အပေါ်ဘက်မျက်နှာပြင်ပေါ်မှ အခြေအနေက တဖြည်းဖြည်း တည်ငြိမ်သွားပြီး မြေအောက်မှာတော့ တိတ်ဆိတ်နေခဲ့လေသည်။
ယင်ရိလျို၏မျက်လုံးများက မျက်ရည်များနှင့်ပြည့်နေကာ နီရဲနေခဲ့၏။
သူမက တိုက်ခိုက်နေသော နွယ်များကြားတွင် ခုန်သွားလိုက်ပြီး တိုက်ခိုက်မှုများကို ရှောင်ရှားလိုက်ပြီးနောက် မည်းမှောင်နေသော တွင်းထဲကို တိုက်ရိုက်ခုန်ဝင်သွားလိုက်သည်။
ရုတ်တရက် မြေဆွဲအားတို့ ပျောက်ကွယ်သွားမှုက သူမ၏နှလုံးသားကို သိမ့်ခနဲတုန်သွားစေ၏။
စက္ကန့်အနည်းငယ် ကြာသွားသည်ဟု ခံစားရပြီးနောက် သူမ၏နူးညံ့သော ခန္ဓာကိုယ်လေးက မြေပြင်ပေါ်သို့ ဆောင့်ရိုက်မိသွားပြီး အမွှေးလုံးလေးမှာလည်း ပြားသွားနီးပါးဖြစ်သွားခဲ့သည်။
ပြင်းထန်သောနာကျင်မှုက သူမ၏အရေပြားမှ အတွင်းအင်္ဂါများဆီသို့ ပျံ့နှံ့သွားကာ သူမ၏လည်ချောင်းကို ချိုမြသောသွေးများနှင့် ပြည့်သွားစေပြီး သူမ၏အမြင်အာရုံကို မှောင်မည်းသွားစေ၏။
သို့သော် ယုန်လေးက အနားယူရန်မရပ်နားခဲ့ချေ။
ထို့အစား သူမက ဘေးဘက်ကို ချက်ချင်းခုန်လိုက်သည်။ တုတ်ခိုင်သောနွယ်နှစ်ခုက သူမ မတိုင်မီကရှိနေသည့်နေရာကို ကြမ်းတမ်းစွာ ရိုက်ချလိုက်၏။
သူမသာ မြန်မြန်မတုံ့ပြန်ခဲ့လျှင် ယုန်ပန်ကိတ်တစ်ခုအဖြစ် ပြားချပ်သွားလိမ့်မည်ဖြစ်သည်။
မြေအောက်က စက်ဝိုင်းပုံ အပေါက်တစ်ခုသာ မဟုတ်ပေ။ ပြုတ်ကျပြီးနောက် တွင်းပေါက်က အလွန်ကြီးမားပြီး ကျယ်ပြောသော မြေအောက်နေရာတစ်ခုဖြစ်ပြီး အလင်းရောင် လုံးဝမရှိလုနီးပါးပင်။
ယင်ရိလျိုက နာကျင်မှုကို တောင့်ခံလိုက်ပြီး ပတ်ဝန်းကျင်ကို ခြုံငုံလေ့လာခဲ့၏။
ဟိုးယခင်က မြေအောက်တွင်းဘက်ကို ပြန်ရောက်လာခဲ့သည်ဟု သူမထင်သွားလုနီးပါးပင်။ ဤနေရာသည်က မယုံနိုင်လောက်အောင် ကျယ်ပြောပြီး ခြုံပုတ်များ၊ အမျိုးမျိုးသော ပန်းပွင့်များ၊ အပင်များဖြင့် ပြည့်နှက်နေခဲ့သည်။
