ရှောင်ကျူးတောင်ထိပ်၊ ကျင့်ကျူးဆောင်။
အေးစက်မြင့်မြတ်လှသော တာအိုသခင်မ (ရွှယ်ယွဲ့) သည် ဖျာတုံးပေါ်တွင် တင်ပျဉ်ခွေထိုင်နေသည်။
သူမ၏ တပည့်များထံမှ သတင်းစကားကို နားထောင်ပြီးနောက် သူမ၏ မျက်မှောင်ကို အနည်းငယ် ကြုတ်လိုက်မိသည်။
ခေတ္တမျှ တွေးတောပြီးနောက် သူမက မေးလိုက်သည် ..... "ထုံထျန်းတောင်ထိပ်က ဘယ်တပည့်က သတင်းလာပို့တာလဲ......"
"ဆရာမကို ပြန်ပြောရရင်... ဂျူနီယာမောင်လေး ဂျိ (ဂျိချန်းဖန်) ပါ" ဟု ရှောင်ကျူးတောင်ထိပ်မှ အမျိုးသမီးတပည့်တစ်ဦးက တိုးညင်စွာ ပြောလိုက်သည်။
"ဂျိချန်းဖန်......" ရွှယ်ယွဲ့ ဂရန်းမာစတာ၏ မျက်နှာမှာ အနည်းငယ် ပျက်သွားကာ အေးစက်စွာ ပြောလိုက်သည် ..... "ဒါက ဂိုဏ်းချုပ်ဆီက သတင်းဆိုရင် သူကိုယ်တိုင် ဘာလို့ မလာတာလဲ။ဘာလို့ မင်းကိုပဲ သတင်းအကြောင်းအရာတွေ ပြောပြသွားတာလဲ"
ထိုစကားကို ကြားသော် တပည့်မလေးမှာ နှုတ်ခမ်းကို အနည်းငယ် ဖိလိုက်မိသည်။ သူမသည် ဆရာမကို မော့ကြည့်ကာ သတိကြီးစွာဖြင့် ..... "ဂျူနီယာမောင်လေး ဂျိက... ရှောင်ကျူးတောင်ထိပ်က အမျိုးသားတပည့်တွေကို လက်မခံဘူးလို့ ကြားထားလို့ သူ အထဲကို မဝင်တော့ဘူးတဲ့။ ဒါကြောင့် ဒီတပည့်မကိုပဲ ဆရာမဆီ သတင်းပို့ပေးဖို့ အပ်နှံသွားတာပါ"
"..." တာအိုသခင်မ (ရွှယ်ယွဲ့) ၏ နှုတ်ခမ်းမှာ အနည်းငယ် တုန်ခါသွားသည်။
ကောင်းတယ်၊ ကောင်းတယ်၊ အရမ်းကောင်းတယ်။ သူမ အခုမှ နားလည်သွားပြီ...... ဒီဂျိချန်းဖန်က ပြီးခဲ့တဲ့အကြိမ်က ကိစ္စကို အခု လက်စားပြန်ချေနေတာပဲ......
"ဟွန့်......" ရွှယ်ယွဲ့ ဂရန်းမာစတာက နှာခေါင်းရှုံ့လိုက်သည်။ သူမ၏ မျက်နှာမှာ မကျေမနပ် ဖြစ်နေပုံရသည်။
ငါက မင်းကို တစ်ခါတည်း တားလိုက်ရုံနဲ့ မင်းက စိတ်နာနေတာလား......
ကောင်းပြီ... ၊ဒါဆို နောက်တစ်ခါဆိုရင်လည်း လကြည့်မျှော်စင်ကို လာဖို့ စိတ်တောင်မကူးနဲ့တော့......
ရွှယ်ယွဲ့ ဂရန်းမာစတာသည် မျက်လုံးကို ဖြည်းဖြည်းချင်း မှိတ်လိုက်ပြီး ..... "သွားတော့၊ ရွှယ်ချီကို တောင်ပေါ်က ဆင်းဖို့ ပြောလိုက်" ဟု အေးစက်စွာ မိန့်ကြားလိုက်သည်။
ဂိုဏ်းချုပ်ကိုယ်တိုင်ကတောင် သတင်းပို့လာမှတော့ သူမ ဘာပြောနိုင်ပါဦးမည်နည်း......
