ဆောင်းရာသီရဲ့ နှင်းတွေက ရွာလိုက်၊ တိတ်လိုက်နဲ့ ရက်နှစ်ဆယ်လောက် ရှိနေပြီ။ ဒီမနက်ကျမှပဲ မီးခိုးရောင် တိမ်တိုက်တွေ ကြားထဲကနေ ကြည်လင်တဲ့ အပြာရောင် ကောင်းကင်ယံကို စတင် မြင်တွေ့လိုက်ရတယ်။
ရွှေရောင် နေခြည်လင်းလင်းက တိမ်တိုက်တွေကြားကနေ ရုန်းထွက်လာပြီး ဖြူလွှလွှ နှင်းပြင်ကြီးအပေါ် စူးရှတောက်ပတဲ့ ရွှေရောင်အလင်းတန်းတွေ ဖြာကျလာတယ်။
"မင်းသားလေး... လီဆန် ထွက်သွားတာ ရက်နှစ်ဆယ်ကျော်နေပြီ။ ရေမွှေးနဲ့ မူးယစ်ချင်းကျိုး အရက်က မိဖုရားခေါင်ကြီးနဲ့ ဧကရာဇ်ရဲ့ စိတ်ကို ဖမ်းစားနိုင်ပါ့မလား" ခြံဝင်းထဲမှာ ဆန်အရက် ပေါင်းခံနေတဲ့ အစေခံတွေကို ကြီးကြပ်ရင်း လုလော့က သူမရဲ့ လက်သေးသေးလေးတွေကို ဆန့်ထုတ်ကာ ကျောက်မီးသွေးမီးဖိုမှာ လက်လှုံရင်း မေးလိုက်တယ်။
"ရက်တွက်ကြည့်ရရင် သူ မကြာခင် ပြန်ရောက်တော့မှာပါ" လို့ သက္ကလတ်စောင်ထူထူကြီး ခြုံထားတဲ့ ရှောင်မင်က ပြန်ဖြေတယ်။ ဆောင်းရာသီ ပိုနက်လာတာနဲ့အမျှ မြောက်ပိုင်းရဲ့ အအေးဒဏ်က ပိုပိုပြီး သည်းခံနိုင်စရာ မရှိအောင် ဖြစ်လာတာကိုး။
အထူးသဖြင့် ငြိမ်ငြိမ်လေး ထိုင်နေတဲ့ အချိန်မျိုးမှာ အအေးဒဏ်က မမြင်ရတဲ့ လက်တွေနဲ့ သူ့ခန္ဓာကိုယ် အနှံ့ကို လာပွတ်သပ်နေသလိုပဲ ခံစားရတယ်။
"ဟွန်း... ကျွန်မတို့ မှာလိုက်တဲ့ ပစ္စည်းတွေ ဝယ်ဖို့ မမေ့ရင် တော်သေးတာပေါ့" လို့ လုလော့က သူမရဲ့ မုယောသကြားလုံးကို စိတ်ကူးယဉ်ရင်း တိုးတိုးလေး ညည်းတယ်။
ရှောင်မင်က လုလော့ရဲ့ ခေါင်းလေးကို ခပ်ဖွဖွ ပုတ်လိုက်ပြီး "မင်းကတော့ အမြဲတမ်း စားဖို့ပဲ တွေးနေတော့တာပဲ" လို့ ပြောလိုက်တယ်။
လုလော့ တခစ်ခစ် ရယ်လိုက်ပြီး မျက်လုံးလေးတွေ လခြမ်းကွေးလေးတွေ ဖြစ်သွားတဲ့အထိ ပြုံးသွားတယ်။ လီဆန် ပြန်လာမယ့်ရက်ကို မျှော်လင့်ရင်း သွားရည်ကျနေတဲ့ ပုံစံလေးပဲ။
ရှောင်မင်က ကိုယ်ပေါ်က သက္ကလတ်စောင်ကို တင်းတင်းလေး ဆွဲခြုံလိုက်ပြီး တာယွီနိုင်ငံတော်ကြီးရဲ့ နိုင်ငံရေးနဲ့ စီးပွားရေး ဗဟိုချက်ဖြစ်တဲ့ ချန်အန်းမြို့တော် ရှိရာဘက်ကို လှမ်းကြည့်လိုက်တယ်။ ချန်အန်းမှာ နေတဲ့သူတွေထဲက စိတ်ထားကောင်းတဲ့သူ ရှားတယ်ဆိုတာ ငတုံးတောင် ခန့်မှန်းလို့ ရတယ်လေ။
