" ကောင်းပြီ ဒီထက်ကြာရင် နောက်ကျသွားတော့မယ် .. ငါတို့အထဲကို ဝင်ကြရအောင် "
တန်ဝမ်ဝမ် အထဲဝင်ရန် ပြောလာလျှင် တန်ဂိုဟိုင်လဲ ခေါင်းညိတ်ကာ ပြောလိုက်သည်။
ဤသို့ဖြင့် သူတို့အဖွဲ့သည် ဖိတ်စာများကို ထုတ်ပြပြီးနောက် အစောင့်များက ရှောင်မင်နှင့် ရှန်ဟွာတို့ နှစ်ယောက်ကို တားဆီးခြင်းမရှိတော့ပေ။
တစ်စုံတစ်ခု မှားယွင်းသွားလျှင်လည်း ထိုတန်ဘိုဝမ်ဆိုသော ကောင်မလေးကသာ တာဝန်ယူရမည်ဖြစ်ပြီး မိမိတို့နှင့် မသက်ဆိုင်ဘူးဖြစ်သည်။
တစ်ဖက်တွင် တန်ဝမ်ဝမ်ကလဲ ၎င်းအချက်ကို ကောင်းကောင်းနားလည်လေ၏။ ထို့ကြောင့် ယွမ်ဟန်ဂိုဏ်းထဲသို့ ဝင်ရောက်သွားပြီးသည်နှင့် တန်ဝမ်ဝမ်သည် ရှောင်မင်နှင့် ရှန်ဟွာတို့အား သတိထားရှောင်ကျဥ်ရမည့် ကိစ္စများကို အမျိုးမျိုးရှင်းပြကာ ပြောဆိုလိုက်သည်။
တန်ဝမ်ဝမ်က သူတို့ကောင်းကျိုးအတွက် လုပ်နေသည်ဆိုတာကိုသိသဖြင့် ရှောင်မင်ကလဲ အသေအချာနားထောင်လိုက်ပြီး အကြိမ်ကြိမ် ခေါင်းညိတ်ပြလိုက်၏။
" မိန်းကလေးတန် မင်းက ငါမြင်ဖူးသမျှ မိန်းကလေးတွေထဲမှာ လုံးဝကို စိတ်ထားအကောင်းဆုံးနဲ့ အလှဆုံးပဲ "
ရှောင်မင် တန်ဝမ်ဝမ်ကိုကြည့်ကာ တလေးတစား ပြောလိုက်သည်။
" ငါက စိတ်ထားအကောင်းဆုံးနဲ့ အလှဆုံးဟုတ်လား "
တန်ဝမ်ဝမ် ထိုစကားကြောင့် မပြုံးဘဲမနေနိုင်ချေ။ " ဟုတ်တယ် မင်းက စိတ်ထားလဲကောင်းသလို အရမ်းလဲချောမောလှပတယ်ဆိုတော့ ငါ့အစ်ကိုရဲ့ဟိုင်အတွက် တော်တော်လေးသင့်တော်တဲ့ အမျိုးသမီးထင်တယ်၊ ရဲ့ဟိုင်သာ မင်းလိုအမျိုးသမီးကို လက်ထပ်လိုက်ရင် သူ့အတွက် မယားကောင်းတစ်ယောက်ရလာမှာ အသေအချာပဲ "
ရှောင်မင် စိတ်အားထက်သန်စွာ ဖြင့်ပြောလိုက်၏။ သို့သော် သူမမျှော်လင့်ထားသည့်အရာမှာ ထိုစကားကြားလျှင် တန်ဘိုဝမ်က မချိပြုံးပြုံးကာ ခေါင်းခါယမ်းလိုက်ခြင်းဖြစ်သည်။
" ရဲ့ဟိုင်က ငါ့ကိုလက်ထပ်ဖို့လား "
" နင်က ငါ့ကို လာနောက်နေတာပဲ၊ ငါ့လို လူတစ်ယောက်က ရဲ့ဟိုင် မိန်းမမပြောနဲ့ အစေခံဖြစ်ဖို့တောင်မှ အရည်အချင်း မပြည့်မီဘူး "
တန်ဝမ်ဝမ်သည် သူမ၏အနေအထားကို သူမသေချာနားလည်လေ၏။
" ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ "
တစ်ဖက်တွင် ရှောင်မင်က မျက်လုံးပြူးကျယ်စွာဖြင့် ပြန်ပြောလိုက်သည်။
" ကြည့်ရတာ နင် ရဲ့ဟိုင် အရှေ့တိုင်းကုန်းမြေတိုက်ကြီးတစ်ခုလုံးမှာ လုပ်ခဲ့တဲ့ အစေခံရွေးချယ်ပွဲကို မသိသေးပုံပဲ "
တန်ဝမ်ဝမ် အံ့အားသင့်စွာဖြင့် ပြန်မေးလိုက်၏။
" ညီမတန် အဲ့လိုသတင်းကို သူ့လိုလူတွေ သိနိုင်မယ်ထင်လား .. ငါတို့လို မိသားစုကြီးကပဲ ဒီလိုသတင်းတွေ သိနိုင်တာလေ "
နောက်ဆုံးတွင် ချိုင်ယဲ့လုံသည် ရှောင်မင်ကို ကဲ့ရဲ့ရန်အခွင့်အရေး ရရှိလာသဖြင့် ဝင်ရောက်ကာ ပြောဆိုလိုက်သည်။
" မိန်းကလေးတန် ငါ့ကိုအဲ့အကြောင်း ပြောပြလို့ရမလား "
ရှောင်မင်သည် ချိုင်ယဲ့လုံ၏ ကဲ့ရဲ့သောစကားများကို လျစ်လျူရှုလိုက်ပြီး အလျင်အမြန်ပင် မေးလိုက်၏။
" လွန်ခဲ့တဲ့ ( 10 ) နှစ်လောက်က ရဲ့ဟိုင် သူ့ရဲ့အစေခံရွေးချယ်ပွဲကို ပြုလုပ်ခဲ့ပြီး အရှေ့ပိုင်းကုန်းမြေတိုက်ကြီးရဲ့ လူငယ်ပါရီမီရှင် အမျိုးသမီးတစ်သိန်းကလဲ အဲ့ဒီရွေးချယ်ပွဲကို တက်ရောက်ခဲ့တယ်လေ၊ အဲ့ဒီပွဲမှာ အမျိုးသမီးတစ်သိန်းလုံးက တစ်ယောက်နဲ့တစ်ယောက် ပိုပြီးတော့ ရင်သပ်ရှုမောအောင် လှပတဲ့အလှကို ပိုင်ဆိုင်ထားတယ်တဲ့၊ ဒါပေမဲ့နောက်ဆုံး ရဲ့ဟိုင်က အဲ့ဒီထဲက လူတစ်ယောက်ကိုပဲ ရွေးချယ်ခဲ့တယ် "
" ဘယ်သူလဲ "
ရှောင်မင် တအံ့တဩဖြင့် ထပ်မေးလိုက်သည်။ ကြားရသော စကားလုံးများ အကုန်လုံးက သူ့အတွက် တော်တော်လေးကို ထူးဆန်းပြီး တုန်လှုပ်စေ၏။
" သူရွေးချယ်လိုက်တဲ့သူက ခွန်မိသားစုရဲ့ အဖိုးတန်သမီးလေး ခွန်ယင်းအာပဲ၊ သူမက နတ်သမီးတစ်ပါးလိုလှပသလို ကျင့်ကြံအဆင့်ကလဲ အဲ့ဒီအချိန်တုန်းက ကျောက်စိမ်းအင်မော်တယ် အဆင့် ( 27 ) မှာရှိတယ် "
" ဘာ... "
ရှောင်မင်နှင့် ရှန်ဟွာတို့ နှစ်ယောက်လုံး ထိုစကားကြောင့် အလွန်တရာ အံ့အားသင့်ပြီး မျက်လုံးပြူးကျယ်သွားကြသည်။ ကျောက်စိမ်းအင်မော်တယ် အဆင့် ( 27 ) ဆိုသည်မှာ သူတို့လက်လှမ်းမီရန်မပြောနှင့် စိတ်တောင်မကူးရဲသည့် အဆင့်ဖြစ်လေ၏။
" ဟုတ်တယ် .. အဲ့ဒီပွဲမှာ ကျောက်စိမ်းအင်မော်တယ် အဆင့် ( 26 ) ရှိနေတဲ့ မုယုံလန်တောင်မှ ရဲ့ဟိုင်ရဲ့ မျက်လုံးကို မဖမ်းစားနိုင်ဘူးတဲ့ "
တန်ဝမ်ဝမ် ထိုသို့ပြောပြီးနောက် တစ်ခဏရပ်တန့်လိုက်ပြီး...
