“အခြေခံ လျှပ်စီးဓာတ်သဘာဝ သိုင်းကွက် ကို တွေ့ရှိသည်။ အမြင့်ဆုံးအဆင့် နားလည်သဘောပေါက်နိုင်စွမ်းကို အသုံးပြုမလား။”
"အသုံးပြုမယ်"
“အမြင့်ဆုံးအဆင့် နားလည်သဘောပေါက်နိုင်စွမ်းကို စတင်လိုက်ပါပြီ။ လျှပ်စစ်နယ်ပယ် အတတ်အား နတ်မိုးကြိုး နယ်ပယ်သို့ မြှင့်တင်လိုက်ပါပြီ။ လက်ခံမလား။”
“နတ်မိုးကြိုး နယ်ပယ်...”
ဤကျင့်စဉ်ကို လေ့ကျင့်ခြင်းဖြင့် မိမိပတ်ဝန်းကျင်တွင် လျှပ်စီးနယ်ပယ်တစ်ခုကို အလိုအလျောက် ဖန်တီးနိုင်သည်။ လွှမ်းခြုံနိုင်သော ဧရိယာမှာ မိမိ၏ ကျင့်ကြံမှုအဆင့်နှင့် စိတ်စွမ်းအားအပေါ် မူတည်သည်။ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိပါက မိုးကြိုးလျှပ်စီးများသာ ရှိသော ကမ္ဘာတစ်ခုကိုပင် ဖန်တီးနိုင်ပေလိမ့်မည်။
“နယ်ပယ်”
ဒါက ဓာတ်သဘာဝတွေရဲ့ စစ်မှန်တဲ့ အဆင့်အတန်းပင်။ လော့နျန်ဝေမှာလည်း လေပိုင်နက် နယ်ပယ် ရှိသော်လည်း ၎င်းမှာ သူမ၏ နိုးထလာသော ဝိညာဉ်စွမ်းရည်သာ ဖြစ်သည်။ ၎င်းမှာ ကံကောင်းလွန်းမှသာ ရရှိနိုင်သော အရာမျိုး ဖြစ်သည်။
သူက အခြေခံ လျှပ်စီးဓာတ်သဘာဝ သိုင်းကွက်လေးတစ်ခုကို ဝယ်လိုက်ရုံသာ ရှိသေးသည်။ ထိုအရာမှတစ်ဆင့် ဓာတ်သဘာဝ နယ်ပယ်တစ်ခုကို ရရှိသွားခြင်း ဖြစ်သည်။ ဤကမ္ဘာကြီးက တကယ်ကို မတရားလွန်းလှပေ။ သို့သော် ထိုမတရားမှုက မိမိဘက်မှာ ဖြစ်နေလျှင်တော့ ကိစ္စမရှိပေ။ သူက ပြုံးလိုက်မိသည်။
“မြေဓာတ်သဘာဝ သိုင်းကွက် မြေဆူး အတတ်”
“အမြင့်ဆုံးအဆင့် နားလည်သဘောပေါက်နိုင်စွမ်းကို စတင်လိုက်ပါပြီ။ မြေဓာတ်သဘာဝ သိုင်းကွက် မြေဆူး အတတ်အား မြေကမ္ဘာ အတတ်သို့ မြှင့်တင်လိုက်ပါပြီ။ လက်ခံမလား။”
“မြေကမ္ဘာ အတတ်...”
