ယွင်ယင်းမြို့တွင် အစွမ်းထက်သည့် ပညာရှင်များစွာ ရှိကြပြီး ကျားနဂါးတို့နေထိုင်ရာ နေရာတစ်ခု ဖြစ်ပေသည်။
ထိုကဲ့သို့သော နေရာမျိုးတွင် ဝူချင်းဖူကဲ့သို့ မောက်မာရဲခြင်းမှာ သူ၏ နောက်ခံမိသားစုက အလွန်အင်အားကြီးမားပြီး သူကိုယ်တိုင်လည်း မိသားစု၏ အလိုလိုက်ခြင်းကို ခံရသူဖြစ်ကြောင်း သိသာလှပေသည်။
“အစ်ကိုရွှီ... ကျွန်တော့်ကြောင့် စိတ်ပျက်သွားရပြီ ထင်ပါတယ်” ဝေ့ပင်လင်က တောင်းပန်သည့် လေသံဖြင့် ဆိုလာသည်။
“ဒါက ဘာပြောစရာ ရှိလို့လဲ...” ရွှီနင်က လက်ဝှေ့ယမ်းပြပြီး ဘာမှ စိတ်ထဲမထားကြောင်း ပြလိုက်သည်။
ဝူချင်းဖူ၏ မောက်မာမှုက ရွှီနင်ကို တမင်တကာ ပစ်မှတ်ထားခြင်း မဟုတ်သဖြင့် ရွှီနင်လည်း မကျေမနပ် ဖြစ်မနေခဲ့ပေ။
သို့သော် ရွှီနင်က ဘာမှ မခံစားရသော်လည်း ဝေ့ပင်လင်မှာမူ အနည်းငယ် စိတ်မသက်မသာ ဖြစ်နေရှာသည်။
သူသည်လည်း ယွင်ယင်းမြို့ရှိ အဓိက မိသားစုကြီး ခြောက်ခုအနက် တစ်ခုမှ မျိုးဆက်ဖြစ်သော်လည်း ဝူချင်းဖူနှင့် ယှဉ်လျှင် ကွာခြားချက်က ကြီးမားလွန်းနေသည်။
မိသားစု အင်အားဖြစ်စေ၊ ကိုယ်ပိုင် သိုင်းပညာ အဆင့်ဖြစ်စေ ဝေ့ပင်လင်မှာ ဝူချင်းဖူကို မယှဉ်နိုင်ချေ။
‘ငါသာ အစ်ကိုရွှီရဲ့ ပါရမီ ဆယ်ပုံတစ်ပုံလောက် ရှိရင် ယွင်ယင်းမြို့မှာ ဒီလို အမည်မရှိ အညတရ ဖြစ်နေမှာ မဟုတ်ဘူး’ ဝေ့ပင်လင်က သက်ပြင်းချလိုက်မိသည်။
ထို့နောက် သူတို့ သုံးဦး တောင်ပေါ်သို့ ဆက်လက် တက်ခဲ့ကြသည်။
အထက်သို့ ရောက်လေလေ မေပယ်ပင်များက ပို၍ စိပ်လာလေဖြစ်ပြီး ပိုမို ဝေဆာလာလေသည်။
မေပယ်ရွက်များမှာ မီးလျှံပမာ နီရဲနေကြပြီး အလွန်ပင် လှပပေသည်။
“ဟင်...” ဝေ့ပင်လင်က ရုတ်တရက် အာမေဋိတ် သံပြုလိုက်သည်။
“ဘာဖြစ်လို့လဲ” ရွှီနင်နှင့် ဝေ့ဇစ်ချန်တို့က ဝေ့ပင်လင်ကို တစ်ပြိုင်နက် ကြည့်လိုက်ကြသည်။
ဝေ့ပင်လင်က ပြန်ဖြေလိုက်သည်။ “တောင်ပေါ်တက်တဲ့ လမ်းမှာ ဝူချင်းဖူ အပြင် ဂိုဏ်းက အသိ တချို့ကိုလည်း တွေ့လိုက်ရတယ်။ သူတို့ထဲမှာ အတွင်းစည်း တပည့်တွေနဲ့ တပည့်ရင်းတွေတောင် ပါသေးတယ်။ ဒါပေမဲ့ သူတို့က ဝူချင်းဖူလိုတော့ မဟုတ်ဘူး၊ အကုန်လုံးက လူမသိအောင် ခပ်အေးအေးပဲ သွားနေကြတာ”
“ဒီနေ့ တျန်ယွမ်တောင်မှာ ယွမ်ရှန်းဂိုဏ်းက တပည့်တွေ အစည်းအဝေး ရှိနေကြတာလား” ဝေ့ဇစ်ချန်က မေးလိုက်သည်။
