"ရှောင်ကျူးတောင်ထိပ်ကို သွားလည်မယ် ဟုတ်လား.............."
ဤစကားကို ကြားသည်နှင့် လျိုကျင်းခန်းမအတွင်းရှိ တောင်ထိပ်အသီးသီးမှ ခေါင်းဆောင်များသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး သူတို့၏မျက်လုံးများတွင် ထူးဆန်းသော အရိပ်အယောင်များ ပေါ်လာသည်။
တကယ်ပဲ... တကယ့်ကိုပဲ။
ဒါက သွေးချောင်းစီးမယ့် ရန်ပွဲကို ဖိတ်ခေါ်နေတာလား.......
ဂရန်းမာစတာရွှယ်ယွဲ့သည် မျက်မှောင်ကြုတ်သွားသည်။ ဤအေးစက်စက်နှင့် တည်ငြိမ်လှသော တာအိုသခင်မသည် ကျင့်ပင်အာကို အနည်းငယ် ဇဝေဇဝါဖြင့် ကြည့်ကာ စဉ်းစားနေမိသည် ..... 'မင်းက ငါ့ရဲ့ ရှောင်ကျူးတောင်ထိပ်ကို လာရဲတဲ့ သတ္တိရှိသေးတာပဲလား.......'
"ဘာဖြစ်လို့လဲ......."
"မင်းက ရွှယ်ချီနဲ့ ထိပ်တိုက်တွေ့ချင်နေတာလား......."
စူးရူ၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။ သူမသည် ကျင့်ပင်အာကို အံ့အားသင့်စွာ ကြည့်လိုက်ပြီး တစ်ခုခုပြောရန် ပြင်လိုက်စဉ်မှာပင် ဂရန်းမာစတာရွှယ်ယွဲ့က သဘောတူညီသည့်အနေဖြင့် ခေါင်းငြိမ့်လိုက်သည်ကို မြင်လိုက်ရ၏။
"တူမလေး ကျင့်ပင်အာက ငါ့ရဲ့ ရှောင်ကျူးတောင်ထိပ်မှာ ဧည့်သည်အဖြစ် လာချင်တယ်ဆိုမှတော့... ရှောင်ကျူးတောင်ထိပ်က လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်"
အေးစက်တည်ငြိမ်သော တာအိုသခင်မသည် အနည်းငယ် ခေါင်းငြိမ့်ပြသည်။ သူမက ကြိုဆိုသည်ဟု ဆိုသော်လည်း လုရွှယ်ချီက ကြိုဆိုခြင်း ရှိ၊ မရှိမှာမူ နောက်ကိစ္စတစ်ခုသာ ဖြစ်ပေသည်...။
"ကျေးဇူးတင်ပါတယ် ဒေါ်လေး ရွှယ်ယွဲ့" ကျင့်ပင်အာက လိမ္မာယဉ်ကျေးစွာ ပြောလိုက်သည်။
စူးရူ၏ နှုတ်ခမ်းများ အနည်းငယ် လှုပ်ရှားသွားသည်။ ကျင့်ပင်အာ ရှောင်ကျူးတောင်ထိပ်သို့ သွားခြင်းကို သူမ တားဆီး၍ မရနိုင်မှန်း သိသဖြင့် သက်ပြင်းသာ အသာချလိုက်မိတော့သည် .....
"ဟူး....."
စူးရူသည် ဂရန်းမာစတာရွှယ်ယွဲ့ကို ကြည့်ကာ ညင်သာစွာ ပြောလိုက်၏။ "အစ်မကြီး... ကျွန်မ ရှောင်ကျူးတောင်ထိပ်ကို မပြန်ဖြစ်တာ ကြာပြီ။ အခုပဲ အတူတူပြန်ပြီး ခဏလောက် ထိုင်ကြရအောင်"
သူမသည် ဂျိချန်းဖန်အတွက် အလွန်ပင် စိုးရိမ်နေခဲ့ရသည်.......
"ကောင်းပြီလေ" ဂရန်းမာစတာရွှယ်ယွဲ့က အသာအယာ ခေါင်းငြိမ့်သည်။ သူမ၏ ချောမောသော မျက်နှာတွင် နူးညံ့သည့် အမူအရာ ပေါ်လာကာ ..... "ရှောင်ကျူးတောင်ထိပ်က မင်းရဲ့ အိမ်ပဲ။ မင်း ဘယ်အချိန်ပြန်ချင်ပြန်ချင် ရပါတယ်"
"မေမေ....."
