ရှောင်ယင်းက ခေါင်းမော့ကြည့်ကာ တောက်ပစွာ ပြုံးပြလိုက်သည်။ “ဖေဖေ... အလုပ်တွေပြီးပြီလား”
ရှောင်လန်ကလည်း လိမ္မာစွာ ခေါင်းညိတ်ပြလိုက်၏။
“ဝံပုလွေဖေဖေ့မှာ ပြီးပြည့်စုံတဲ့ အစီအစဉ်တစ်ခု ရှိနေပုံပဲ၊” ဝံပုလွေအုပ်စု၏ လှုပ်ရှားမှုများထံမှ ပေးပို့လာသော အချက်ပြမှုများကို သူမ ထက်မြက်စွာ အာရုံခံမိလေသည်။
“ပတ်ဝန်းကျင်ကို ရှင်းလင်းတာက တပ်တွေကို လေ့ကျင့်ပေးပြီးသားဖြစ်သလို နယ်မြေကိုလည်း ခိုင်မာစေတယ်... အရမ်းတည်ငြိမ်တဲ့ ဗျူဟာပဲ” ရှောင်ယင်းကလည်း သဘောတူလိုက်၏။
သူတို့ကို ကြည့်ရင်း လင်းထျန်းလုံ၏ ရင်ထဲတွင် တစ်ခုခု လှုပ်ရှားသွားသည်။
သူ၏သမီးများ ဝိညာဉ်သစ်သီးများကိုသာ စားသုံးခြင်းဖြင့် အဆင့်တက်ရသည်မှာ အရမ်းနှေးကွေးနေလေသည်။
သူ လက်သည်းတစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး စိတ်ဆန္ဒလေးတစ်ခုဖြင့် ဝိညာဉ်နယ်မြေ မိခင်သစ်ပင်ထံမှ ရရှိခဲ့သော ရှေးဟောင်းအငွေ့အသက်များ ဖြာထွက်နေသည့် ရှေးဟောင်းဝံပုလွေစစ်မှန်သောသွေး (ရွှေရောင် ·အဆင့်မြင်ပ့) တစ်စက်ကို လက်သည်းဖျားတွင် လွင့်မျောနေစေလိုက်သည်။
“ရှောင်လန်... ရှောင်ယင်း... အသင့်ပြင်ထားကြ... ဖေဖေ သမီးတို့ကို ရတနာကြီး တစ်ခု ပြမယ်”
[စနစ်အသိပေးချက်]။ ။ပစ်မှတ်များအပေါ် ရှေးဟောင်းဝံပုလွေ စစ်မှန်သောသွေး (ရွှေရောင် · အဆင့်မြင့်)ကို အသုံးပြုမည်လား။
[စနစ်အသိပေးချက် (ရှောင်လန်)]။ ။အဆင့်မြင့် သွေးမျိုးဆက် စွမ်းအင်ရင်းမြစ် ရှေးဟောင်းဝံပုလွေ စစ်မှန်သောသွေး (ရွှေရောင် · အဆင့်မြင့်) ဝင်ရောက်လာသည်ကို တွေ့ရှိရပါသည်၊ စွမ်းအင်များကို ထိန်းကျောင်းရန် စိတ်ဝိညာဉ်ကို စုစည်းထားပါ။
[စနစ်အသိပေးချက် (ရှောင်ယင်း)]။ ။အဆင့်မြင့် သွေးမျိုးဆက် စွမ်းအင်ရင်းမြစ် ရှေးဟောင်းဝံပုလွေ စစ်မှန်သောသွေး (ရွှေရောင် · အဆင့်မြင့်) ဝင်ရောက်လာသည်ကို တွေ့ရှိရပါသည်၊ စွမ်းအင်များကို ထိန်းကျောင်းရန် စိတ်ဝိညာဉ်ကို စုစည်းထားပါ။
ရွှေရောင်မှုံဝါးဝါး အလင်းတန်းနှစ်ခုက သူတို့၏ မျက်ခုံးနှစ်ခုကြားသို့ တိကျစွာ ဝင်ရောက်သွားလေသည်။
“...” ရှောင်ယင်းမှာ သူမ၏ ခန္ဓာကိုယ်အတွင်း ပူလောင်ပြီး ရှေးကျသော စွမ်းအားများ ပေါက်ကွဲထွက်လာသလို ခံစားလိုက်ရသည်။ အရိုးများ တစ်လက်မချင်းစီ ချေမွခံရကာ ပြန်လည်ပုံဖော်ခံနေရသကဲ့သို့ပင်။
