ထိုသို့ ကြေးညိုတံဆိပ်ပြားများ ချိတ်ဆွဲထားသူများသည် ယွီထျန်းကော် စည်းရုံးသိမ်းသွင်းထားသည့် မဟာမိတ်အဖွဲ့ငယ်၏ အဖွဲ့ဝင်များပင် ဖြစ်ကြသည်။
သူတို့ ဤမျှအမြန် ရောက်ရှိလာခြင်းမှာ ခုနကတင် အနီးအနားတွင် ရှိနေကြခြင်းဖြစ်ပြီး ယွီထျန်းကော်နှင့်အတူ ထိုနေရာကို ပူးပေါင်းစူးစမ်းနေကြခြင်း ဖြစ်ဟန်တူသည်။
ကြေးညိုတံဆိပ်ပြားပိုင်ရှင် ဘေးဒုက္ခဖြတ်ကျော်ခြင်းအဆင့် ကျင့်ကြံသူ ခုနစ်ယောက်၊ ရှစ်ယောက်ခန့်၏ ဝိုင်းရံခြင်းကို ခံလိုက်ရသဖြင့် ထိုတက်လှမ်းခြင်းအဆင့် ကျင့်ကြံသူ၏ မျက်နှာထားမှာ ချက်ချင်းပင် အနည်းငယ် ပျက်ယွင်းသွားတော့သည်။
သူသည် ဘေးဒုက္ခဖြတ်ကျော်ခြင်းအဆင့်ကို မကြောက်ပေ။
တက်လှမ်းခြင်းအဆင့်၏ နည်းဗျူဟာများဖြင့်ဆိုလျှင် ဘေးဒုက္ခဖြတ်ကျော်ခြင်းအဆင့်ကို ကိုင်တွယ်ရန်မှာ အလွန်လွယ်ကူလှသည်။
မိမိ၏ ကျင့်ကြံမှုအဆင့်ဖြင့် တိုက်ရိုက်ဖိနှိပ်လိုက်ရုံသာ ဖြစ်သည်။
သို့သော် ထိုဘေးဒုက္ခဖြတ်ကျော်ခြင်းအဆင့်များမှာ ကြေးညိုတံဆိပ်ပြား ပိုင်ရှင်များဖြစ်နေခြင်းက အဓိကအချက်ပင်။
သူတို့ထဲမှ တစ်ဦးချင်းစီ၏ နောက်ခံအသိုင်းအဝိုင်းမှာ မရိုးရှင်းလှချေ။
တစ်ယောက်တည်းကို ရန်စမိလျှင် ကိစ္စမရှိသော်လည်း၊ အများအပြားကို ရန်စမိပါက သူကိုယ်တိုင်လည်း မဝံ့မရဲ ဖြစ်လာရသည်။
“အားလုံးက ကြေးညိုတံဆိပ်ပြားပိုင်ရှင် ပါရမီရှင်တွေပဲဟ၊ အဲဒီအပြင် ငွေဖြူတံဆိပ်ပြား တစ်ယောက်လည်း ပါသေးတယ်။ သူတို့အားလုံး ပူးပေါင်းလိုက်ရင် တက်လှမ်းခြင်းအဆင့်နဲ့ ထိပ်တိုက်တွေ့ဖို့လည်း မဖြစ်နိုင်တာ မဟုတ်ဘူး ”
“ငါ့အမြင်တော့ အမှားဝန်ခံလိုက်တာ ပိုကောင်းမယ်၊ ဒါဟာ အထင်အမြင်မှားတာပါဆိုပြီး ဖြေရှင်းလိုက်ရင် ပြီးတာပဲ ”
“အင်း... အရှက်သိက္ခာ အနည်းအကျဉ်းကတော့ အရေးမကြီးပါဘူး ”
အနီးအနားမှ တိုးတိုးတိတ်တိတ် ပြောဆိုသံများ ထွက်ပေါ်လာသည်။
ထိုစကားများကို ကြားသောအခါ ချန်မင်ရှုံ အမည်ရှိ တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူ၏ မျက်နှာမှာ ပို၍ပင် ကြည့်မကောင်း ဖြစ်လာသည်။
