စမားရတောင် ပတ်လည်ရှိ ဧရာမ အလင်းကွင်းကြီး မှေးမှိန်စပြုလာသော်လည်း အရုဏ်မတက်မီ အချိန်မှာပင်၊ လင်းတုန်းသည် ပြင်ပ တပည့် ခန်းမဆောင် ၏ ရှေ့တွင် စောင့်ဆိုင်းနေလေပြီ။ သူသည် ထောင့်တစ်နေရာတွင် ကွေးကွေးလေး နေလိုက်ပြီး၊ အဆောက်အအုံကို အမှီပြုကာ အေးစိမ့်သော လေဒဏ်မှ ကာကွယ်ထားလေသည်။ သို့တိုင်အောင် ချမ်းတုန် မနေစေရန် သူ၏ မာဒြာ များကို လှည့်ပတ်ကျင့်ကြံ နေခဲ့ရလေသည်။
တစ်နာရီခန့် အကြာ... မိုးကုတ်စက်ဝိုင်းအထက်သို့ နေမင်းကြီး ထွက်ပေါ်လာပြီးနောက်၊ မီးခိုးရောင် မုတ်ဆိတ်တိုနှင့် အမည်းရောင်များ ရောနှောနေသော ဆံပင်ရှိသည့် အမျိုးသား တစ်ဦးက လေးလံသော သော့တစ်ချောင်းကို ကိုင်ဆောင်လျက် ခန်းမဆောင်ဆီသို့ လမ်းလျှောက်လာလေသည်။ လင်းတုန်းကို မြင်လိုက်ချိန်တွင် သူ ရပ်တန့်သွားပြီး၊ နှုတ်ခမ်းများပေါ်တွင် သဘောကျသော အပြုံးတစ်ခု ထွက်ပေါ်လာလေသည်။
"ဝေ့ရှီလင်းတုန်း လား..."
သူက မေးလိုက်သည်။
လင်းတုန်းက သူ၏ လက်သီးနှစ်ဖက်ကို ဆုပ်ကာ အရိုအသေပေးလိုက်သည်။
"ဒီ တပည့် က ကြီးမြတ်သူကို ဂါရဝပြု နှုတ်ဆက်ပါတယ်... အကြီးအကဲ..."
"တပည့်သစ်တွေပဲ ဒီလောက် စိတ်အားထက်သန်ကြတာ... ငါက အကြီးအကဲ အန်ဆပ်စ်ပဲ... ပြီးတော့ ငါတို့နဲ့အတူ ရှိနေစဉ်အတွင်း မင်းရဲ့ အလုပ်တာဝန်တွေကို ငါ ခွဲဝေပေးလိမ့်မယ်..."
အအေးဒဏ်က မထိခိုက်နိုင်သည့်အလား၊ အန်ဆပ်စ် သည် တံခါးသော့ဖွင့်ခြင်းနှင့် ဆီမီးခွက်တစ်ခုကို မီးညှိခြင်းတို့ကို အေးအေးဆေးဆေး လုပ်ဆောင်ပြီးမှ လင်းတုန်းကို အတွင်းသို့ ခေါ်ဆောင်သွားလေသည်။ သူက ဝမ်းသာအားရ လက်ခံလိုက်လေသည်။
ပြင်ပ တပည့် ခန်းမဆောင် ၏ ပထမဆုံး အခန်းမှာ လင်းတုန်း၏ အခန်းထက် အနည်းငယ်သာ ပိုကြီးပြီး၊ စင်တန်းများ၊ ထပ်ထားသော အံဆွဲများနှင့် စက္ကူများ၊ သစ်သားပြားများနှင့် စာလိပ်များ ဖုံးလွှမ်းနေသော စားပွဲများဖြင့် ပြည့်ကျပ်နေလေသည်။ အနောက်ဘက်တွင် အခြား တံခါးများ ရှိသော်လည်း၊ အန်ဆပ်စ် က ၎င်းတို့ဆီသို့ မသွားခဲ့ပေ။ သူက လင်းတုန်း၏ အနီးမှ တိုးထွက်သွားပြီး၊ အံဆွဲတစ်ခုကို ဆွဲဖွင့်ကာ အတွင်းမှ သစ်သားသေတ္တာ တစ်လုံးကို ထုတ်ယူလိုက်လေသည်။
သူသည် စားပွဲဆီသို့ လျှောက်သွားပြီး သေတ္တာကို လင်းတုန်းထံ မပေးမီ မှတ်တမ်းတစ်ခု ရေးသွင်းလိုက်သည်။
"ကံကြမ္မာက မင်းအပေါ် ကောင်းမွန်ပါတယ်... နှစ်လယ်ပိုင်းက မကြာခင် ရောက်လာတော့မှာမို့လို့... ဒါတွေက မင်းအတွက် အကြာကြီး ခံဖို့ မလိုတော့ဘူး..."