သူမသည် ယွမ်ရှန်းဂိုဏ်းသို့ ဝင်ပြီး မကြာမီမှာပင် ကျိဖုန်းစီရင်စုသို့ ခေါ်ဆောင်ခြင်း ခံခဲ့ရသဖြင့် ဂိုဏ်းထဲရှိ တပည့်များစွာကို မမှတ်မိချေ။ အကယ်၍ ဝေ့ပင်လင် သတိပေးခြင်း မရှိပါက တောင်ပေါ်သို့ အလျင်အမြန် တက်သွားနေကြသည့် ယွမ်ရှန်းဂိုဏ်းမှ တပည့်များကို သူမ သတိထားမိလိမ့်မည် မဟုတ်ပေ။
“ဖြစ်နိုင်တာပဲ” ဝေ့ပင်လင် ခေါင်းညိတ်လိုက်သည်။
ထိုစကားကို ကြားသောအခါ ရွှီနင်လည်း စိတ်ဝင်စားသွားမိသည်။
ယွမ်ရှန်းဂိုဏ်းမှ ထူးချွန်သော တပည့်များ၏ ဂုဏ်သိက္ခာကို သူ တကယ် မြင်တွေ့လိုသည်။ နောက်ဆုံးတွင် ရွှီနင်ကိုယ်တိုင်လည်း သူတို့ထဲမှ တစ်ဦး ဖြစ်လာလုနီးပါး မဟုတ်ပါလား။
နောက်ထပ် တစ်နာရီခန့် ကုန်လွန်သွားသည်။
ရွှီနင်နှင့် အခြားနှစ်ဦးတို့သည် တောင်ထိပ်သို့ ဖြည်းညှင်းစွာ လျှောက်လှမ်းလာခဲ့ကြသည်။
“အစ်ကိုရွှီ... ကျွန်တော် ပြောခဲ့တဲ့ ဥယျာဉ်ကို မကြာခင် ရောက်တော့မယ်” ဝေ့ပင်လင်က လမ်းပြလိုက်သည်။
မကြာမီ တျန်ယွမ်တောင်ထိပ်ရှိ ကျောက်တုံး ခြံစည်းရိုး တစ်ခုက သူတို့ရှေ့တွင် ပေါ်လာသည်။
ကျောက်တုံး ခြံစည်းရိုး၏ အနောက်တွင် လှပပြီး ထူးဆန်းသော ပန်းများနှင့် သစ်ကိုင်းများ ရှိနေကြသည်။ ပန်းရနံ့များကို အဝေးကပင် စူးရှစွာ ရရှိနိုင်သည်။
အဝေးက ကြည့်ရုံနှင့်ပင် ဆောင်းဦးနှောင်းပိုင်း ဖြစ်နေပြီကို မေ့လျော့သွားစေကာ နွေဦးရာသီသို့ ရောက်သွားသကဲ့သို့ အသက်ဝင်လှပနေသော မြင်ကွင်းက စိတ်ကို ကြည်လင်စေပေသည်။
“တကယ့်ကို လှပတဲ့ မြင်ကွင်းပါပဲ” ရွှီနင်က ချီးကျူးလိုက်သည်။
သူတို့ သုံးဦးသည် ဥယျာဉ် တံခါးဝသို့ လျှောက်သွားပြီး ဝင်ရန် ပြင်လိုက်စဉ် ဝတ်စုံဆင်တူ ဝတ်ထားသည့် လူငယ်များကို တံခါးဝတွင် တွေ့လိုက်ရသည်။
“သူတို့က ယွမ်ရှန်းဂိုဏ်းရဲ့ အပြင်စည်း တပည့်တွေပဲ” ဝေ့ပင်လင်နှင့် ဝေ့ဇစ်ချန်တို့က ထိုသူများကို မှတ်မိလိုက်ကြသည်။
“ခင်ဗျားတို့ သုံးယောက်... ဒီနေ့ ဒီဥယျာဉ်ထဲမှာ ယွမ်ရှန်းဂိုဏ်းက တပည့်တွေ အစည်းအဝေး ရှိတယ်။ အကယ်၍ ခင်ဗျားတို့က ယွမ်ရှန်းဂိုဏ်းက တပည့် မဟုတ်ရင် ဒါမှမဟုတ် ဖိတ်စာ မပါရင် ဒီကနေ ထွက်သွားပေးပါ” ယွမ်ရှန်းဂိုဏ်းမှ အပြင်စည်း တပည့်တစ်ဦးက ရှေ့သို့ တိုးလာပြီး ပြောလိုက်သည်။
