ဝိညာဉ်နယ်မြေ မိခင်သစ်ပင်ထံမှ ရရှိခဲ့သော အသက်စွမ်းအင်အမြုတေနှင့် အမွေဆက်ခံခြင်းသစ်ကိုင်းတို့သည် တိုတမ်မိခင်သစ်ပင်နှင့် နက်ရှိုင်းစွာ ပေါင်းစပ်နေသည်။
ဝံပုလွေအသိုက်တစ်ခုလုံး တက်ကြွလန်းဆန်းသော သက်ဝင်လှုပ်ရှားမှု စည်းချက်များဖြင့် လွှမ်းခြုံနေ၏။
လင်းထျန်းလုံသည် မိခင်သစ်ပင်အောက်တွင် လှဲလျောင်းနေရင်း အသိစိတ်နေရာလွတ်ထဲသို့ နစ်ဝင်ကာ တောင်လိုပုံနေသော ရေခဲပင်မသတ္တုကြောများနှင့် ဘုရင်အဆင့် ရတနာများကို စစ်ဆေးနေသည်။
အိမ်မှာ ဆန်ရှိလျင် ရင်ထဲမပူရဆိုသည့်စကားအတိုင်း ခိုင်မာသော လုံခြုံမှုမျိုး သူ၏ရင်ထဲတွင် ကိန်းအောင်းနေလေသည်။
“ရန့်မြဲ့... ထျန်းပင်းနဲ့ ယင်းဖုန်းတို့လို နောက်လိုက်တွေ ရှိနေတော့ ငါကိုယ်တိုင် ဝင်လုပ်စရာမလိုတဲ့ ကိစ္စတွေ အများကြီးရှိလာပြီပဲ” သူ တွက်ဆနေမိသည်။
“နှင်းဝံပုလွေမျိုးနွယ်စု ကြီးမားလာဖို့အတွက် ဒီထျန်းစန်းတောအုပ်ကို ငါ့လက်အောက် လုံးဝရောက်လာအောင် လုပ်ရမယ်...”
“နှင်းဝံပုလွေဘုရင်...” ဤဘွဲ့နာမအကြောင်းကို တိတ်ဆိတ်စွာ ပြန်လည်သုံးသပ်နေရင်း သူ၏ ငွေပြာဘုရင်မျက်၀န်းထဲတွင် စူးရှသောအလင်းတစ်ခု လက်သွားသည်
“ငါသာ အဆင့်မြင့် ဘုရင်အဆင့်ကို အမှန်တကယ် တက်လှမ်းနိုင်ခဲ့ရင် ဒီနာမည်ကြားတာနဲ့ ရန်သူတွေ ကြောက်လန့်တုန်ရီသွားစေရမယ်...”
မလှမ်းမကမ်းတွင် ရှောင်လန်နှင့် ရှောင်ယင်းတို့သည် အင်မော်တယ်ဝိညာဉ်သစ်သီးကို တတိတိ စားနေကြသည်။ ကြွယ်ဝသော ဝိညာဉ်စွမ်းအင်များကြောင့် ကလေးငယ်နှစ်ဦး၏ မျက်နှာလေးများမှာ နီရဲနေခဲ့၏။
ရှောင်ယင်းသည် လက်ချောင်းပေါ်မှ သစ်သီးရည်များကို လျှာဖြင့်လျက်လိုက်ပြီး ဘေးရှိ ရှောင်လန်ကို မော့ကြည့်လိုက်သည်။ “ရှောင်လန်... ဒီက သစ်ပင်တွေက အရမ်းမြင့်ပြီး တောက်ပလာတယ်နော်၊”
