ကားစက်နှိုးကာ လမ်းပေါ်သို့ ထွက်လာခဲ့သည်။ လမ်းခရီးတွင် လုချန်က ကား၏ စခရင်ကို တစ်ချက်နှိပ်လိုက်ရာ နူးညံ့ငြိမ်သက်သော တေးဂီတသံစဉ်များက ကားအတွင်းခန်းထဲ၌ ပျံ့လွင့်လာသည်။ ညင်သာသော တေးသွားနှင့်အတူ လော့နျန်ဝေ၏ အနည်းငယ် တုန်ယင်နေသော စိတ်အာရုံတို့ကလည်း တဖြည်းဖြည်း တည်ငြိမ်သွားခဲ့သည်။ လုချန်ကပင် တိတ်ဆိတ်မှုကို စတင်ဖြိုခွင်းလိုက်သည်။
"ဝင်ခွင့်စာမေးပွဲက ဇူလိုင် ၂ ရက်နေ့ဆိုတော့... အခုဆို ၁၆ ရက်ပဲ လိုတော့တယ်"
"နင် ဘယ်လိုတွေ ပြင်ဆင်ထားလဲ... သုတေသနဘက်ကိုပဲ အာရုံစိုက်မှာလား ဒါမှမဟုတ် တကယ့် လက်တွေ့တိုက်ခိုက်ရေးဘက်ကို ပြောင်းဖို့ စဉ်းစားနေတာလား"
လော့နျန်ဝေက ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် တိုးညှင်းစွာ ပြောလိုက်သည်။ "ငါက စွမ်းအားတွေအကြောင်း လေ့လာရတာကို ပိုသဘောကျတာ... ဒါပေမဲ့ အခုတော့ အဲဒီစွမ်းအားတွေကို လက်တွေ့အသုံးချနိုင်ဖို့ကိုလည်း ထည့်စဉ်းစားတော့မယ်"
"မနေ့က ဖြစ်ခဲ့တဲ့ကိစ္စက ငါ့အတွက်တော့ တကယ်ကို ရိုက်ခတ်မှု ပြင်းထန်ခဲ့တယ်... အဲဒီလို ကူကယ်ရာမဲ့တဲ့ ခံစားချက်မျိုးကို ငါ နောက်ထပ် အဖြစ်မခံနိုင်တော့ဘူး"
"နင် ပြောတာ မှန်ပါတယ်" လုချန်က ခေါင်းညိတ်လိုက်သည်။ "နောက်ဆုံးတော့ ဒီကမ္ဘာက ခွန်အားကိုပဲ အလေးထားတာလေ... သုတေသနက တန်ဖိုးရှိတာ မှန်ပေမဲ့ အဆင့်B ကျွမ်းကျင်သူတစ်ယောက် ရှေ့မှာတော့ ဘယ်လောက်တော်တဲ့ ပညာရှင်ဖြစ်ဖြစ် ဘာမှမဟုတ်တော့ဘူး ဒါပေမဲ့..."
သူက ညင်သာစွာ ပြုံးလိုက်ပြီး "နင့်မှာ ငါ ရှိနေပြီပဲ... နင် တိုက်ခိုက်ရေးဘက်ကို မပြောင်းလဲရင်တောင် နောက်ခါမှာ ကူကယ်ရာမဲ့တဲ့ ခံစားချက်မျိုး ခံစားရမှာ မဟုတ်တော့ပါဘူး"
လော့နျန်ဝေအ ထိုစကားကို ကြားသောအခါ ရင်ထဲ၌ နွေးထွေးသွားရသည်။ သူမ၏ ရင်ဘတ်ထဲတွင် ပန်းပေါင်းတစ်ရာ ဖူးပွင့်သွားသကဲ့သို့ ခံစားလိုက်ရသော်လည်း သူမအ ဘာမှ ပြန်မပြောခဲ့ပေ။ ထိုအစား သူမအ ထိုင်ခုံကို နောက်သို့ မှီချလိုက်ပြီး ကားပြတင်းပေါက်မှတစ်ဆင့် အပြင်ဘက်ကိုသာ ငေးကြည့်နေခဲ့သည်။
မိနစ် ၂၀ ခန့်အကြာတွင် သူတို့အ အထပ် ၂၀ မြင့်သော အဆောက်အဦးတစ်ခု ရှေ့သို့ ရောက်လာခဲ့သည်။ စားသောက်ဆိုင်က အပေါ်ဆုံးထပ်တွင် ရှိသည်။ လုချန်အ ကားပါကင်ထိုးပြီးနောက် ထိုင်ခုံခါးပတ်ကို ဖြုတ်ကာ ကားပေါ်မှ ဆင်းပြီး တစ်ဖက်သို့ ပတ်သွားလိုက်သည်။
