သူတို့နှစ်ဦးက မြို့တော်၏ အကြီးဆုံး ကုန်တိုက်ကြီးဆီသို့ ရောက်ရှိလာကြသည်။ ၎င်းက ကော်ပန်းဂရုပိုင်ဆိုင်သော ကုန်တိုက်ကြီးပင်။ ကော်ပန်းဂရုဆိုသည်မှာ ကမ္ဘာ့ထိပ်တန်း မိသားစုကြီးများ ပူးပေါင်းလုပ်ကိုင်နေသော စူပါလုပ်ငန်းစုကြီးတစ်ခုဖြစ်သည်။ လုချန်က ကားကို ရပ်လိုက်သည်။
ဘေးနားရှိ ကားပါကင်ထိုးပေးသော ကောင်လေးက အားကျလေးစားမှုများဖြင့် ကြည့်နေသည်။ သူ တစ်ချက်ကြည့်လိုက်ရုံဖြင့် သိလိုက်သည်။ ဤကားက အထူးထုတ် Black Charm V12ပင်။ ဒီသူဌေးကြီးက တော်တော်လေး ဩဇာအာဏာကြီးမားမှာ သေချာသည်။
ကောင်လေးက ကားတံခါးကို အလျင်အမြန် လာဖွင့်ပေးလိုက်သည်။ လုချန်က ကားထဲမှ ထွက်လာသည်။ ထို့နောက် သူကိုယ်တိုင် ကားတစ်ဖက်သို့ ပတ်သွားကာ တံခါးကို ဖွင့်ပေးလိုက်သည်။ လော့နျန်ဝေက ကျက်သရေရှိစွာဖြင့် ဆင်းလာသည်။ လုချန်က ကားသော့ကို တစ်ဖက်လူဆီသို့ ပစ်ပေးလိုက်သည်။
"ကားကို သေချာ ရပ်ထားလိုက်"
ကောင်လေးက ထိုစုံတွဲကိုကြည့်ကာ မှင်သက်နေဆဲပင်။ ချောမောသော အမျိုးသားနှင့် လှပသော အမျိုးသမီး။ သူတို့က ကောင်းကင်ဘုံက ဖန်ဆင်းပေးလိုက်သော ရွှေပြည်စုံတွဲလေးအလား။ သူက ကားသော့ကို အလျင်အမြန် ဖမ်းယူလိုက်သည်။ ကားတံခါးကို အမြန်ဖွင့်ကာ ယာဉ်မောင်းခုံတွင် ဝင်ထိုင်လိုက်သည်။ သူက အလွန်အမင်း စိတ်လှုပ်ရှားနေသည်။ ထိုကဲ့သို့သော ဇိမ်ခံကားမျိုးကို သူ တစ်ခါမှ မမောင်းဖူးခဲ့ချေ။ လုချန်နှင့် လော့နျန်ဝေတို့က ကုန်တိုက်ထဲသို့ ဝင်ရောက်လာကြသည်။
"နျန်ဝေ... နင် ဘာဝယ်ချင်လဲ ကြိုက်သလောက်ဝယ် သဘောကျတာ မှန်သမျှ အကုန်ဝယ်"
"ဒါပေါ့... ဘာမဆိုကို ပြောတာ ငါ့ကိုယ်ငါ အပါအဝင်ပေါ့..."