ရှောင်လန်က ဝံပုလွေအသိုက်ကို လွှမ်းခြုံထားသော ကြယ်တာရာအကာအကွယ်ကို ကြည့်ကာ အလေးအနက် ခေါင်းညိတ်လိုက်သည် “အင်း... ဒါကြီးရှိနေတော့ အပြင်က လူဆိုးတွေ ဝင်လာလို့ မရတော့ဘူး”
“ဒီအကာအကွယ်ရဲ့ စွမ်းအင်က ပုံမှန်ထက် အများကြီး သာလွန်နေတယ်” တည်ငြိမ်နေသော ဟင်းလင်းပြင် လှုပ်ခတ်မှုများကို သူမ အာရုံခံလိုက်မိသည်။
“ဒီလို အကာအကွယ်မျိုးရှိမှတော့ အေးအေးဆေးဆေး တိုးတက်ဖို့ အရင်းအနှီး ရပီပေါ့”
“ဝံပုလွေဖေဖေ ယူလာတဲ့ အရင်းအမြစ်တွေ... အထူးသဖြင့် အဲဒီရတနာတွေကို သေချာအသုံးချနိုင်ရင် ဝံပုလွေအုပ်ရဲ့ အင်အားက အချိန်တိုအတွင်းမှာ ပိုပြီး တိုးတက်လာနိုင်တယ်” ရှောင်ယင်း၏ အကြည့်များက အဝေးတွင် စွမ်းအင်များ ချေဖျက်နေသော ရန့်မြဲ့နှင့် ထျန်းပင်းထံသို့ ရောက်သွားလေသည်။
ရှောင်ယင်းသည် မိခင်သစ်ပင်အောက်တွင် လှဲလျောင်းနေသော ကြီးမားသည့် နှင်းဖြူရောင် ဝံပုလွေကြီးဆီသို့ ခေါင်းလှည့်ကြည့်လိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။ “ဖေဖေက အရမ်းအရေးကြီးတဲ့ ကိစ္စတွေကို စဉ်းစားနေပုံပဲ”
“ဝံပုလွေဖေဖေက ဝံပုလွေအုပ်ရဲ့ ရှေ့ဆက်ရမယ့်လမ်းကို စီစဉ်နေတာနေမှာ” ရှောင်လန်၏ ရင်ထဲတွင် နားလည်နေသည်။
“ပြင်ပရန်သူတွေက ပျောက်သွားတာ မဟုတ်ဘူး... ခဏတဖြုတ် တားဆီးထားနိုင်ရုံပဲ၊ ကိုယ့်အင်အားကို မြှင့်တင်တာကလွဲပြီး တခြားရွေးချယ်စရာ မရှိဘူး”
မိန်းကလေးငယ်နှစ်ဦးသည် ရေညှိနုနုများပေါ်တွင် တိတ်ဆိတ်စွာ ထိုင်နေကြလေသည်။ အပေါ်ယံတွင် လိမ္မာစွာ အနားယူနေပုံရသော်လည်း အတွင်းစိတ်ထဲတွင်မူ လက်ရှိအခြေအနေနှင့် အနာဂတ်လေ့ကျင့်ရေး အစီအစဉ်များအကြောင်း ဖလှယ်နေကြခြင်း ဖြစ်လေသည်။
ကီလိုမီတာပေါင်းများစွာ ကွာဝေးသော နင်းမြို့တော်၌မူ...
