ကျိုးပြက္ခဒိန် နှစ် ၉,၉၉၈...
အမည် - ယွဲ့ချန်
မျိုးနွယ် - လူသား
လိင် - ကျား
ကျင့်ကြံခြင်းအဆင့် - တာအိုမျိုးစေ့ အဆင့်
နောက်ခံသမိုင်း - ကျိယန်တောင်ထွတ်၏ ပထမ အကြီးအကဲ (မှတ်ချက် - တကယ်တမ်းတွင် ယင်မိစ္ဆာဂိုဏ်း၏ အကြီးအကဲ တစ်ယောက် ဖြစ်သည်။)
ဆက်ဆံရေး - အနှုတ် ၉
ပါရမီ - ကြယ်ခုနစ်ပွင့်
လက်ရှိအခြေအနေ - မိုးကြိုးနတ်ဘုရား၏ အင်မော်တယ် ရတနာသိုက် တစ်လအတွင်း ပွင့်တော့မည်ဟူသော သတင်းကို ယခုလေးတင် လက်ခံရရှိထားသည်။ ကျိုယန်ဂိုဏ်းကို တိုက်ခိုက်ပြီး နေရာလုယူရန် အချိန်ကျရောက်လာပြီ ဖြစ်၏။ မထင်မှတ်ထားသော မတော်တဆမှုများ မဖြစ်ပေါ်စေရန် အတွင်းမှနေ၍ တိုက်ခိုက်ပြီး ဂိုဏ်းတစ်ခုလုံးကို တစ်ပါတည်း ရှင်းလင်းပစ်ရန် ပြင်ဆင်ထားသည်။
ဒုတိယအဆင့် ဂိုဏ်းတစ်ခုသာ ဖြစ်သည့် ကျိုယန်ဂိုဏ်းအား ရန်သူများ အဘယ်ကြောင့် အဆက်မပြတ် ပစ်မှတ်ထားနေရသနည်းဟု သူ တွေဝေနေမိသည်။
တကယ်လို့ ကျိုယန်ဂိုဏ်းကို သိမ်းပိုက်ချင်နေလျှင် အနိမအဆင့် ကျွမ်းကျင်ပညာရှင် တစ်ယောက် လွှတ်လိုက်ရုံဖြင့် လွယ်ကူနေမည် မဟုတ်ပါလား။ ကြီးမားသည့် လှုပ်ရှားမှုများကြောင့် ချင်းယွင်ဂိုဏ်း၏ အာရုံစိုက်မှုကို ခံရမည် စိုးရိမ်နေကြခြင်းလော။
'ကျိုယန်ဂိုဏ်းက တကယ်ပဲ လျှို့ဝှက်ချက်ကြီး တစ်ခုကို ဖုံးကွယ်ထားတာများလား…'
လက်ရှိအခြေအနေ၏ နောက်ဆုံးစာကြောင်းမှာ ပထမ အကြီးအကဲ ယွဲ့ချန် စိတ်ထဲရှိ သံသယဖြစ်ပြီး ကျန်းမင် ကိုယ်တိုင်လည်း နားမလည်နိုင်သည့် အရာပင်။
ယင်မိစ္ဆာဂိုဏ်းက သူတို့၏ အစီအစဉ်များကို စောစောစီးစီးကတည်းက စတင်ချမှတ်ခဲ့ကြ၏။ သူတို့က သူလျှိုတစ်ယောက် စေလွှတ်၍ ပထမ အကြီးအကဲ နေရာအထိ တက်လှမ်းစေကာ ကျိုယန်ဂိုဏ်းအား တိတ်တဆိတ် သိမ်းပိုက်ရန် ကြိုးစားခဲ့သော်လည်း နောက်ဆုံးတွင် ချင်းယွင်ဂိုဏ်း၏ ချေမှုန်းဖျက်ဆီးခြင်းကို ခံလိုက်ရသည်။
ယခု နှစ်အနည်းငယ်သာ ကြာသေးသော်လည်း သူတို့က ဤကိစ္စကို ထပ်လုပ်ရန် စီစဉ်နေကြပြန်သည်။ ဤသည်မှာ ကျန်းမင်အတွက် အလွန် ပုံမှန်မဟုတ်သလို ခံစားနေရ၏။
အလိုလို သိစိတ်အရ ကျန်းမင်က လူသားလမ်းစဉ် မှတ်တမ်းအား လှန်လှော၍ ချင်းယွင်ဂိုဏ်း၏ မဟာအကြီးအကဲ ယန်ဖုန်း၏ စာမျက်နှာဆီသို့ ဖွင့်ကြည့်လိုက်သည်။
ယန်ဖုန်း၊ ချင်ဖုန်းဇီဟုလည်း ခေါ်ဝေါ်ကြပြီး အနိမ အဆင့်တွင် ရှိသည်။
လက်ရှိအခြေအနေ - “မိုးကြိုးနတ်ဘုရား၏ အင်မော်တယ် ရတနာသိုက် ပွင့်လာခြင်းက ငယ်ရွယ်တဲ့ ပါရမီရှင်တွေ အကုန်လုံး သူတို့ကံကို စမ်းသပ်ဖို့ သေချာပေါက် ဆွဲဆောင်နိုင်လိမ့်မယ်… ယင်မိစ္ဆာဂိုဏ်းနဲ့ တောင်နီနန်းတော်တို့ကလည်း ဒီအခွင့်အရေးကို ယူပြီး သေချာပေါက် တိုက်ခိုက်လာကြမှာပဲ…"
