"ဟန်ကျီ" ဟူသော အမည်နာမကို ကြားလိုက်ရသည်နှင့် မင်ယွဲ့၏ မိခင်ဖြစ်သူမှာ စပ်စုလိုစိတ်တို့ ချက်ချင်းပင် ထကြွလာတော့သည်။
၎င်းမှာ အမျိုးသားတစ်ဦး၏ အမည်ဖြစ်သည်မှာ ထင်ရှားလှပြီး ဖုန်းပြောနေစဉ် သမီးဖြစ်သူ၏ မျက်နှာထက်၌ ပေါ်လွင်နေသော နူးညံ့ပျော့ပျောင်းသည့် အမူအရာမှာ သာမန်သူငယ်ချင်းထက် ပိုမိုနက်ရှိုင်းသည်ကို သူမ ရိပ်မိလိုက်သည်။
ဖခင်ဖြစ်သူမှာမူ မျက်နှာကို တည်ထားသော်လည်း လက်ထဲမှ အသားကင်တုတ်ကို မလှုပ်မယှက် ကိုင်ထားရင်း အာရုံအားလုံးကို မင်
ယွဲ့၏ ဖုန်းဆီသို့သာ စူးစိုက်ထားတော့သည်။
မိုဟန်ကျီသည်လည်း မင်ယွဲ့က ဤမျှမြန်ဆန်စွာ ဖုန်းကိုင်လိမ့်မည်ဟု မထင်ထားခဲ့ပေ။
"ဒီတစ်ခါ ဖုန်းကိုင်တာ တော်တော်မြန်သားပဲ၊ ဖုန်းဆော့နေတာလား”
"မဟုတ်ပါဘူး... ဖေဖေတို့ မေမေတို့နဲ့အတူ စခန်းချနေတာလေ”
စကားပြောနေစဉ် လေတိုးသံသဲ့သဲ့ကို ဟိုဘက်မှ ကြားနေရသည်။
"ဒါဆိုရင် ဦးလေးနဲ့ အဒေါ်ကို ကိုယ့်ကိုယ်စား နှုတ်ဆက်ပေးပါဦး”
မိုဟန်ကျီက တလေးတစား ဆိုလိုက်သည်။
မင်ယွဲ့က ချက်ချင်းပြောပြမည် မဟုတ်ဟု သူတွေးထားသော်လည်း သူ၏ ဂါရဝတရားကိုမူ အမြဲထုတ်ဖော်ပြသလေ့ရှိသည်။
"ကောင်းပါပြီ”
မင်ယွဲ့က တုံ့ပြန်လိုက်ပြီးနောက် မိဘများကို ကြည့်ကာ စကားဆိုလိုက်သည်။
"ဖေဖေ၊ မေမေ... ဟန်ကျီက ဖေဖေတို့ မေမေတို့ကို နှုတ်ဆက်ပေးပါတဲ့”
ထိုစကားကို ကြားလိုက်ရသောအခါ မိုဟန်ကျီမှာ ခေတ္တမျှ မှင်တက်သွားပြီးနောက် အတိုင်းမသိ ဝမ်းသာသွားတော့သည်။
သူတို့၏ ပတ်သက်မှုကို သူ၏ မိသားစုက သိရှိထားသော်လည်း မင်ယွဲ့၏ မိသားစုဘက်မှ သဘောထားကို သူ မသိခဲ့ရပေ။
ယခုမူ မင်ယွဲ့က သူမ၏ မိဘများရှေ့တွင် သူ့အကြောင်းကို ပထမဆုံးအကြိမ် တရားဝင် ထုတ်ဖော်ပြောဆိုလိုက်ခြင်းပင် ဖြစ်သည်။
မင်ယွဲ့၏ မိခင်မှာ ချက်ချင်းပင် အခြေအနေကို သဘောပေါက်သွားပြီး "ဟန်ကျီ" ဆိုသည်မှာ မင်ယွဲ့ တွဲနေသည့်သူ ဖြစ်ကြောင်း အတည်ပြုလိုက်နိုင်သည်။
ဖခင်ဖြစ်သူမှာမူ မျက်မှောင်ကြုတ်လိုက်သည်။ သမီးဖြစ်သူမှာ အိမ်ထောင်ပြုရမည့် အရွယ်ရောက်နေပြီ ဖြစ်သော်လည်း သူကတော့
သူမကို လက်လွှတ်ရန် အဆင်သင့်မဖြစ်သေးပေ။
ထို့ကြောင့် မိုဟန်ကျီကို မမြင်ဖူးသေးခင်မှာပင် သူ၏ စိတ်ထဲ၌ အမှတ်လျော့နေနှင့်ပြီ ဖြစ်သည်။
"ကိုယ် အဲဒီကို အခုချက်ချင်း လိုက်လာသင့်
တယ်လို့ ခံစားနေရတယ်”
မိုဟန်ကျီက စိတ်လှုပ်ရှားစွာ ပြောဆိုလာသည်။
"စိတ်အေးအေးထားပါ... အချိန်ရမှ အေးဆေး စကားပြောကြတာပေါ့ ကျွန်မ မိဘတွေကလည်း ဘာမှမဖြစ်ပါဘူး”
