လီဆန် ပြန်ရောက်ပြီး နောက်တစ်နေ့မှာပဲ နန်းတော်က ချပေးတဲ့ ရန်ပုံငွေ ချင်းကျိုးကို ရောက်လာတယ်။ နန်းတော်က ငွေတွေရယ်၊ ကိုယ်လုပ်တော်တွေဆီက စပေါ်ငွေတွေရယ် ပေါင်းလိုက်တော့ အခု ရှောင်မင် လက်အောက်မှာ အသုံးစရိတ် ငွေငါးသိန်းတိတိ ရှိနေပြီ။
ချင်းကျိုးမှာတော့ ဒါက ဧရာမ ပမာဏကြီး တစ်ခု ဖြစ်ပေမဲ့၊ ရှောင်မင်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်တွေအတွက်ကတော့ ပင်လယ်ထဲ ရေတစ်စက် ချလိုက်သလိုပါပဲ။
ဒါ့အပြင် ငွေနှစ်သိန်းက ကိုယ်လုပ်တော်တွေဆီက ရေမွှေး အော်ဒါအတွက် စပေါ်ငွေတွေ ဖြစ်နေတော့၊ အဲဒီအထဲက အများစုကို ထုတ်လုပ်ရေးအတွက် ကုန်ကြမ်းဝယ်ဖို့ သုံးရမှာမို့ တကယ့်တကယ် သုံးနိုင်တဲ့ ငွေပမာဏက လျော့သွားပြန်ရော။
ရှောင်မင်က တခြား ဘယ်သူ့ကိုမှ ရေမွှေးရောင်းခွင့် ပေးဖို့ စိတ်ကူးမရှိဘူး။ ချင်းကျိုးက အထက်တန်းလွှာတွေကို သွေးခွဲပြီး ထိန်းချုပ်ဖို့အတွက် တချို့ စီးပွားရေး လုပ်ငန်းတွေကို ခွဲဝေပေးဖို့ ဆန္ဒရှိပေမဲ့၊ အကျိုးအမြတ် အများဆုံး ရနိုင်မယ့် တချို့ လုပ်ငန်းတွေကိုတော့ သူ့ရဲ့ တိုက်ရိုက် ထိန်းချုပ်မှုအောက်မှာပဲ ထားရှိဖို့ လိုအပ်တယ်လေ။
အထူးသဖြင့် ကုန်သွယ်ရေး ထွန်းကားပြီး စည်ကားတဲ့ တောင်ပိုင်း ဒေသတွေမှာဆိုရင် ကုန်သွယ်ရေးက ချမ်းသာကြွယ်ဝမှု ရဖို့ အမြန်ဆုံး နည်းလမ်းပဲ။ သူ့ဆီမှာ ရှိနေတဲ့ နည်းပညာ အသာစီးရမှုနဲ့ဆိုရင် ကိုယ်ပိုင် ကုန်သည်အသင်း တစ်ခု တည်ထောင်ဖို့ သူ ကြံစည်နေတာ ကြာလှပြီ။
ကျန်းလျန်ကို သင်္ဘောဆောက်ခိုင်းရတဲ့ တကယ့် အကြောင်းရင်းကလည်း ကုန်သွယ်ရေးအတွက်ပဲ... နိုင်ငံတစ်နိုင်ငံ ကြီးပွားတိုးတက်ဖို့အတွက် ကုန်သွယ်ရေးက သော့ချက်ဆိုတာ သမိုင်းက အကြိမ်ကြိမ် သက်သေပြခဲ့ပြီးသားပဲလေ။
"သတ္တိခဲ မြင်းတပ်ဖွဲ့က တပ်မှူး လီခိုင်ယွမ် မင်းသားလေးကို ဂါရဝပြုပါတယ်"
ချီမင်းသား အိမ်တော်ရဲ့ ပင်မဆောင်မှာ လီခိုင်ယွမ် က အောက်ဘက်မှာ ရပ်ပြီး ရှောင်မင်ကို ရိုရိုသေသေ အရိုအသေပေးလိုက်တယ်။
အခု လက်ထဲမှာ ငွေရှိနေပြီဆိုတော့ ရှောင်မင်ရဲ့ ကုန်သည်အသင်း တည်ထောင်ချင်တဲ့ ဆန္ဒက ပိုပြီး ပြင်းပြလာပြီ။ ဒါပေမဲ့ ဘယ်သူ့ကို ဦးဆောင်ခိုင်းရမလဲ ဆိုတာ သူ တော်တော်လေး စဉ်းစားခဲ့ရတယ်... အခုအချိန်အထိပေါ့။
