လိုင်ဖော်ကျွင်းသည် ဓားသူတော်စင်ကြီး၏ အစွမ်းကို ကိုယ်တိုင်မြင်တွေ့ဖူးသူ ဖြစ်သည်။ သူ၏ဖခင် ပါကျိချွမ် ဂိုဏ်းချုပ်ကြီးပင်လျှင် ဓားသူတော်စင်ကြီးအား မရိုမသေ မပြုဝံ့ချေ။ ထို့ကြောင့် ဤကောင်မလေးက သူ၏ စကားများကို စီတုချန်ခုန်းအား ပြန်ပြောမည်ကို သူက အလွန်ပင် စိုးရိမ်နေမိသည်။
"စိတ်မပူပါနဲ့။ ကျွန်မ ဘာမှမပြောပါဘူး" ဟု စီတုတျန့်မော့က ဆိုလိုက်သည်။ "ကျွန်မလည်း အဲဒီဆရာဝန်လေးက ကျွန်မတို့ရဲ့ နည်းပြချုပ်ဖြစ်ဖို့ အရည်အချင်း မမီဘူးလို့ ထင်တာပဲ"
ထိုအခါ လိုင်ဖော်ကျွင်းမှာ စိတ်သက်သာရာရသွားပြီး ဘေးရှိ လူလတ်ပိုင်း အမျိုးသားတစ်ဦးကို ကြည့်ကာ "ညီအစ်ကိုဟယ်... ခင်ဗျားက ဒီမှာ အသက်အကြီးဆုံးနဲ့ အလေးစားရဆုံးလူပဲ"
"တစ်ခုခု ပြောပါဦးဗျာ။ ဒီလို အတွေ့အကြုံမရှိတဲ့ ကောင်လေး တစ်ယောက်က ကျုပ်တို့ကို ဦးဆောင်တာမျိုးကိုတော့ အဖြစ်မခံနိုင်ဘူး"
အသက် ၄၀ ဝန်းကျင်ခန့်ရှိသော ထိုလူမှာ လှံတစ်စင်းကဲ့သို့ မတ်မတ်ရပ်နေပြီး ကျောတွင် ရှည်လျားသော ဓားတစ်စင်း လွယ်ထားသည်။ သူ့ထံမှ ထွက်ပေါ်နေသော အရှိန်အဝါမှာလည်း ခန့်ညား လေးစားဖွယ် ကောင်းလှ၏။ သို့သော် ဝမ်းနည်းစရာမှာ သူ၏ ဘယ်ဘက်လက်အင်္ကျီစမှာ ဟာလာဟင်းလင်း ဖြစ်နေပြီး လက်တစ်ဖက် ပြတ်နေကြောင်း သိသာနေပေသည်။
သူကား ရွှမ်ဝူအသင်း၏ ခေါင်းဆောင် လက်တစ်ဖက်ပြတ် ဓားဘုရင် ဟု ကျော်ကြားသော ဟယ်ချင်းကျီပင် ဖြစ်လေသည်။
လိုင်ဖော်ကျွင်း၏ စကားကို ကြားသောအခါ သူက "လိုင်အိုကြီး... စကားကို လျှောက်မပြောပါနဲ့။ ဒါက အထက်က စီစဉ်ထားတာပဲ။ ကျုပ်တို့တွေက အမိန့်ကို နာခံဖို့ပဲ လိုတယ်" ဟု ပြန်ပြောလိုက်သည်။
သူသည် တစ်ချိန်က ရူးသွပ်စစ်သည်တော် အထူးတပ်ဖွဲ့၏ ဗိုလ်ကြီးဖြစ်ခဲ့ဖူးသူ ဖြစ်ရာ စစ်သားတစ်ဦး ပီပီ အထက်၏အမိန့်ကို အမြဲနာခံတတ်သူ ဖြစ်သည်။ သို့သော်ငြားလည်း သူ၏ စိတ်ထဲ၌မူ မကျေနပ်မှု အချို့ ရှိနေပေသည်။ သူကဲ့သို့ တိုက်ပွဲပေါင်းများစွာကို ဖြတ်သန်းခဲ့သည့် ဝါရင့်တစ်ဦးအနေဖြင့် အသက် ၂၀ အရွယ် ကောင်လေးတစ်ယောက်၏ လက်အောက်တွင် မည်သို့လျှင် လိုလိုလားလား ရှိနိုင်ပါမည်နည်း။
