ကောင်းကင်သံတမန်တစ်ဦးဖြစ်သည့် ရေခဲဧကရာဇ် ဟိုင်ပေါ်တုန်းက ပြုံးရွှင်စွာဖြင့် “အမှန်တော့ ဒါက သိပ်ပြီးတော့ ကြီးမားတဲ့ဆုံးရှုံးမှု မဟုတ်ပါဘူး၊ ကွန်ဖြူးရှပ်ပညာရှိသခင်လေးနဲ့ ကျွန်တော်တို့ သိကျွမ်းခွင့်ရတာဟာ ဆေးဘုရင် ဂူဟီနဲ့ သိကျွမ်းရတာထက် အဆပေါင်းများစွာ ပိုပြီး တန်ဖိုးရှိပါတယ် မဟုတ်ဘူးလား" ဟု ဆိုလိုက်သည်။
လူတိုင်းသည် တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ခေါင်းညိတ်လိုက်ကြသည်။
အမှန်ပင်ဖြစ်သည်။
ဆေးဘုရင် ဂူဟီသည် မည်မျှပင် အစွမ်းထက်ပါစေ၊ သူသည် အဆုံးစွန်၌ အဆင့်ခြောက် မှော်ဆေးဆရာတစ်ဦးနှင့် သိုင်းဘုရင်အဆင့်တွင်သာ ရှိသေးသည်။ ကွန်ဖြူးရှပ်ပညာရှိသခင်လေးနှင့် ယှဉ်ပါလျှင် ထိုသူနှစ်ဦးမှာ ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားလွန်းလှသည်။
သိုင်းသူတော်စင်အဆင့် ပညာရှင်တစ်ဦးနှင့် သိကျွမ်းခွင့်ရခြင်းမှာ သူတို့အတွက် ဂုဏ်ယူစရာဖြစ်သလို၊ သူတို့ဘဝအတွက် အရေးကြီးဆုံး ဆုံးဖြတ်ချက်လည်း ဖြစ်သည်။
ကျရှင်းထျန်းက သူ၏မျက်မှန်ကို အသာပင့်တင်လိုက်ပြီး “ဟဲ ဟဲ... ဒါဆိုရင် ဒီကိစ္စကို ဒီမှာတင် အဆုံးသတ်လိုက်ကြရအောင်၊ ရေခဲဧကရာဇ်... မင်းအနေနဲ့ အချိန်ရရင် ပညာရှိသခင်လေးဆီကို သွားပြီးတော့ ရင်းနှီးအောင် ပိုလုပ်သင့်တယ်” ဟု ခပ်တိုးတိုး ပြောလိုက်သည်။
“အင်း” ဟိုင်ပေါ်တုန်းက ခေါင်းညိတ်ကာ “ငါလည်း အချိန်ရရင် သွားကြည့်ဦးမယ်၊ နောက်ဆုံးတစ်ခေါက်က သူ ငါ့ကို ကတိပေးထားတဲ့ ပြန်လည်အသက်သွင်း ခရမ်းရောင်ဆေးလုံးက ခုထိ မရသေးဘူး” ဟု ဆိုသည်။
ထိုစကားကို ကြားလိုက်ရသော အဆင့်မြင့်ပညာရှင်များသည် တော်တော်လေး မနာလိုဖြစ်သွားကြသည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ကွန်ဖြူးရှပ်ပညာရှိသခင်လေးနှင့် အရင်မဆုံခဲ့ဘဲ ရေခဲဧကရာဇ် ဟိုင်ပေါ်တုန်းနှင့်ကျ....မှော်သားရဲတောင်တန်း၏ အရှေ့ဘက်၊ မက်မွန်တောတောင်ထိပ်ပေါ်တွင် ဖြစ်သည်။
အာကာသဟင်းလင်းပြင်ကြီးမှာ အစိတ်စိတ်အမြွှာမြွှာများအဖြစ် အလွယ်တကူ ဆုတ်ဖြဲခံလိုက်ရကာ ကျန်းချန်နှင့် အမျိုးသမီးနှစ်ဦး တိတ်တဆိတ် ထွက်ပေါ်လာသည်။ ဇီယန်က အစ်ကိုကျန်းချန်အား အံ့အားသင့်စွာ သူမ၏ လက်မကို ထောင်ပြလိုက်သည်။
