အဓိက တပည့်ကြီးဖြစ်သွားတဲ့ ချူရှင်းဟီ တစ်ယောက် ဒီရက်ပိုင်းမှာ စိတ်ဓာတ်တွေ အကြီးအကျယ် ကျနေပါတယ်။အရမ်းကို ဆိုးဆိုးရွားရွားပါပဲ။
သူ့ရဲ့ စိတ်မချမ်းသာမှုက "အဓိက တပည့်ကြီး" ဖြစ်သွားလို့တင် မဟုတ်ဘဲ ထောင်စုနှစ် မဟာအခမ်းအနားကြောင့်လည်း ပါပါတယ်။
ချူရှင်းဟီ ကိုယ်တိုင်တောင် ဒီပွဲကို အောင်မြင်တယ်လို့ သတ်မှတ်ရမလား၊ မအောင်မြင်ဘူးလို့ သတ်မှတ်ရမလားဆိုတာ မဝေခွဲနိုင်တော့ပါဘူး။
တကယ်လို့ မအောင်မြင်ဘူးလို့ ပြောရအောင်ကလည်း... အခုဆို အဆင့် (၇) ကောင်းကင်အင်မော်တယ် အဖြစ် အဆင့်တက်နိုင်ခဲ့ပါတယ်။ ဒါဟာ သူအမြဲတမ်း အိမ်မက်မက်ခဲ့တဲ့ အဆင့်ဖြစ်သလို၊ သူ့ရဲ့ "ပြန်လည်မွေးဖွားခြင်း" အစွမ်းတွေနဲ့ ပေါင်းစပ်လိုက်မယ်ဆိုရင် အဆင့် (၇) ကောင်းကင်အင်မော်တယ် ဖြစ်နေပေမဲ့ သူ့ရဲ့ တိုက်ခိုက်ရေးစွမ်းအားကတော့ အထွတ်အထိပ်ကို ရောက်နေပြီလို့ ပြောရမှာပါ။
ဒါပေမဲ့ အောင်မြင်တယ်လို့ ပြောရအောင်ကလည်း... ဂိုဏ်းချုပ်ကြီး က ဘာမှမပြောမဆိုနဲ့ ကမ္ဘာ့နတ်ဘုရား ဖြစ်သွားခဲ့ပါတယ်။ ဒါဟာ မဟာမိုးကောင်းကင်ဂိုဏ်းရဲ့ နံပါတ် (၁) ဂိုဏ်းဆိုတဲ့ နေရာကို လုံး၀ ခိုင်ခိုင်မာမာကြီး တည်မြဲသွားစေတာပဲ မဟုတ်လား။
အရင်တုန်းကဆိုရင် ယွင်ရှောင်ဂိုဏ်းလိုမျိုး မဟာမိုးကောင်းကင်ဂိုဏ်းကို စိန်ခေါ်ဝံ့တဲ့သူတွေ ရှိခဲ့ပါသေးတယ်။ ပြီးခဲ့တဲ့ အခေါက် တယွီနိုင်ငံတော်ကိစ္စတုန်းကဆိုရင် ယွင်ရှောင်ဂိုဏ်းဟာ ဂိုဏ်းချုပ်ကြီးကို မေးခွန်းထုတ်ဖို့အတွက် ဝိညာဉ်ငှက်လေးကတစ်ဆင့် သဝဏ်လွှာတောင် ပို့ဝံ့ခဲ့ပါသေးတယ်။
ဒါပေမဲ့ ဂိုဏ်းချုပ်ကြီး ကမ္ဘာ့နတ်ဘုရားအဆင့်ထဲ ရောက်သွားပြီးချိန်မှာတော့။ မနေ့ကတင် မဟာမိုးကောင်းကင်ဂိုဏ်းနဲ့ ယွင်ရှောင်ဂိုဏ်းက တပည့်တွေကြားမှာ ပဋိပက္ခအသေးစားလေး ဖြစ်ခဲ့ပြီး ယွင်ရှောင်ဂိုဏ်းက တပည့်နှစ်ယောက်ရဲ့ ခြေထောက်ကို မဟာမိုးကောင်းကင်ဂိုဏ်း တပည့်တွေက ရိုက်ချိုးပစ်လိုက်ပါတယ်။
ရလဒ်အနေနဲ့ ဂိုဏ်းချုပ်ကြီးက ယွင်ရှောင်ဂိုဏ်းချုပ် ရှင်းယွီရှန်းကို မေးခွန်းထုတ်ဖို့ ဝိညာဉ်ငှက် သဝဏ်လွှာ ချက်ချင်း ပို့လိုက်ပါပြီ။
တကယ်လို့ အရင်တုန်းကဆိုရင် ရှင်းယွီရှန်းက ဂူမင်ချောင်ကို ပြန်လည်ရန်တွေ့ဖို့ ခုန်ထွက်လာမှာပါ။
ဒါပေမဲ့ ယွင်ရှောင်ဂိုဏ်းက ပြန်ဖြေခဲ့သလဲဆိုတာ ခန့်မှန်းကြည့်ပကြါဦး။
သူတို့က ဒါဟာ သူတို့ ယွင်ရှောင်ဂိုဏ်း တပည့်တွေရဲ့ အမှားပါလို့ ပြောတဲ့အပြင်၊ အဲဒီတပည့်တွေကိုလည်း အပြစ်ပေးလိုက်ပါတယ်။ ဒါတင်မကသေးဘဲ သူတို့ကို အရိုက်ခံလိုက်ရတဲ့ မဟာမိုးကောင်းကင်ဂိုဏ်း တပည့်တွေကိုတောင် လျော်ကြေးအဖြစ် ရတနာတွေ အများကြီး ပေးပို့ခဲ့ပါသေးတယ်။
