ရဲ့ဟိုင်က ဒူးထောက် အကူညီတောင်းနေသော တန်ဘိုဟိုင်ကို ကူညီကာ မတ်တပ်ရပ်စေလိုက်သည်။
" စိတ်မပူနဲ့ မင်းတို့တန်မိသားစုက ငါတို့ယွမ်ဟန်ဂိုဏ်းရဲ့ လက်အောက်ခံဖြစ်နေပြီဆိုတော့ တန်မိသားစုကိစ္စကလဲ ငါ့ကိစ္စလို့ ပြောလို့ရတယ် "
ထိုစကားက ပတ်ပတ်လည်မှ လူများအားလုံးကို အံ့အားသင့်ကာ တုန်လှုပ်သွားစေ၏။
ရဲ့ဟိုင်က ယခုလိုစကားမျိုး ပြောလာမည်ဟု လုံးဝမမျှော်လင့်ထားကြချေ။
" ကောင်းပြီလေ .. တန်ဝမ်ဝမ်ရဲ့ ခန္ဓာကိုယ်ကို ငါအရင်စစ်ဆေးကြည့်တာပေါ့၊ ဘာအမှားတစ်ခုမှ ငါလဲရှာလို့မရဘူးဆိုရင် အထွတ်အထိပ်အဆင့် မှော်ဆေးပညာရှင်တစ်ယောက်ကို ငါဖိတ်ခေါ်ပေးမယ် "
ရဲ့ဟိုင်၏ ထိုကတိပေးစကားကိုကြားလျှင် တန်ဘိုဟိုင် ပါးစပ်ကိုဖွင့်လိုက်သော်လည်း ခဏတာ သူဘာပြောရမှန်းမသိ ဖြစ်သွားသည်။
အခြားလူတွေ တွေးနိုင်သောအရာကို သူတန်ဘိုဟိုင်ကလဲ တွေးနိုင်၏။ ရဲ့ဟိုင်က တန်မိသားစုအတွက် တကယ်ပင် ဤကဲ့သို့ ပြုလုပ်ပေးမည်ဟု ကတိပေးနေသည်လား။
ရဲ့ဟိုင် တန်ဝမ်ဝမ်၏ သွေးခုန်နှုန်းပေါ် လက်နှစ်ချောင်းတင်ပြီး စတင်စစ်ဆေးလိုက်သည်။ အချိန်ကြာလာသည်နှင့်အမျှ သူ၏ မျက်နှာတွင်လည်း လေးနက်သော အမူအရာတစ်ခုက ဖြစ်ပေါ်လာ၏။
" ဒီမိန်းကလေးရဲ့ ခန္ဓာကိုယ်ထဲမှာ အရမ်းကိုအစွမ်းထက်တဲ့ ရှေးဉီးဝိညာဥ်တစ်ခုရှိနေတယ်၊ အင်မော်တယ်အရှင်အဆင့် နတ်အသိစိတ်အာရုံမရှိဘဲနဲ့ သူမအသွေးအသားတွေထဲမှာ နစ်မြုပ်နေတဲ့ အဲ့ဒီရှေးဦးဝိညာဥ်ရဲ့ စွမ်းအားတွေကို ရှာဖွေတွေ့ရှိနိုင်မှာမဟုတ်ဘူး "
ထိုအချိန်တွင် ဆေးဘုရင်အိုး၏ ဝိညာဥ်အသံက ရဲ့ဟိုင်၏ နားထဲသို့ ဝင်ရောက်လာသည်။
" ရှေးဦးဝိညာဥ်စွမ်းအား .. ဟုတ်လား "
" ဟုတ်တယ် ... သူမရဲ့ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ ရှေးဦးဝိညာဥ်က တော်တော်လေးကို ထိခိုက်ဒဏ်ရာရရထားပြီး အသိစိတ်မကျန်တော့ဘူး၊ သူ့ရဲ့ ကျန်ရှိနေတဲ့ ဝိညာဥ်စွမ်းအားတွေကို ကောင်မလေးရဲ့ခန္ဓာကိုယ်ကို ဖြန့်ကျက်ပေးနိုင်မှ သူမ အသက်ရှင်နိုင်မှာ၊ နို့မို့ဆိုရင် အဲ့ဒီဝိညာဥ်စွမ်းအားတည်ရှိမှုကြောင့် သူမရဲ့ခန္ဓာကိုယ်က ပျက်စီးပြီးတော့ သေဆုံးသွားလိမ့်မယ် "
ရဲ့ဟိုင် တစ်ခဏမျှ အတွေးနက်သွား၏။
ထို့နောက်သူ ဆုံးဖြတ်ချက်ချလိုက်ပုံဖြင့်...
