သူတို့၏ အချက်အလက်များမှာလည်း အသစ်ပြန်လည်ပြောင်းလဲသွားလေသည်။
[မျိုးနွယ်] - နှင်းဝံပုလွေ (မဟာနှင်းစောင့်အရှောက်များ)
[အဆင့်] - ၂၀ (ပါရမီရှင်အဆင့်)
[ပင်ကိုစွမ်းရည်များ] - နှင်းခဲအကာအကွယ် (ရွှေရောင် အလယ်အလတ်)၊ ရေပြာကြေးခွံသွေးမျိုးဆက် (မဟာနှင်းသွေးမျိုးဆက်အဖြစ် သန့်စင်ပြီး)
[အတန်းအစား] - အစောင့်အရှောက်
[စွမ်းရည်များ] - ခံတပ်အားလှိုင်း (ခရမ်းရောင် အလယ်အလတ်)၊ ရေခဲလက်သည်းတိုက်ကွက်
“အာဝူး”
မဟာနှင်းအစောင့်အရှောက် ခြောက်ဦးလုံးသည် တစ်ပြိုင်နက် ခေါင်းကိုမော့ကာ ဟိန်းဟောက်လိုက်ရာ သူတို့၏အသံထဲတွင် အစွမ်းထက်သော ခွန်အားနှင့် ဖျက်ဆီး၍မရနိုင်သော စိတ်ဆန္ဒများ ပါဝင်နေခဲ့သည်။
ဤအံ့မခန်း အစုလိုက်အပြုံလိုက် ဆင့်ကဲပြောင်းလဲမှုသည် အနီးရှိသမီးလေးနှစ်ဦး၏ မျက်လုံးထဲသို့ ရှင်းလင်းစွာ ဝင်ရောက်သွားတော့သည်။
ရေခဲသလင်းချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားပုံရသော ဝံပုလွေဦးလေးကြီး ခြောက်ကောင်ကို ကြည့်ရင်း ရှောင်ယင်းတစ်ယောက် စိတ်လှုပ်ရှားစွာဖြင့် ရှောင်လန်၏ လက်ကို ဆွဲကိုင်လိုက်သည်။
“ရှောင်လန် ကြည့်ပါဦး၊ ဟိုဝံပုလွေဦးလေးကြီးတွေ အရမ်းခန့်ညားသွားတာပဲ၊ ရေခဲနဲ့လုပ်ထားတဲ့ ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသလိုပဲ”
အသွင်ပြောင်းနေသော နှင်းဝံပုလွေများအပေါ် အကြည့်ရောက်သွားပြီးနောက် ရှောင်လန်က လေးနက်စွာ ခေါင်းညိတ်လိုက်သည်။
“ဟုတ်တယ်၊ ဖေဖေ ပြန်သယ်လာတဲ့ အပြာရောင်သလင်းကျောက်တွေက တကယ်ကို အစွမ်းထက်တာပဲ”
“ဝံပုလွေဖေဖေရဲ့ အရင်းအမြစ်အသုံးပြုပုံက အမြဲတမ်း တိကျလွန်းတယ်”
အသွင်ပြောင်းသွားသော မဟာနှင်းအစောင့်အရှောက် ခြောက်ဦးကို ကြည့်ရင်း သူမစိတ်ထဲတွင် အကဲဖြတ်နေသည်။
‘ဒီလိုမျိုး အစုလိုက်အပြုံလိုက် သွေးမျိုးဆက်သန့်စင်မှုနဲ့ ခံစစ်ပိုင်းအားဖြည့်မှုက မျိုးနွယ်စုတစ်ခုလုံးရဲ့ စွမ်းအားကို တစ်ဆင့်မြင့်တက်သွားစေနိုင်တယ်'