“ငါက ယွမ်ရှန်းဂိုဏ်းရဲ့ အတွင်းစည်း တပည့်ပဲ” ဝေ့ပင်လင်နှင့် ဝေ့ဇစ်ချန်တို့က သူတို့၏ ခါးချိတ် ပြားများကို ထုတ်ပြလိုက်ကြသည်။
“ဂိုဏ်းတူ အစ်ကိုကြီးနဲ့ အစ်မကြီးတို့ပါလား” ဝေ့ပင်လင်နှင့် ဝေ့ဇစ်ချန်တို့၏ အထောက်အထားကို အတည်ပြုပြီးနောက် အပြင်စည်း တပည့်က အလျင်အမြန်ပင် ဂါရဝပြုလိုက်သည်။
ဝေ့ပင်လင်နှင့် ဝေ့ဇစ်ချန်တို့မှာ သာမန်လူသား နယ်ပယ် သိုင်းသမားများသာ ဖြစ်ကြောင်း သူ အာရုံခံမိသည်။
သာမန်လူသား နယ်ပယ်မှာပင် အတွင်းစည်း တပည့်များ ဖြစ်နေကြသည်မှာ ယွင်ယင်းမြို့ရှိ မိသားစုကြီး ခြောက်ခုမှ ဖြစ်ကြောင်း ထင်ရှားလှပေသည်။
“သွားရအောင် အစ်ကိုရွှီ” ဝေ့ပင်လင်က ရွှီနင်ကို အရင်ဝင်ရန် အမူအရာ ပြလိုက်သည်။
“ခဏလေး နေပါဦး...” အပြင်စည်း တပည့်က သူတို့ သုံးဦးကို တွေဝေသော အမူအရာဖြင့် တားလိုက်ပြန်သည်။
“ကျေးဇူးပြုပြီး သူ့ရဲ့ ခါးချိတ်ပြား ဒါမှမဟုတ် ဖိတ်စာကို ပြပေးပါဦး”
ထိုစကားကို ကြားသောအခါ ဝေ့ပင်လင်၏ မျက်နှာ ပျက်သွားပြီး တပည့်ကို စိုက်ကြည့်လိုက်သည်။
“ငါတို့ နှစ်ယောက်လုံးက ဝေ့မိသားစုကပဲ။ ငါတို့ သူငယ်ချင်းကို ဥယျာဉ်ထဲ ခေါ်လာဖို့ အထောက်အထား ပြဖို့ လိုသေးလို့လား”
“ဒါက...
ထိုတပည့်မှာာ အခက်တွေ့သွားသည်။
သူသည် ယွမ်ရှန်းဂိုဏ်းမှ အပြင်စည်း တပည့် တစ်ဦး ဖြစ်သော်လည်း ဝေ့မိသားစုနှင့် ရင်ဆိုင်ရန်မှာတော့ အင်အား မရှိချေ။
“သွားကြရအောင် အစ်ကိုရွှီ” ဝေ့ပင်လင်က ထိုတပည့်ကို လျစ်လျူရှုကာ ရွှီနင်နှင့် ဝေ့ဇစ်ချန်ကို ခေါ်ပြီး ဥယျာဉ်ထဲသို့ ဝင်ခဲ့လိုက်သည်။
အပြင်စည်း တပည့်မှာ အတော်ကြာ တွေဝေနေသော်လည်း နောက်ဆုံးတွင်တော့ မတားရဲခဲ့ပေ။
“ဒီနေ့ အစည်းအဝေး လုပ်တဲ့လူတွေက တကယ် လွန်လွန်းတယ်”
ဝေ့ပင်လင်က ပြောလိုက်သည်။ “ဒီတျန်ယွမ်တောင်က ဘယ်သူ့ပိုင်နက်မှ မဟုတ်ဘဲနဲ့ သူတို့ဘာသာ သိမ်းပိုက်ပြီး လူအဝင်အထွက် ပိတ်ပင်နေတာက တကယ်ကို မသင့်တော်ဘူး”
ထို့နောက် ဝေ့ပင်လင်က ရွှီနင်ကို ဥယျာဉ်အနှံ့ လိုက်ပြပြီး ပန်းမျိုးစိတ် အချို့ကို ရှင်းပြပေးနေသည်။
ရုတ်တရက် သူတို့ သုံးဦးသည် လမ်းချိုး တစ်ခုတွင် လူအချို့နှင့် ထိပ်တိုက် ဆုံမိကြသည်။
