အဆင့် ( 6 ) အကြီးကဲ ထွက်သွားသောအခါ ဝမ်ရွှမ် တစ်ခဏစဉ်းစားပြီးနောက် ခွက်တစ်ခွက်ထဲသို့ အရက်များကို လောင်းထည့်လိုက်ပြီး ခွက်ကိုမြှောက်လိုက်၏။
" ဝမ်ရွှမ်က အကူအညီအတွက် ကျေးဇူးတင်ပါတယ် အကြီးအကဲ .. ဒီဝိုင်တစ်ခွက်က အကြီးအကဲ အတွက်ပါပဲ "
" ဝမ်ရွှမ် "
" သူက ဝမ်ရွှမ်ဆိုတဲ့ တစ်ယောက်လား "
အခြားစားပွဲမှ လူတချို့က တအံ့တဩဖြင့် ရေရွတ်လိုက်လျှင် ကျန်သည့်သူများက ထိုလူကိုစိုက်ကြည့်ကာ...
" မင်းက ဝမ်ရွှမ်ဆိုတဲ့ နာမည်ကို သိလို့လား "
" သိတာပေါ့ .. ဝမ်ရွှမ်ဆိုတာက တောင်ပိုင်းလျှို့ဝှက်ဓားဂိုဏ်းက ဓားသမားတစ်ဦးပဲလေ "
" အထူးသဖြင့် ဝမ်ရွှမ်က တောင်ပိုင်းဓားသမားတွေထဲမှာ ထိပ်တန်း ( 10 ) ယောက်ထဲ အဆင့်သတ်မှတ်ခံထားရတဲ့သူပဲ "
" သူလုံးဝကြောက်ရွံ့စိတ်မရှိတာ မထူးဆန်းတော့ဘူး .. ဘာလို့လဲဆိုတော့ ဝမ်ရွှမ်ကို ကောင်းကင်ဓားမြို့တော်က လုံးဝထိရဲမှာ မဟုတ်လို့လေ "
ကျန်သူများကလဲ ခေါင်းညိတ်လိုက်ပြီး...
" ဒါပေါ့ ထိပ်တန်းပါရမီရှင် တော်တော်များများကို ဘယ်သူတွေက အလွယ်တကူထိရဲလို့လဲ၊ နောက်ထပ် ( 10 ) စုနှစ်အနည်းငယ်ဆိုရင် ဒီမျိုးဆက်သစ်ပါရမီရှင်တွေက မျိုးဆက်ဟောင်းတွေကို ကျော်လွန်သွားတော့မှာ "
တစ်ဖက်တွင် ဝမ်ရွှမ်သည် အရက်ခွက်ကို မော့ကာသောက်လိုက်ပြီး ပတ်ပတ်လည်မှ ကျင့်ကြံသူများကို သေချာစောင့်ကြည့်ခဲ့သော်လည်း သူ့ကိုကူညီခဲ့သောသူမှာ ဘယ်သူလဲဆိုတာကို သဲလွန်စရှာတွေ့ခဲ့ခြင်းမရှိပေ။ ထိုအချက်ကသူ့အား စိတ်ပျက်လက်ပျက် ဖြစ်သွားစေသည်။
" လျှို့ဝှက်ဓားဂိုဏ်း "
တစ်ဖက်တွင် ရဲ့ဟိုင်၏မျက်လုံးက အရောင်တလက်လက် တောက်ပလာ၏။
" မင်းအဲ့ဒီ ဂိုဏ်းကို သိလို့လား "
ဝူမင် တအံ့တဩဖြင့် ရဲ့ဟိုင်ကိုမေးလိုက်သည်။
" လျှို့ဝှက်ဓားဂိုဏ်းဆိုတာက ရွှေဘီးအင်မော်တယ်ဘုရင် လျှို့ဝှက်တည်ထောင်ခဲ့တဲ့ ဂိုဏ်းတစ်ခုပဲလေ "