‘အထူးသဖြင့် အဲဒီဝံပုလွေဦးလေးကြီး ခြောက်ဦးရဲ့ ခံစစ်ပင်ကိုယ်စွမ်းရည်တွေက အရည်အသွေးပိုင်းအရပါ ပြောင်းလဲသွားတယ်'
ခိုင်မာသော စွမ်းအင်လှိုင်းများကို ခံစားရင်း ရှောင်ယင်းက ပြောလိုက်သည်။
“သူတို့ရဲ့ မူလအစွမ်းတွေနဲ့ ပေါင်းစပ်လိုက်ရင် အခုဆို သူတို့ထက်ပိုမြင့်တဲ့အဆင့်က တိုက်ခိုက်မှုတွေကိုတောင် ခံနိုင်ရည်ရှိသွားလောက်ပြီ”
သို့သော် မပြီးသေးပေ။
လင်းထျန်းလုံ၏ အကြည့်က အငွေ့အသက်များ ပါရမီရှင်အဆင့်နှင့် နီးစပ်နေသော၊ အုပ်စုအတွင်းရှိ အထူးသန်မာတောင့်တင်းသည့် ထိပ်တန်းနှင်းဝံပုလွေများဆီသို့ လှည့်သွားသည်။
သူတို့ထဲမှ အများစုမှာ လုပ်ကြံသတ်ဖြတ်သူများ သို့မဟုတ် ထိုသို့ဖြစ်လာနိုင်ရန် အလားအလာရှိသူများ ဖြစ်သည်။
“မင်းတို့တွေလည်း အဆင့်ချိုးဖျက်ဖို့ အချိန်တန်ပြီ”
သာမန် ရေခဲချပ်ဝတ်သားရဲ အမြုတေ ဒါဇင်ပေါင်းများစွာသည် အခြားရေခဲစွမ်းအင်သုံး မိစ္ဆာအမြုတေများနှင့် ရောနှောကာ အလားအလာမြင့်မားသောသူများထံသို့ တိကျစွာ ပျံသန်းသွားလေသည်။
နှင်း၀ံပုလွေများအားလုံး အမြုတေများကို မျိုချပြီးနောက် အံ့သြဖွယ်မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။
အသန်မာဆုံး ထိပ်တန်းနှင်းဝံပုလွေ ငါးကောင်ပတ်လည်ရှိ စွမ်းအင်များမှာ ပြင်းထန်စွာ လှုပ်ခတ်သွားပြီး သူတို့၏ အရွယ်အစားများမှာလည်း သိသိသာသာ ကြီးမားလာသည်။
အရိုးများမှ ပဲလှော်ပေါက်သကဲ့သို့ အသံများ ထွက်ပေါ်လာကာ ငွေပြာနှင်းဝံပုလွေဖြူသွေးမျိုးဆက်အတွင်းရှိ ခံစစ်ဆိုင်ရာစွမ်းအင်များ နိုးထလာသည်။
အေးစက်စွာ တောက်ပနေသော သေးငယ်သည့် ကြေးခွံပုံရိပ်များ ခန္ဓာကိုယ်ပေါ်တွင် ပေါ်ထွက်လာပြီး လျင်မြန်စွာ စစ်မှန်လာခဲ့သည်။
“ဒါက လျှို့ဝှက်ရေခဲကြေးခွံချပ်ဝတ်ပဲ၊ သူတို့ အခြေခံအဆင့် ခံစစ်ပင်ကိုယ်စွမ်းရည်ကို နိုးထသွားကြပြီ”
ရန့်မြဲ့က ဤမြင်ကွင်းကို အံ့သြစွာ ကြည့်လိုက်သည်။ ဤသည်မှာ ခံစစ်ကို အဓိကထားသော အစောင့်အရှောက်မျိုးစေ့အသစ်များ မျိုးနွယ်စုအတွင်း မွေးဖွားလာခြင်းပင်ဖြစ်သည်။