ကျန့်လင်းအာက နှုတ်ခမ်းဆူကာ စူးရူ၏ လက်ကို ဆွဲပြီး တိုးတိုးလေး ပြောလိုက်သည်။
"သမီးလည်း ရှောင်ကျူးတောင်ထိပ်ကို လိုက်ချင်တယ်"
ထိုစကားကို ကြားလျှင် ဘေးနားရှိ ကျန့်ပူယီက ချက်ချင်းပင် ငေါက်လိုက်တော့သည်။ "ဘယ်ကို သွားမှာလဲ....... ထိုက်ကျိဂူကို ပြန်ပြီး သေသေချာချာ ကျင့်ကြံစမ်း....... မင်းရဲ့ စီနီယာအစ်မ လုရွှယ်ချီကို ကြည့်ဦး... သူက ရှန်ကျင်းနယ်ပယ်ကိုတောင် ရောက်သွားပြီ......."
"မင်းကတော့ အခုထိ ယူကျင်း အဆင့် (၈) မှာပဲ ရှိသေးတယ်......."
ထိုစကားကြောင့် ကျန့်လင်းအာသည် ချက်ချင်းပင် ဝမ်းနည်းသွားသည့် အမူအရာ ပေါ်လာသည်။ သူမလည်း အင်မတန် ကြိုးစားနေခြင်းဖြစ်သည်....... တံခါးပိတ်ကျင့်ကြံပြီး လအနည်းငယ်အကြာမှာ သူမရဲ့ ကျင့်စဉ်က တစ်ဆင့် တိုးတက်လာခဲ့ပြီးဖြစ်သည်။ ဤကျင့်ကြံမှုနှုန်းမှာ မနှေးလှပေ။ အနည်းဆုံးတော့ ကျင်းယွမ်ကလန်အတွင်း ထိပ်တန်းအဆင့်မှာ ရှိနေသည်။
တကယ်တော့လည်း... လောလောဆယ် ကျင်းယွမ်ကလန်တွင် ဂျိချန်းဖန်နှင့် လုရွှယ်ချီတို့မှလွဲ၍ ယူကျင်း အဆင့် (၈) သို့မဟုတ် အဆင့် (၉) သို့ ရောက်ရှိနေသူ မည်မျှရှိပါသနည်း..............
ပတ်ဝန်းကျင်မှ တောင်ထိပ်ခေါင်းဆောင်များသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ကျန့်ပူယီသာ မပြောလျှင် သူတို့ သတိထားမိကြမည် မဟုတ်ပေ။
ရှောင်ကျူးတောင်ထိပ်မှ လုရွှယ်ချီသည် တံခါးပိတ်ကျင့်ကြံမှု တစ်နှစ်ခွဲအကြာတွင် ရှန်ကျင်းနယ်ပယ်သို့ ရောက်ရှိသွားသည့် သတင်းမှာ ကျင်းယွမ်ကလန် တစ်ခုလုံးသို့ ပျံ့နှံ့နေပြီ ဖြစ်သည်။
ယခု လုရွှယ်ချီ ကျင့်စဉ်မှ ထွက်လာပြီဆိုသည်မှာ သူမသည် ရှန်ကျင်းနယ်ပယ်သို့ အမှန်တကယ် ရောက်ရှိသွားပြီဟု ဆိုလိုခြင်းလော....... တောင်ထိပ်အသီးသီးမှ ခေါင်းဆောင်များသည် သူတို့ရှေ့မှ အေးစက်လှသော တာအိုသခင်မထံမှ အဖြေအမှန်ကို သိချင်နေကြသည်။
တောက်ရွှမ်း သည် သူ၏ မုတ်ဆိတ်မွေးကို သပ်ရင်း ပြုံးကာ မေးလိုက်သည်။ "ညီမလေး ရွှယ်ယွဲ့... တူမလေး လုရွှယ်ချီက ရှန်ကျင်းနယ်ပယ်ကို တကယ်ပဲ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီလား......."
ထိုစကားကို ကြားသော် ဂရန်းမာစတာရွှယ်ယွဲ့က အသာအယာ ခေါင်းငြိမ့်ပြသည်။
လုရွှယ်ချီအကြောင်း ပြောလိုက်လျှင် သူမ၏ လှပသော မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာတတ်မြဲပင်။
"ဂိုဏ်းချုပ် ... ကျွန်မ ဒီ လျိုကျင်းခန်းမကို မလာခင်ကပဲ ရွှယ်ချီ ကျင့်စဉ်ကနေ ထွက်လာခဲ့တာပါ။ တစ်နှစ်ခွဲကြာ ဂူအောင်းပြီးတဲ့နောက်မှာ သူဟာ ရှန်ကျင်းနယ်ပယ်ကို တက်လှမ်းနိုင်ခဲ့ပြီလို့ ပြောလို့ရပါတယ်"
ထိုစကားကို ကြားသည်နှင့် ပတ်ဝန်းကျင်မှ တောင်ထိပ်ခေါင်းဆောင်များ အံ့အားသင့်သွားကြသည်။ သူမ တကယ်ပဲ ရှန်ကျင်းနယ်ပယ်ကို ရောက်သွားတာလား.......