ကျန်းချန်က ခေါင်းခါလိုက်သည်။ အမှန်စင်စစ် သူသည် တစ်နေရာမှ တစ်နေရာသို့ သွားလာရာတွင် အာကာသဟင်းလင်းပြင်ကို ဆုတ်ဖြဲပြီး သွားလာခြင်းကို မနှစ်သက်ပေ။ အဘယ်ကြောင့်ဆိုသော် ထိုသို့သွားပါလျှင် ပတ်ဝန်းကျင်ရှိ ရှုခင်းအလှအပများကို မခံစားနိုင်တော့သောကြောင့် ဖြစ်ပြီး သူသည် အလိုလို အနည်းငယ် စိတ်ပျက်သွားသည်။
ဤတိုက်ကြီးကို စူးစမ်းလေ့လာနေသော ခရီးသွားတစ်ဦးအနေဖြင့် ကျန်းချန်သည် ခရီးစဉ်တစ်လျှောက် ကြုံတွေ့ရသည့် အတွေ့အကြုံများကို ပိုတန်ဖိုးထားပြီး ယခုကဲ့သို့ ခရီးဝေးကြီးမသွားရဘဲ ချက်ချင်းရောက်ရှိသွားသည့်အပေါ် စိတ်ဝင်စားမှု မရှိပေ။
ခရမ်းတောင်ပံ ခြင်္သေ့မင်းသည် ပျံသန်းလာပြီးနောက် ရိုသေစွာဖြင့် ခေါင်းညွှတ်ကာ “သခင်... ပြန်ရောက်လာပြီလား” ဟု နှုတ်ဆက်သည်။
“အင်း ငါတို့မရှိတဲ့အချိန်မှာ ဒီမှာ ဘာမှမဖြစ်ဘူးမဟုတ်လား"
ခရမ်းတောင်ပံ ခြင်္သေ့မင်းက “အဲဒီအချိန်တုန်းက ကြယ်လေးပွင့် သိုင်းဘိုးဘေးအဆင့်ရှိတဲ့ ပညာရှင်တစ်ယောက် ရောက်လာခဲ့တယ်၊ သူ့နာမည်က ကောန်းဟာ့စ်တဲ့၊ သူ့ပုံစံက ကောက်ကျစ်စဉ်းလဲတဲ့ပုံ ပေါက်တာကြောင့် ကျွန်တော် သူ့ကို နှင်ထုတ်လိုက်တယ်” ဟု ပြန်ဖြေသည်။
“ကောန်းဟာ့စ်လား"
ဝိညာဉ်စံအိမ်၏ ကြယ်လေးပွင့် သိုင်းဘိုးဘေးအဆင့်ရှိသော ဝိညာဉ်စောင့်ရှောက်သူ ကောန်းဟာ့စ်၏ ပုံရိပ်မှာ ကျန်းချန်၏ စိတ်ထဲတွင် အလိုလို ပေါ်လာသည်။
ဝိညာဉ်စံအိမ်မှ ပထမဆုံးပေါ်လာသော ဝိညာဉ်စောင့်ရှောက်သူဖြစ်သည့်အလျောက် ကောန်းဟာ့စ်၏ စွမ်းအားမှာ အနောက်မြောက်တိုက်ကြီးတစ်ခုလုံးတွင် အကောင်းဆုံးများထဲမှ တစ်ယောက်ဟု ယူဆရပြီး သူသည် တိမ်တိုက်ဂိုဏ်း၏ ရှေ့ဆောင်ဂိုဏ်းချုပ်ကြီး ယွင်ရှန်းကို သိုင်းဘိုးဘေးအဆင့်သို့ ရောက်ရှိရန် ကူညီပေးခဲ့သူလည်း ဖြစ်သည်။
သို့သော် ထိုလူမှာ ယုတ်မာကောက်ကျစ်လှသည်။ ယွင်ရှန်း ကွယ်လွန်ပြီးနောက်တွင် သူ၏ ဝိညာဉ်ကို ထုတ်ယူခဲ့ပြီး နောက်ဆုံးတွင် သူကိုယ်တိုင် ကြယ်ခြောက်ပွင့် သိုင်းဘိုးဘေးအဆင့်သို့ ရောက်ရှိရန် အသုံးချခဲ့သည်။
ဤအချက်ကို ကြည့်ခြင်းအားဖြင့် ဤလူမှာ မည်မျှ စက်ဆုပ်မုန်းတီးဖွယ်ကောင်းကြောင်း သိနိုင်သည်။
“သူ ဒီကို ဘာလာလုပ်တာလဲ”
