တိုင်ပင်ဆွေးနွေးပြီးနောက် ယွမ်လီနှင့် ကျန်သုံးဦးမှာ အထုပ်အပိုးများကို အမြန်ပြင်ဆင်ကာ ထွက်ခွာ ခဲ့ကြလေတော့သည်။ ဟုန်လင်းသည် သူမ၏ မိဘများကို နှုတ်ဆက်စကား ပြောခဲ့လေသည်။
ဟုန်ကျန့်လင် ဇနီးမောင်နှံမှာ သူမကို မတားမြစ်ခဲ့သော်လည်း ကျင့်ကြံသူများထံတွင် ဖြတ်တောက် ခံထားရသော အင်္ဂါရပ်များကို ပြန်လည်ပေါက်ဖွားစေနိုင်သည့် ရတနာများ ရှိသည်ဟု ကြားထားသဖြင့် ဟုန်ထော့ကို ကုသပေးရန် ထိုဆေးများကို ရှာဖွေပေးရန်အတွက် ဟုန်လင်းကို တတွတ်တွတ် မှာကြား နေကြလေသည်။
ဟုန်လင်းက အပြင်ပန်းတွင် ခေါင်းငြိမ့်သဘောတူခဲ့သော်လည်း စိတ်ထဲတွင်မူ လှောင်ပြုံးပြုံးနေမိသည်။
*ဒီလို ရတနာမျိုးက ဟုန်ထော့လို အမှိုက်တစ်ယောက် သုံးဖို့ တန်ပါ့မလား။ ရှိနေရင်တောင် သေလူနဲ့ မခြားတဲ့သူအတွက် သုံးရတာ နှမြောစရာပဲ….။*
“ဖြစ်နိုင်ရင် ဖျင်ကျန်းမြို့ကနေ ပြောင်းသွားကြတာ အကောင်းဆုံးပဲ။ ကျွန်မ ဒီမှာ မရှိတော့တဲ့အချိန် ထျန်စစ်ဖုန်း ရောက်လာရင် ရှင်တို့ တားနိုင်မှာ မဟုတ်ဘူး….။”
ဟု ထွက်ခွာခါနီးတွင် ဟုန်လင်းက စေတနာဖြင့် သတိပေးခဲ့သည်။ သို့သော် သူတို့ နားထောင်ခြင်း ရှိ၊ မရှိမှာမူ သူတို့၏ ကံကြမ္မာသာ ဖြစ်ပေလိမ့်မည်။
“အဲဒီကောင်စုတ်က လာရဲဦးမလား။ ငါတို့ ဟုန်မိသားစုကို ထိဖို့ သူ့မှာ သတ္တိမရှိပါဘူး….။”
ဟုန်လင်းရှီးက နှာခေါင်းရှုံ့ကာ အော်ဟစ်လိုက်သည်။
“အဲဒီ ညီအစ်ကိုတွေ ဘာတွေပဲလုပ်လုပ် နင့်ကို ကြောက်လို့ ငါ့မိသားစုဝင်တစ်ယောက်ကိုမှ မသတ်ရဲ တာ နင်မမြင်ဘူးလား။ ထျန်ဆန်းဖုန်းရဲ့ အစ်ကိုကြီးနှစ်ယောက် ငါတို့လက်ထဲမှာ သေသွားတုန်းက တောင် သူတို့ ဘာလုပ်ရဲလို့လဲ…။”
သူမ၏ အမြင်တွင် မြစိမ်းတောင်တန်းဂိုဏ်းဝင် သမီးဖြစ်သူ ရှိနေသမျှ ကာလပတ်လုံး ထျန်စစ်ဖုန်းကဲ့သို့ အဖိုးမတန်သူက ရန်စရဲလိမ့်မည် မဟုတ်ဟု ထင်နေသည်။ ဟုန်ကျန့်လင်ကလည်း ခေါင်းငြိမ့်ကာ ထောက်ခံလေသည်။ သူသည် ဖျင်ကျန်းမြို့ရှိ သူ၏ အခြေခံအုတ်မြစ်များကို စွန့်လွှတ်ရန် အစီအစဉ် မရှိချေ။
