လုချန်က ရှေ့သို့ တိုးဝင်သွားသည်။ မည်သည့် သိုင်းကွက် သို့မဟုတ် ဓာတ်သဘာဝ စွမ်းရည်ကိုမျှ အသုံးမပြုဘဲ အခြေခံ အကျဆုံး ခွန်အားကိုသာ သုံးလိုက်ခြင်းဖြစ်သည်။ သူ၏ အရှိန်နှုန်းမှာ မယုံနိုင်လောက်အောင် မြန်ဆန်လှသည်။ သားရဲကြီး၏ ဧရာမ ခန္ဓာကိုယ်ကြီးက ရှေ့သို့ တစ်ဟုန်ထိုး ပြေးဝင်လာသော်လည်း လုချန်မှာ အရိပ်တစ်ခုအလား လျင်မြန်လှသည်။ သူက သားရဲကြီး၏ လက်သည်းများကြားမှ အသာအယာ ရှောင်ထွက်ကာ ၎င်း၏ ဒူးဆစ်နားသို့ ရောက်သွားသည်။ သူက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ အရှိန်ဖြင့် ထိုးချလိုက်သည်။
အရိုးကျိုးသွားသည့် အသံက ထွက်ပေါ်လာသည်။ သားရဲကြီးက နာကျင်စွာ ဟိန်းဟောက်လိုက်ပြီး ၎င်း၏ တောင်တစ်လုံးခန့် ရှိသော အမြီးကြီးဖြင့် ပြင်းထန်စွာ ဝှေ့ယမ်းကာ ပြန်လည် တိုက်ခိုက်သည်။ လုချန်မှာ လေပေါ်သို့ ပျံတက်သွားပြီး နောက်ပြန်ကန်ချက်ဖြင့် ၎င်း၏ မေးစေ့ကို တည့်တည့် ကန်လိုက်သည်။ ဧရာမ ပါးစပ်ကြီး ပိတ်သွားကာ ခေါင်းမှာ နောက်သို့ လန်သွားပြီး ယိုင်တိုင်တိုင် ဖြစ်သွားသည်။ ၎င်း၏ အမြီးကြီး မြေပြင်ပေါ်သို့ ကျလာသည့်အခါ ဘုန်းဟူသော မြည်ဟည်းသံနှင့်အတူ ပြင်းထန်သော တုန်ခါမှုကြောင့် မြေပြင်တွင် အက်ကြောင်းများ ပေါ်လာတော့သည်။
ထို့နောက်တွင်မူ တစ်ယောက်နှင့် တစ်ကောင် အကြိမ်ကြိမ် အပြင်းအထန် တိုက်ခိုက်ကြတော့သည်။ မြေငလျင်အသေးစား တစ်ခု ဖြစ်နေသည့်အလားပင်။ ကွန်ကရစ်လမ်းများ အက်ကွဲကုန်သည်။ ဤရက်စက်ကြမ်းကြုတ်သော တိုက်ပွဲမှာ တစ်နာရီခန့် ကြာမြင့်ခဲ့သည်။ ဤအတောအတွင်း လုချန်က မည်သည့် သိုင်းကွက်၊ မည်သည့် ပျံသန်းဓားတိုနှင့် ဓားရည်ရွယ်ချက်ကိုမျှ အသုံးမပြုခဲ့ပေ။ လက်သီး၊ အမြန်နှုန်းနှင့် လွှမ်းမိုးနိုင်သော ခွန်အားတို့ကိုသာ သုံး၍ သူ၏ အစွမ်းအစ အကန့်အသတ်ကို စမ်းသပ်နေခြင်း ဖြစ်သည်။
ဤသားရဲမှာ အလွန်အစွမ်းထက်သည်။ အခြေခံခွန်အားပိုင်းတွင် လုချန်ထက်ပင် အနည်းငယ် သာလွန်နိုင်သော်လည်း လုချန်က ပိုမြန်သည်။ ပို၍ ပါးနပ်ကာ စဉ်းစားတွေးခေါ်မှု ပိုထက်မြက်သည်။ နောက်ဆုံးတွင် လုချန်က တစ်ဖက်လူ၏ လှည့်ကွက်အားလုံးကို သိရှိသွားပြီဖြစ်ရာ တိုက်ပွဲကို အချိန်ဆွဲမနေတော့ဘဲ ကမ္ဘာနှစ်သွယ်ဓားကို မြှောက်လိုက်သည်။ သူက ကောင်းကင်ခွဲ နတ်ဓားသိုင်း ၏ ဓားရည်ရွယ်ချက်ကို ထုတ်ဖော်လိုက်သည်။
ဓားရောင်တစ်ချက် လက်သွားသည်။ ၎င်းမှာ နတ်ဘုရားတို့၏ စီရင်ချက်အလား သားရဲကြီး၏ ခန္ဓာကိုယ်ကို ဖြတ်သန်းသွားသည်။ သားရဲကြီးမှာ ထိုနေရာတွင်ပင် အေးခဲသွားပြီး ခေါင်းမှ တင်ပါးအထိ တစ်ကိုယ်လုံး နှစ်ခြမ်းကွဲသွားတော့သည်။
“ဘုန်း...”