မိနစ်အနည်းငယ်အတွင်းမှာပင် ဤနှင်းဝံပုလွေ ငါးကောင်သည် အဆင့် ၁၉ (ခြေလှမ်း၀က်ပါရမီရှင်အဆင့်) သို့ အဆင့်ချိုးဖျက်နိုင်ခဲ့ပြီး အခြေခံ ပင်ကိုစွမ်းရည် လျှို့ဝှက်ရေခဲကြေးခွံချပ်ဝတ်ကို အောင်မြင်စွာ နိုးထနိုင်ခဲ့သည်။
မဟာနှင်းအစောင့်အရှောက်များ၏ နှင်းခဲအကာအကွယ်ထက် အများကြီး နိမ့်ကျနေသော်လည်း သူတို့၏ ခံစစ်စွမ်းအားမှာ သာမန်နှင်းဝံပုလွေများထက် များစွာ သာလွန်နေပြီဖြစ်ကာ အနာဂတ်တွင် အစစ်အမှန်အစောင့်အရှောက်များ ဖြစ်လာစေရန် ခိုင်မာသော အုတ်မြစ်တစ်ခုကို ချပေးလိုက်ခြင်းဖြစ်သည်။
“ဒီနေ့ကစပြီး မင်းတို့ကို ရေပြာကြေးခွံအစောင့်အရှောက်တွေလို့ ပြောင်းခေါ်မယ်”
လင်းထျန်းလုံက ဤရေပြာကြေးခွံအစောင့်အရှောက် ငါးဦးထံ စိတ်ဖြင့် လှမ်းပြောလိုက်သည်။
“လှလိုက်တာ”
ရှေ့တန်းစစ်မြေပြင်အတွက် ဤအဖွဲ့ဝင်သစ်များ၏ အလားအလာကို မြင်ပြီးနောက် ထျန်းပင်းက ကျယ်လောင်စွာ ရယ်မောလိုက်သည်။
“အခုဆို ငါတို့ရဲ့ အဆင့်မြင့်တိုက်ခိုက်ရေးစွမ်းအားတွေ ထပ်တိုးလာပြန်ပြီကွ”
လင်းထျန်းလုံလည်း ထိုနည်းတူ ဝမ်းသာနေသည်။ အစိမ်းနုရောင် ကြေးခွံချပ်ဝတ်တန်ဆာများ ဝတ်ဆင်ထားသော အဆင့်တက်ခါစ နှင်းဝံပုလွေ ငါးကောင်ကို ကြည့်ပြီးနောက် စိတ်အားထက်သန်နေသော ထျန်းပင်းကိုပါ ကြည့်လိုက်ရင်း ဆုံးဖြတ်ချက်တစ်ခု စိတ်ထဲတွင် ပေါ်လာလေသည်။
“ထျန်းပင်း”
“ရှိပါတယ် ဘုရင်မင်းမြတ်”
ခန္ဓာကိုယ်တစ်ခုလုံး တိုက်ပွဲဝင်လိုစိတ်များ လွှမ်းမိုးနေလျက် ထျန်းပင်း ချက်ချင်း ရှေ့ထွက်လာသည်။
“မဟာနှင်းအစောင့်အရှောက်တွေနဲ့ ဒီ ရေပြာကြေးခွံအစောင့်အရှောက်အသစ် ငါးဦးက အခုကစပြီး မင်းရဲ့ ကွပ်ကဲမှုအောက်မှာပဲ ရှိမယ်*
လင်းထျန်းလုံ၏ အသံက ဝံပုလွေအသိုက်တစ်ခုလုံး ပျံ့နှံ့သွားသည်။
“မင်း သူတို့ကို ဝံပုလွေအုပ်ရဲ့ အသန်မာဆုံးဒိုင်းနဲ့ အထက်မြက်ဆုံးလှံဖြစ်လာအောင် သွေးပေးရမယ်၊ မင်းတို့က ငါ့ဝံပုလွေဂူရဲ့ အသန်မာဆုံး အကြီးစားတိုက်ခိုက်ရေးတပ်ဖွဲ့ ဖြစ်လာလိမ့်မယ်*