မင်ယွဲ့က ပြုံးလျက် ဆိုလိုက်သည်။
မင်ကျောက်သည်လည်း သူ၏ နတ်သမီးကဲ့သို့ လှပသော အစ်မကို ဖမ်းစားနိုင်သည့် ထိုယောင်္ကျားမှာ မည်သို့သောသူ ဖြစ်မည်ကို အလွန်ပင် စိတ်ဝင်စားနေတော့သည်။
ဖုန်းချပြီးနောက် မင်ယွဲ့သည် လူတိုင်း၏ စူးစမ်းသော အကြည့်တို့ကို ရင်ဆိုင်လိုက်ရသည်။
"ဘာတွေ မေးချင်ကြတာလဲ... မေးလို့ရပြီနော်”
သူမသည် ကုလားထိုင်ပေါ်တွင် ပေါ့ပါးစွာ ထိုင်ချလိုက်ရင်း အားလုံးကို ကြည့်ကာ ပြုံးပြလိုက်သည်။ မင်မင်းမှာမူ အချက်အလက်အချို့ကို သိရှိထားပြီးဖြစ်ရာ ဘေးမှနေ၍ အသာအယာ စောင့်ကြည့်နေတော့သည်။
"သူက ဘယ်မြို့သားလဲ၊ ရုပ်ရည်ကရော ဘယ်လိုရှိလဲ၊ အလုပ်အကိုင်နဲ့ မိသားစု အခြေအနေကရော... ဘယ်လို စဆုံခဲ့ကြတာလဲ”
မိခင်ဖြစ်သူ၏ အဆက်မပြတ် မေးခွန်းများကြောင့် မင်ယွဲ့မှာ မချိပြုံး ပြုံးလိုက်ရသည်။
"မေမေရယ်... မေးခွန်းတွေကလည်း အများကြီးပဲ သူက ယန်ကျန်းမြို့သားပါ၊ သူ့အိမ်မှာ ကုမ္ပဏီရှိတယ် ကျွန်မ ပါမောက္ခနဲ့အတူ စီးပွားရေး ထိပ်သီးအစည်းအဝေး တက်တုန်းက ဆုံခဲ့တာလေရ
မင်ယွဲ့က အသေးစိတ် ရှင်းပြလိုက်သည်။
ဖခင်ဖြစ်သူမှာမူ ထိုလူငယ်၌လည်း ကုမ္ပဏီရှိသည်ဟု ကြားသောအခါ သမီးဖြစ်သူနှင့် အဆင့်အတန်းချင်း ညီမျှသည်ဟု ယူဆကာ အနည်းငယ် စိတ်အေးသွားရသည်။
"သူ့ရုပ်ကရော... ကြည့်ကောင်းရဲ့လား”
"အရပ်က ၁.၈၈ မီတာ ရှိတယ်၊ တကယ့်ကို လူချောပါပဲ ကျွန်မရဲ့ အကြိုက်ကို မေမေ သိသားပဲဟာ ကျွန်မက မေမေတို့ဆီက ရုပ်ရည်ဦးစားပေးတဲ့ ဗီဇကို အပြည့်အဝ ဆက်ခံထားတာလေ မေမေတောင် အဲဒီတုန်းက ဖေဖေက တစ်ရွာလုံးမှာ အချောဆုံးလူပျိုကြီးမို့လို့ ယူခဲ့တာ မဟုတ်လား”
မင်ယွဲ့၏ စနောက်မှုကြောင့် မိခင်ဖြစ်သူမှာ မျက်နှာဝင်းပသွားကာ—
"ဒါပေါ့... နင့်အဖေသာ ရုပ်မချောရင် ငါက ယူပါ့မလား”
ဟု ဆိုကာ ရယ်မောလိုက်တော့သည်။
စင်စစ် မင်ယွဲ့၏ မိခင်မှာ မိသားစုတွင် တစ်ဦးတည်းသော သမီးဖြစ်ပြီး အလိုလိုက်ခံခဲ့ရသူ ဖြစ်သည်။ ဖခင်ဖြစ်သူနှင့် လက်ထပ်စဉ်က ဖခင်၏ မိသားစုမှာ ဆင်းရဲလွန်းသဖြင့် မိဘများက သဘောမတူခဲ့ကြပေ။
သို့သော် ဖခင်ဖြစ်သူ၏ ရုပ်ရည်နှင့် ကြိုးစားအားထုတ်မှုကို မိခင်ဖြစ်သူက ယုံကြည်သဖြင့် အတင်းအကျပ် လက်ထပ်ခဲ့ခြင်း ဖြစ်သည်။
ယခုမူ သားသမီးများမှာလည်း လိမ္မာပြီး အောင်မြင်နေကြသဖြင့် သူမ၏ ဆုံးဖြတ်ချက်မှာ မှန်ကန်ခဲ့သည်ဟု ဆိုရပေမည်။
"ဒါဆိုရင် ဟန်ကျီရဲ့ ရုပ်ရည်ကတော့ သံသယဖြစ်စရာ မလိုပါဘူး ဖေဖေ့ထက်တောင် ပိုချောသေးတယ်”
