ပြင်ပကမ္ဘာအတွက် အသက်စွန့်ပြီး တိုက်ခိုက်ရမည့် ဆင့်ကဲပြောင်းလဲရေး အရင်းအမြစ်များကို ယခုအခါ သာမန် ကုန်ပစ္စည်းများသဖွယ် အဆက်မပြတ် စုဆောင်းနေလေသည်။
ဤမြင်ကွင်းနှင့် စိတ်ပိုင်းဆိုင်ရာ ရိုက်ခတ်မှုမှာ ပြင်းထန်းလွန်းလှပေသည်။
‘ဒီအရှိန်နဲ့ဆို ဒီအပျက်အစီးတွေကို ရှင်းလင်းပြီးသွားရင်...’ရှောင်ယင်း၏ စိတ်ထဲတွင် အံ့သြဖွယ် အတွေးတစ်ခု ပေါ်လာသည်၊
‘ဝံပုလွေဖေဖေက ဒီနေရာက သယ်လို့ရသမျှ အကုန်သယ်ပြီး ဘာမှမကျန်အောင်၊ လုံးဝ ပြောင်သလင်းခါသွားအောင် လုပ်မလို့လား'
ဤအတွေးကြောင့် ရှောင်လန်လည်း မှင်သက်သွားသည်။ ‘ဝိညာဉ်နယ်မြေတစ်ခုကို ပြောင်သလင်းခါအောင် လုပ်ပစ်မယ်တဲ့လား’သူမ၏ နားလည်မှုအရ ဤသည်မှာ အလွန်ရူးသွပ်သော လုပ်ရပ်ဖြစ်သည်။
သို့သော် လင်းထျန်းလုံ၏ တည်ငြိမ်ပြတ်သားသော မျက်နှာသွင်ပြင်နှင့် ဝံပုလွေအုပ်၏ မမောမပန်း ထိရောက်စွာ လည်ပတ်နေမှုကို ကြည့်ရင်း ဤအဓိပ္ပာယ်မရှိပုံရသော အတွေးမှာ အမှန်တကယ်ပင် ပို၍ ဖြစ်နိုင်ချေရှိလာလေသည်။
ထို့နောက် သူမ၏ အေးစက်စက် မျက်နှာလေးပေါ်တွင် ရင်တွင်းမှ လှိုက်လှိုက်လှဲလှဲ ပျော်ရွှင်မှုနှင့် စိတ်အေးချမ်းမှုတို့က ထိန်းမနိုင်သိမ်းမရ ပေါ်လာခဲ့လေသည်။
‘ဒီလောက်များပြားတဲ့ အရင်းအမြစ်တွေကို တကယ်ပဲ စုဆောင်းနိုင်ခဲ့ရင်... ပိုမြင့်တဲ့အဆင့်ကို တက်လှမ်းဖို့ စုဆောင်းမှုက မှန်းဆလို့မရအောင် များပြားလာလိမ့်မယ်’
သူမ အလွန် စိတ်သက်သာရာရသွားသည်။ ဒီ’ဘဝမှာတော့ သမီးတို့ရဲ့ စမှတ်နဲ့ အနာဂတ်အတွက် အာမခံချက်က အရင်ဘဝကထက် အများကြီး ပိုခိုင်မာနေပြီပဲ”
ထိုစဉ် အဝေးမှ လေးလံပြီး စည်းချက်ညီသော ခွာသံများ ထွက်ပေါ်လာသည်။
ယခင်အဖွဲ့ခွဲများထက် များစွာ အားပြင်းသော ရေခဲအငွေ့အသက်နှင့်အတူ ကြမ်းတမ်းသော တိုက်ပွဲဝင်လိုစိတ်များ ရောယှက်နေသည့် အဖွဲ့တစ်ဖွဲ့ ချဉ်းကပ်လာလေသည်။
ထျန်းပင်း ပြန်ရောက်လာပြီပဲဖြစ်သည်။
