" ရွှေအင်မော်တယ်အဆင့် ( 8 ) "
" အဆင့် ( 9 ) "
ကျင့်ကြံသူများအားလုံး စိတ်များရှုပ်ထွေးပြီး ကမောက်ကမ ဖြစ်လာသည့်အချိန်တွင် ရဲ့ဟိုင်၏အဆင့်တက်သော အရှိန်နှုန်းက နှေးကွေးသွားသည်ကို လူတိုင်းသတိပြုမိလိုက်ကြ၏။
" သောက်ချီး .. တော်သေးတာပေါ့ အရှိန်နှေးသွားပြီ သူသာဆက်ပြီးတော့ အဆင့်တက်နေမယ်ဆိုရင် ငါနှလုံးခုန်မြန်ရလွန်းလို့ သေဆုံးသွားနိုင်တယ် "
" မဟုတ်ဘူး ရဲ့ဟိုင်အဆင့်တက်တာ အရှိန်နှေးသွားပေမဲ့ ဆက်ပြီးဖြတ်ကျော်နိုင်သေးတယ်လို့ ငါထင်တယ် အနည်းဆုံးတော့ သူက ရွှေအင်မော်တယ်အဆင့် ( 12 ) လောက်ထိကို ရောက်နိုင်မှာ အသေအချာပဲ "
ထိုအချိန်တွင် ရဲ့ဟိုင်က ရွှေအင်မော်တယ်အဆင့် ( 10 ) ထိ အဆင့်တက်သွားသည်။
ထိုမြင်ကွင်းက အကုန်လုံး၏ စိတ်များကို ထုံကျဥ်လာစေပြီး ဘာပြောရမှန်းမသိတော့ချေ။
လက်ရှိအချိန်တွင် ရဲ့ဟိုင်၏ကျင့်ကြံအဆင့်က ဆက်လက်၍ ပိုမိုနှေးကွေးသွားမည့် အရိပ်အယောင် မရှိသေးဘူးဖြစ်၏။
" ရွှေအင်မော်တယ်အဆင့် ( 11 ) "
" ရွှေအင်မော်တယ်အဆင့် ( 12 ) "
ရွှေအင်မော်တယ်အဆင့် ( 12 ) သို့ ရောက်သည့်အချိန်တွင်တော့ ရဲ့ဟိုင်၏ခန္ဓာကိုယ်ထဲတွင်ရှိသော စွမ်းအင်အတက်အကျလှိုင်းများက လုံးဝကို လျော့နည်းသွားခဲ့သည်။
" မဟုတ်သေးဘူး .. အဆင့် ( 12 ) က သူ့ကိုကုဖို့ဆို မလုံလောက်သေးတာ အသေအချာပဲ "
ရဲ့ဟိုင် ချက်ချင်းပင် အဆင့် ( 5 ) ဝိညာဥ်အရည်တစ်ပုလင်းကိုဖွင့်ပြီး သောက်ချလိုက်၏။
တစ်ပုလင်းကုန်သွားသောအခါ ရဲ့ဟိုင်နောက်ထပ် နှစ်ပုလင်းကိုထုတ်ပြီး ထပ်မံသောက်လိုက်သည်။
" ချီး .. သေစမ်း "
" ရဲ့ဟိုင်က အဆင့် ( 5 ) ဝိညာဥ်အရည်တွေကို ရေသောက်သလို သောက်နေတာလား "
" သူတစ်ခါတည်း သုံးပုလင်းတောင်သောက်လိုက်တယ် .. စားပိုးနင့်ပြီး သေမှာကို မစိုးရိမ်ဘူးလား "
ရဲ့ဟိုင်သည် အဆင့် ( 5 ) ဝိညာဥ်အရည်ကို သုံးပုလင်းဆက်တိုက် ဤကဲ့သို့ သောက်ရဲသည့် အကြောင်းအရင်းမှာ သူ၏အခြေခံအုတ်မြစ်အတွက် လုံးဝစိတ်မပူသောကြောင့်ဖြစ်၏။
" မဟာတာအို နှလုံးသား "
မဟာတာအို နှလုံးသားဖြင့်ဆိုလျှင် သူ၏အခြေခံအုတ်မြစ်ကို အချိန်မရွေး ခိုင်မာကျစ်လစ်စေနိုင်စွမ်းရှိသည်။
" ရွှေအင်မော်တယ်အဆင့် ( 13 ) "
" ရွှေအင်မော်တယ်အဆင့် ( 14 ) "
" ရွှေအင်မော်တယ်အဆင့် ( 15 ) "
ထိုအဆင့်ကိုရောက်သောအခါ ရဲ့ဟိုင်သည် အဆင့် ( 6 ) ဝိညာဥ်အရည်သုံးပုလင်းကို ထပ်မံ၍ ပါးစပ်ထဲသို့ ရေသောက်သလို လောင်းထည့်လိုက်ပြန်၏။
ရလဒ်ကတော့ ရဲ့ဟိုင်၏ ကျင့်ကြံအဆင့် တဖန်အရှိန်မြင့်တက်လာခြင်းပင်။
" ရွှေအင်မော်တယ်အဆင့် ( 16 ) "
" ရွှေအင်မော်တယ်အဆင့် ( 17 ) "
" ရွှေအင်မော်တယ်အဆင့် ( 18 ) "
ကျင့်ကြံသူအများအပြားက ရဲ့ဟိုင်ဘယ်လောက်အထိ အဆင့်တက်နိုင်မလဲဆိုတာကို စောင့်မျှော်နေကြသည့်အချိန်တွင် ရဲ့ဟိုင် ကျင့်ကြံခြင်းကို ခဏရပ်တန့်လိုက်သည်။
" ယင်းအာ "
ရဲ့ဟိုင် သူ၏ဘေးနားမှ ခွန်ယင်းအာကို ကြည့်လိုက်၏။
ခွန်ယင်းအာ ချက်ချင်းပင် ရဲ့ဟိုင်အနားသို့ ကပ်သွားလိုက်ကာ ...