ဒါဟာ ရှင်းယွီရှန်းက သတ္တိကြောင်သွားလို့ မဟုတ်ပါဘူး။ အဓိကကတော့ ကမ္ဘာ့နတ်ဘုရားအဆင့်က ကြောက်မက်ဖွယ်ကောင်းလွန်းနေတာကြောင့်ပါ။
အရင်တုန်းကတော့ အားလုံးက ဘိုးဘေးအင်မော်တယ်အဆင့်တွေချည်းပါပဲ။ ရှင်းယွီရှန်းက ဂူမင်ချောင်ကို မယှဉ်နိုင်ရင်တောင် အပြန်အလှန် ရင်ဆိုင်ပြီးလို့ ရပါသေးတယ်။ ရှုံးရင်တောင် အရမ်းကြီး ရုပ်ပျက်ဆင်းပျက် ရှုံးမှာမဟုတ်ပါဘူး။
ဒါပေမဲ့ အခုတော့ လုံးဝကို ကွဲပြားသွားပါပြီ။ ကမ္ဘာ့နတ်ဘုရားတစ်ပါးကို သွားပြီး ရင်ဆိုင်မယ် ဟုတ်လား။ ရှင်းယွီရှန်းဟာ ကမ္ဘာ့နတ်ဘုရား ခြေတစ်ဝက်လှမ်းထားတဲ့ အဆင့်နဲ့ မဝေးတော့ဘူးဆိုပေမဲ့၊ အဲဒီအဆင့်ကို မရောက်မချင်း ဂူမင်ချောင်ကို ရင်ဆိုင်ဖို့ အရည်အချင်း မရှိသေးဘူးလို့ ဆိုရမှာပါ။
ဒါက အဆင့်၁ လူသစ်လေးက အမြင့်ဆုံးအဆင့် ရောက်နေတဲ့ ဖိုင်နယ်ဘော့စ်ကြီးကို သွားပြီး စိန်ခေါ်နေသလိုမျိုးလေ။
မဟာမိုးကောင်းကင်ဂိုဏ်း တပည့်တွေက ယွင်ရှောင်ဂိုဏ်း တပည့်တွေရဲ့ ခြေထောက်ကို ရိုက်ချိုးနိုင်ရင်၊ ဂူမင်ချောင်ကလည်း ရှင်းယွီရှန်းရဲ့ ခြေထောက်ကို အလွယ်တကူ ရိုက်ချိုးပစ်နိုင်တာပေါ့။
ဒါ့အပြင် ဂိုဏ်းချုပ် ဂူမင်ချောင် တစ်ယောက် ဒီရက်ပိုင်းမှာ စိတ်အခြေအနေ မကောင်းဘူးဆိုတာ မသိသူ မရှိတော့ပါဘူး။
ကြားရတာတော့ ကမ္ဘာ့နတ်ဘုရား ဖြစ်ပြီးတဲ့နောက်ပိုင်း မဟာမိုးကောင်းကင် ဂိုဏ်းချုပ်ကြီးဟာ ပထမဆုံး အစည်းအဝေးမှာတင် ဂိုဏ်းရဲ့ အကြီးအကဲ အားလုံးရဲ့ ဆူပူကြိမ်းမောင်းမှုကို ခံလိုက်ရတယ်တဲ့။
"ဘာ ကမ္ဘာ့နတ်ဘုရား ဂူမင်ချောင်လဲ... ယုံချင်ယုံ မယုံချင်နေ၊ မင်းကို အခုချက်ချင်း ရာထူးကနေ ဖြုတ်ပစ်လိုက်မယ်။"
“အပြင်မှာတော့ ဂိုဏ်းချုပ်ကြီးက ကမ္ဘာ့နတ်ဘုရား ဖြစ်ချင်ဖြစ်မယ်။ ဒါပေမဲ့ အိမ်ထဲမှာတော့ ဂိုဏ်းချုပ်သက်သက်ပဲ။”
“အိမ်ထဲမှာ ကမ္ဘာ့နတ်ဘုရား ဖြစ်နေရင်တောင် ကြိတ်ခံရမှာပဲ။”
ဒါပေမဲ့ ဂိုဏ်းချုပ်ဂူမင်ချောင်ဟာ အိမ်တွင်းမှာ အကြီးအကျယ် ဆူပူခံနေရပေမဲ့၊ အပြင်လောကမှာတော့ တကယ့်ကို ရက်စက်နေခဲ့ပါတယ်။
ကြားတာတော့ ဒီရက်ပိုင်းအတွင်းမှာတင် ဂိုဏ်းကြီးအချို့ဟာ မဟာမိုးကောင်းကင်ဂိုဏ်းရဲ့ လက်အောက်ခံဖြစ်ဖို့ ဆန္ဒရှိကြောင်း ကမ်းလှမ်းလာကြတယ်တဲ့။ အရင်တုန်းကဆိုရင် ဂိုဏ်းချုပ်ကြီးက ချက်ချင်း သဘောတူလိုက်မှာဖြစ်ပေမဲ့၊ အခုတော့ သူတို့ကို အရင်ဆုံး စုံစမ်းစစ်ဆေးဖို့ လိုသေးတယ်ဆိုပြီး အကြောင်းပြန်လိုက်ပါပြီ။