ဧရာမ ခန္ဓာကိုယ်ကြီးက လဲကျသွားသည်။ ဆည်ကျိုးသွားသည့်အလား သွေးများ တဟုန်ထိုး ပန်းထွက်လာပြီး အရာအားလုံး တိတ်ဆိတ်သွားတော့သည်။ အဆင့်D ဒသမအလွှာ စစ်သည်တော် နှစ်ဦး၊ သုံးဦးခန့်နှင့် ညီမျှသော တိုက်ခိုက်ရေးစွမ်းရည်ရှိသည့် သားရဲကြီး သေဆုံးသွားသည်။ ၎င်း၏ တန်ဖိုးမှာ ရမှတ် ဘီလီယံ ၁၂၀ ထက်မနည်း ရှိလိမ့်မည်။ သို့သော် လုချန်က သူ၏ အစွမ်းအစ ပေါက်ကြားမည်ကို စိုးရိမ်သဖြင့် လူသိရှင်ကြား မရောင်းရန် ဆုံးဖြတ်လိုက်သည်။
သူက ဓားပျံ ၁၀ ချောင်းကို စေခိုင်းကာ သားရဲကြီး၏ တန်ဖိုးရှိသော အစိတ်အပိုင်းများကို လျင်မြန်စွာ လှီးဖြတ်လိုက်သည်။ အရေခွံခွာသည်၊ အသားများကို ခေါက်သိမ်းသည်။ အမြီးရိုး၊ သွားများနှင့် အဖိုးတန်ဆုံးသော အမြုတေကို ထုတ်ယူသည်။ ဤလုပ်ငန်းစဉ်တစ်ခုလုံးမှာ ၅ မိနစ်သာ ကြာပြီး သန့်ရှင်းမြန်ဆန်လှသည်။
လုချန်က သေဆုံးနေသော သားရဲကြီးကို တစ်ချက်ကြည့်ကာ ကောင်းကင်သို့ ပြန်လည် ပျံတက်သွားသည်။ သူက အာရုံစူးစိုက်ကာ အခြားကိုယ်ပွားများ၏ တိုက်ပွဲများကို စောင့်ကြည့်လိုက်သည်။ သူတို့၏ တိုက်ပွဲများမှာလည်း ပြီးဆုံးသွားပြီ ဖြစ်သည်။ သူတို့မှာ မူလကိုယ်ထည်ကဲ့သို့ ခွန်အားသက်သက်ကို မသုံးဘဲ သိုင်းကွက်များနှင့် ဓာတ်သဘာဝ စွမ်းရည်များကို သုံးစွဲခဲ့ကြသဖြင့် တိုက်ပွဲက ပို၍ မြန်ဆန်ခဲ့သည်။
ကိုယ်ပွားတစ်ခုစီ သယ်လာသော အိတ်ကြီးများကို ကြည့်ရင်း ယခင်ဘဝက ဝတ္ထုများထဲမှ ဟင်းလင်းပြင်လက်စွပ်မျိုးကို သူ အလွန် တောင့်တမိသည်။ သို့သော် ဤကမ္ဘာတွင် ထိုကဲ့သို့အရာမျိုး ရှိမရှိ သူ မသိပေ။
လုချန်က ရရှိလာသော ပစ္စည်းများကို ကိုယ်ပွားတစ်ခုထံ စုပေးလိုက်ပြီး ၎င်းအား သွားရောက်ရောင်းချရန် စေခိုင်းလိုက်သည်။ ထိုကိုယ်ပွားမှာ ဓာတ်သဘာဝ ချပ်ဝတ်ကို အပြည့်အဝ ဝတ်ဆင်ထားသဖြင့် မည်သူမှ သူ၏ ရုပ်သွင်အစစ်အမှန်ကို မမြင်နိုင်ပေ။ ထို့အပြင် ဓားစီးပျံသန်းနေသည်ဖြစ်ရာ မည်သူမဆို မြင်ရုံနှင့် ဝိညာဉ်သခင် တစ်ဦးဖြစ်ကြောင်း သိနိုင်သည်။ D6 ကဲ့သို့ နေရာလေးတွင် အဆင့်D ဝိညာဉ်သခင် တစ်ဦးကို မည်သူမှ ရန်စရဲမည် မဟုတ်ပေ။