" သခင် ဘာကိစ္စရှိလို့လဲ "
ရဲ့ဟိုင် ခွန်ယင်းအာကို တစ်ချက်ကြည့်ပြီး သူမ၏လက်ကို ကိုင်လိုက်၏။ ထို့နောက် ခွန်ယင်းအာ သူမ မိုးကောင်းကင်အင်မော်တယ်နန်းတော်ထဲ ရောက်ရှိသွားကြောင်း အံ့အားသင့်စွာဖြင့် တွေ့လိုက်ရသည်။
" သခင် .. ကျွန်မကို ဒီထဲဘာလို့ ခေါ်လာတာလဲ "
" မင်းရဲ့ကျင့်ကြံအဆင့်ကို တိုးတက်အောင် လုပ်ပေးဖို့ပဲ "
ရဲ့ဟိုင် ခပ်တည်တည်ပင် ပြောလိုက်၏။
" အမ် ... "
တစ်ဖက်တွင် ခွန်ယင်းအာက ထိုစကားကြောင့် ဆွံ့အသွားသည်။ သူတို့ ဂိုဏ်းဖွင့်ပွဲ မကျင်းပရေသေးချေ .. ဒါကို ကျင့်ကြံရမည်ဆိုတော့ ...
" လာမယ့်နှစ်ပိုင်းအတွင်းမှာ မင်းရဲ့ကျင့်ကြံအဆင့်ကို အစွမ်းကုန်တိုးတက်အောင်လို့ ဒီနေရာမှာ ကျင့်ကြံရမယ် "
" သခင် နောက်မနေတာသေချာလား .. အခုက ဂိုဏ်းဖွင့်ပွဲအခမ်းအနားကြီး လုပ်နေတာလေ၊ ဘယ်လိုလုပ်ကျင့်ကြံနိုင်မှာလဲ "
ခွန်ယင်းအာ တအံ့တဩဖြင့် မေးလိုက်၏။
" စိတ်မပူနဲ့ .. လက်ရှိအချိန်မှာ မိုးကောင်းကင်အင်မော်တယ်နန်းတော်ကို ငါ အချိန်စွမ်းအားနဲ့ ဖုံးလွှမ်းထားလိုက်ပြီ၊ အဲ့တာကြောင့် မင်းဒီမှာ ( 10 ) နှစ်တာလောက်ကျင့်ကြံတာက အပြင်ဘက်မှာတော့ စက္ကန့်ပိုင်းအချိန်ပဲ ကွာခြားသွားလိမ့်မယ် "
ရဲ့ဟိုင် ခွန်ယင်းအာကိုကြည့်ကာ အပြုံးနှင့်အတူ ပြောလိုက်သည်။
သို့သော် ထိုစကားက ခွန်ယင်းအာ၏ မျက်လုံးများကို အပြင်သို့ ခုန်ထွက်လာတော့မည့်အလား ပြူးကျယ်သွားစေ၏။
ခွန်ယင်းအာ၏ တုန်လှုပ်နေသော အမူအရာကိုကြည့်ပြီး ရဲ့ဟိုင်ပြုံးလိုက်ကာ...