အဓိက အင်အားစုကြီးသုံးခု၏ ခေါင်းဆောင်များသည် ကိုယ်ပိုင် အကြောင်းပြချက် အသီးသီးဖြင့် ထျန်းစန်းတောင်တန်းဆီသို့ အကြည့်များ ရောက်ရှိနေကြသည်။
လောင်ကျွမ်းမီးလျှံဂိုဏ်း ဌာနချုပ်။
ဟော်ကျန်းသည် လေ့ကျင့်ရေးကွင်းအလယ်တွင် တစ်ဦးတည်း ရပ်နေပြီး သူ၏ လက်မောင်းပတ်ပေါ်ရှိ မီးဟုန်းဟုန်းတောက်နေသော ဦးခေါင်းခွံပုံစံက ရင်ထဲမှ ဒေါသများကို ထင်ဟပ်နေသည့်အလားပင်။
ရှက်ဖွယ်ကောင်းသော မှတ်ဉာဏ်နှစ်ခုက သူ၏စိတ်ထဲတွင် လွန်ဆွဲနေသည်။
ပထမတစ်ခုမှာ ထျန်းစန်းတောအုပ် ချိုင့်ဝှမ်းထဲတွင် သူ ဖမ်းဆီးတော့မည့် အရိပ်မီးလျှံကျားသစ်ဘုရင်ကို ထိုနှင်းဝံပုလွေဘုရင်က လုယူသွားသဖြင့် သူ၏ ပင်ကိုယ်စွမ်းရည် မီးလျှံကိုယ်ပွားကိုသုံးကာ သေဟန်ဆောင်၍ ထွက်ပြေးခဲ့ရခြင်းဖြစ်သည်။
ဒုတိယအချက်မှာ ဝိညာဉ်နယ်မြေသို့ သူစေလွှတ်လိုက်သော အဆင့်မြင့်တပ်ဖွဲ့ တစ်ခုလုံး လုံးဝ ချေမှုန်းခံလိုက်ရခြင်းပင်။ ဌာနချုပ်လျှို့ဝှက်ခန်းထဲတွင် သိမ်းဆည်းထားသော သက်စောင့်ကျောက်ပြားများ အားလုံး ကွဲအက်မှေးမှိန်သွားခဲ့ပြီ ဖြစ်သည်။
ယခုအခါ ကွဲအက်နေသော ကျောက်ပြားများအားလုံးက ထိုနှင်းဝံပုလွေဘုရင်၏ စွမ်းအားကိုသာ တိတိကျကျ ညွှန်ပြနေပေသည်။
ရန်ကြွေးအသစ်နှင့် အဟောသ်းပါ ထပ်တူကျနေသဖြင့် ထိုဝံပုလွေဘုရင်ကို အပိုင်းပိုင်းဆုတ်ဖြဲပစ်မှသာ သူ၏ ရင်တွင်းမှ မီးတောက်ကို ငြိမ်းသတ်နိုင်မည်ဖြစ်သည်။ အဆင့် ၂၉ သို့ တက်လှမ်းသွားပြီဖြစ်သော သူ့အတွက် ဤအတွေးမှာ အစွဲအလမ်းတစ်ခု ဖြစ်နေချေပြီ။
သံမဏိဒိုင်းကာ ကင်းစခန်း ကွပ်ကဲရေးအခန်း။
လိန့်ဟောင်သည် နံရံပေါ်ရှိ မြေပုံမှ ထျန်းစန်းဒေသပေါ်ရှိ အနီရောင် ‘X’ အမှတ်အသားကို ခက်ထန်စွာ စိုက်ကြည့်နေသည်။
ဝိညာဉ်နယ်မြေသို့ သူကိုယ်တိုင် ဦးဆောင်သွားပြီး အစွမ်းပြရန် ရည်ရွယ်ခဲ့သော်လည်း အစွမ်းထက်သော ထိုနှင်းဝံပုလွေဘုရင်နှင့် ဝံပုလွေအုပ်၏ အကြင်နာမဲ့ မောင်းထုတ်ခြင်းကို ခံခဲ့ရကာ လူရော သိက္ခာပါ ဆုံးရှုံးခဲ့ရသည်။
