ကျောက်စာတိုင် ဘေးတစ်ဖက်တွင် တောင်ထွတ် တစ်ခု ရှိ၏။ ထိုနေရာကို ယခုအခါ ဧည့်ကြိုနေရာ အဖြစ် အသုံးပြုထားပြီး ဧည့်ခံတောင်ထွတ်ဟုလည်း ခေါ်ဆိုကြသည်။ အဘယ်ကြောင့်ဆိုသော် ဆယ်ရက်ခန့် အတွင်းမှာပင် ကျွမ်းကျင်သူ အမြောက်အမြား စုဝေးလာခဲ့သောကြောင့် ဖြစ်ပေသည်။ ကျိုယန်ဂိုဏ်းမှ တပည့်များပင် ထိုနေရာသို့ လာရောက် အလုပ်အကျွေး ပြုနေရတော့သည်။
ဇီလင်းလုံက ဧည့်ခံတောင်ထွတ်၏ သခင်မ အဖြစ် သူတို့ကို ရိုးရှင်းစွာ ဧည့်ခံနေခဲ့၏။ ပထမနေရာရ ဟောက်ချန်မှာမူ ထောင့်တစ်နေရာတွင် ခြေပိုက်ဆုံထိုင်၍ ကျင့်ကြံနေသည်။ တစ်ချိန်တည်းမှာပင် ဂိုဏ်းချုပ်ဖြစ်သူက အဝေးမှနေ၍ စောင့်ကြည့်နေလေသည်။
ချူယန်တောင်ထွတ် ပေါ်တွင်တော့...
ကျန်းမင်က သူ့ လူသားလမ်းစဉ် မှတ်တမ်းကို ခေါ်ထုတ်၍ ကျွမ်းကျင်သူ တစ်ယောက်ပြီး တစ်ယောက်အား စစ်ဆေး ကြည့်ရှုနေလိုက်သည်။
အမည် - ဟယ်ဖန်း (ရှေ့ဖြစ်ဟော၏ သားတော်)
မျိုးနွယ် - လူသား
ကျားမ - ကျား
ကျင့်ကြံခြင်းအဆင့် - တာအိုမျိုးစေ့ အဆင့်
နောက်ခံ - ယန်ထျန်ဂိုဏ်း၏ မျက်မှောက်ခေတ် ကိုယ်စားလှယ်
ဆက်ဆံရေး - ၄၅
မွေးရာပါ ပါရမီ - ကြယ်ဆယ်ပွင့် (ခရမ်းကြယ် ခန္ဓာကိုယ်)
လက်ရှိ အခြေအနေ - ဆရာဖြစ်သူ့ အမိန့်အရ ပါရမီရှင်များ၏ အချက်အလက်များကို စုဆောင်းရန် အရှေ့ပိုင်းဒေသသို့ လာရောက်ခဲ့ခြင်း ဖြစ်သည်။ လန်ကျွယ်ထံမှ သတင်းစကား ရရှိပြီးနောက် ဇီလင်းလုံနှင့် တွေ့ဆုံရန် ရောက်လာခဲ့၏။ တစ်ချိန်တည်းမှာပင် ပါရမီရှင်များ၏ အဆင့်သတ်မှတ်ချက် စာရင်း တစ်ခု ဖန်တီးရန် တွေးတောနေသည်။ လက်ရှိတွင် ဇီလင်းလုံအား ဧည့်ခံရာ၌ ကူညီပေးနေသည်။
ကျန်းမင်က ယန်ထျန်ဂိုဏ်း အကြောင်းကို ကြားဖူးထားပြီးသား ဖြစ်၏။ ထိုဂိုဏ်းမှာ ကျုံးပြည်နယ်ရှိ နောက်ထပ် တော်ဝင်မြေတစ်ခု ဖြစ်ပြီး ထိပ်တန်း အင်အားစုများ ကြားတွင် နာမည်ကျော်ကြားမှန်း သူ သိထားသည်။ ၎င်းဂိုဏ်းမှာ ဗေဒင်ဟောခြင်းနှင့် ကံကြမ္မာ ဖတ်ခြင်းတို့တွင် အထူး ကျွမ်းကျင်ကြသည်။ သူတို့၏ သီးခြားကင်းလွတ်နေသော အနေအထားကြောင့် ယေဘုယျအားဖြင့် အငြင်းပွားမှုများတွင် ပါဝင်လေ့ မရှိချေ။ ထို့အပြင် မျိုးဆက်တိုင်းတွင် ကိုယ်စားလှယ် တစ်ယောက်စီ ရှိတတ်ပြီး သူတော်စင် သားတော် တစ်ပါးနှင့် အဆင့်အတန်း တူညီကာ လောကအနှံ့ လှည့်လည် သွားလာလေ့ ရှိကြသည်။ သူတို့ကိုယ်သူတို့ ရှေ့ဖြစ်ဟော၏ သားတော် အဖြစ် ခေါ်ဆိုကြလေသည်။
'သူက ပါရမီရှင်တွေရဲ့ အဆင့်သတ်မှတ်ချက် စာရင်းကို ဖန်တီးဖို့ တကယ်ကို ရည်မှန်းချက် ကြီးနေတာပဲ... တကယ်လို့ သူ့အတွေးတွေကိုသာ အကောင်အထည် ဖော်လိုက်မယ် ဆိုရင်တော့ သေချာပေါက် ဗရုတ်သုက္ခတွေ ဖြစ်တော့မှာပဲ' ကျန်းမင် စိတ်ထဲ တွေးလိုက်မိသည်။
တော်ဝင်မြေများစွာမှ ရေတွက်၍ မရနိုင်သော ပါရမီရှင်များ ရောက်ရှိနေချိန်တွင် တစ်ယောက်၏ နာမည်ကို တစ်ယောက် ကြားလိုက်ရုံဖြင့် ရယ်မောကြယုံသာ ရှိမည် ဖြစ်သော်လည်း တကယ်တမ်း အဆင့်သတ်မှတ် ခံရမည် ဆိုလျှင်တော့ အသေအလဲ ယှဉ်ပြိုင်ကြမည်မှာ မြေကြီးလက်ခတ် မလွဲပင်။
ကျန်းမင်က နောက်တစ်ရွက်သို့ လှန်လိုက်၏။
အမည် - ရှီယောင်
ကျားမ - မ
နောက်ခံ - ကျုံးပြည်နယ်ရှိ ရီယွဲ့ဂိုဏ်းမှ သူတော်စင် သမီးတော်
ဆက်ဆံရေး - ၂၆
မွေးရာပါ ပါရမီ - ကြယ်ဆယ်ပွင့် (အေးစက်လမင်း ကိုယ်ခန္ဓာ)
လက်ရှိ အခြေအနေ - အရှေ့ပိုင်းဒေသရှိ ပါရမီရှင်များနှင့် တွေ့ဆုံရန်နှင့် မိမိကိုယ်ကိုယ် ပြုပြင် လေ့ကျင့်ရန် လာရောက်ခဲ့ခြင်း ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ဒဏ္ဍာရီလာ အင်မော်တယ် ရတနာကို ရှာဖွေနေသည်။ ဖီးနစ်သွေးကြော ပါဝင်သော်လည်း အစွန်းရောက် ယင်ပစ္စည်းများကို ရှာဖွေနေသည့် ဇီလင်းလုံ၏ သတင်းကြောင့် ဆွဲဆောင်ခံရကာ ရောက်လာခဲ့ခြင်းပင်။ သူမက ဇီလင်းလုံကို အညံ့ခံစေချင်သော ဆန္ဒလည်း ရှိနေသည်။
ကျန်းမင် ခေါင်းမခါဘဲ မနေနိုင်တော့ဘဲ စိတ်ထဲမှ ရေရွတ်လိုက်မိသည်။