"ဟူး....." စီနီယာဦးလေးကျန့်က သက်ပြင်းအသာချရင်း ..... "ဒီမျိုးဆက်သစ် တပည့်တွေက တကယ်ကို ထူးခြားတာပဲ။ သူတို့ ကျင့်ကြံတာ ဘယ်နှစ်နှစ်ရှိသေးလို့လဲ....... သူတို့ရဲ့ ကျင့်စဉ်တွေက ငါတို့လို လူအိုကြီးတွေကိုတောင် အမီလိုက်နေပြီ"
ဤသို့ တွေးမိသည်နှင့် တောင်ထိပ်ခေါင်းဆောင်များသည် ဂျိချန်းဖန်ကိုပါ ပြန်လည် မြင်ယောင်မိကြသည်။ သူသည် ဂိုဏ်းထဲဝင်လာသည်မှာ ၆ နှစ်ပင် မပြည့်သေးသော်လည်း သူ၏ကျင့်စဉ်မှာ ကမ္ဘာမြေကို တုန်လှုပ်စေနိုင်သည့်အဆင့် ရှိနေပြီး နတ်ဆိုးဂိုဏ်းမှ ဂိုဏ်းချုပ်အဆင့်ရှိသူကိုပင် တစ်ဦးတည်း သတ်ဖြတ်နိုင်ခဲ့သည်။ သူသည် တောင်ထိပ်ခေါင်းဆောင်ဖြစ်သော သူတို့ကိုပင် အနည်းငယ်မျှ ကြောက်ရွံ့လိမ့်မည် မဟုတ်ချေ။
ရှီဟောင်၏ အမူအရာမှာမူ ထူးထူးခြားခြား ပြောင်းလဲခြင်း မရှိပေ။ လုရွှယ်ချီ ရှန်ကျင်းနယ်ပယ်သို့ ရောက်သွားသည့် သတင်းကို ကြားသောအခါ သူသည် ခဏမျှသာ အံ့အားသင့်သွားပြီး မနာလိုစိတ် မရှိခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သူသည်လည်း ရှန်ကျင်းနယ်ပယ်သို့ တက်လှမ်းရန် နီးစပ်နေပြီ ဖြစ်သောကြောင့်ပင်။
နတ်ဘုရားနယ်မြေ၏ ပထမအတွဲ အကူအညီဖြင့် သူသည် စောစောစီးစီး ရှန်ကျင်းသို့ ရောက်နိုင်သော်လည်း မကြာသေးမီက လုံရှိုတောင်ထိပ်၏ ကိစ္စရပ်များကို လွှဲပြောင်းယူနေရသဖြင့် ကျင့်ကြံချိန် နည်းပါးသွားခဲ့သည်။ ထိုသို့သာ မဟုတ်လျှင် သူသည်လည်း ယခုအချိန်တွင် ရှန်ကျင်း ကျွမ်းကျင်သူတစ်ဦး ဖြစ်နေလောက်ပြီဖြစ်၏။
"တကယ်ပါပဲ... နောက်လှိုင်းက ရှေ့လှိုင်းကို တွန်းထုတ်နေတာပဲ......." တောက်ရွှမ်းည် ခေါင်းခါရင်း စဉ်းစားဟန်ဖြင့် ပြောလိုက်သည် ..... "ငါတို့ လူအိုကြီးတွေကတော့ ဒီလူငယ်လေးတွေအတွက် နေရာဖယ်ပေးရတော့မယ် ထင်တယ်။ ဒီဂိုဏ်းချုပ်ရာထူးကလည်း ငါ့ဆီမှာ သိပ်ကြာကြာ ရှိနေမှာ မဟုတ်တော့ဘူး..."
