ခါ ကံကောင်းကြတာပဲ”
လူတိုင်း၏ ရှေ့မှ ဟင်းလင်းပြင်သည် တုန်ခါသွားပြီးနောက် လင်းတုန်းသည် ဝမ်ရွှမ်၊ ရွှီချန့် နှင့် အခြားတပည့်သုံးဦးကို ခေါ်ဆောင်၍ ဖန့်ချန်၏ မသေမျိုးလှေပေါ်သို့ ရောက်ရှိလာသည်။
သူက ပြုံးရွှင်စွာဖြင့် ဆိုသည်
“ပထမဆုံးအကြိမ် အပြင်ထွက် စူးစမ်းတာမှာတင် တားမြစ်နယ်မြေ လုပွဲနဲ့ တိုးတာပဲ။ ငါတို့ ကျွယ်မင်နန်းတော်ကလည်း အနိုင်ရရှိသွားပြီး အနည်းဆုံး အနှစ်တစ်ရာ ပိုင်ဆိုင်ခွင့် ရလိုက်တယ်။ အဲဒီအထဲက အနှစ် ၃၀ က မင်းတို့အတွက် ကံထူးမှု ပဲ။ ဒီအနှစ် ၃၀ ကို အလဟဿ မဖြစ်စေနဲ့ဦး၊ ဒီလိုအခွင့်အရေးမျိုးက ဘယ်နေရာမှာပဲဖြစ်ဖြစ် လူတိုင်း မနာလိုဖြစ်လောက်တဲ့ အရာမျိုးပဲ”
“ညီငယ်လေးရဲ့ ကံက တကယ်ကောင်းတာပဲ။ ငါက ကျွယ်မင်ကျင့်ကြံသူ ဖြစ်တာ ညီငယ်လေးထက် စောပေမဲ့ တားမြစ်နယ်မြေ လုပွဲနဲ့ တိုးတာကတော့ ဒါ ပထမဆုံးအကြိမ်ပဲ”
ဝမ်ရွှမ်က ရယ်မောရင်း
“ငါတို့တွေ အတူတူ စူးစမ်းကြမလား ရသမျှကိုလည်း အညီအမျှ ခွဲယူကြတာပေါ့”
စကားအဆုံးတွင် သူက လင်းတုန်းကို တစ်ချက်ကြည့်လိုက်ကာ
“ဒါပေမဲ့ ဆရာ့ကို ဦးဆောင်သူအဖြစ် ထားရှိရမယ့် အခြေခံနဲ့ပေါ့လေ”
“အဲ... ကျမကတော့ တစ်ကိုယ်တော်ပဲ စူးစမ်းဖို့ ရည်ရွယ်ထားတယ်”
ကြာနီနတ်မိမယ်ငယ်က ရုတ်တရက် ကြားဖြတ်ပြောလိုက်သည်။
ထို့နောက် သူမက ဖန့်ချန်ကို တစ်ချက်ကြည့်ကာ
“ဖန့်မိတ်ဆွေ... ကျမနဲ့အတူ လိုက်မလား ”
“ဆရာ... ကျနော် ကြာနီမိတ်ဆွေနဲ့အတူ ဒီနယ်မြေထဲမှာ လှည့်ပတ်ကြည့်ဖို့ ရည်ရွယ်ထားပါတယ်”
ဖန့်ချန်က လင်းတုန်းကို ကြည့်ကာ လက်အုပ်ချီ၍ ဆိုလိုက်သည်။
လင်းတုန်းက သူတို့နှစ်ဦးကို တစ်ချက်ဝေ့ကြည့်လိုက်သည်။
တစ်စုံတစ်ခုကို နားလည်သွားဟန်ဖြင့် ပြုံးလျက်
“ကောင်းပြီလေ”
သူသည် အပိုစကားများ မပြောတော့ဘဲ ဝမ်ရွှမ်တို့ကို ခေါ်ဆောင်ကာ လှည့်ထွက်သွားတော့သည်။
ထိုအခြေအနေကြောင့် လင်းယွမ်မှာ စကားပြောချင်သော်လည်း ပြန်မျိုချလိုက်ရသည်။
တကယ်တမ်းတွင် သူသည် အင်အားကြီးသူများနောက်မှ လိုက်ပါလိုခြင်းဖြစ်သည်။
အားကိုးရာရှိခြင်းက တစ်ကိုယ်တော် စူးစမ်းခြင်းထက် ပို၍ ဘေးကင်းသည်မဟုတ်ပါလား။
သို့သော် လင်းတုန်း လာရောက်နှုတ်ဆက်ခြင်းမှာ သူတို့၏ ခေါင်းဆောင်ကြောင့်သာဖြစ်ပြီး သူတို့ကဲ့သို့သော လူများကို ခေါ်ဆောင်ရန် ရည်ရွယ်ချက်မရှိသည်ကို သူ ရိပ်မိလိုက်သည်။
“ခေါင်းဆောင်... ခင်ဗျားတို့ တကယ်ပဲ နှစ်ယောက်တည်း သွားကြမှာလား ကျုပ်တို့ကို မခေါ်တော့ဘူးလား ”
လင်းယွမ်က ဖန့်ချန်ကို လှမ်းကြည့်မေးမြန်းသည်။
“မင်းတို့ အရမ်းဝေးဝေးမသွားကြနဲ့။ အားလုံး စုပြုံပြီး သွားနေရင် အခွင့်အရေးတွေ အများကြီး လွတ်သွားလိမ့်မယ်။ ခွဲပြီးသွားတာကမှ ပိုတွက်ခြေကိုက်မယ်”
ဖန့်ချန်က ဆိုသည်။
“ဒါဆိုလည်း ပြီးတာပါပဲ...”