ရှေ့ဆုံးမှ လျှောက်လာသူမှာ အသက် ၂၆ သို့မဟုတ် ၂၇ နှစ်ခန့် ရှိမည် ဖြစ်သည်။ သူသည် ခါးတွင် ရွှေရောင် ခါးပတ် ပတ်ထားသော ပိုးထည် ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ၏ နောက်တွင်လည်း လူငယ်အချို့ လိုက်ပါလာကြသည်။
ထိုသူ၏ ဘေးတွင် အနက်ရောင် ဝတ်စုံ ဝတ်ထားသည့် အသက်လတ်ပိုင်း အစောင့်တစ်ဦး ရှိနေ၏။ သူ၏ မျက်နှာမှာ သာမန်ပင် ဖြစ်သော်လည်း မျက်လုံးများကမူ စူးရှလှပေသည်။
“ဝူချင်းဖူ...” ဝေ့ပင်လင်က တစ်ဖက်လူကို ချက်ချင်း မှတ်မိလိုက်သည်။
သူသည် ရွှီနင်ကို ဝင်ခွင့်မပေးရန် တားဆီးခဲ့သည့် အပြင်စည်း တပည့်များကို စိတ်ထဲမှ ကဲ့ရဲ့လိုက်မိသည်။
ဝူချင်းဖူ၏ ဘေးမှ အသက်လတ်ပိုင်း အစောင့်မှာ ယွမ်ရှန်းဂိုဏ်းမှ တပည့် မဟုတ်သည်မှာ ထင်ရှားသော်လည်း သူကတော့ ဥယျာဉ်ထဲ ဝင်ခွင့်ရနေသည် မဟုတ်ပါလား။
သိသာလှသည်မှာ တံခါးစောင့်နေသူမှာ အားနည်းသူကို နှိပ်စက်ပြီး အားကြီးသူကို ကြောက်ရွံ့သူသာ ဖြစ်ပေသည်။
“မင်းတို့က ဘယ်သူတွေလဲ” ဝေ့ပင်လင်နှင့် ဝေ့ဇစ်ချန်တို့က ရွှီနင်ကို ခေါ်ပြီး သူတို့ကို ရှောင်သွားရန် ပြင်လိုက်သော်လည်း ပုခုံးချင်း မထိတထိ ကျော်သွားချိန်တွင် ဝူချင်းဖူ၏ နောက်မှ လူတစ်ဦးက သူတို့ကို လှမ်းမေးလိုက်သည်။
“ဒီနေရာကို ယွမ်ရှန်းဂိုဏ်းက တပည့်တွေ သိမ်းပိုက်ထားတာ။ အကယ်၍ မင်းတို့က ခိုးဝင်လာတာ ဆိုရင် အခုချက်ချင်း ထွက်သွားကြ
ပြောလိုက်သူမှာာ ပိန်ပိန်ပါးပါးနှင့် မိန်းမလျာ ရုပ်ပေါက်နေပြီး မျက်လုံးများက မှိုင်းညှို့နေလေသည်။
ထိုသူမှာ ဝူချင်းဖူ၏ နောက်လိုက် တပည့်တစ်ဦး ဖြစ်ပြီး အမည်မှာ ယွီဇီမင် ဖြစ်သည်။
ဝေ့ပင်လင်နှင့် ဝေ့ဇစ်ချန်တို့သည် ဂိုဏ်းမှ ထွက်သွားသည်မှာ တစ်နှစ်ခန့် ရှိပြီဖြစ်သဖြင့် သူတို့မှာ အမည်မရှိလှပေ။ ထို့ကြောင့် ယွီဇီမင်က သူတို့ကို မှတ်မိခြင်း မရှိချေ။
ဝေ့ပင်လင်နှင့် ဝေ့ဇစ်ချန်တို့ တစ်ပြိုင်နက် မျက်မှောင်ကြုတ်လိုက်ကြသည်။ “အပြင်စည်း တပည့်တွေက ငါတို့ အထောက်အထားကို အတည်ပြုပြီးပြီပဲ။ မင်းကိုပါ ထပ်ပြီး သတင်းပို့ရဦးမှာလား”
ဝေ့ပင်လင်၏ လေသံတွင် ရန်လိုမှုများ ပါဝင်နေသည်။
ဝေ့ပင်လင်သည် ဝူချင်းဖူ၏ မောက်မာသော အပြုအမူများကြောင့် စိတ်အနှောင့်အယှက် ဖြစ်နေရပြီ ဖြစ်သည်။
ယခုအခါ သူ၏ နောက်လိုက်ကပါ သူ့ကို လာရောက် စစ်ဆေးနေသည်ကို မြင်ရသဖြင့် ဝေ့ပင်လင်မှာ အတော်လေး ဒေါသထွက်သွားရသည်။