အမှားဝန်ခံရမည်လား တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူတစ်ဦးက ထိုနောက်ပေါက်လေးတွေကို အမှားဝန်ခံရမည်ဟုလား
သူသည်လည်း ကျွယ်မင်နန်းတော်၏ အပြင်စည်းကျင့်ကြံသူတစ်ဦး ဖြစ်သည်။
ထိုစဉ်က အနည်းငယ်သာ လိုသွားခဲ့သဖြင့် ကြေးညိုတံဆိပ်ပြားကို မရရှိခဲ့ခြင်းဖြစ်သည်။
ယခုအခါ နှစ်ပေါင်းများစွာ လေ့ကျင့်တည်ဆောက်ထားပြီး ကောင်းကင်ပြာနယ်မြေ ကိုလည်း အကြိမ်ကြိမ် စူးစမ်းခဲ့ပြီးပြီ။
သူ၏ ဂုဏ်ထူးမှတ် လုံလောက်သည်နှင့် အဆင့် ၁ မသေမျိုးဆေးနှင့် လဲလှယ်ကာ မသေမျိုးဖြစ်လာတော့မည်။
သူက ထိုနောက်ပေါက်လေးတွေထက် ဘာနိမ့်ကျနေလို့လဲ
ယွီထျန်းကော်သည် ထိုတက်လှမ်းခြင်းအဆင့် ကျင့်ကြံသူကို ပြုံးလျက် ကြည့်နေသည်။
တစ်ဖက်လူ၏ မျက်နှာထား ပြောင်းလဲနေသည်ကို သူ အကုန်မြင်နေရပြီး စိတ်ထဲတွင်လည်း အခြေအနေကို တွက်ဆပြီးသားဖြစ်သည်။
“ထားလိုက်ပါတော့...”
စက္ကန့်အနည်းငယ် ကြာပြီးနောက် ချန်မင်ရှုံက လက်ယမ်းပြကာ
“ခုနကဟာက အထင်အမြင်မှားတာလေး တစ်ခုပါပဲ။ ကျုပ်က အမှတ် ၂၃၄ ရှေ့ပြေးကြယ်စုတန်းက ချန်မင်ရှုံပါ။ မိတ်ဆွေကို ဘယ်လိုခေါ်ရမလဲ ”
“အမှတ် ၄၃၁ ရှေ့ပြေးကြယ်စုတန်းက ယွီထျန်းကော်ပါ ”
“ဒီလူကတော့ အမှတ် ၄၃၂ ရှေ့ပြေးကြယ်စုတန်းက ဖန့်ချန် ”
ယွီထျန်းကော်က ခပ်အေးအေးပင် ပြောလိုက်သည်။
ချန်မင်ရှုံသည် သူတို့နှစ်ဦးကို အဓိပ္ပာယ်ပါပါ စိုက်ကြည့်လိုက်ပြီး ခေါင်းညိတ်ပြကာ
“ရေစက်ရှိရင် ပြန်တွေ့ကြတာပေါ့ ”
သူသည် သူ၏ ရှေ့ပြေးအဖွဲ့ဝင်များကို ခေါ်ဆောင်ကာ အလျင်အမြန် ထွက်ခွာသွားတော့သည်။
ဤနေရာတွင် ဆက်နေနေခြင်းမှာ အရှက်ရစရာဟု သူ ခံစားနေရသည်။
“ဖန့်မိတ်ဆွေ... ကျုပ်ကြည့်ရသလောက်တော့ ဒီလူက ဒီအတိုင်း ငြိမ်နေမှာ မဟုတ်ဘူး။ ကျုပ်တို့နဲ့အတူတူ လှုပ်ရှားမလား ”
ယွီထျန်းကော်က မေးလိုက်သည်။
ဖန့်ချန် စကားမပြောရသေးခင်မှာပင် ကြာနီနတ်မိမယ်ငယ်က ဦးအောင် ကြားဖြတ်ပြောလိုက်သည်
“ကျမနဲ့ ဖန့်မိတ်ဆွေက ကိုယ့်ဘာသာကိုယ်ပဲ လျှောက်ကြည့်ဖို့ စိတ်ကူးထားပါတယ် ”
“ဪ...”