'တော်ဝင်မြေကနေ နောက်ထပ် တစ်ယောက်... ပြီးတော့ ကြယ်ဆယ်ပွင့် ပါရမီနဲ့… သူမရဲ့ အေးစက်လမင်း ကိုယ်ခန္ဓာနဲ့ ယင်တာအိုကို နားလည် သဘောပေါက်ချင် နေတာလား... သူမက ညီမငယ်လေးကို အညံ့ခံစေချင်တယ် ဟုတ်လား... ဟက်... ရည်မှန်းချက် ကြီးလွန်းနေပြီ"
"အဲ့ဒီ အင်မော်တယ် ရတနာ ဆိုတာကကော... အင်မော်တယ်တွေ တကယ် တည်ရှိနေလို့လား"
နောက်ဆုံးတွင်တော့ ပြုံး၍ ခေါင်းခါယမ်းလိုက်ပြီးနောက် နောက်ထပ် တစ်ယောက်အား ဆက်လက် ကြည့်ရှုလိုက်တော့သည်။
အမည် - လင်းဟန်
နောက်ခံ - ချင်းယွင်ဂိုဏ်းမှ သူတော်စင် သားတော်
ဆက်ဆံရေး - ၉
မွေးရာပါ ပါရမီ - ကြယ်ဆယ်ပွင့် (လျှို့ဝှက်ဆန်းကြယ် ရေခဲ ခန္ဓာကိုယ်)
လက်ရှိ အခြေအနေ - သူတော်စင် သားတော် ပိုင်ယွီ သေဆုံးသွားကတည်းက အနန္တ ဆေးလုံးစံအိမ်မှ အနိမ အဆင့် ကျွမ်းကျင်သူ နှစ်ယောက် ရောက်လာပြီး အပြင်စည်း တပည့် ထောင်ပေါင်းများစွာကို သတ်ဖြတ်ကာ ပြဿနာ ဖန်တီးခဲ့ကြသည်။ သူ့ ဂိုဏ်းမှ ကျွမ်းကျင်သူများက ပိုင်ယွီအား သတ်ဖြတ်လိမ့်မည်ဟု သူ မယုံကြည်သော်လည်း အဘိုးအိုထျဲ့၏ သတ်ဖြတ်ခြင်း ခံရမည်ကို ရှောင်ရှားရန် အပြင်သို့ မထွက်ရဲချေ။
နောက်ဆုံးတွင်တော့ ချင်းယွင်ဂိုဏ်းမှ ကျွမ်းကျင်သူများမှာ ဒေါသထွက်လာပြီး သူတို့နှင့် သုံးဆယ့်နှစ်ရက် တိတိ တိုက်ခိုက်ခဲ့ပြီးနောက် ယာယီ ပြေလည်မှု တစ်ခု ရယူနိုင်ခဲ့သည်။ ကျိုယန်ဂိုဏ်းမှ ဇီလင်းလုံတွင် ဖီးနစ်သွေးကြော ပါဝင်ပြီး ယန်တာအိုကိုပါ အမှန်တကယ် နားလည် သဘောပေါက်ထားကြောင်း သတင်းကြောင့် သူ ဝမ်းသာအားရ ဖြစ်သွားခဲ့ရ၏။ သူက ဇီလင်းလုံအား သူ့ထံ အညံ့ခံစေချင်နေသည်။
ထို့နောက် သူမ၏ သွေးကြောကို အသုံးပြု၍ သူ့ ခန္ဓာကိုယ်အား ရေခဲမီး တာအိုခန္ဓာ အဖြစ် ပြောင်းလဲနိုင်ပြီး ယင် ယန် တာအိုမျိုးစေ့ကိုပင် နားလည် သဘောပေါက်သွားနိုင်ပေလိမ့်မည်။
သူ့ ဂိုဏ်းမှ ကျွမ်းကျင်သူများက သူ့အား အဘိုးအိုထျဲ့၏ တိုက်ခိုက်မှုမှ ကာကွယ်ပေးလိမ့်မည် ဟူသော ယုံကြည်ချက်ဖြင့် ချင်းယွင်ဂိုဏ်းမှ ထွက်ခွာလာခဲ့ခြင်း ဖြစ်သည်။