မြေကြီးပေါ်ရှိ အရာအားလုံးကို လက်နက်အဖြစ် အသုံးပြုနိုင်ပြီး ပုံစံအမျိုးမျိုး ပြောင်းလဲနိုင်ကာ အဆုံးမဲ့ အစွမ်းသတ္တိ ရှိသည်။ "ဟင်း... ဒါက မြေဓာတ်သဘာဝသုံး ဓားတစ်သောင်း မူလသို့ပြန်ခြင်း ကျင့်စဉ်မျိုးလား... နောက်ထပ် အကန့်အသတ်မဲ့ စွမ်းအားရှိတဲ့ ကျင့်စဉ်တစ်ခုပေါ့" လုချန်က ပြုံးပျော်လျက် တွေးနေမိသည်။
နောက်ဆုံးမှာတော့ ယနေ့အတွက် အထူးခြားဆုံးဖြစ်သည့် အထွေထွေ ဓာတ်သဘာဝ သိုင်းကွက်များပင် ဖြစ်သည်။
“ အမြင့်ဆုံးအဆင့် နားလည်သဘောပေါက်နိုင်စွမ်းကို စတင်လိုက်ပါပြီ။ သဘာဝစွမ်းအင် အာရုံခံချင်း အတတ်အား မွေးရာပါ ဝိညာဉ်အာရုံသို့ မြှင့်တင်လိုက်ပါပြီ။ လက်ခံမလား။”
“မွေးရာပါ ဝိညာဉ်အာရုံ...”
၎င်းသည် မိမိ၏ စိတ်ဝိညာဉ်နယ်ပယ်အတွင်းရှိ စွမ်းအင်၊ ရုပ်ဝတ္ထုနှင့် စိတ်ဝိညာဉ် အစရှိသော မည်သည့် တည်ရှိမှုကိုမဆို အာရုံခံနိုင်သည်။ ဖော်ပြချက်က ရိုးရှင်းသော်လည်း အဓိပ္ပာယ်မှာမူ သာမန်မဟုတ်ပေ။ ယခင် ဓာတ်သဘာဝ အာရုံခံ အတတ် က ဓာတ်သဘာဝ တုန်ခါမှုများကိုသာ အာရုံခံနိုင်သော်လည်း ယခု မွေးရာပါ ဝိညာဉ်အာရုံ ကတော့ စွမ်းအင်၊ ရုပ်ဝတ္ထုနှင့် စိတ်ဝိညာဉ် မည်သည့်ပုံစံဖြင့် ရှိနေပါစေ အကုန်သိနိုင်သည်။ ပါရမီရှင်တစ်ယောက်၏ အဆင့်မြှင့်တင်မှုများမှာ အမှန်ပင် ကမ္ဘာခြားနားလှပေသည်။
“ အမြင့်ဆုံးအဆင့် နားလည်သဘောပေါက်နိုင်စွမ်းကို စတင်လိုက်ပါပြီ။ သဘာဝ စွမ်းအင် အမှတ်အသား အတတ်အား ဝိညာဉ် အမှတ်အသားသို့ မြှင့်တင်လိုက်ပါပြီ။ လက်ခံမလား။”
“ဝိညာဉ် အမှတ်အသား...”
တစ်စုံတစ်ယောက်၏ ဝိညာဉ်ပေါ်တွင် မိမိ၏ စိတ်စွမ်းအားဖြင့် အမှတ်အသား ပြုလုပ်ထားနိုင်သည်။ မိမိ၏ စိတ်စွမ်းအားက တစ်ဖက်လူထက် သာလွန်နေပါက ထိုသူ၏ စိတ်ကို တိုက်ရိုက် ကျွန်ပြုနိုင်မည် ဖြစ်သည်။
“အမြင့်ဆုံးအဆင့် နားလည်သဘောပေါက်နိုင်စွမ်းကို စတင်လိုက်ပါပြီ။ သဘာဝစွမ်းအင် အသက်ရှုနည်း အတတ်အား အက်တမ်မှ ပြန်လည်မွေးဖွားခြင်းသို့ မြှင့်တင်လိုက်ပါပြီ။ လက်ခံမလား။”
“အက်တမ်မှ ပြန်လည်မွေးဖွားခြင်း...”