ယွီထျန်းကော်က တစ်စုံတစ်ခုကို ရိပ်မိသွားဟန်ဖြင့် ပြုံးလျက် ခေါင်းညိတ်ပြလိုက်ပြီးနောက် မြေပြင်ပေါ်ရှိ သတ္တုကြောဆီသို့ အကြည့်ပို့လိုက်သည်။
“မိတ်ဆွေတို့... ခုနက ခင်ဗျားတို့ရဲ့ ရန်ငြိုးတွေမှာ ကျုပ်တို့ ဝင်မပါခဲ့ဘူး။ ဒါပေမဲ့ ဒီသတ္တုကြောကတော့...”
အခြေအနေကို ကြည့်နေသည့် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူတစ်ဦးက ရှေ့သို့ တစ်လှမ်းတိုးကာ ပြောလိုက်သည်။
“ညီတူညီမျှ ခွဲကြမယ် ”
ယွီထျန်းကော်က ဆိုသည်
“အခုချက်ချင်း တူးကြစို့။ အချိန်ကြာသွားရင် လူတွေ ပိုများလာလိမ့်မယ်၊ အဲဒီကျရင် လက်ထဲရောက်မယ့် ဝေစုက နည်းသွားလိမ့်မယ်။ အားလုံးကော ဘယ်လိုသဘောရလဲ ”
“ညီတူညီမျှ ခွဲမယ် ”
အားလုံးက ချက်ချင်းပင် သဘောတူလိုက်ကြသည်။
သတ္တုကြောက လက်ထဲရောက်သွားလျှင် နောက်မှ ရောက်လာသူများက ဘာမှလုပ်၍ မရတော့ချေ။
၎င်းမှာ ကျွယ်မင်နန်းတော်၏ စည်းကမ်းပင် ဖြစ်သည်။
အကယ်၍ သေးငယ်သော နေရာများတွင် ဖြစ်ပါက တစ်ယောက်နှင့်တစ်ယောက် လုယူကြပေလိမ့်မည်။
သို့သော် ယခုအခါ ကျွယ်မင်နန်းတော်၏ အမာခံတပည့် ရာဂဏန်းခန့် ဝူရှန့်ငရဲတွင် ရှိနေသဖြင့် မည်သူမျှ စည်းကမ်းကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ရဲမည် မဟုတ်ပေ။
ဖန့်ချန်နှင့် ကြာနီနတ်မိမယ်ငယ်တို့လည်း သတ္တုကြောတူးရာတွင် ကူညီပေးပြီး ဝေစုတစ်စုစီ ခွဲယူလိုက်ကြသည်။
“ဒီအဆင့်မြင့် ဝိညာဉ်ကျောက်ကို သွေးလိုက်ရင် အနည်းဆုံး အလုံး ၈၀၀ လောက်တော့ ရမယ်။ ဒီတစ်ခါ ရိတ်သိမ်းမှုက မဆိုးဘူးပဲ ”
လင်းယွမ်က အလွန်ဝမ်းသာနေသည်။
၇၀ ရာခိုင်နှုန်းကို အထက်သို့ အပ်နှံရမည်ဖြစ်သော်လည်း သူ့လက်ထဲတွင် အဆင့်မြင့် ဝိညာဉ်ကျောက် ၂၀၀ ကျော် ကျန်ရှိနေဦးမည်ဖြစ်သည်။