သူ၏ ကြီးမားသော ခန္ဓာကိုယ်ကြီးက တောင်ကုန်းငယ်တစ်ခုသဖွယ် ရွေ့လျားလာပြီး ထာဝရဗာဂျရာခန္ဓာ၏ ရွှေရောင်အလင်းတန်းက ရေခဲနှင့် နှင်းများကြောင့် ပိုမို တောက်ပနေခဲ့သည်။
သူ၏ ကိုယ်ပေါ်တွင် ရေခဲလွှာအထူကြီး အေးခဲနေပြီး ချောက်နက်ဝင်ရိုးစွန်းထဲမှ ယခုလေးတင် တွားသွားထွက်လာသည့်အလားပင်။
သူ၏ နောက်တွင် နှင်းဝံပုလွေ အချို့က တောင်ကုန်းငယ်အရွယ်အစားခန့်ရှိပြီး ထူထဲသော ရေပြာရောင် ရေခဲချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသည့် မိစ္ဆာသားရဲကြီး၏ အလောင်းကို ခက်ခက်ခဲခဲ ဆွဲလာကြသည်။
ထိုအကောင်မှာ အဆင့် ၃၁ ရေခဲချပ်ဝတ်သားရဲကြီးပင် ဖြစ်သည်။ အခြား ဝံပုလွေအုပ်ဝင်များကလည်း အမျိုးအစားတူ မိစ္ဆာသားရဲ အလောင်းများနှင့် အမြုတေများကို အများအပြား သယ်ဆောင်လာကြသည်။
လင်းထျန်းလုံ၏ ငွေပြာဘုရင်မျက်ဝန်းထဲတွင် မျှော်လင့်ချက်အရိပ်အယောင်များ လက်သွားသည်။
သူ၏ အသိစိတ်ထဲတွင် ထျန်းပင်း၏ အဖွဲ့နှင့် ပတ်သက်သော စနစ်အသိပေးချက် လေးငါးဆယ်ခန့် ရှိနေပြီး သူ့အာရုံကို ဖမ်းစားနိုင်ဆုံးမှာ ထိုရေခဲချပ်ဝတ်သားရဲဘုရင်ထံမှ ရရှိသည့် အမြုတေပင် ဖြစ်သည်။
သူ အာရုံစူးစိုက်ကာ သက်ဆိုင်ရာ အသိပေးချက် အချက်အလက်များကို ဆွဲထုတ်လိုက်သည်။
[စနစ်အသိပေးချက်]။ ။လက်အောက်ခံ ထျန်းပင်းသည် ပါရမီရှင်အဆင့် မိစ္ဆာသားရဲ · ရေခဲချပ်ဝတ်သားရဲကို သတ်ဖြတ်နိုင်ခဲ့ပြီး မိစ္ဆာအမြုတေ (အဖြူရောင် ငွေအဆင့်)ကို ရရှိပါသည်။
[စနစ်အသိပေးချက်]။ ။လက်အောက်ခံ နှင်းဝံပုလွေ (မုဆိုး-စ) သည် ပါရမီရှင်အဆင့် မိစ္ဆာသားရဲ · ရေခဲချပ်ဝတ်သားရဲကို သတ်ဖြတ်နိုင်ခဲ့ပြီး မိစ္ဆာအမြုတေ (အဖြူရောင်)ကို ရရှိပါသည်။
...[စနစ်အသိပေးချက်]။ ။လက်အောက်ခံ ထျန်းပင်းသည် ပါရမီရှင်အဆင့် မိစ္ဆာသားရဲ · ရေခဲချပ်ဝတ်သားရဲဘုရင်ကို သတ်ဖြတ်နိုင်ခဲ့ပြီး မိစ္ဆာအမြုတေ (ရွှေရောင်)ကို ရရှိပါသည်။
လင်းထျန်းလုံ ဤအသိပေးချက်များကို ဝေ့ကြည့်လိုက်ရာ ချက်ချင်း နားလည်သွားခဲ့လေသည်။