လင်းဟန်၏ ရည်ရွယ်ချက်ကို သိလိုက်ရသဖြင့် ကျန်းမင် ခေါင်းကိုက်သွားသလို ခံစားလိုက်ရ၏။ သူ့ မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်လာပြီး တွေးလိုက်မိသည်။
'အရင်တုန်းက မာနကြီးတဲ့ မုလေ့နဲ့ သူ့အမေ မုရွှေယွင် ရှိခဲ့တယ်... အခု ဒီသူတော်စင် သားတော် အသစ်ကလည်း ငါ့ညီမငယ်လေး အပေါ် မကောင်းတဲ့ ရည်ရွယ်ချက် ထားရဲသေးတယ်ပေါ့... သူတို့ ချင်းယွင်ဂိုဏ်းက အရှေ့ပိုင်းဒေသမှာ တစ်ခုတည်းသော တော်ဝင်မြေ ဖြစ်နေရုံလေးနဲ့ ဒီသူတော်စင် သားတော်တွေ၊ သမီးတော်တွေက မောက်မာနေကြတာများလား'
ကျန်းမင်က လင်းဟန်၏ နာမည်အား သူ့ သတ်ဖြတ်မည့် စာရင်းထဲသို့ ထည့်သွင်းလိုက်ပြီးနောက် စာမျက်နှာကို ထပ်လှန်လိုက်ပြန်သည်။
အမည် - မော့လင်း
နောက်ခံ - ယင်မိစ္ဆာဂိုဏ်းမှ သူတော်စင် သားတော်
ဆက်ဆံရေး - အနှုတ် ၁၅
မွေးရာပါ ပါရမီ - ကြယ်ဆယ်ပွင့် (အမှောင်မိစ္ဆာ ခန္ဓာကိုယ်)
လက်ရှိ အခြေအနေ - အရှေ့ပိုင်းဒေသရှိ ပါရမီရှင်များ စုဝေးမှုက လူငယ်များ ကြားရှိ ယှဉ်ပြိုင်မှုများတွင် မျိုးဆက်ဟောင်းများ ဝင်ရောက် မစွက်ဖက်ရ ဟူသော မပြောပလောက်သည့် စည်းကမ်းချက်များကို ဖြစ်ပေါ်စေခဲ့သည်။ ထို့ကြောင့် သူက ဤအခွင့်အရေး ကောင်းကို အသုံးပြု၍ လူမြင်ကွင်းသို့ ထွက်ပေါ်လာရန် တွေးတောခဲ့၏။ မိစ္ဆာဂိုဏ်းများ အလုံးစုံ ပြန်လည် ရှင်သန်လာရေး အတွက် ပြင်ဆင်နိုင်ရန် အခြားသူများ၏ တုံ့ပြန်မှုများနှင့် သဘောထားများကို သူ မြင်တွေ့ချင်နေသည်။
မော့လင်းက မဟာကျိုး၏ (၁၈)ပါးမြောက် မင်းသားကို ယခုလေးတင် အနိုင်ယူခဲ့ခြင်း ဖြစ်သည်။ မင်းသားထံမှ ဇီလင်းလုံ၏ ထူးခြားမှု အကြောင်းကို ကြားသိရချိန်တွင် သူ အလွန် ဝမ်းသာသွားခဲ့ရ၏။ ထို့ကြောင့်ပင် ရောက်လာခဲ့ခြင်း ဖြစ်သည်။ သူမအား ဖမ်းဆီး၍ သူ့ ကျင့်ကြံရေး မီးပြင်းဖို အဖြစ် အသုံးပြုကာ သွေးကြောကို ခိုးယူပြီး သူ့ ခန္ဓာကိုယ်အား အလင်း အမှောင် ခန္ဓာကိုယ် အဖြစ် ပြောင်းလဲရန်လည်း ဆန္ဒရှိနေသည်။