သူက လော့နျန်ဝေ၏ အနားသို့ တိုးကပ်သွားပြီး တိုးတိုးလေး ကပ်ပြောလိုက်သည်။ သူမ၏ နားရွက်လေးများက ပြုတ်ထားသော ပုစွန်တစ်ကောင်အလား ချက်ချင်း နီရဲတက်လာတော့သည်။ သူမ၏ နားရွက်များမှနေ၍ အငွေ့များ တထောင်းထောင်း ထွက်လာသကဲ့သို့ပင် ခံစားနေရသည်။ သူမက ခပ်သုတ်သုတ် ရှေ့ဆက်လျှောက်သွားလိုက်သည်။ လုချန်ကို အနောက်တွင် ချန်ထားရစ်ခဲ့သည်။
“ဒီလူနဲ့သာ ဆက်နေနေရင်တော့... ရှက်လွန်းလို့ သေသွားနိုင်တယ်” ဟု သူမ ခံစားမိနေသည်။
လုချန်က ပြုံးလျက် နောက်မှ လိုက်လာသည်။
"ဟားဟား... ဆောရီး ဆောရီး... စိတ်မဆိုးပါနဲ့ ငါ စနောက်လိုက်တာပါ"
"ဒါပေမဲ့ တကယ်ပြောတာနော် နင် ကြိုက်တာဝယ်လို့ရတယ်"
လော့နျန်ဝေက ရင်ခုန်စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသည်။ သူမက ထွက်ပြေးချင်နေသည့်အလား ဆိုင်တစ်ဆိုင်ထဲသို့ ဟန်မပျက် ဝင်သွားလိုက်သည်။ လုချန်လည်း သူမနောက်မှ လိုက်ဝင်သွားသည်။ အရောင်းဝန်ထမ်းမလေးတစ်ဦးက လင်းလက်သော အပြုံးဖြင့် ရှေ့ထွက်လာသည်။
"မင်္ဂလာပါ လူကြီးမင်းတို့ရှင့်... ကျွန်မတို့ဆိုင်မှ ကြိုဆိုပါတယ်... ဘာများ ဝယ်ယူချင်ပါသလဲရှင့်"
ဤဆိုင်က အမျိုးသမီး ဇိမ်ခံအဝတ်အထည်ဆိုင်ပင်။ ကျယ်ဝန်းပြီး သက်တောင့်သက်သာ ရှိလှသည်။ လုချန်က ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်လိုက်သည်။ ထို့နောက် သူ မေးလိုက်သည်။
"ဒီကုန်တိုက်ထဲမှာ အကောင်းဆုံးနဲ့ အလန်းဆုံး အဝတ်အစားတွေ ဒီဆိုင်မှာရှိလား... မရှိရင်တော့ ငါတို့ အခုချက်ချင်း ပြန်ထွက်သွားမယ်"
"မရေမရာ စကားတွေနဲ့ ငါ့ကို လှည့်စားဖို့ မကြိုးစားနဲ့နော် မဟုတ်ရင် မင်း တာဝန်ယူနိုင်မှာ မဟုတ်ဘူး"
"ရှိတယ်၊ မရှိဘူးဆိုတာကိုပဲ ရှင်းရှင်းလင်းလင်း ဖြေပါ"
လုချန်က အရောင်းဝန်ထမ်းမလေးကို ခြိမ်းခြောက်နေခြင်းတော့ မဟုတ်ပေ။ သို့သော် ဤကဲ့သို့သော ဆိုင်မျိုးများအကြောင်းကို သူ သိထားသည်လေ။ စီးပွားရေး ပြိုင်ဆိုင်မှုများအတွက် သူတို့က မကြာခဏဆိုသလို ပိုပိုသာသာ ပြောဆိုတတ်ကြသည်။ လုချန် အလိမ်ခံရမည့်အဖြစ်မျိုး အဖြစ်မခံလိုချေ။ ထို့ကြောင့် သူ၏ လေသံက အနည်းငယ် တင်းမာနေခြင်းဖြစ်သည်။
တစ်ချိန်တည်းမှာပင် စိတ်စွမ်းအားကိုလည်း အသုံးပြုထားလိုက်သည်။ အရောင်းဝန်ထမ်းမလေးက အလွန်အမင်း ထိတ်လန့်သွားသည်။ ဤအမျိုးသားထံမှ ထွက်ပေါ်လာသော အန္တရာယ်ရှိသည့် အငွေ့အသက်ကို ဖယ်ထားလိုက်လျှင်ပင် သူ ဝတ်ဆင်ထားသော အဝတ်အစားများ ထို့ပြင် သူမ၏ ထူးခြားလှပသော ရုပ်ရည်သွင်ပြင် ဤအရာများအားလုံးက အချက်တစ်ချက်ကို ရှင်းလင်းစွာ ဖော်ပြနေသည်။ တစ်ဖက်လူက သာမန်လူ မဟုတ်ကြောင်း သေချာနေသည်။
သူမ၏ လည်ချောင်းများက အနည်းငယ် ခြောက်သွေ့သွားသည်။ သို့သော် သတ္တိမွေးကာ ဖြေလိုက်သည်။
"ရှိပါတယ်ရှင့်"
လုချန်က ပြုံးလိုက်သည်။ လေထုထဲရှိ အန္တရာယ်ရှိသော အငွေ့အသက်များ ပျောက်ကွယ်သွားတော့သည်။ ယခုအခါတွင် သူက လုံးဝ အန္တရာယ်မရှိသော သာမန်လူတစ်ယောက်နှင့်သာ တူနေသည်။ လော့နျန်ဝေက မျက်လုံးလှန်မကြည့်ဘဲ မနေနိုင်တော့ပေ။
“ဘယ်လူကြီးလူကောင်းကများ မိန်းကလေးတစ်ယောက်ကို အဲဒီလို လေသံနဲ့ စကားပြောလို့လဲ “
သို့သော် သူမ၏ ရင်တွင်းအနက်ရှိုင်းဆုံး နေရာတွင်တော့ တိတ်တဆိတ် ကျေနပ်နေမိသည်။
“အဟမ်း အဟမ်း ဘာကို တိတ်တဆိတ် ကျေနပ်နေရမှာလဲ... သူ လုံးဝ မကျေနပ်ပါဘူး... သေချာပေါက် မကျေနပ်တာ...”