" ပြီးတော့ ငါတို့တန်မိသားစုက အဲ့ဒီအစေခံရွေးချယ်ပွဲကို ဝင်ရောက်ဖို့အတွက် အရည်အချင်း မပြည့်မီခဲ့ဘူးလေ၊ ဘာလို့လဲဆိုတော့ ရွေးချယ်ခံတဲ့ အမျိုးသမီးတိုင်းက အနည်းဆုံး ကျောက်စိမ်းအင်မော်တယ်အဆင့် ( 18 ) မှာ ရှိနေရမှာမို့လို့ပဲ "
ထိုစကားက ရှောင်မင်နှင့်ရှန်ဟွာတို့နှစ်ယောက်လုံး၏ နှလုံးခုန်သံကို မြင်းရိုင်းအကောင် ( 1000 ) ဖြတ်ပြေးသွားသလို ခုန်ပေါက်သွားစေသည်။
ယခုမှသာ ရဲ့ဟိုင်ဆိုသော တည်ရှိမှုက မည်မျှတောင်မှ အရှေ့ပိုင်းကုန်းမြေတိုက်ကြီးထဲ အလွန်တရာ ကြီးမားနေလဲဆိုတာကို သူတို့ကောင်းကောင်း နားလည်သွားကြလေ၏။
" မင်းတို့ နေရမဲ့ နေရာက ဒီနေရာပဲ "
တန်ဝမ်ဝမ်တို့အုပ်စုကို လမ်းပြခေါ်လာသော အစောင့်သည် လူတိုင်းကို ကြည့်လိုက်ပြီး ...
" မျိုးဆက်သစ် လူငယ်တွေ နေရာက ဘယ်ဘက်မှာဖြစ်ပြီး မျိုးဆက်ဟောင်း လူကြီးတွေနေရာက ညာဘက်မှာပဲ။ တစ်ခါထဲ မင်းတို့ကို သတိပေးချင်တာက မင်းတို့ နေရမဲ့ ဒီနေရာဟာ ရွှမ် အဆင့်နေရာဆိုတာ သိထားပါ။ မင်းတို့ရဲ့ နောက်မှာ ဟောင် အဆင့် နေရာရှိပြီး .. မင်းတို့ ရှေ့မှာတော့ မြေအဆင့် နဲ့ ကောင်းကင် အဆင့် နေရာတွေရှိတယ် "
" မြေအဆင့် နဲ့ ကောင်းကင် အဆင့် နေရာတွေကို စူးစမ်းလေ့လာနိုင်ပေမဲ့ အဲ့နေရာမှာ သွားပြီး ရှုပ်လို့တော့ မရဘူး .. မသွားရင် အကောင်းဆုံးပေါ့ "
အစောင့်သည် ဆောင်ရန်၊ ရှောင်ရန် အချက်များကို ညွှန်ကြားချက်များ ပေးပြီးနောက် ထွက်ခွာသွားခဲ့သည်။
တန်ဂိုဟိုင် နှင့် ကျန်သက်လက်ပိုင်း လူကြီးများသည်လဲ သူတို့၏ မိသားစုမှ လူငယ်တွေကို သတိပေးစရာများ ပြောပြီးနောက် မျိုးဆက်ဟောင်းများ၏ နေရာဖြစ်သော ညာဘက်ခြမ်းသို့ ထွက်ခွာသွားကြလေ၏။
တစ်ဖက်တွင် ရှောင်မင် နှင့် ရှန်ဟွာတို့ တန်ဝမ်ဝမ် နောက်ကနေ လူငယ် မျိုးဆက်သစ်များ၏ နေရာသို့ လိုက်သွားရန် လုပ်သည်။ သို့သော် ထိုချိန်တွင် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဒေါသတကြီးဖြင့် ရှောင်မင်အနားသို့ ကပ်လာလေ၏။