သူက အဖုံးကို ဆွဲဖွင့်လိုက်ရာ၊ အပြာနှင့် အဖြူရောင် ဝေ့ဝဲနေသော အရောင်များရှိသည့် အလုံးပုံစံ ဆေးလုံး တစ်စုံကို ရွှေရောင် သစ်တော်သီး အသေးစားလေးနှင့် တူသော သစ်သီးတစ်လုံး၏ ဘေးတွင် မြင်တွေ့လိုက်ရလေသည်။
"ဒီ သွေးသန့်စင် ဆေးလုံးတွေက ဒီတောင်ပေါ်မှာပဲ ပေါက်တဲ့ ဆေးဖက်ဝင် အပင်တွေရဲ့ ထူးခြားတဲ့ ပေါင်းစပ်မှုကနေ ဖော်စပ်ထားတာပဲ..."
အန်ဆပ်စ် က ဤစကားကို အကြိမ်များစွာ ပြောဖူးကြောင်း သိသာသည့် လေသံဖြင့် ပြောလိုက်သည်။
"အဲ့တာတွေက မင်းရဲ့ အမြုတေ နဲ့ သွေးထဲက အညစ်အကြေးတွေကို ဖယ်ရှားပေးလိမ့်မယ်... မင်းရဲ့ လှည့်ပတ်ကျင့်ကြံ မှု အမြန်နှုန်းကို တိုးစေပြီး... နောက်တစ်ဆင့်ကို တက်လှမ်းဖို့ ပြင်ဆင်ပေးလိမ့်မယ်... တစ်လုံးကို သောက်ပြီး ဒုတိယ တစ်လုံးကို မသောက်ခင် အနည်းဆုံး သုံးရက်လောက် လှည့်ပတ်ကျင့်ကြံ ပါ... ဒါပေမဲ့ မင်းက အဆင့်တက်ဖို့ ကြိုးစားတဲ့ အချိန်အထိ ဒုတိယ တစ်လုံးကို သိမ်းထားချင်လည်း သိမ်းထားနိုင်ပါတယ်..."
သူက သစ်တော်သီးဆီသို့ လက်ညိုးထိုးပြလိုက်သည်။
"တပည့်တွေကို ငါတို့ပေးတဲ့ ဝိညာဉ်သစ်သီး တွေက အဲဒီနှစ်ရဲ့ စိုက်ပျိုးထွက်ရှိမှု အပေါ် မူတည်ပြီး ကွာခြားတယ်... ဒါပေမဲ့ ဒီနှစ်မှာတော့ မင်း အတော်လေး ကံကောင်းတယ်... ငါတို့ရဲ့ အကြီးအကဲ တစ်ယောက်က တောင်ရဲ့ တစ်ဖက်ခြမ်းမှာ နှစ်တစ်ထောင် သက်တမ်းရှိတဲံ အရုဏ်ဦးသီး အပင် တစ်ပင်ကို တိုက်တိုက်ဆိုင်ဆိုင် တွေ့သွားခဲ့တယ်... အရုဏ်ဦးသီး က ကောင်းကင်နဲ့ မြေကြီးရဲ့ သက်စောင့် အော်ရာ ကို ရာစုနှစ်ပေါင်းများစွာ စုပ်ယူထားခဲ့ပြီး... မင်းရဲ့ ဝိညာဉ်ကို တိုက်ရိုက် ခွန်အား ဖြည့်တင်းပေးလိမ့်မယ်... အနည်းဆုံး သွေးသန့်စင် ဆေးလုံး တစ်လုံးကို လုံးဝ အစာချေဖျက်ပြီးမှပဲ ဒီသစ်သီးကို စားဖို့ ငါ အကြံပြုတယ်..."