တကယ်လို့သာ အောင်မြင်သွားခဲ့လျှင် သူက မိစ္ဆာဂိုဏ်း ခြောက်ခုလုံး၏ မဟာ သူတော်စင် သားတော် တစ်ပါး သေချာပေါက် ဖြစ်လာနိုင်ပေမည်။ ထို့နောက် မိစ္ဆာဂိုဏ်း ခြောက်ခုလုံးကို ပေါင်းစည်းပြီး လူသားများ၊ မိစ္ဆာများနှင့် နတ်ဆိုးများ အားလုံးကို သူ့ထံ အညံ့ခံစေကာ ဘုရင်များ၏ ဘုရင် ဖြစ်လာရန် ဟူသော သူ့ အိပ်မက်ကို အကောင်အထည် ဖော်နိုင်ပေလိမ့်မည်။
ကျန်းမင်က မော့လင်း၏ လက်ရှိ အခြေအနေ အချက်အလက်များကို ဖတ်ရှုပြီးနောက် မပြုံးဘဲ မနေနိုင်တော့ပေ။
"တကယ်ကို ရည်မှန်းချက် ကြီးတဲ့ကောင်ပဲ"
သူ့ယခင်ဘဝက လေလုံးထွားတတ်သော ကီးဘုတ်စစ်သည်တော်များကို ပြန်လည် အမှတ်ရမိပြီး လောကကြီးအား ပေါင်းစည်းရန် ဟူသော မော့လင်း၏ ရည်မှန်းချက်ကို မထီမဲ့မြင် မပြုဘဲ မနေနိုင်တော့ချေ။
အမှန်တကယ်တွင် ကျန်းမင်က မိစ္ဆာဂိုဏ်းများကို အလွန် ရွံရှာပေသည်။ မော့လင်း၏ ကြီးမားလှသော ရည်မှန်းချက်များကို ငရဲပြည်တွင်သာ အကောင်အထည် ဖော်နိုင်စေရန် သတ်ပစ်မည်ဟု သူ့ကိုယ်သူ ပြောနေမိ၏။ သို့သော် သူ့ညီမငယ်လေးကို ဖမ်းဆီးရန် ဟူသော မော့လင်း၏ ရည်ရွယ်ချက်ကို ပြန်လည် တွေးမိချိန်တွင် စိတ်ပြောင်းသွားတော့သည်။
မော့လင်း၏ ဝိညာဉ်ကိုပါ အစအနမကျန် ဖျက်ဆီးပစ်ချင်သွားလေပြီ။
သေချာပေါက် သူက ကျိုယန်ဂိုဏ်းထဲရှိ ယင်မိစ္ဆာဂိုဏ်း၏ သူလျှိုများကိုပါ သတ်ဖြတ်ပစ်ချင်နေသည်။ သို့တိုင် ယင်မိစ္ဆာဂိုဏ်း၏ လှုပ်ရှားမှုများကို စစ်ဆေးရန်နှင့် သူတို့က ကျိုယန်ဂိုဏ်းအား တိုက်ခိုက်ရန် ဆုံးဖြတ်လာပါက ကြိုတင် သတိပေးနိုင်ရန် ထိုသူလျှိုများ လိုအပ်နေဆဲပင်။
မော့လင်း တစ်ယောက် သူ့ကိုယ်သူ မည်ကဲ့သို့ အဆင့်မြှင့်တင်ပြီး အလင်း အမှောင် ခန္ဓာကိုယ် အဖြစ် ပြောင်းလဲနိုင်မည်ကိုလည်း ကျန်းမင် စိတ်ဝင်စားနေမိသည်။
ကြယ်ဆယ်ပွင့် မွေးရာပါ ပါရမီ ရှိသော ဤပါရမီရှင်များ အကြောင်းကို သိလိုက်ရချိန်တွင် သူ တစ်ကိုယ်လုံး တုန်တက်သွား၏။ ပို၍ ပြဿနာပေးနိုင်သည်မှာ ထိုသူများက သူ့ညီမငယ်လေး အပေါ် မကောင်းသော ရည်ရွယ်ချက်များ ထားရှိနေခြင်းပင်။