ထျန်းပင်း ခေတ္တမျှ မှင်တက်သွားပြီးနောက် ကြီးမားသော ဝမ်းမြောက်မှုလှိုင်းလုံးကြီးတစ်ခုက သူ၏ရင်ထဲသို့ ဝင်ရောက်လာသည်။
အမဲလိုက်သတ်ဖြတ်သူဖြစ်သော သူက အသန်မာဆုံး အစောင့်အရှောက်များကို ဦးဆောင်ရခြင်းမှာ ပြီးပြည့်စုံသော လိုက်ဖက်မှုပင်ဖြစ်သည်။ သူ ခေါင်းမော့ကာ ကောင်းကင်ယံအထိ တုန်လှုပ်သွားစေသော အူသံရှည်ကြီးကို ထုတ်လွှတ်လိုက်လေသည်။
“အာဝူးးးးး”
“နားလည်ပါပြီ ဘုရင်မင်းမြတ်၊ ရန်သူအားလုံးကို ကိုက်ဖြဲပစ်နိုင်မယ့် အသန်မာဆုံး တိုက်ခိုက်ရေးတပ်ဖွဲ့ဖြစ်လာအောင် ထျန်းပင်း သေချာပေါက် လေ့ကျင့်ပေးပါ့မယ်”
သူ၏ရွှေရောင်မျက်လုံးများက ရေခဲခံတပ်ကြီးများနှင့်တူသော မဟာနှငိးအစောင့်အရှောက် ခြောက်ဦးနှင့် ကြေးခွံချပ်ဝတ်တန်ဆာ ပေါ်ထွက်ခါစ ရေပြာကြေးခွံအစောင့်အရှောက် ငါးဦးအပေါ်သို့ ဖြတ်ပြေးသွားပြီး တိုက်ပွဲဝင်လိုစိတ်များ ပြင်းထန်စွာ တောက်လောင်လာတော့သည်။
“ဦးလေးထျန်းပင်းတော့ အလုပ်များတော့မယ့်ပုံပဲ”
စိတ်လှုပ်ရှားနေသော ထျန်းပင်းကို ကြည့်ရင်း ရှောင်ယင်းက ရှောင်လန်ကို တီးတိုးပြောလိုက်သည်။
“ဟုတ်တယ်၊ ဦးလေးထျန်းပင်းက သူတို့ကို ဦးဆောင်ဖို့ အရမ်းသင့်တော်တယ်”
ရှောင်လန်ကလည်း သဘောတူလိုက်သည်။
“အမဲလိုက်သတ်ဖြတ်သူကို အကြီးစားချပ်ဝတ်တပ်ဖွဲ့တစ်ခုမှာ ကွပ်ကဲခိုင်းလိုက်တာက တိုက်စစ်နဲ့ ခံစစ် တစ်သားတည်းဖြစ်နေတဲ့ အင်အားစုတစ်ခုကို ဖန်တီးလိုက်တာပဲ။ ဝံပုလွေဖေဖေရဲ့ စီမံခန့်ခွဲမှုက အရမ်းတိကျတယ်”
ဤအစီအစဉ်ကို သူမ စိတ်ထဲတွင် အကဲဖြတ်လိုက်သည်။
“ဒီတပ်ဖွဲ့သာ ပုံပေါ်လာပြီဆိုရင် ရှေ့တန်းစစ်မြေပြင်မှာ လုံးဝကို တစ်ဖက်ရန်သူကို အဟန့်အတားဖြစ်စေမယ့် အင်အားတစ်ခုဖြစ်လာမှာ”
ရှောင်ယင်းကလည်း ထောက်ခံလိုက်လေသည်။
ဤအစုလိုက်အပြုံလိုက် အဆင့်တက်ခြင်းနှင့် ပြန်လည်ဖွဲ့စည်းခြင်းများ ပြီးဆုံးပ်းလုနီးချိန်တွင်၊ ရွှေရောင်အလင်းဝန်းများ ထုတ်လွှတ်လျက် တိတ်ဆိတ်စွာ လွင့်မျောနေသော ရေခဲချပ်ဝတ်ဘုရင်အမြုတေနှင့်အတူ စွမ်းအင်ကြွယ်ဝသော အခြားအဖြူရောင် အမြုတေတစ်လုံးတို့သည် ရှောင်လန်နှင့် ရှောင်ယင်းတို့ရှေ့သို့ ဖြည်းညင်းစွာ ပျံသန်းလာလေသည်။