လင်းယွမ်က သက်ပြင်းအသာချလိုက်သည်။
ထို့နောက် ဘေးပတ်ဝန်းကျင်မှ ကျင့်ကြံသူများ စတင်လှုပ်ရှားနေကြသည်ကို မြင်သောအခါ သူ ချက်ချင်း စိတ်အားတက်ကြွလာပြီး
“ဒါဆို မဆိုင်းမတွဘဲ ကျုပ်တို့လည်း အရင်ထွက်နှင့်တော့မယ်။ နောက်ဆုံးကျမှ ဒီနေရာမှာ ပြန်ဆုံကြတာပေါ့”
ဤတစ်ကြိမ်တွင် ကျွယ်မင်ကျင့်ကြံသူ သန်းနှင့်ချီ၍ ထိုနေရာ၌ စူးစမ်းနေကြသည်။
ထိုအထဲတွင် တက်လှမ်းခြင်းအဆင့် ၊ အဆင့် ၁ မသေမျိုး မှ အဆင့် ၅ မသေမျိုး အထိ အစွမ်းထက်သူများလည်း ပါဝင်နေသည်။
သူတို့ကဲ့သို့ ဘေးဒုက္ခဖြတ်ကျော်ခြင်း အဆင့်များမှာ နှေးကွေးနေပါက ဟင်းရည်ကျန်လေးတောင် သောက်ရတော့မည် မဟုတ်ချေ။
မကြာမီမှာပင် ယွီဝူရှီး၊ လင်းယွမ် နှင့် မုံချင့်လင် တို့ သုံးဦးသည် လမ်းခွဲ၍ ထွက်ခွာသွားကြတော့သည်။
“ကြာနီမိတ်ဆွေ... ငါ ခဏလောက် အသက်ရှူနှုန်း ထိန်းညှိဦးမယ်၊ ခဏလောက် စောင့်ပေးပါဦး”
“ရှင့်အတွက် ကျမ အစောင့်အရှောက် လုပ်ပေးမယ်”
ကြာနီနတ်မိမယ်ငယ်က ခပ်အေးအေး ခေါင်းညိတ်ပြသည်။
ထိုအချိန်တွင် လီရှမ်းဇီ အပါအဝင် ကျွယ်မင်နန်းတော်၏ အမာခံတပည့်များသည် တစ်နေရာတည်း၌ စုဝေးနေကြသည်။
ဒီတစ်ကြိမ်တွင် ကျွယ်မင်နန်းတော်မှ အမာခံတပည့် ရာနှင့်ချီ၍ ရောက်ရှိလာကြရာ ကျိရှန့် မှာမူ ကျင့်ကြံမှုအဆင့် အလွန်နိမ့်ပါးပြီး ဝင်ရောက်လာသည်မှာ မကြာသေးသဖြင့် အလွန်ပင် သတိမမူမိလောက်အောင် ဖြစ်နေသည်။
သူ့ဘေးရှိ ကျိထျန်းကျွင်းသည် ကြာနီနတ်မိမယ်ငယ်ရှိရာဘက်သို့ ခဏခဏ ခိုးကြည့်နေသည်။
သူမက ဖန့်ချန်အတွက် အစောင့်အရှောက် လုပ်ပေးနေသည်ကို မြင်သောအခါ သူ၏ မျက်ဝန်းနက်ရှိုင်းသော နေရာတွင် မနှစ်မြို့သည့် အရိပ်အယောင်များ ပေါ်လာသည်။
ဖန့်ချန်၏ အာရုံစိုက်မှုမှာမူ အလယ်ဗဟိုရှိ ပုဂ္ဂိုလ်အချို့ဆီသို့ ရောက်ရှိနေသည်။
နန်မင်ရုယွဲ့ နှင့် လီရှမ်းဇီ တို့ကိုမူ သူ ရင်းနှီးပြီးသားဖြစ်သည်။
လီရှမ်းဇီ၏ ဆန့်ကျင်ဘက်တွင် အမျိုးသမီးကျင့်ကြံသူတစ်ဦး ရပ်နေသည်။
သူမ၏ ကျင့်ကြံမှုမှာ လီရှမ်းဇီနှင့် တန်းတူ အဆင့် ၄ မသေမျိုး ဖြစ်သည်။