"ဟုတ်ကဲ့ပါ ဆရာမ......" တပည့်မလေးသည် အရိုအသေပေးကာ ကျင့်ကျူးဆောင်မှ ထွက်ခွာသွားသည်။
မကြာမီမှာပင်... အဖြူရောင်ဝတ်စုံနှင့် လုရွှယ်ချီသည် ရှောင်ကျူးတောင်ထိပ်၏ ဂိတ်ဝသို့ ရောက်ရှိလာသည်။
သူမသည် ဂျိချန်းဖန်ကို မြင်လျှင် မြင်ချင်း မျက်လုံးထဲတွင် ဝမ်းသာရိပ်များ ပေါ်လာသော်လည်း စနောက်သလိုဖြင့် ..... "ငါ့ဆရာမကို မင်းက အေးအေးဆေးဆေး ပစ်ထားခဲ့တယ်လို့ ကြားတယ်နော်"
ဂျိချန်းဖန်က ရယ်မောရင်း ..... "ဘာလို့ 'ပစ်ထားတာ' ဖြစ်ရမှာလဲ...... ငါက စီနီယာဒေါ်လေးကို ဘယ်လိုလုပ် အဲ့လိုလုပ်ရဲမှာလဲ...... ဒါက ပြီးခဲ့တဲ့အကြိမ်က ဂရန်းမာစတာ ရွှယ်ယွဲ့ ကိုယ်တိုင် ပြောခဲ့တာ မဟုတ်ဘူးလား"
ထိုစကားကို ကြားသော် ပတ်ဝန်းကျင်မှ ကင်းလှည့်နေသော တပည့်မလေးများမှာ ပါးစပ်ကို ပိတ်ကာ တခိခိ ရယ်မောကြတော့သည်။ လုရွှယ်ချီက သူ့ကို မျက်စောင်းထိုးလိုက်ပြီး ..... "စကားများနေတုန်းပဲလား......"
ဂျိချန်းဖန်က အသာအယာ ပြုံးလိုက်သည်။ သူသည် မိန်းကလေးထံသို့ လက်ကမ်းလိုက်ကာ ..... "သွားကြစို့"
ဤမြင်ကွင်းကို မြင်သော် အေးစက်လှပသော မိန်းကလေး၏ ပါးပြင်မှာ အနည်းငယ် နီမြန်းသွားသည်။ သူမသည် စီနီယာအစ်မများ၏ အကြည့်အောက်မှာပင် ဂျိချန်းဖန်၏ လက်ကို မဆိုင်းမတွပင် ဆုပ်ကိုင်လိုက်သည်။
ဝှစ်.....
သူတို့နှစ်ဦး လက်ချင်းချိတ်လိုက်ကြသည်။ ထို့နောက် တောက်ပသော ဓားဆန္ဒ တစ်ခုအဖြစ် ပြောင်းလဲကာ ရှောင်ကျူးတောင်ထိပ်မှ ရုတ်တရက် ပျောက်ကွယ်သွားတော့သည်။
ချန်ရစ်ခဲ့သည်မှာ တခိခိ ရယ်မောရင်း အတင်းပြောနေကြသော ရှောင်ကျူးတောင်ထိပ်မှ တပည့်မများသာ ဖြစ်သည်။
...
ဂျိချန်းဖန်နှင့် လုရွှယ်ချီတို့သည် တိုက်ကျူးတောင်ထိပ်၏ ဂိတ်ဝသို့ ရောက်ရှိလာသည်။
ကြည့်လိုက်ရာ အင်္ကျီနှင့် စကတ်တွဲလျက် ဝတ်ဆင်ထားသော မိန်းကလေးတစ်ဦးက တည်ငြိမ်စွာ စောင့်ကြိုနေသည်ကို တွေ့ရသည်။
သူမ၏ မျက်နှာမှာ ဆွဲဆောင်မှုရှိလှပြီး မျက်လုံးများမှာ ကြည်လင်သော ရေကန်တစ်ခုကဲ့သို့ တောက်ပနေကာ လက်ချင်းတွဲလျက် ရောက်လာသော သူနှစ်ဦးကို ကြည့်နေသည်။
"စီနီယာအစ်မ လုကို ဂါရဝပြုပါတယ်" ကျင့်ပင်အာက ပြုံးလျက် ဦးညွှတ်နှုတ်ဆက်သည်။
၎င်းကို မြင်သော် လုရွှယ်ချီက နှုတ်ခမ်းကို အနည်းငယ် စေ့လိုက်သည်။ သူမသည် ဤကဲ့သို့သော ဟန်ဆောင်မှုမျိုးကို သိပ်မကြိုက်သော်လည်း...