နာကျင်မှုကြောင့် အော်သံမထွက်သွားစေရန် သူမ၏ နှုတ်ခမ်းကို မသိမသာ ကိုက်ထားလိုက်သည်။
“...” ရှောင်လန်သည်လည်း ပြင်းထန်စွာ တုန်ယင်နေပြီး သူမ၏ အေးစက်စက် မျက်နှာလေးမှာ ချက်ချင်း ဖြူရော်သွားသည်။
သူမ၏ ကြည်လင်ရေခဲနှလုံးသား ပင်ကိုစွမ်းရည်က အလိုအလျောက် အစွမ်းကုန် အလုပ်လုပ်လာပြီး ထိုရှေးဟောင်းစွမ်းအားကို ခက်ခဲပင်ပန်းစွာ ထိန်းကျောင်းနေစဉ်အတွင်း အကြွင်းမဲ့ အသိစိတ်ကို ထိန်းသိမ်းထားနိုင်ရန် ကူညီပေးနေလေသည်။
လင်းထျန်းလုံသည် အပြည့်အဝ အာရုံစိုက်ထားကာ သူ၏ ငွေပြာဘုရင်မျက်၀န်းဖြင့် သမီးနှစ်ဦး၏ အခြေအနေကို စောင့်ကြည့်နေပြီး အချိန်မရွေး ဝင်ရောက်စွက်ဖက်ရန် အသင့်ပြင်ထားသည်။
ရန့်မြဲ့၊ ထျန်းပင်းနှင့် အခြားဝံပုလွေများကလည်း ဤနေရာမှ ပုံမှန်မဟုတ်မှုများကို အာရုံခံမိသဖြင့် တိတ်ဆိတ်စွာ စုရုံးလာကြပြီး ခိုင်မာသော အကာအကွယ် စက်ဝိုင်းတစ်ခုကို ဖွဲ့စည်းလိုက်ကြသည်။
“တောင့်ခံထား၊” လင်းထျန်းလုံ၏ သြဇာအပြည့်ပါသော အသံက စိတ်ချင်းဆကိသွယ်ခြင်း မှတစ်ဆင့် သူတို့၏ စိတ်ထဲသို့ ဝင်ရောက်သွားပြီး သံသယဖြစ်ဖွယ်မရှိသော နှစ်သိမ့်မှုစွမ်းအားများ ပါဝင်နေလေသည်။
ပြင်းထန်သော နာကျင်မှုမှာ ဆယ့်ငါးမိနစ်နီးပါး ကြာမြင့်ခဲ့သည်။ မိန်းမငယ်လေးနှစ်ဦးလုံး သူတို့၏ အကန့်အသတ်သို့ ရောက်နေပြီဟု ခံစားလိုက်ရချိန်မှာပင် ခန္ဓာကိုယ်တွင်းရှိ ကြမ်းတမ်းသော စွမ်းအင်များသည် အလွှာတစ်ခုကို ဖောက်ထွက်သွားသည့်အလား ရုတ်တရက် နူးညံ့သိမ်မွေ့သွားလေသည်။
မြစ်ပေါင်းရာနှင့်ချီ၍ ပင်လယ်ထဲ စီးဝင်သွားသကဲ့သို့ သူတို့၏ ခြေလက်များ၊ အရိုးများနှင့် ဝိညာဉ်ရအင်းမြစ်ထဲသို့ ပျော်ဝင်သွားသည်။
လင်းထျန်းလုံ၏ မိုးပြာနက်နဲရေခဲဝံပုလွေသွေးမျိုးဆက်နှင့် ရင်းမြစ်တူသော်ငြား ကွဲပြားနေသော ရှေးဟောင်းဝံပုလွေပုံစံ သေင်္ကတသည် သူတို့၏ ကိုယ်ပေါ်တွင် စတင်ပေါ်ပေါက်လာသည်။
သူတို့၏ အငွေ့အသက်များကလည်း တည်ငြိမ်စွာ စတင်မြင့်တက်လာခဲ့လေသည်။
[စနစ်အသိပေးချက် (ရှောင်လန်)]။ ။ရှေးဟောင်းဝံပုလွေ စစ်မှန်သောသွေး (ရွှေရောင် · အဆင့်မြင့်) ကို အောင်မြင်စွာ ပေါင်းစပ်နိုင်ခဲ့ပါသည်၊ အဆင့် ၂၁ (ပါရမီရှင်အဆင့်) သို့ တက်လှမ်းသွားပါသည်။