ဤရေခဲချပ်ဝတ်သားရဲအုပ်စု၏ ဆင့်ကဲပြောင်းလဲမှု လမ်းကြောင်းမှာ နှင်းခဲစွမ်းအားပင် ဖြစ်ပြီး နှင်းဝံပုလွေမျိုးနွယ်စု၏ စွမ်းအင်သဘာဝနှင့် အလွန်ကိုက်ညီပေသည်။
သူက သာမန် ရေခဲမြစ်ချပ်ဝတ်သားရဲ အမြုတေတစ်ခုကို ကျပန်းရွေးချယ်ကာ စစ်ဆေးလိုက်သည် -
[မိစ္ဆာအမြုတေ (ရေခဲမြစ်ချပ်ဝတ်သားရဲ - အဖြူရောင်)။ ။စားသုံးပြီးနောက် အောက်ပါ ပင်ကိုယ်စွမ်းရည်များထဲမှ တစ်ခုကို ကျပန်း နိုးထစေနိုင်ပါသည် - အခြေခံ ရေခဲစွမ်းအင်ကျွမ်းကျင်မှု၊ အခြေခံ ရုပ်ပိုင်းဆိုင်ရာ ခံနိုင်ရည်။
‘ထင်တဲ့အတိုင်းပဲ၊ ဒီအမြုတေတွေထဲမှာ ပါတဲ့ ရေခဲစွမ်းအားက သာမန် နှင်းဝံပုလွေ အဖွဲ့ဝင်တွေအတွက် အရမ်းကောင်းမွန်တဲ့ ဖြည့်စွက်စာပဲ... နှင်းခဲထိန်းချုပ်မှုနဲ့ သူတို့ရဲ့ ကိုယ်ပိုင် ခံစစ်စွမ်းရည်ကို တည်ငြိမ်စွာ မြှင့်တင်ပေးနိုင်တယ်’
ထိုရေခဲမြစ်ချပ်ဝတ်သားရဲဘုရင်ထံမှ ရရှိသော ရွှေရောင်အမြုတေ၏ တန်ဖိုးမှာမူ ပို၍ပင် မှန်းဆ၍ မရနိုင်လောက်အောင် ဖြစ်သည်။
မွန်းလွဲပိုင်းတွင် မြောက်ဘက် ရေခဲမြစ် အက်ကွဲကြောင်း၌။
ရန့်မြဲ့သည် ဤခရီးစဉ်၏ နောက်ထပ် အရေးကြီးသော ပစ်မှတ်တစ်ခုဖြစ်သည့် ရေခဲအက်ကွဲကြောင်း အနက်ရှိုင်းဆုံးနေရာတွင် နေထိုင်သော ရေခဲသလင်းကင်းမြီးကောက်အုပ်စုကို ရှာဖွေတွေ့ရှိခဲ့သည်။
ဤမိစ္ဆာသားရဲများ၏ တစ်ကောင်ချင်း အင်အားမှာ မမြင့်မားသော်လည်း ၎င်းတို့၏ အမြီးမှ ရေခဲအဆိပ်မှာ အတော်လေး ဒုက္ခပေးနိုင်ပြီး အုပ်စုဖွဲ့နေထိုင်တတ်သည့် အလေ့အထကြောင့် နှင်းဝံပုလွေများမှာ အနည်းငယ် အခက်တွေ့နေခဲ့လေသည်။
သို့သော် ရန့်မြဲ့က အကြွင်းမဲ့ရေခဲဝိညာဉ်ကို တိုက်ရိုက် အသက်သွင်းလိုက်ရာ ဝိညာဉ်ကိုပင် အေးခဲစေနိုင်သော အအေးဓာတ်များ ရောနှောနေသည့် ကြီးမားလွန်ူသော ရေခဲစွမ်းအင် ဒီရေလှိုင်းကြီးက ရေခဲအက်ကွဲကြောင်းထဲသို့ စီးဆင်းသွားလေသည်။
ရေခဲသလင်းကင်းမြီးကောက် အများအပြား၏ လှုပ်ရှားမှုများ ချက်ချင်း တောင့်တင်းသွားပြီး သူတို့၏ အတွေးများပင် အေးခဲသွားခဲ့၏။