သူ ယုံကြည်ရတဲ့ ချန်တာ့ဖူ နဲ့ ချန်ဝမ်လုံ မိသားစုလို အရာရှိတွေက သူ့ရဲ့ လူယုံတွေ ဖြစ်ရင်ဖြစ်၊ ဒါမှမဟုတ် ဒေသတွင်း အဆက်အသွယ် မရှိသူတွေ ဖြစ်နေလို့ အထက်တန်းလွှာတွေရဲ့ သြဇာလွှမ်းမိုးမှုကို ကာကွယ်ဖို့ အသင့်တော်ဆုံး ဖြစ်နေတယ်။
လီခိုင်ယွမ် ကိုတော့ ချန်တာ့ဖူ က စုံစမ်းပြီးသား... သူ့မှာ အင်အားကြီးတဲ့ နောက်ခံမရှိသလို၊ ချင်းကျိုး အထက်တန်းလွှာတွေနဲ့လည်း နက်နက်ရှိုင်းရှိုင်း ပတ်သက်မှု မရှိဘူး။ သူ့ရဲ့ ပွင့်လင်းတဲ့ စရိုက်၊ ဉာဏ်ကောင်းပြီး အခြေအနေနဲ့ လိုက်လျောညီထွေ နေတတ်တဲ့ သဘာဝက စစ်ဘက်ရေးရာထက် စီးပွားရေးနဲ့ အများကြီး ပိုပြီး ကိုက်ညီနေတယ်။
"ထတော့" ရှောင်မင်က ပြောလိုက်တယ်။ "မင်းအတွက် အရေးကြီးတဲ့ တာဝန်တစ်ခု ရှိတယ်"
လီခိုင်ယွမ် က ပြုံးပြီး "မင်းသားလေး... အမိန့်ရှိပါ။ အသေခံပြီး အလုပ်အကျွေး ပြုပါ့မယ်" လို့ ပြောတယ်။
သူ့စရိုက်ကို ကောင်းကောင်းသိတဲ့ ရှောင်မင်က ဖားယားတဲ့ စကားတွေကို လျစ်လျူရှုလိုက်ပြီး "ငါ ကုန်သည်အသင်း တစ်ခု တည်ထောင်တော့မယ်၊ မင်းကို အဲဒီအသင်းရဲ့ ခေါင်းဆောင် ဖြစ်စေချင်တယ်" လို့ ပြောလိုက်တယ်။
လီခိုင်ယွမ် ရဲ့ မျက်နှာက ချက်ချင်း ဖြူလျော့သွားတယ်။ "မင်းသားလေး... လူရိုင်းတွေနဲ့ တိုက်ပွဲမှာ ကျွန်တော်မျိုး ကျရှုံးခဲ့တာတွေကို ပြန်လည် သုံးသပ်ပြီးပါပြီး..."
ရှောင်မင်က လက်ကာပြလိုက်တယ်။ "ဒါက အပြစ်ပေးတာ မဟုတ်ဘူး။ ဖြစ်ခဲ့တဲ့ ကိစ္စအတွက် မင်းကို ငါ အပြစ်မတင်ပါဘူး။ မင်းရဲ့ စစ်ဘက်ရာထူးကို ဆက်ထားခွင့်ပေးမယ်၊ ဒါပေမဲ့ ကုန်သည်အသင်း အတွက်ပါ တာဝန်ယူရမယ်။ ငါ မှတ်မိသလောက်ဆိုရင် မင်းအဖေ လီရှန်ကျိ က ချင်းကျိုးမှာ ကုန်သည် လုပ်ခဲ့တာ မဟုတ်လား"
လီခိုင်ယွမ် မျက်နှာမဲ့သွားတယ်။ တာယွီနိုင်ငံတော်ကြီးမှာ လွန်ခဲ့တဲ့ ရာစုနှစ်တစ်ခုလောက်အတွင်း ကုန်သွယ်ရေးကို နည်းနည်း အသိအမှတ် ပြုလာကြတယ် ဆိုပေမဲ့၊ ရိုးရာ စိုက်ပျိုးရေးကိုပဲ အဓိကထားတဲ့ အမြင်တွေကြောင့် ကုန်သည်တွေကို အနှိမ်ခံ လူတန်းစားအဖြစ် သတ်မှတ်ထားဆဲပဲ။