မူရုန်ဖိန်က "ဗိုလ်ကြီးဟယ်... အမိန့်နာခံတာက မှန်ပါတယ်။ ဒါပေမဲ့ ဒီတစ်ခါ အထက်က စီစဉ်တာကတော့ တကယ့်ကို အဓိပ္ပာယ် မရှိလွန်းဘူး" ဟု ဝင်ပြောလိုက်၏။
လိုင်ဖော်ကျွင်းကလည်း "ဟုတ်တယ်... ဘာပဲဖြစ်ဖြစ် ငါ လိုင်အိုကြီးကတော့ မကျေနပ်ဘူး။ ညီအစ်ကိုဟယ်ကပဲ နည်းပြချုပ်ဖြစ်ဖို့ သင့်တော်တာ။ တခြားဘယ်သူမှ မသင့်တော်ဘူး"
ဟယ်ချင်းကျီက "စကားကို လျှောက်မပြောကြနဲ့။ နည်းပြချုပ်ကို အထက်က ခန့်ထားတာ။ ငါတို့တွေ ပြောင်းလဲလို့ မရဘူး"
စီတုတျန့်မော့က ပြုံးလျက် "ကျွဣ်မတို့တွေ အထက်ကခန့်တာကို ပြောင်းလဲလို့ မရပေမယ့် သူ့ကိုတော့ ဒီကနေ မောင်းထုတ်လို့ ရတာပဲ"
ဟယ်ချင်းကျီ၏ မျက်နှာထား ပြောင်းလဲသွားကာ "ဒီကောင်းကင်စစ်သည်တော် စီမံကိန်းက အရမ်း အရေးကြီးတယ်။ မဆင်မခြင် မလုပ်ပါနဲ့"
စီတုတျန့်မော့က "ကျွန်မက ရူးလို့လုပ်တာ မဟုတ်ပါဘူး။ ကျွန်မတို့ရဲ့ နည်းပြချုပ် လုပ်ချင်တယ်ဆိုရင် အရည်အချင်းရှိဖို့ လိုတာပေါ့"
"သူ ဒီကိုရောက်တာနဲ့ ကျွန်မက သူ့ကို စိန်ခေါ်မယ်။ သူက ကျွန်မလို မိန်းမတစ်ယောက်ကိုတောင် မနိုင်ဘူးဆိုရင် ဒီမှာ ဆက်နေဖို့ ဘယ်မျက်နှာရှိတော့မှာလဲ"
"ဟုတ်တယ်..."
လိုင်ဖော်ကျွင်းက ထောက်ခံလိုက်သည်။ "ဒါပေမဲ့ ညီမလေး... အဲဒီစိန်ခေါ်မှုကို ငါ့အတွက်ပဲ ထားလိုက်ပါ။ အဲဒီကောင်လေး ရောက်တာနဲ့ ငါ အရင်ဆုံး စိန်ခေါ်မယ်"
"ငါက အမြဲတမ်း ခွန်အားကိုပဲ ယုံကြည်တယ်။ သူက ငါ လိုင်အိုကြီးကို နိုင်တယ်ဆိုရင် ဘာမဆို လုပ်ပေးမယ်။ ဒါပေမဲ့ ငါ့ကိုတောင် မနိုင်ဘူးဆိုရင် သူက ဘာလို့ နည်းပြချုပ် လုပ်နေမှာလဲ။ ပထမအဆင့် စစ်သူကြီး ဘွဲ့ကိုရော ဘာလို့ ရနေမှာလဲ။ အိမ်ပြန်ပြီး ကလေးပဲ သွားထိန်းခိုင်းလိုက်"
ဤတစ်ကြိမ်တွင်မူ ဟယ်ချင်းကျီ နှုတ်ဆိတ်နေတော့သည်။ သူသည် အထက်ကို နာခံသူ ဖြစ်သော်လည်း ဤလူများ ပြောနေသည်မှာလည်း အမှန်ပင် ဖြစ်၏။ အကယ်၍ ယဲ့ပုဖန်က နည်းပြချုပ် လုပ်မည်ဆိုပါက အခြားသူများ လက်ခံလာအောင် အစွမ်းအစ အစစ်အမှန်ကို ပြသနိုင်ရပေမည်။
ထိုအချိန်တွင်ပင် လေယာဉ်အင်ဂျင်သံ ဝုန်းဝုန်းဝုန်းနှင့်အတူ စစ်သုံးဟယ်လီကော်ပတာ တစ်စီးမှာ သူတို့၏ ဦးခေါင်းပေါ်သို့ အရှိန်အဟုန်ဖြင့် ပျံသန်းလာလေတော့သည်။
စီတုတျန့်မော့က "ကြည့်ကြဦး... ကျွန်မတို့ရဲ့ နည်းပြချုပ်အသစ် ရောက်လာပြီ" ဟု အော်လိုက်၏။