"ချင်းယွင်ဂိုဏ်းက ကျွမ်းကျင်ပညာရှင်တွေကို ဟန့်တားထားပြီး ဒီအင်အားစု နှစ်ခုက တခြားဂိုဏ်းတွေကို တိုက်ခိုက်ကာ နယ်မြေတွေကို သိမ်းပိုက်ပြီး အဟန့်အတား မှန်သမျှကို ရှင်းလင်းကြလိမ့်မယ်… အချိန်ကိုက်ပဲ… ငါတို့လည်း ဒီအခွင့်အရေးကို ယူပြီး အရှေ့ပိုင်းဒေသကို ရှင်းလင်းရမယ်… ပြီးတော့ ချင်းယွင်ဂိုဏ်းကို အာခံရဲတဲ့ ဂိုဏ်းတွေနဲ့ မိသားစု တချို့ကို တိတ်တဆိတ် သတ်ပစ်မယ်… အထူးသဖြင့် အဲ့ဒီနှစ်ဂိုဏ်းပဲ… တော်ဝင်မြေ ဖြစ်လာဖို့ တွေးနေတုန်းလား… အိပ်မက် ဆက်မက်နေလိုက်ကြစမ်းပါ…"
"ထောင်ချောက် ဆင်ထားပြီးပြီ… သူတို့ တိုက်ခိုက်လာတာနဲ့ တစ်ပြိုင်နက် တစ်ကြိမ်တည်းနဲ့ အကုန်လုံးကို သုတ်သင်ရှင်းလင်းပစ်နိုင်လိမ့်မယ်…"
ကျန်းမင် ထိုအခြေအနေများကို ဖတ်ရှုပြီးနောက် သူတို့အားလုံးမှာ ကောက်ကျစ်စဉ်းလဲသော အဘိုးအိုများ ဖြစ်ကြောင်း သဘောပေါက်လိုက်သဖြင့် သူ့ကျောရိုးထဲ စိမ့်ခနဲ ဖြစ်သွားတော့သည်။
ချင်းယွင်ဂိုဏ်းက ယင်မိစ္ဆာဂိုဏ်းနှင့် တောင်နီနန်းတော်တို့ကြား ပူးပေါင်းဆောင်ရွက်မှုကို သိထားသော်လည်း ဘာမှ မသိသည့်အလား ဟန်ဆောင်နေခဲ့၏။ ဤမိစ္ဆာများ ပေါ်လာချိန်တွင် သဘာဝကျကျ ခုခံကာကွယ်ရန်သာ ဆက်လက် ပြုမူနေခဲ့သည်။ သို့သော် လက်တွေ့တွင်မူ သူတို့အတွက် ကြီးမားသော ထောင်ချောက်ကြီး တစ်ခုက အသင့် စောင့်ကြိုနေလေပြီ။
ယင်မိစ္ဆာဂိုဏ်း၏ အထက်တန်းလွှာများကြားတွင် ချင်းယွင်ဂိုဏ်းမှ သူလျှိုတစ်ယောက် သေချာပေါက် ရှိနေရမည်ဟု ကျန်းမင် ယုံကြည်ချက်ရှိစွာ တွေးလိုက်သည်။
'ယင်မိစ္ဆာဂိုဏ်းက ဒီလောက် အချိန်အကြာကြီး အစီအစဉ်တွေ ဆွဲထားပြီးမှ ဘယ်လိုလုပ် ဒီလောက် အသုံးမကျ ဖြစ်နေရတာလဲ…'
ကျန်းမင် လုံးဝ မယုံကြည်နိုင်အောင် ဖြစ်နေမိသည်။
အကယ်၍ ယင်မိစ္ဆာဂိုဏ်းသာ ချင်းယွင်ဂိုဏ်းတွင် ဖြစ်ပျက်နေသည်များကို သိခဲ့လျှင် အတော်လေး ကြည့်ကောင်းမည့် ပြဇာတ်တစ်ပုဒ် ဖြစ်လာပေလိမ့်မည်။ အရာအားလုံးက တစ်လအတွင်း ရှင်းလင်းထင်ရှားသွားတော့မည် ဖြစ်၏။
"ဘာလို့ ငါ့ရဲ့ ကျိုယန်ဂိုဏ်းကို လာပြီး စိန်ခေါ်နေရတာလဲ… မင်းတို့က ငါ့ကို လူသတ်ပွဲ ဆင်နွှဲအောင် အတင်း ဖိအားပေးနေတာပဲ မဟုတ်လား…" ကျန်းမင် စိတ်အနှောင့်အယှက် ဖြစ်စွာ ရေရွတ်လိုက်သည်။
သူက တိတ်ဆိတ် ငြိမ်သက်စွာဖြင့် ကျင့်ကြံပြီး တဖြည်းဖြည်း အားကောင်းလာမည့် အေးချမ်းသော ဘဝမျိုးကိုသာ အမှန်တကယ် ဖြတ်သန်းချင်ခဲ့သည်။ အချိန်အခါ သင့်လာလျှင် သူ့အား လုပ်ကြံသူများကို တစ်ယောက်မကျန် သတ်ပစ်နိုင်သည်။ ထိုသည်က သူ့အတွက် အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