ထိုဖော်ပြချက်များကို ကြားပြီးနောက်၊ အန်ဆပ်စ် လုံးဝ မလွှတ်ပေးရသေးမီမှာပင် လင်းတုန်းသည် သေတ္တာကို အကြီးအကဲ ၏ လက်ထဲမှ ဆွဲယူလိုက်လေသည်။ ထို့နောက်... သူက အဖုံးကို ပိတ်လိုက်ပြီး၊ သေတ္တာကို မွေးကင်းစ ကလေးငယ် တစ်ဦးကဲ့သို့ ပိုက်ထားလိုက်လေသည်။ သူ လုပ်ချင်သော တစ်ခုတည်းသော အရာမှာ သူ၏ အခန်းဆီသို့ အပြေးပြန်သွားပြီး လှည့်ပတ်ကျင့်ကြံ ရန်သာ ဖြစ်သည်၊ အထူးသဖြင့် ဒဲရက် သူ့ကို လိုက်မရှာမီ...။ သို့သော် သူ၏ စိတ်ထဲတွင် ပထမဆုံး မေးခွန်းတစ်ခု ရှိနေလေသည်။
"အကြီးအကဲ တစ်ယောက်က ဒါကို တောင်ကြား ရဲ့ အပြင်ဘက်မှာ တွေ့ခဲ့တာလား... သူ တကယ်ပဲ အထွတ်အမြတ် တောင်ကြား ကနေ ထွက်သွားခဲ့တာလား..."
အကြီးအကဲ အန်ဆပ်စ် က မျက်နှာရှုံ့မဲ့သွားသည်။
"ငါ သတိလက်လွတ် ဖြစ်သွားတယ်... တပည့်တွေ အဆင်သင့် မဖြစ်မချင်း အပြင်လောက အကြောင်း သူတို့ကို မပြောပြဖို့ ငါတို့ ကြိုးစားကြတယ်... အထွတ်အမြတ် တောင်ကြား ပတ်လည်က နယ်မြေတွေ အားလုံးက အရိုင်းဆန်ပြီး မယဉ်ပါးဘူးဆိုတာ မင်း ကြားဖူးတယ် မဟုတ်လား..."
လင်းတုန်းက ခေါင်းညိတ်ပြလိုက်သည်။
"ဒါပေမဲ့ အပြင်ဘက်မှာ လူတွေ နေထိုင်နေကြတယ် ဆိုတာကိုကော မင်း ကြားဖူးလား..."
"ကြားဖူးပါတယ်..."
သူ၏ ကလန်သည် မျိုးဆက်ပေါင်းများစွာ အိုးရပ်စ် သစ်သီး သေတ္တာများကို ကြွေရွက် ကျောင်းတော် သို့ ရောင်းချခဲ့ပြီး၊ ထိုသစ်သီးမှာ တောင်ကြား အပြင်ဘက်ရှိ လူများအတွက် ရှားပါးသော သရေစာ ဖြစ်ကြောင်း သူတို့ကို အမြဲ ပြောပြလေ့ရှိသည်။ ကလေးဘဝတွင်၊ စွန့်ပစ်ခံထားရသော တောရိုင်းမြေတွင် နေထိုင်ကြသည့် လူများက အချိုတည်းစရာ သရေစာများကို ဝယ်ယူရန် မည်သို့ တတ်နိုင်ကြသလဲ ဆိုသည်ကို လင်းတုန်း တစ်ခါမျှ အလေးအနက် မတွေးခဲ့ဖူးပေ။
"ဒါဆိုရင် မင်းက တခြားသူ အများစုထက် ပိုသိနေတာပေါ့..."
