အရှေ့ပိုင်းကုန်းမြေတိုက်ကြီး၏ အထင်ကရ အဖွဲ့အစည်းကြီးများ အားလုံးနီးပါး ယွမ်ဟန်ဂိုဏ်း၏ ဖွင့်ပွဲအခမ်းအနားသို့ ရောက်ရှိလာကြ၏။ ထိုရောက်ရှိလာသော အဖွဲ့အစည်းများသည် အရှေ့နတ်နန်းတော်မှ ခေါင်းဆောင်များ ရှိရာဘက်ကို မနှစ်သက်သော အမူအရာဖြင့်ကြည့်ပြီး အချင်းချင်းဆွေးနွေးမှုများ ပြုလုပ်နေကြသည်။
အရှေ့နတ်နန်းတော်က ဤတစ်ကြိမ်တွင် ဂိုဏ်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ချိန်၌ အဆင့်အတန်းမြင့်မားသောနေရာကို ရရှိခဲ့၏။ ခွန်ယင်းအာကိုယ်တိုင် သူတို့ကိုကြိုဆိုကာ နေရာချပေးခဲ့ခြင်းဖြစ်သည်။
အရှေ့နတ်နန်းတော်၏ အဖွဲ့ထဲတွင် ဘိုးဘေးကူယန်၊ ဟောင်ဖုဂျန်၊ ချူဂျောင်ဂျောင်၊ မဟာအကြီးအကဲကောင်း၊ မဟာအကြီးအကဲကျန်း၊ မဟာအကြီးအကဲချင်နှင့် နင်မူယာ၊ ကျန်းဆန်းဖုန်း ... စသည့်လူတော်တော်များများ ပါဝင်၏။
ခွန်ယင်းအာသည် အရှေ့နတ်နန်းတော်မှလူများကို နေရာချပြီးသည်နှင့် တောင်းပန်ပြီးနောက် ထွက်ခွာသွားသည်။ သူမအနေဖြင့် အခြားဧည့်သည်များကို ကြိုဆိုရမည်ဖြစ်၏။ ဤလူများနှင့်တစ်ချိန်လုံး မနေနိုင်ချေ။ ယခုလိုမျိုး ကြိုဆိုနေရာချပေးသည်ကပင် တော်တော်လေး မျက်နှာသာပေးထားပြီဖြစ်သည်။
ထို့အပြင် ခွန်ယင်းအာ၏ စိတ်ထဲ၌ ဤလူများက မည်သို့မှ အထင်ကြီးစရာမရှိသော လူများဖြစ်၏။
တစ်ဖက်တွင် ဘိုးဘေးကူယန်နှင့် ကျန်သူများကလည်း သူတို့ရဲ့ဟိုင်အပေါ်ထားခဲ့သော သဘောထားကြောင့် ဤပွဲကိုတက်ရသည်အား ရှက်ရွံ့နေကြသည်။
အခြားအဖွဲ့အစည်းများကလည်း သူတို့အရှေ့နတ်နန်းတော်အကြောင်းကို သီးသန့်နီးပါး တိုက်ရိုက်ပြောဆိုနေကြသည်ကိုလည်း သတိပြုမိ၏။
သို့သော် သူတို့အနေဖြင့် ရုပ်တည်တည် နေရန်မှလွဲလို့ အခြားရွေးချယ်စရာမရှိပေ။
..........