ထိုဝံပုလွေဘုရင်ရှေ့တွင် သူ၏ “မတုန်မလှုပ်သော ကျောက်ဆောင်ဘုရင်” ဆိုသည့် ဘွဲ့နာမည်က ဟာသတစ်ခုလို ဖြစ်နေသည်။ ဤအကြွေးကို မဖြစ်မနေ ရှင်းရပေမည်။
မီးပွားသုသေသနပညာရှင်အသင်း ဓာတ်ခွဲခန်း။
ယန်ချင်ယွမ်သည် 3D ပုံရိပ်ယောင်ပေါ်မှ ကြယ်တာရာ အကာအကွယ်၏ ခွဲခြမ်းစိတ်ဖြာမှု အစီရင်ခံစာကိုစစ်ဆေးနေသည်။
ကင်းထောက်အဖွဲ့ ပြန်ယူလာသော အချက်အလက်များကို လုံးဝပိတ်ဆို့ထားနိုင်သည့် စွမ်းအင်ဒိုင်းကာ၊ ခန့်မှန်းချက်ထက် များစွာသာလွန်နေသော ဝံပုလွေအုပ်၏ အရွယ်အစားနှင့် အင်အားဆိုသည့် အချက်အလက်များကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။
သူသည် လက်ချောင်းများဖြင့် စားပွဲကို ခေါက်နေ၏။ သူ၏ သုတေသနမှူးချုပ် ကျောက်ယွမ်မင်ကို အလွယ်တကူ မောင်းထုတ်နိုင်ပြီး စွမ်းအားကို တိကျစွာ ထိန်းချုပ်နိုင်သော ထိုနှင်းဝံပုလွေဘုရင်နှင့် လျှို့ဝှက်ဆန်းကြယ်သည့် အကာအကွယ်သည် ဦးစားပေး ဖြေရှင်းရမည့် အကြောင်းရင်းတစ်ခု ဖြစ်လာခဲ့သည်။
သူ့အနေဖြင့် သတင်းအချက်အလက်များ ပိုမိုလိုအပ်နေပြီး မဟာမိတ်များကိုလည်း လိုအပ်နေလေသည်။
ကိုယ်ပိုင် ထောက်လှမ်းရေးနှင့် ရည်မှန်းချက်များအပေါ် အခြေခံ၍ ယန်ချင်ယွမ် စတင်လိုက်သော လျှို့ဝှက်ဆက်သွယ်မှုတစ်ခုက အဖွဲ့သုံးဖွဲ့ကို ချိတ်ဆက်မိသွားစေခဉ့သည်။
အပြန်အလှန် စမ်းသပ်ခြင်းနှင့် ချိန်ဆခြင်းများ အနည်းငယ်ပြုလုပ်ပြီးနောက် မျက်နှာချင်းဆိုင် တွေ့ဆုံရန် အစီအစဉ်ဆွဲလိုက်ကြသည်။
နောက်ဆုံးတော့ ထျန်းဟိုင်အဆောက်အအုံ၏ အပေါ်ဆုံးထပ်တွင် ခေါင်းဆောင်သုံးဦး အတူတွေ့ဆုံဖြစ်သွားကြသည်။ လေထုမှာ လေးလံနေပြီး တစ်ဦးကိုတစ်ဦး သတိထားနေခဲ့ကြသည်။
စတင်ကမ်းလှမ်းသူဖြစ်သည့် ယန်ချင်ယွမ်က တည်ငြိမ်သောအသံဖြင့် စတင်ပြောဆိုလိုက်သည်၊။
“လူကြီးမင်းတို့... အပိုစကားတွေကို ကျော်လိုက်ကြရအောင်... ကျွန်တော်တို့ မီးပွားသုသေသနပညာရှင်အသင်းရဲ့ ကင်းထောက်အဖွဲ့ဟာ ထျန်းစန်းမှာ အရင်ကမရှိဖူးတဲ့ စွမ်းအင်အကာအကွယ်တစ်ခုကို တွေ့ခဲ့တယ်...”