လီဆန် တစ်ယောက် သတင်းကောင်းတွေ ယူလာပေးဖို့နဲ့ ပြဿနာ ကြီးကြီးမားမားတွေ မရှာမိဖို့ပဲ သူ မျှော်လင့်နေတော့တယ်။
လီဆန်ဆီက သတင်းမရသေးပေမဲ့ ချင်မု ဆီက သတင်းကတော့ အမြန်ရောက်လာတယ်။ မူးယစ်ချင်းကျိုး အရက်က ချန်အန်းမှာ တကယ့်ကို ဟိုးလေးတကျော် ဖြစ်သွားခဲ့ပြီ။ ပညာရှိတွေ၊ ကုန်သည်တွေ၊ မှူးမတ်တွေ အကုန်လုံးက မြည်းစမ်းကြည့်ပြီးတာနဲ့ ဝယ်ချင်လွန်းလို့ အလုအယက် ဖြစ်နေကြတာ။
မူးယစ်ချင်းကျိုး ရဲ့ ဈေးနှုန်းက ငွေနှစ်ဆယ်တုံး ဈေးပေါက်တဲ့ သမီးကညာအရက် (နူအာဟုန်) ကိုတောင် အမြန်ကျော်တက်သွားပြီး တစ်အိုးကို ငွေလေးဆယ်တုံးအထိ နှစ်ဆ ခုန်တက်သွားတယ်။
အဲဒီလောက် ဈေးပေးရတာတောင် မူးယစ်ချင်းကျိုး က ပစ္စည်းပြတ်နေတယ်။ ရှောင်မင်က အိုးတစ်ရာပဲ ပေါင်းခံပေးလိုက်တာကိုး။
ဆက်မစောင့်နိုင်တော့တဲ့ ချင်မု က မြင်းမြန်သည်တော်လွှတ်ပြီး သတင်းပို့လိုက်တာ ချင်းကျိုးကို ငါးရက်တည်းနဲ့ ရောက်လာတယ်။ ဒီသတင်းကို ကြားတာနဲ့ ချင်ချွမ်ယွင် က ရှောင်မင်ဆီ ကိုယ်တိုင်လာလည်ပြီး မူးယစ်ချင်းကျိုး အထွက်တိုးပေးဖို့ တောင်းဆိုခဲ့တယ်။ ပြီးတော့ ကုန်ကြမ်းဈေးကိုလည်း တစ်အိုးကို ငွေသုံးဆယ်တုံးအထိ တိုးပေးမယ်လို့ ကတိပေးခဲ့တယ်။
တစ်အိုးကို ငွေဆယ်တုံး အမြတ်ရတာက မြေခွေးအိုကြီး ချင်ချွမ်ယွင် ကို ရှောင်မင်နဲ့ ပူးပေါင်းရတဲ့ အကျိုးကျေးဇူးတွေကို နက်နက်ရှိုင်းရှိုင်း သဘောပေါက်သွားစေတယ်။ သဘောကောင်းကြောင်း ပြသတဲ့အနေနဲ့ ကျန်း မိသားစုရဲ့ သင်္ဘောကျင်းကိုပါ ရှောင်မင်ဆီ လွှဲပြောင်းပေးအပ်ခဲ့တယ်။ ဒါက ရှင်းလင်းပြတ်သားတဲ့ အကျိုးစီးပွား ဖလှယ်မှုပဲလေ။
နယ်မြေကို အရေးတကြီး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့ လိုအပ်နေတော့ ရှောင်မင် အလိုအပ်ဆုံးက ငွေပဲ။ ဒီလို ကမ်းလှမ်းမှုကို သူက ဘယ်ငြင်းပါ့မလဲ။
သူက ချန်ချီကို ပေါင်းခံစက် ကိုးလုံး ထပ်ထုတ်ခိုင်းလိုက်ပြီး ချီမင်းသား အိမ်တော်က ဘေးဆောင်တစ်ခုကို စက်ရုံငယ်လေး တစ်ခုအဖြစ် ပြောင်းလဲလိုက်တယ်။ မူးယစ်ချင်းကျိုး ထုတ်လုပ်မှုက တစ်နေ့ကို ဆယ်အိုးကနေ အိုးတစ်ရာအထိ တိုးလာတယ်။