ကိုယ်ပွားက စစ်စခန်းသို့ သွားကာ အရောင်းအဝယ်ပြုလုပ်မည် ဖြစ်သည်။ သူက ပစ္စည်းပေးမည်၊ တစ်ဖက်က ငွေချေမည်။ ပြဿနာ ရှိလိမ့်မည် မဟုတ်ပေ။ စစ်တပ်က မှန်ကန်သော ဆုံးဖြတ်ချက်ကို ချလိမ့်မည်ဟု လုချန် ယုံကြည်သည်။ ဈေးကွက်ပေါက်ဈေးထက် အနည်းငယ် လျှော့ရောင်းရလျှင်ပင် လက်ခံနိုင်သည်။ လောလောဆယ်တွင် သူ၏ မည်သူမည်ဝါဖြစ်ကြောင်းကို ဖုံးကွယ်ထားနိုင်ရန်ကသာ အရေးကြီးဆုံး ဖြစ်သည်။
ခရမ်းရောင် ဓာတ်သဘာဝ ချပ်ဝတ်ကို ဝတ်ဆင်ထားသော ပုံရိပ်တစ်ခုက တောက်ပနေသော ဓားပေါ်တွင် ရပ်ကာ ကောင်းကင်ယံတွင် မျဉ်းတစ်ကြောင်းအလား ပျံသန်းနေသည်။ သူ့ပတ်ဝန်းကျင်တွင် လျှပ်စီးများ တဖျတ်ဖျတ် မြည်ဟည်းနေပြီး ပြင်းထန်သော အငွေ့အသက်များ ထွက်ပေါ်နေသည်။ လက်ထဲရှိ ဓားရှည်မှာလည်း ကောင်းကင်တွင် တောက်ပနေသည်။
"ငါက အန္တရာယ်ရှိတဲ့လူပဲ လမ်းဖယ်ပေးကြ... မဟုတ်ရင် ဒုက္ခရောက်ကုန်မယ်" ဟု သူ၏ တစ်ကိုယ်လုံးမှ သတိပေးချက် ထုတ်ပြန်နေသည့်အလား။
စခန်းပတ်ပတ်လည်ရှိ စစ်သည်တော်များအားလုံး မော့ကြည့်လိုက်ကြပြီး ချက်ချင်းပင် မျက်နှာလွှဲလိုက်ကြသည်။ မည်သူမှ သူ၏ အကြည့်ကို မရင်ဆိုင်ရဲကြပေ။ သူ၏ ရောက်ရှိလာမှုမှာ အလွန်ပင် ဖိအားပေးလွန်းလှသည်။ အားသန်သူကို ရိုသေရမည်ဟူသော ဥပဒေသမှာ စစ်သည်တိုင်း၏ ရိုးတွင်းခြင်ဆီအထိ စွဲမြဲနေသည် မဟုတ်လား။ လုချန်က တွေဝေမနေဘဲ စခန်း၏ ကွပ်ကဲမှုဌာနဆီသို့ တိုက်ရိုက် ပျံသန်းသွားတော့သည်။
စစ်စခန်း ကွပ်ကဲမှု ခန်းမတွင် ကင်းလှည့်စစ်သည်များ၏ ဝတ်စုံများပေါ်ရှိ ဓာတ်သဘာဝ တိုင်းတာရေးကိရိယာများမှာ ဆူညံစွာ မြည်ဟည်းလာသည်။ သူတို့၏ မျက်လုံးများ ပြူးကျယ်သွားပြီးနောက် ချက်ချင်းပင် တုန်လှုပ်သွားကြသည်။ သူတို့ ခံစားနေရသည်မှာ ဧရာမ ဖိအားကြီးတစ်ခုပင်။ မည်သည့် ဖုံးကွယ်မှုမှ မရှိဘဲ အသက်ရှူကျပ်လောက်သော အငွေ့အသက်များ ထွက်ပေါ်နေသည်။