သူက လော့နျန်ဝေအတွက် ကားတံခါးကို ဖွင့်ပေးလိုက်သည်။ သူမ ကားပေါ်မှ ဆင်းလာပြီး အဆောက်အဦးကို မော့ကြည့်လိုက်သည်။ သူတို့နှစ်ယောက် ခန်းမထဲသို့ ဝင်ကာ ဓာတ်လှေကားဖြင့် အပေါ်ဆုံးထပ်သို့ တိုက်ရိုက် တက်လာခဲ့ကြသည်။
အပေါ်ဆုံးထပ်အ ဟိတ်ဟန်ကြီးလွန်းသော အပြင်အဆင်မျိုး မဟုတ်ပေ။ သို့သော်လည်း ထိုသို့ဖြစ်နေရန် မလိုအပ်ပါ။ ပယင်းရောင် မီးဆိုင်းများမှ ထွက်ပေါ်လာသော နူးညံ့သည့် အလင်းရောင်အ မျက်နှာကျက်မှ ဖြာကျနေသည်။ လေထုထဲတွင် ထောပတ်၊ ဒိန်ခဲနှင့် ကင်ထားသော ဟင်းခတ်အမွှေးအကြိုင်နံ့တို့က သင်းပျံ့နေသည်။ ညင်သာသော ဂျက်ဇ်ဂီတသံကလည်း ဤနေရာလေးကို ပို၍ နွေးထွေးသွားစေသည်။ စိတ်ဝိညာဉ်အတွက် ခိုနားရာ နယ်မြေလေးတစ်ခုကဲ့သို့ ရိုမန့်တစ်ဆန်ကာ အေးချမ်းလှသည်။
လုချန်က တံခါးကို တွန်းဖွင့်ပေးပြီး လော့နျန်ဝေကို အရင်ဝင်စေလိုက်သည်။ သူမက စားသောက်ဆိုင်၏ အပြင်အဆင်ကို သဘောကျစွာ ကြည့်နေမိသည်။ ပရိဘောဂများ၊ မြို့ပြရှုခင်း ဓာတ်ပုံများနှင့် အပင်လေးများ တင်ထားသော စင်များကြောင့် သူမ၏ နှုတ်ခမ်းထောင့်တွင် အလိုလို အပြုံးတစ်ခု ပေါ်လာသည်။
အရောင်းဝန်ထမ်းအမျိုးသမီးက သူတို့ကို နွေးထွေးစွာ လာရောက်ကြိုဆိုသည်။ "ဂန်တိုင် စားသောက်ဆိုင်က ကြိုဆိုပါတယ် ဘိုကင်လုပ်ထားတာ ရှိပါသလား"
"ဟုတ်ကဲ့... လုချန်ဆိုတဲ့ နာမည်နဲ့ပါ"
ဝန်ထမ်းမလေးက မှတ်တမ်းကို စစ်ဆေးပြီးနောက် ပြုံးလိုက်သည်။ "ကြိုဆိုပါတယ် မစ္စတာလု... ကျွန်မတို့ စောင့်နေတာပါ"
ယူနီဖောင်းဝတ် စားပွဲထိုးလေးတစ်ယောက်က သူတို့ဆီသို့ လာကာ ယဉ်ကျေးစွာ လမ်းပြသည်။ "လူကြီးမင်းတို့... ဒီဘက်က ကြွပါခင်ဗျာ"
သူတို့က ပြတင်းပေါက်နားရှိ ထောင့်ကျကျ စားပွဲလေးတစ်လုံးသို့ ရောက်သွားကြသည်။ ပြတင်းပေါက်က ကျယ်ပြန့်ပြီး အဖြူရောင် လိုက်ကာလေးများက လေအဝေ့တွင် လှုပ်ခတ်နေသည်။ ရွှေရောင်နေရောင်ခြည်က ပြတင်းပေါက်မှတစ်ဆင့် ဖြာကျနေသည်။ လော့နျန်ဝေက ဂါဝန်ကို သပ်ရပ်အောင် ပြင်ကာ ထိုင်လိုက်သည်။ သူမ လုချန်ကို ခိုးကြည့်လိုက်ရာ သူက အလွန်တည်ငြိမ်နေသည်ကို တွေ့ရသည်။ သူတို့နှစ်ယောက် အကြည့်ချင်း ဆုံသွားသည့်အခါ လော့နျန်ဝေက သူခိုးလူမိသကဲ့သို့ မျက်နှာကို ချက်ချင်း လွှဲလိုက်မိသည်။
စားပွဲထိုးက မီနူးကတ်ကို ကမ်းပေးလိုက်သည်။ "လူကြီးမင်းတို့ ဘာသောက်ချင်ပါသလဲ"
"Bayberry ဖျော်ရည် တစ်ခွက်ပေးပါ" ဟု လော့နျန်ဝေက ပြောလိုက်ရာ လုချန်ကလည်း "ကျွန်တော့်ကိုလည်း အတူတူပဲ ပေးပါ" ဟု ပြောလိုက်သည်။