ထိုစဉ် လုချန်က ဆက်ပြောလိုက်သံကို ကြားလိုက်ရသည်။
"ဒီက သခင်မလေးကို မြင်တယ်မလား... သူမက လူ့ပြည်ကို အခုလေးတင် ဆင်းသက်လာတဲ့ နတ်သမီးလေးတစ်ပါးနဲ့ မတူနေဘူးလား... သူမနဲ့ လိုက်ဖက်မယ့် အဝတ်အစားမျိုး မင်းတို့ဆီမှာ ရှိလား"
ခုလေးတင်မှ တည်ငြိမ်သွားခဲ့သော လော့နျန်ဝေ၏ စိတ်အခြေအနေက ချက်ချင်းပင် ရင်တွေ ပြန်ခုန်လာတော့သည်။ မျက်နှာတစ်ခုလုံး ပူထူလာသည်။
“ဒီအရူးကြီးက တမင်သက်သက် လုပ်နေတာ သေချာတယ်... သူ့ရဲ့ ချိုသာတဲ့ စကားတွေအောက်မှာ ငါ့ခံစားချက်တွေ ယိမ်းယိုင်မသွားစေရဘူး...”
အရောင်းဝန်ထမ်းမလေးက လော့နျန်ဝေကို တစ်ချက် ကြည့်လိုက်သည်။ ထို့နောက် လုချန်ကို ထပ်ကြည့်လိုက်သည်။
“ဒီအမျိုးသား သူ့မှာ ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ်အချိုးအစား ရှိတယ်.. ရင်သပ်ရှုမောဖွယ် ရုပ်ရည်ရှိတယ် ပြီးတော့ အားကောင်းတဲ့ အငွေ့အသက် ရှိနေသေးတယ် ပိုအရေးကြီးတာက သူတို့ဆီမှာ ပိုက်ဆံတွေ အများကြီး ရှိနေတာပဲ...”
သူမက အရမ်းကို မနာလိုဖြစ်သွားမိသည်။ သို့တိုင်အောင် သူမက ပုံမှန်အတိုင်း ပြုံးပြလိုက်သည်။
"ဒါပေါ့ လူကြီးမင်းရှင့်... ဒီသခင်မလေးက တကယ်ကိုပဲ ကောင်းကင်ဘုံက ဆင်းသက်လာတဲ့ နတ်သမီးလေးတစ်ပါးနဲ့ တူပါတယ်"
"ကျွန်မတို့ဆီမှာ သူမနဲ့ ကွက်တိကျလောက်မယ့် အထူးချုပ်လုပ်ထားတဲ့ ကန့်သတ်ထုတ် ဂါဝန်လေးတစ်ထည် ရှိပါတယ် ကျေးဇူးပြုပြီး ကျွန်မနောက်ကို လိုက်ခဲ့ပါရှင့်"
လော့နျန်ဝေနှင့် လုချန်တို့က သူမနောက်မှ လိုက်သွားကြသည်။ အရောင်းဝန်ထမ်းမလေးက သူတို့ကို ဆိုင်၏ အထူးနေရာတစ်ခုဆီသို့ ခေါ်ဆောင်သွားသည်။ အလွန်ဈေးကြီးသော အဝတ်အစားများကို ပြသထားသည့် နေရာပင်။ ထိုနေရာ၏ အလယ်ဗဟိုတွင် လူပုံစံ အရုပ်မကြီးတစ်ခု ရပ်နေသည်။ ၎င်းက ကျက်သရေရှိလှသော ဂါဝန်တစ်ထည်ကို ဝတ်ဆင်ထားသည်။ ထိုဂါဝန်က အလွန် သေသပ်လှပစွာ ချုပ်လုပ်ထားကြောင်း မြင်သာလှသည်။