သူမသည်လည်း အစီရင်မသေမျိုးအတတ်ကို သုံးနိုင်သည့် လေးဦးအနက် တစ်ဦးဖြစ်သည်။
ထိုအမျိုးသမီး၏ ဘေးတွင်မူ နောက်ထပ် အမျိုးသမီးကျင့်ကြံသူတစ်ဦး ရှိနေသေးသည်။
သူမသည်သာ ယခုရောက်ရှိနေသော အမာခံတပည့် ရာပေါင်းများစွာ၏ ခေါင်းဆောင်ဖြစ်သည်။
သူမ၏ ကျင့်ကြံမှုမှာ တိုင်းတာ၍ မရနိုင်လောက်အောင် နက်ရှိုင်းလှပြီး ရှေးဟောင်းမသေမျိုးအဆင့်သို့ ခြေစုံပစ် ဝင်နေပြီဖြစ်သည်။
အဆင့် ၇ လား၊ အဆင့် ၈ လား ဆိုသည်ကိုမူ ဖန့်ချန် မခွဲခြားနိုင်သေးချေ။
နန်မင်ရုယွဲ့ အပါအဝင် အမာခံတပည့်အားလုံးသည် ထိုအမျိုးသမီးကို ရင်ဆိုင်ရာတွင် အလွန်ပင် ရိုသေကိုင်းညွတ်ကြသည်။
၎င်းမှာ ရွယ်တူချင်းကို ဆက်ဆံနေခြင်းမျိုး မဟုတ်ဘဲ လူကြီးသူမတစ်ဦးကို ဆက်ဆံနေသကဲ့သို့ပင် ဖြစ်သည်။
“ငါတို့ ဒီတစ်ခါ နံပါတ် (၁၅၇) မြောက် ရှေးဟောင်းတားမြစ်နယ်မြေရဲ့ ပိုင်ဆိုင်ခွင့်ကို ရလိုက်ပြီ။ ဒါပေမဲ့ အချိန်က အနှစ်တစ်ရာပဲ ရှိတယ်။ အနှစ်တစ်ရာ ပြည့်ရင် နောက်ထပ် လုပွဲတစ်ခုကို ထပ်ပြီး ရင်ဆိုင်ရဦးမယ်။ အဲဒီတစ်ကြိမ်မှာသာ ထပ်နိုင်ရင်တော့ ပိုင်ဆိုင်ခွင့်က အနှစ်တစ်ထောင်အထိ ဖြစ်သွားလိမ့်မယ်။ အခု နိုင်လိုက်ပေမဲ့ အနှစ်တစ်ရာဆိုတာ မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားမှာပဲ၊ အနှစ်တစ်ထောင်တောင်မှ သိပ်မကြာလှဘူး။ အဓိကကတော့ တတိယအကြိမ် တိုက်ပွဲပဲ။ တတိယအကြိမ်မှာ နိုင်မှ အနှစ်တစ်သောင်းအထိ ပိုင်ဆိုင်ခွင့် ရမှာ”
အမျိုးသမီးက အေးစက်တည်ငြိမ်စွာ ဆိုသည်။
လူတိုင်းက အသေအချာ နားထောင်နေကြသည်။
ဖန့်ချန်လည်း နားထောင်နေသော်လည်း ဤအချက်အလက်များကို စိတ်မဝင်စားချေ။
သူ သိလိုသည်မှာ ထူခြားသူ များ၏ သတင်း သို့မဟုတ် အစီရင်ဗဟိုချက် ၏ သတင်းသာဖြစ်သည်။
ကြာနီနတ်မိမယ်ငယ်က တစ်ကိုယ်တော် စူးစမ်းလိုခြင်းမှာ ထိုနေရာ၏ တစ်နေရာရာတွင် အစီရင်ဗဟိုချက် ကို ရရှိနိုင်ကြောင်း သိထား၍ ဖြစ်ဖို့ အလားအလာ အလွန်များသည်။
“အစ်မကြီး... ဒီတစ်ခါ တိုက်ပွဲက အရမ်းကမန်းကတန်း ဖြစ်သွားလို့ပါ။ နောက်တစ်ကြိမ် လုပွဲကျရင် တခြား အစ်ကိုကြီး၊ အစ်မကြီးတွေလည်း ရောက်လာကြမှာဆိုတော့ ကာကွယ်ဖို့က ပြဿနာရှိမှာ မဟုတ်ပါဘူး”