သူ့အဖေက ရှောင်မင်ဆီကနေ စစ်ဘက်ရာထူးကို ငွေအများကြီးပေးပြီး ဝယ်ပေးခဲ့လို့သာ သူ အရာရှိ ဖြစ်လာခဲ့တာ။
ဒါကြောင့်လည်း လူဖေး က သူ့ကို အမြဲတမ်း အထင်သေးခဲ့တာပေါ့။
အခု ရှောင်မင်က သူ့ကို စစ်အရာရှိ မလုပ်ခိုင်းဘဲ ကုန်သည် လုပ်ခိုင်းနေတာက သူ့အတွက်တော့ အရှက်ရစရာပဲ။ ဒါပေမဲ့ စစ်ဘက်ရာထူး ဆက်ထားခွင့် ရမယ်ဆိုတော့ သူ နည်းနည်းတော့ စိတ်သက်သာရာ ရသွားတယ်။
"မင်းသားလေး ပြောတာ မှန်ပါတယ်" လီခိုင်ယွမ် ဝန်ခံလိုက်တယ်။ "အဖေ မဆုံးပါးခင်က ခရိုင်အသီးသီးကို အထည်အလိပ်တွေ ရောင်းချခဲ့ပါတယ်"
သူ တွန့်ဆုတ်နေတာကို မြင်တော့ ရှောင်မင်က "မင်း သိပ်မပျော်ဘူး ဆိုတာ ငါသိပါတယ်။ ဒါပေမဲ့ ဒါကို နားလည်ထား... ဒီကုန်သည်အသင်းက အစိုးရပိုင် လုပ်ငန်းပဲ။ ကုန်သွယ်ရေး လုပ်ငန်း ဆိုပေမဲ့ အစိုးရပိုင်ဖြစ်ပြီး၊ မင်းကလည်း အစိုးရ အရာရှိ ဖြစ်နေဦးမှာပဲ။ မင်းက တပ်ဖွဲ့မှာပဲ ဆက်နေမယ်လို့ အတင်းအကြပ် လုပ်နေရင် တခြားလူ ရှာလို့ရပါတယ်။ ဒါပေမဲ့ မင်းကို ကြိုသတိပေးရမယ်... ဆောင်းတွင်း အရမ်းအေးလို့ မြောက်ပိုင်း မြက်ခင်းပြင်က တိရစ္ဆာန်တွေ အများကြီး သေကုန်ပြီလို့ လူဖေး မကြာသေးခင်ကမှ သတင်းပို့ထားတယ်။ ဒီဆောင်းတွင်း လူရိုင်းတွေ တောင်ပိုင်းကို ဝင်တိုက်ဖို့ ရာခိုင်နှုန်း တော်တော် များတယ်နော်..."
"မင်းသားလေး! ကျွန်တော်မျိုး လက်ခံပါတယ်"
လီခိုင်ယွမ် တစ်ယောက် တုန်သွားတယ်။ သူက မိသားစုမှာ တစ်ဦးတည်းသော သားလေ။ ကုန်သည်ဆိုပြီး အနှိမ်ခံရမယ့် ဘဝနဲ့ လူရိုင်းတွေနဲ့ တိုက်ပွဲမှာ အသေခံရမယ့် ဘဝ နှစ်ခုထဲက ရွေးရမယ်ဆိုရင် သူက ပထမတစ်ခုကိုပဲ ရွေးမှာပေါ့။
ရှောင်မင်က မဲ့ပြုံး ပြုံးလိုက်ပြီး သူ့ပခုံးကို ပုတ်တယ်။ "အခုမှ မင်း မှန်မှန်ကန်ကန် တွေးတတ်တော့တယ်။ အောင်မြင်မှုရဲ့ သော့ချက်က လူမှန် နေရာမှန် သုံးတတ်ဖို့ပဲ... ပြီးတော့ မင်းက တပ်ဖွဲ့နဲ့ မသင့်တော်ဘူး။ လာ... ကုန်သည်အသင်းကို ဘယ်လို တည်ထောင်ကြမလဲ ဆိုတာ ဆွေးနွေးကြတာပေါ့"
လီခိုင်ယွမ် သက်ပြင်းချလိုက်ပြီး နားထောင်ဖို့ အနားကို တိုးသွားတယ်။