ဒီပမာဏထက်တော့ ရှောင်မင် ထပ်မချဲ့ရဲတော့ဘူး။ အစိမ်းရောင် ဆန်အရက်တွေ လိုအပ်လို့ အရက်ချက်ဖို့ ဆန်စပါးတွေ အမြောက်အမြား လိုက်ဝယ်ရတဲ့အတွက် အခြေခံ စားသောက်ကုန် ဈေးနှုန်းတွေက သိသိသာသာ တက်လာတယ်။ ထုတ်လုပ်မှုကို ဒီထက် ထပ်တိုးလိုက်ရင် သာမန်ပြည်သူတွေရဲ့ ဘဝက ပိုပြီး ခက်ခဲသွားလိမ့်မယ်။
ဒီဆောင်းတွင်းက ပြည်သူတွေအတွက် ခက်ခဲနေပြီးသားလေ။ သူတို့ရဲ့ အရှင်သခင်၊ ပြည်နယ်ခြောက်ခုရဲ့ မိဘတစ်ပါး အနေနဲ့ ရှောင်မင်က သူတို့ရဲ့ ကောင်းကျိုးကို ထည့်သွင်း စဉ်းစားရမှာပဲ။
ဒါကြောင့် အစိုးရပိုင် အရက်ချက်စက်ရုံ တစ်ခု တည်ထောင်ဖို့ သူ စီစဉ်လိုက်တယ်။ ဒါပေမဲ့ ကုန်ကြမ်းစပါးကို သူ့နယ်မြေထဲက မဝယ်ဘဲ စပါးပိုလျှံတဲ့ တခြားဒေသတွေကနေ ဝယ်ဖို့ပေါ့။
သူ့နယ်မြေက ပြည်သူတွေဆီမှာ စပါး လုံလုံလောက်လောက် ရှိပြီဆိုတော့မှ ဒေသတွင်း စီးပွားရေး တိုးတက်လာအောင် ဒေသတွင်းကနေ ပြန်ဝယ်မယ်လို့ ရည်ရွယ်ထားတယ်။
"ဒါနဲ့ စကားမစပ် မင်းသားလေး... ဒီမနက် မမကျီယွမ် ဟိုင်ကျိုး ကို သွားတုန်းက ကျွန်မတို့ အိမ်တော်မှာ လူအင်အား လိုအပ်နေတယ်လို့ ပြောသွားတယ်။ ကျေးကျွန် တချို့လောက် ဝယ်သင့်မဝယ်သင့် မင်းသားလေးကို မေးပေးပါလို့ မှာသွားတယ်" တစ်ခုခုကို သတိရသွားတဲ့ လုလော့က ရုတ်တရက် ပြောလိုက်တယ်။
ကျီယွမ်ကို ရှောင်မင်က လယ်ထွန်နွားတွေ သွားဝယ်ဖို့ ဝေ့မင်းသား ရဲ့ နယ်မြေဆီ လွှတ်လိုက်တာလေ။
နယ်မြေထဲက အိမ်ထောင်စု ငါးသန်းနဲ့ ယှဉ်ရင် လယ်ထွန်နွား လိုအပ်ချက်က အရမ်းကြီးမားလွန်းတယ်။ နွေဦးပေါက်ဖို့ သုံးလပဲ လိုတော့တာမို့ စိုက်ပျိုးရေးသုံး ပစ္စည်းတွေ အဆင်သင့် မဖြစ်သေးရင် နောက်နှစ် အသီးအနှံ အထွက်နှုန်းကို သေချာပေါက် ထိခိုက်လိမ့်မယ်။
မြေခွေးအိုကြီး ဝေ့မင်းသားက ရှောင်မင်ရဲ့ လိုအပ်ချက်ကို ရိပ်မိသွားပုံရပြီး လယ်ထွန်နွား တစ်ကောင်ကို ငွေသုံးတုံး ဈေးတင်လိုက်တယ်။ အခု လယ်ထွန်နွား တစ်ကောင်ကို ငွေနှစ်ဆယ်တုံး ပေါက်နေလို့ ရှောင်မင် ခေါင်းခဲနေရတာ။
တခြားနေရာတွေကနေ နွားဝယ်ဖို့ သူ စဉ်းစားခဲ့သေးပေမဲ့၊ အလှမ်းဝေးလွန်းတာရယ်၊ သယ်ယူပို့ဆောင်ရေး အန္တရာယ်တွေရယ်ကြောင့် အဆင်မပြေခဲ့ဘူး။
"ဝယ်မယ်" ရှောင်မင်က ပြတ်ပြတ်သားသားပဲ ပြောလိုက်တယ်။