လိုင်ဖော်ကျွင်းက လက်ဝါးချင်း ပွတ်လိုက်ရင်း "ငါ လိုင်အိုကြီးရဲ့ လက်သီးကို သူ ဘယ်နှချက် ခံနိုင်မလဲဆိုတာ ကြည့်ချင်သေးတယ်"
မူရုန်ဖိန်ကမူ ဘေးမှ အေးစက်စွာ စောင့်ကြည့်နေသည်။ သူကလည်း ယနေ့ စိန်ခေါ်ရန် ပြင်ဆင်ထားသော်လည်း အကယ်၍ ယဲ့ပုဖန်က လိုင်ဖော်ကျွင်းကိုပင် မယှဉ်နိုင်ပါက သူ ကိုယ်တိုင် လက်ဖျားနှင့်ပင် တို့စရာ မလိုတော့ချေ။
စီတုတျန့်မော့က စိတ်လှုပ်ရှားစွာဖြင့် “အစ်ကိုလိုင်... ခဏနေရင် လက်လျှော့ပေးဦးနော်။ သူ့ကို သိပ်မနာစေနဲ့ဦး။ ကျွန်မလည်း ပျော်ချင်သေးတယ်" ဟု ဆိုလိုက်၏။
သူတို့ သုံးဦးတင်မကဘဲ ပတ်ဝန်းကျင်ရှိ ကောင်းကင်စစ်သည်တော် လူသစ်များအားလုံးမှာလည်း အထင်သေးသော အကြည့်များဖြင့် ကြည့်နေကြသည်။ သူတို့၏ အမြင်တွင် အသစ်ရောက်လာသော နည်းပြချုပ်မှာ ခက်ထန်ကြမ်းတမ်းသော ဤဒုနည်းပြများ၏ စိန်ခေါ်မှုကို မည်သို့မျှ တောင့်ခံနိုင်လိမ့်မည် မဟုတ်ပေ။
လူအုပ်အလယ်တွင် ရပ်နေသော ရှန်းချောင်ချူး တစ်ယောက်သာလျှင် အေးစက်စွာ ပြုံးနေမိသည်။ သူက "ဒီအသိဉာဏ်မရှိတဲ့ ငတုံးတွေ... ခဏနေရင် ဘယ်လိုတွေ အရှက်ကွဲကြမလဲဆိုတာ ကြည့်ရသေးတာပေါ့" ဟု တွေးနေ၏။
ဆရာကြီးကဲ့၏ အိမ်မှ ထွက်လာကတည်းက သူသည် ယဲ့ပုဖန်ကို နတ်ဘုရားတစ်ပါးကဲ့သို့ အကြွင်းမဲ့ ယုံကြည်ကိုးကွယ်နေသူ ဖြစ်သည်။ ဂရန်းမားစတာ ရှန်တုန်းလိုင်ပင်လျှင် ယဲ့ပုဖန်၏ လက်ချက်ဖြင့် အသက်ပျောက်ခဲ့ရသည်။
ဤလူများက သူ့ကို စိန်ခေါ်ချင်နေကြသေးသည်လား။ ဤသည်က ကိုယ့်ဒုက္ခ ကိုယ်ရှာနေကြခြင်းပင် ဖြစ်၏။
လေယာဉ်ပေါ်တွင် စီမာဝေက "ရှောင်ဖန်... ဒါက ငါတို့ရဲ့ ဆိုင်းငံ့တောင်တန်း စခန်းပဲ"
"ဟိုအောက်မှာ သူတို့အားလုံး နင့်ကို စောင့်နေကြပုံပဲ။ သတိထားဦးနော်... တစ်ယောက်ယောက်က နင့်ကို စိန်ခေါ်ကောင်း စိန်ခေါ်လိမ့်မယ်"
ယဲ့ပုဖန်က "ရပါတယ်... သူတို့က အရိုက်ခံရမှာ မကြောက်ဘူးဆိုရင်ပေါ့" ဟု ခပ်အေးအေးပင် ဆိုလိုက်၏။
ထိုစဉ် ရှေ့မှ လေယာဉ်မောင်းက "ဆရာတို့... စခန်းကို ရောက်ပါပြီ။ ချက်ချင်း ဆင်းသက်ရမလားခင်ဗျ" ဟု လှမ်းအော်သည်။
စီမာဝေက စကားပြောရန် ပြင်လိုက်သော်လည်း ယဲ့ပုဖန်က တားလိုက်ကာ "မဆင်းသက်နဲ့ဦး... ဒီမှာပဲ ခဏ ရပ်ထားလိုက်"