" ဒါကယွမ်ဟန်ဂိုဏ်းလား "
လူငယ်တစ်ယောက်သည် အဝေးမှ မြင့်မားလှသော ဂိုဏ်း၏မုခ်တံခါးဝကြီးကိုကြည့်ပြီး တုန်လှုပ်စွာဖြင့် မေးလိုက်သည်။
" ယွမ်ဟန်ဂိုဏ်းဆိုတဲ့ နာမည်ကို သုံးနိုင်တဲ့သူက အရှေ့ပိုင်းကုန်းမြေတိုက်ကြီးတစ်ခုလုံးမှာ ရဲ့ဟိုင် တစ်ယောက်ကလွဲလို့ ဘယ်သူမှရှိမယ်မထင်ဘူး "
ထိုလူငယ်၏ ဘေးနားတွင်ရှိနေသော အမျိုးသမီးလေးက မျက်လုံးထဲတွင် စိုးရိမ်ပူပန်မှုများနှင့်အတူ ပြောလိုက်၏။
" နင်ကဘာလို့ အဲ့လောက်တောင် စိတ်ပူနေရတာလဲ "
လူငယ်မှာ မိန်းကလေး၏ အမူအရာကိုကြည့်ကာ ပြုံး၍ပြောလိုက်သည်။
" ရဲ့ဟိုင်က ငါတို့ကို မှတ်မိနေဦးမယ်လို့ နင်ထင်လား "
အမျိုးသမီးငယ် ပို၍ပင် စိုးရိမ်ပူပန်မှုများနှင့်အတူ မေးလိုက်၏။
" စိတ်မပူနဲ့ ရဲ့ဟိုင်နဲ့ ငါ့ရဲ့ ဆက်ဆံရေးကဘာလဲ .. ငါတို့ကညီအစ်ကိုတွေ "
ထိုလူငယ်သည် ရင်ဘတ်ကိုကော့လိုက်ပြီး...
" ရဲ့ဟိုင်အနေနဲ့ ငါ့ကိုတွေ့ရင် လုံးဝကျိန်းသေပျော်သွားလိမ့်မယ် "
" ဟမ့် .. မင်းနဲ့ ရဲ့ဟိုင်က ညီအစ်ကိုတွေဟုတ်လား "
ထိုလူငယ်၏ စကားဆုံးသည်နှင့်တစ်ပြိုင်နက် မလှမ်းမကမ်းမှ လှောင်ပြောင်သော အသံတစ်ခုက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
" ဟုတ်တယ် ငါနဲ့ရဲ့ဟိုင်က ညီအစ်ကိုတွေပဲ "
သို့သော် ယခုတစ်ခေါက်တွင်တော့ လူငယ်သည် ထိုလူအုပ်ကို စိုးရိမ်ပူပန်မှုအချို့ဖြင့်ကြည့်ပြီး တွန့်ဆုတ်စွာဖြင့် ပြောလိုက်၏။
" ရဲ့ဟိုင်နဲ့ ညီအစ်ကိုလို့ ပြောလို့ရတဲ့သူက အရှေ့ပိုင်းကုန်းမြေတိုက်ကြီးတစ်ခုလုံးမှာ လက်တစ်ဖက်တောင်မပြည့်ဘူး၊ ဘာမဟုတ်တဲ့ မြေအမတအဆင့် ကျင့်ကြံသူတစ်ယောက်က မင်းကိုယ်မင်း ရဲ့ဟိုင်ရဲ့ ညီအစ်ကိုလို့ ပြောရဲတယ်ပေါ့ .. အသက်ရှင်ရတာ ပင်ပန်းနေပြီထင်တယ် "
ဓားရှည်တစ်ချောင်းကို ခါးတွင်ချိတ်ထားသော လူငယ်တစ်ယောက်က လှောင်ပြုံးနှင့်အတူ ပြောလိုက်သည်။
ထိုစကားအောက်တွင် ပတ်ပတ်လည်မှ လူအုပ်ကြီးကလဲ အားလုံးရယ်မောလိုက်ကြလေ၏။
" မဟုတ်ဘူး ရဲ့ဟိုင်က ငါ့ရဲ့တကယ်ညီအစ်ကိုပဲ .. အောက်ကမ္ဘာမှာတုန်းက အချင်းချင်းသိလာခဲ့ကြတာ "