ထို့အပြင် ဤနေရာတွင် အပေါများဆုံးအရာများသည်က အရွယ်အစားအမျိုးမျိုးရှိနေသော နီညိုရောင်နွယ်အမြစ်များသာဖြစ်၏။
တိုက်ခိုက်မှုတချို့ကို ရှောင်ရှားပြီးနောက် ယင်ရိလျို၏ခန္ဓာကိုယ်က ခြုံပုတ်ထဲ တိတ်တဆိတ်ပြုတ်ကျသွားပြီး ပတ်ဝန်းကျင်မှ နွယ်အမြစ်များသည်လည်း တဖြည်းဖြည်း ငြိမ်ကျသွားခဲ့သည်။
သူမ အသက်ပြင်းပြင်းရှူလိုက်၏။
နေရာတစ်ခုလုံးက တိတ်ဆိတ်နေပြီး အလင်းရောင်မှိန်မှိန်အောက်တွင် သစ်မြစ်များနှင့် နေရာတိုင်းတွင် ပြန့်ကျဲနေသော တိရစ္ဆာန်အရေခွံများကိုသာ မြင်ရသည်။
တိရစ္ဆာန်အလောင်းများက မြက်ပင်များကြားတွင် ပြွတ်သိပ်အောင် ပြန့်ကျဲနေသဖြင့် ကြက်သီးထဖွယ် မြင်ကွင်းကို ဖြစ်ပေါ်စေခဲ့၏။
သို့သော်ငြားလည်း ဤအခိုက်အတန့်တွင် ယင်ရိလျိုတစ်ယောက် ကြောက်ရွံ့မှုကို မခံစားရချေ။
ဤတိရစ္ဆာန်အရေခွံများကြားတွင် လူအရေခွံများကိုပင် သူမ မြင်နေခဲ့ရပြီး တချို့ကိုကြည့်ရသည်မှာ ရင်းနှီးနေခဲ့သည်။ ထိုအလောင်းများမှာ အခုလေးတင် တရွတ်တိုက်ဆွဲချခံလိုက်ရသော ဆင့်ကဲပြောင်းလဲသူများဖြစ်ပြီး သူတို့၏ခန္ဓာကိုယ်က လုံးလုံးလျားလျား ခြောက်ကပ်မသွားသေးပါချေ။
လူတစ်ယောက်၏ ရင်ဘတ်က လှုပ်ရှားနေရာမှ စက္ကန့်ပိုင်းအတွင်း ငြိမ်သက်သွားကြောင်းကို သူမ မြင်နိုင်သောကြောင့် သူမ မလွတ်စတမ်းဖမ်းဆုတ်ထားနိုင်မည့် တစ်စုံတစ်ရာက ချော်ထွက်သွားသည့်နှယ် သူမကို ကြောက်ရွံ့မှုဖြင့် ပြည့်နှက်သွားစေသည်။
သူမကိုယ်သူမ ကျင်းယန်က မည်သည့်အရာမှ ဖြစ်မသွားနိုင်ဟု ပြောလျက် တည်ငြိမ်သွားစေရန် ကြိုးစားလိုက်၏။
သူက အရမ်းစွမ်းအားကြီးတာပဲလေ။ သစ်ပင်တစ်ပင်ကြောင့် သူက ဘယ်လိုလုပ်ပြီးသေသွားနိုင်မှာလဲ?