ကံမကောင်းစွာဖြင့် အချို့လူများက သေလမ်းဆီသို့ အပြေးအလွှား သွားနေကြသောကြောင့် သူ့တွင် ရွေးချယ်စရာ မရှိတော့ပေ။
ကျန်းမင် သူ့မြေအောက်ဂူဆီသို့ ပြန်လာခဲ့လိုက်သည်။
အစပိုင်းက ပုံစံနှင့် နှိုင်းယှဉ်လျှင် ကြီးမားသော အပြောင်းအလဲများ ရှိနေပြီး အထူးသဖြင့် ဂူတစ်ခုလုံး၏ အလယ်တည့်တည့်ရှိ ဝိညာဉ်စမ်းရေပင်။ ဝိညာဉ်စမ်းရေထဲတွင် သုံးမီတာ မြင့်သော ဉာဏ်အလင်းပွင့် လက်ဖက်ပင် တစ်ပင်ကို အညွန့်နုလေးများ သုံးထောင်နှင့်အတူ တွေ့မြင်နိုင်သည်။ မျက်နှာပြင် တစ်လျှောက် အဆုံးမဲ့သော စွမ်းအင်လှိုင်းများ စီးဆင်းနေသည်ကို မြင်တွေ့ရသော်လည်း ထိုအညွန့်လေးများကို ရိတ်သိမ်းရန် အချိန်အတော်ကြာ လိုသေးသည်။
ထို့အပြင် ရှေးဟောင်း စစ်သစ်ပင်ကြီးမှာ ဆယ်မီတာ အထိ မြင့်တက်လာပြီး စိမ်းလန်းစိုပြေသော သစ်ရွက်များဖြင့် အမှန်တကယ် မျက်စိပသာဒ ဖြစ်ဖွယ်ရာပင်။ ကျန်းမင်က သစ်ပင်ထဲမှနေ၍ တဖြည်းဖြည်း ထွက်ပေါ်လာသော သေးငယ်ပြီး အားနည်းသည့် ဝိညာဉ်တစ်ခုကိုပင် ခံစားမိနေ၏။ ဝိညာဉ် အပြည့်အဝ ဖွံ့ဖြိုးလာသည်နှင့် စစ်မှန်သော သစ်ပင်သတ္တဝါ တစ်ကောင်အဖြစ် ကြီးထွားလာပေလိမ့်မည်။
မရေမတွက်နိုင်သော ဝိညာဉ်ဆေးပင်များမှာ သိသိသာသာ ကြီးထွားလာပြီး အများစုမှာ ရင့်မှည့်ကာ ရိတ်သိမ်းရန် အသင့်ဖြစ်နေလေပြီ။ ကျန်းမင်က ထိုအရာများကို သိပ်ဂရုမစိုက်တော့ဘဲ ဂူအတွင်း ပတ်ပတ်လည်ကို ကြည့်လိုက်သည်။ ဂူမှာ အမှန်တကယ်ပင် မီတာ ထောင်ပေါင်းများစွာ မြင့်မားပြီး မြေပြင်မှာလည်း မီတာ သောင်းပေါင်းများစွာ ကျယ်ဝန်းသော မြေအောက်လှိုဏ်ဂူကြီး တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
ကျန်းမင်က သူ့အာကာသ စွမ်းရည်ဖြင့် နေရာများကို အဆက်မပြတ် ချဲ့ထွင်နေခဲ့ပြီး ထူထပ်သော ချီစွမ်းအင်များက မြူခိုးများအဖြစ် ပြောင်းလဲကာ ဟင်းလင်းပြင်တိုင်း၏ လက်မတိုင်းဆီသို့ အချိန်အကြာကြီး စိမ့်ဝင်နေခဲ့၏။ ချီစွမ်းအင်များ အလွန်များပြားစွာ စုဆောင်းမိလာသောကြောင့် ချီစွမ်းအင် စီးကြောင်းတစ်ခုပင် တဖြည်းဖြည်း ဖြစ်ပေါ်လာခဲ့သည်။
ပတ်ဝန်းကျင်ကို အကဲခတ်ပြီးနောက် ကျန်းမင်က တိမ်တိုက်တစ်ခုပေါ်တွင် တင်ပျဉ်ခွေ ထိုင်ချလိုက်ပြီး အဆင့်တက်ရန် ပြင်ဆင်တော့သည်။
သူ့အသိစိတ်ပင်လယ် နက်ရှိုင်းသော နေရာတွင် တာအိုမျိုးစေ့ အများအပြားမှာ သူတို့၏ အကန့်အသတ်သို့ ရောက်ရှိနေပြီး ချီစွမ်းအင်များ လျှံကျနေစေသည်။
ယခုအခါ ကျန်းမင်မှာ တာအိုမျိုးစေ့ အားလုံး အထွတ်အထိပ်သို့ ရောက်ရှိနေသည့် အခြေအနေတွင် ရှိနေပြီး ယခင်က မည်သူမျှ မရောက်ဖူးသော အမြင့်ဆုံး အဆင့်တစ်ခုပင်။