အန်ဆပ်စ် က ပြောလိုက်သည်။
"မိသားစု အများစုက တောင်တန်းတွေရဲ့ အလွန်မှာ ဘာရှိတယ် ဆိုတာကို သူတို့ရဲ့ ကလေးတွေကို မပြောပြကြဘူး... ပြီးတော့ အဲဒီလို မပြောတာကလည်း အကြောင်းပြချက် ခိုင်ခိုင်လုံလုံ ရှိလို့ပါ..."
သူက အင်္ကျီလက်ကို ခေါက်တင်လိုက်ရာ၊ လုံးဝကို စုတ်ပြတ်သတ်နေသော လက်မောင်း တစ်ဖက်ကို မြင်တွေ့လိုက်ရလေသည်။ လက်ဖျံမှ ကြီးမားသော အသားတုံးကြီးများ ပျောက်ဆုံးနေသဖြင့်၊ အရေပြားအောက်တွင် တိုက်ရိုက် ဖိကပ်နေသော အရွတ်များနှင့် အရိုးများကို လင်းတုန်း မြင်တွေ့နိုင်လေသည်။ ပခုံးအောက် တည့်တည့်ရှိ လက်မောင်းအပေါ်ပိုင်းမှာ လက်သည်း သုံးချောင်းနှင့် တူသောအရာဖြင့် ဆွဲဖြဲခံထားရလေသည်။
အရေပြားက ပုံမှန်အတိုင်း တည်ရှိနေပြီး လက်ကလည်း အပြည့်အဝ ပုံမှန် အလုပ်လုပ်နေသောကြောင့် ထိုအရာက လွန်ခဲ့သော နှစ်များစွာက ဖြစ်ပျက်ခဲ့ခြင်းဖြစ်ကြောင်း သိသာထင်ရှားလှသော်လည်း၊ ထိုမြင်ကွင်းကြောင့် ရရှိလိုက်သော တုန်လှုပ်မှုက လင်းတုန်း၏ မျက်နှာကို ဖြတ်ရိုက်လိုက်သကဲ့သို့ ဖြစ်သွားလေသည်။
အကြီးအကဲ က တုန်လှုပ်ခြင်းမရှိဘဲ သူ၏ အင်္ကျီလက်ကို ဖြည်းညင်းစွာ ပြန်ချလိုက်သည်။
"ငါ အထွတ်အမြတ် တောင်ကြား ရဲ့ အပြင်ဘက်ကို ရောက်ခဲ့တာ စုစုပေါင်း ခြောက်နာရီပဲ ရှိတယ်... လက်တစ်ဖက် မပြတ်သွားတာ ကံကောင်းတယ်... ရွှေသစ်သီး အပင်ကို တွေ့ခဲ့တဲ့သူက ကျောင်းတော် ကို သစ်သီး လေးတောင်း ပြန်ပို့ပြီးတဲ့နောက် ပျောက်ကွယ်သွားခဲ့တယ်... သူက အဲဒီအပင်ကို နောက်တစ်ခေါက် သွားစစ်ဆေးဦးမယ်လို့ ပြောခဲ့ပြီး... ဘယ်တော့မှ ပြန်မလာတော့ဘူး..."
"အဲဒီအပြင်ဘက်မှာ လူတွေ နေကြတယ်လား..."