သူမကိုယ်သူမ ဖြေသိမ့်ရန် တွန်းအားပေးလိုက်သော်လည်း မျက်ရည်များကိုတော့ ထိန်းမရချေ။ သူမ၏ယုန်ခန္ဓာကိုယ်လေးက အကြောက်တရားနှင့် စိတ်ပူပန်မှုများကြောင့် တသိမ့်သိမ့်တုန်နေခဲ့လေသည်။
မြေအောက်မှ ဤနီညိုရောင်နွယ်များအား အနှောင့်အယှက်ပေးမိမည်ကို ကြောက်နေသည့်အတွက် သူမ၏လှုပ်ရှားများက အလွန်ပေါ့ပါးနေ၏။
ဤနေရာက သန္ဓေပြောင်းအပင်များ၏ သားရဲတွင်းဖြစ်ပုံရပြီး ဂရုမစိုက်လျှင် သူမကို အလွယ်တကူ ညှစ်သတ်ပစ်နိုင်သော အမြစ်များ၊ အနွယ်များဖြင့် ပြည့်နှက်နေလေသည်။
ယင်ရိလျို၏လုပ်ဆောင်ချက်များက ထောက်ချောက်ထဲကို လျှောက်ဝင်နေသည်နှင့် ဆင်တူနေခဲ့လေ၏။
သူမ၏တိတ်ဆိတ်သော လှုပ်ရှားမှုကြောင့်လား သို့မဟုတ် ဧရာမသတ္တဝါကြီးက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျောနေသည်ကြောင့်လား မသိရသော်ငြား သူမ ရှေ့ဆက်၍ ဂရုတစိုက်သွားလိုက်သော်လည်း ပတ်ဝန်းကျင်က တိတ်ဆိတ်နေပင်ဆဲဖြစ်သည်။
မီတာတစ်ရာလောက် တွားသွားပြီးနောက် ခပ်မှောင်မှောင်ပတ်ဝန်းကျင်က အလင်းဖျော့ဖျော့လင်းလာခဲ့ပြီး မြေအောက်မှ နွယ်ပင်များက ပို၍များပြားလာခဲ့၏။
သူမက ကျင်းယန်၏ခြေရာလက်ရာများကို ရှာဖွေရန် အလွန်ဂရုစိုက်နေငောကြောင့် သူမ၏ခြေထောက်က နီညိုရောင်နွယ်ပင်တစ်ခုကို ထိမိသွားကြောင်းကိုတော့ သတိမထားမိခဲ့ချေ။ နောက်ဆုံး သူမ သတိမိသွားသည့်အခိုက်တွင်တော့ တုန်လှုပ်သွားခဲ့ရသည်။
သွားပြီ!
သူမတော့ အဖမ်းခံရတော့မယ်!
သို့သော် နှစ်စက္ကန့်ကြာပြီးနောက်တွင်လည်း တိတ်ဆိတ်နေသည့်အတွက် သတ္တိစုစည်းလိုက်ပြီး နောက်ထပ် နီညိုရောင်နွယ်ပင်ပေါ်ကို နင်းလိုက်သော်ငြား ပတ်ဝန်းကျင်မှ နွယ်ပင်များက တိတ်ဆိတ်နေဆဲဖြစ်၏။
ဤအချိန်၌ ယင်ရိလျို၏တင်းကြပ်နေသောနှလုံးသား ဖြည်းညှင်းစွာ ပြေလျော့သွားခဲ့သည်။
တစ်ချိန်က ကြမ်းကြုတ်နေခဲ့သော နွယ်ပင်များက ယခုချိန်တွင်တော့ အဘယ်ကြောင့် ကြွက်တစ်ကောင်ကဲ့သို့ တိတ်ဆိတ်နေသည်ကိုသူမ မသိသော်ငြား သူမအတွက် ကျိန်းသေပေါက် ကောင်းသောအရာဖြစ်၏။
အနည်းဆုံးတော့ သူမသာ မြေအောက်တွင်သေသွားခဲ့လျှင် သူမ၏အလောင်းကို ကျင်းယန်တွေ့သွားမည်လားဟု စိုးရိမ်နေစရာမလိုတော့ချေ။
သူမ ငုံ့ကြည့်လိုက်လျှင် လမ်းကြောင်းထပ်မရှိတော့ဘဲ သိပ်သည်းစွာ ရစ်ထွေးနေသော နီညိုရောင်နွယ်ပင်များက ပို၍ပို၍မြင့်မားစွာ စုပုံလာကြောင်းကိုသာ မြင်လိုက်ရသည်။
သူမ ခေါင်းမော့ကြည့်လိုက်လျှင် တစ်စုံတစ်ခုကို အတွင်းမှာရစ်ပတ်နေသည့်နှယ် ဤနွယ်ပင်များ၏ အမြင့်မားဆုံးအစိတ်အပိုင်းက လိမ်နေပြီး ရစ်ထွေးနေလေ၏။