သူ့နောက်တစ်ဆင့်မှာ ၎င်းတို့ကို စတင်ပြီး မူလဝိညာဉ်အဖြစ် ပြုစုပျိုးထောင်ရန် ဖြစ်သည်။
မူလဝိညာဉ် တစ်ခုသာ ရှိနိုင်သော်လည်း ကျန်းမင်တွင် တာအို အမျိုးအစားပေါင်း မြောက်မြားစွာ ရှိနေ၏။ အကယ်၍ ၎င်းတို့ကို အတူတကွ မပေါင်းစပ်နိုင်ပါက ပိုနေသော တာအိုမျိုးစေ့များအား ဖြတ်တောက်ပြီး အသုံးပြုရန် တစ်ခုတည်းသာ ချန်ထားရုံမှလွဲ၍ ရွေးချယ်စရာ မရှိပေ။
"တာအိုမျိုးစေ့ အကုန်လုံးကို အပြည့်အဝ ကျွမ်းကျင်ပြီးပြီ… ကျန်တာက သူတို့ကို ပေါင်းစပ်ဖို့ပဲ…" ကျန်းမင် မျက်လုံးများကို မှိတ်၍ အာရုံစိုက်ရင်း ရေရွတ်လိုက်သည်။
သူက ဆုလာဘ်များစွာ ရရှိခဲ့ပြီး ဉာဏ်အလင်းပွင့် လက်ဖက်ရည်ကို နေ့စဉ် သောက်သုံးခဲ့သည့်အပြင် လွန်ခဲ့သော သုံးနှစ်အတွင်း အထွတ်အထိပ် မျှော်စင်အတွင်း၌ပင် တစ်ခါတစ်ရံ သွားရောက် ကျင့်ကြံခဲ့သည်။ တာအိုမျိုးစေ့များကို ယခင်က မည်သူမျှ မကြိုးစားဖူးသော အဆင့်အထိ သူ စုဆောင်းထားခဲ့သည်မှာ ကြာမြင့်နေပြီ ဖြစ်၏။
သူ့စိတ်ထဲတွင် ရိုင်းစိုင်းသော ရည်မှန်းချက်ကြီး တစ်ခုသာ မရှိခဲ့လျှင် မူလဝိညာဉ် အဆင့်၊ ကနဦး ဝိညာဉ် အဆင့် သို့မဟုတ် အနိမ အဆင့် အထိပင် အလွယ်တကူ ရောက်ရှိနိုင်ပေလိမ့်မည်။
"စနစ်… ငါ့ခန္ဓာကိုယ် အပြောင်းအလဲတွေကို အတွင်းထဲမှာပဲ ချိတ်ပိတ်ထားလိုက်…"
ကျန်းမင် အမိန့်ပေးလိုက်သည်နှင့် စနစ်က သူ့ပတ်ပတ်လည်တွင် တဖြည်းဖြည်း ပျံ့နှံ့သွားတော့သည်။
မဟာတာအို အနန္တတန်ခိုးရှင် ကျင့်စဉ်ကို ထုတ်ဖော်ပြီး ကီလိုမီတာ တစ်သောင်း အချင်းဝက် အထိ ရောက်ရှိနေပြီဖြစ်သော သူ့အသိစိတ်ပင်လယ်ထဲတွင် အဆုံးမဲ့သော လှိုင်းလုံးများကို ဖြစ်ပေါ်စေသည်။
ကျန်းမင်က သူ့အသိစိတ်ပင်လယ်ကို ဆက်လက် ချဲ့ထွင်ရန် ကြိုးစားလျှင်ပင် ကီလိုမီတာ တစ်သောင်းမှာ စစ်မှန်သော အကန့်အသတ် ဖြစ်နေပြီး ထိုထက် ပို၍ ကျယ်ပြန့်လာမည် မဟုတ်ချေ။
ကြီးမားလှသော ချီစွမ်းအင် လှိုင်းလုံးများ တက်လာသည်နှင့်အမျှ တာအိုမျိုးစေ့များက တစ်ခုပြီးတစ်ခု တောက်ပလာကြသည်။ အလင်းရောင် တစ်ခုစီတိုင်းက တာအို အမျိုးအစား တစ်ခုစီကို ကိုယ်စားပြုပြီး ၎င်းတို့ကို တစ်ခုတည်း အဖြစ် ပေါင်းစပ်ရန်မှာ လွယ်ကူသော ကိစ္စ မဟုတ်ပေ။
'ငါ့ရဲ့ အသိစိတ်ပင်လယ်ကို မီးဖိုတစ်ခု အဖြစ် သုံးပြီး တာအိုတိုင်းကို ပေါင်းစပ်မယ်… အားလုံးကို တာအို တစ်ခုတည်း အဖြစ် ပေါင်းစည်းပစ်မယ်…' ကျန်းမင် သူ့ကျင့်စဉ်ကို အကန့်အသတ် အထိ ထုတ်ဖော်ရင်း တွေးနေသည်။