လင်းတုန်းက တိုးတိတ်သော လေသံဖြင့် မေးလိုက်သည်။ အကယ်၍ ကျောက်စိမ်းအဆင့် တစ်ယောက်အတွက်တောင် လုံခြုံမှုမရှိဘူးဆိုလျှင်၊ ဘယ်လိုလုပ်ပြီး ကလေးတွေကို ပြုစုပျိုးထောင်နိုင်ကြမည်နည်း။
"ခြေသလုံးအိမ်တိုင် နေတဲ့သူတွေ သက်သက်ပါပဲ..."
သူက အရေးမစိုက်သည့် လေသံဖြင့် ပြောလိုက်သည်။
"လူရိုင်းတွေပေါ့ကွာ... သူတို့က ဝိညာဉ်သားရဲ တချို့ကို ယဉ်ပါးအောင် မွေးမြူထားပြီး... အကြီးမားဆုံး အန္တရာယ်တွေကို ရှောင်ရှားရင်း လှည်းယာဉ်တန်းတွေနဲ့ လှည့်လည်သွားလာနေကြတာ... သူတို့က ဝိညာဉ်အကြွင်းအကျန် တွေထက် သိပ်ပြီး ပိုမကောင်းလှပါဘူး... ယဉ်ကျေးမှုဆိုတာ ပြောစရာတောင် မရှိဘဲ သူတို့ရဲ့ အခြေခံ ဗီဇအတိုင်းပဲ ပြုမူနေထိုင်ကြတာ... ဒီလို ရိုင်းစိုင်းတဲ့ နယ်မြေမှာ လူရိုင်းတွေပဲ နေနိုင်တယ်... ဒီမှာကတော့ ယဉ်ကျေးမှုတွေ ထွန်းကားနေတယ်လေ..."
သူက လင်းတုန်းကို ဖခင်တစ်ယောက်လို ပြုံးပြလိုက်သည်။
"မင်းဆီမှာ ရှိနေတာတွေအတွက် ကျေးဇူးတင်တတ်ပါစေ... မင်း ကြိုးကြိုးစားစား လုပ်မယ်... အဲဒီ အရင်းအမြစ်တွေကို သေချာ အသုံးချမယ်... ပြီးတော့ နေမင်းနေ့ မတိုင်ခင် ကြေးအဆင့် ကို တက်လှမ်းနိုင်လိမ့်မယ်လို့ ငါ မျှော်လင့်တယ်..."
...
လင်းတုန်း ပြင်ပ တပည့် ခန်းမဆောင် မှ ထွက်ခွာလာ၏။ သူ၏ စိတ်ကူးယဉ်မှုများထဲတွင် လူရိုင်းများနှင့် သူတို့၏ ယဉ်ပါးသော ဝိညာဉ်သားရဲများ၊ အစွမ်းထက် ကျင့်စဉ်သိုင်းပညာ၊ ကျောင်းတော် တစ်ခုမှ ကျောက်စိမ်းအဆင့် အကြီးအကဲ တစ်ဦးပင်လျှင် နာရီအနည်းငယ်သာ အသက်ရှင်နိုင်လောက်အောင် ကြမ်းတမ်းသော နယ်မြေတစ်ခုတွင် နေထိုင်ကြပုံများနှင့် ပြည့်နှက်နေလေသည်။ သူသည် လောကကြီး၏ အဆုံးတိုင်အောင် ဆန့်တန်းတည်ရှိနေသော တောရိုင်းမြေကြီးကို စိတ်ကူးပုံဖော်နေမိလေသည်။
