" ဟား .. ဟား ကောင်းတယ်၊ ကောင်လေး မင်းသူ့ကို အဲ့လိုသာ အဆက်မပြတ်ဖိအားပေးနေ .. ကျန်တာငါ့တာဝန်ထားလိုက် "
ဆေးဘုရင်အိုး၏ ဝိညာဥ် ဝမ်းသာအားရဖြင့် သွေးနတ်ဆိုးဓား၏ ပိုပြင်းထန်လာသော တန်ပြန်တိုက်ခိုက်မှုများကို စွမ်းအားကုန်ထုတ်ကာ အကြိမ်ကြိမ် အခါခါ ရပ်တန့်ပြီး ပိတ်ဆို့လိုက်၏။
ဤသို့ဖြင့် အချိန်များက တဖြည်းဖြည်း ကုန်ဆုံးသွားပြီး နောက်ဆုံးတွင် သွေးနတ်ဆိုးဓားသည် သူ၏ တိုက်ခိုက်မှုများအားလုံး ရပ်တန့်သွားခဲ့လေ၏။
အရောင်အဆင်းကင်းမဲ့နေသော သွေးနတ်ဆိုးဓားကိုကြည့်ပြီး ဆေးဘုရင်အိုး၏ ဝိညာဥ် ပြုံးလိုက်သည်။
" နောက်ဆုံးတော့ ဒီကောင် လုံးဝကို စွမ်းအားထပ်ပြီးထုတ်သုံးဖို့ ခွန်အားမရှိတော့ဘူး၊ ဒီအခြေအနေနဲ့ဆိုရင် မင်းသာကျင့်ကြံအဆင့် ပိုမြင့်လာတာနဲ့အမျှ သွေးနတ်ဆိုးဓားထဲက ဝိညာဥ်ကို တိုက်ရိုက်ဖယ်ရှားနိုင်လိမ့်မယ်၊ ပြီးရင် အဲ့ဒီသွေးနတ်ဆိုးဓားက မင်းရဲ့ကိုယ်ပိုင်လက်နက် ဖြစ်လာမှာပဲ "
" ကောင်းပြီ "
ရဲ့ဟိုင် သူကိုယ်တိုင်လဲ လက်ရှိအချိန်တွင် သွေးနတ်ဆိုးဓားကို ကိုင်ဆောင်နိုင်မည် မဟုတ်ဘူးဆိုတာကို သိရှိ၏။
၎င်းဓားကို ကိုင်ဆောင်ရန်အတွက်လည်း သူ့တွင် အရည်အချင်းမရှိပေ။ အနည်းဆုံးတော့ သူ၏ကျင့်ကြံအဆင့်က အင်မော်တယ်သခင်အဆင့်ကို ရောက်ရှိသည့်အချိန်မှ သွေးနတ်ဆိုးဓားကို ကိုင်ဆောင်ရန်အတွက် စဥ်းစားထားသည်။
ဤသို့ဖြင့် ရဲ့ဟိုင် မိုးကောင်းကင်အင်မော်တယ် နန်းတော်ထဲမှ ပြန်ပြီးထွက်ခွာခါနီးတွင် ခြေလှမ်းများရပ်တန့်သွား၏။ ထို့နောက် သူ တစ်စုံတစ်ခုကို ခံစားမိသည့်ပုံဖြင့် အကြည့်များက မိုးကောင်းကင်အင်မော်တယ်နန်းတော်၏ စတုတ္တထအလွှာသို့ ရောက်ရှိသွားသည်။
" ကြည့်ရတာ .. ကောင်လေး မင်းရဲ့ အစေခံက အင်မော်တယ်အရှင်အဆင့်ကို အဆင့်တက်နေတဲ့ပုံပဲ "
ဆေးဘုရင်အိုး၏ ဝိညာဥ်မှာ အပြုံးနှင့်အတူ ပြောလိုက်၏။
" အကြီးအကဲ နတ်ဆိုးဝတ်ရည်က ကျင့်ကြံသူတစ်ယောက်ကို ဘယ်အဆင့်လောက်ထိ မြှင့်တင်ပေးနိုင်လဲဆိုတာကို သိလို့ရမလား "
ရဲ့ဟိုင် တစ်ခဏစဥ်းစားပြီးနောက် ဆေးဘုရင်အိုး၏ ဝိညာဥ်အား မေးလိုက်သည်။