ဒါ့အပြင် စည်းစနစ်ကျပြီး အစွမ်းထက်တဲ့ နှင်းဝံပုလွေမျိုးနွယ်စုကိုလည်း တွေ့ခဲ့ရတယ်... အဲဒီခေါင်းဆောင်က အနည်းဆုံး ဘုရင်အဆင့်မှာရှိတဲ့ နှင်းဝံပုလွေဘုရင်ပဲ”
သူက တမင်တကာ စကားရပ်လိုက်ပြီး ဟော်ကျန်းနှင့် လိန့်ဟောင်ကို ကြည့်လိုက်သည်။
ဟော်ကျန်းက အေးစက်စွာ နှာမှုတ်လိုက်သည်၊ “ဘုရင်အဆင့် ဟုတ်လား... အင်း... ငါသိတယ်၊ ထျန်းစန်းမှာ အဲဒီကောင်နဲ့ တိုက်ခဲ့ဖူးတယ်... အရမ်း ကောက်ကျစ်တာ၊” သူ ထွက်ပြေးခဲ့ရသည့် ဇာတ်လမ်း အသေးစိတ်ကိုမူ ထည့်မပြောခဲ့ပေ။
လိန့်ဟောင်ကလည်း သြဇာပါသောအသံဖြင့် ပြောလိုက်သည်၊ “ငါ့အဖွဲ့ကို ဝိညာဉ်နယ်မြေထဲကနေ အဲါကောင်ကိုယ်တိုင် မောင်းထုတ်ခဲ့တာ... ဒီအကြွေးက မကြေသေးဘူး၊”
ယန်ချင်ယွမ်က ခေါင်းညိတ်လိုက်ပြီး နင်းမြို့တော် ပတ်ဝန်းကျင်မြေပုံကို ပရောဂျက်တာဖြင့် ထိုးပြလိုက်သည်။
“ငါတို့အားလုံး ဒီအိမ်နီးချင်းနဲ့ ရင်ဆိုင်ခဲ့ရပြီးပြီပဲ၊ ငါ့ရဲ့ သုံးသပ်ချက်အရဆိုရင် ထျန်းစန်းတောအုပ်ထဲမှာ တစ်ယောက်တည်း အင်အားနဲ့ သူ့ကို အနိုင်ယူဖို့ဆိုတာ မလွယ်ဘူး... ဝိညာဉ်နယ်မြေ ပြိုကျသွားပြီး အရင်းအမြစ်တွေ စုစည်းသွားတာကြောင့် အခုဆိုရင် ငါတို့ ထင်ထားတာထက်တောင် ဖြေရှင်းရ ပိုခက်နေလောက်ပြီ”
မြေပုံပေါ်ရှိ အင်အားစုခွဲဝေမှုများကို သူက လက်ညှိုးထိုးပြလိုက်သည်။“ငါ အကြံပြုချင်တာက ယာယီ ပူးပေါင်းဖို့ပဲ... ငါတို့ သုံးဖွဲ့စလုံးက တစ်ဖက်စီကနေ မိစ္ဆာသားရဲတွေကို ရှင်းလင်းဖို့ တာဝန်ယူပြီး ဝံပုလွေအုပ်စုနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို မျှဝေကြမယ်..."
“လောင်ကျွမ်းမီးလျှံဂိုဏ်းက ပစ်မှတ်ရှင်းလင်းတဲ့အနေနဲ့ ထျန်းစန်းတောအုပ် အနောက်ဘက်ခြမ်းကို တာဝန်ယူ... သံမဏိဒိုင်းကာ ကင်းစခန်းက တောင်ဘက်က ချန်နင်းလွင်ပြင်ကို ကိုင်တွယ်..."
ငါတို့ မီးပွားသုသေသနပညာရှင်အသင်းကတော့ မြောက်ဘက် ယွင်လင်တောင်တန်းကို ယူမယ်... ပြိုင်ဘက်ရဲ့ နောက်ဆုံးအခြေအနေကို သေချာမသိရသေးခင်မှာ အဲဒီနှင်းဝံပုလွေဘုရင်နဲ့ တစ်ယောက်ချင်း ရင်ဆိုင်တာမျိုးကို ရှောင်ကြဉ်သင့်တယ်... ဘယ်လိုလဲ၊
ဟော်ကျန်းနှင့် လိန့်ဟောင်သည် ခေတ္တမျှ တိတ်ဆိတ်သွားကြသည်။ အချင်းချင်း သဘောမကျကြသော်လည်း ယန်ချင်ယွမ်၏ သုံးသပ်ချက်က ကွက်တိကျနေပေသည်။