မရမ်းစေ့ရောင်အတောင်ပံ ခြင်္သေ့မင်းက ခေါင်းခါကာ စိတ်ရှုပ်ထွေးသော လေသံဖြင့် “ကျွန်တော်လည်း မသိဘူး၊ အဲဒီလူက တောင်တန်းအပြင်ဘက်မှာ ချောင်းမြောင်းနေတာတွေ့တာနဲ့ မသင်္ကာစရာကောင်းနေလို့ ကျွန်တော် မောင်းထုတ်လိုက်တာပဲ” ဟု ဆိုသည်။
ကျန်းချန်က ခေါင်းညိတ်လိုက်သည်။ ကောန်းဟာ့စ်သည် သူ့ကို လာရှာရန် ကြိုးစားပုံရသော်လည်း ခရမ်းတောင်ပံ ခြင်္သေ့မင်းက အရင်တွေ့သွားခြင်း ဖြစ်ပေလိမ့်မည်။
ခရမ်းတောင်ပံ ခြင်္သေ့မင်းသည် လက်ရှိတွင် ကြယ်တစ်ပွင့် သိုင်းဘိုးဘေးအဆင့်သာ ရှိသော်လည်း ၎င်းထုတ်လွှတ်သော စွမ်းအားမှာ ကြယ်သုံးပွင့် သို့မဟုတ် ကြယ်လေးပွင့် သိုင်းဘိုးဘေးအဆင့်ထက် မလျော့ပေ။
ထို့ကြောင့် ကောန်းဟာ့စ်သည် ၎င်း၏ ပြိုင်ဘက် မဖြစ်နိုင်ဘဲ အတင်းအကျပ် ထွက်ခွာသွားရခြင်း ဖြစ်သည်။ သို့သော် ဝိညာဉ်စံအိမ်၏ စရိုက်အရ ဤလူများသည် ထိုမျှလောက်နှင့် လက်လျှော့ကြမည်မဟုတ်ပေ။
“နောက်နောင် ပညာရှင်တစ်ယောက်ယောက် ဒီကိုရောက်လာရင် ငါ့ကို ချက်ချင်း အကြောင်းကြားပါ”
ကျန်းချန်သည် မြေပြင်ပေါ်သို့ ဆင်းသက်ကာ သူ၏ယပ်တောင်ကို အသာအယာ ခတ်လိုက်ပြီး “အထူးသဖြင့် မင်းအာရုံမခံနိုင်တဲ့ အဆင့်မှာရှိတဲ့ သူတွေဆိုရင် ပိုသတိထားပါ” ဟု ဆိုလိုက်သည်။
လာရောက်သူမှာ ရည်ရွယ်ချက်မကောင်းပါလျှင် ခရမ်းတောင်ပံ ခြင်္သေ့မင်းကိုပင် တိုက်ရိုက် အန္တရာယ်ပြုနိုင်သည်။ ၎င်း၏ စွမ်းအားဖြင့် အနောက်မြောက်တိုက်ကြီးရှိ လူများကို ရင်ဆိုင်နိုင်သည်။
အကယ်၍ အလယ်ပိုင်းတိုက်ကြီးဒေသမှ ပညာရှင်များနှင့် ထိတွေ့ရပါက သိုင်းဘိုးဘေးအဆင့်ရှိသော မှော်သားရဲတစ်ကောင်နှင့် မလုံလောက်ပေ။
“နားလည်ပါပြီ သခင်” ခရမ်းတောင်ပံ ခြင်္သေ့မင်းက ခေါင်းညိတ်လိုက်သည်။
ကျန်းချန်သည် ဟွိုင်မြစ်ဝါးတောအတွင်းရှိ ကုလားထိုင်ပေါ်တွင် ထိုင်ကာ စာအုပ်တစ်အုပ်ကို ကောက်ကိုင်၍ ဖတ်လိုက်ရင်း “ရှောင်ရီရှန်နဲ့ ချင်းလင်းတို့ ဘယ်သွားကြပြန်ပြီလဲ” ဟု မေးလိုက်သည်။
“သူတို့နှစ်ယောက်လုံးက ကျင့်ကြံခြင်းအတွက် တရားထိုင်နေကြပါတယ်၊ ဂိုဏ်းချုပ်ယွင်ယွင်ကတော့ အခုထိ တိမ်တိုက်ဂိုဏ်းမှာပဲ ရှိနေသေးပြီး ပြန်မလာသေးပါဘူး”