ထို့နောက် တပ်ဖွဲ့၏ ရှင်းလင်းရေးမှာ လွယ်ကူသွားတော့သည်။ ဤအမဲလိုက်မှုတွင် အဖြူရောင် အမြုတေ အများအပြားသာမက တန်ဖိုးကြီးရှားပါးသော ရေခဲကင်းမြီးကောက် အဆိပ်ဆူးများနှင့် အပြစ်အနာအဆာကင်းသော ရေခဲသလင်းကင်းမြီးကောက်အခွံများ အများအပြား ရရှိခဲ့သည်။
[စနစ်အသိပေးချက်]။ ။လက်အောက်ခံ ရန့်မြဲ့သည် ထူးချွန်အဆင့် မိစ္ဆာသားရဲ · ရေခဲသလင်း ကင်းမြီးကောက်ကို သတ်ဖြတ်နိုင်ခဲ့ပြီး [မိစ္ဆာအမြုတေ (အပြာရောင်)ကို ရရှိပါသည်။
...အနောက်တောင်ဘက်ရှိ စွန့်ပစ်မိုင်းတွင်း၌။
ယင်းဖုန်းသည် သူ အလွန်ကျွမ်းကျင်သော ကိုယ်ပျောက်စွမ်းရည်နှင့် ကင်းထောက်စွမ်းရည်များကို အသုံးပြု၍ ပုန်းအောင်းရာတွင် ကျွမ်းကျင်သော နှင်းမြေခွေးအသိုက် အတော်များများကို ရှင်းလင်းနိုင်ခဲ့ရုံသာမက…...မြေအောက်မိုင်းတွင်းအနက်ပိုင်းတွင်
မြေအောက်မိုင်းတွင်းအနက်ပိုင်းတွင် ဖုံးကွယ်နေသော အရည်အသွေးမြင့် ရေခဲပင်မသတ္တုကြော အနည်းငယ်ကိုလည်း ရှာဖွေတွေ့ရှိခဲ့သည်။
အရေအတွက်မှာ လင်းထျန်းလုံ ယခင်က ရရှိခဲ့သည်နှင့် ယှဉ်လျှင် များစွာနည်းပါးသော်ငြား ခြင်ခြေထောက်သည်လည်း အသားပဲဖြစ်သဖြင့် အကုန်လုံးကို တူးဖော်ယူခဲ့သည်။
အဆက်မပြတ် ရှင်းလင်းနေစဉ်အတွင်း ဝံပုလွေအုပ်စုဝင်များသည် တိုက်ပွဲများစွာကိုလည်း ကြုံတွေ့ခဲ့ရသည်။
သာမန် အဆင့် ၁၉ နှင်းဝံပုလွေတစ်ကောင်သည် အဆင့် ၂၂ [ရေခဲဝက်ရိုင်း] ကို ဝိုင်းရံတိုက်ခိုက်နေစဉ် ဝက်ရိုင်း၏ သေခါနီး ရုန်းကန်မှုကြောင့် ရေခဲဆူးများ ထိမှန်ကာ ဒဏ်ရာရသွားခဲ့သည်။
သို့သော် လင်းထျန်းလုံက ကုသပေးရန် ဝင်ရောက်စွက်ဖက်မည့်ဆဲဆဲတွင် ထိုနှင်းဝံပုလွေ၏ ကိုယ်ပေါ်၌ မှေးမှိန်သော သွေးနီရောင် အလင်းတန်းလေးတစ်ခု လင်းလက်သွားသည်။
ထိုနှင်းဝံပုလွေ၏ ဒဏ်ရာသည် အေးစက်သော လေထုထဲတွင် နှေးကွေးသော်လည်း တည်ငြိမ်သောအရှိန်ဖြင့် စတင်ကျက်လာပြီး ၎င်း၏ အငွေ့အသက်မှာ ပို၍ပင် ကြမ်းတမ်းလာလေသည်။