အရင်က မဟာမိုးကောင်းကင်ဂိုဏ်းနဲ့ ပြဿနာရှိခဲ့တဲ့ အဖွဲ့အစည်းတွေအားလုံးဟာလည်း အခုဆိုရင် ငြိမ်နေကြရပါတယ်။ ဘာလို့လဲဆိုတော့ တစ်ယောက်တည်း လူသူမရှိတဲ့ လမ်းမှာ လမ်းလျှောက်နေတုန်း "ငါက မိစ္ဆာဂိုဏ်းကပါ" လို့ ပြောတဲ့ ကမ္ဘာ့နတ်ဘုရားတစ်ပါးက စကြ၀ဠာ အလွှာတွေထဲကနေ ရုတ်တရက် ထွက်လာပြီး ရိုက်သတ်သွားနိုင်တာကြောင့်ပါပဲ။
ဘာလဲ။ ကမ္ဘာ့နတ်ဘုရားဆိုလို့ ဂူမင်ချောင် တစ်ယောက်ပဲရှိတာ မဟုတ်ဘူးလေ။ မိစ္ဆာဂိုဏ်းမှာလည်း ရှိမှာ။ ဟုတ်လား။ အခု ကမ္ဘာမှာ ကမ္ဘာ့နတ်ဘုရားတစ်ပါးပဲ ရှိသေးတယ်လေ။
ဂူမင်ချောင်က ကမ္ဘာ့နတ်ဘုရားဖြစ်နေမှန်း သိသားပဲ။ အဲဒီတော့ မေးမယ်... အဲဒီအတိုင်း သူ့ကို ရန်ထွက်တွေ့ဝံ့လား။
ဂူမင်ချောင်က ရိုက်မသတ်ဝံ့ဘူးလို့ ထင်လို့လား။
ဒါကြောင့် အချိန်တိုအတွင်းမှာပဲ မူလကတည်းက "နံပါတ် (၁) ဂိုဏ်း" ဖြစ်တဲ့ မဟာမိုးကောင်းကင်ဂိုဏ်းဟာ အခုဆိုရင် ပြိုင်ဘက်ကင်းသလောက် ဖြစ်သွားပါပြီ။
ဒါက အကြောက်စရာအကောင်းဆုံး အပိုင်း မဟုတ်သေးပါဘူး။ အကြောက်စရာအကောင်းဆုံးကတော့ မဟာသူတော်စင်ကြီးက ဘာမှမပြောမဆိုနဲ့ ဂိုဏ်းချုပ်ကြီးဆီ လာပြီး "ကမ္ဘာ့နတ်ဘုရားဆိုတာ အဆုံးသတ် မဟုတ်သေးဘူး" လို့ ပြောလိုက်တာပါပဲ။ သူတို့ခေတ်တုန်းကဆိုရင် ဂိုဏ်းချုပ်ကြီးရဲ့ ကျင့်ကြံခြင်းမျိုးကို "နတ်ဘုရားတစ်ပိုင်း"အဆင့်လို့ ခေါ်ပြီး ဒါဟာ နတ်ဘုရားအဆင့်တွေရဲ့ အခြေခံလောက်ပဲ ရှိပါသေးတယ်ဆိုပြီး ပြောလာခဲ့ပါတယ်။
“နတ်ဘုရားတစ်ပိုင်း အထက်မှာ တာအိုသူတော်စင်နဲ့ တာအိုဖခင်အဆင့်တွေ ရှိပါသေးတယ်။ တာအိုဖခင် အဆင့်ကို ရောက်မှသာ တကယ်ကို ပြိုင်ဘက်ကင်း ဖြစ်မှာပါ။”
အရင်တုန်းကတော့ ဒီလောကမှာ ဝိညာဉ်စွမ်းအင်တွေ ခမ်းခြောက်နေလို့ တာအိုဖခင် နေနေသာသာ နတ်ဘုရားတစ်ပိုင်းတောင် မပေါ်ထွန်းနိုင်ခဲ့ပါဘူး။
"ဒါပေမဲ့ အခုတော့ ဝိညာဉ်စွမ်းအင်တွေ ပြန်လည်နိုးထလာပြီဖြစ်လို့ ဂိုဏ်းချုပ်ကြီး... အနေနဲ့ ပိုမြင့်တဲ့ အဆင့်ကို တက်လှမ်းဖို့ ကြိုးစားလို့ ရပါပြီ..."
တာအိုဖခင် အဆင့်ကို မရောက်နိုင်ရင်တောင် တာအိုသူတော်စင် အဆင့်ကို ရောက်ဖို့ ရည်မှန်းလို့ ရပါတယ်။ မဟာသူတော်စင်ကြီးဟာ တာအိုသူတော်စင်ဆိုတာ ဘာလဲ၊ အဲဒီအဆင့်အတွက် ဘယ်လိုကျင့်ကြံရမလဲဆိုတာကို ဂိုဏ်းချုပ်ကြီးကို ရှင်းပြလိုက်ပါပြီ။ ဂိုဏ်းချုပ်ကြီးအတွက် လောကသစ် တစ်ခုရဲ့ တံခါးကို ဖွင့်ပေးလိုက်ပါတော့တယ်။
ပိုပြီးတော့ ကြောက်စရာကောင်းတာကတော့ ဂိုဏ်းချုပ်ကြီးက မဟာသူတော်စင်ကြီးရဲ့ အဆင့်ကို မေးတဲ့အခါမှာ မဟာသူတော်စင်ကြီးက ပြန်ဖြေလိုက်ပါပြီ။
"ငါကတော့ အရင်တုန်းက အထွတ်အထိပ် တာအိုသူတော်စင်အဆင့်ပဲ ရှိပါသေးတယ်လေ။ တာအိုဖခင် အဆင့်ကို ရောက်ဖို့တော့ လိုပါသေးတယ်..."