သို့သော် သူ၏ အချစ်တော် သမီးဖြစ်သူက ဟုန်မိသားစုကို စွန့်လွှတ်လိုက်ပြီ ဖြစ်ကြောင်းကိုမူ သူတို့ မသိကြချေ။ ဟုန်လင်းသည် သူတို့၏ စကားကို ကြားပြီးနောက် ဘာမှ ထပ်မပြောတော့ဘဲ လှည့်ထွက် လာခဲ့တော့သည်။
ခဏအကြာတွင် သူတို့ လေးဦးမှာ ခရီးစတင်ခဲ့ကြလေသည်။ လာစဉ်ကနှင့် မတူဘဲ ယခုမူ လမ်းလျှောက် ၍သာ ပြန်ကြရလေတော့သည်။ ယွမ်လီ၏ လှေပျံမှာ အခိုးခံလိုက်ရပြီ ဖြစ်သဖြင့် သူတို့မှာ မောပန်း နွမ်းနယ်နေခဲ့ကြလေသည်။
လေးယောက်အနက် ဟုန်လင်း တစ်ယောက်တည်းတွင်သာ သိုလှောင်အိတ် ရှိတော့သည်။ အစောပိုင်း က မောက်မာဝင့်ကြွားနေခဲ့သော သူတို့အဖွဲ့မှာ ယခုမူ နွမ်းဖတ်ပြီး သနားစရာ ကောင်းနေတော့သည်။
ဖျင်ကျန်းမြို့မှ ထွက်ခွာလာပြီးနောက် ဟုန်လင်းသည် မြို့ဘက်သို့ နောက်ဆုံးတစ်ကြိမ် ပြန်ကြည့် လိုက်သည်။ ဤသည်မှာ ဟုန်မိသားစုကို နောက်ဆုံးမြင်ရခြင်း ဖြစ်နိုင်ကြောင်း သူမ သိနေသည်။
“ဟူး... ဖျင်ကျန်းမြို့…၊ ဒီလို မြို့သေးသေးလေးမှာ ဒီလောက် ယုတ်မာတဲ့ လူတွေ ရှိလိမ့်မယ်လို့ ဘယ်သူ ထင်မှာလဲ”
ယွမ်လီက သက်ပြင်းချကာ ရေရွတ်လိုက်သည်။ ဂျူနီယာညီမလေး နှစ်ဦးလုံးကလည်း ထျန်ဖုန်းကို ကြောက်လန့်နေကြသဖြင့် ခေါင်းငြိမ့် ထောက်ခံကြလေသည်။
“နောက်ဆုံးတော့ ဒီနေရာကနေ ထွက်လာနိုင်ပြီပဲ။ ထျန်ညီအစ်ကိုတွေနဲ့ ထပ်မတွေ့ရတော့ဘူးလို့ မျှော်လင့်ရတာပဲ….”
ဟု ဟုန်လင်းကလည်း စိတ်သက်သာရာရစွာ ပြောလိုက်လေသည်။
ယွမ်လီက ရယ်မောရင်း ပြောလိုက်သည်။
“စိတ်မပူပါနဲ့၊ တို့ဂိုဏ်းက ဒီနေရာနဲ့ အလှမ်းဝေးပါတယ်။ အဲဒီကောင် ဘယ်လောက်ပဲ ယုတ်မာပါစေ၊ တို့နဲ့ ဘာမှမဆိုင်တော့ပါဘူး…။”
သို့သော် ဂျူနီယာညီလေး ဝူကမူ နှမြောတသစွာ ပြောနေသေးသည်။
“ဖျင်ကျန်းမြို့က တကယ်တော့ နေချင်စရာကြီးပါ…။”
အမျိုးသမီး နှစ်ဦးကမူ သူ့ကို မျက်စောင်းထိုးလိုက်ကြသည်။ သူ လွန်ခဲ့သည့် ရက်အနည်းငယ်က ဘာတွေလုပ်နေသည်ကို သူတို့ ကောင်းကောင်း သိထားကြသည် မဟုတ်ပါလား။
ယွမ်လီက ဂျူနီယာညီမလေးကို ကြည့်ကာ မေးလိုက်သည်။
“ညီမလေး... ဒီတစ်ခေါက်မှာ အရှက်မကွဲတာ မင်း တစ်ယောက်ပဲ ရှိတော့တယ်…။”
ယွမ်လီက လရောင်အောက်တွင် ငှက်လျှောက်ပြသခဲ့ရခြင်း၊ ဟုန်လင်း၏အတု သတင်းနှင့် ဂျူနီယာညီလေး ဝူ၏ ကိစ္စများမှာ အားလုံးက သိကုန်ကြပြီ ဖြစ်သည်။