ကုန်သည်အသင်းက တရားဝင် အနေနဲ့ ချီမင်းသားရဲ့ နာမည်အောက်မှာ လည်ပတ်မှာ ဖြစ်လို့၊ တိုင်းပြည်အနှံ့ လုံခြုံချောမွေ့စွာ သွားလာနိုင်မှာ ဖြစ်သလို အကျင့်ပျက် ဒေသခံ အရာရှိတွေရဲ့ အန္တရာယ်ကနေလည်း အကာအကွယ် ရမှာ။
အသင်းရဲ့ နာမည်က "ဝမ်ထုံ ကုန်သည်အသင်း" (Wongtong Merchant Guild) လို့ ပေးထားတယ်။ ပင်လယ်ရေကြောင်း ကုန်သွယ်ရေးအတွက် ကုန်တင်သင်္ဘောငယ် ငါးစင်းနဲ့၊ ကုန်းလမ်း ကုန်သွယ်ရေးအတွက် ကုန်သည်ယာဉ်တန်း ဆယ်တန်း ဝယ်ယူဖို့ ရှောင်မင်က ငွေငါးသောင်း ချပေးလိုက်တယ်။
လောလောဆယ်တော့ ဒါက အသေးစား လုပ်ငန်းလေး တစ်ခုသာ ဖြစ်ပေမဲ့ ကြီးကျယ်ခမ်းနားတဲ့ ကြိုးပမ်းမှု တိုင်းက အစပြုရာ နေရာတစ်ခုတော့ ရှိစမြဲပဲလေ။
ထောက်ပံ့ပို့ဆောင်ရေး အပိုင်းအပြင်၊ ရှောင်မင်က လီခိုင်ယွမ်ကို ခေတ်သစ် စီးပွားရေး အယူအဆတွေ မိတ်ဆက်ပေးခဲ့ပြီး၊ ဒီအဆင့်မြင့် ဗျူဟာတွေကို မြန်မြန်ဆန်ဆန် နားလည် သဘောပေါက်နိုင်အောင် နည်းပညာ အသိပညာ သလင်းကျောက် ကိုပါ အသုံးပြုခဲ့တယ်။
လီခိုင်ယွမ်ရဲ့ မိသားစုက ကုန်သည် နောက်ခံရှိတော့ စီးပွားရေးနဲ့ ပတ်သက်ပြီး အခြေခံ အသိလေးတော့ ရှိတယ်... အခု သင်ပေးလိုက်တာတွေက မြူခိုးတွေကို ဖယ်ရှားလိုက်သလို ဖြစ်သွားပြီး၊ သူ့ကို အမြင်ရှင်းလင်းသွားစေသလို ရည်မှန်းချက်တွေလည်း ကြီးမားလာစေတယ်။
"မင်း ပထမဆုံး ကိုင်တွယ်ရမယ့် ထုတ်ကုန်က ရေမွှေးပဲ" လို့ ရှောင်မင်က ညွှန်ကြားတယ်။ "အဲဒါကို ရေကြောင်းကနေ တောင်ပိုင်းကို ပို့ရမယ်... ခရိုင်ကြီးတွေဆီ တိုက်ရိုက် သွားရောင်း"
အသစ်ရလိုက်တဲ့ အသိပညာတွေကြောင့် စိတ်လှုပ်ရှားနေတဲ့ လီခိုင်ယွမ် တစ်ယောက် ဝမ်းသာလုံး ဆို့နေတယ်။
"မင်းသားလေး... တပ်ဖွဲ့ထဲမှာ ကျွန်တော် ယုံကြည်ရတဲ့ သူငယ်ချင်းတွေ ရှိပါတယ်။ သူတို့ကို ခေါ်သွားလို့ ရမလား"
"ရပါတယ်... မင်း ခေါ်ချင်တဲ့သူ အကုန်ခေါ်သွားလို့ ရတယ်။ လူဖေး ကလွဲလို့ပေါ့" ရှောင်မင်က နောက်ပြောင်လိုက်တယ်။
လီခိုင်ယွမ် ခေါင်းညိတ်ပြီး အရိုအသေပေးကာ ကုန်သည်အသင်းကို စတင် ဖွဲ့စည်းဖို့ ထွက်သွားတော့တယ်။
လီခိုင်ယွမ် ထွက်သွားပြီးတာနဲ့ ချန်တာ့ဖူ ခေါ်လာတဲ့ လျန်တာ့ဟိုင် ပင်မဆောင်ထဲ ဝင်လာတယ်။