ယွီဇီမင်မှာ ဝူချင်းဖူ၏ ဘေးတွင် အမြဲ မာန်တက်နေကျ ဖြစ်သဖြင့် ဝေ့ပင်လင်၏ ပြန်ပြောမှုကို ကြားသောအခါ ရှေ့သို့ တစ်လှမ်း တိုးလာပြီး ခြိမ်းခြောက်သည့် လေသံဖြင့် ဆိုလိုက်သည်။
“အကယ်၍ မင်းတို့ အထောက်အထား မပြနိုင်ရင် ငါကိုယ်တိုင် မင်းတို့ကို အပြင်ကို ကန်ထုတ်ပစ်မယ်”
ယွီဇီမင် ဤသို့ လုပ်နေသည်ကို မြင်သောအခါ ဝူချင်းဖူက အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ သူသည် ယွီဇီမင်၏ အပြုအမူကို သဘောမကျသော်လည်း သူစိမ်းများ ရှေ့တွင်မူ ဝင်မတားခဲ့ပေ။
သူသည် နောက်မှသာ ယွီဇီမင်ကို သင်ခန်းစာ ပေးရန် ဆုံးဖြတ်လိုက်သည်။
“ငါတို့ကို ကန်ထုတ်မယ် ဟုတ်လား
ဝေ့ပင်လင်ကက လှောင်ရယ်လိုက်ပြီး ယွီဇီမင်ကို ရင်ဆိုင်ရန် ရှေ့သို့ တိုးလိုက်သည်။
ထိုအခါ ယွီဇီမင်က ဝေ့ပင်လင်၏ လက်မောင်းကို လှမ်းဖမ်းလိုက်သည်။
ဝေ့ပင်လင်ကလည်း ချက်ချင်း တုံ့ပြန်လိုက်သည်။
ဝေ့ပင်လင်သည် ယခုအခါ သာမန်လူသား နယ်ပယ် အဋ္ဌမအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သလို အလယ်အလတ်အဆင့် အပြင်အား သိုင်းပညာ တစ်ခုကိုလည်း တတ်မြောက်ထားသူ ဖြစ်သည်။
မကြာမီ သူတို့ နှစ်ဦး တိုက်ခိုက်မိကြတော့သည်။
ဝူချင်းဖူက ထိုမြင်ကွင်းကို ကြည့်ရင်း စိတ်မရှည် ဖြစ်လာသဖြင့် ဘေးမှ အသက်လတ်ပိုင်း အစောင့်ကို အကြည့်တစ်ချက် ပေးလိုက်သည်။
အစောင့်က ချက်ချင်းပင် သဘောပေါက်သွားသည်။
သူသည် ထိုနေရာမှာပင် ရပ်နေပြီး သူ၏ လက်ကောက်ဝတ်ကို အနည်းငယ် လှုပ်လိုက်ရာ ချီစွမ်းအင် တစ်ခုက ဝေ့ပင်လင်ဆီသို့ ဦးတည် ပြေးထွက်သွားသည်။
ထိုအစောင့်က သူ၏ ချီစွမ်းအင်သည် ဝေ့ပင်လင်ကို အလွယ်တကူ လဲကျသွားစေလိမ့်မည်ဟု ထင်နေစဉ်မှာပင် သူ၏ ချီစွမ်းအင်မှာ ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသည်။
“ဒြပ်စင်နယ်ပယ် သိုင်းပညာရှင် တစ်ဦးက သာမန်လူသား နယ်ပယ် သိုင်းသမား တစ်ဦးကို အလစ်ဝင် တိုက်ခိုက်တယ်ဆိုတာ ရယ်စရာ အကောင်းဆုံးပဲ မဟုတ်လား”
ထိုစဉ် ရွှီနင်က ရှေ့သို့ လျှောက်လာပြီး ယွီဇီမင်၏ လည်ပင်းကို ဖမ်းကာ ဝူချင်းဖူ၏ ခြေရင်းသို့ ပစ်ပေါက်လိုက်သည်။
ယွီဇီမင်မှာ ရွှီနင်ကိုပင် သေချာ မမြင်လိုက်ရဘဲ မြေပြင်ပေါ်သို့ ပြုတ်ကျသွားကာ မူးဝေသွားတော့သည်။
“မင်း...”