ပင်ကိုယ်စွမ်းရည် ကြည်လင်ရေခဲနှလုံးသား (ခရမ်းရောင် အဆင့်မြင့်) ၏ အကျိုးသက်ရောက်မှုများ များစွာတိုးတက်လာပါသည်။ စိတ်ပိုင်းဆိုင်ရာ အာရုံခံနိုင်စွမ်း ပင်ကိုယ်စွမ်းရည်များ၏ အကျိုးသက်ရောက်မှုများ ကြီးမားစွာ တိုးတက်လာပါသည်။
[စနစ်အသိပေးချက် (ရှောင်ယင်း)]။ ။ရှေးဟောင်းဝံပုလွေ စစ်မှန်သောသွေး (ရွှေရောင် · အဆင့်မြင့်) ကို အောင်မြင်စွာ ပေါင်းစပ်နိုင်ခဲ့ပါသည်၊ အဆင့် ၂၁ (ပါရမီရှင်အဆင့်) သို့ တက်လှမ်းသွားပါသည်။
တိုက်ပွဲအသိစိတ် ပင်ကိုယ်စွမ်းရည်၏ အကျိုးသက်ရောက်မှုများ ကြီးမားစွာ တိုးတက်လာပါသည်။
သူတို့ မျက်လုံးများ ပြန်ပွင့်လာချိန်တွင် ရှေးဟောင်းရွှေရောင် ဝံပုလွေအရိပ်များ သူတို့၏ မျက်ဝန်းနက်များထဲ၌ လက်ကနဲဖြစ်သွားလေသည်။
သူတို့သည် သုံးနှစ်အရွယ် ကလေးငယ်လေးများနှင့် တူနေသေးသော်လည်း အကြည့်များမှာ ပိုမိုနက်ရှိုင်းလာပြီး ဝန်းရံနေသော အငွေ့အသက်များကလည်း အဆပေါင်းများစွာ သိပ်သည်းလာ လေသည်။
ရှောင်ယင်းက သူမ၏ လက်သီးသေးသေးလေးကို ဝှေ့ယမ်းကာ အံ့သြဝမ်းသာစွာ ပြောလိုက်လေသည်။ “ဖေဖေ... သမီးကိုယ်ထဲမှာ ခွန်အားတွေ ပြည့်နေသလိုပဲ၊”
ရှောင်လန်သည် သူမ၏ ဆန္ဒကို ပိုမိုတုံ့ပြန်လာသော ကိုယ်တွင်းရှိ ရေခဲစွမ်းအင်များနှင့် ပိုမိုကြည်လင်လာသော အတွေးများကို သေချာခံစားကြည့်လိုက်သည်။
ထို့နောက် သူမကလည်း အလေးအနက် ခေါင်းညိတ်ပြလိုက်သည်။ “အင်း... အရမ်းကောင်းတဲ့ ခံစားချက်ပဲ”
“ဒီသွေးတစ်စက်ထဲမှာ ပါဝင်တဲ့ မူလစွမ်းအားက ငါတို့ရဲ့ အခြေခံကို တိုက်ရိုက်ခိုင်မာစေပြီး အဆင့်ကြီးတစ်ခုလုံးကို မြှင့်တင်ပေးလိုက်တာပဲ၊” သူမ စိတ်ထဲတွင် အံ့သြနေမိသည်။
“သာမန် ကျင့်ကြံခြင်း အဆင့်တက်သွားရုံတင် မဟုတ်ဘူး... ငါတို့ရဲ့ သက်ရှိအဆင့်အတန်းတစ်ခုလုံး အသစ်ပြန်မွေးဖွားသွားသလို ဖြစ်သွားတာပဲ... ဝံပုလွေဖေဖေ့ရဲ့ ဒီလက်ဆောင်က အရမ်းကြီးမားလွန်းတယ်၊” ရှောင်ယင်းသည်လည်း အလွန် စိတ်လှုပ်ရှားနေသည်။
အောင်မြင်စွာ အဆင့်တက်သွားသော သမီးငယ်များကိုကြည့်ကာ လင်းထျန်းလုံ၏ မျက်လုံးများထဲတွင် ကျေနပ်အားရမှုများ ပြည့်နှက်နေလေသည်။
ဤနည်းဖြင့် မကြာမီ ရောက်လာမည့် မုန်တိုင်းထဲတွင် သူတို့သည် အတိုင်းအတာတစ်ခုအထိ မိမိကိုယ်ကို ကာကွယ်နိုင်စွမ်း ရှိသွားမည်ဖြစ်သည်။