လီဆန် မရှိတဲ့အချိန်မှာ ရှောင်မင်က ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စတွေကို စဉ်းစားနေခဲ့တာ။ ဒီလို နည်းပညာ နောက်ကျတဲ့ ခေတ်ကြီးမှာ လူဆိုတာ ထုတ်လုပ်ရေး အရင်းအမြစ်တစ်ခုပဲလေ။ အရင်က လူရိုင်းတွေနဲ့ ဖြစ်ခဲ့တဲ့ စစ်ပွဲတွေမှာဆို တိုက်ပွဲတော်တော်များများရဲ့ ရည်ရွယ်ချက်က ကျေးကျွန်တွေ ဖမ်းဆီးဖို့ပဲ။
ဘာလို့လဲဆိုတော့ ဒီကျေးကျွန်တွေကို လုပ်သားအင်အားအဖြစ် ပြောင်းလဲနိုင်ပြီး ထုတ်လုပ်မှုကို အများကြီး တိုးတက်စေနိုင်လို့ပဲ။
အခု ရှောင်မင်လည်း အဲဒီပြဿနာနဲ့ ရင်ဆိုင်နေရတာ... ရန်ပုံငွေ မရှိတာနဲ့ လုပ်သားအင်အား ရှားပါးတာပဲ။
နယ်မြေရဲ့ အကန့်အသတ်ရှိတဲ့ အရင်းအမြစ်တွေအရ လူဦးရေ လေးငါးသန်းလောက်ကို စိုက်ပျိုးရေး ပြန်လည် ထူထောင်ဖို့လောက်ပဲ သုံးလို့ရပြီး၊ အလုပ်ရုံတွေအတွက်ကျတော့ အလုပ်သမား အမြောက်အမြား လိုအပ်နေတယ်။
ခေတ်သစ် အနောက်နိုင်ငံတွေရဲ့ စက်မှုလုပ်ငန်း ထွန်းကားစ အစောပိုင်း ကာလတွေမှာဆိုရင် ချမ်းသာကြွယ်ဝမှု စုဆောင်းခြင်းရဲ့ အစိတ်အပိုင်း တော်တော်များများက လူမည်းကျေးကျွန် အရောင်းအဝယ် ကနေ လာတာ။ အဲဒီကာလအတွင်း လူမည်းကျေးကျွန် သန်းနှစ်ဆယ်လောက် အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ အကြမ်းဖျင်း ခန့်မှန်းကြတယ်။
အဲဒါကလည်း အရင်းရှင်ကမ္ဘာကြီး လျင်လျင်မြန်မြန် ကြီးထွားလာရတဲ့ အကြောင်းရင်းတွေထဲက တစ်ခုပဲ။
ရှောင်မင်က သူ့မှာ ကောင်းကောင်းမွန်မွန် သင်္ဘောတစ်စင်းတောင် မရှိသေးလို့ လူမည်းကျေးကျွန် အရောင်းအဝယ်မှာ မပါဝင်နိုင်သေးဘူး ဆိုတာကို သိတယ်။ တစ်ချိန်တည်းမှာပဲ သူ့မှာ ကယ်တင်ရှင်ကြီး ဝင်လုပ်ချင်တဲ့ စိတ်မျိုးလည်း မရှိဘူး။
ဒီခေတ်ကြီးမှာ နေထိုင်ရတဲ့အတွက် ခေတ်ရဲ့ ဥပဒေသတွေနဲ့အညီ ပြုမူရမှာပဲ။ ဒါကြောင့် ကျေးကျွန် အရောင်းအဝယ်ကို သူ မကန့်ကွက်ဘူး။ သူ့အတွက်တော့ ဒါက သူ့နယ်မြေ ပြန်လည် ထူထောင်ရေးအတွက် မရှိမဖြစ် လိုအပ်တဲ့ အခြေအနေ တစ်ခုတောင် ဖြစ်နေသေးတယ်။
"မင်းသားလေး ကျေးကျွန်ဝယ်ချင်တယ်ဆိုရင် ချင်းကျိုးမြို့ထဲမှာ ကျေးကျွန်ကုန်သည် တစ်ယောက် ရှိတယ်လို့ မမကျီယွမ် ပြောသွားတယ်။ အရှေ့ဈေးမှာ သူ့ရဲ့ ကျေးကျွန်ဈေး ရှိတယ်တဲ့" လို့ လုလော့က ဖြည့်ပြောတယ်။