ထိုစကားက ဝူမင်ကို မျက်လုံးပြူးသွားစေ၏။
" ရဲ့ဟိုင် မင်း သေချာလား "
ဝူမင်၏ ထိုတအံ့တဩအမူအရာကြောင့် ရဲ့ဟိုင်မျက်မှောင်ကုပ်သွားသည်။
" ဘာဖြစ်လို့လဲ .. မင်းလဲ သူတို့ကိုသိတာလား "
" အင်း .. သူ့နာမည်က ဝမ်ရွှမ် ဆိုရင်တော့ ငါသူ့ကိုသိတယ်၊ လျှို့ဝှက်ဓားဂိုဏ်းဆိုတာက တောင်ပိုင်းဒေသကြီးတစ်ခုလုံးမှာတောင်မှ သိသူက နည်းနည်းပဲရှိတော့တာ၊ ဝမ်ရွှမ်နဲ့ ဝမ်ယွီတို့ နှစ်ယောက်ရဲ့ ကျော်ကြားမှုကြောင့်သာမဟုတ်ရင် လျှို့ဝှက်ဓားဂိုဏ်းက လူတိုင်းရဲ့ အမြင်ကနေ ပျောက်ကွယ်သွားနေတာကြာပြီ "
ဝူမင် ရဲ့ဟိုင်ကို တီးတိုးပြောလိုက်၏။
" မင်းကသူတို့အကြောင်း တော်တော်သိနေတာပဲ "
ရဲ့ဟိုင် ဝူမင်ကို တအံ့တဩဖြင့် ပြန်မေးလိုက်သည်။
" ဒါပေါ့ .. မင်းနဲ့မတွေ့ခင် ငါ့ရဲ့ဆရာငါ့ကို တောင်ပိုင်းဒေသကြီးတစ်ခုလုံးကို ခေါ်သွားပြီးတော့ အဲ့ဒီမှာကျင့်ကြံစေခဲ့တာလေ "
" ဒါဆို အဲ့ဒီလျှို့ဝှက်ဓားဂိုဏ်းရဲ့ ဂုဏ်သတင်းက ဘယ်လိုအခြေအနေရှိလဲ "
" အဲ့တာတော့ .. ငါမသိဘူး "
ဝူမင်သည် ထိုအကြောင်းကို အခြားလူများထံကသာ အနည်းငယ် ကြားနိုင်ခဲ့ခြင်းဖြစ်ပြီး လျှို့ဝှက်ဓားဂိုဏ်း၏ ဂုဏ်သတင်းအစစ်အမှန်ကိုတော့ လုံးဝသိရှိခြင်းမရှိပေ။
ရဲ့ဟိုင် တစ်ခဏစဥ်းစားပြီးနောက် သူဆက်လက်၍ စောင့်ကြည့်နေရန်သာ ဆုံးဖြတ်လိုက်လေ၏။
ဤသို့ဖြင့် နာရီဝက်အကြာတွင် ရဲ့ဟိုင်နှင့် ဝူမင်တို့ ကောင်းကင်ဓားမြို့တော်၌ ကျင်းပသော လေလံပွဲဆီသို့ ထွက်ခွာလာခဲ့သည်။
လေလံပွဲဆီသို့ရောက်သောအခါ ရဲ့ဟိုင်နှင့် ဝူမင်တို့ နှစ်ယောက်လုံး တာအိုကျောက်တုံးတစ်ထောင်စီပေးပြီး လေလံခန်းမထဲသို့ ဝင်ရောက်လာခဲ့၏။
ထို့နောက် လေလံခန်းမ တာဝန်ရှိသူများက ရဲ့ဟိုင်နှင့်ဝူမင်တို့ကို အပေါ်ထပ်ရှိ လဟာပြင်ထဲမှ စားပွဲဝိုင်းတစ်ခုဆီသို့ ခေါ်ဆောင်သွားသည်။
ဝူမင် ထိုစားပွဲဝိုင်းတွင် ထိုင်ချလိုက်ပြီး ဒေါသတကြီးဖြင့်...