“ကဲ... သမီးတို့ရဲ့ စွမ်းအားအသစ်တွေနဲ့ အကျွမ်းတဝင်ဖြစ်အောင် သွားလုပ်ကြတော့” သူက ကလေးငယ်နှစ်ဦးကို နှာခေါင်းဖြင့် ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။
ထိုစဉ် တစ်ခုခုကို သူခံစားလိုက်ရပြီး မိခင်သစ်ပင်ဆီသို့ မော့ကြည့်လိုက်သည်။
မိခင်သစ်ပင်၏ ပင်စည်ပေါ်ရှိ နက်နဲသော ပုံသဏ္ဍာန်များက ရုတ်တရက် စူးရှတောက်ပသော အလင်းရောင်များ ထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။
ပေါင်းစပ်ခြင်း နောက်ဆုံးအဆင့်သို့ ရောက်ရှိသွားပြီဖြစ်သည်။
ဝံပုလွေအသိုက်တစ်ခုလုံး၏ ဝိညာဉ်စွမ်းအင်များ ချက်ချင်း ဆူပွက်လာပြီး ကြယ်တာရာ အကာအကွယ်၏ အလင်းရောင်မှာလည်း ခဏတာ ထိုးတက်သွားလေသည်။
[စနစ်အသိပေးချက်]။ ။တိုတမ်မိခင်သစ်ပင်နှင့် အသက်စွမ်းအင်အမြုတေ (ရွှေရောင် · အဆင့်မြင့်)၊ အမွေဆက်ခံခြင်း သစ်ကိုင်း (ရွှေရောင် ·အဆင့်မြင့်) တို့၏ ပေါင်းစပ်မှု ပြီးစီးရန် နီးကပ်နေပါပြီ၊ ခန့်မှန်းခြေ ကျန်ရှိအချိန် - ၁ နာရီ။
မုန်တိုင်းမလာမီ တိတ်ဆိတ်မှုက အဆုံးသတ်တော့မည်ဖြစ်သည်။
ဆင့်ကဲပြောင်းလဲထားသော ဝံပုလွေအုပ်စုသည် အရာအားလုံးကို ရင်ဆိုင်ရန် အဆင်သင့် ဖြစ်နေခဲ့ချေပြီ။
ဝိညာဉ်နယ်မြေ ပြိုကျပြီးနောက် ရက်အနည်းငယ် ကြာမြင့်သွားခဲ့ပြီဖြစ်သည်။
အသက်စွမ်းအင်အမြုတေနှင့် အမွေဆက်ခံခြင်းသစ်ကိုင်းတို့ကို ပေါင်းစပ်ပြီးနောက် တိုတမ်မိခင်သစ်ပင်ထံမှ ဖြာထွက်လာသော သက်ဝင်လန်းဆန်းမှုအောက်တွင် ဝံပုလွေအသိုက်သည် နတ်ဘုံနတ်နန်းတစ်ခုအလား ဖြစ်နေ၏။
သို့သော် ဤယာယီငြိမ်းချမ်းမှုနောက်ကွယ်တွင် နင်းမြို့တော်ရှိ လူသားအင်အားစုများ၏ ဂနာမငြိမ် ဖြစ်နေကြသော အရိပ်မည်းများ ခိုအောင်းနေကြောင်း လင်းထျန်းလုံသည် ကောင်းစွာသိရှိထားသည်။
သူတို့၏ အင်အားကို မြှင့်တင်ရန်မှာ အလွန်အရေးတကြီး လိုအပ်နေပေသည်။
သူသည် အသိစိတ်နေရာလွတ်ထဲသို့ အသိစိတ်ကို နစ်ဝင်လိုက်သည်။ တောင်လိုပုံနေသော ရေခဲပင်မသတ္တုကြောများနှင့် ဘုရင်အဆင့် ရတနာအချို့က ဆွဲဆောင်မှုရှိသော အရောင်အဝါများကို ဖြာထွက်နေ၏။
‘အရင်းအမြစ်တွေ ပေါများပေမယ့် ထိုင်စားနေရင်တော့ အကုန် ကုန်သွားမှာ၊ ဝိညာဉ်နယ်မြေ ပြိုကျသွားပေမယ့် အပျက်အစီးတွေကြားမှာ ရတနာတွေ ကျန်နေလောက်ဦးမှာပဲ'
ဤသို့တွေးလိုက်မိပြီး အကြီးမားဆုံး အရင်းအမြစ်ရှာဖွေမှုအဖြစ် ဝိညာဉ်နယ်မြေ အပျက်အစီးများဆီသို့ နောက်ဆုံးတစ်ကြိမ် ပြန်သွားရန် သူ၏စိတ်ထဲတွင် အကြံတစ်ခု ပေါ်လာလေသည်။