ကောင်းကင်နှင့် မြေကြီးကိုပင် ချိုးဖျက်နိုင်သော ဖျက်ဆီးနိုင်စွမ်းရှိသည့် စွမ်းအားမုန်တိုင်း တစ်ခု ဖြစ်ပေါ်လာသည်နှင့်အမျှ သူ့အသိစိတ်ပင်လယ်ထဲမှ ကျယ်လောင်သော တဒိုင်းဒိုင်း မြည်သံများကို ကြားလိုက်ရ၏။
ဓာတ်ကြီးငါးပါး၊ ယင် ယန်၊ အချိန် ဟင်းလင်းပြင်၊ သေခြင်း ရှင်ခြင်း၊ အလင်း အမှောင်၊ ပုံရိပ်ယောင်၊ သံသရာ၊ ကံကြမ္မာ တာအိုမျိုးစေ့များနှင့် အခြား များစွာသော မရေမတွက်နိုင်သည့် တာအို အမျိုးအစားများကို တွေ့မြင်နိုင်သည်။
ကျန်းမင်က ဓာတ်ကြီးငါးပါးကို အခြေခံအဖြစ်၊ ယင် ယန်ကို မူဘောင်အဖြစ်၊ အချိန် ဟင်းလင်းပြင်ကို အထောက်အပံ့ အဖြစ် အသုံးပြုပြီး အလင်းနှင့်အမှောင်ဖြင့် ဖြည့်တင်းကာ သေခြင်းနှင့်ရှင်ခြင်းအား ဖြတ်သန်း စီးဆင်းစေသည်။ ပုံရိပ်ယောင်ကို ထိန်းသိမ်း၍ သံသရာအား စုပ်ယူပြီး ကံကြမ္မာတခွင် ရစ်ပတ်ကာ ပေါင်းစပ်ခြင်း လုပ်ငန်းစဉ် စတင်လိုက်သည်။
မဟာတာအို အနန္တတန်ခိုးရှင် ကျင့်စဉ် ထုတ်ဖော်လိုက်သည်နှင့် မရေမတွက်နိုင်သော တာအို စွမ်းအင်လှိုင်းများ စတင် ဖြာထွက်လာသည်။ ဤကျင့်စဉ်တွင် မန္တန်ပေါင်း တစ်သောင်း အထိ ပါဝင်နိုင်ပြီး အဆက်မပြတ် ထုတ်ဖော်လိုက်သည်နှင့် မဟာစွမ်းအင် လမ်းကြောင်းတစ်ခုက လုပ်ငန်းစဉ်အား မြှင့်တင်ပေးကာ မတူညီသော တာအိုမျိုးစေ့ အမျိုးအစားများကို တစ်ခုတည်း အဖြစ် ပေါင်းစပ်ရန် အတင်းအကျပ် တွန်းအားပေးနေသကဲ့သို့ ခံစားရ၏။
ကျန်းမင် တာအိုမျိုးစေ့များ ဆက်လက် ပေါင်းစပ်ရန် ကြိုးစားနေစဉ် သူတို့ကို မပေါင်းစပ်နိုင်အောင် ဟန့်တားနေသည့် ပြင်းထန်ပြီး အနိုင်ယူ၍ မရသော တွန်းကန်အား တစ်ခု ရှိနေသလို ခံစားလိုက်ရသည်။ သူ ကြိုးစားလုပ်ဆောင်နေသည့် အရာမှာ မဟာတာအိုမှ သည်းခံမည် မဟုတ်သော တားမြစ်ချက် တစ်ခုကဲ့သို့ပင်။
နောက်ဆုံးတွင် မည်သည့်အရာကမျှ ရှောင်လွှဲ၍ မရသော အရာကို မတားဆီးနိုင်ခဲ့ပေ။
အသိစိတ်ပင်လယ်၏ နက်ရှိုင်းသော နေရာတွင် နားကွဲလုမတတ် ပေါက်ကွဲသံ တစ်ခုက ကျန်းမင် ဝိညာဉ်ထဲမှ ရုတ်တရက် ပဲ့တင်ထပ်လာသည်။ မရေမတွက်နိုင်သော တာအိုမျိုးစေ့များ အပြည့်အဝ ပေါင်းစပ်သွားသည်နှင့် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခု ဖြာထွက်လာပြီး သူ့အသိစိတ်ပင်လယ်ထဲရှိ ချီစွမ်းအင် လက်မတိုင်းကို ဝါးမြိုသွားတော့သည်။
ခေတ်အဆက်ဆက် ကမ္ဘာဦး ပျက်သုဉ်းခြင်းတာအိုက လူ့ဘုံသို့ ဆင်းသက်လာခဲ့ခြင်း ရှိ၊ မရှိ မည်သူမျှ မသိသော်လည်း အကယ်၍ ဆင်းသက်လာခဲ့ပါက ထိုအရာသည် သေချာပေါက် တားမြစ်ထားသော တာအိုတစ်ခု ဖြစ်ပေလိမ့်မည်။
"မလုံလောက်သေးဘူး…" ကျန်းမင် ရေရွတ်လိုက်သည်။