အခု ဝိညာဉ်စွမ်းအင်တွေ ပြန်နိုးလာပြီဆိုတော့ အချိန်တစ်ခု ပေးမယ်ဆိုရင် သူဟာ တာအိုသူတော်စင် အထွတ်အထိပ် အဆင့်ကို ပြန်ရောက်ဖို့ မဖြစ်နိုင်တာ မဟုတ်ဘူးလို့လည်း ပြောလိုက်ပါသေးတယ်။
ဒါတွေက လူစကားတွေလားဟင်။
အပြင်က လူတွေကတော့ ကမ္ဘာ့နတ်ဘုရား အဆင့်ကို ဘယ်လိုတက်လှမ်းရမလဲဆိုတာ ခေါင်းပြောင်အောင် စဉ်းစားပြီး အသေအလဲ ကြိုးစားနေကြရတာပါ။
(မင်းတို့တွေကတော့ တာအိုသူတော်စင် ဖြစ်ဖို့တောင် ရည်မှန်းနေကြပြီ။ မင်းတို့ ဒီလိုတွေ လုပ်နေရင် ငါ့ရဲ့ မဟာမိုးကောင်းကင်ဂိုဏ်းက ဘယ်တော့မှ ပျက်စီးမှာလဲ။)
ချူရှင်းဟီမှာတော့ ဂိုဏ်းချုပ်ကြီးကိုတောင် "ဂိုဏ်းကိုပဲ ဖျက်သိမ်းလိုက်ကြရအောင်လားဗျာ... ဒီလောက်ကြီး ပြိုင်ဘက်ကင်းနေတော့ရော ဘာထူးမှာမို့လို့လဲ" လဲဆိုပြီး အတင်းတိုက်တွန်းချင်စိတ်တွေ ပေါက်လာခဲ့ပါတယ်။
ဒါပေမဲ့ ချူရှင်းဟီရဲ့ ဝမ်းနည်းပူဆွေးမှုတွေကြောင့် သတင်းဆိုးတွေက ရပ်တန့်မသွားပါဘူး။
(လုချန်ချင်း နဲ့ မာလင်း ဆိုတဲ့ အဲဒီ ကောင်စုတ် နှစ်ကောင်ဟာ တစ်မိနစ်လေးတောင် ငြိမ်ငြိမ်မနေကြဘူး။)
အရင်တုန်းကတော့ လုချန်ချင်းကို ဖျော်ဖြေရေးလောကမှာ အရေးပါတဲ့နေရာမှာ ရှိတယ်လို့ ပြောခဲ့ကြပေမဲ့၊ အခုတော့ လုချန်ချင်းမှာ နာမည်ပြောင်အသစ်တစ်ခု ရနေပါပြီ။ အဲဒါကတော့ ဖျော်ဖြေရေးလောက၏ ဘုရင်ပါပဲ။
သူဟာ မဟာမိုးကောင်းကင်ကြေးမုံကို ထိန်းချုပ်ခွင့်ရကတည်းက ဖျော်ဖြေရေးလောကထဲမှာတော့ ကမ္ဘာ့နတ်ဘုရားထက်တောင် ပိုပြီး အရှိန်အဝါကြီးလာခဲ့တယ်။ အခုဆိုရင် လုချန်ချင်းရဲ့ စကားဟာ ဂီတပညာရှင်တွေနဲ့ သရုပ်ဆောင်တွေအတွက် ဧကရာဇ်ရဲ့ အမိန့်တော်လိုပါပဲ။
ကွမ်းကျန့်မင် က လောကမှာ နံပါတ် (၁) ဂီတပညာရှင် ဟုတ်တယ်မလား။
"နက်ဖြန်ကျရင် မဟာမိုးကောင်းကင်မျှော်စင်မှာ 'ပုံပြင်ထဲက လူသား' ရဲ့ ဒုတိယပိုင်းဖြစ်တဲ့ 'အထွတ်အထိပ်အရိုးကို သတ္တိရှိရှိ သိမ်းပိုက်ခြင်း' ပြပွဲရှိတယ်။ လာပြီး တီးခတ်ပေးပါဦး။"
တကယ်လို့ ဒါဟာ အရင်တုန်းကဆိုရင် ကွမ်းကျန့်မင်လို အဆင့်အတန်းမျိုးက ငြင်းနိုင်ပါလိမ့်မယ်။ ဒါပေမဲ့ အခုတော့ ကွမ်းကျန့်မင်ဟာ အကြောင်းပြန်ဖို့တောင် မလိုတော့ပါဘူး၊ သဝဏ်လွှာရတာနဲ့ အချိန်မှန်ရောက်လာဖို့ပဲ ရှိတော့တာပါ။
(ဘာလဲ။ မင်းကွမ်းကျန့်မင်က 'မိစ္ဆာနတ်ဆိုးနှိမ်နင်းရေးစစ်ပွဲ' မှာ တစ်ကိုယ်တော် တီးခတ်ခဲ့ဖူးတာနဲ့တင် ငါဟာ အရမ်းတော်လှပြီလို့ ထင်နေတာလား။)
(ငါ လုချန်ချင်းက မဟာမိုးကောင်းကင်ကြေးမုံကို ကိုင်ထားပြီး ခင်ဗျားကို အမည်မည်းစာရင်းသွင်းပစ်လို့ရတယ်ဆိုတာ ယုံသလား။)