မသေမျိုး မဖြစ်သေးသော ကျင့်ကြံသူများအတွက်မူ ထိုအရာမှာ ဧရာမ ငွေပမာဏကြီး ဖြစ်ပြီး ကျင့်ကြံခြင်းအတွက် လုံလောက်လှသည်။
အားလုံး သတ္တုကြောကို ခွဲဝေပြီးချိန်မှာပင် ခုနက ချန်မင်ရှုံသည် နောက်တစ်ကြိမ် ပြန်လည်ရောက်ရှိလာသည်။
သို့သော် ဤတစ်ကြိမ်တွင် သူ၏ ဘေး၌ လူရိပ်ပေါင်း ဆယ်ဂဏန်းခန့် ပါဝင်လာပြီး ထိုအထဲတွင် ကြေးညိုတံဆိပ်ပြား ချိတ်ဆွဲထားသူ အများအပြား ပါဝင်နေသည်။
ထို့အပြင် ငွေဖြူတံဆိပ်ပြား ချိတ်ဆွဲထားသူ နှစ်ဦးပင် ပါသေးသည်။
သူတို့အားလုံးသည် ဘေးဒုက္ခဖြတ်ကျော်ခြင်း အဆင့်မြင့်ဆုံး ကျင့်ကြံသူ တစ်ဦးကို ဝိုင်းရံကာ လိုက်ပါလာကြခြင်း ဖြစ်သည်။
ထိုကျင့်ကြံသူ၏ ခါးတွင် ချိတ်ဆွဲထားသော တံဆိပ်ပြားမှာ ရွှေရောင်အလင်းတန်းများ ဖြာထွက်နေသဖြင့် ယွီထျန်းကော်တို့ အုပ်စု၏ မျက်နှာထားများ ချက်ချင်း ပြောင်းလဲသွားတော့သည်။
“ရွှေရောင်တံဆိပ်ပြား ဘယ်လို ပါရမီရှင်မျိုးလဲ ”
လင်းယွမ်က အသက်ရှူမှားသွားကာ ဖန့်ချန်တို့ဆီသို့ ကြောင်စီစီဖြင့် ကြည့်လိုက်သည်။
“အရင်တစ်သုတ်က ဖြစ်နိုင်သလို၊ အဲဒီအရင်က လူလည်း ဖြစ်နိုင်တယ် ”
မုံချင့်လင်၏ မျက်နှာမှာ တည်ကြည်လေးနက်သွားသည်။
“ဘာလို့ ရွှေရောင်တံဆိပ်ပြား ပိုင်ရှင် ရှိနေရတာလဲ... ဒီလိုမျိုး တည်ရှိမှုက... အမာခံတပည့် မဖြစ်သေးဘူးလား...”
“ဘယ်သူ သူ့အကြောင်း ကြားဖူးလဲ သူက ဘယ်သူလဲ ”
“အမှတ် ၈၇ ရှေ့ပြေးကြယ်စုတန်းက နန်မင်ရှောက်ကျဲ လို့ ထင်တယ်...”
“သူလား ဟုတ်တယ်... သူ ဖြစ်ရမယ်။ ဒီနှစ်တွေအတွင်းမှာ သူတစ်ယောက်ပဲ ရွှေရောင်တံဆိပ်ပြား ရခဲ့တာလို့ ကြားတယ်။ သူက အမာခံတပည့်အဖြစ် သတ်မှတ်ခံထားရပြီးသားလို့ သိရတယ်၊ တက်လှမ်းခြင်းအဆင့်ကို ရောက်တာနဲ့ ချက်ချင်း မသေမျိုးဆေး သုံးစွဲခွင့်ရမှာတဲ့...”