ထိုနှင်းဝံပုလွေဘုရင်မှာ သူတို့ သတိထား ကိုင်တွယ်ရမည့် ဘုံအတားအဆီးတစ်ခု ဖြစ်လာခဲ့ပြီ ဖြစ်သည်။
“ကောင်းပြီလေ”
“ငါလည်း ကန့်ကွက်စရာမရှိဘူး”
ဤသို့ဖြင့် အစွမ်းထက်သော ဘုံရန်သူကို ကြောက်ရွံ့ခြင်းအပေါ် အခြေခံသည့် မဟာမိတ်အဖွဲ့တစ်ခု ပေါ်ပေါက်လာခဲ့လေတော့သည်။
ထျန်းစန်းတောအုပ်ထဲရှိ ဝံပုလွေကျေးရွာလေးဆီသို့ ဦးတည်နေသော မုန်တိုင်းတစ်ခုက နင်းမြို့၌ တိတ်တဆိတ် တိုက်ခတ်လာနေချေပြီ။
ဝံပုလွေအသိုက်အတွင်း၌ လင်းထျန်းလုံသည် သူ့အား ဆန့်ကျင်မည့် ဤပူးပေါင်းကြံစည်မှုကို သဘာဝကျကျပင် မသိရှိထားပေ။ သူသည် ငွေပြာဘုရင်မျက်၀န်းကိုဖွင့်ကာ အင်အားများ များစွာတိုးတက်လာသော သူ့ရှေ့မှောက်ရှိ အဓိက လက်အောက်ငယ်သားများကို ကြည့်လိုက်သည်။
“ရန့်မြဲ့... ထျန်းပင်း၊”
“အမိန့်ရှိပါ အရှင်မင်းကြီး၊” ဝံပုလွေနှစ်ကောင် ရှေ့ထွက်လာကြသည်။ သူတို့၏ ခန္ဓာကိုယ်များထဲတွင် စွမ်းအင်များ ဆူပွက်နေပြီး အကြေးခွံများနှင့် ကြွက်သားများထဲ၌ ပေါက်ကွဲထွက်မတတ် အင်အားများကို သိုလှောင်ထားကြ၏။
“မင်းတို့ ရရှိထားတဲ့ စွမ်းအားပသစ်တွေကို လက်တွေ့တိုက်ပွဲမှာ စမ်းဖို့လိုတယ်... ဒီနေ့ကစပြီး ရေပြာကြေးခွံအစောင့်အရှောက်တွေကို ဦးဆောင်ပြီး ထျန်းစန်းတောအုပ် အရှေ့ဘက်ဒေသက ခြိမ်းခြောက်မှုဖြစ်စေမယ့် မိစ္ဆာသားရဲအသိုက်အားလုံးကို ရှင်းလင်းပစ်၊”
“အမိန့်အတိုင်းပါ၊” ဝံပုလွေနှစ်ကောင်၏ မျက်လုံးများထဲတွင် တိုက်ပွဲဝင်လိုစိတ်များ တောက်လောင်လာလေသည်။
“ယင်းဖုန်း၊”
“အရှင်မင်းကြီး၊” ယင်းဖုန်း၏ ပုံရိပ်သည် အရိပ်များထဲမှ ထွက်ပေါ်လာပြီး ပို၍ပင် ဖမ်းဆုပ်ရခက်လာပေသည်။
“မင်းက အနောက်ဘက်ကို ကင်းထောက်ဖို့ တာဝန်ယူရမယ်... လူသားတွေရဲ့ လှုပ်ရှားမှုကို အဓိကထား စောင့်ကြည့်နေ၊ ထူးခြားမှုရှိရင် ချက်ချင်း သတင်းပြန်ပို့”
“နားလည်ပါပြီ”
ဝံပုလွေအုပ်၏ စက်ယန္တရားကြီးသည် စွမ်းဆောင်ရည်မြင့်မားစွာဖြင့် စတင် လည်ပတ်လာခဲ့ချေပြီ။
အစီအစဉ်များ ချမှတ်ပြီးနောက် လင်းထျန်းလုံ၏ အကြည့်များသည် မိခင်သစ်ပင်နှင့် ၎င်း၏အောက်တွင် တိတ်ဆိတ်စွာ စောင့်ဆိုင်းနေသော ပုံရိပ်လေးနှစ်ခုဆီသို့ ကျရောက်သွားသည်။
သူ ဖြည်းညင်းစွာ လျှောက်သွားလိုက်ရာ သူ၏ ကြီးမားသော ခန္ဓာကိုယ်ကြီးက ကလေးငယ်နှစ်ဦးကို လွှမ်းခြုံသွားပြီး အရိပ်တစ်ခု ကျရောက်သွားလေသည်။
***