‘ထာဝရတိုက်ပွဲဝိညာဉ်ရဲ့ အာနိသင်က သူတို့ဆီမှာလည်း နည်းနည်း ပေါ်လာတာပဲ၊ ဒါမှမဟုတ် ဒီပတ်ဝန်းကျင်က သူတို့ရဲ့ အလားအလာကို လှုံ့ဆော်ပေးလိုက်တာလည်း ဖြစ်နိုင်တယ်... တိုက်လေရဲလေ ဖြစ်လာတဲ့ သဘာဝက မျိုးနွယ်စုတစ်ခုလုံးဆီကို တဖြည်းဖြည်း ပျံ့နှံ့လာနေပြီပဲ၊’
လင်းထျန်းလုံ နားလည်လိုက်သည်။
ရှောင်လန်နှင့် ရှောင်ယင်းတို့သည် အစမှအဆုံး လင်းထျန်းလုံ၏ ဘေးတွင်နေကာ ဤအပျက်အစီးနေရာကြီးအတွင်း အန္တရာယ်များ ပြည့်နှက်နေရာမှ တဖြည်းဖြည်း သန့်စင်သွားသည့် လုပ်ငန်းစဉ်တစ်ခုလုံးကို မျက်မြင်ကိုယ်တွေ့ ကြည့်ရှုနေကြလေသည်။
ရှောင်ယင်းသည် အဝေးမှ ရန့်မြဲ့ဖန်တီးလိုက်သော နှင်းခဲဒီရေလှိုင်းကို ကြည့်ရင်း အံအားသင့်သွားကာ တိုးတိုးလေး ချီးကျူးလိုက်သည်။ “ဝါး... ဦးလေးရန့်မြဲ့က အရမ်းစွမ်းတာပဲ၊ ပိုးကောင်တွေ အများကြီးကို တစ်ပြိုင်နက်တည်း အေးခဲပစ်လိုက်တာ၊”
ရှောင်လန်ကလည်း အလေးအနက် ခေါင်းညိတ်လိုက်သည်၊ “အင်း... အားလုံးက ရန်သူတွေကို နှိမ်နင်းဖို့ သူတို့ရဲ့ အစွမ်းအထက်ဆုံး နည်းလမ်းတွေကို သုံးနေကြတယ်၊”
‘ဒီရှင်းလင်းရေး အမြန်နှုန်းက အမဲလိုက်တာ မဟုတ်တော့ဘူး... ရိတ်သိမ်းနေတာပဲ’ သူမ စိတ်ထဲတွင် အကဲဖြတ်လိုက်မိသည်။
‘ဝံပုလွေဖေဖေ့ရဲ့ ဗျူဟာက အရမ်းရိုးရှင်းတယ်၊ အကြွင်းမဲ့အင်အားသာလွန်မှုကို သုံးပြီး နေရာတစ်ခုလုံးကို ဘာမှမချန်ဘဲ သန့်စင်ပစ်တာ၊ ပြီးတော့ အရင်းအမြစ်တွေ အကုန်လုံးကို သိမ်းပိုက်ရယူတာပဲ'
‘ပိုအရေးကြီးတာက ဒီလို ဖိအားများတဲ့ ပတ်ဝန်းကျင်အောက်မှာ ဝံပုလွေအုပ်တစ်ခုလုံးက ပိုပြီးတော့ အချိတ်အဆက်မိမိ ပူးပေါင်းလာနိုင်ကြတယ်'
‘ ဒီလို လက်တွေ့ သွေးစမ်းမှုက ဘယ်လို လေ့ကျင့်ရေးထက်မဆို ပိုထိရောက်တယ်’ ရှောင်ယင်းကလည်း ဖြည့်စွက်တွေးလိုက်သည်။
အဆက်မပြတ် တိုက်ပွဲများမှတစ်ဆင့် ဝံပုလွေအုပ်စုတစ်ခုလုံး၏ အငွေ့အသက်များ ဆက်တိုက် စုစည်းလာနေသည်ကို သူမ ခံစားနေရသည်။
ပြင်ပမှ နေဝင်ဆည်းဆာ အလင်းရောင်များက ပုံပျက်နေသော ဟင်းလင်းပြင် အကာအကွယ်ကို ဖြတ်သန်းကာ ပြိုကွဲနေသော ကမ္ဘာကြီးကို နောက်ဆုံး ပုစွန်ဆီရောင်ဖြင့် ဆေးချယ်လိုက်ချိန်တွင် လင်းထျန်းလုံထံမှ နောက်ဆုံးတွင် ရှင်းလင်းရေးရပ်တန့်ရန် အမိန့်ကျလာခဲ့လေတော့သည်။