“ရှောက်ကျဲမိတ်ဆွေ... ဒီလူပါပဲ ”
ချန်မင်ရှုံက ယွီထျန်းကော်ကို ညွှန်ပြကာ နန်မင်ရှောက်ကျဲကို ရိုသေစွာ ပြောလိုက်သည်။
နန်မင်ရှောက်ကျဲသည် ယွီထျန်းကော်ကို ကြည့်လိုက်သည်။
ယွီထျန်းကော်၏ ခါးမှ ငွေဖြူတံဆိပ်ပြားကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူ၏ မျက်ဝန်းထဲတွင် လှောင်ပြောင်လိုသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။
သူသည် ထိုအပြုအမူကို ဖုံးကွယ်မထားချေ။
ယွီထျန်းကော်သည် ထိုနှိမ်ချသော အကြည့်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသဖြင့် ရုတ်တရက် အမည်မဖော်နိုင်သော ဒေါသတစ်ခု စိတ်ထဲတွင် ပေါက်ဖွားလာသည်။
အကယ်၍ ထိုအကြည့်က တခြားသူဆီကလာလျှင် သူ ဂရုစိုက်မည်မဟုတ်သော်လည်း၊ ဤလူ့ဆီက လာနေခြင်းကြောင့်ပင်
“ငါက ဘယ်သူလဲလို့၊ ချန်မိတ်ဆွေ ပြောနေတဲ့သူက မင်း ဖြစ်နေတာကိုး၊ ယွီထျန်းကော် ”
နန်မင်ရှောက်ကျဲက ပြုံးလျက် ဆိုသည်။
ချန်မင်ရှုံမှာ ကြောင်သွားပြီး ကျန်သူများလည်း အံ့အားသင့်သွားကြသည်။
ဤနှစ်ယောက်က သိနေကြတာလား
“ငါလည်း ဒီမှာ မင်း နဲ့ ဆုံမယ်လို့ မထင်ထားခဲ့ဘူး၊ ရှောက်ကျဲမိတ်ဆွေ ”
ယွီထျန်းကော်က စိတ်ထဲမှ ဒေါသကို ဖိနှိပ်ကာ ခပ်အေးအေးပင် ပြန်ပြောလိုက်သည်
“ဘာလဲ... မင်းက ဒီတက်လှမ်းခြင်းအဆင့်အတွက် ရှေ့က ထွက်ရပ်ပေးမလို့လား ”
“ရှေ့က ထွက်ရပ်ပေးတာ မဟုတ်ပါဘူး၊ တစ်ယောက်ယောက်က တံဆိပ်ပြားကို သုံးပြီး တခြားသူကို အရှက်ခွဲနေတယ်လို့ ကြားလို့ပါ။ ဘယ်သူကများ ဒီလိုလုပ်နေတာလဲလို့ ငါ စဉ်းစားနေတာ။ ကျင့်ကြံခြင်းလောကမှာ ဘယ်သူ့လက်သီးက ပိုကြီးလဲဆိုတာကပဲ အဓိကမဟုတ်လား"
"အကယ်၍ တံဆိပ်ပြားနဲ့ လူကို အရှက်ခွဲလို့ရတယ်ဆိုရင်၊ ငါ့ရဲ့ ဒီရွှေရောင်တံဆိပ်ပြားကကော မင်းကို အရှက်ခွဲလို့ ရမလား၊ ယွီထျန်းကော် ”
နန်မင်ရှောက်ကျဲသည် သူ၏ ရွှေရောင်တံဆိပ်ပြားကို မြှောက်ပြကာ ပြုံးလိုက်သည်။
ယွီထျန်းကော်၏ မျက်နှာထားမှာ အနည်းငယ် ပျက်ယွင်းသွားသည်။
ဘေးနားရှိ ကြေးညိုတံဆိပ်ပြား ပိုင်ရှင်များသည်လည်း တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး မျက်ဝန်းထဲတွင် စိုးရိမ်ရိပ်များ ပေါ်လာကြသည်။
ကိစ္စကတော့ ကိုင်တွယ်ရ ခက်သွားပြီထင်သည်။
တစ်ဖက်လူက ရွှေရောင်တံဆိပ်ပြားပိုင်ရှင် ပါရမီရှင်တစ်ဦးကို ခေါ်လာခဲ့သည်မဟုတ်ပါလား။
ဤကဲ့သို့သော တည်ရှိမှုမျိုးကို ဘယ်သူက လက်ဖျားနဲ့ ထိရဲမှာလဲ
ဒီနေ့ ရိုက်လိုက်လျှင်တောင်၊ မနက်ဖြန်တွင် ထိုသူက အမာခံတပည့် ဖြစ်သွားနိုင်သည်လေ။
“ပြောစမ်းပါဦး... မင်း ဘာလုပ်ချင်တာလဲ ”
ယွီထျန်းကော်က လေးလေးပင်ပင် မေးလိုက်သည်။
နန်မင်ရှောက်ကျဲက ယွီထျန်းကော်ကို ဂရုမစိုက်တော့ဘဲ ဖန့်ချန်တို့ဘက်သို့ လှည့်ကြည့်ကာ
“ဒီကိစ္စက မူလက မင်းတို့နဲ့ ပတ်သက်နေတာ၊ ဒါပေမဲ့ အခု ငါ မင်းတို့ကို အရင်ထွက်သွားခွင့်ပေးမယ်။ ငါနဲ့ ယွီထျန်းကော်ကြားက ကိစ္စကို ဝင်မပါနဲ့တော့။ ရှားပါးတဲ့ အခွင့်အရေးဆိုတော့ ဆုပ်ကိုင်တတ်ဖို့ လိုမယ်နော် ”
ယွီဝူရှီးတို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် အားလုံး၏ အကြည့်မှာ ဖန့်ချန်ပေါ်သို့ ကျရောက်သွားသည်။
နန်မင်ရှောက်ကျဲသည် ယွီထျန်းကော် အနီးရှိ ကြေးညိုတံဆိပ်ပြား ပိုင်ရှင်များကိုလည်း ကြည့်ကာ
“မင်းတို့လည်း သွားလို့ရပြီ ”
“ဒါကတော့...”