ထိုလူငယ် လူအများက သူ့ကို ဝိုင်းဝန်းလှောင်ပြောင်နေသည်ကို တွေ့သောအခါ ဒေါသတကြီး ပြန်ပြောလိုက်သည်။
" ရှောင်မင် သူတို့နဲ့ ငြင်းခုန်မနေနဲ့တော့၊ ရဲ့ဟိုင်နဲ့ တွေ့တဲ့အချိန်ကျရင် အမှန်တရားကို သူတို့သိသွားမှာပဲ "
ရှောင်မင်၏ ဘေးနားတွင်ရှိသော အမျိုးသမီးလေးက တီးတိုးပြောလိုက်၏။
ထိုလူငယ်မှာ မော်ရှန်းဂိုဏ်းက ရှောင်မင်မှလွဲ၍ အခြားလူမဟုတ်ချေ။ သူ၏ဘေးနားတွင် ရှိနေသော အမျိုးသမီးကတော့ အခြားသူမဟုတ်ဘဲ ချန်ယုဂိုဏ်းမှ ရှန်ဟွာဖြစ်သည်။
ရှောင်မင်သည် အင်မော်တယ်ကမ္ဘာသို့ တက်လာပြီးနောက် ဂိုဏ်းငယ်တစ်ခုသို့ ဝင်ရောက်ခဲ့၏။ ရှောင်မင်၏ ပါရမီအရည်အချင်းကြောင့် ထိုဂိုဏ်းက သူ့ကို အပြင်စည်းတပည့်အဖြစ် လက်ခံခဲ့သည်။
ထို့နောက်ရဲ့ဟိုင်က အရှေ့နတ်နန်းတော်၏ လူငယ်မျိုးဆက်သစ်ပြိုင်ပွဲတွင် ချန်ပီယံဖြစ်ခဲ့သည့်သတင်းကို ရှောင်မင်ကိုယ်တိုင်လည်း သိရှိခဲ့လေ၏။
ရှောင်မင်က ထိုရဲ့ဟိုင်မှာ သူ၏ညီအစ်ကိုဖြစ်ကြောင်း ဂိုဏ်းချုပ်ကိုပြောပြသည့်အချိန်တွင် ဂိုဏ်းချုပ်က ရှောင်မင်အား ရူးသွားသည်ဟု ထင်မှတ်ခဲ့သည်။
သူ့လိုဂိုဏ်းငယ်လေးတွင်ပင် အပြင်စည်းတပည့်အဆင့်သာရှိသေးသည့် ရှောင်မင်၏ပါရမီအရည်အချင်းဖြင့်ဆိုလျှင် အရှေ့ပိုင်းကုန်းမြေတိုက်ကြီး၏ နံပါတ်တစ်ချန်ပီယံကို မည်ကဲ့သို့ သိရှိနိုင်မည်နည်း။
သူသာမက ဂိုဏ်းတွင်ရှိသော လူများအကုန်လုံးကလည်း မဖြစ်နိုင်ပဲ နာမည်တူလူတစ်ယောက်သာဖြစ်သည်ဟု ပြောကြသဖြင့် ရှောင်မင်လဲ တွေဝေသွားခဲ့လေ၏။
ဤကိစ္စနှင့်ပတ်သက်လျှင်တော့ ရှောင်မင်သည် ချင်ချင်နှင့်လုံးဝကို ကွာခြားခဲ့သည်။
ထိုအချိန်တုန်းက ချင်ချင်သည် လူငယ်မျိုးဆက်သစ်ချန်ပီယံစာရင်းတွင် ရဲ့ဟိုင်၏ နာမည်ကိုတွေ့သောအခါ သူမ၏သခင်ဖြစ်ကြောင်း အခိုင်အမာ ယုံကြည်ခဲ့၏။
တကယ်တော့ ရှောင်မင်၏ ဂိုဏ်းခေါင်းဆောင်သည် ရှောင်မင်ကိုယုံကြည်လျှင်ပင် သူ၏ကျင့်ကြံအဆင့်က ကျောက်စိမ်းအင်မော်တယ်အဆင့်တွင်သာ ရှိနေသေးသောကြောင့် အရှေ့နတ်နန်းတော်လို ဂိုဏ်းကြီးကိုသွားပြီးတော့ စကားပြောရဲမည်မဟုတ်ချေ။