“ရော့၊ ဒါက သမီးတို့နှစ်ယောက်အတွက်ပဲ”
လင်းထျန်းလုံ၏အသံက ထိုအချိန်တွင် နူးညံ့နေခဲ့လေသည်။
“ဖြည်းဖြည်းချင်း စုပ်ယူကြ။ သမီးတို့အတွက် ကောင်းကျိုးဖြစ်စေလိမ့်မယ်”
ရှောင်ယင်းက အဖြူရောင်အမြုတေကို ဝမ်းသာအားရ လှမ်းယူလိုက်သည်။
“ကျေးဇူးပါ ဖေဖေ”
ရှောင်လန်ကလည်း ရွှေရောင်အမြုတေကို ဂရုတစိုက် ဆုပ်ကိုင်ထားသည်။
၎င်းအတွင်း၌ ပါဝင်သော ကြီးကျယ်ခမ်းနားသည့် ရှေးဟောင်းရေခဲမူလစွမ်းအင်ကို သူမ ခံစားမိပြီး ထိုအရာက အသစ်နိုးထလာသော သူမ၏ အာရုံခံပင်ကိုယ်စွမ်းရည်ကို ခိုင်မာစေရန် များစွာအထောက်အကူပြုမည်ဖြစ်သည်။
ရှောင်ယင်းတို့နှစ်ဦးလု ဘာမျှထပ်မပြောတော့ဘဲ အမြုတေများအတွင်းရှိ စွမ်းအင်များကို စုပ်ယူရန် ချက်ချင်းစတင်လိုက်တော့သည်။
သန့်စင်သော ရေခဲဝိညာဉ်ချီများက သူတို့၏ခန္ဓာကိုယ်ထဲသို့ နွေးထွေးသော စီးကြောင်းတစ်ခုပမာ စီးဝင်လာပြီး သွေးကြောများကို တိတ်ဆိတ်စွာ အားဖြည့်ပေးကာ ကျင့်ကြံမှုကို ခိုင်မာလာစေလေသည်။
[စနစ်အသိပေးချက် (ရှောင်လန်)။ ။ရေခဲချပ်ဝတ်ဘုရင်အမြုတေ (ရွှေရောင်)ကို စုပ်ယူလိုက်ပါသည်။ စိတ်ပိုင်းဆိုင်ရာစွမ်းအား ပိုမိုသန့်စင်လာပြီး အာရုံခံနိုင်စွမ်း တိုးတက်လာသည်။
[စနစ်အသိပေးချက် (ရှောင်ယင်း)]။ ။ရေခဲချပ်ဝတ်သားရဲအမြုတေ (အဖြူရောင်)ကို စုပ်ယူလိုက်ပါသည်။ ခန္ဓာကိုယ်လှုပ်ရှားမှုနှင့် တုံ့ပြန်မှုအမြန်နှုန်း မြင့်တက်လာပါသည်။
ဝံပုလွေဂူအတွင်း စွမ်းအင်များ တဟုန်ထိုး မြင့်တက်လာပြီး လေထုက ခမ်းနားကြီးကျယ်နေ လသည်။
နှင်းဝံပုလွေများအားလုံး အောင်ပွဲခံနေကြပြီး အဓိကအမျိုးအစား စနစ်သုံးခုမှာလည်း (လုပ်ကြံသူ၊ တိုက်ခိုက်သူနဲ့၊ ကင်းထောက်) အရင်းအမြစ်များ၏ အားဖြည့်ပေးမှုအောက်တွင် ပိုမိုရှင်းလင်းပြည့်စုံလာသည်။