ထိုအရာက ကောင်းကင် ဂုဏ်သရေ ကျောင်းတော် က ယုံကြည်ထားတဲ့ အရာ ဖြစ်နိုင်ပေမယ့်၊ သူကတော့ ပိုသိထားလေသည်။ ဆူရီရယ် က သူ့ကို တောင်ကြား တစ်ခုလုံးစာမျှ ကြီးမားသော နန်းတော်များ၊ ကျယ်ဝန်းသော ညီလာခံ ခန်းမကြီးများ၊ ခင်းကျင်းထားသော လမ်းမကြီးများနှင့် ခိုင်ခံ့သော တည်းခိုခန်းများကို ပြသထားခဲ့ပြီး ဖြစ်သည်။ ယဉ်ကျေးမှု ဆိုသည်မှာ ဤနေရာ တစ်ခုတည်းတွင်သာမက၊ အခြား တစ်နေရာရာတွင်လည်း အမြစ်တွယ်နေခဲ့ပြီ ဖြစ်သည်။ ထို့အပြင်... သူသည် အထွတ်အမြတ် တောင်ကြား မှနေ၍ ထိုအရာကို မြင်တွေ့ရမည့် ပထမဆုံး သူ ဖြစ်လာပေမည်။
ယီရင် နှင့် ဓားသူတော်စင် တို့သည်လည်း အပြင်ဘက်မှနေ၍ တောင်ကြား ထဲသို့ ဝင်ရောက်လာခဲ့ကြသည် မဟုတ်ပါလား။ သူမက သူ့ကို လမ်းညွှန်ပေးမည်ဆိုလျှင်၊ သူ ဘာကြောင့် မစွမ်းဆောင်နိုင်ရမည်နည်း။
တလက်လက် တောက်ပနေသော လက်သည်းများ၊ သွားများ အပြည့်ဖြင့် ရိုင်းစိုင်းသော သားရဲတစ်ကောင်က အမှောင်ထုထဲရှိ သစ်ပင်များကြားမှ ခုန်ထွက်လာပြီး၊ သူ၏ လက်မောင်းကို (အကြီးအကဲ အန်ဆပ်စ် ၏ လက်မောင်းကဲ့သို့ ဖြစ်သွားသည်အထိ) ဆွဲဖြဲပစ်လိုက်မည့် ပုံရိပ်ကို သူ စိတ်ကူးကြည့်မိလေသည်။
အကယ်၍ ထိုအကြောင်းကို သူ အချိန်အကြာကြီး တွေးနေမိလျှင် သူ၏ သတ္တိများ ပျောက်ကွယ်သွားမည် ဖြစ်ရာ၊ သူ၏ လက်မောင်းထဲတွင် ပိုက်ထားသော ဆေးရည်များကိုသာ အာရုံစိုက်ထားလိုက်လေသည်။
အရုဏ်ဦး အလင်းရောင်အောက်တွင်၊ ကြေးအဆင့် အိပ်မက်များ ခေါင်းထဲတွင် ပြည့်နှက်လျက် သူ၏ အခန်းဆီသို့ သူ ပြန်လာခဲ့သည်။ ဤဆေးလုံးများမှာ ဝေ့ ကလန် အနေဖြင့် ဘယ်သောအခါမှ မတတ်နိုင်ခဲ့သည့် ဆေးဝါးမျိုး ဖြစ်ပြီး၊ ဝိညာဉ်သစ်သီး မှာ သူ တစ်ခါမျှ မကြားဖူးခဲ့သော အရာပင် ဖြစ်သည်။
နှစ်တစ်ထောင်စာ သက်တမ်းရှိ သက်စောင့် အော်ရာ ဟုတ်သလော... ထို့အပြင် တပည့်တွေကိုတောင် ပေးနိုင်လောက်အောင် သူတို့ထံတွင် အများကြီး ရှိနေသည်လော။ ဤအရာနှင့် ယှဉ်လိုက်လျှင် ဘိုးဘေး အိုးရပ်စ် သစ်သီးမှာ ဘာမျှ မဟုတ်တော့ပေ။
သူက သေတ္တာကို ဂျိုင်းအောက်တွင် ညှပ်ထားပြီး၊ လက်တစ်ဖက်က တံခါးကို ကိုင်လိုက်ချိန်မှာပင်၊ တစ်စုံတစ်ခုက သူ၏ မေးစေ့ ဘေးဘက်သို့ ပြင်းထန်စွာ ဝင်ဆောင့်လိုက်လေသည်။
***