သူ အံ့အားသင့်သွားရခြင်းမှာ တာအိုမျိုးစေ့များ အားလုံး အောင်မြင်စွာ ပေါင်းစပ်သွားသည့် အခိုက်အတန့်တွင် ၎င်းတို့က သူ့အသိစိတ်ပင်လယ်ထဲရှိ ချီစွမ်းအင် တစ်စက်မကျန် စုပ်ယူသွားသောကြောင့်ပင်။ ပေါင်းစပ်မှု အောင်မြင်ခဲ့သော်လည်း ကမ္ဘာဦး ပျက်သုဉ်းခြင်း တာအိုမျိုးစေ့ကို အောင်မြင်စွာ ဖန်တီးနိုင်ခဲ့ပြီဟု မဆိုလိုပေ။
"စနစ်… နှစ်ခြောက်ရာစာ ချီစွမ်းအင် ဖြည့်သွင်းစမ်း…"
ကျန်းမင် အမိန့်ပေးလိုက်သည်။ တာအိုမျိုးစေ့ အသစ်တစ်ခု မဖန်တီးနိုင်လျှင် မည်သို့ ဖြစ်လာမည်ကို သူ နားလည်ပြီး ထိုအတွက် ကြိုတင် ပြင်ဆင်ထားပြီး ဖြစ်၏။
စနစ်က သူ့အသိစိတ်ပင်လယ်ထဲရှိ ပေါင်းစပ်ထားသော တာအိုမျိုးစေ့ပေါ် ချီစွမ်းအင် ဘောလုံးတစ်လုံး စတင် ဖြည့်သွင်းပေးလိုက်သည်။ တာအိုမျိုးစေ့က လောင်းထည့်လိုက်သော ချီစွမ်းအင် အစက်တိုင်းကို ချက်ချင်း စုပ်ယူ ခြောက်သွေ့သွားစေသော်လည်း မလုံလောက်သေးပုံ ပေါ်နေဆဲပင်။
"ဒါတောင် မလုံလောက်သေးဘူးလား… စနစ်… နှစ်နှစ်ထောင်စာ ချီစွမ်းအင် ဖြည့်သွင်းစမ်း…"
ကျန်းမင်က ပြတ်သားစွာ အမိန့်ပေးပြီး ယခင်ကထက် ပိုကြီးမားသော ချီစွမ်းအင် အစုအဝေးကို ချက်ချင်း ထပ်ပေါင်းထည့်လိုက်သည်။ နှစ်ခုနစ်ထောင် ခြောက်ရာစာ ချီစွမ်းအင် စုဆောင်းထားသောကြောင့် သုံးစွဲရန် မကြောက်ရွံ့ပေ။
ကျယ်လောင်သော တဝီဝီ မြည်သံများကို အဆက်မပြတ် ကြားနေရ၏။
ပေါင်းစပ်ခါစ တာအိုမျိုးစေ့က တွင်းနက်ကြီး တစ်ခုသဖွယ် ပြုမူကာ ပေးအပ်ထားသော ချီစွမ်းအင်များ လျင်မြန်စွာ ဝါးမြိုနေစဉ် သူ့အသိစိတ်ပင်လယ်မှာ ထိန်းမနိုင် သိမ်းမရ တုန်ခါနေသည်။ နှစ်နှစ်ထောင်စာ ချီစွမ်းအင် ကုန်ခမ်းလုနီးပါး ဖြစ်ချိန်တွင် တာအိုမျိုးစေ့က ရုတ်တရက် စုပ်ယူခြင်းကို ရပ်တန့်လိုက်၏။ တောက်ပသော အလင်းတန်းများက သူ့အသိစိတ်ပင်လယ်ထဲတွင် စူးရှစွာ လင်းလက်လာသည်ကို တွေ့မြင်နိုင်သည်။
မျက်စိကျိန်းလောက်သော အလင်းရောင်က ကနဦးခေတ်မှ အရှိန်အဝါတစ်ခုကဲ့သို့ အစောဆုံး ကနဦး တာအို၏ ခံစားချက်ကို ပေးစွမ်းပြီး ၎င်းနှင့်အတူ လုံးဝ အသစ်စက်စက် တာအိုမျိုးစေ့ တစ်ခု ထွက်ပေါ်လာခဲ့လေပြီ။
ဤလုံးဝန်းပြီး မှောင်မိုက်သော ပုံပန်းသွင်ပြင်ရှိသည့် တာအိုမျိုးစေ့မှာ လွန်စွာ လေးလံနေပုံရပြီး ၎င်းအတွင်း၌ လျှို့ဝှက်ဆန်းကြယ်သော ကမ္ဘာဦး ပျက်သုဉ်းခြင်း စွမ်းအားတစ်ခု ဖုံးကွယ်ထားသည်။ သို့တိုင် ဤကဲ့သို့ ထူးဆန်းသော ပုံစံရှိသည့် တာအိုမျိုးစေ့က အလွန် တောက်ပသော အလင်းတန်းများကို ဖြာထွက်နေခြင်းပင်။
ကျန်းမင်၏ အသိစိတ်ပင်လယ် အဆက်မပြတ် မြည်ဟည်းနေစဉ် အလင်းရောင်များ ဆက်လက် တောက်ပနေခဲ့သည်။ သို့သော်လည်း သူ့အသိစိတ်ပင်လယ်မှာ လုံးဝ ကျယ်ပြန့်လာခြင်း မရှိကြောင်း သဘောပေါက်လိုက်၏။ အခြားတစ်ဖက်တွင်မူ အသိစိတ်ပင်လယ် အတွင်းရှိ ဟင်းလင်းပြင်မှာ ဆယ်ဆထက်မက ပိုခိုင်မာ အားကောင်းလာခဲ့လေပြီ။