အကယ်၍ သူမကသာ ဤနှုတ်ဆက်မှုကို အသိအမှတ်မပြုခဲ့လျှင် ကျင့်ပင်အာကို လက်မခံသည့်သဘော သက်ရောက်သွားမည် ဖြစ်ရာ သူမ အနေရခက်နေမိသည်။
သူတို့၏ ဆက်ဆံရေးမှာ ထိုမျှအထိ မနီးစပ်သေးဟုသာ ဆိုရမည်။
"သွားကြစို့" ဂျိချန်းဖန်က ကျင့်ပင်အာ၏ အခြားလက်တစ်ဖက်ကို ဆုပ်ကိုင်လိုက်သည်။
သူတို့ သုံးဦးစလုံးသည် ဓားဆန္ဒအတွင်းသို့ တစ်ပြိုင်နက် ပေါင်းစည်းသွားကာ တောက်ပသော အနီရောင် အလင်းတန်းတစ်ခုအဖြစ် ကောင်းကင်ယံသို့ ပျံတက်သွားကြတော့သည်။
ဤတစ်ကြိမ်တွင်လည်း သူသည် ဟုန်လူ ဓားနတ်ဘုရား ဆိုသည့် အမည်ကိုပင် ဆက်လက် အသုံးပြုရန် ဆုံးဖြတ်ထားသည်။ မည်သို့ပင်ဆိုစေ ဤအမည်မှာ လုံးဝ ပေါက်ကြားခြင်း မရှိသေးပေ။ ဤအလုပ်ပြီးလျှင် ဖန်ရှန်းကု တွင် နောက်ထပ် အလုပ်တစ်ခု လုပ်ပြီးပါက သူ အနားယူတော့မည် ဖြစ်သည်။ ထို့နောက်မှ ကျင်းယွမ်ကလန်၏ ဂိုဏ်းချုပ် ဖြစ်လာပေလိမ့်မည်။
လျိုပေါ်တောင်၊ ရှောင်ယောက်စမ်းချောင်း။
အံ့ဖွယ်သုံးပါးနတ်သမီး ကွယ်လွန်သွားပြီဆိုသည့် သတင်းမှာ နတ်ဘုရားနယ်မြေ တစ်ခုလုံးတွင် ပျံ့နှံ့သွားခဲ့ပြီးနောက် နတ်ဆိုးဂိုဏ်းဝင်များစွာမှာ လျိုပေါ်တောင်သို့ ရောက်ရှိလာကြသည်။
သူတို့သည် နတ်ဆိုးလမ်းစဉ်၏ ဂိုဏ်းကြီးလေးဂိုဏ်းမှ ခေါင်းဆောင်တစ်ဦးကို နောက်ဆုံး ဂါရဝပြုရန် လာကြခြင်း ဖြစ်သည်။
နတ်ဆိုးဘုရင်ဂိုဏ်း၊ အဆိပ်တစ်သောင်းဂိုဏ်းနှင့် သက်ရှည်ခန်းမတို့မှာလည်း နောက်ကျမခံနိုင်ကြပေ။ သူတို့အားလုံးသည် ဂါရဝပြုရန်နှင့် ဝမ်းနည်းကြောင်းပြရန် တပည့်များကို အသီးသီး စေလွှတ်ခဲ့ကြသည်။ အဘယ်ကြောင့် သူတို့ကိုယ်တိုင် မလာကြသနည်း......