" ကြည့်ရတာ ဒီပြဿနာကိုဖြေရှင်းဖို့ တစ်ခုတည်းသောနည်းလမ်းက ရှေးဦးဝိညာဥ်စွမ်းအားတွေကို သူမရဲ့ခန္ဓာကိုယ်ထဲကို ဖြန့်ဝေပေးဖို့ပဲထင်တယ် "
ရဲ့ဟိုင်၏ ထိုစကားကြားလျှင် ဆေးဘုရင်အိုး၏ဝိညာဥ်မှာ တစ်ခဏတိတ်ဆိတ်သွားပြီးနောက်...
" မင်းအဲ့လိုလုပ်လိုက်ရင် ဒီကောင်မလေးရဲ့ ခန္ဓာကိုယ်က ခံနိုင်ရည်ရှိမယ်လို့ထင်လား "
" စိတ်မပူနဲ့ .. ငါသာအဆင့်တက်ပြီးသွားပြီဆိုရင် သူမရဲ့ခန္ဓာကိုယ်ထဲက စွမ်းအားတွေကို ထိန်းချုပ်ပြီးတော့ သူမကို မထိခိုက်အောင်လို့ ပြုလုပ်ပေးနိုင်စွမ်းရှိတယ် "
ရဲ့ဟိုင် ထိုသို့ပြောပြီးသည်နှင့် နောက်ဆုံးမျှော်လင့်ချက်အနေဖြင့် သူ့ကိုကြည့်နေသော တန်ဝမ်ဝမ်အား ပြုံးပြလိုက်ကာ...
" မင်းရဲ့ခန္ဓာကိုယ်ထဲမှာ ပျက်စီးနေတဲ့ ရှေးဦးဝိညာဥ်တစ်ခု ရှိနေတယ် "
" ရှေးဦးဝိညာဥ်ဟုတ်လား "
တန်ဝမ်ဝမ်က ၎င်းကဘာလဲဆိုတာကို နားမလည်သော်လည်း ပတ်ပတ်လည်ရှိ ကျင့်ကြံသူများအားလုံး၏ မျက်နှာအမူအရာကတော့ အကြီးအကျယ် ပြောင်းလဲသွားသည်။
" ရှေးဦးဝိညာဥ် .. အဲ့တာက အင်မော်တယ်အရှင်အဆင့် ကျင့်ကြံသူတွေသာ ပိုင်ဆိုင်နိုင်တဲ့ ဝိညာဥ်မလား "
" တန်ဝမ်ဝမ်ရဲ့ ခန္ဓာကိုယ်ထဲမှာ အင်မော်တယ်အရှင်အဆင့် ရှေးဦးဝိညာဥ်တစ်ခုက ဘယ်လိုလုပ်ပြီး တည်ရှိနေတာလဲ "
" တန်ဝမ်ဝမ် အရင်ဘဝက သူမ သန်မာတဲ့ အင်မော်တယ်အရှင်အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်နေမလား "
တန်ဘိုဟိုင်လဲ ပတ်ပတ်လည်မှလူများ၏ စကားကိုကြားလျှင် အလျင်အမြန်ပင် ရဲ့ဟိုင်ကိုကြည့်ကာ...