မီနူးမှာ ရိုးရှင်းပါသည်။ လုချန်က ကတ်ကို တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။ "ငါကတော့ ငါးကုဒ်အသားလွှာနဲ့ ပန်ကိတ် အော်ဒါမှာမယ်။ နင်ကော ဘာစားမလဲ"
"ငါ့ကိုတော့ ငါးချဉ်စပ်ဟင်းရည် ပေးပါ"
လုချန်က ပြုံးကာ အော်ဒါမှာပေးလိုက်သည်။ စားသောက်ဆိုင်က အလွန်တိတ်ဆိတ်နေသည်။ တိုးတိုးလေး စကားပြောသံနှင့် ကြွေပန်းကန်ပေါ်မှ ဇွန်းခက်ရင်းသံတို့မှလွဲ၍ ဘာသံမှ မရှိပေ။ သူတို့နှစ်ယောက် ပြတင်းပေါက်အပြင်ဘက်မှ မြို့ပြမြင်ကွင်းကို ကြည့်ရင်း တိတ်ဆိတ်စွာ ထိုင်နေကြသည်။ လမ်းပေါ်တွင် ပန်းရောင်းနေသော ကောင်လေးတစ်ယောက်၊ ဆိုင်ကယ်စီးရင်း သီချင်းဆိုကာ ရယ်မောသွားသော စုံတွဲလေးတစ်တွဲ ဤအခိုက်အတန့်တွင် အရာအားလုံးက နှေးကွေးသွားသကဲ့သို့ပင်။
လုချန်က ရုတ်တရက် စကားစလိုက်သည်။ "နျန်ဝေ... နင်က ကျောင်းစာလည်း လုပ်ရ သိုင်းသင်တန်းမှာလည်း နည်းပြလုပ်ရနဲ့ဆိုတော့ တကယ် ပင်ပန်းမှာပဲနော်"
လော့နျန်ဝေက သက်ပြင်းတစ်ချက် ချလိုက်သည်။ "အခြားနည်းလမ်းမှ မရှိတာ... ငါသာ စတားဒူး စစ်ပညာအကယ်ဒမီကို အောင်သွားရင် A1 အခြေစိုက်မြို့တော်ကို သွားရတော့မှာ... ငါ့အမေနဲ့ နျန်ယင်းတို့က ပိုက်ဆံလိုသေးတယ်လေ... ဒီအလုပ်က လခကောင်းတယ် ဒါကြောင့် ငါမသွားခင် သူတို့အတွက် အရန်ငွေလေး စုပေးထားချင်လို့ပါ... နင်သိတဲ့အတိုင်း ကျောင်းတက်ရပြီဆိုရင် ပိုက်ဆံပြန်ရှာနိုင်ဖို့ အချိန်တစ်ခု ထပ်စောင့်ရဦးမှာလေ"
လုချန်က ခေါင်းညိတ်လိုက်သည်။ "ငါ နားလည်ပါတယ် ဒါပေမဲ့ ပိုက်ဆံကိစ္စ တစ်ခုတည်းကြောင့်ဆိုရင် ငါ နင့်ကို ကူညီလို့ ရပါတယ် နင် အခြေကျသွားမှ ပြန်ပေးလည်း ရတာပဲ"
လော့နျန်ဝေက ရင်ထဲ၌ နွေးထွေးသွားသော်လည်း ခေါင်းယမ်းလိုက်သည်။ "ကျေးဇူးတင်ပါတယ် ဒါပေမဲ့ မလိုပါဘူး... နည်းပြအလုပ်က ပင်ပန်းပေမဲ့ ငါ့ရဲ့ အခြေခံကျွမ်းကျင်မှုတွေကို လေ့ကျင့်ပြီးသား ဖြစ်စေတာမို့ အချိန်ဖြုန်းတာ မဟုတ်ပါဘူး"
လုချန်က သူမ၏ ဆုံးဖြတ်ချက်ကို လေးစားသဖြင့် ထပ်မံ အတင်းအကျပ် မပြောတော့ပေ။ ထို့နောက် သူက ဆက်ပြောလိုက်သည်။ "ငါ နောက်ငါးရက်နေရင် A1 အခြေစိုက်မြို့တော်ကို သွားတော့မယ် အဲဒီမှာ နင့်ကို စောင့်နေမယ်နော်"