အထွတ်အထိပ်သို့ ရောက်အောင် ကျင့်ကြံနိုင်ပါက ခန္ဓာကိုယ်တွင် အက်တမ် တစ်လုံးတည်း ကျန်ရှိနေလျှင်ပင် ပြန်လည် မွေးဖွားရှင်သန်နိုင်သည်။
“အမြင့်ဆုံးအဆင့် နားလည်သဘောပေါက်နိုင်စွမ်းကို စတင်လိုက်ပါပြီ။ သဘာဝစွမ်းအင် ကိုယ်ကွား အတတ်အား တစ်ချက်တွေးရုံဖြင့် ကိုယ်ပွားကုဋေကုဋာ အတတ်သို့ မြှင့်တင်လိုက်ပါပြီ။”
“တစ်ချက်တွေးရုံဖြင့် ကိုယ်ပွားကုဋေကုဋာ အတတ်...”
မိမိတွင် စိတ်စွမ်းအား လုံလောက်စွာ ရှိနေသရွေ့ ကိုယ်ပွားပေါင်းများစွာ ခွဲထုတ်နိုင်သည်။ ကိုယ်ပွားတစ်ခု၏ စွမ်းအားမှာ မူလကိုယ်ထည်၏ ၁၀ ရာခိုင်နှုန်းထက် မကျော်လွန်စေရဘဲ ကိုယ်ပွားများအားလုံးမှာ မိမိ၏ စိတ်ဆန္ဒအတိုင်း ပုံစံပြောင်းလဲနိုင်ကာ သီးခြားစီလည်း လှုပ်ရှားနိုင်သည်။
“ အမြင့်ဆုံးအဆင့် နားလည်သဘောပေါက်နိုင်စွမ်းကို စတင်လိုက်ပါပြီ။ သဘာဝစွမ်းအင် ချပ်ဝတ် အတတ်အား စိတ်စွမ်းအား ချပ်ဝတ်သို့ မြှင့်တင်လိုက်ပါပြီ။ လက်ခံမလား။”
“စိတ်စွမ်းအား ချပ်ဝတ်....” စိတ်ကူးလိုက်ရုံဖြင့် တစ်ကိုယ်လုံးကို ဓာတ်သဘာဝစွမ်းအင်များဖြင့် ဖုံးအုပ်ကာ ခံစစ်စွမ်းအားကို ၅ ဆအထိ မြှင့်တင်ပေးနိုင်သည်။
လုချန်က မျက်လုံးအပြူးသားဖြင့် ကြည့်နေမိသည်။ Systemပေါ်ရှိ ထာဝရရှင်သန်ခြင်း ကျင့်စဉ်များကို ကြည့်ရင်း သူ ပြောနိုင်သည်မှာ သေစမ်းဟူသော စကားတစ်ခွန်းသာ ရှိတော့သည်။ သူ ဘယ်လိုခံစားနေရသလဲဆိုသည်ကို ဖော်ပြရန် စကားလုံး မရှိတော့ပေ။ သူu အားလုံးကို အနိုင်ယူနိုင်ပြီဟု ခံစားနေရသည်။
အကယ်၍ သူသာ အဆင့်B သို့ ရောက်သွားပါက အမှန်တကယ်ကို မယှဉ်သာသော တည်ရှိမှု ဖြစ်လာပေလိမ့်မည်။ လူသားတွေကို ထားလိုက်ပါဦး တောရိုင်းနယ်မြေထဲက အသန်မာဆုံး သတ္တဝါတွေ၊ ပင်လယ်နက်ထဲက အရှင်သခင်တွေတောင် သူ့ရှေ့မှာ ဘေးဖယ်ပေးရတော့မည်။ ဒီလောက် စွမ်းအားကြီးတဲ့ ကျင့်စဉ်တွေ ပိုင်ဆိုင်ထားတဲ့ မိစ္ဆာကောင်ကို ဘယ်သူက တားနိုင်မှာလဲ။
"လက်ခံမယ် လက်ခံမယ်..."