ခြင်္သေ့မင်းသည် လူသားအသွင်သို့ ပြောင်းလဲလိုက်ပြီး သခင်ဖြစ်သူအတွက် လက်ဖက်ရည်နွေးနွေးလေးတစ်ခွက် ဖျော်ပေးလိုက်ကာ “သူမ ဘယ်တော့ပြန်လာမလဲဆိုတာ မသိရသေးပေမဲ့ သုံးနှစ်ကတိကဝတ် အချိန်နီးကပ်လာတာကြောင့် အဲဒီကိစ္စအတွက် ဖြစ်နိုင်ပါတယ်” ဟု ဆိုသည်။
သုံးနှစ်ကတိကဝတ်အတွက် လအနည်းငယ်သာ လိုတော့သည်။ ဤအတောအတွင်း မှော်ဆေးဆရာ ညီလာခံလည်း ကျင်းပမည်ဖြစ်ရာ သူသည် ကျားမာနိုင်ငံတော်သို့ အပန်းဖြေ လည်ပတ်နိုင်ပေသည်။
ကျန်းချန်က လှည့်ကြည့်လိုက်ပြီး သူ့နောက်ရှိ ချိုင်လင်းနှင့် ဇီယန်ကို ကြည့်၍ “ငါ နောက်ရက်အနည်းငယ်အတွင်း ကျားမာနိုင်ငံတော်ကို သွားဖို့ စိတ်ကူးထားတယ်၊ မင်းတို့နှစ်ယောက်ရော စိတ်ဝင်စားလား” ဟု မေးလိုက်သည်။
ဇီယန်၏ မျက်လုံးတစ်ချက် ဝှေ့ကြည့်လိုက်ပြီးနောက် သူမ၏လက်ယမ်းပြကာာ အစ်မချိုင်လင်းကို ခေါင်းငုံ့ရန် အချက်ပြလိုက်သည်။
ချိုင်လင်းကလည်း အလိုက်သင့် ခေါင်းငုံ့ပေးလိုက်ရာ ဇီယန်က သူမ၏နားထဲ တိုးတိုးလေး ပြောလိုက်သည်။ ချိုင်လင်းက မသေမျိုးလိုဏ်ဂူတစ်ခုကို ရှာတွေ့ထားကြောင်း သိလိုက်ရသည့်အခါ သူမ ပြုံးလိုက်သည်။ အမှန်ပင် ဇီယန်နှင့် အတူရှိနေပါက သူမ အလိုရှိသမျှကို ရရှိနိုင်ပေသည်။
“အစ်ကိုကျန်းချန်... အစ်ကိုပဲ တစ်ယောက်တည်းသွားပါ။ အစ်မချိုင်လင်းနဲ့ ကျွန်မမှာ လုပ်စရာ အရေးကြီးတဲ့ကိစ္စတစ်ခု ရှိသေးတယ်”
“အရေးကြီးတဲ့ကိစ္စလား” ကျန်းချန်က သူ၏ယပ်တောင်ကို ချလိုက်ပြီး “ကောင်းပါပြီ၊ မင်းတို့ သွားကစားချင်တယ်ဆိုရင်လည်း ဂရုစိုက်ကြဦး” ဟု ဆိုလိုက်သည်။
ကျန်းချန်သည် အချက်ပြ ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူကာ ချိုင်လင်း၏လက်ထဲသို့ ပစ်ပေးလိုက်ပြီး “တစ်ခုခု ဖြစ်လာရင် ဒီကျောက်စိမ်းပြားကို ခွဲချလိုက်ပါ၊ ငါ ချက်ချင်းရောက်လာခဲ့မယ်၊ ဒီနေရာက သိပ်ပြီးတော့ အေးချမ်းတာ မဟုတ်ဘူး” ဟု သတိပေးလိုက်သည်။
ထိုသို့ပြောရင်း ကျန်းချန်သည် ဖြည်းဖြည်းချင်း မတ်တတ်ရပ်လိုက်သည်။ ဤနေရာရှိ မြက်ပင်နှင့် သစ်ပင်တိုင်းကို ကာကွယ်ရန်အတွက် သူ သတိထားရန် လိုအပ်ပေသည်။
ကျန်းချန်၏ ခန္ဓာကိုယ်အတွင်းတွင် လှိုင်းတံပိုးကဲ့သို့ ပြင်းထန်သော ဒိုချီစွမ်းအင်များ ဆက်တိုက် ထွက်ပေါ်လာပြီး တောင်တစ်ခုလုံးကို ချက်ချင်းပင် ဖုံးလွှမ်းသွားသည်။ သိုင်းဝိဇ္ဇာအဆင့်ရှိသူတစ်ဦးပင်လျှင် ဤအတားအဆီးကို ဖျက်ဆီးနိုင်မည် မဟုတ်ပေ။