အတွင်းဘက်တွင် အနီရောင်အလင်းမှိန်မှိန်ကို ဖြည်းညှင်းစွာ ထုတ်လွင့်နေခဲ့သည်။
ဤတောက်ပနေသော အရာဝတ္ထုက ဤဧရာမအပင်ကြီး၏အူတိုင်ဖြစ်ပြီး သူမ၏အတိတ်ဘဝနှင့် လက်ရှိဘဝတွင် သူမတောင့်တနေခဲ့ရသည် ရတနာဖြစ်မည်ဟု သူမ ပြင်းပြင်းပြပြခံစားနေရ၏။
ကျင်းယန်၏ ပျောက်ဆုံးသွားမှုနှင့်လည်း ဆက်စပ်မှုရှိနိုင်လေသည်။
သူမ တံ့တွေးပြင်းပြင်းမြိုချလိုက်သည်။ သူမ၏လက်ဖဝါးကို ဆန့်မထုတ်ဝံ့သော်လည်း သူမ၏ခြေထောက်ဖြင့် သတိထားလျက် တွယ်တက်လိုက်ပြီး ဤနီညိုရောင်နွယ်ပင်များပေါ်သိာ့ ဆုပ်ကိုင်၍ တက်လိုက်၏။
မြေပြင်အထက်တွင်တော့ လူတိုင်း၏ စိတ်ခံစားချက်များက တည်ငြိမ်သွားပြီး ပျောက်ဆုံးသွားသည့် ဆင့်ကဲပြောင်းလဲသူ အရေအတွက်ကိုလည်း အပြည့်အဝ စုစည်းပြီးဖြစ်လေသည်။
ကျင်းယန်နှင့်ယင်ရိလျို အပါအဝင် စုစုပေါင်း ဆင့်ကဲပြောင်းလဲသူ ဆယ့်ကိုးယောက် တစ်နည်းအားဖြင့် ရှင်သန်သူ၏ သုံးပုံတစ်ပုံနီးပါး ပျောက်ဆုံးသွားခဲ့၏။
ကျောင်းချီယန်နှင့် ဟေးလန်တို့မှာ အသင့်အနေအထားအတိုင်းရှိနေရန်အတွက် သစ်ပင်၏တခြားတစ်ဝက်ဘက်တွင် တာဝန်ပေးခံထားရပြီး သတင်းကိုကြားရသဖြင့် အလျှင်အမြန်ပြန်လာခဲ့ကြလေသည်။
ကျင်းယန်နှင့် ယင်ရိလျိုတို့ နှစ်ယောက်လုံး မြေအောက်တွင် ရှိနေကြောင်း သိလိုက်ရသည့်အခိုက်တွင် သူတို့ တိတ်ဆိတ်သွားကြသည်။
ကျောင်းစီဟွေ့က ငိုထားသည့်အတွက် မျက်လုံးများကနီရဲနေပြီး ရှူးယန်အသင်း၏ အဖွဲ့ဝင်များကြားတွင် မှုန်မှိုင်းနေသောလေထုက ချိတ်ဆွဲနေခဲ့သည်။
ထိုအခိုက်တွင် လျို့ကျန်းက သူမ၏တဲထဲမှ ထွက်လာခဲ့သည်။ သူမ၏ မျက်နှာက မောပန်းနွမ်းနယ်နေပုံရသော်လည်း စိတ်ပိုင်းဖြတ်ထားသောအမူအရာတို့ ရှိနေလေ၏။
သူမသည်က အလွန်လေးနက်သော ဆုံးဖြတ်ချက်တချို့ ချထားပုံရသည်။
ထိုနောက် သူမ ကျယ်လောင်စွာ ပြောခဲ့၏။
“အခုချိန်မှာ လူတိုင်းက စိတ်အခြေအနေ ဆိုးရွားနေမှာကို ကျွန်မသိပါတယ်.. ဒါပေမဲ့ ကျွန်မတို့ရဲ့ ဦးစားပေးမှုက ဒီသန္ဓေပြောင်းအပင်ကြီးကို ဖြေရှင်းပြီး ကျွန်မတို့ရဲ့ အသင်းဖော်အတွက် လက်စားခြေပေးဖို့ပါပဲ”
ရှူးယန်အသင်း၏အဖွဲ့ဝင်များက စိတ်ထဲတွင် တထင့်ထင့် ခံစားလိုက်ပြီးနောက် လျို့ကျန်းက ဆက်ပြောခဲ့သည်။
“ဆက်ပြီး ဖောက်ခွဲကြမယ်”
ကျောင်းချီယန်၏ မျက်နှာက ချက်ချင်းပင် မည်းမှောင်သွားပြီး လျို့ကျန်း၏ အင်္ကျီကော်လံကို လှမ်းဆွဲလိုက်၏။
“မင်းဖင်ကြီးကို ဖောက်ခွဲပါလား! မြေအောက်မှာ လူတွေရှိနေသေးတယ်!”