ယွီဇီမင် ပြန်ထရန် ပြင်လိုက်သော်လည်း ဝူချင်းဖူ၏ ကန်ထုတ်ခြင်းကို ခံလိုက်ရသည်။ “ဒါက အရှက်ကွဲတာ မလုံလောက်သေးဘူးလား”
“ဂိုဏ်းတူ အစ်ကိုကြီးဝူ...” ယွီဇီမင်သည် အဆူခံလိုက်ရသဖြင့် ဝူချင်းဖူ၏ အနောက်တွင် ငြိမ်ငြိမ်လေး သွားရပ်နေလိုက်သည်။
“မင်းရဲ့ နာမည်ကို သိခွင့်ရမလား” ဝူချင်းဖူက ရွှီနင်ကို စိုးရိမ်စိတ်များဖြင့် ကြည့်လိုက်သည်။
ဝူချင်းဖူသည် ဟင်းလင်းပြင် နယ်ပယ် ပထမအဆင့် သိုင်းပညာရှင် တစ်ဦး ဖြစ်ပြီး သူ၏ ဘေးမှ အစောင့်မှာ ဟင်းလင်းပြင် နယ်ပယ် တတိယအဆင့် သိုင်းပညာရှင် တစ်ဦး ဖြစ်သည်။
ဝူချင်းဖူသည် သူ၏ အစောင့် ပစ်လွှတ်လိုက်သော ချီစွမ်းအင်မှာ ချက်ချင်းပင် ပျက်ပြယ်သွားသည်ကို သတိပြုမိလိုက်သဖြင့် အံ့သြသွားရခြင်း ဖြစ်သည်။
ဝေ့ပင်လင်နှင့် ဝေ့ဇစ်ချန်တို့မှာ သာမန်လူသား နယ်ပယ် သိုင်းသမားများသာ ဖြစ်ကြောင်း သူ အာရုံခံမိသဖြင့် ထိုသို့ လုပ်နိုင်သူမှာ သူတို့ ဘေးမှ လူငယ်သာ ဖြစ်ရပေမည်။
ယွင်ရှီနယ်ပယ်မှ ချီစွမ်းအင်ကို အလွယ်တကူ ပျက်ပြယ်စေနိုင်ခြင်းမှာ ဤလူငယ်သည် အရည်အသွေးပြောင်းလဲခြင်းနယ်ပယ် သို့မဟုတ် ထိုထက် မြင့်မားသော အဆင့်မှ ပညာရှင် တစ်ဦး ဖြစ်ရပေမည်။
သို့သော် ဝူချင်းဖူ၏ မှတ်ဉာဏ်ထဲတွင် ယွင်ယင်းမြို့၌ ဤမျှ ငယ်ရွယ်ပြီး အစွမ်းထက်သည့် သိုင်းပညာရှင်မျိုး ရှိခဲ့ဖူးသည်ကို မမှတ်မိချေ။
“ငါက ယွင်ယင်းမြို့ကို ခဏလာတဲ့ ခရီးသည် တစ်ဦးပါပဲ” ရွှီနင်က ရယ်မောလိုက်သည်။
“ပြင်ပလူတွေကို ဒီနေရာမှာ မကြိုဆိုဘူးဆိုမှတော့ ငါတို့ ထွက်သွားကြတာပေါ့”
“ပင်လင်၊ ဇစ်ချန်... သွားကြရအောင်” ရွှီနင်က ပြောလိုက်သည်။
“ကောင်းပါပြီ”
ထိုနှစ်ဦးမှာလည်း အလွန် စိတ်ပျက်နေကြသော်လည်း ရွှီနင်ကို ချက်ချင်း ပြန်ထူးလိုက်ကြသည်။
“ဪ... ဒါနဲ့”
မထွက်ခွာမီ ရွှီနင်က ရုတ်တရက် ခေါင်းလှည့်ကာ အလစ်ဝင် တိုက်ခိုက်ခဲ့သည့် အသက်လတ်ပိုင်း အစောင့်ကို ကြည့်လိုက်သည်။
“နောက်တစ်ခါ သာမန်လူသား နယ်ပယ် သိုင်းသမားတွေအပေါ် မင်းရဲ့ ညစ်ပတ်တဲ့ လက်တွေကို အသုံးမပြုပါနဲ့ဦး။ ဒါက သိက္ခာမဲ့လွန်းလို့ပါ”