သူက လက်ကို ဆန့်ထုတ်၍ လေယာဉ်တံခါးကို ဖွင့်လိုက်၏။ လက်ရှိ အမြင့်မှာ မြေပြင်မှ မီတာ ၁၀၀ ကျော် မြင့်မားနေပြီး လေပြင်းများ ဝှစ်ခနဲ တိုက်ခတ်နေပေသည်။ သတ္တိနည်းသောသူဆိုလျှင် အောက်သို့ ငုံ့ကြည့်ရန်ပင် ရဲလိမ့်မည် မဟုတ်ပေ။
စီမာဝေက အံ့အားသင့်စွာဖြင့် "ရှောင်ဖန်... နင် ဘာလုပ်မလို့လဲ"
ရှေ့မှ လေယာဉ်မောင်းများမှာလည်း အမိန့်အတိုင်း လုပ်ဆောင်နေသော်လည်း နည်းပြချုပ်အသစ် ဘာလုပ်မည်ကို မသိကြပေ။ အောက်ရှိ လူများကို သူ ရောက်လာပြီဖြစ်ကြောင်း ကြွားလုံး ထုတ်လို၍လား။
အောက်ရှိ လူများမှာလည်း လေယာဉ်က ကောင်းကင်ယံ၌ ရပ်တန့်နေသည်ကို မြင်သောအခါ နားမလည်နိုင် ဖြစ်နေကြသည်။
"ဒါက ဘာသဘောလဲ... လေယာဉ်က ဘာလို့ ရပ်နေတာလဲ"
လိုင်ဖော်ကျွင်းက "တံခါး ပွင့်သွားပြီဟ။ ဒီနည်းပြချုပ်အသစ်က..."
သူက စကားကို ခေတ္တရပ်ကာ "လေထီးနဲ့ ခုန်ဆင်းမလို့လား" ဟု အော်ပြောလိုက်သည်။
ဝါရင့်ကျွမ်းကျင်သူ ဟယ်ချင်းကျီက "အဲဒါ မဖြစ်နိုင်ဘူး။ လေယာဉ်က အခု မြေပြင်ကနေ မီတာ ၁၀၀ လောက် အမြင့်မှာ ရှိတာ။ ဒီအကွာအဝေးမှာ လေထီးက ပွင့်ချိန်မရှိဘဲ မြေပြင်ပေါ် ဆောင့်ကျပြီး အသားစိုင်တွေ ဖြစ်သွားမှာပဲ" ဟု ဆိုလိုက်၏။
စီတုတျန့်မော့က "ဒါဆို ကြိုးနဲ့ လျှောဆင်းမလို့လား" ဟု မေးလိုက်ပြန်သည်။
ရုပ်မြင်သံကြားများတွင် မြင်တွေ့ရလေ့ရှိသကဲ့သို့ ဟယ်လီကော်ပတာပေါ်မှ ကြိုးချ၍ လျင်မြန်စွာ ဆင်းသက်သည့် နည်းလမ်းပင် ဖြစ်သည်။
ဟယ်ချင်းကျီက ထပ်မံ၍ "ဒါလည်း မဖြစ်နိုင်ပြန်ဘူး။ ဟယ်လီကော်ပတာပေါ်က ကြိုးတွေက ပုံမှန်အားဖြင့် မီတာ ၂၀ ဒါမှမဟုတ် ၃၀ လောက်ပဲ ရှည်တာ။ ဒီအမြင့်မှာဆိုရင် ကြိုးက မြေပြင်ကို မမီနိုင်ဘူး"
မူရုန်ဖိန်က နှာခေါင်းရှုံ့လျက် "လေထီးနဲ့လည်း မဟုတ်၊ ကြိုးနဲ့လည်း မဟုတ်ဘူးဆိုရင်... ကျွန်မတို့ ခေါင်းပေါ်မှာ ဒီအတိုင်း ရပ်နေတာက အစွမ်းပြချင်ယောင် ဆောင်နေတာပဲ ဖြစ်ရမယ်"
လိုင်ဖော်ကျွင်းက "မဖြစ်နိုင်တာ... နည်းပြချုပ်အသစ်က ဒီလောက်ပဲ တတ်တယ်ဆိုရင်တော့ ငါ တကယ့်ကို စိတ်ပျက်မိမှာပဲ"
"အဲဒါဆိုရင်တော့ တော်တော် ပျင်းဖို့ကောင်းသွားပြီ"