ကျောင်းချီယန်သည်ကား ဒေါသတရားဖြင့် တောက်လောင်နေပြီး သူ၏မျက်လုံးများကလည်း စိတ်တိုမှုဖြင့် နီရဲနေခဲ့သည်။
သူက လျို့ကျန်း၏အင်္ကျီကော်လံကို ဆုတ်ကိုင်ကာ အနားသို့လှမ်းဆွဲလိုက်ပြီး အမျက်ဒေါသဖြင့် ပြည့်နှင့်နေခဲ့၏။
ထိုအခိုက်တွင် လျို့ကျန်း၏ဘေးမှ ရှန်းယင်ကျိုးက ရုတ်တရက် ရှေ့တိုးလာပြီး သူ၏ဆင့်ကဲပြောင်းလဲ စွမ်းရည်ကိုအသုံးပြုကာ ကျောင်းချီယန်ကို အဝေးတွန်းထုတ်လိုက်သည်။
ချင်ဟုန်အသင်းမှ တခြားအသင်းဖော်များကလည်း ကျောင်းချီယန်ကိုသေနတ်ဖြင့် တိုက်ရိုက်ချိန်လိုက်ကြလေ၏။
သူသာထပ်မံ၍ လှုပ်ရှားမှုပြုလုပ်လျှင် ရှန်းယင်ကျိုးက ပစ်ခတ်ရန် အမိန့်ပေးလာလိမ့်မည်ပသ်။
“မင်း ဘယ်သူကိုလာပြီး အကြမ်းဖက်နေတာလဲ”
ကျောင်းချီယန်က သူ၏ပုခုံးပေါ်မှ လက်ကို ဖယ်ချလိုက်သည်။
“မင်းတို့ ချင်ဟုန်အသင်းက လူတွေက အရှက်မရှိကြဘူးပဲ.. ငါတို့ရဲ့ခေါင်းဆောင်က ကယ်ဆယ်ရေးမစ်ရှင်ကို လာကူဖို့ အားတွေအများကြီး စိုက်ထုတ်ခဲ့ရတာ..