ထိုသို့ပြောပြီးနောက် သူ၏မျက်နှာတွင် ကျေနပ်သည့် အမူအရာ ပေါ်လာသည်။ သူသည် ဂိုဏ်းချုပ်အဖြစ် တာဝန်ယူခဲ့သည်မှာ ကြာပြီဖြစ်၍ အနားယူလိုနေပြီ ဖြစ်သည်။ နောက်ထပ် နှစ်အနည်းငယ်ကြာလျှင် ဂျိချန်းဖန်ကို ရာထူးလွှဲပေးနိုင်မည်ဟု သူ တွေးနေမိသည်။
ဤစကားကို ကြားသောအခါ တောင်ထိပ်ခေါင်းဆောင်များသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသော်လည်း မည်သူမျှ ပြန်မပြောကြပေ။ တောက်ရွှမ်း က နောက်ပြောင်နေခြင်းလား သို့မဟုတ် အတွင်းအဓိပ္ပာယ် ပါနေခြင်းလားဆိုသည်ကို သူတို့ မဝေခွဲနိုင်သောကြောင့် ဖြစ်သည်။
"ညီမလေးနဲ့ တူမလေး ကျင့်ပင်အာ... ငါတို့ ရှောင်ကျူးတောင်ထိပ်ကို သွားပြီး ထိုင်ကြရအောင်" ဂရန်းမာစတာရွှယ်ယွဲ့က ညင်သာစွာ ပြောလိုက်သည်။ ရွှမ်ချာဂိုဏ်း တည်ထောင်ရေးနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို ဆွေးနွေးပြီးစီးသွားပြီ ဖြစ်သဖြင့် လျိုကျင်းခန်းမတွင် ဆက်နေရန် မလိုတော့ပေ။
စူးရူသည် ခေါင်းငြိမ့်ပြပြီး ကျင့်ပင်အာကို ခေါ်ကာ ဂရန်းမာစတာရွှယ်ယွဲ့နှင့်အတူ ထွက်ခွာသွားတော့သည်။
...
ရှောင်ကျူးတောင်ထိပ်၊ လကြည့်မျှော်စင်။
နေရောင်ခြည်အောက်တွင် လူငယ်တစ်ဦးနှင့် မိန်းကလေးတစ်ဦးသည် ကမ်းပါးယံထက်၌ တစ်ဦးကိုတစ်ဦး ပွေ့ဖက်ထားကြသည်။ သူတို့၏ အဖြူရောင်ဝတ်ရုံများမှာ ရောယှက်နေပြီး မျက်လုံးများသည် အဝေးတစ်နေရာသို့ ငေးကြည့်နေကြသည်။
အေးစက်တည်ငြိမ်လှသော တာအိုသခင်မလေးသည် အဖြူရောင်ဝတ်လူငယ်လေး၏ ရင်ခွင်တွင် မှီနွဲ့နေပြီး သူမ၏ လှပသော မျက်နှာလေးမှာ အနည်းငယ် နီမြန်းနေသည်။ သူမ၏ ကြည်လင်သော နားသယ်စပ်လေးများမှာ ပန်းရောင်သန်းနေကာ ကြည့်ရသူကို အသည်းယားစေလှသည်...။
"စီနီယာအစ်ကို ဂျိ......."
"ရှင် ဘာလုပ်နေတာလဲ.............."
လုရွှယ်ချီသည် ဂျိချန်းဖန်ကို အနည်းငယ် စိတ်ဆိုးသလို မော့ကြည့်လိုက်သည်။ သူမ၏ ကြည်လင်သော မျက်လုံးများတွင် ရှက်ရွံ့မှုနှင့်အတူ ချစ်စဖွယ် ငြင်းဆန်လိုသည့် အရိပ်အယောင်များ ပါဝင်နေသည်။ မိန်းကလေးသည် သူမ၏ ခါးဆီသို့ ရောက်နေသော လက်ကို ပုတ်ထုတ်လိုက်ပြီးနောက် ပါးလေးနှစ်ဖက် ဖောင်းကာ ဂျိချန်းဖန်ကို စိုက်ကြည့်လိုက်သည်။
သူမသည် ဂျိချန်းဖန်နှင့် အနည်းငယ် ဝေးရာသို့ ရွှေ့ထိုင်ရန် ကြိုးစားသော်လည်း သူ၏ ဖိညှပ်ထားခြင်းကို ခံလိုက်ရသည်။
"ဟဲဟဲ"
ဂျိချန်းဖန်သည် အရှက်မရှိဘဲ လုရွှယ်ချီကို ကပ်တွယ်ထားကာ သူမ၏ ခါးလေးကို ညင်သာစွာ ပွေ့ဖက်လိုက်ပြီး နားနားသို့ ကပ်ကာ တိုးတိုးလေး ပြောလိုက်သည် .....