စီတုတျန့်မော့ကလည်း ထိုအပြုအမူကို လှောင်ပြောင်နေမိသည်။ ထိုသို့သော နည်းလမ်းမျိုးမှာ အပြင်လောကတွင် ကြွားလုံးထုတ်ရန် သင့်တော်သော်လည်း ဤနေရာမှာ ရွှမ်ယွမ်စံအိမ်၏ အထူးတပ်ဖွဲ့ ဖြစ်သည်။
ဤသို့လုပ်ခြင်းက လူရယ်စရာ ဖြစ်လာစေရုံသာ ရှိပေလိမ့်မည်။
သူမသည် စိတ်ထဲမှ ဆုံးဖြတ်ချက် တစ်ခု ချလိုက်၏။ အိမ်ပြန်ရောက်လျှင် သူမ၏ အဘိုးဖြစ်သူ၏ မုတ်ဆိတ်မွှေးကို ဆွဲကာ ဤမျှ ပျင်းစရာကောင်းသော ငတုံးတစ်ယောက်ကို ဘာကြောင့်များ အမြဲ ချီးကျူးနေရသနည်းဟု မေးခွန်းထုတ်ရပေမည်။
ဟယ်ချင်းကျီမှာမူ အခြားသူများ၏ အမြင်ကို သိပ်မထောက်ခံသော်လည်း လက်ရှိအခြေအနေကို အခြားနည်းဖြင့် ရှင်းပြနိုင်ခြင်း မရှိပေ။
လေယာဉ်ပေါ်တွင် စီမာဝေက "ရှောင်ဖန်... နင်က အောက်ကလူတွေကို အစွမ်းပြနေတာလား။ ဒီနည်းလမ်းက အလုပ်မဖြစ်ဘူးနော်"
"ငါ ပြောပြမယ်... အဲဒီလူတွေက ဆက်ဆံရခက်တဲ့သူတွေချည်းပဲ။ ငါတို့တွေ ဒီမှာ အကြာကြီး စောင့်နေမယ်ဆိုရင် သူတို့တွေ လူစုခွဲသွားကြလိမ့်မယ်။ အဲဒါဆိုရင် နင့်အတွက် အကျပ်ရိုက်စရာ ဖြစ်လိမ့်မယ်"
"ငါက အဲဒီလို ပျင်းစရာကောင်းတာမျိုး ဘယ်လုပ်မလဲ။ သူတို့ကို အံ့အားသင့်အောင် လုပ်ပေးမလို့"
ယဲ့ပုဖန် စကားပြောပြီးနောက် ဘေးရှိ ယဲ့ထျန်းကို ကြည့်ကာ "ကဲ... ဆင်းတော့" ဟု အမိန့်ပေးလိုက်သည်။
ထိုစကားကြောင့် စီမာဝေနှင့် လေယာဉ်မောင်းတို့မှာ ထိတ်လန့်သွားကြ၏။ ဤမျှ မြင့်မားသော အမြင့်မှ မည်သို့ ဆင်းမည်နည်း။ ခုန်ချမည်လား။ ဤအမြင့်မှ ခုန်ချခြင်းမှာ လေထီးပါလျှင်ပင် သေကြောင်း ကြံစည်ခြင်းသာ ဖြစ်ပေလိမ့်မည်။
သို့သော် သူတို့ တုံ့ပြန်ရန်ပင် အချိန်မရလိုက်ဘဲ ယဲ့ထျန်းက လေယာဉ်ပေါ်မှ ဝှစ်ခနဲ ခုန်ချသွားလေတော့သည်။
လေ့ကျင့်ရေးကွင်းပြင်တွင် လိုင်ဖော်ကျွင်းက လေယာဉ်ကို မော့ကြည့်ရင်း "နည်းပြချုပ် အသစ်ကတော့ စိတ်ပျက်စရာပဲ။ ငါတို့တွေ လေ့ကျင့်ရေးပဲ ပြန်လုပ်ကြရအောင်။ ဒီလိုလူမျိုးအတွက် အချိန်ဖြုန်းနေဖို့ မလို..."
သူ၏စကားမှာ တစ်ဝက်မှာတင် ရပ်တန့်သွားသည်။ သူ၏ မျက်လုံးအစုံမှာ ထွက်ကျမတတ် ပြူးကျယ်သွား၏။ အကြောင်းမှာ တစ်စုံတစ်ဦးသည် လေယာဉ်ပေါ်မှ တိုက်ရိုက် ခုန်ချလိုက်သည်ကို သူ ရှင်းလင်းစွာ မြင်တွေ့လိုက်ရသောကြောင့် ဖြစ်ပေသည်။
***