စိတ်ထဲသို့ စီးဝင်လာသော နက်နဲဆန်းပြားသည့် ကျင့်စဉ်များကို သူu လက်ခံလိုက်သည်။ လုချန်u အလွန် စိတ်လှုပ်ရှားနေပြီး ၎င်းတို့ကို လက်တွေ့ စမ်းသပ်ကြည့်ချင်နေသည်။ သားရဲတွေနဲ့ သွားတိုက်ချင်နေသည်။ သို့သော် သူက စိတ်ကို ထိန်းလိုက်သည်။ မနက်ဖြန်ကျမှ တောရိုင်းနယ်မြေထဲသွားပြီး သုံးလေးရက်လောက် နေလိုက်မည်။ သူ၏ လက်ရှိ စွမ်းအားအရ နယ်မြေ ဆယ်ခုကျော်ကို အလွယ်တကူ ရှင်းလင်းပစ်နိုင်ပေသည်။ ထိုအကြောင်းကို တွေးမိရင်း သူ ပို၍ စိတ်လှုပ်ရှားလာကာ ကုတင်ပေါ်သို့ ခုန်တက်လိုက်မိတော့သည်။
နောက်တစ်နေ့ နံနက်တွင် ဧည့်ခန်းထဲမှ ဆုန့်ယွဲနှင့် လုယွမ်တို့၏ စကားပြောသံကို လုချန်က ကြားလိုက်ရသည်။ သူတို့က ပြန်ရောက်နေကြပြီ ဖြစ်သည်။ အဆင့်D စစ်သည်တော်၏ စိတ်စွမ်းအားအရ အိမ်ထဲမှ သူတို့အသံကို အလွယ်တကူ ကြားနိုင်ခြင်းဖြစ်သည်။
သူက Systemကို ဖွင့်ကာ Sign-in လုပ်လိုက်သည်။
“အမည် - လုချန်” “ခွန်အား - ၁,၁၅၃,၆၀၀” “စိတ်ဝိညာဉ် - ၁,၁၅၃,၆၀၀”
သူ၏ စွမ်းအားများ ထပ်မံ နှစ်ဆတိုးသွားပြန်သည်။ အခြေခံခွန်အားမှာ ၉၂,၂၈၈ တန်သို့ ရောက်ရှိသွားသည်။ လုချန်၏ စိတ်အခြေအနေမှာ အလွန် တက်ကြွနေသည်။ အမဲလိုက်ရမည့် အချိန် ရောက်ပြီ ဖြစ်သည်။
နေရောင်ခြည်က မြို့ပေါ်သို့ ဖြာကျနေသည်။ ယနေ့ ရာသီဥတုမှာ အလွန်ကောင်းမွန်ပြီး တောရိုင်းနယ်မြေထဲ သွားရန် အကောင်းဆုံးအချိန် ဖြစ်သည်။ လုချန်က အောက်ထပ်သို့ ဆင်းလာခဲ့သည်။
လုယွမ်က သူ့လက်ထဲမှ တက်ဘလက်ကို ချကာ လုချန်ကို ကြည့်လိုက်သည်။ "သား... အားလုံး အဆင်သင့် ဖြစ်ပြီ ငါတို့ အချိန်မရွေး ထွက်သွားလို့ ရပြီ"
"မင်းအဘိုးက အိမ်ကနေ လူခြောက်ယောက် လွှတ်ပေးထားတယ်... ကျန်တဲ့ ကိစ္စတွေကို သူတို့ ဆက်လုပ်လိမ့်မယ်"
လုချန်က ခေါင်းညိတ်ကာ ပြောလိုက်သည်။ "အဖေ... ကျွန်တော် တောရိုင်းနယ်မြေထဲကို သုံးလေးရက်လောက် သွားဦးမယ် ပြန်လာမှ A1 အခြေစိုက်မြို့တော်ကို ပြောင်းကြတာပေါ့"
လုယွမ်က ထိုစကားကို ကြားသောအခါ မအံ့သြဘဲ မှာလိုက်သည်။ "ကောင်းပြီ... သတိထားသွားနော်"
ဆုန့်ယွဲကတော့ စိုးရိမ်စိတ်ကို မဖုံးနိုင်ပေ။ "သား... တောရိုင်းထဲ ရောက်ရင် အဆင်ခြင်မဲ့ မလုပ်နဲ့ဦးနော်"
"မလုပ်ပါဘူး အမေ... ကျွန်တော် ကတိပေးပါတယ်"
နံနက်စာ စားပြီးနောက် လုချန်က မြို့တံခါးသို့ တိုက်ရိုက် ထွက်လာခဲ့သည်။ သူက အမည်းရောင် သားရေချပ်ဝတ်ကို ဝတ်ဆင်ထားပြီး သူ၏ အဆင့်F ဒသမအလွှာ စစ်သည်တော် မှတ်ပုံတင်ကို ပြကာ မြို့ပြင်သို့ အောင်မြင်စွာ ထွက်ခွာလာခဲ့သည်။ မြို့ပြင်သို့ ရောက်၍ ခပ်လှမ်းလှမ်းသို့ ရောက်သောအခါ လုချန်က လေပေါ်သို့ ခုန်တက်လိုက်ပြီး ကမ္ဘာနှစ်သွယ်ဓားပေါ်သို့ နင်းလိုက်သည်။
“ဘုန်း...”