"ရွှယ်ချီ... ငါက ငါတို့ရဲ့ အနာဂတ်ကလေးတွေအတွက် ရိက္ခာတိုက်ကို တိုင်းတာကြည့်ရုံတင်ပါ၊ တခြား ဘာမှမဟုတ်ပါဘူး"
သူတို့ ခွဲခွာနေခဲ့သည်မှာ တစ်နှစ်ခွဲသာ ရှိသေးသော်လည်း လုရွှယ်ချီ၏ ကိုယ်လုံးကိုယ်ပေါက်မှာ အတော်လေး ဖွံ့ဖြိုးလာခဲ့သည်။ အစပိုင်းတွင် သူမသည် အနည်းငယ် စိမ်းနေသေးသော်လည်း ယခုမူ ပို၍ ဆွဲဆောင်မှု ရှိလာကာ ကိုယ်လက်လှုပ်ရှားမှုတိုင်းတွင် ရင့်ကျက်သော အမျိုးသမီးတစ်ဦး၏ အေးစက်စက် အလှတရားများ ကိန်းအောင်းနေသည်။
"ရိ.....ရိက္ခာတိုက်......."
ထိုစကားကို ကြားသောအခါ လုရွှယ်ချီ ခဏမျှ ကြောင်သွားသည်။ ထို့နောက် သူမ၏ မျက်နှာသည် ချက်ချင်း နီမြန်းသွားကာ မျက်လုံးများတွင် ဒေါသအရိပ်အယောင် အနည်းငယ်နှင့်အတူ ဂျိချန်းဖန်ကို စိုက်ကြည့်ရင်း ..... "မရဘူး..."
သူမ ငြင်းဆန်ရန် ပြင်လိုက်သော်လည်း ရင်ခုန်သံမြန်စေသည့် အနမ်းပြင်းပြင်းတစ်ခုက သူမကို တိုက်ရိုက် လွှမ်းမိုးသွားတော့သည်။
"အွန်း"
အေးစက်တည်ငြိမ်လှသော တာအိုသခင်မလေး၏ ကိုယ်လုံးလေးမှာ တုန်ယင်သွားသည်။ သူမသည် အလိုလို ပျော့ခွေသွားပြီး ဂျိချန်းဖန်ကို ပြန်လည် ပွေ့ဖက်ထားကာ သူနှစ်သက်သလို လုပ်ခွင့်ပြုလိုက်တော့သည်...။
"စီနီယာအစ်မ လု......."
ထိုအချိန်မှာပင် တိုးညင်းသော အသံလေးတစ်ခု ထွက်ပေါ်လာသည်။ ပွေ့ဖက်နမ်းရှုံ့နေကြသော နှစ်ဦးစလုံး အနည်းငယ် တောင့်တင်းသွားကြသည်။ လုရွှယ်ချီသည် အလွန်ပင် ရှက်ရွံ့သွားကာ ဂျိချန်းဖန်ကို အမြန်တွန်းထုတ်လိုက်ပြီး တစ်ချက်စိုက်ကြည့်ကာ အဝတ်အစားများကို ပြန်လည် ပြင်ဆင်လိုက်သည်။
မျှော်စင်အပြင်ဘက်သို့ ကြည့်လိုက်ရာ မိန်းကလေးတစ်ဦးသည် လုရွှယ်ချီကို ရှာနေသကဲ့သို့ ပတ်ဝန်းကျင်ကို စူးစမ်းကြည့်နေသည်ကို မြင်လိုက်ရ၏။
"ရှောင်ရှီ....... မင်း ဘာလို့ ဒီကို ရောက်နေတာလဲ......."
လုရွှယ်ချီသည် လကြည့်မျှော်စင် ဘေးဘက်မှ ထွက်လာသည်။
ရှောင်ရှီ၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။ သူမသည် လုရွှယ်ချီရှိရာသို့ ခုန်ပေါက်ပြေးလာပြီး သူမ၏လက်ကို ဆွဲကာ .....
"စီနီယာအစ်မ....... ဆရာမ ပြန်ရောက်နေပြီ၊ ဒေါ်လေး စူးရူလည်း ပါလာတယ်"
"ပြီးတော့ ကျင့်ပင်အာ ဆိုတဲ့ အစ်မကြီးတစ်ယောက်လည်း ကျွန်မတို့ ရှောင်ကျူးတောင်ထိပ်ကို ဧည့်သည်အဖြစ် ရောက်နေတယ်။ ဆရာမက အစ်မကို လာခဲ့ဖို့ ခေါ်ခိုင်းလိုက်လို့..."
***