သူတို့သည် ခက်ခဲစွာဖြင့် အချင်းချင်း ကြည့်လိုက်ကြပြီး နောက်ဆုံးတွင် သက်ပြင်းချကာ ယွီထျန်းကော်ကို လက်အုပ်ချီ နှုတ်ဆက်ပြီး ထွက်ခွာသွားကြသည်။
သို့သော် ဝေးဝေးသို့တော့ မသွားကြချေ။
နန်မင်ရှောက်ကျဲ၏ နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးညွှတ်သွားသည်။
ယွီထျန်းကော်၏ မျက်နှာ ပို၍ ပျက်ယွင်းလာလေ၊ သူ၏ အပြုံးက ပို၍ တောက်ပလာလေပင်။
သည်အထိတော့
သူက ဖန့်ချန်ကို မျက်မှောင်ကြုတ်ကြည့်ကာ
“မင်း မသွားဘူးလား ”
“မင်းတို့ အရင်သွားနှင့်ကြ ”
ဖန့်ချန်က ကြာနီနတ်မိမယ်ငယ်တို့ဆီသို့ စိတ်ချင်းဆက်၍ ပြောလိုက်သည်။
“ခေါင်းဆောင်... ခေါင်းဆောင်က အခုမှ အဆင့်တက်ထားတာ... ကျင့်ကြံမှုက မတည်ငြိမ်သေးဘူးလေ...”
“...ကျမတို့ နားလည်ပါပြီ။ ခေါင်းဆောင်... ဂရုစိုက်ပါဦး ”
သူတို့အားလုံး လှည့်ထွက်သွားကြသော်လည်း အဝေးသို့တော့ မသွားကြချေ။
“ဖန့်မိတ်ဆွေ... မင်း ဒီမှာ နေနေစရာ မလိုပါဘူး။ မင်းက အခုမှ ဘေးဒုက္ခဖြတ်ကျော်ခြင်း အဆင့်နောက်ပိုင်းကို တက်လှမ်းထားတာဆိုတော့ ကျင့်ကြံမှုကို တည်ငြိမ်အောင်လုပ်ဖို့ အချိန်လိုသေးတယ် ”
ယွီထျန်းကော်က ဖန့်ချန်ကို ထွက်သွားရန် တိုက်တွန်းနေသော်လည်း၊ သူ၏ မျက်နှာထားမှာ ခုနကထက် ပို၍ ကြည့်ကောင်းလာပြီး မျက်ဝန်းထဲတွင်လည်း မသိမသာ ကျေးဇူးတင်သော အရိပ်အယောင်များ ပါဝင်နေသည်။
တစ်ဖက်လူက ထိုနေရာတွင် ကျန်ရစ်ပေးခဲ့သဖြင့် နန်မင်ရှောက်ကျဲ၏ ရှေ့တွင် သူ၏ အရှက်သိက္ခာများ အကုန်အစင် မပျက်စီးသွားခဲ့ခြင်းကြောင့်ပင် ဖြစ်သည်။
***