" ယွမ်ဟန်ဂိုဏ်းမှာ အမာခံအဖွဲ့ဝင်တွေ မရှိဘူးလို့ မင်းပြောခဲ့တယ်မလား၊ ငါအခုမင်းကို အမာခံအဖွဲ့ဝင်( 3 ) သောင်း ချက်ချင်းလေ့ကျင့်ပေးမယ် "
ယွမ်ဟန်ဂိုဏ်း၏ နယ်မြေကို ချဲ့ထွင်လာသည်နှင့်အမျှ ရဲ့ဟိုင်သည် ခွန်ယင်းအာအား ထိပ်သီးပါရမီရှင် ( 3 ) သောင်းကို ရှာဖွေကာ စုဆောင်းခိုင်းခဲ့သည်။ ယခုတော့ ထိုပါရမီရှင်အယောက် ( 3 ) သောင်းကို ရဲ့ဟိုင်သူကိုယ်တိုင် လေ့ကျင့်ပေးတော့မည်ဖြစ်၏။
ခွန်ယင်းအာသည် အလွန်ပင် အံ့အားသင့်နေသော်လည်း ရဲ့ဟိုင်၏ ထူးဆန်းသောလုပ်ရပ်များကို ပြန်တွေးမိလိုက်သောအခါ သိပ်မအံ့ဩတော့ချေ။ သို့သော် သူမ၏မျက်နှာတွင် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လာသည်။
" သခင် .. အချိန်ရဲ့စွမ်းအားဆိုတာက တားမြစ်ထားတဲ့ အရာတစ်ခုပဲ၊ လူအယောက် ( 3 ) သောင်း သိသွားပြီး ဖော်ထုတ်ခံလိုက်ရမှာ မစိုးရိမ်ဘူးလား "
ခွန်ယင်းအာ အလေးအနက် အမူအရာဖြင့် မေးလိုက်၏။
" စိတ်မပူနဲ့ အဲ့ဒီတပည့် ( 3 ) သောင်းလုံးရဲ့ အသိစိတ်ပင်လယ်ထဲမှာ မှတ်ဉာဏ်တွေကိုငါ ဖြတ်ထုတ်ပြီးတော့ မှတ်ဉာဏ်အသစ်ပြန်ပြီး ထည့်ပေးလိုက်မယ် "
ရဲ့ဟိုင် ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။ သူက ဤအရာကို ပြုလုပ်ရဲမှတော့ ဖြေရှင်းနည်းကို အစောကြီးကတည်းက စဥ်းစားထားပြီးဖြစ်၏။
" အဲ့လိုဆိုရင်တောင်မှ သခင့်ရဲ့လက်ရှိစွမ်းအားနဲ့ လူအယောက် ( 3 ) သောင်းလုံးရဲ့ မှတ်ဉာဏ်တွေကို ဒီလိုလုပ်ဖို့က မလွယ်မှာကို စိုးရိမ်မိပါတယ် "
ခွန်ယင်းအာ စိတ်သက်သာရာ ရသွားခြင်းမရှိဘဲ ပို၍ပင် စိုးရိမ်ပူပန်စွာ ပြောလိုက်သည်။
" အဲ့ဒါကိုလဲ ပူစရာမလိုဘူး .. ငါရွှေအင်မော်တယ်အဆင့် ( 33 ) ကို ရောက်တဲ့အချိန်ကျရင် သူတို့ရဲ့မှတ်ဉာဏ်တွေကို အဲ့လိုလုပ်နိုင်စွမ်းရှိသွားပြီ "
" မဟုတ်သေးဘူးနော် .. သခင်အဆင့်တက်ဖို့က ကြာအုံးမှာလေ၊ ရွှေအင်မော်တယ်အဆင့် ( 33 ) ကို ရောက်ဖို့ဆိုရင် အင်မော်တယ်ဘုရင်အဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ စိတ်ဝိညာဥ်နဲ့ ဖန်တီးထားတဲ့ ဝိညာဥ်သလင်းကျောက်တစ်ခု လိုအပ်တယ်ဆို ... "
ခွန်ယင်းအာ မျက်မှောင်ကုပ်၍ မေးလိုက်၏။
" မင်း .. ဒါကိုပြောနေတာလား "
ချက်ချင်းပင် ရဲ့ဟိုင်၏လက်ထဲ၌ ဝိညာဥ်သလင်းကျောက်တစ်ခုက ထွက်ပေါ်လာပြီး ကြောက်စရာဝိညာဥ်စွမ်းအားက အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားသည်။
ထိုသလင်းကျောက်ထဲတွင် ခွန်ယင်းအာသည် အကန့်အသတ်မဲ့သော ဝိညာဥ်စွမ်းအားများ တည်ရှိနေသည်ကို ကောင်းကောင်းကြီး ခံစားနေရလေ၏။
***