ရှောင်မင်က ချက်ချင်းပဲ "လျန်တာ့ဟိုင်... ကျေးကျွန်ဝယ်တဲ့ ကိစ္စ ဘယ်လိုနေလဲ" လို့ မေးလိုက်တယ်။
"မင်းသားလေး... လုပ်ငန်းစဉ်ကတော့ ခက်ခဲပါတယ်။ ဒါပေမဲ့ ရနိုင်သမျှ အဆက်အသွယ် အကုန်လုံးကို စုဆောင်းထားပါတယ်။ ဒီတစ်ခေါက် မင်းသားလေးအတွက် ကျေးကျွန် ၉၅၀ ရထားပါတယ်။ လမ်းတွေ ရှင်းသွားတာနဲ့ မြောက်ပိုင်းကို သွားပြီး ထပ်ဝယ်ဖို့ စီစဉ်ထားပါတယ်"
ကျေးကျွန် ၉၅၀ ဆိုတာ အရမ်းကို နည်းလွန်းသေးတယ် ဆိုပေမဲ့၊ ဒါက အစပဲ ရှိသေးတာလေ။ နောက်ဆုံးမှာတော့ သင်္ဘောတည်ဆောက်ရေးနဲ့ ပင်လယ်ရပ်ခြား ကုန်သွယ်ရေးကသာ လုပ်သားအင်အား အမြောက်အမြား ရဖို့ သော့ချက် ဖြစ်လာမှာ။
"ကောင်းတယ်။ ကျေးကျွန်တွေ ဆက်ဝယ်ပါ... မင်းကို ဆုကြေး အများကြီး ချပေးမယ်" ရှောင်မင်က ချန်တာ့ဖူ ကို တစ်ချက်ကြည့်ပြီး အချက်ပြလိုက်တယ်။
ချန်တာ့ဖူ က ရှေ့ထွက်လာပြီး လျန်တာ့ဟိုင် ကို ငွေစက္ကူ နှစ်သောင်း ပေးလိုက်တယ်။
"မင်းသားလေး... ဒါက... တကယ့်ကို များပြားလွန်းပါတယ်" လျန်တာ့ဟိုင် က ဝမ်းသာအားရနဲ့ ပြောတယ်။ ဒီလောက်ကြီးမားပြီး လွယ်ကူတဲ့ အရောင်းအဝယ်မျိုး သူ တစ်ခါမှ မလုပ်ဖူးဘူးလေ။
"ဒါကို နောက်တစ်သုတ် ကျေးကျွန်တွေအတွက် စပေါ်ငွေလို့ သတ်မှတ်လိုက်ပါ" လို့ ရှောင်မင်က ပြန်ဖြေတယ်။ "အခု ကျေးကျွန်တွေ ဘယ်မှာလဲ"
"ချင်းကျိုးမြို့ မြောက်ဘက် ဆိပ်ကမ်းမှာပါ" လျန်တာ့ဟိုင် က ဝမ်းသာပန်းသာ ပြန်ဖြေတယ်။
ရှောင်မင်က ချန်တာ့ဖူ ဘက် လှည့်လိုက်တယ်။ "လူဖေး ကို ခေါ်သွားလိုက်။ လောလောဆယ် ကျေးကျွန်တွေကို အရှေ့ဘက် စစ်စခန်းဆီ ရွှေ့ထားလိုက်။ မနက်ဖြန် ငါ ကိုယ်တိုင် သွားစစ်မယ်"
ချန်တာ့ဖူ ခေါင်းညိတ်လိုက်ပြီး လျန်တာ့ဟိုင် ကို ခေါ်သွားတယ်။
အခု ရန်ပုံငွေ အလုံအလောက် ရှိနေပြီဖြစ်လို့ ရှောင်မင်က ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်မြှင့်ဖို့ ဆုံးဖြတ်ထားတယ်။
လီခိုင်ယွမ် ကို လူရိုင်းတွေရဲ့ အန္တရာယ်နဲ့ ပတ်သက်ပြီး သတိပေးခဲ့တာက ခြောက်လှန့်ရုံ သက်သက် မဟုတ်ဘူး။ တကယ်တော့ ချန်းကျိုး ရဲ့ ဆင်ခြေဖုံး ဒေသတွေမှာ လူရိုင်း ကင်းထောက် အများအပြားကို မြင်တွေ့နေရပြီလေ။
အပိုင်း ( ၄၉ ) ပြီးဆုံး
***