" သာမန်အားဖြင့်ဆိုရင်တော့ အထူးအခြေအနေ မရှိဘူးဆိုရင် နတ်ဆိုးဝတ်ရည်က ကျင့်ကြံသူတစ်ယောက်ကို အင်မော်တယ်အရှင် အစောပိုင်းအဆင့်ထိပဲ ရောက်စေနိုင်တယ် "
" အထူးအခြေအနေ .. ဟုတ်လား၊ ဘယ်လိုအထူးအခြေအနေလဲ အကြီးအကဲ "
" ဒါက နတ်ဆိုးဝတ်ရည်ကို အသုံးပြုထားတဲ့ ကျင့်ကြံသူက ထပ်ပြီးတော့ အထူးအခွင့်အရေးတစ်ခု ကြုံမှသာ သူကအင်မော်တယ်အရှင် အထွတ်အထိပ်အဆင့်ကို ရောက်ရှိနိုင်လိမ့်မယ်လို့ ပြောချင်တာ "
" ဒါဆို ကမ္မကုသိုလ်ရွှေအလင်းကို သုံးရင်ကော သူမက အင်မော်တယ်အရှင် အထွတ်အထိပ်အဆင့်ကို ရောက်ရှိနိုင်လား "
" ကမ္မကုသိုလ်ရွှေအလင်း မင်းမှာရှိနေတာလား "
ကမ္မကုသိုလ်ရွှေအလင်းဆိုသော စကားကိုကြားလျှင် ဆေးဘုရင်အိုး၏ဝိညာဥ်မှာ အလန့်တကြားပင် အော်ဟစ်လိုက်၏။
" ဟုတ်ကဲ့ "
ရဲ့ဟိုင်ခေါင်းညိတ်လိုက်သည်။
" ကမ္မကုသိုလ်ရွှေအလင်းရဲ့ အဓိကဇစ်မြစ်ကို မင်းသိလား "
ဆေးဘုရင်အိုး၏ ဝိညာဥ် ထိုသို့ပြောလာလျှင် ရဲ့ဟိုင် မျက်ခုံးပင့်သွား၏။
" သူ့မှာဘာထူးခြားချက်ရှိလို့လဲ အကြီးအကဲ "
" အဲ့တာက ..... "
ဆေးဘုရင်အိုး၏ဝိညာဥ်သည် ရဲ့ဟိုင်အနားသို့ကပ်ကာ တီးတိုးပြောလိုက်သည်။ ကြည့်ရသည်မှာ သူ၏အသံကို ကောင်းကင်ကကြားသွားမှာ စိုးရိမ်နေသည့်ပုံပင်။
ထို့နောက်သူ အနောက်ပြန်ဆုတ်သွားလေ၏။
" အကယ်၍ မင်းရဲ့အစေခံက ကမ္မကုသိုလ်ရွှေအလင်းကို လုံလုံလောက်လောက် ရရှိမယ်ဆိုရင် အင်မော်တယ်အရှင် အထွတ်အထိပ်အဆင့်ကို ရောက်ရှိနိုင်မှာ အသေအချာပဲ "
" ဒါဆိုရင် သူမ အင်မော်တယ်ဘုရင်အဆင့်ကိုကော ရောက်နိုင်မလား "
" အဲ့တာကတော့ ငါလဲသေချာမသိဘူး "
ရဲ့ဟိုင် ချင်ချင် အဆင့်တက်သည်ကို နှောင့်ယှက်ခြင်းမရှိတော့ဘဲ ချက်ချင်းပင် မိုးကောင်းကင်အင်မော်တယ်နန်းတော်ထဲမှ ထွက်ခွာလာခဲ့လေသည်။
သူပြင်ပကမ္ဘာသို့ ပြန်ရောက်သည့်အချိန်တွင် အပြင်၌အချိန်က တစ်ခဏသာ ကုန်ဆုံးသေး၏။
" သွေးနတ်ဆိုးဓားကို ငါစည်းတံဆိပ်ခတ်ပြီးတော့ ချိတ်ပိတ်ထားလိုက်ပြီ "