ရှောင်မင် စိတ်အားတက်ကြွသွားတယ်။ ကျီယွမ်သာ ဒါကို မပြောခဲ့ရင် ကျေးကျွန်ကိစ္စက နောက်ကျသွားနိုင်တယ်။ သူက "ကျီယွမ်က အမြဲတမ်း တွေးတွေးဆဆ လုပ်တတ်တယ်။ ကျောက်လုံနဲ့ ကျောက်ဟုကို အရှေ့ဈေး သွားပြီး အဲဒီ ကျေးကျွန်ကုန်သည်ကို ဒီခေါ်လာခဲ့ခိုင်းလိုက်" လို့ ပြောလိုက်တယ်။
အခုဆို ရှောင်မင်က သူ့ရဲ့ အခန်းကဏ္ဍနဲ့ တဖြည်းဖြည်း အသားကျလာပြီဖြစ်ပြီး သူ့နယ်မြေမှာ သူက အမြင့်ဆုံး အာဏာပိုင် ဆိုတာကို အပြည့်အဝ သဘောပေါက်နေပြီ။
ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်မြှင့်ဖို့အတွက် သူ့ရဲ့ နယ်စားပယ်စား အခွင့်ထူးတွေကို လိုက်လျောညီထွေစွာ အသုံးချရမယ်လေ။
လုလော့က အမိန့်ကို နာခံပြီး ကျောက်လုံနဲ့ ကျောက်ဟုကို သွားရှာတယ်။ နာရီဝက်လောက် ကြာတော့ မျက်လုံးကလယ်ကလယ်နဲ့ လူတစ်ယောက်ကို ချီမင်းသား အိမ်တော်ဆီ ခေါ်လာကြတယ်။
"သာမန်ပြည်သူ လျန်တာ့ဟိုင် ကျွန်တော်မျိုး ချီမင်းသားကို ဂါရဝပြုပါတယ် ဘုရား" လျန်တာ့ဟိုင် က အသက်ပြင်းပြင်းတောင် မရှူရဲဘဲ ရိုရိုသေသေ အရိုအသေပေးလိုက်တယ်။
ကျောက်လုံနဲ့ ကျောက်ဟု ပေါ်လာတုန်းက အမှုထမ်းလူတွေ သူ့ကို လာဖမ်းတယ်ထင်ပြီး သူ အရမ်း လန့်သွားခဲ့တာ။ ဘာပဲဖြစ်ဖြစ် ကျေးကျွန် အရောင်းအဝယ် လုပ်တဲ့သူထဲမှာ ဘယ်သူမှ ရိုးရိုးရှင်းရှင်း မရှိဘူးလေ။
"တရိုတသေတွေ လုပ်မနေပါနဲ့။ မင်းက လျန်တာ့ဟိုင် ဆိုတာလား" ရှောင်မင်က ပင်မဆောင်မှာ မတ်မတ်ထိုင်နေပြီး မီးဖိုက ထွက်လာတဲ့ အနီရောင် မီးတောက်တွေက သူ့မျက်နှာ တစ်ဝက်ကို လင်းထိန်နေစေတယ်။
"မှန်လှပါ" လျန်တာ့ဟိုင် က သတိထားပြီး ပြန်ဖြေရင်း ရှောင်မင်ကို တစ်ချက် ခိုးကြည့်လိုက်တယ်။
ရှောင်မင်က တည်ကြည်တဲ့ လေသံနဲ့ "မင်းကို ဒီခေါ်လာတာ အကြောင်းရင်း တစ်ခုတည်း ရှိတယ်။ မင်းရဲ့ စီးပွားရေး ကိစ္စအတွက်ပဲ" လို့ ပြောလိုက်တယ်။
လျန်တာ့ဟိုင် ရဲ့ မျက်နှာက ဖြူလျော့သွားပြီး ချက်ချင်းပဲ မြေကြီးပေါ် ဒူးထောက်ချလိုက်တယ်။ "မင်းသားလေး ... ကျွန်တော်မျိုး ရောင်းတဲ့ ကျေးကျွန်တွေက သဘောဆန္ဒအရ ဒါမှမဟုတ် တခြားနေရာကနေ ဝယ်လာတာတွေချည်းပါပဲ။ တစ်ယောက်ချင်းစီအတွက် အရောင်းအဝယ် စာချုပ်တွေ ရှိပါတယ်။ တစ်ယောက်မှ ပြန်ပေးဆွဲလာတာ မဟုတ်ပါဘူး"
အပိုင်း ( ၄၂ ) ပြီးဆုံး
***