ဒါကြောင့် ဖျော်ဖြေရေးလောကကြီး ပရမ်းပတာ ဖြစ်မဖြစ်ဆိုတာကို လုချန်ချင်းကပဲ ဆုံးဖြတ်နေရပါပြီ။ လုချန်ချင်းက လူတစ်ယောက်ကို နာမည်ကြီးစေမယ်လို့ ပြောရင် နာမည်မကြီးချင်လည်း နာမည်ကြီးမှာပါပဲ။ လုချန်ချင်းက လူတစ်ယောက်ကို ပြုတ်ရမယ်လို့ ပြောရင်တော့ အဲဒီလူ ဘယ်လောက်ပဲ တော်နေပါစေ ဘယ်တော့မှ ပြန်နိုးထခွင့် ရတော့မှာ မဟုတ်ပါဘူး။
ဒါပေမဲ့ လုချန်ချင်းဟာ သာမန် ဂီတသမားလေးတွေ၊ သရုပ်ဆောင်လေးတွေနဲ့ အချိန်ဖြုန်းမနေပါဘူး။ ထောင်စုနှစ် မဟာအခမ်းအနားပွဲတော် ပြီးဆုံးပြီး နောက်တစ်ရက်မှာတင် လုချန်ချင်းဟာ ဂိုဏ်းချုပ်ကြီးရဲ့ အယုံကြည်ရဆုံး လူယုံတော်အနေနဲ့ အပြင်စည်းတပည့် ဂိုဏ်းတူအစ်ကိုကြီး မာလင်းနဲ့အတူ ဂိုဏ်းပေါင်းစုံဆီ ကြော်ငြာကိစ္စတွေ ဆွေးနွေးဖို့ တက်ကြွစွာ ထွက်ခွာသွားပါတော့တယ်။
လုချန်ချင်းက "ဖျော်ဖြေရေးလောက၏ ဘုရင်" ဘွဲ့ကို ရထားပေမယ့်လည်း မာလင်းရဲ့ ရှေ့မှာတော့ လက်ဖက်ရည်ငှဲ့ရသူအဖြစ် အလွန်ကို နှိမ့်ချခဲ့ပါတယ်။
လုချန်ချင်းက ဖျော်ဖြေရေးဘုရင်ပါ။ "ငတုံးဘုရင်" တော့ မဟုတ်ပါဘူး။ ဘယ်လိုနည်းနဲ့ ဒီနေရာကို ရောက်လာသလဲဆိုတာ သူ ကောင်းကောင်းသိပါတယ်။ ဂိုဏ်းတူအစ်ကိုကြီး ရှင်းဟီက စကားပြောနေဖို့တောင် မလိုပါဘူး။ အနာဂတ်ရဲ့ ဆရာဘိုးဘိုးဖြစ်လာမယ့် ဂိုဏ်းတူအစ်ကိုကြီး မာလင်းရဲ့ စကားတစ်ခွန်းတည်းနဲ့တင် ဒီဖျော်ဖြေရေးဘုရင်နေရာကို အစားထိုးပစ်လို့ ရတာလေ။
ဂိုဏ်းတူအစ်ကိုကြီး မာလင်းက ဂိုဏ်းတူအစ်ကိုကြီး ရှင်းဟီနဲ့ ပတ်သက်တဲ့ အတိတ်ကြောင်းတွေကို ပြန်ပြောပြနေတာကို နားထောင်ရင်း လုချန်ချင်းက "ဂိုဏ်းတူအစ်ကိုကြီး မာလင်းဟာ တကယ်ကို အမြော်အမြင်အရှိဆုံး ပုဂ္ဂိုလ်ပါပဲ" လို့ ပြောလိုက်ပါပြီ။
မာလင်းလိုမျိုး ဂိုဏ်းတူအစ်ကိုကြီး ရှင်းဟီရဲ့ ခြေသလုံးကို စောစောစီးစီး ဖက်ထားနိုင်ဖို့ဆိုတာ လူတိုင်း မလုပ်နိုင်တဲ့ အရာလေ။
ဂိုဏ်းတူအစ်ကိုကြီး မာလင်းရဲ့နောက်ကို လိုက်ပြီး ဂိုဏ်းပေါင်းစုံနဲ့ ကြော်ငြာကိစ္စတွေ ဆွေးနွေးရတာကတော့ အရမ်းကို ပျော်စရာကောင်းပါတယ်။ မာလင်းရဲ့ လက်ရှိအရှိန်အဝါနဲ့ဆိုရင် ဂိုဏ်းကြီးတွေရဲ့ အကြီးအကဲတွေတောင် သူ့ကို တန်းတူရည်တူ ဆက်ဆံကြရတာပါ။ ဒီတစ်ခေါက် ထောင်စုနှစ် မဟာအခမ်းအနားမှာ ဂိုဏ်းတူအစ်ကိုကြီး ရှင်းဟီရဲ့ အကြံဉာဏ်အတိုင်း ဂိုဏ်းပေါင်းစုံက သူတို့ရဲ့ အစွမ်းတွေကို ထုတ်ပြခဲ့ကြလို့ အဲဒီဂိုဏ်းတွေဆီမှာ တပည့်ခံချင်တဲ့သူတွေဟာ မရေမတွက်နိုင်အောင် ပေါများလာပါတယ်။