“ရန့်မြဲ့... ထျန်းပင်း... ယင်းဖုန်း”
ဝံပုလွေစစ်သူကြီးသုံးကောင်သည် သူ၏ရှေ့တွင် ချက်ချင်းပေါ်လာပြီး ရိုသေစွာ အလေးပြုလိုက်ကြသည်။
“အရှင်မင်းကြီး”
“ပါရမီရှင်အဆင့် အဖွဲ့ဝင်အားလုံးနဲ့ ရေပြာကြေးခွံအစောင့်အရှောက် သုံးကောင်ကို စုစည်းလိုက်... ငါတို့ လုပ်စရာအလုပ်ရှိတယ်”
ထိုအမိန့်သည် ဝံပုလွေအုပ်ကြားတွင် တိတ်ဆိတ်စွာ ပြန့်နှံ့သွားသည်။
သိပ်မကြာမီ လင်းထျန်းလုံ ကိုယ်တိုင်ဦးဆောင်ထားသည့် ဝံပုလွေအုပ်စု၏ အတော်ဆုံး တိုက်ခိုက်ရေးသမားများ ပါဝင်သော အဆင့်မြင့်တပ်ဖွဲ့တစ်ခု ဝံပုလွေအသိုက်၏ အစွန်းတွင် စုရုံးရောက်ရှိလာကြသည်။
ရှောင်လန်နှင့် ရှောင်ယင်းကိုလည်း လင်းထျန်းလုံက စိတ်ထိန်းချုပ်ခြင်းစွမ်းအားဖြင့် နူးညံ့စွာ မယူလိုက်ပြီး သူ၏ ကျယ်ပြန့်သော ကျောပြင်ပေါ်ရှိ အထူးပြုလုပ်ထားသော ကုန်းနှီးပေါ်တွင် တင်ထားလိုက်သည်။
ဤသည်မှာ သူတို့ကို ကာကွယ်ရန်ဖြစ်သလို နှင်းဝံပုလွေမျိုးနွယ်စု၏ စွမ်းအားကို ကိုယ်တိုင်မျက်မြင်တွေ့စေရန် ရည်ရွယ်ခြင်းလည်း ဖြစ်သည်။
“ဖေဖေ၊ သမီးတို့ ဘယ်သွားကြမလို့လဲ” ရှောင်ယင်းက လင်းထျန်းလုံ၏ လည်ပင်းကို ဖက်ထားရင်း စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
“အရင်က အရမ်းအန္တရာယ်များခဲ့ပေမယ့်... အခုတော့ ဖေဖေတို့အတွက် ရတနာတိုက်ကြီးလို ဖြစ်နေတဲ့ နေရာတစ်ခုကို သွားမလို့လေ”
လင်းထျန်းလုံက ပြန်ဖြေလိုက်ပြီး သူ၏ ငွေပြာဘုရင်မျက်ဝန်းများဖြင့် ထျန်းစန်းတောင်တန်း၏ အနက်ရှိုင်းဆုံး၊ ယခင် ဝိညာဉ်နယ်မြေ ဝင်ပေါက်ရှိခဲ့ရာ အရပ်ဆီသို့ ငေးမောကြည့်နေလေ၏။
တပ်ဖွဲ့ကြီးသည် ငွေရောင် ရေစီးကြောင်းကြီးတစ်ခုအလား ထူထပ်သော တောတောင်များကြားတွင် တိတ်ဆိတ်စွာ ဖြတ်သန်းသွားနေကြသည်။
လမ်းတစ်လျှောက်ရှိ အဆင့်နိမ့် မိစ္ဆာသားရဲများသည် သွေးပျက်ဖွယ် အငွေ့အသက်ကို အာရုံခံမိပြီး ကြိုတင်ထွက်ပြေးသွားကြလေသည်။
လင်းထျန်းလုံသည် မှတ်ဉာဏ်နှင့် ငွေပြာဘုရင်မျက်ဝန်း၏ စူးရှသော ဟင်းလင်းပြင်စွမ်းအင် အာရုံခံနိုင်စွမ်းကို အသုံးပြုကာ ပစ်မှတ်ဆီသို့ တိကျစွာ ဦးဆောင်သွားနေလေသည်။
တစ်နာရီကျော် ကြာပြီးနောက် ထူးခြားသော မြေမျက်နှာသွင်ပြင်ရှိသည့် ချိုင့်ဝှမ်းတစ်ခုသို့ ရောက်ရှိလာကြသည်။
***