အလွန်ရှားပါးသော ရေနက်ပိုင်း ကောင်းကင်ပြာရောင် ပိုးသားဖြင့် ချုပ်လုပ်ထားခြင်းဖြစ်သည်။ ဤကုန်ကြမ်းက အလွန်အန္တရာယ်များသော ရေနက်ပိုင်းဒေသမှသာ ရရှိနိုင်သည်။ အထည်သားပေါ်တွင် အလင်းရောင် အစက်အပြောက်လေးများက တဖျတ်ဖျတ် လက်နေသည်။ လရောင်အောက်တွင် ညင်သာစွာ လှိုင်းထနေသော အပြာရောင် ရေကန်ပြင်လေးအလား။ မှုန်ဝါးဝါးနှင့် အိပ်မက်ဆန်လှသော မြင်ကွင်းလေးတစ်ခုပင်။
၎င်းက ကျောဘက်အဟိုက် ဒီဇိုင်းဖြင့် ချုပ်လုပ်ထားသည်။ လက်မောင်းနေရာတွင် သပ်ရပ်လှပသော ပခုံးပြတ် ဇာသားလေးများဖြင့် ရက်လုပ်ထားသည်။ ရင်ဘတ်နေရာတွင်တော့ သဘာဝ နီလာကျောက်များနှင့် စိန်ပွင့်သေးသေးလေးများဖြင့် အလှဆင်ထားသော ပင်လယ်ပင့်ကူပုံစံ ချည်ထိုး အဆင်တန်ဆာတစ်ခု ပါဝင်သည်။
အလွန်တရာ ဇိမ်ခံဆန်သော ဒီဇိုင်းဖြစ်သော်ငြား ဤအဝတ်အစားက အလွန်တရာ ပေါ့ပါးပုံရသည်။ မြူခိုးများကြားတွင် လွင့်မျောနေသော အပြာရောင် မြူတိမ်တိုက်လေးတစ်ခုအလား။ မြင့်မြတ်ပြီး ကျက်သရေရှိလှသည်။ အလွန်တရာ ဆွဲဆောင်မှုရှိလှသည်။ ဤဂါဝန်လေးကို မြင်လိုက်ရသည့် စက္ကန့်လေးမှာပင် လော့နျန်ဝေ၏ မျက်လုံးများ ပြူးကျယ်သွားတော့သည်။
သူမက တွေဝေစွာ စိုက်ကြည့်နေမိသည်။ ပေါ့ပါးလွင့်မျောနေပုံရသော ဂါဝန်အောက်နားလေးက သူမကို လာလှည့်ပါဟု လက်ယပ်ခေါ်နေသည့်အလားပင်။ သူမ၏ ရင်ထဲတွင် အလိုအလျောက် အသံတစ်သံ ပဲ့တင်ထပ်သွားသည်။
“ငါ ဒီဂါဝန်လေးကို လိုချင်တယ်...”
သို့သော် အပြင်ပန်း အမူအရာကတော့ သူမက တည်ငြိမ်နေစေရန် ဆက်လက် ကြိုးစားနေဆဲပင်။
“သူတို့က သူတို့ရဲ့ ဆက်ဆံရေးကို တရားဝင် သတ်မှတ်ထားတာမှ မဟုတ်သေးတာ သူမက ဒီလိုမျိုး ဇိမ်ခံဆန်လွန်းတဲ့ အရာတစ်ခုကို ဒီအတိုင်းကြီး တောင်းဆိုလို့ မရဘူးလေ...”
လုချန်က လော့နျန်ဝေကို ကြည့်လိုက်သည်။
"ဘယ်လိုလဲ သဘောကျရဲ့လား"
လော့နျန်ဝေ၏ မျက်လုံးများက ဂါဝန်ပေါ်တွင်သာ စွဲကပ်နေသည်။ သူပြောလိုက်သည်ကိုပင် မကြားလိုက်ပေ။ လုချန်က ပြုံးလိုက်သည်။
“ဒီကောင်မလေး တော်တော် တုံးအတာပဲ...”