၎င်းမှာ အဆင့်D စစ်သည်တော်တစ်ဦး၏ ထူးခြားသော အငွေ့အသက်ပင် ဖြစ်သည်။ အစောင့်များအားလုံး ထိုဖိအားများ ထွက်ပေါ်ရာဆီသို့ ကြည့်လိုက်ကြသည်။ ခရမ်းရောင် ချပ်ဝတ်ဝတ်ထားသော လူတစ်ယောက်မှာ ဓားစီးလျက် ကောင်းကင်မှ ဆင်းသက်လာသည်။
“ဝိညာဉ်သခင်...” အဆင့်C အောက်တွင် ပစ္စည်းများကို ထိန်းချုပ်ကာ ပျံသန်းနိုင်သူမှာ ဝိညာဉ်သခင်များသာ ရှိသည်။ ဆိုလိုသည်မှာ ဤမဖိတ်ခေါ်ဘဲ ရောက်လာသူမှာ စစ်သည်တော် တစ်ဦးသာမက အဆင့်D ဝိညာဉ်သခင် တစ်ဦးလည်း ဖြစ်နေသည်။ ၎င်းမှာ လူတိုင်းကို ကြောက်ရွံ့စေသော တည်ရှိမှုမျိုး ဖြစ်သည်။ စစ်မြေပြင်တွင် သူတို့က ပစ်လွှတ်လိုက်သော ကျည်ဆန်များကိုပင် စိတ်ကြိုက် လှည့်ပတ်စေနိုင်ပြီး လူတစ်တပ်လုံးကို လက်ဝှေ့ယမ်းရုံဖြင့် သုတ်သင်နိုင်စွမ်း ရှိကြသည်။
ပတ်ဝန်းကျင်ရှိ အစောင့်များအားလုံး ချက်ချင်းပင် သတိအနေအထား ပြင်လိုက်ကြသည်။ ကင်းလှည့်တပ်ကြပ်တစ်ဦးက ရှေ့သို့ တက်လာပြီး အော်ပြောလိုက်သည်။ "ဒါက ကန့်သတ်နယ်မြေ ဖြစ်ပါတယ်... ချက်ချင်း ထွက်သွားပေးပါ မဟုတ်ရင် ကျူးကျော်သူလို့ သတ်မှတ်ပြီး ပစ်ခတ်ပါလိမ့်မယ်"
လုချန်က လေပေါ်တွင် ရပ်တန့်လိုက်သည်။ သူက တိုက်ခိုက်ရန် လာခြင်းမဟုတ်ပေ။ "ကျုပ်က စီးပွားရေး လုပ်ဖို့ လာတာပါ" လုချန်က အက်ရှရှ အသံဖြင့် ပြောလိုက်သည်။ "မင်းတို့ရဲ့ အထက်လူကြီးကို ချက်ချင်း သွားအကြောင်းကြားလိုက်"
သို့သော် အစောင့်များ တုံ့ပြန်ခြင်း မပြုနိုင်မီမှာပင် ကွပ်ကဲမှု ခန်းမထဲမှ ပြင်းထန်သော ဖိအားတစ်ခု ထွက်ပေါ်လာပြီး စစ်ဝတ်စုံဝတ်ထားသော အရပ်ရှည်ရှည် လူတစ်ယောက် ထွက်လာသည်။ သူ၏ မျက်နှာမှာ တည်ကြည်ပြီး အဆင့်D ဒသမအလွှာ၏ ထူးခြားသော အငွေ့အသက်ကို ထုတ်လွှတ်နေသည်။ အိမ်ထဲမှ ထုတ်ယူထားသော ဓားတစ်လက်ကဲ့သို့ သူ၏ ထက်မြက်မှုမှာ အထင်သား ပေါ်လွင်နေသည်။
"ကျုပ်က ဒီစခန်းရဲ့ တပ်မှူး လျန်ဝမ်ကျွင်းပါ" ထိုလူက ယဉ်ကျေးစွာ ပြောလိုက်သည်။ "မိတ်ဆွေက ဘယ်သူလဲဆိုတာ သိပါရစေ ပြီးတော့ ဘာကိစ္စနဲ့ လာခဲ့တာလဲ"