အဆက်မပြတ် ပြင်းထန်သော ရှင်းလင်းမှုကြီးမှာ အဆုံးသတ်သွားပြီဖြစ်သည်။
မျက်စိတစ်ဆုံး ကြည့်လိုက်လျှင် မည်သည့် မိစ္ဆာသားရဲ၏ အငွေ့အသက်ကိုမှ မခံစားရတော့ပေ။
ကျန်ရှိနေသည်မှာ ခြိမ်းခြောက်မှုမရှိသော အုပ်စုနှင့် ကွဲကွာနေသည့် သတ္တဝါငယ်လေးများသာ ဖြစ်သည်။
“စုစည်းကြ၊ ရရှိလာတာတွေကို စာရင်းပြုစုပြီး အိမ်ပြန်ဖို့ ပြင်ကြမယ်” အမိန့်စကား ထွက်ပေါ်လာပြီး နှင်းဝံပုလွေအုပ်စု၀င်တိုင်းဆီသို့ တိုး၀င်သွားလေသည်။
ဝံပုလွေအုပ်စုဝင်များသည် အရပ်မျက်နှာ အသီးသီးမှ စုရုံးလာကြလေသည်။
သူတို့၏ ကိုယ်ပေါ်တွင် တိုက်ပွဲအတွင်းရရှိခဲ့သည့် ဒဏ်ရာများ အနည်းနှင့်အများ ရှိနေကြသော်လည်း အကြည့်များမှာ ပိုမိုစူးရှလာပြီး အငွေ့အသက်များလည်း ပိုမိုတည်ငြိမ်လာကြသည်။
နောက်ဆုံးရရှိလာသော သားကောင်များကို လင်းထျန်းလုံ၏ ရှေ့တွင် စနစ်တကျ ပုံထားလိုက်ကြသည်။
လင်းထျန်းလုံ၏ အသိစိတ်က အသိစိတ်နေရာလွတ်ထဲသို့ ဝင်သွားပြန်လေသည်။ တစ်ဆယ်ကုဗမီတာ ကျယ်ဝန်းသော နေရာလွတ်ကြီးမှာ ယခုအခါ ပြည့်သိပ်နေပြီ ဖြစ်လေသည်။
မိစ္ဆာအမြုတေများအား အကြမ်းဖျင်း တွက်ကြည့်ရလျှင် ကြေးအဆင့် မိစ္ဆာအမြုတေ (စိမ်းပြာရောင်) နှစ်ရာကျော်နှင့် ငွေအဆင့် မိစ္ဆာအမြုတေ (အဖြူရောင်) ရှစ်ဆယ်ကျော် ရှိသည်။
၎င်းတို့တွင် ကောင်းကင်ချိုသမင်၊ အရိပ်တစ္ဆေကျား၊ ရေခဲပြင်ဝံပုလွေ၊ ရေခဲသလင်း ကင်းမြီးကောက်၊ နှင်းမြေခွေးနှင့် အခြား ရေခဲအမျိုးအစား သို့မဟုတ် အေးခဲနေသည့် ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေမှုရှိသော မိစ္ဆာသားရဲ အမျိုးမျိုး၏ အမြုတေများ ပါဝင်သည်။
အဖိုးတန်ဆုံးမှာ အဆင့် ၃၁ ရေခဲချပ်ဝတ်သားရဲဘုရင်ထံမှ ရရှိသော ရွှေရောင် ဘုရင်အဆင့် မိစ္ဆာအမြုတေပင်ဖြစ်သည်။