ဒါ့အပြင် ဝိညာဉ်စွမ်းအင်တွေ ပြန်နိုးထလာတာကြောင့် တန်ခိုးရှင်လမ်းစဉ် လျှောက်လှမ်းနိုင်သူ ပိုများလာပြီလေ။ ဘယ်မျိုးနွယ်စု၊ ဘယ်မိသားစု မဆို အင်အား မစုဆောင်းချင်ဘဲ နေမလဲ။
လူတိုင်းက မဟာမိုးကောင်းကင်ဂိုဏ်းလို ထင်နေတာလား။
ထောင်စုနှစ် မဟာအခမ်းအနား ပြီးကတည်းက ထျန်းရီ သတ္ထုတွင်းကတော့ ပေါက်ကွဲလုမတတ် ဖြစ်လာခဲ့ပါပြီ။ သတ္ထုတွင်းကြီး ပေါက်ကွဲတာ မဟုတ်ဘဲ သတ္တုတူးဖော်ရေးတပည့် လုပ်ချင်တဲ့သူတွေ များလွန်းလို့ တင်စားပြောတပါ။
ဘာလဲ။ မဟာမိုးကောင်းကင်ဂိုဏ်းရဲ့ အတွင်းစည်းတပည့် ဖြစ်ချင်တယ် ဟုတ်လား။ အိပ်မက်မက်နေတာပဲ။
မဟာမိုးကောင်းကင်ဂိုဏ်းရဲ့ အတွင်းစည်းတပည့် ဖြစ်ဖို့ဆိုတာ ဘယ်လောက်တောင် ပါရမီထူးချွန်ရမလဲ။ တွေးတောင် ဝံ့သေးတယ်ပေါ့။
ဒီရက်ပိုင်းမှာဆိုရင် မူပိုင်တောင်မှ မာလင်းဆီ သီးသန့်လာပြီး နောက်နှစ် တပည့်သစ်တွေ စုဆောင်းတဲ့အခါ မူယွဲ့နိုင်ငံ အတွက် နေရာတချို့ ချန်ထားပေးဖို့ အတင်းတောင်းဆိုနေရပါတယ်။ မူယွဲ့နိုင်ငံက လူတွေတောင် တန်းစီနေရပြီဆိုတော့... တခြားလူတွေရဲ့ ပါရမီက မူယွဲ့နိုင်ငံက လူတွေထက် သာလို့လား။
ဒါကြောင့် သတ္တုတွင်းတပည့် ဖြစ်လာခြင်းက မဟာမိုးကောင်းကင်ဂိုဏ်းထဲကို ဝင်နိုင်မယ့် တစ်ခုတည်းသော နည်းလမ်းဖြစ်နေပါပြီ။
ကြားတာတော့ ချင်ရှောက်ချန် ဆိုတဲ့ တစ်ယောက် ဒီရက်ပိုင်းမှာ မိသားစုပေါင်းစုံဆီကနေ လက်ဆောင်တွေကို အများကြီး သိမ်းဆည်းနေရလို့ ထည့်စရာတောင် မရှိတော့ဘူးတဲ့။ ဒါပေမဲ့ ချင်ရှောက်ချန်က တကယ်ကို ပါးနပ်ပါတယ်။ သူ သိမ်းဆည်းထားတဲ့ ဝိညာဉ်ကျောက်တုံးတိုင်းကို မှတ်တမ်းတင်ပြီး ဂိုဏ်းကို အစီရင်ခံထားတာပါ။ သူ ဘယ်လောက်ပဲ ရရ၊ သူ့ကို အကျင့်ပျက်ခြစားမှုနဲ့ စွပ်စွဲဖို့ အကြောင်းပြချက် ရှာလို့ရမှာ မဟုတ်ပါဘူး။
ဂိုဏ်းတူအစ်ကိုကြီး ရှင်းဟီ ရွေးချယ်ထားတဲ့ လူဆိုတော့လည်း ထင်တဲ့အတိုင်းပါပဲ။
ဂိုဏ်းပေါင်းစုံနဲ့ ကြော်ငြာဆွေးနွေးပွဲတွေကလည်း အောင်မြင်လွန်းပါတယ်။ ဂိုဏ်းအားလုံးက သူတို့ရဲ့ ဂိုဏ်းကို ကြော်ငြာပြီး တပည့်တွေ ပိုရဖို့အတွက် ရတနာတွေ ထောက်ပံ့ဖို့ ဝန်မလေးကြပါဘူး။ မာလင်းကတော့ နောက်နှစ်အတွက် မဟာမိုးကောင်းကင်ကြေးမုံမှာ သုံးမယ့် ကုန်ကြမ်းကုန်ကျစားရိတ်တွေကို ရက်ပိုင်းအတွင်းမှာတင် အကုန် ပေးချေနိုင်ခဲ့ပါတယ်။
မာလင်းနဲ့ လုချန်ချင်းတို့က ငွေတွေ ဘယ်လောက်တောင် သယ်လာကြသလဲဆိုတာ ချူရှင်းဟီ မသိပေမဲ့၊ ဆရာဘိုးဘိုးကတော့ မာလင်းကို သူ့ရဲ့ အရင်တုန်းက လက်ထောက်ဂိုဏ်းချုပ်ကြီးရဲ့ အနီးကပ် တပည့် ဝတ်စုံကို ပေးပို့လိုက်တယ်လို့ ကြားရပါတယ်။