အကာအကွယ် အမြှေးပါးမှာ ပြင်းထန်သော အသွင်ပြောင်းလဲမှုများကို ဖြတ်သန်းခဲ့ရပြီး ၎င်း မျက်နှာပြင်ပေါ်တွင် ထူထပ်သော သွေးကြောများ စတင် ပေါ်လာသည်။ ဤသွေးကြောများထဲမှ သုံးထောင်မှာ အမြှေးပါးပေါ်တွင် စွဲထင်နေပြီး သွေးကြော တစ်ခုစီက မဟာတာအို အမျိုးအစား တစ်ခုစီကို ကိုယ်စားပြု၏။
ကျန်းမင်က သူ့အသိစိတ်ပင်လယ်၏ အမြှေးပါးမှာ အဆတစ်ရာထက်မက ကြောက်မက်ဖွယ် ကောင်းလောက်အောင် အားကောင်းလာသည်ကို ခံစားလိုက်ရသည်။
သူက အတိတ်တွင် အနိမ အဆင့် ကျွမ်းကျင်ပညာရှင် တစ်ယောက်ထံမှ စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများကိုပင် ကာကွယ်နိုင်ခဲ့ပြီ ဖြစ်သည်။ ယခု သူ ပို၍ အားကောင်းလာချိန်တွင် ၎င်းတို့အား မည်သို့ ရင်ဆိုင်နိုင်မည်နည်း။
အမှန်တကယ်ပင် စိတ်ကူး၍ မရနိုင်သော်လည်း အသွင်ပြောင်းလဲမှုက ထိုနေရာတွင် ရပ်တန့်မသွားခဲ့ပေ။
တောက်ပသော အလင်းရောင်က သူ့အသိစိတ်ပင်လယ်မှ တစ်ဆင့် စိမ့်ဝင်သွားပြီး သူ့အရိုး၊ သွေးကြော၊ ကြွက်သား၊ ကလီစာများ၊ အမြှေးပါးများ၊ အရေပြားနှင့် ဆံပင်မွေးညင်းများ၏ နေရာတိုင်းဆီသို့ ထွန်းလင်းသွားသည်။ သူ့ခန္ဓာကိုယ်ရှိ လက်မတိုင်းမှာ အလင်းရောင်ဖြင့် နစ်မြုပ်နေတော့၏။
ထိုအခိုက်အတန့်တွင် ကျန်းမင်၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်မှာ တဖြည်းဖြည်း စတင် ပြောင်းလဲလာပြီး သူ့ဝမ်းဗိုက်ထဲမှ အလွန်အမင်း ဆာလောင်သော ခံစားချက်ကို စတင် ခံစားလာရသည်။
ချီစွမ်းအင်များ သူ့ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ထဲ လမ်းညွှန်ရန် ကြိုးစားလိုက်သည်နှင့် စွမ်းအင်များ တိုးပွားလာပြီး ရေမြှုပ်တစ်ခု သို့မဟုတ် ချီစွမ်းအင်များကို ဆာလောင်မွတ်သိပ်စွာ ဝါးမြိုနေသော သဲကန္တာရ တစ်ခုပမာ တိုက်ရိုက် စီးဝင်သွားလေပြီ။
သူ့ခန္ဓာကိုယ်က လျင်မြန်စွာ ဆင့်ကဲပြောင်းလဲနေစဉ် မဟာတာအို အနန္တတန်ခိုးရှင်ကျမ်းကို ဆက်လက် ထုတ်ဖော်နေခဲ့သည်။
သူ ဖြတ်သန်းနေရသည့် ဤကန့်သတ်ချက်ကို ကျော်လွန်သော အသွင်ပြောင်းလဲမှုက သူ့ဗဟိုချက်ကို သိသိသာသာ ပြုပြင်မွမ်းမံရန် ကူညီပေးနေခြင်းပင်။
သူ့အသွင်ပြောင်းလဲမှု နောက်ဆုံးတွင် ပြီးဆုံးသွားရန် နှစ်သုံးထောင်စာ ချီစွမ်းအင် ယူခဲ့ရသည်။
အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် ကျန်းမင် နောက်ဆုံးတွင် မျက်လုံးဖွင့်လာပြီး အနည်းငယ် ပြုံးလိုက်ကာ ပျော်ရွှင်စွာ အော်ဟစ်လိုက်တော့သည်။