ထို့နောက် သူက ပြောလိုက်သည်။
"ကောင်းပြီ... ဒီအဝတ်အစားကို ငါတို့ ယူမယ်... ထုပ်ပိုးလိုက်တော့ ပြီးရင် တခြားပစ္စည်းတွေလည်း ပြပါဦး"
အရောင်းဝန်ထမ်းမလေးက မှင်သက်သွားသည်။ သူမက သူတို့ကို စမ်းဝတ်ကြည့်စေရန်သက်သက်သာ ဤနေရာသို့ ခေါ်လာခဲ့ခြင်းဖြစ်သည်။ ယေဘုယျအားဖြင့် ဧည့်သည်က မည်မျှပင် လက်ဖွာပုံပေါက်နေပါစေ ဤဂါဝန်ကို မြင်လိုက်ပြီး ဈေးနှုန်းကို ကြားလိုက်ရချိန်တွင် သူတို့ နောက်ဆုတ်သွားလေ့ရှိကြသည်။ သို့သော် ဤလူကတော့ စည်းမျဉ်းများအတိုင်း ကစားမည့်ပုံမပေါ်ချေ။
“သူ ဘာကို ဆိုလိုတာလဲ... ထုပ်ပိုးလိုက်ဆိုတာလား... သူတို့က ဈေးနှုန်းကိုတောင် မမေးဘူးလား...” သူမက ညင်သာစွာ သတိပေးလိုက်သည်။
"လူကြီးမင်းရှင့်... ဈေးနှုန်းကို မမေးတော့ဘူးလား"
လုချန်က ပြန်ဖြေသည်။
"ကိစ္စမရှိပါဘူး... ထုပ်ပိုးလိုက်ပါ"
သူ့အကောင့်ထဲတွင် ယခုအခါ ယွမ် ထရီလီယံ ၄၀ ကျော် ရှိနေသည်လေ။ ယမန်နေ့ညက အမဲလိုက်ခဲ့သည့်အတွက် ရရှိမည့် ငွေများပင် သူ့အကောင့်ထဲ အပြည့်အဝ မရောက်သေးပေ။ ထိုစကားကို ကြားလိုက်ရချိန်တွင် အရောင်းဝန်ထမ်းမလေးက ချက်ချင်းပင် အံ့သြဝမ်းသာသွားပြီး မနာလိုမှုများလည်း ပြည့်နှက်သွားတော့သည်။
“ငါ့မှာလည်း ဒီလိုရည်းစားမျိုး ရှိရင် သိပ်ကောင်းမှာပဲ...”
သူမတွင်လည်း ချစ်သူကောင်းတစ်ယောက် ရှိပါသည်။ သို့သော် သူမရှေ့မှ အမျိုးသားနှင့် ယှဉ်လိုက်လျှင်တော့ ဘာမှမဟုတ်တော့ပေ။ သို့သော် သူမက အဝတ်အစားကို ထုပ်ပိုးရန် ပြင်ဆင်နေစဉ်မှာပင် အသံတစ်သံက ကြားဖြတ်ဝင်ရောက်လာသည်။
"နေဦး... အဲဒီဂါဝန်ကို ရောင်းလိုက်ပြီးပြီ... မင်း ဆက်ရောင်းလို့ မရတော့ဘူး"
အရောင်းဝန်ထမ်းမလေး၏ မျက်နှာက ချက်ချင်း ရေခဲကဲ့သို့ အေးစက်သွားတော့သည်။
"ချန်ယောင်... မင်း ဘာအဓိပ္ပာယ်မရှိတာတွေ လာပြောနေတာလဲ... ဒီဂါဝန်ကို ဘယ်တုန်းက ရောင်းလိုက်လို့လဲ... ငါ တစ်ခါမှ မကြားဖူးပါဘူး"
ချန်ယောင် အမည်ရှိ အခြား အရောင်းဝန်ထမ်းမလေးတစ်ဦးက ဤသို့မြင်သောအခါ တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။
"ချယ်လီ... သခင်လေး ဖေကျင်းက ဒီဂါဝန်ကို မျက်စိကျသွားပြီဆိုတော့ ဒါက သူ့အပိုင် ဖြစ်သွားပြီပေါ့"
***