ဒါကြောင့် မာလင်းဟာ အတွင်းစည်းအနီးကပ်တပည့် ဝတ်စုံကို ဝတ်ဆင်ခွင့်ရတဲ့ ပထမဆုံးသော အပြင်စည်းတပည့် ဖြစ်လာပါတော့တယ်။
ချူရှင်းဟီလည်း ဘာမှမတတ်နိုင်ပါဘူး။
(ထောင်စုနှစ် မဟာအခမ်းအနားပြီးတော့ ငါချူရှင်းဟီက အဆင့် (၇) ပဲ ရောက်သေးတယ်။ ဒါပေမဲ့ ဂိုဏ်းက ရလိုက်တဲ့ အကျိုးကျေးဇူးတွေကတော့ ငါ့မွန်းကျပ်ပြီး သေတော့မယ့်အတိုင်းပါပဲလား။)
ရက်အတော်ကြာတဲ့အထိ ချူရှင်းဟီဟာ ဂိုဏ်းကို ဆုံးရှုံးမှုဖြစ်စေမယ့် အခွင့်အရေးကို လုံးဝရှာမတွေ့ပါဘူး။ သေးသေးမွှားမွှားလေးတောင် မရှိခဲ့ပါဘူး။
ချူရှင်းဟီ တစ်ယောက် နာကျင်နေရတုန်းမှာပဲ ဂိုဏ်းချုပ်ဂူမင်ချောင်က တံခါးပိတ် တရားကျင့်တော့မယ်လို့ ကြေညာလိုက်ပါတယ်။ ကမ္ဘာ့နတ်ဘုရားအဆင့်ထဲ ရောက်သွားပြီဖြစ်လို့ ဂိုဏ်းချုပ်ကြီးအနေနဲ့ သူ့ရဲ့ တန်ခိုးကျင့်စဉ် အခြေခံ တည်ငြိမ်သွားအောင်နဲ့ အနာဂတ်မှာ ပိုမြင့်တဲ့ အဆင့်တွေကို တက်လှမ်းနိုင်အောင် အချိန်တစ်ခုယူပြီး တရားကျင့်ဖို့ လိုအပ်တာကြောင့်ပါ။
ဒါပေမဲ့ တံခါးပိတ်တရားမကျင့်ခင်မှာ ဂူမင်ချောင် ဟာ ဂိုဏ်းအစည်းအဝေးတစ်ခု ခေါ်ယူခဲ့ပါတယ်။
ဒီအစည်းအဝေးကို နန်းတော်ပေါင်းစုံက အကြီးအကဲတွေ၊ ဆရာဘိုးဘိုးကြီး၊ လက်ထောက်ဂိုဏ်းချုပ်ကြီး နဲ့ ချူရှင်းဟီ တို့ တက်ရောက်ခဲ့ကြပါတယ်။
အစည်းအဝေးမှာတော့ ဂိုဏ်းချုပ်ကြီး တရားကျင့်င်နေစဉ်အတွင်း ဂိုဏ်းရဲ့ လုပ်ငန်းဆောင်တာတွေကို ဘယ်လိုစီမံမလဲဆိုတာ ဆွေးနွေးကြတာပါ။ တကယ်တော့ ဒီဆွေးနွေးပွဲမှာ ထူးထူးခြားခြား နားထောင်စရာ သိပ်မရှိလှပါဘူး။ ဘာလို့လဲဆိုတော့ ပုံမှန်အားဖြင့် ဂိုဏ်းရဲ့ အထွေထွေကိစ္စတွေကို ဆရာဘိုးဘိုးက စီမံခန့်ခွဲပြီး နန်းတော်တစ်ခုချင်းစီရဲ့ ကိစ္စတွေကိုတော့ သက်ဆိုင်ရာ နန်းတော်အကြီးအကဲတွေကပဲ တာဝန်ယူကြတာမို့လို့ပါ။ တကယ်တမ်း အရေးကြီးတဲ့ အဖြစ်အပျက်ကြီးတွေ မရှိရင် ဂိုဏ်းချုပ်ကြီးကိုယ်တိုင် လုပ်စရာ သိပ်မရှိပါဘူး။
ဒါကြောင့် ဂိုဏ်းချုပ်ကြီး တရားကျင့်သွားတာက ဂိုဏ်းအပေါ်မှာ သိပ်ပြီး ရိုက်ခတ်မှု မရှိနိုင်ပါဘူး။ လက်ထောက်ဂိုဏ်းချုပ်ကြီးနဲ့ ပတ်သက်ရင်လည်း... သူဟာ အပြင်လောကမှာ နှစ်ပေါင်းများစွာ လှည့်လည်သွားလာခဲ့ပြီး မဟာမိုးကောင်းကင်ဂိုဏ်းကို ပြန်ရောက်လာတဲ့အခါမှာလည်း ဂိုဏ်းတိုးတက်ဖို့အတွက် မနားမနေ ကြိုးစားခဲ့သူပါ။ မိစ္ဆာဂိုဏ်းရဲ့ လုပ်ကြံသတ်ဖြတ်မယ့်စာရင်းထဲမှာတောင် ပါဝင်ခဲ့ရတာမို့ သူဟာ တကယ့်ကို ပင်ပန်းနေရှာပါပြီ။ ဒါကြောင့် သူဟာ အနားယူဖို့ လိုအပ်ပါတယ်။ အကျိုးဆက်အနေနဲ့ ဂိုဏ်းချုပ်ကြီး တရားကျင့်နေတုန်းမှာ လက်ထောက်ဂိုဏ်းချုပ်ကြီးကတော့ အဆောင်အယောင် အရုပ်ကလေး တစ်ခုလိုပဲ အေးအေးဆေးဆေး နေပေးရုံပါပဲ။