"ဟား ဟား ဟား… အားလုံးထဲမှာ အသန်မာဆုံး တာအို အခြေခံအုတ်မြစ်ကို နောက်ဆုံးတော့ ငါ ဖန်တီးနိုင်ခဲ့ပြီ… ငါ့တာအိုကို ပုံဖော်နိုင်ခဲ့ပြီပဲ…"
သူ့ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်မှာ စိတ်ကူးမယဉ်နိုင်လောက်အောင် သန်မာနေပြီး သူ့လက်သီးကို ဆုပ်လိုက်သည်နှင့် ဟင်းလင်းပြင် ကိုယ်တိုင်ပင် စတင် လှိုင်းထလာခဲ့၏။
"ငါ့ရဲ့ အထူးစွမ်းရည် တစ်ခုမှ မသုံးရင်တောင် ကနဦးဝိညာဉ် အဆင့် ကျွမ်းကျင်ပညာရှင် တစ်ယောက်ကို လက်သီး တစ်ချက်တည်းနဲ့ အခု သတ်နိုင်ပြီ… မဟုတ်ဘူး… သာမန် ကနဦးဝိညာဉ် အဆင့် မဟုတ်ဘဲ ကနဦးဝိညာဉ် အဆင့်ရဲ့ အထွတ်အထိပ်ကိုတောင် သတ်နိုင်တာ…" ကျန်းမင် စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်သည်။
ထိုသည်က သူပြသနေသော မောက်မာမှု မဟုတ်ဘဲ သန့်စင်သော ယုံကြည်ချက်၊ ကြောက်မက်ဖွယ် ကောင်းလောက်အောင် များပြားလှသော ယုံကြည်ချက်ပင်။
မတူညီသော တာအိုများ ပေါင်းစပ်၍ ကမ္ဘာဦး ပျက်သုဉ်းခြင်း တာအိုမျိုးစေ့ ဖန်တီးခြင်းက သူ့ကို ဤမျှ လျင်မြန်စွာ တိုးတက်လာစေမည်ဟု သူ့စိတ်ထဲ တစ်ခါမှ မတွေးမိခဲ့ချေ။
သူ့ကျင့်ကြံခြင်း အဆင့်ကို အခြေခံလျှင် တာအိုမျိုးစေ့ အဆင့်ဟုသာ သတ်မှတ်နိုင်သေးသော်လည်း သူ့တိုက်ခိုက်ရေး စွမ်းရည်မှာမူ စိတ်ကူးမယဉ်နိုင်သော အဆင့်တစ်ခုသို့ ရောက်ရှိနေလေပြီ။
'အခု ငါလုပ်ရမှာက ဟွန်တွန် တာအိုမျိုးစေ့ ကြီးထွားလာဖို့ ဆက်ပြီး တွန်းအားပေးဖို့အတွက် အထွတ်အထိပ် မျှော်စင်ကို သွားရမယ်… ခဏလောက် အခြေချပြီး တာအိုရဲ့ အထွတ်အထိပ် ရောက်ဖို့ ငါ့ကျင့်ကြံမှုကို အပြည့်အဝ ပေါင်းစပ်ရမယ်… အဲ့ဒီအချိန်ကျမှ ငါ မူလဝိညာဉ် အဆင့်ကို ချိုးဖောက် ဝင်ရောက်မယ်…'
'ငါ မူလဝိညာဉ် အဆင့်ထဲ ခြေချပြီးတာနဲ့ သိပ်များများစားစား စုဆောင်းစရာ မလိုဘဲ ကနဦးဝိညာဉ် အဆင့်ဆီ တိုက်ရိုက် တက်လှမ်းနိုင်လိမ့်မယ်…' ကျန်းမင် တွေးနေမိသည်။
သူ့တွင် နှစ်နှစ်ထောင်စာ ချီစွမ်းအင်သာ ကျန်တော့ပြီး မလုံလောက်ကြောင်း သဘောပေါက်လိုက်၏။ သူ့စိုက်ခင်းထဲမှ သွားရောက် ရိတ်သိမ်းလျှင် မည်မျှ ပေါကြွယ်ဝမည်ကို သူ သိချင်လေပြီ။
ခဏတာ စဉ်းစားပြီးနောက် သူ့ အသွင်ပြောင်းလဲမှု စတင်ချိန်မှစ၍ လဝက်ခန့်သာ ကြာသေးကြောင်း သတိပြုမိလိုက်သည်။
သူ့စွမ်းအားများ သိသိသာသာ တိုးလာကာ အဆင့်တက်ထားခါစ ဖြစ်သော်လည်း ကျန်းမင်က အပြောင်းအလဲများနှင့် အပြည့်အဝ အသားကျသွားပြီး သူ့ခန္ဓာကိုယ်တွင် မည်သည့် ပြဿနာမျှ မခံစားရပေ။
ထို့နောက် သူ ခုန်ထလိုက်ပြီး သူ့ဝိညာဉ်စိုက်ခင်းဆီ လျှောက်လှမ်းသွားတော့သည်။
End
***