“ညီမလေး... တို့က ညီမလေးကို မယုံလို့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဂိုဏ်းကို ပြန်ရောက်ရင် တို့တွေ အချင်း ချင်း လျှို့ဝှက်ချက်တွေ ထိန်းပေးရမှာလေ။ ညီမလေးမှာ လျှို့ဝှက်ချက် မရှိရင် တို့က ညီမလေးကို ဘယ်လိုယုံရမလဲ….။”
ဟုန်လင်းက သွေးတိုးစမ်းလိုက်သည်။ အကယ်၍ ဂျူနီယာညီမလေးမှာ အားနည်းချက် မရှိပါက ဂိုဏ်း သို့ ပြန်ရောက်သောအခါ သူမတို့အကြောင်းကို လျှောက်ပြောမည်ကို စိုးရိမ်နေကြခြင်း ဖြစ်သည်။
“စီနီယာအစ်မ... အစ်မက မဟုတ်မတရား စွပ်စွဲခံထားရတာပဲ၊ ကျွန်မက အစ်မဘက်က ရှင်းပြပေး မှာပေါ့….။”
ဟု ညီမလေးက ကြောက်ကြောက်လန့်လန့် ပြရှာလေသည်။
“မထူးပါဘူး၊ ဘယ်သူမှ ယုံမှာ မဟုတ်ဘူး….။”
ဟုန်လင်းက စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းချလိုက်လေသည်။
အမှန်စင်စစ် ဖျင်ကျန်းမြို့ရှိ လူတိုင်းက ဟုန်လင်း၏ဟာများမှာ အတုဖြစ်သည်ဟု တစ်သတ် မှတ်တည်း ယုံကြည်နေကြပြီ ဖြစ်၏။ သူမ အနေဖြင့် လူပုံအလယ်တွင် အစစ်ဖြစ်ကြောင်း ထုတ်မပြနိုင် သရွေ့ ဤအရှက်ကွဲမှုမှာ ပျောက်ကွယ်သွားမည် မဟုတ်ပေ။
ထို့နောက်တွင် သူတို့သည် ဂျူနီယာညီမလေးနှင့် ဂျူနီယာညီလေး ဝူတို့ထံမှ လျှို့ဝှက်ချက်များကို အတင်းအကျပ် မေးမြန်းကြလေတော့သည်။
“ညီမလေး... မင်း တကယ် ပြောနေတာလား….။”
“မင်းက မင်းရဲ့ ဦးလေးကျင့်ကြံသူနဲ့ သူ့ဇနီးတို့... အတူတူ အလုပ်ရှုပ်နေတာကို ချောင်းကြည့်ခဲ့တာ လား….။”
ဂျူနီယာညီမလေးမှာ မျက်နှာတစ်ခုလုံး နီမြန်းသွားပြီး ရှက်ရမ်းရမ်းကာ ခြေဆောင့်လိုက်လေသည်။
“အို... ကျွန်မ တမင်ကြည့်တာ မဟုတ်ပါဘူး။ အဲဒီနေ့က ပစ္စည်းသွားယူရင်း အသံတွေကြားလို့... အဲဒါ... အဲဒါ... မပြောတော့ဘူး…။”
ယွမ်လီက မျက်လုံးများ တောက်ပလာကာ ဆက်မေးလိုက်လေသည်။
“ညီမလေး... ဘယ်လောက်ကြာကြာ ကြည့်နေခဲ့တာလဲ…။”
ဂျူနီယာ ညီမလေးက ရှက်ကိုးရှက်ကန်း ဖြေလိုက်ရလေသည်။
“အစ... အစကနေ အဆုံးအထိပဲ….။”
ခဏအကြာတွင်...
“ညီလေးဝူ... မင်း... မင်း...”