ချိုင်လင်းက ပတ်ဝန်းကျင်ကို မော့ကြည့်ကာ “ရှင် ဘာလုပ်လိုက်တာလဲ” ဟု မေးသည်။
“ဘာမှမဟုတ်ပါဘူး၊ အတားအဆီးတစ်ခု လုပ်လိုက်တာပါ၊ ဒါဆိုရင် ဘယ်သူမှ ဒီကို ကျူးကျော်ဝင်ရောက်လာမှာကို စိုးရိမ်စရာ မလိုတော့ဘူး”
ဤသည်မှာ ဤနေရာ၏ လုံခြုံရေးအတွက် ဖြစ်သည်။ သူ ခရီးသွားစဉ်အခါက မိတ်ဆွေအပေါင်းအဖော်များစွာ ရှိခဲ့သော်လည်း လူများစွာကို စိတ်အနှောင့်အယှက်ဖြစ်အောင် ပြုလုပ်ခဲ့ဖူးသည်။ ထိုသူများက သူ၏ တည်နေရာကို သိသွားပါလျှင် အရာအားလုံးကို လာရောက်ဖျက်ဆီးမည်မဟုတ်ဟု မည်သူမျှ အာမခံနိုင်ပေ။
မလိုလားအပ်သော ပြဿနာများမဖြစ်ရန် သတိထားခြင်းက ပို၍ကောင်းမွန်ပေသည်။
“ဒီနေရာကို ငါ မင်းတို့လုပ်ပိုင်ခွင့်အပြည့် ပေးထားတယ်၊ မင်းတို့ လွတ်လွတ်လပ်လပ် ဝင်ထွက်သွားလာလို့ရပေမဲ့ ငါ့ခွင့်ပြုချက်မရဘဲ သူစိမ်းတွေကိုတော့ ခေါ်မလာပါနဲ့”
ဇီယန်က တခစ်ခစ်ရယ်ကာ “စိတ်မပူပါနဲ့ အစ်ကိုကျန်းချန်၊ ဒီနေရာက ကျွန်မတို့နဲ့ သိပ်မရင်းနှီးဘူး၊ ဘယ်သူ့ကိုမှလည်း မသိပါဘူး” ဟု ဆိုလိုက်သည်။
ဇီယန်၏ ကတိကို ကြားရသည့်အခါ ကျန်းချန်က ခေါင်းညိတ်လိုက်ပြီး ခြံဝင်းအတွင်းရှိ နေရာတစ်ခုသို့ ကြည့်လိုက်သည်။ ချင်းလင်းမှာ သိုင်းသခင်အဆင့်သို့ ရောက်ရှိနေပုံရသည်။
ရှောင်ရီရှန်၏ စွမ်းအားမှာလည်း သိုင်းမြင့်မြတ်သခင်အဆင့်သို့ နီးကပ်နေပြီဖြစ်သည်။ ဤနေရာရှိ ပေါများလှသော ဒိုချီစွမ်းအင်များကြောင့် ကျင့်ကြံခြင်းမှာ သိသိသာသာ ထိရောက်လှပေသည်။
ရှောင်ရီရှန်သည် အစပိုင်းတွင် သိုင်းတပည့်အဆင့်မှာသာ ရှိခဲ့သော်လည်း ယခုအခါ သိုင်းမြင့်မြတ်သခင်အဆင့်သို့ ရောက်ရှိလာခြင်းမှာ သူမ၏ ပါရမီမှာ အလွန် ကောင်းမွန်လှသည်ဟု ဆိုရမည်ဖြစ်သည်။
ရှောင်ရီရှန်အနေဖြင့် သူမ၏ ခန္ဓာကိုယ်အတွင်းရှိ အန္တရာယ်ရှိသည့် အဆိပ်မိခန္ဓာကိုယ်ကို အပြည့်အဝ ထိန်းချုပ်နိုင်ရန်အတွက် ကျန်းချန်သည် သူမအား အဆိပ်မိခန္ဓာကိုယ် ဖောက်ပြန်လာချိန်ဖြစ်သည့် တစ်လလျှင် အဆိပ်ဆေးလုံး တစ်လုံး ပေးလေသည်။
ဤနည်းလမ်းသည် အဆိပ်ကို လုံးဝ ဖိနှိပ်ထားနိုင်သည့် အာနိသင်ကို ရရှိစေနိုင်ပေသည်။
***