ဒါပေမဲ့ လက်ထောက်ဂိုဏ်းချုပ်ကြီး အနားယူမယ့်ကိစ္စအပြင် နောက်ထပ် ဖြေရှင်းရမယ့် ကိစ္စတစ်ခု ကျန်ပါသေးတယ်။
အဲဒါကတော့ ဂိုဏ်းရဲ့ ပိုင်ဆိုင်မှုတွေကို လှည့်လည်စစ်ဆေးဖို့ကိစ္စပါပဲ။
မဟာမိုးကောင်းကင်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်တစ်ယောက်အနေနဲ့ ဂူမင်ချောင်ဟာ နှစ်စဉ်နှစ်တိုင်း ဂိုဏ်းရဲ့ ပိုင်ဆိုင်မှု၊ စီးပွားရေးလုပ်ငန်း တချို့ကို ရွေးချယ်ပြီး လူကိုယ်တိုင် လှည့်လည်စစ်ဆေးဖို့ လိုအပ်ပါတယ်။
ဒါကို "စစ်ဆေးခြင်း" လို့ ခေါ်ပေမဲ့ တကယ်တော့ ဒါဟာ ဂိုဏ်းရဲ့ အာဏာကို ပြသပြီး သတိပေးတာပါ။ ကောင်းကောင်းလုပ်တဲ့သူတွေကို ဆုချပြီး ညံ့ဖျင်းတဲ့သူတွေကိုတော့ အပြစ်ပေးတာမျိုးပါ။
ဒါကြောင့် နှစ်တိုင်းမှာ မဟာမိုးကောင်းကင်ဂိုဏ်းက လူတချို့ဟာ ဆုလာဘ်တွေ ရရှိကြသလို၊ တချို့ကတော့ ပြင်းထန်တဲ့ အပြစ်ဒဏ်တွေ ကျခံရတတ်ပါတယ်။ ဂိုဏ်းချုပ်ကြီးကိုယ်တိုင် နေရာမှာတင် ရိုက်သတ်ပစ်လိုက်တဲ့ ဖြစ်ရပ်တွေတောင် ရှိခဲ့ဖူးတာပါ။
ပုံမှန်အားဖြင့်တော့ ဒီလိုစစ်ဆေးမှုတွေကို ဂိုဏ်းချုပ်ကြီးကိုယ်တိုင် လုပ်လေ့ရှိပြီး၊ ဂိုဏ်းချုပ်ကြီး အလုပ်များနေရင်တော့ ဆရာဘိုးဘိုးက သွားရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တစ်ယောက်ယောက်တော့ သွားကိုသွားရတာပါ။
ဒါပေမဲ့ အခုတော့ ဂိုဏ်းချုပ်ကြီးက တံခါးပိတ် တရားကျင့်ပါတော့မယ်။ ဆရာဘိုးဘိုးကလည်း ဂိုဏ်းရဲ့ အထွေထွေကိစ္စအားလုံးကို စီမံနေရတာမို့ မသွားနိုင်ပါဘူး။ အဲဒီမှာတင် ဂိုဏ်းချုပ်ကြီးက "ရှင်းဟီကိုပဲ လွှတ်လိုက်ရအောင်" လို့ ပြောလိုက်ပါတယ်။
ဒီအကြံပြုချက်ကို ပြောလိုက်တာနဲ့ နန်းတော်အကြီးအကဲ အားလုံးက ဘာပြဿနာမှ မရှိကြောင်း ခေါင်းညိတ် ထောက်ခံကြပါပြီ။
(ရှင်းဟီ။ မင်းက ငယ်ပါသေးတယ်။ အဓိက တပည့်ကြီးအဆင့်ပဲ ရှိသေးတယ် ဆိုပေမဲ့လည်း ဒီလို စစ်ဆေးရေးကိစ္စတွေက ဂိုဏ်းချုပ်တစ်ယောက် ဖြစ်လာမယ့်သူ နားလည်ထားရမယ့် အရာတွေပဲလေ။)
(အဲဒီတော့ ရှင်းဟီကို လွှတ်တာက လုံးဝကို အဆင်ပြေပါတယ်။)
ဒီလိုနဲ့ ချူရှင်းဟီဟာ မဟာမိုးကောင်းကင်ဂိုဏ်း သမိုင်းတစ်လျှောက်မှာ ဂိုဏ်းချုပ်ကိုယ်စား လှည့်လည်စစ်ဆေးခွင့်ရတဲ့ ပထမဆုံးသော အဓိက တပည့်ကြီး ဖြစ်လာပါတော့တယ်။
***