" ချီးပဲ .. ဒီလေလံပွဲမှာ သီးသန့်အခန်းလေးဘာလေးတောင် မရှိဘူးလား "
" ကြည့်ရတာ ရှင် ဒီလေလံပွဲအကြောင်း သေချာမစုံစမ်းခဲ့ဘူးပဲ၊ ကောင်းကင်ဓားမြို့တော်ရဲ့ လေလံပွဲမှာ သီးသန့်ခန်းဆိုတာမရှိဘူးလေ၊ အကုန်လုံးက တန်းတူပဲထိုင်ကြရတာ "
ရဲ့ဟိုင်နှင့် ဝူမင်၏ နားထဲသို့ နူးညံ့ကာ သိမ်မွေ့ကြည်လင်သော အသံတစ်ခုက ထွက်ပေါ်လာလျှင် နှစ်ယောက်လုံး လှည့်ကြည့်လိုက်ကြ၏။
ထိုသို့လှည့်ကြည့်လိုက်သည်နှင့် အလွန်လှပသည့် အမျိုးသမီးငယ်တစ်ယောက်ကို တွေ့လိုက်ရသည်။ သူမ၏မျက်ခုံးများက လခြမ်းကွေးနှင့်တူညီပြီး မျက်လုံးများက ကြယ်လေးများလို တောက်ပနေ၏။ အသားအရေကလဲ ကျောက်စိမ်း၏ တောက်ပမှုလို လင်းလက်ကာ ကြည်လင်နေသည်။
" ကျေးဇူးပြုပြီး .. ကျွန်မဒီမှာထိုင်လို့ရလား "
ထိုအမျိုးသမီးငယ်က တလေးတစားပင် ပြောလိုက်လျှင် ရဲ့ဟိုင် ပြုံး၍ မတ်တပ်ထရပ်လိုက်ပြီး ထိုင်ရန်နေရာကို ညွှန်ပေးလိုက်၏။
တစ်ဖက်တွင် ကောင်မလေးက ဝင်ထိုင်ရန်ကြံရွယ်သော်လည်း ဝူမင်က မတ်တပ်မရပ်သည်ကို တွေ့သောအခါ သူမတုံ့ဆိုင်းသွားသည်။
ရဲ့ဟိုင် ဝူမင်၏ ပုခုံးကိုပုတ်လိုက်ပြီး...
" မင်းကဘာလို့ မထသေးတာလဲ "
ချက်ချင်းပင် ဝူမင်၏နှုတ်ခမ်းထောင့်က တွန့်ကွေးသွား၏။
" ရဲ့ဟိုင် မင်းရဲ့ အချစ်ပိုးက ပြန်ကြွလာပြန်ပြီလား "
သူမျက်နှာမသာမယာဖြင့် အသံပို့လွှတ်ကာ ပြောလိုက်ပြီး မတ်တပ်ထရပ်လိုက်သည်။
" ခွေးကောင် မင်းကမှအချစ်ပိုးတွေ ခန္ဓာကိုယ်တစ်ခုလုံးပြည့်နေလို့ ငါ့ကိုယွမ်ဟန်ဂိုဏ်းထိ လာပြီးခေါ်ရတာ မဟုတ်ဘူးလား "
ရဲ့ဟိုင် အသံတိတ်ပင် ပြန်ပြောလိုက်၏။
တကယ်တော့ ဝူမင် ရဲ့ဟိုင်ကို နောက်နေခြင်းဖြစ်သည်။ ခွန်ယင်းအာဆိုသည်မှာ အရှေ့ပိုင်းကုန်းမြေတိုက်ကြီး၏ ရင်သပ်ရှုမောဖွယ် အလှနတ်ဘုရားဟု သတ်မှတ်ခြင်းခံထားရသော်လည်း သူမက လက်ရှိအချိန်ထိ အပျိုဖြစ်နေဆဲပင်။
ခွန်ယင်းအာဆိုသည်မှာ ရဲ့ဟိုင်၏အစေခံဖြစ်သဖြင့် သူသာလိုချင်လျှင် အချိန်မရွေး တော်ကောက်လို့ရလေ၏။
ယခုလဲ သူ၏ရှေ့တွင်ရှိသောမိန်းကလေးက တကယ်ကို လှပပေသည်။ သို့သော်လည်း ရဲ့ဟိုင်၏ စိတ်ဝင်စားခြင်းကို ရရှိရန်တော့ မထိုက်တန်သေးပေ။