ငါတို့ယူလာတဲ့ အဆင့်မြင့်လက်နက်တွေကြောင့်သာ မဟုတ်ရင် မင်းတို့တွေက မြေအောက်မှ အညစ်အကြေးတွေစားရင်း လဲနေရလောက်ပြီ”
မြေအောက်တွင်းပေါက်ထဲသို့ တရွတ်တိုက်ဆွဲသွားခြင်းခံရသော ချင်ဟုန်အသင်း၏ အသင်းသားများလည်းရှိ၏။
ဤအခိုက်အတန့်တွင် လျိုဝေ့ဟုန်ကလည်း မျက်မှောင်ကြုတ်နေခဲ့သည်။
သူသည်လည်း ချက်ချငရးဖောက်ခွဲခြင်းကို အားမပေးချေ။ နှစ်ဖက်လုံးသည် မတိုးသာမဆုတ်သာ အခြေအနေထဲ ကျရောက်နေခဲ့သည်။
လျို့ကျန်းက ခဏမျှတိတ်ဆိတ်နေပြီး သူတို့နှင့် အကျိုးသင့်အကြောင်းသင့် ဖြစ်စေရန် ကြိုးစား၍ပြောနေခဲ့လေသည်။
“ရှင်တို့တွေ စိတ်အခြေအနေမကောင်းတာကို ကျွန်မသိပေမဲ့ ရှင်နည်းနည်းလောက် ပိုပြီးအကျိုးသင့်အကြောင်းသင့် စဥ်းစားလို့ မရဘူးလား
အခုလေးတင် ဘာဖြစ်သွားလဲ မြင်လိုက်တာပဲလေ.. သူတို့က အသတ်ခံလိုက်ရပြီ.. အတွင်းဘက်ကို ဆွဲခေါ်ခံသွားရတဲ့လူတွေအတွက် ထွက်လမ်းမရှိဘူး ရှင် ဒါကို သတိထားမိသင့်တယ်”
ထိုသူများသာ ရှင်သန်နိုင်သည့် အခွင့်အရေးရှိနေလျှင် သူမက ဆက်လက်လုပ်ဆောင်ရန် အမိန့်ထုတ်ပြန်မည် မဟုတ်ချေ။
အကြောင်းအရင်းမှာ ဧရာမသစ်ပင်ကြီး၏ရှေ့တွင် တစ်ဦးချင်းစီ၏အင်အားက အရေးကြီးသောကြောင့်ဖြစ်၏။
ဆွဲသွားခံရသည့် ရဲဘော်ရဲဘက်များသည်က မြို့ထဲမှ ပျောက်ဆုံးသွားသော သန္ဓေပြောင်းသားရဲများကဲ့သို့ ခြောက်သွေ့သည်အထိ စုပ်ယူခံလိုက်ရလိမ့်မည်။
မျှော်လင့်ချက်မရှိမှတော့ ဆက်လုပ်ဆောင်ခြင်းက ပိုကောင်းတာပဲလေ။
အချိန်ဆွဲနေခြင်းက အချိန်ပုပ်ရုံသာဖြစ်စေလိမ့်မည်။
“သူတို့က သေချာပေါက် သေသွားပြီဆိုတာ မင်းဘယ်လိုသိတာလဲ၊ မင်းသူတို့ကို စစ်ဆေးဖို့အတွက် အောက်ကိုသွားဖူးလို့လား
မင်းမှာ သဘာဝလွန်စွမ်းအားတွေ ရှိနေလို့လား? မင်းက တစ်ကိုယ်ကောင်းဆန်ပြီး အမြန်ပြန်နိုင်ဖို့နဲ့ မင်းရဲ့ကိုယ်ပိုင်အကျိုးကိုပဲ တွေးနေတာမလား”
ကျောင်းချီယန်က ဤအခိုက်အတန့်တွင် သူ၏မျက်နှာကိုပင် ထည့်မစဥ်းစားချေ။ သူသည်က တိုက်ရိုက်ပင် ရှေ့သိာ့ထွက်ပြီး ခါးမှသေနတ်ကို ဆွဲထုတ်လိုက်၏။
“မင်းက စိတ်မပြောင်းဘဲ ဆက်လုပ်ချင်နေရင်လည်း ရတယ်လေ”
သူ၏နောက်မှ ဖောင်းအစ်နေသောမျက်လုံးများဖြင့် ကျောင်းစီဟွေ့နှင့်လင်းကျားသည်လည်း ရှေ့သို့ တစ်လှမ်းတိုးရန် တုံ့ဆိုင်းမနေခဲ့ကြအါချေ။
အနက်ရောင်ဝံပုလွေက အနားတွင် ဖြည်းညှင်းစွာ ပုန်းလျှိုးကွယ်လျှိုးသွားလာခဲ့ပြီး အန္တရာယ်ပြုဟန်နှင့် သွားဖွေးဖွေးများကို ဖြဲပြလိုက်လေသည်။
ရှူးယန်အသင်း၏ သန်မာသော ကြားဝင်စွက်ဖက်ခြင်းကြားတွင် လေထုက ပို၍တင်းမာလာခဲ့၏။
***