အကယ်၍ နတ်ဆိုးဘုရင်နှင့် အဆိပ်နတ်ဘုရားတို့ ကိုယ်တိုင်လာပါက ဟဲ့ဟွမ်ဂိုဏ်းဝင်များမှာ ဝမ်းသာမည့်အစား ထိတ်လန့်သွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။
ထို့ကြောင့် သူတို့သည် အကြီးအကဲများကိုသာ တပည့်များနှင့်အတူ စေလွှတ်ခဲ့သည်။
နတ်ဆိုးဘုရင်ဂိုဏ်းမှ ရောက်လာသူများမှာ ကျူးချွဲ တမန်တော်နှင့် ဂိုဏ်းချုပ်လောင်း ပိယောင် တို့ ဖြစ်သည်။
အဆိပ်တစ်သောင်းဂိုဏ်းမှမူ အကြီးအကဲ လေးဦးအနက် တစ်ဦးဖြစ်သော ပိုးနဂါး နှင့် ဂိုဏ်းချုပ်လောင်း ချင်းဝူယန် တို့ ရောက်ရှိလာကြသည်။
သက်ရှည်ခန်းမမှမူ ယွီရှန့်ကျီ ဟုခေါ်သော ရှန်ကျင်း အကြီးအကဲတစ်ဦးနှင့်အတူ သက်ရှည်ခန်းမ၏ မျှော်လင့်ချက်ဖြစ်သော တပည့်ကျော် မုန့်ကျီ တို့ ရောက်လာကြသည်။
နတ်ဆိုးလမ်းစဉ်မှ ဂိုဏ်းပေါင်းစုံမှာ ရှောင်ယောက်စမ်းချောင်းအတွင်းသို့ တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက်လာကြသည်။ သူတို့အပြင် အခြားသော နတ်ဆိုးဂိုဏ်းငယ်လေးများလည်း ရောက်ရှိလာကြ၏။ အခြားဂိုဏ်းကြီးတွေ လာမှတော့ မင်းတို့က မလာဘဲ နေလို့ရမလား...... မလာခြင်းမှာ ထူးခြားနေခြင်း ဖြစ်သည်။
အကယ်၍ မကောင်းသော ရည်ရွယ်ချက်ရှိသူ တစ်ယောက်ယောက်က ဤအချက်ကို ဆုပ်ကိုင်မိပါက မင်းတို့ကို တိုက်ခိုက်ရန် အကြောင်းပြချက် ဖြစ်သွားပေလိမ့်မည်။
နတ်ဆိုးဂိုဏ်း၏ သဘာဝမှာ ထိုသို့ပင်။ မင်းက ငါ့ကိုတိုက်၊ ငါက မင်းကိုတိုက်။ ဟန်ဆောင်မှုဆိုသည်မှာ သူတို့အတွက် အပေါ်ယံ အဝတ်အစားတစ်ခုသာ ဖြစ်သည်။
မင်းဆီက အားနည်းချက်တစ်ခုကို ရှာတွေ့သည်နှင့် မင်းဆီက အသားတစ်စကို ကိုက်ဖဲ့ရယူမှသာ သူတို့ ကျေနပ်ကြမည် ဖြစ်သည်။
"အမိန့်ပေးလိုက်" အကြီးအကဲ ယွီရုံက အေးစက်သော မျက်နှာထားဖြင့် ပြောလိုက်သည် ..... "တပည့်တွေ အားလုံး သတိနဲ့ စောင့်ကြည့်ကြ။ အဲ့ဒီ သစ္စာဖောက် ကျင့်ပင်အာကို မြင်တာနဲ့ တစ်ချက်တည်းနဲ့ ဖမ်းဆီးရမယ်."
ပတ်ဝန်းကျင်ရှိ ဟဲ့ဟွမ်ဂိုဏ်း တပည့်များက ချက်ချင်း ခေါင်းငြိမ့်လိုက်ကြသည်။ ထိုအချိန်တွင် ဟဲ့ဟွမ်ဂိုဏ်း၏ အခြားအကြီးအကဲဖြစ်သော ပိပို မှာမူ ဂါရဝပြုရန် လာကြသော အခြားဂိုဏ်းမှ ရှန်ကျင်း ကျွမ်းကျင်သူများကို ဧည့်ခံနေရသည်။
အကြီးအကဲ ယွီရုံကမူ ပတ်ဝန်းကျင်တွင် လျှို့ဝှက်စွာ စောင့်ကြပ်ရန် တာဝန်ယူထားခြင်း ဖြစ်သည်။
မလိုလားအပ်သော မတော်တဆမှုများ မဖြစ်စေရန်အတွက် ဟဲ့ဟွမ်ဂိုဏ်းသည် နတ်ဆိုးဘုရင်ဂိုဏ်းနှင့် အဆိပ်တစ်သောင်းဂိုဏ်းတို့၏ လှုပ်ရှားမှုကို သတိထားရသလို ကျင့်ပင်အာ၏ သဲလွန်စကိုလည်း စောင့်ကြည့်နေရသည်။