မင်ယွဲ့က မြှောက်ပြောလိုက်သောအခါ မိခင်ဖြစ်သူမှာ ကျေနပ်သွားသော်လည်း၊ ဖခင်ဖြစ်သူကမူ ထိုကောင်လေးမှာ မည်မျှအထိ ချောမောသည်ကို ကိုယ်တိုင် မြင်တွေ့လိုစိတ် ပြင်းပြနေတော့သည်။
"ဓာတ်ပုံရှိလား”
မင်မင်းက မေးလိုက်သည်။
မင်ယွဲ့သည် သူမ၏ ဖုန်းထဲတွင် မိုဟန်ကျီ၏ ဓာတ်ပုံ မရှိသည်ကို သတိပြုမိသွားသည်။
သူမသည် လွယ်ကူသော နည်းလမ်းကို အသုံးပြုကာ အင်တာနက် browser မှတစ်ဆင့် သူ၏ အမည်ကို ရိုက်ရှာလိုက်ရာ ထင်ရှားလှသော သူ၏ ပုံရိပ်နှင့် ကိုယ်ရေးရာဇဝင်တို့ ပေါ်လာတော့သည်။
မင်ယွဲ့သည် ထိုပုံကို သိမ်းဆည်းကာ မိသားစု Group Chat ထဲသို့ ပို့လိုက်သည်။
"ဒါ ကျွန်မရဲ့ ချစ်သူပါ”
အချစ်နှင့် ဝေးကွာခဲ့သော မင်ယွဲ့သည် ယခုအခါ သူမ မြတ်နိုးရသူကို ရှာဖွေတွေ့ရှိခဲ့ပြီ ဖြစ်ရာ ဤခရီးလမ်းကို ရဲရဲဝံ့ဝံ့ ဆက်လျှောက်ရန် ဆုံးဖြတ်ထားသည်။
မိသားစု Group ထဲတွင် ဓာတ်ပုံရောက်သွားသည်နှင့် ဦးလေး၊ အဒေါ်များနှင့် အဘိုးအဘွားများမှာ ချက်ချင်းပင် လှုပ်လှုပ်ရှားရှား ဖြစ်ကုန်ကြသည်။ ရုပ်ရည်မှာ ချီးကျူးမဆုံး ဖြစ်နေကြသလို စိတ်နေစိတ်ထားကိုလည်း စိုးရိမ်တကြီး မေးမြန်းနေကြသည်။
မင်ယွဲ့သည် မိသားစုဝင်များ၏ စကားဝိုင်းကို screenshot ရိုက်ကာ မိုဟန်ကျီထံသို့ ပေးပို့လိုက်ပြီး "ရှင် ကြောက်နေပြီလား" ဟု စာတိုလေး ပါးလိုက်သည်။
တစ်ဖက်တွင်မူ မိုဟန်ကျီသည် အစည်းအဝေးခန်းမ၌ အလုပ်ကိစ္စများကို တည်ကြည်စွာ
ဆွေးနွေးနေသည်။
စီးပွားရေးဌာန၏ အမှားအယွင်းတစ်ခုကြောင့် သူ၏ မျက်နှာမှာ တင်းမာနေပြီး အစည်းအဝေးခန်းမ တစ်ခုလုံးမှာလည်း အပ်ကျသံပင် မကြားရလောက်အောင် တိတ်ဆိတ်နေသည်။
သူသည် မင်ယွဲ့ ပေးပို့ထားသော စာကို မြင်လိုက်ရသောအခါ ခေတ္တမျှ ကြည့်ရှုပြီးနောက် သူ၏ တည်ကြည်သော အမူအရာသို့ ပြန်လည်
ဝင်ရောက်လိုက်သည်။
သူသည် အမှားအယွင်း ပြုလုပ်ခဲ့သော ဝန်ထမ်းကို ထိုက်တန်သော အပြစ်ပေးမှုများ ပြုလုပ်ရန်နှင့် ဆုံးရှုံးမှုများကို အမြန်ဆုံး ပြန်လည်ကုစားရန် ပြတ်သားစွာ အမိန့်ပေးလိုက်သည်။
အစည်းအဝေး ပြီးဆုံးပြီးနောက် သူ၏ ရုံးခန်းသို့ ပြန်ရောက်သောအခါမှသာ မင်ယွဲ့၏ စာကို အသေးစိတ် ကြည့်ရှုတော့သည်။
မင်ယွဲ့၏ မိသားစုဝင်များက သူ့အကြောင်းကို စိတ်ဝင်တစား မေးမြန်းနေကြသည်ကို မြင်
သောအခါ သူသည် ပြုံးလျက် ပြန်စာပို့လိုက်
သည်။
"စိတ်မပူပါနဲ့... ကိုယ့်ကိုယ်စား မိသားစုကို နှုတ်ဆက်ပေးပါဦး မင်း ပြန်လာတာနဲ့ ကိုယ် လာတွေ့ပါ့မယ်”
***