နန်မင်ရုယွဲ့က ရိုသေစွာ ဆိုသည်။
အမျိုးသမီးက သူ့ကို တစ်ချက်ကြည့်ကာ ခေါင်းညိတ်ပြသည်
“သူတို့ ရောက်လာနိုင်ရင်တော့ ကာကွယ်ဖို့ ပြဿနာမရှိဘူး။ ဒါပေမဲ့ သူတို့ မလာနိုင်ရင် ငါလည်း ဒီမှာ အကြာကြီး စောင့်ရှောက်ပေးနိုင်မှာ မဟုတ်ဘူး”
“မလာနိုင်ဘူး ဟုတ်လား ဘာလို့လဲ ”
တစ်ယောက်က အံ့အားသင့်စွာ မေးလိုက်သည်။
“တခြား ရှေးဟောင်းတားမြစ်နယ်မြေ အချို့ရဲ့ သက်တမ်းကလည်း ပြည့်တော့မယ်၊ သူတို့က အဲဒီဘက်က လုပွဲတွေကို တာဝန်ယူရမယ်။ ဒါကြောင့် မင်းတို့ထဲမှာ အစီရင်မသေမျိုးအတတ်ကို နားလည်တဲ့သူ ပိုပြီး များလာဖို့ လိုအပ်တယ်။ ဒီတစ်ခါ လီမောင်လေး လုပ်ပြနိုင်တာ တော်တော်လေး ကောင်းတယ်”
အမျိုးသမီးက ဆိုသည်။
လီရှမ်းဇီက နှိမ့်ချသော အပြုံးဖြင့် ပြုံးပြလိုက်သည်။
လူတိုင်းက သူ့ကို ဝိုင်း၍ ဂုဏ်ပြုကြသလို မနာလိုသော မျက်လုံးများဖြင့်လည်း ကြည့်နေကြသည်။
“အနှစ်တစ်ရာနောက်ပိုင်း တိုက်ပွဲအတွက် ငါ စီစဉ်လိုက်မယ်။ ပိုင်ဆိုင်ခွင့်က သတ်မှတ်ပြီးသားဆိုတော့ စည်းမျဉ်းအတိုင်း သွားရုံပဲ၊ ဒါကတော့ တိုက်ပွဲ သုံးပွဲပေါ့။ ဒီသုံးပွဲမှာ ငါ ပါဝင်ဖို့ အချိန်မရှိဘူး၊ ဒါကြောင့် နန်မင်ရုယွဲ့၊ လီရှမ်းဇီ၊ လီယွီကျိန်း တို့ သုံးယောက်ကပဲ တိုက်ရမယ်။ လီမောင်လေး အစီရင်မသေမျိုးအတတ်ကို နားလည်သွားတာ ကံကောင်းလို့ပဲ၊ မဟုတ်ရင် ငါ လူအင်အား ထပ်ပြီး ရှာနေရဦးမယ်... လူအင်အားက တကယ့်ကို ပြဿနာကြီးပဲ”
လူတိုင်းတွင် ကန့်ကွက်စရာ မရှိချေ။
ထိုနေရာတွင် ဤသုံးဦးနှင့် အစ်မကြီးသာလျှင် အစီရင်မသေမျိုးအတတ်ကို သုံးနိုင်ကြခြင်းဖြစ်သည်။
အစ်မကြီးမှာ စောင့်ရှောက်ရန် အချိန်မရှိသဖြင့် ထိုသုံးဦးကသာ တာဝန်ယူရမည် ဖြစ်သည်။
“ဆုလာဘ်ပိုင်းကတော့ အရင်အတိုင်းပဲ။ မင်းတို့ နိုင်ရင် နောက်ထပ် အဆင့် အတွက် လိုအပ်တဲ့ နတ်ဆေးပင်ကို ကျွယ်မင်နန်းတော်က တာဝန်ယူမယ်။ တကယ်လို့ မင်းတို့ ရှုံးရင်တော့ အစီရင်ဗဟိုချက်ကို ပြန်အပ်ရမယ်၊ ပြီးတော့ အမာခံတပည့်အဖြစ်ကနေ ရပ်စဲခံရမယ်။ ဘယ်သူ့မှာ ကန့်ကွက်စရာ ရှိသေးလဲ ”