ထိုအချိန်တွင် ကျန်းမင်က ခေါင်းကို ဆတ်ခနဲ လှည့်ကြည့်လိုက်သည်။ အရပ်ရှည်ပြီး ခန့်ညားသော အဘိုးအို တစ်ယောက်က သူ့ ဘေးရှိ ကြိမ်ကုလားထိုင်ပေါ်တွင် အေးအေးလူလူ ထိုင်လျက်သား ရုတ်တရက် ပေါ်လာသည်ကို မြင်လိုက်ရ၏။ သူ့ နှလုံးသား တစ်ချက် ခုန်လွဲသွားတော့သည်။ ချူယန်တောင်ထွတ်ပေါ်ရှိ ကာကွယ်ရေး အစီအရင်ကို ဖြတ်ကျော်ပြီး သူ မသိလိုက်ဘဲ ရုတ်တရက် ပေါ်လာနိုင်စွမ်း ရှိသည်ကို ထောက်ဆလျှင် ထိုအဘိုးအိုမှာ သုခဘုံအဆင့် ကျွမ်းကျင်သူ တစ်ယောက်ထက်ပင် ပိုသန်မာရမည်။
ကျန်းမင်က မတ်တပ်ထရပ်၍ သူ့ကိုယ်သူ သပ်ရပ်အောင် လုပ်ကာ နှုတ်မဆက်မီ စနစ်မှ ပေးထားသော သုံးမိနစ်စာ အနိမ အတွေ့အကြုံကတ်ကို ပြင်ဆင်ထားလိုက်သည်။
"စီနီယာ"
တစ်ချိန်တည်းမှာပင် သူ့ လူသားလမ်းစဉ် မှတ်တမ်းကို ခေါ်ထုတ်လိုက်လေပြီ။
အမည် - ထျဲ့တန် (အဘိုးအိုထျဲ့ဟု ခေါ်ဆိုကြသည်)
ကျင့်ကြံခြင်းအဆင့် - အနိမ အဆင့်
နောက်ခံ - အနန္တ ဆေးလုံးစံအိမ်၏ မဟာ အကြီးအကဲများထဲမှ တစ်ဦး
မွေးရာပါ ပါရမီ - ကြယ်ဆယ်ပွင့် (ကြယ်တာရာပေါက်ကွဲမှု မီးတောက် ခန္ဓာကိုယ်)
လက်ရှိ အခြေအနေ - အရှေ့ပိုင်းဒေသတွင် သူတော်စင် သားတော် ပိုင်ယွီ သေဆုံးသွားကြောင်း သိလိုက်ရချိန်တွင် သူ အလွန် ဒေါသထွက်သွားခဲ့သည်။ ချင်းယွင်ဂိုဏ်းမှာ အပြစ်ကင်းနိုင်မှန်း သူ သိသော်လည်း သူ့ ဖျက်ဆီးခြင်းတူကြီးကို ယူဆောင်၍ ချင်းယွင်ဂိုဏ်းအား သွားရောက် ထုရိုက်ခဲ့၏။ ချင်းယွင်ဂိုဏ်းမှာ အရှေ့ပိုင်းဒေသတွင် အသန်မာဆုံး ဖြစ်ပါလျက် သူ့ သူတော်စင် သားတော် လုံခြုံရေးကို သေချာအောင် မလုပ်နိုင်ခဲ့သောကြောင့် တပည့်များစွာကို သတ်ဖြတ်ပြီး တောင်းပန်ခြင်း အထိမ်းအမှတ် အဖြစ် လျော်ကြေး အချို့ ရယူခဲ့ပြီးနောက် သူ အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့သည်။