အသက်လတ်ပိုင်း အစောင့်က ရွှီနင်ကို ကြည့်ကာ ပြန်ပြောရန် ပြင်လိုက်သည်။
သို့သော် အကြောင်းရင်း မရှိဘဲ ရွှီနင်၏ မျက်လုံးများကို ကြည့်လိုက်မိချိန်တွင် သူသည် ဖော်ပြ၍ မရနိုင်သော ထိတ်လန့်မှု တစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်။
မကြာမီ ရွှီနင်နှင့် အခြားသူများ ထွက်ခွာသွားကြသည်။
ဖူး...
ရွှီနင်တို့ သုံးဦး လမ်းချိုး တစ်ခုသို့ ဝင်ရောက် ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက် အသက်လတ်ပိုင်း အစောင့်မှာ သွေး တစ်လုတ်ကို အန်ထုတ်လိုက်ရသည်။
“ဘာဖြစ်တာလဲ”
ထိုမြင်ကွင်းကို မြင်သောအခါ ဝူချင်းဖူ၏ မျက်နှာ အမူအရာ ပြောင်းလဲသွားသည်။
“အဲဒီလူ မထွက်သွားခင်မှာ ကျွန်တော့်ရဲ့ ခန္ဓာကိုယ်ထဲကို ချီစွမ်းအင် တစ်ခု ထည့်သွင်းသွားခဲ့တယ်...”
အသက်လတ်ပိုင်း အစောင့်မှာ သူ၏ ခန္ဓာကိုယ်ထဲတွင် ပရမ်းပတာ ဖြစ်နေမှုကြောင့် မျက်နှာမှာ ဖြူဖျော့နေသည်။ “သူ့ရဲ့ ခွန်အားက အနည်းဆုံး ဟင်းလင်းပြင် နယ်ပယ် ဆဋ္ဌမအဆင့်မှာ ရှိရမယ်”
“ပင်လင်နယ်ပယ် ပညာရှင် တစ်ယောက်ပေါ့လေ...” ဝူချင်းဖူသည် ရွှီနင် ပျောက်ကွယ်သွားရာ နေရာကို မယုံကြည်နိုင်စွာ ကြည့်နေမိသည်။
‘ဒီလောက် ငယ်ရွယ်တဲ့ ဟင်းလင်ပြင်နယ်ပယ် ပညာရှင် တစ်ယောက်က ဘယ်ကနေ ရောက်လာတာပါလိမ့်’
ဝူချင်းဖူမှာ အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။ အကြောင်းပြချက် မရှိဘဲ ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးကို သွားပြစ်မှားမိသဖြင့် သူ အတော်လေး စိတ်အနှောင့်အယှက် ဖြစ်သွားရသည်။
“တကယ့်ကို အသုံးမကျတဲ့ကောင်”
ဝူချင်းဖူက သူ၏ ဒေါသများကို ယွီဇီမင်အပေါ်သို့ ပုံချကာ ကန်ထုတ်လိုက်သည်။
ယွီဇီမင်မှာ သူ ပြဿနာ ရှာမိမှန်း သိလိုက်သဖြင့် ဘာမှ ပြန်မပြောရဲတော့ပေ။
“ဒီနေ့ အစည်းအဝေးကို ငါ မတက်တော့ဘူး၊ အခု ပြန်ကြမယ်”
ဝူချင်းဖူမှာ အိမ်ပြန်ပြီး ရွှီနင်၏ သရုပ်မှန်ကို စုံစမ်းရန် အလောတကြီး ဖြစ်နေတော့သည်။
***