အဖွဲ့ဝင်တိုင်း ပိုမိုသန်မာလာကြပြီး မျိုးနွယ်စုတစ်ခုလုံးမှာ အဆက်မပြတ် အဆင့်မြှင့်တင်အားဖြည့်နေသော စစ်စက်ယန္တရားကြီးတစ်ခုပမာ ဖြစ်လာလေသည်။
အကာအကွယ်အပြင်ဘက် လေထန်နေသော နေရာများဆီမှ မသိနိုင်သောစိန်ခေါ်မှုများအတွက် တောင်တန်းများကိုပင် တုန်လှုပ်စေနိုင်လောက်သည့် စွမ်းအားများကို စုဆောင်းနေတော့သည်။
……
ဝံပုလွေအသိုက်အတွင်းတွင် ကြယ်တာရာအကာအကွယ်၏ နူးညံ့သောအလင်းရောင်က အရည်ပျော်နေသော ငွေတုံးများပမာ စီးကျလာပြီး ကြီးကျယ်ခမ်းနားသော ဗီဇအသွင်ပြောင်းလဲမှုကို ဖြတ်သန်းထားခါစဖြစ်သည့် ဝံပုလွေအုပ်ကြီးကို ညင်သာစွာ ဖုံးလွှမ်းထားသည်။
လေထုထဲတွင် ရေခဲ၊ နဂါးအငွေ့အသက်နှင့် အသစ်မွေးဖွားလာသော စွမ်းအားတို့ ရောနှောနေသည့် ထူးခြားသော အနံ့တစ်မျိုး ပြည့်နှက်နေသည်။
ရှူရှိုက်လိုက်သည့် လေထုတိုင်းက ဝံပုလွေများကို လန်းဆန်းတက်ကြွစေလေသည်။
အစုလိုက်အပြုံလိုက် အဆင့်တက်ခြင်း ပြီးဆုံးသွားသော်လည်း နှင်းဝံပုလွေအဖွဲ့ဝင်များသည် တဟုန်ထိုး မြင့်တက်လာသော စွမ်းအားများကြောင့် စိတ်လှုပ်ရှားနေကြကာ အသားကျရန် ကြိုးစားနေကြရဆဲဖြစ်သည်။
ပျမ်းမျှအဆင့် ၂၂ ပါရမီရှင်အဆင့်သို့ ခုန်တက်သွားသော သာမန်နှင်းဝံပုလွေများသည် တစ်ကောင်နှင့်တစ်ကောင် လည်ပင်းချင်း ပွတ်သီးပွတ်သပ်လုပ်ရင်း ကျေနပ်စွာ အသံပြုနေကြသည်။
အဖော်များ၏ ကိုယ်တွင်း၌ စီးဆင်းနေသော ပိုမိုသန့်စင်အေးစက်လာသည့် ငွေပြာနှင်းဝံပုလွေဖြူ သွေးမျိုးဆက်ကို ရှင်းလင်းစွာ ခံစားမိနေပြီး သူတို့ကြားရှိ သံယောဇဉ်ကြိုးကလည်း ပိုမိုခိုင်မာသွားသကဲ့သို့ ရှိသည်။
အဆင့်တက်ခါစ ရေပြာကြေးခွံအစောင့်အရှောက် ငါးဦးကမူ အနည်းငယ် ရိုးအသော်လည်း စိတ်လှုပ်ရှားနေပုံရသည်။
အပြာနုရောင် သတ္တုရောင်ဝါများ တောက်ပနေသော ရင်ဘတ်ပေါ်ရှိ အသစ်ဖြစ်တည်လာသည့် လျှို့ဝှက်ရေခဲကြေးခွံချပ်ဝတ်ကို ရံဖန်ရံခါ ခေါင်းငုံ့ကာ ကြည့်ကာ ရန်ဖန်ရံခါတွင် စူးစမ်းလိုစိတ်အပြည့်နှင့် လက်သည်းများဖြင့် ခေါက်ကြည့်နေကြလေသည်။
***