ဝိညာဉ်ပစ္စည်းများနှင့် သတ္တုများမှာ ရေခဲကင်းမြီးကောက် အဆိပ်ဆူး ၃၇ ခု၊ အပြစ်အနာအဆာကင်းသည့် ရေခဲသလင်းကင်းမြီးကောက်အခွံ ၁၅ ခု၊ အရည်အသွေးမြင့် နှင်းမြေခွေးသားရေ ၈ ခုနှင့် တူးဖော်ရရှိထားသော ရေခဲပင်မသတ္တုကြော အနည်းငယ် ပါဝင်သည်။
အသားနှင့် အရိုးများမှာတော့ နေရာလွတ်ထဲ မဆန့်တော့သဖြင့် လတ်ဆတ်သည့် မိစ္ဆာသားရဲ အသားများနှင့် ခိုင်မာသော အရိုးများကို ဝံပုလွေအုပ်ဝင်များ ကိုယ်တိုင် ဆွဲချိတ်သယ်ဆောင်လာကြရသည်။
ဤသည်မှာ ဝိညာဉ်နယ်မြေ အပျက်အစီးများထံမှ အရင်းအမြစ်များကို အကန့်အသတ်အထိ လုယူနိုင်ခဲ့သော ဂုဏ်ယူဖွယ်ရာ အောင်ပွဲတစ်ခုပင် ဖြစ်သည်။
‘ဝံပုလွေဖေဖေ တကယ်ပဲ ဘာမှမကျန်အောင် သိမ်းကျုံးယူလိုက်တာပဲ၊’
ရှောင်လန်သည် ဝံပုလွေအုပ်ဝင်များ ဆွဲလာသည့် တောင်လိုပုံနေသော အရင်းအမြစ်များကို ကြည့်ကာ ရင်ထဲတွင် လေးစားမှုများဖြင့် ပြည့်နှက်နေတော့သည်။
‘ဒီအရာတွေနဲ့ဆို နှင်းဝံပုလွေအုပ်စု တစ်ခုလုံးရဲ့ အင်အားက အကြီးအကျယ် တိုးတက်လာတော့မှာပဲ’ ရှောင်ယင်း၏ မျက်လုံးများထဲတွင်လည်း မျှော်လင့်ချက်များ အပြည့်ဖြစ်နေသည်။
“အိမ်ပြန်ကြစို့၊” လင်းထျန်းလုံသည် အပိုစကားများ မပြောတော့ဘဲ ပထမဆုံးလှည့်ထွက်လာကာ သူတို့ ဝင်လာခဲ့သော ဟင်းလင်းပြင် အက်ကွဲကြောင်းဆီသို့ လျှောက်သွားလိုက်သည်။
ဝံပုလွေအုပ်ဝင်များကလည်း သူတို့၏ လေးလံသော သားကောင်များကို ဆွဲကာ စနစ်တကျ လိုက်ပါသွားကြသည်။
ဟင်းလင်းပြင် အက်ကွဲကြောင်းကို ဖြတ်သန်းကာ ထျန်းစန်းတောအုပ်၏ လတ်ဆတ်သော လေကို ပြန်ရှူလိုက်ရချိန်တွင် အဖွဲ့ဝင်အားလုံး ငြိမ်းချမ်းမှုကို ခံစားလိုက်ရသည်။
အဝေးတွင် မှိုင်းညို့ညို့ ကြယ်ရောင်များ ဖြာထွက်နေသော ကြယ်တာရာ အကာအကွယ်အောက်ရှိ ဝံပုလွေကျေးရွာလေး၏ ပုံရိပ်ကို လှမ်းမြင်နေရပြီဖြစ်သည်။
ဤခရီးစဉ်သည် အောင်မြင်စွာ ပြီးဆုံးသွားခဲ့လေသည်။
နောက်ထပ်ရောက်လာမည့် အချိန်သည် ရရှိလာသော အရာများကို ချေဖျက်ပြီး နှင်းဝံပုလွေမျိုးနွယ်စု တစ်ခုလုံးကို နောက်တစ်ကြိမ် အဆင့်ထပ်တက်စေမည့် အချိန်ပင် ဖြစ်ပေတော့သည်။
***