ဟုန်လင်းမှာ ဂျူနီယာညီလေး ဝူကို ပထမဆုံးအကြိမ် မြင်ဖူးသကဲ့သို့ ထိတ်လန့်သွားသည်။
“မင်းက စီနီယာအစ်မဝမ်ရဲ့ အဝတ်အစားတွေပေါ်မှာ အဲဒီအညစ်အကြေးတွေကို လုပ်ခဲ့တာလား…။ သူသာ သိရင် မင်းကို သတ်မှာပဲ…။”
ယွမ်လီပင်လျှင် ညီလေးဝူကို အံ့ဩလေးစားသွားတော့သည်။
“ညီလေးဝူ... မင်းက ဒီလိုလူမျိုးမှန်း ငါ မသိခဲ့ဘူး…။”
ညီမလေးမှာလည်း မျက်နှာနီမြန်းကာ သူ့ကို နှာဘူးတစ်ယောက်ကဲ့သို့ ကြည့်နေတော့သည်။
ဂျူနီယာညီလေး ဝူမှာလည်း အလွန်ပင် ရှက်ရွံ့နေသဖြင့် မြေကြီးထဲသို့သာ တိုးဝင်သွားချင်တော့သည်။ ဤသည်မှာ သူ၏ လျှို့ဝှက်ချက်များထဲတွင် အယုတ်ညံ့ဆုံး မဟုတ်သော်လည်း ပြောပြရန် အဆင်ပြေ ဆုံး ဖြစ်သဖြင့် ပြောပြလိုက်ရခြင်း ဖြစ်လေသည်။
“ညီလေးဝူ... နောက်ဆိုရင် ငါ့ကို စီနီယာအစ်ကိုလို့ မခေါ်နဲ့တော့၊ မင်းက တကယ့်လူပဲ….။”
ယွမ်လီက သူ့ပုခုံးကို ပုတ်ကာ ပြောလိုက်သည်။
“ငါ့အနားကို မလာနဲ့တော့…။”
ဟုန်လင်းက ရွံရှာသော မျက်နှာဖြင့် ခပ်လှမ်းလှမ်းသို့ ရှောင်သွားလေတော့သည်။
…………
မြစိမ်းတောင်တန်းဂိုဏ်းမှ လူလေးဦးမှာ ထူးဆန်းသော လျှို့ဝှက်ချက်များဖြင့် ထွက်ခွာသွားကြသည်ကို ထျန်ဖုန်း မသိရှိလိုက်ချေ။ ယခုအခါ သူသည် ဟုန်မိသားစု အိမ်တော်အတွင်းသို့ ပြောင်းရွှေ့နေထိုင်နေပြီ ဖြစ်သည်။
သူသည် ဟုန်လင်း၏ အခန်းကို ရွေးချယ်ကာ နေထိုင်ခဲ့သည်။ သူ၏အတွေးထဲတွင်..
*အိမ်မရှိတဲ့သူက ရောက်တဲ့နေရာ အိမ်ပဲ၊ မိန်းကလေးအခန်းက ပိုပြီးတော့ သန့်ရှင်းတာပေါ့…။*
သူသည် ဟုန်မိသားစုကို ချက်ချင်း မဖျက်ဆီးသေးဘဲ ဟုန်လင်းတို့ တကယ် ထွက်သွားခြင်း ရှိ၊ မရှိကို စောင့်ကြည့်ရန် သုံးရက်ခန့် အချိန်ယူခဲ့လေသည်။ အကယ်၍ သူတို့က မထွက်သွားဘဲ သူ့ကို ပြန်လည် တိုက်ခိုက်ရန် ကြံစည်နေပါက အားလုံးကို တစ်ခါတည်း သတ်ပစ်ရန် သူ ဆုံးဖြတ်ထားခဲ့၏။
သုံးရက်တာကုန်လွန်သွားသောအခါ ဖျင်ကျန်းမြို့တွင် ဟုန်ကျန့်လင်၏ သြဇာမှာ ပိုမိုကြီးထွားလာသည်။ ဟုန်လင်းတို့ ရှိစဉ်ကထက်ပင် ပိုမိုဆိုးရွားလာကာ သူသည် သာမန်လူများနှင့် အခြားမိသားစုများ၏ ပိုင်ဆိုင်မှုများကို အတင်းအကျပ် လုယူနေတော့သည်။
သူသည် မြို့စားမင်းကိုပင် ဂရုမစိုက်တော့ဘဲ မောက်မာရမ်းကားလာခဲ့သည်။ ဟုန်လင်းရှီး သည်လည်း ရက်စက်လာကာ လူများကို သတ်ဖြတ်ရန် ဝန်မလေးတော့ချေ။ ဟုန်ထော့ ခံစားခဲ့ရသော ဝေဒနာမျိုးကို အခြားသူများအား ခံစားစေကာ လူအများကို မိန်းမစိုးများအဖြစ် ပြောင်းလဲပစ်နေသည်။
ရက်အနည်းငယ်အတွင်းမှာပင် ဖျင်ကျန်းမြို့သည် ငရဲဘုံတစ်ခုကဲ့သို့ ဆင်းရဲဒုက္ခများဖြင့် ပြည့်နှက်သွား တော့သည်။ ကောင်းကင်ဘုံက တစ်စုံတစ်ဦးကို ဖျက်ဆီးတော့မည်ဆိုလျှင် ထိုသူကို အရင်ဆုံး ရူးသွပ် အောင် ပြုလုပ်တတ်သည် ဟူသော စကားမှာ ဟုန်မိသားစုအတွက် အမှန်ပင် ဖြစ်နေတော့လေသည်။
***