လုချန်က ခေါင်းယမ်းကာ "ဒါက ကိုယ်ရေးကိုယ်တာ ကိစ္စမို့ ကျုပ်ရဲ့ မည်သူမည်ဝါဖြစ်ကြောင်းကို ထုတ်မပြောနိုင်ဘူး... ဒါပေမဲ့ ကျုပ် သတ်လာတဲ့ သားရဲ အချို့ကို ရောင်းချင်လို့ပါ... နောက်သုံးရက်လောက်အထိလည်း ဒီနယ်မြေမှာ ကျုပ် ဆက်ပြီး အမဲလိုက်နေဦးမှာပဲ"
"ခင်ဗျားတို့ စစ်စခန်းအနေနဲ့ ဒီပစ္စည်းတွေကို အလွတ်သဘော လမ်းကြောင်းကနေ ဝယ်ယူဖို့ စိတ်ဝင်စားသလားဆိုတာ သိချင်တယ်"
လျန်ဝမ်ကျွင်းက ထိုစကားကို ကြားသောအခါ မျက်လုံးကို အသာအယာ မှေးလိုက်မိသည်။ သံသယဖြစ်စရာ မလိုပေ။ ဤလေသံနှင့် ပုံစံအရ တစ်ဖက်လူမှာ အစွမ်းထက်သော မိသားစုတစ်ခုခု သို့မဟုတ် နောက်ခံတစ်ခုခုမှ ဖြစ်ရပေမည်။
"ဒါပေါ့... မိတ်ဆွေမှာ ရှိသလောက် ကျုပ်တို့ အကုန်ယူမယ်" လျန်ဝမ်ကျွင်းက ပြောလိုက်သည်။ "ဒါပေမဲ့ တရားဝင်လမ်းကြောင်းက မဟုတ်တဲ့အတွက် ရမှတ်နဲ့တော့ မလဲနိုင်ဘူး ပြီးတော့ ဈေးကွက်ပေါက်ဈေးရဲ့ ၈၀ ရာခိုင်နှုန်းပဲ ကျုပ်တို့ ပေးနိုင်မယ်"
လုချန်က လေးလံသော အထုပ်ကြီးတစ်ထုပ်ကို မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။
“ဘုန်း..”
ပြင်းထန်သော ထိခိုက်မှုကြောင့် မြေကြီးပင် တုန်သွားသည်။ ထိုအိတ်ထဲတွင် အဆင့်D တတိယအလွှာ သားရဲကြီး သုံးကောင်စာ ပစ္စည်းများ ပါရှိသည်။ လျန်ဝမ်ကျွင်း၏ မျက်လုံးများက တောက်ပသွားသည်။ ဤအရာများမှာ သာမန်သားရဲများ မဟုတ်ဘဲ ရှားပါးသော ပစ္စည်းများ ဖြစ်ကြသည်။ လုချန်က အမည်မဖော်လိုသော ဘဏ်အကောင့်တစ်ခုကို ပေးလိုက်သည်။ ဈေးကွက်ပေါက်ဈေးအရ ၎င်းမှာ ယွမ် ဘီလီယံ ၄၀ တန်ဖိုးရှိရာ ၈၀ ရာခိုင်နှုန်းဖြင့် လုချန်က ယွမ် ၃၂ ဘီလီယံကို ရရှိခဲ့သည်။
အရာအားလုံး မှန်ကန်ကြောင်း အတည်ပြုပြီးနောက် လုချန်က ဘာမှ ထပ်မပြောတော့ဘဲ လှည့်ထွက်သွားတော့သည်။ လျန်ဝမ်ကျွင်းက ကောင်းကင်ယံတွင် ပျောက်ကွယ်သွားသော ပုံရိပ်ကို ကြည့်ကာ... "ထူးဆန်းတဲ့လူပဲ" ဟု တွေးနေမိသည်။ သို့သော်လည်း တစ်ဖက်လူက သားရဲတွေကိုသာ သတ်နေသရွေ့တော့ စိုးရိမ်စရာ မရှိပေ။
***