" ဂိုဏ်းချုပ် ... ဂိုဏ်းချုပ်မှာ ကုသဖို့အတွက် နည်းလမ်းရှိလား "
" ရှိတယ် .. ဒါပေမဲ့ ကုသတဲ့လုပ်ငန်းစဥ်က အနည်းငယ်တောင် မှားယွင်းလို့မရဘူးဆိုတော့ ငါအဆင့်တက်တဲ့အထိ စောင့်မှရမယ် "
စကားဆုံးသည်နှင့် ရဲ့ဟိုင်၏ခန္ဓာကိုယ်မှ စွမ်းအင်များက ပေါက်ကွဲထွက်လာပြီး သူက ထိပ်ဆုံးတွင်ရှိနေသော ပလ္လင်ပေါ်သို့ တစ်လှမ်းချင်းလှမ်းကာ တက်သွား၏။
" ခရက် "
ပလ္လင်ပေါ်ရောက်သည်နှင့် ရဲ့ဟိုင် သူ၏ခန္ဓာကိုယ်ထဲမှ အတွင်းစွမ်းအားကို အကုန်ဖောက်ခွဲထုတ်ပလိုက်လျှင် ရွှေအင်မော်တယ်အဆင့်ကို ပိတ်ဆို့နေသော အတားအဆီးကလဲ ချက်ချင်းပင် အက်ကွဲသွားခဲ့သည်။
ထိုအတားအဆီးအက်ကွဲသွားသည်နှင့် ရဲ့ဟိုင် သူ၏အသိစိတ်ပင်လယ်ကြီးကလဲ အက်ကွဲသွားသည်ကို ခံစားလိုက်ရ၏။
သူ၏ အသိစိတ်ပင်လယ်မှာ အကန့်အသတ်မှ ထိုးဖောက်ထွက်လာပြီး အဆက်မပြတ် ကျယ်ပြန့်လာ၍ ဝိညာဥ်စွမ်းအား ဆက်တိုက်တိုးလာသည်။
" ငါဘာတွေ့နေရတာလဲ .. ရဲ့ဟိုင်အဆင့်တက်ဖို့ လုပ်နေတာလား "
" အခုချက်ချင်းကြီးလေ .. ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ "
" မင်းက မဖြစ်နိုင်ဘူးပြောနေတယ် ... ဟိုမှာက ရွှေအင်မော်တယ်အဆင့် ( 1 ) ကိုတောင် ရောက်သွားပြီ "
" ဒါဆို ရဲ့ဟိုင်က သူများတွေပြောသလို တကယ်ကျောက်စိမ်းအင်မော်တယ် အဆင့် ( 33 ) မှာပဲ ရှိနေသေးတာပေါ့ "
" ကျောက်စိမ်းအင်မော်တယ်အဆင့် ( 33 ) သူက အင်မော်တယ်အရှင် တိုက်ခိုက်ရေးစွမ်းအားကို ပိုင်ဆိုင်ထားတယ်၊ ဒါကဘယ်လိုတောင် သဘာဝမဆန်တဲ့ ဖြစ်ရပ်ကြီးလဲ "
" တကယ်ကို ရဲ့ဟိုင်က ( 10 ) နှစ်ကြာတဲ့အထိ ကျင့်ကြံအဆင့် လုံးဝမတိုးတက်ခဲ့ဘူးပဲ "
အကုန်လုံးက တအံ့တဩဖြင့် ထပြောနေသည့်အချိန်တွင် ရဲ့ဟိုင်က အသက်ကိုရှူသွင်းရှူထုတ် လုပ်နေရုံဖြင့် ရွှေအင်မော်တယ်အဆင့် ( 2 ) ကို ရောက်ရှိသွားသည်အား တအံ့တဩဖြင့် တွေ့လိုက်ကြရ၏။
" အဆင့်တက်တာ အဲ့လောက်ထိ မြန်တာလား "
" ဒါက ရဲ့ဟိုင် ကျောက်စိမ်းအင်မော်တယ်အဆင့်မှာ ဘယ်လောက်တောင်မှ စွမ်းအင်တွေ စုစည်းထားခဲ့လဲ ဆိုတာကို သက်သေပြနေတာပဲ "
" ဒါပေမဲ့လဲ အဲ့လိုဆိုရင်တောင်မှ အသက်အနည်းငယ် ရှူလိုက်ရုံနဲ့ ရွှေအင်မော်တယ် ဒုတိယအဆင့်ကို ဖြတ်ကျော်သွားတာကို ငါလုံးဝမတွေ့ဖူးဘူး "
ကျင့်ကြံသူများ ထိုသို့အံ့အားသင့်နေသည့်အချိန်တွင် အသက်ရှူကြိမ် အနည်းငယ်ကြာသောအခါ ရဲ့ဟိုင်က ရွှေအင်မော်တယ်အဆင့် ( 3 ) သို့ ရောက်ရှိသွားပြန်သည်။
ထို့နောက်...
" အဆင့် ( 4 ) "
" အဆင့် ( 5 ) "
" အဆင့် ( 6 ) "
ကြည့်နေသောလူများအားလုံး ဘာမှတောင်မပြောနိုင်တော့ဘဲ ပါးစပ်ဟောင်းလောင်း ဖြစ်နေကြ၏။
သူတို့ယခင်က အဆင့်ဆက်တိုက်တက်သည်ကို မြင်တွေ့ခဲ့ဖူးကြသော်လည်း ( 6 ) ဆင့်လောက်ထိကို ဆက်တိုက်ဖြတ်ကျော်သူအား လုံးဝမကြုံဖူးချေ။
ရဲ့ဟိုင်က အခု တစ်ပြိုင်နက်တည်းပင် လူအများရှေ့၌ အဆင့် ( 6 ) ဆင့်ကို ဆက်တိုက်ချိုးဖျက်ခဲ့သည်လား။
မဟုတ်သေးပေ။
သူကဆက်၍ အဆင့်တက်နေဆဲဖြစ်သည်။
***