အမျိုးသမီးက မေးလိုက်သည်။
ဖန့်ချန် အနည်းငယ် အံ့အားသင့်သွားသည်။
ရှုံးနိမ့်ခြင်းအတွက် ပြစ်ဒဏ်က ဤမျှ ပြင်းထန်သလော သို့သော် သူ့ကို ပို၍ အံ့အားသင့်စေသည်မှာ နန်မင်ရုယွဲ့တို့ သုံးဦးစလုံးမှာ ကန့်ကွက်ခြင်း မရှိကြချေ။
သူတို့၏ မျက်ဝန်းထဲတွင် လေးနက်မှုများ ရှိနေသော်လည်း ငြင်းပယ်လိုသည့် အရိပ်အယောင် လုံးဝမရှိချေ။
ကျွယ်မင်နန်းတော်က ငါထင်ထားတာထက် ပိုပြီး စည်းလုံးနေတာပဲ ဖန့်ချန် စိတ်ထဲမှ မှတ်ချက်ချလိုက်သည်။
ဖြစ်နိုင်သည်မှာ ထိုကဲ့သို့ ပြင်းထန်သော စည်းမျဉ်းများ ရှိမှသာ ဤအမာခံတပည့်များမှာ ပို၍ အစွမ်းထက်လာမည်ဖြစ်ပြီး၊ လာဘ်ထိုးခံရခြင်း သို့မဟုတ် တမင်သက်သက် အရှုံးပေးခြင်းမျိုးကိုလည်း တားဆီးနိုင်မည်ဖြစ်သည်။
ရှေးဟောင်းတားမြစ်နယ်မြေတစ်ခု၏ ဗဟိုချက်မသည် မည်မျှ တန်ဖိုးရှိသနည်းဆိုသည်မှာ စဉ်းစားကြည့်ရုံဖြင့် သိနိုင်ပေသည်။
“ဒုတိယကိစ္စ... မင်းတို့လည်း ကြားဖူးကြမှာပါ။ ဒီနယ်မြေထဲမှာ ထူးခြားသူ အချို့ ပေါ်ထွက်လာတယ်လို့ သိရတယ်။ အဲဒီထဲက တစ်ယောက်ကတော့ အရင်တုန်းက လူသိနည်းတဲ့ တောက်ပသော လောကမသေမျိုးလမ်းစဉ် ကို လျှောက်လှမ်းခဲ့သူပဲ။ တကယ်လို့ သူတို့ကို ရှာတွေ့ရင် အဲဒီမသေမျိုးလမ်းစဉ်ကို ရရှိဖို့ အခွင့်အရေး ရှိတယ်။ ကျွယ်မင်နန်းတော်မှာ အဆင့် ၅ ကနေ အဆင့် ၇ အထိ လမ်းစဉ်အချက်အလက်တွေ ရှိပြီးသားဆိုတော့၊ အခု အဆင့် ၄ လမ်းစဉ်အချက်အလက်ကိုသာ ရလိုက်ရင် ဒီမသေမျိုးလမ်းစဉ်ကို အပြည့်အစုံ ဖြည့်စွက်နိုင်တော့မယ်”
အမျိုးသမီးက အေးစက်စွာ ဆိုသည်
“သွားကြတော့၊ သူတို့သာ ဝူရှန့်ငရဲပေါ်မှာ ရှိနေရင် သူတို့ကို ရှာထုတ်ကြ”
“ဟုတ်ကဲ့ပါ ”
လူတိုင်း တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် နဂါးနက်လှေများကို ခြယ်လှယ်၍ အရပ်မျက်နှာအသီးသီးသို့ ပျံသန်းထွက်ခွာသွားကြတော့သည်။
ထို့နောက်တွင်... အမျိုးသမီးသည် ဖန့်ချန် ရှိရာဘက်သို့ လှည့်ကြည့်လိုက်ကာ
“နင် ဘယ်အချိန်ထိ ချောင်းကြည့်နေဖို့ ရည်ရွယ်ထားတာလဲ ”
***