" ရှောင်မင် မင်းကို ဒီနေရာ ဘယ်သူလာခိုင်းလို့လဲ "
ဝမ်ဘင် အံကြိတ်ကာပြောလိုက်ရင်း စိတ်ထဲတွင်လဲ ကြောက်လန့်မှုများ ပြည့်နှက်နေသည်။
သူ ဘယ်လိုမှ မကြောက်ပဲ မနေနိုင်ချေ။
ရှောင်မင်သာ ဤနေရာတွင် ရဲ့ဟိုင်က သူ့အစ်ကိုဟု ပြောလိုက်ပါက ဒုက္ခအကြီးကြီး ရောက်သွားမည်ဖြစ်၏။
" ဂိုဏ်းချုပ် .. ကျွန်တော် ရဲ့ဟိုင်ကို အဝေးကနေပဲ အတည်ပြုဖို့အတွက် ကြည့်ရုံပါ၊ ဘာပြဿနာမှ မရှာပါဘူး "
ရှောင်မင် အလျှင်မြန်ပြန်ပြောလိုက်သည်။ စိတ်ထဲတွင်လဲ ဂိုဏ်းချုပ်က သူ့ကို ချက်ချင်း ပြန်လွှတ်မှာကို စိုးရိမ်သွားလေ၏။
" မင်း .. သေချာလား "
" သေချာပါတယ် .. ဂိုဏ်းချုပ် "
ရှောင်မင် အစာကောက်နေသော ကြက်ကလေးလို ခေါင်းတဆတ်ဆတ်ညိမ့်ပြီး ကတိပေးလိုက်သည်။
" မဟုတ်သေးဘူး .. မင်းကို ယုံလို့မဖြစ်ဘူးထင်တယ် "
" အကြီးအကဲ စိတ်မပူပါနဲ့ ငါတို့အားလုံးလဲ စောင့်ကြည့်နေတာဆိုတော့ အဆင်ပြေသွားမှာပါ "
တန်ဝမ်ဝမ်သည် ဝမ်ဘင်က စိတ်ပူနေသေးတာကို သတိထားမိလျှင် တီးတိုးဝင်ပြောလိုက်လေ၏။
" ဒါဆိုရင် ငါမင်းတို့ကို နှောင့်ယှက်မိပါပြီ မိန်းကလေးတန် "
ဝမ်ဘင် ကမန်းကတန်းပင် ဦးညွှတ်လိုက်သည်။ ဤမိန်းကလေးက သူ့ထက်တောင် အဆင့်တန်းမြင့်ပြီး ရွှမ်အဆင့်နေရာတွင် ရှိနေခြင်းဖြစ်၏။ ထို့ကြောင့် မလေးမစား မလုပ်ရဲချေ။
သူ ဝမ်ဘင်တည်ထောင်ခဲ့သော ဂိုဏ်းက အလွန်ပင် အားနည်းသောကြောင့် သူသည် ဟောင် အဆင့်နိမ့် အတန်းတွင်သာ ထိုင်နိုင်ခြင်းရှိလေသည်။
" ဒါက အနှောင့်အယှက်မဖြစ်ပါဘူး "
တန်ဝမ်ဝမ်ပြုံးကာ ပြန်ပြောလိုက်၏။
ထို့နောက် ဝမ်ဘင်သည် ရှောင်မင်ကို ထပ်မံ၍ သတိပေးကာ အလျင်အမြန်ပင် ထွက်ခွာသွားသည်။
ဤနေရာက ရွှမ်အဆင့်နေရာဖြစ်သောကြောင့် ဝမ်ဘင်အနေဖြင့် အကြာကြီးနေထိုင်ရန် မသင့်တော်ချေ။
***