ရဲ့ဟိုင် အခန်းထဲရှိ လူများအားလုံးကို ဝှေ့ကြည့်လိုက်ပြီး တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။
ထိုစကားကြားမှသာ ခန်းမထဲတွင်ရှိသော လူများအားလုံး သက်ပြင်းချလိုက်ကြ၏။ နှစ်ပေါင်းများစွာ အရှေ့ပိုင်းကုန်းမြေတိုက်ကြီးကို ခြိမ်းခြောက်ခဲ့သော သွေးနတ်ဆိုးဓားက ရဲ့ဟိုင်၏ လက်ထဲတွင် ဤကဲ့သို့ဆုံးရှုံးသွားမည်ဟု မည်သူမှ မမျှော်လင့်ထားချေ။
သွေးနတ်ဆိုးဓားကို ရဲ့ဟိုင်က ဖျက်ဆီးနိုင်လိုက်ပြီဟုတော့ မည်သူမှ မယုံကြည်ဘူးဖြစ်သည်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ ရဲ့ဟိုင်၏ ကျင့်ကြံအဆင့် တဖြည်းဖြည်း တိုးတက်လာမည်ဖြစ်ပြီး အင်မော်တယ်ဘုရင်အဆင့်သို့ ရောက်ရှိလာမည်ဖြစ်၏။ အင်မော်တယ်ဘုရင်အဆင့်သို့ ရောက်ရှိလာသည့်အချိန်တွင် ၎င်းသွေးနတ်ဆိုးဓားကို ရဲ့ဟိုင်အနေဖြင့် အလွယ်တကူ ဖျက်ဆီးနိုင်စွမ်းရှိလေသည်။
ထို့နောက် ဂိုဏ်းအသီးသီးမှ ခေါင်းဆောင်များအကုန်လုံးက ယွမ်ဟန်ဂိုဏ်း၏ တည်ရှိလာမှုကို ဂုဏ်ပြုကာ ကြိုဆိုခြင်းအခမ်းအနား ကျင်းပကြ၏။
အကုန်လုံးကလည်း ရဲ့ဟိုင်အား လက်ဆောင်များ တစ်ခုပြီးတစ်ခု ပေးကြသည်။ ရဲ့ဟိုင်ပြုံး၍ပင် ထိုဂိုဏ်းပေါင်းစုံမှ ခေါင်းဆောင်များ၏ ကြင်နာမှုကို တလေးတစား လက်ခံလိုက်၏။
ဤသို့ဖြင့် ထင်ရှားသော ပုဂ္ဂိုလ်ကြီးများအားလုံး ၎င်းလက်ဆောင်ကို ပေးအပ်ပြီးနောက် ရဲ့ဟိုင်မတ်တပ်ထရပ်လိုက်ကာ...
" ဝိုင်ယူလာခဲ့ "
ချက်ချင်းပင် ဝိုင်နံ့က ခန်းမတစ်ခုလုံး မွှေးကြိုင်သွားပြီး လူတိုင်း၏ရှေ့သို့ ကျောက်စိမ်းပုလင်းဖြင့်ထည့်ထားသော ဝိုင်အိုးများက ရောက်ရှိလာသည်။
အဓိကဂိုဏ်းကြီးများမှ ကျင့်ကြံသူများအားလုံး ၎င်းဝိုင်ကို ပထမဆုံးတစ်ခွက် သောက်သုံးလိုက်သည်နှင့် မျက်လုံးများက အရောင်များ တလက်လက် တောက်ပလာကြတော့၏။
" ဒါ .. ဝိုင်နယ်မြေက အနှစ်သာရကိုးမျိုးဝိုင်နဲ့ တူပုံပဲ "
" မင်းဆီမှာ တော်တော်လေးကို အရသာခံတတ်တဲ့ပါးစပ်ရှိတာပါလား .. သေချာပေါက် ဝိုင်နယ်မြေရဲ့ အနှစ်သာရကိုးမျိုး ဝိုင်တစ်ခုတည်းကသာ ဒီလိုအရသာကို ပေးစွမ်းနိုင်တာလေ "
***