ဒုံးပျံတစ်စင်းကဲ့သို့ အရှိန်အဟုန်ဖြင့် ကောင်းကင်ပေါ်သို့ ထိုးတက်သွားတော့သည်။ လုချန်က စစ်စခန်းသို့ မသွားပေ။ ယနေ့ သူ၏ ရည်မှန်းချက်မှာ ရိုးရှင်းပါသည်။ အဆင့်D စွမ်းအားဖြင့် အစွမ်းထက်သော သားရဲများကို ကောင်းကောင်းလေး ပညာပြရန် ဖြစ်သည်။ သူ သွားမည့်နေရာကိုလည်း ကြိုတင် စဉ်းစားထားပြီးသားဖြစ်ကာ နယ်မြေ ၁၃ပင်။
လုချန်က တစ်စက္ကန့်လျှင် ၁၂၀၀ မီတာဟူသော ကြောက်မက်ဖွယ် အရှိန်နှုန်းဖြင့် ပျံသန်းနေပြီး ကောင်းကင်ယံတွင် အမည်းရောင် မျဉ်းတစ်ကြောင်းအလား ဖြစ်နေသည်။ ဤအရှိန်နှုန်းကို အချို့သော အဆင့်D စစ်သည်တော်များမှလွဲ၍ မည်သူမှ မမီနိုင်ပေ။ သို့သော် သူ၏ စိတ်နယ်ပယ်အတွင်း၌မူ အဆင့်D စစ်သည်တော် တစ်ယောက်မှ မရှိပေ။
လေးမိနစ်အတွင်း သူက သွားမည့်နေရာသို့ ရောက်ရှိသွားသည်။ ကောင်းကင်ယံတွင် ဝဲပျံနေရင်း လုချန် မျက်လုံးမှိတ်ကာ မွေးရာပါ ဝိညာဉ်အာရုံ ကို စတင် လည်ပတ်လိုက်သည်။
ယခင်က သူသည် သားရဲများ၏ တည်ရှိမှုနှင့် စွမ်းအင်အငွေ့အသက်ကိုသာ အာရုံခံနိုင်ခဲ့သည်။ သို့သော် ယခုမူ သူက သူတို့၏ ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်း၊ စွမ်းအင်သိပ်သည်းဆနှင့် စွမ်းအင်စီးဆင်းမှု လမ်းကြောင်းများကိုပါ အာရုံခံနိုင်ပြီ ဖြစ်သည်။ တစ်ဖက်လူ၏ ရည်ရွယ်ချက်အစစ်အမှန်ကို တစ်ချက်ကြည့်ရုံဖြင့် သိမြင်နိုင်ကာ သူတို့၏ အဆင့်နှင့် တကယ့် တိုက်ခိုက်ရေးစွမ်းအားကိုပါ သိနိုင်သည်။ ခဏချင်းမှာပင် လုချန်၏ စိတ်စွမ်းအားက အချင်း ၁၈၀ ကီလိုမီတာ ပတ်လည်အထိ လွှမ်းခြုံသွားတော့သည်။
***