ကံကောင်းထောက်မစွာပင် သူတို့သည် သက်ရှည်ခန်းမနှင့် ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီမှု ရထားပြီး ဖြစ်သည်။
သက်ရှည်ခန်းမက ကျင့်ပင်အာကို သတ်ဖြတ်ရန် ကူညီပေးမည်ဖြစ်ပြီး ဟဲ့ဟွမ်ဂိုဏ်းကလည်း အခြားဂိုဏ်းများ၏ ကျူးကျော်မှုကို သက်ရှည်ခန်းမဘက်မှ ကာကွယ်ပေးရန် သဘောတူထားကြသည်။
ထိုအချိန်မှာပင် အဝေးမှ ခရမ်းရောင် အလင်းတန်းတစ်ခု လက်ခနဲ ပေါ်လာသည်။ ကြည့်လိုက်ရာ အင်္ကျီနှင့် စကတ်တွဲလျက် ဝတ်ဆင်ထားသော မိန်းကလေးတစ်ဦးသည် လူတိုင်း၏ မြင်ကွင်းထဲသို့ ဖြည်းဖြည်းချင်း ပေါ်လာသည်။
သူမ၏ မျက်နှာမှာ တည်ငြိမ်နေသော်လည်း သူမ၏ ဆွဲဆောင်မှုရှိသော မျက်လုံးများတွင် ဝမ်းနည်းရိပ်များ ပေါ်လွင်နေသည်။
"ဆရာမ..."
ကျင့်ပင်အာ၏ အကြည့်မှာ ရှေ့သို့ ရောက်သွားသည်။ ထိုနေရာတွင် အံ့ဖွယ်သုံးပါးနတ်သမီး၏ ရုပ်အလောင်း ထည့်ထားသော အခေါင်းတစ်ခု ရှိနေသည်။
ထိုအချိန်မှာပင် ပတ်ဝန်းကျင်ရှိ နတ်ဆိုးဂိုဏ်း တပည့်များမှာ အကြီးအကျယ် ထိတ်လန့်သွားကြသည်။
ဟဲ့ဟွမ်ဂိုဏ်းဝင်များက ဒေါသတကြီး အော်ဟစ်လိုက်ကြသည် ..... "ကျင့်ပင်အာ... မင်း တကယ် လာတာပဲ......"
မိန်းကလေးမှာ သူတို့ကို ဂရုမစိုက်ပေ။ သူမသည် အခေါင်းရှိရာသို့ တစ်ယောက်တည်း လျှောက်သွားပြီး သူမ၏ ဆရာမကို အမွှေးတိုင်ထွန်းကာ ဦးချရန်သာ ရည်ရွယ်ထားသည်။
"ဟမ့်...... လူတွေ... ဖမ်းကြ......" အကြီးအကဲ ယွီရုံက အေးစက်စွာ အမိန့်ပေးလိုက်သည်။
သို့သော် ထိုအချိန်မှာပင် ရုတ်တရက် အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာသည်။ တောက်ပသော ဓားဆန္ဒတစ်ခုမှာ လက်ခနဲ ဖြတ်သန်းသွားပြီး ပြင်းထန်သော အရှိန်အဝါများက ကောင်းကင်ယံသို့ ပျံတက်သွားကာ ရောက်ရှိနေသူ အားလုံးကို ထိတ်လန့်သွားစေသည်။
ဝှစ်......
ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ အဖြူရောင်ဝတ်စုံနှင့် လူငယ်လေးတစ်ဦးသည် မနီးမဝေးတွင် ပေါ်လာသည်။ သူ၏ အဖြူရောင် ဝတ်စုံမှာ လွင့်ပျံနေပြီး ဆံပင်နက်နက်များမှာလည်း ဝဲဖြာနေ၏။
ဝါးခပတ်က သူ၏ မျက်နှာကို ဖုံးကွယ်ထားသော်လည်း ထိုအနီရောင် နတ်ဘုရားဓားက သူ၏ အထောက်အထားကို ဖော်ပြနေပြီ ဖြစ်သည်...။
"ဟုန်လူ ဓားနတ်ဘုရား............" ပတ်ဝန်းကျင်ရှိ လူအားလုံး ထိတ်လန့်သွားကြသည်။
လူငယ်လေးက အေးစက်စွာ ပြောလိုက်သည် .....
"လှုပ်တဲ့သူ သေရမယ်......"
.........
***