ဝူမင်က မတ်တပ်ထရပ်လိုက်လျှင် ကောင်မလေးမှာ ကျေးဇူးတင်စကားပြောလိုက်ပြီး ဝူမင်၏ ဘေးနားခုံတွင် ထိုင်လိုက်၏။
ထိုအချက်က ဝူမင်၏မျက်နှာကို သိသိသာသာ ရှုတ်မဲ့သွားစေသောအခါ ကောင်မလေး ရှက်ရွံ့သောအမူအရာဖြင့် ချက်ချင်းပင် ထိုင်ခုံမှ ထပြောင်းသွားသည်။
အချိန်ကြာလာသည်နှင့်အမျှ ကျင့်ကြံသူများက လေလံခန်းမထဲ ပြည့်နှက်လာလေ၏။ နောက်ဆုံး လေလံခန်းမကြီးတစ်ခုလုံး ထိုင်ခုံများအပြည့် ဖြစ်သွားသည့်အချိန်တွင် လေလံခန်းမတံခါးကလဲ ပိတ်သွားသည်။ ထို့နောက် အလယ်ရှိ လေလံစင်မြင့်ပေါ်၌ အမျိုးသမီးတစ်ယောက်ပုံရိပ်က ထွက်ပေါ်လာ၏။
သူမထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ယောကျ်ားလေးများ၏ အသက်ရှူသံများက ဆက်တိုက်ပင် မြန်ဆန်လာတော့သည်။
ဤကောင်မလေးက အရမ်းကိုစွဲဆောင်မှုရှိလွန်း၏။
သူမစကားတစ်ခွန်းမှ မပြောသေးတာတောင်မှ မျက်လုံးအကြည့် အမူအရာများက ဖော်မပြနိုင်လောက်အောင် စွဲဆောင်မှုများနှင့် ပြည့်နှက်နေသည်။
" အားလုံးပဲ မင်္ဂလာပါ .. ငါ့နာမည်က ရှီကျားပါပဲ "
ထိုအမျိုးသမီး၏ အသံက ဂီတတူရိယာကြိုးလေးများကို တီးခတ်လိုက်သလို သာယာလွန်းလှ၏။ ထိုအသံက ယောကျ်ားသားများ၏ နူးညံ့သော နှလုံးသားအစိတ်အပိုင်းကို အလွယ်တကူပင် နှိုးဆွသွားသည်။
ထို့အပြင်သူမက စကားပြောနေသည့်အချိန်တွင် ခန္ဓာကိုယ်ကိုကွေးညွှတ်ကာ လူတိုင်းကို ဦးညွှတ်လိုက်ပြီး အလှအပကို လူအုပ်ကြီးအား တိုက်ရိုက်ပင် ပြသလိုက်၏။
လေလံခန်းမထဲတွင်ရှိသော ယောကျ်ားအားလုံးနီးပါး၏ မျက်လုံးများက နီရဲသွားပြီး အသက်ရှူသံက မြန်ဆန်လာသည်။ သူတို့၏ မျက်လုံးအကြည့်များကလည်း အမျိုးသမီး၏ ကိုယ်ခန္ဓာအလှကိုသာ ကြည့်နေကြလေ၏။
ရဲ့ဟိုင်နှင့်ဝူမင် တို့ကတော့ ၎င်းကိုတစ်ချက်သာကြည့်ပြီး အကြည့်လွှဲသွားသည်။
ဝူမင် ရဲ့ဟိုင်အား မျက်လုံးတစ်ဖက်မှိတ်ပြကာ ပြောလိုက်၏။
" မဟုတ်ဘူး အဲ့တာကို အသက်ရွယ်နဲ့ လက်ကမြင်းမှုကြောင့် တထစ်ပြုတ်ကျနေတဲ့ အဆင့်လို့ပဲခေါ်တယ်၊ စစ်နေတုန်းပဲ"
ရဲ့ဟိုင် ခပ်တည်တည်ဖြင့် ပြန်ပြောလိုက်သည်။
အကယ်၍ ထိုအမျိုးသမီးသည် ဝူမင်ပြောသလို ဖြစ်နေပါက သူမ ဤအခြေအနေထိ တင်းနေအုံးမည်မဟုတ်ချေ။
***