လော့နျန်ဝေက မျက်တောင်တဖျတ်ဖျတ် ခတ်ရင်း အံ့အားသင့်သွားသည်။ သူမ သိထားသရွေ့ A မြို့တော်များသို့ ဝင်ရောက်ရန် စည်းကမ်းချက်များက အလွန်တင်းကျပ်လှသည်။ အထူးသဖြင့် လူသားမျိုးနွယ်၏ ဗဟိုချက်ဖြစ်သော A1 မြို့တော်သို့ သွားရန်မှာ စစ်သည်တော်တိုင်းအတွက် ခိုင်လုံသော အကြောင်းပြချက် ရှိရန် လိုအပ်သည်။ သို့သော်လည်း လုချန်၏ အစွမ်းအစနှင့် ပါရမီအရဆိုလျှင် သူ့အတွက် မဖြစ်နိုင်သောအရာ မရှိဟု သူမ တွေးမိသည်။
သို့သော်လည်း သူမက သိချင်စိတ်ဖြင့် မေးလိုက်မိသည်။ "ဘာလို့ ဒီလောက် ရုတ်တရက်ကြီးလဲ"
လုချန်က ဘာမှဖုံးကွယ်မထားဘဲ သူ့မိသားစု နောက်ခံအကြောင်းကို ရှင်းပြလိုက်သည်။ လော့နျန်ဝေက ထိုစကားကို ကြားပြီးနောက် အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးမှ တိုးတိုးလေး ရေရွတ်လိုက်သည်။
"မင်းရဲ့ ပါရမီက ဘာလို့ ဒီလောက် ကြောက်ဖို့ကောင်းနေရတာလဲဆိုတာ မဆန်းတော့ဘူး... အဆင့်B သုံးယောက်တောင်လား... လုမိသားစုရဲ့ မျိုးရိုးဗီဇက တကယ်ကို အားကောင်းလွန်းတာပဲ..."
ထိုစဉ်မှာပင် သူတို့မှာထားသော Bayberry ဖျော်ရည်များနှင့် အစားအစာများ ရောက်လာသည်။ အရသာရှိသော ညစာကို စားသောက်ပြီးနောက် လုချန်က စားပွဲထိုးကို မုန့်ဖိုးပေးလိုက်သည်။
“ယွမ် ၈၀၀၀ တိတိ...”
လစာ တစ်လမှ ယွမ် ၄၀၀၀ ခန့်သာရသော စားပွဲထိုးလေးမှာ အလွန်အမင်း ဝမ်းသာသွားပြီး ထပ်ခါတလဲလဲ ဦးညွှတ်ကာ ကျေးဇူးတင်နေတော့သည်။ လော့နျန်ဝေကတော့ မျက်စိတစ်ချက် လှန်လိုက်ရင်း "ကြွားလိုက်တာ" ဟု ပြောလိုက်ရာ လုချန်က ကျေနပ်စွာ ပြုံးလိုက်သည်။
စားသောက်ဆိုင်မှ ထွက်လာသည့်အခါ စားပွဲထိုးက တံခါးဝအထိ လိုက်လံပို့ဆောင်ခဲ့သည်။ လုချန်သည် လော့နျန်ဝေကို အိမ်အထိ လိုက်ပို့ပေးခဲ့သော်လည်း ယခုတစ်ခေါက်တွင် အိမ်ထဲသို့ မဝင်တော့ပေ။ သူ့တွင် အခြား အစီအစဉ်များ ရှိနေသေးသည်။ အိမ်ပြန်ရောက်သောအခါ လုချန်က သူ့အခန်းထဲသို့ ဝင်ကာ တင်ပျဉ်ခွေ ထိုင်လိုက်သည်။ သူ့မိဘများမှာ အလုပ်ကိစ္စများ လက်စသတ်ရန် ကျန်နေသေးသဖြင့် မနက်ဖြန်မှ ပြန်လာကြမည် ဖြစ်သည်။
သူက ချက်ချင်းပင် မူလအစ ထာဝရဇာစ်မြစ် ကျင့်စဉ်ကို စတင် လည်ပတ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်က ချက်ချင်းပင် အနက်ရောင် အပေါက်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ပတ်ဝန်းကျင်ရှိ စကြာဝဠာစွမ်းအင်များမှာ ဝဲကယောက်တစ်ခုကဲ့သို့ သူ့ထံ စီးဝင်လာသည်။
မိနစ် ၄၀ ကြာပြီးနောက်
“ဘုန်း...”
“အဆင့်E အဋ္ဌမအလွှာ”
၄၅ မိနစ် ကြာပြီးနောက်
“အဆင့်E နဝမအလွှာ”
မိနစ် ၅၀ ကြာပြီးနောက်
“ဘုန်း..” “အဆင့်E ဒသမအလွှာ”
***