ဤအရာက ကိုယ့်သေတွင်းကိုယ်တူးသည့်အရာဖြစ်သည်။
နောက်ပိုင်း ရဲ့ဟိုင်က နှင်းတောင်တန်းဒေသကို သိမ်းပိုက်သောအခါ ရှောင်မင်၏ဂိုဏ်းကလဲ နှင်းတောင်တန်းဒေသတွင် ရှိနေခြင်းဖြစ်သဖြင့် ရဲ့ဟိုင်၏ အဖွဲ့ကို လက်နက်ချအညံ့ခံခဲ့၏။
ငြင်းဆန်လျှင် သေခြင်းတရားကိုသာ သူတို့ရင်ဆိုင်ရမည်ဖြစ်သည်။
ထိုအချိန်တွင် ရှောင်မင်သည် ရဲ့ဟိုင်စေလွှတ်လိုက်သော စစ်တပ်မှလူများကို ရဲ့ဟိုင်က သူ၏ ညီအစ်ကိုဟုဆိုကာ သွားရောက်၍ စုံစမ်းမေးမြန်းခဲ့၏။
ထိုအချိန်တုန်းက ရှောင်မင်၏ ဂိုဏ်းခေါင်းဆောင်သာ ကြားဝင်ပြီး မစွက်ဖက်ခဲ့လျှင် ထိုကောင်ရှောင်မင် အသတ်ခံလိုက်ရပြီဖြစ်သည်။
ယွမ်ဟန်ဂိုဏ်း၏ စစ်သားများအကုန်လုံးက ရဲ့ဟိုင်ကို နတ်ဘုရားတစ်ပါးလို ကိုးကွယ်ကြသော သူများဖြစ်၏။
ဘာမဟုတ်သည့် မြေအမတအဆင့် ကျင့်ကြံသူလေးတစ်ယောက်က ရဲ့ဟိုင်ကို ညီအစ်ကိုဟုဆိုလာခြင်းကို အဘယ့်ကြောင့် လက်ခံနိုင်မည်နည်း။
ထိုစကားမှာ သူတို့၏ နတ်ဘုရားကို စော်ကားလိုက်ခြင်းနှင့် အတူတူပင်။
သို့သော် မေးခွန်းတစ်ခုရှိသည်မှာ ရှောင်မင်က ဤကိစ္စကို ယခုလိုအနေအထားနှင့် လက်လျှော့မည်လားဆိုတာပင်။
သူလုံးဝလက်မလျှော့နိုင်တာ သေချာလေသည်။
ထို့ကြောင့် ရှောင်မင်သည် ယွမ်ဟန်ဂိုဏ်းတည်ထောင်ခြင်း အခမ်းအနားပွဲ ရှိသည်ဆိုတာကိုသိပြီးနောက် ဂိုဏ်းချုပ်အား သူ့ကိုခေါ်ဆောင်သွားရန်အတွက် အတင်းတောင်းပန်ခဲ့၏။
သို့သော် သူတို့၏ဂိုဏ်းချုပ်သည် ရှောင်မင်ကို အလွန်ကြောက်လန့်နေပြီဖြစ်ပြီး အဘယ့်ကြောင့် ထိုအခမ်းအနားကို ခေါ်သွားရဲခြင်းရှိမည်နည်း။ ရှောင်မင်သာ ထိုအခမ်းအနားတွင် ရဲ့ဟိုင်က သူ၏ ညီအစ်ကိုဟု သွားပြီးပြောဆိုလိုက်လျှင် မိမိ၏ခေါင်း ( 10 ) လုံးရှိလျှင်တောင်မှ တစ်ဖက်လူဓားဖြင့်ခုတ်ရန် လောက်မည်မဟုတ်ချေ။
ထို့ကြောင့်ရှောင်မင်သည် နောက်ဆုံးတွင် ဂိုဏ်း၏မိတ်ဆွေများထံ၌ ချေးငှားသည့်အပြင် သူ၏မှော်လက်နက်များနှင့် ရှိသမျှအရာအားလုံးကို အပေါင်ထားပြီး ယွမ်ဟန်ဂိုဏ်းသို့ တစ်ကိုယ်တည်းထွက်ခွာရန် ကြိုးစားခဲ့လေသည်။
***