သို့သော် ထိပ်တန်းအဆင့် တာအိုလက်နက် တစ်ခုကိုမူ မရရှိခဲ့ပေ။ တရားခံအား တိတ်တဆိတ် စုံစမ်းစစ်ဆေးနေစဉ် ချင်းယွင်ဂိုဏ်းအား သင့်လျော်သော ရှင်းလင်းချက် ပေးရန် ဆက်လက် ဖိအားပေးနေခဲ့သည်။ ချင်းယွင်ဂိုဏ်း၏ သူတော်စင် သားတော်ကို မြင်ချိန်တွင် သူက ဖမ်းဆီးချင်ခဲ့သည်။ ကံဆိုးစွာဖြင့် ချင်းယွင်ဂိုဏ်း၏ အနိမ ကျွမ်းကျင်သူက သူ့အား တားဆီးခဲ့၏။ ထို့ကြောင့် သူက ထိုသားတော်နောက်မှနေ၍ ကျိုယန်ဂိုဏ်းဆီသို့ လိုက်ပါလာခဲ့ခြင်း ဖြစ်သည်။
ထိုနေရာသို့ ရောက်ချိန်တွင် ဖီးနစ်သွေးကြော ပါဝင်ပြီး ယန်တာအိုကို နားလည် သဘောပေါက်ထားသည့် ဇီလင်းလုံ အကြောင်း ကြားသိလိုက်ရသည်။ သူ ဝမ်းသာအားရ ဖြစ်သွားခဲ့ရ၏။ ဇီလင်းလုံမှာ မျက်မှောက်ခေတ် သူတော်စင် သမီးတော်ထက် မအားနည်းသောကြောင့် သူတို့ အနန္တ ဆေးလုံးစံအိမ်၏ တပည့် ဖြစ်သင့်သည်ဟု သူ ခံစားလိုက်ရသည်။ အခွင့်အရေးကို မဆုံးရှုံးလိုသဖြင့် အခြေအနေကို ပိုနားလည်ရန်နှင့် သူမအား လေ့ကျင့်ပေးရန် နောက်သို့ ပြန်ခေါ်သွားမည့် နည်းလမ်းများကို ရှာဖွေရန် ရောက်လာခဲ့ခြင်းပင်။
ထိုအဘိုးအိုမှာ အနန္တ ဆေးလုံးစံအိမ်မှ အနိမ ကျွမ်းကျင်သူ တစ်ယောက် ဖြစ်ကြောင်း သိလိုက်ရချိန်တွင် ကျန်းမင်၏ နှလုံးသား တစ်ချက် ခုန်လွဲသွားတော့သည်။ ကံကောင်းစွာဖြင့် အဘိုးအိုမှာ သူ့အား ကလဲ့စားချေရန် လာရောက်ခြင်း မဟုတ်မှန်း သိလိုက်ရ၏။
မည်သို့ပင်ဖြစ်စေ စနစ်တွင် ပြသထားသော လက်ရှိ အခြေအနေများကို မြင်လိုက်ရချိန်တွင် ထိုအရာက တကယ်ကို စိတ်ဝင်စားစရာ ကောင်းနေလေပြီဟု သူ တွေးလိုက်မိသည်။
သို့တိုင်အောင် အဘိုးအိုမှာ သူ့ညီမငယ်လေးအား ပစ်မှတ်ထားနေကြောင်း အမှန်တရားကို သိလိုက်ရချိန်တွင် အလွန် အကူအညီမဲ့နေသလို ခံစားလိုက်ရ၏။ တစ်ချိန်တည်းမှာပင် မည်သည့် အမူအရာမှ မပြဘဲ စိတ်ထဲမှ စဉ်းစားနေမိသည်။
'ငါ ညီမငယ်လေးကို တိုက်ရိုက် ခေါ်သွားရမလား... ဒါမှမဟုတ် ချီစွမ်းအင်ပိတ်လှောင်ခြင်း စစ်တုရင်ခုံကို သုံးပြီး သူ့ကို အလစ်အငိုက် သတ်ပစ်ရမလား... ဒါမှမဟုတ်ရင် သုံးမိနစ်စာ အနိမ အတွေ့အကြုံကတ်ကို အသုံးပြုရမလား'
End
***