ဆေးရုံခန်းအတွင်း မင်ယွဲ့နှင့် သူမ၏မိခင်တို့ ရောက်ရှိလာချိန်တွင် ဦးလေးငယ်မှာ လူနာစောင့်ကုတင်ပေါ်၌ ခဏတာ အနားယူနေသည်။ ဤအခန်းထဲတွင် သားဖွားလူနာ နှစ်ဦးရှိရာ၊ ဘေးကုတင်မှ အမျိုးသမီးမှာ မွေးဖွားရန် ရက်စေ့နေပြီဖြစ်သော်လည်း ဗိုက်မနာသေးဘဲ စောင့်ဆိုင်းနေသူ ဖြစ်သည်။
"ရောက်တာနဲ့ ချက်ချင်း မွေးတာလား"
ဗိုက်ပူပူနှင့် အမျိုးသမီးက မင်ယွဲ့၏အဒေါ်ကို ကြည့်ကာ လှမ်းမေးလိုက်သည်။
သူမသည် ဤနေရာတွင် ရောက်နေသည်မှာ သုံးရက်ရှိပြီဖြစ်ရာ၊ မနေ့ကအထိ အလွတ်ဖြစ်နေသော ကုတင်တွင် ယနေ့၌ ကလေးတစ်ယောက် ရောက်ရှိနေသည်ကို မြင်သောအခါ အံ့ဩနေခြင်းပင်။
"ဟုတ်တယ်... မနေ့ညက ဆေးရုံရောက်တာနဲ့ မွေးတာပဲ"
အဒေါ်ဖြစ်သူက မျက်လုံးလေးမှိတ်ကာ နှုတ်ခမ်းလေး တလှုပ်လှုပ်ဖြစ်နေသော ကလေးငယ်ကို ကြည့်ရင်း ပြုံးရွှင်စွာ ပြန်ဖြေလိုက်သည်။
"သားလား၊ သမီးလား"
ထိုအမျိုးသမီးက စပ်စုပြန်သည်။
ထိုစဉ်မှာပင် သူမ၏ခင်ပွန်းဖြစ်သူက အစားအသောက်များသယ်ကာ အခန်းထဲသို့ ဝင်လာသည်။
"သမီးလေးပါ"
အဒေါ်ဖြစ်သူက ပုံမှန်အတိုင်းပင် ပြန်ဖြေလိုက်သော်လည်း၊ ထိုအမျိုးသမီး၏ ခင်ပွန်းဖြစ်သူမှာ စိတ်ပျက်သွားဟန်ဖြင့် မျက်နှာပျက်သွားသည်။
"ဘာလို့ သမီးလေး ဖြစ်ရတာလဲ၊ သားလေးဆိုရင် ပိုကောင်းတာပေါ့ ဒါနဲ့... အမတို့ရဲ့ အကြီးက သားလား"
ဤစကားကို ကြားသောအခါ အဒေါ်ဖြစ်သူမှာ စိတ်မရှည်တော့ပေ။
"ညီမလေးရယ်... ကိုယ့်သားသမီးပဲ၊ သားဖြစ်ဖြစ် သမီးဖြစ်ဖြစ် အန်တီကတော့ ချစ်တာပါပဲ"
ပထမကလေး၏ ကျား၊ မ ခွဲခြားမှုက ဒုတိယကလေးအပေါ် ထားရှိသည့် သဘောထားကို ပြောင်းလဲစေမည် မဟုတ်ကြောင်း သူမက သွယ်ဝိုက်၍ ပြောလိုက်ခြင်းဖြစ်သည်။
"ဟင်း... ကျွန်မရဲ့ အကြီးကလည်း သမီး၊ ဒုတိယကလည်း သမီးပဲ အခုတော့ အားလုံးက ဒါကို သားလေးလို့ ပြောနေကြတာ ကျွန်မ ဗေဒင်
တောင် သွားမေးထားသေးတယ်"
ထိုအမျိုးသမီးသည် အဒေါ်ဖြစ်သူ၏ ခံစားချက်ကို ဂရုမစိုက်ဘဲ သူမ၏ အယူအဆဟောင်းများကိုသာ တတွတ်တွတ် ပြောနေတော့သည်။
"စိတ်မပူနဲ့... ဒီတစ်ခါတော့ သားလေး အသေအချာပဲ"
သူမ၏ ခင်ပွန်းဖြစ်သူမှာလည်း ကလေးအကြိမ်ကြိမ် မွေးပေးထားရသော ဇနီးသည်၏ ပင်ပန်းနွမ်းနယ်မှုကို လျစ်လျူရှုကာ၊ ဝမ်းဗိုက်ထဲမှ သားလေးရရှိရေးကိုသာ အာရုံစိုက်နေသည်။
မင်ယွဲ့နှင့် သူမ၏ မိခင်မှာ ထိုသူတို့ကို ကြည့်ကာ စိတ်ပျက်လက်ပျက်ဖြင့် တိတ်ဆိတ်နေမိကြသည်။
ခေတ်နောက်ကျသော အယူအဆများ၏ ဖိနှိပ်မှုကို ခံထားရသော အမျိုးသမီးတစ်ဦးသည် သူမကိုယ်တိုင်ပင် အခြားအမျိုးသမီးများအပေါ် ပြန်လည်ဖိနှိပ်သည့် လက်သပ်မွေး လူသတ်
သမားတစ်ဦး ဖြစ်နေသည်မှာ ဝမ်းနည်းစရာပင်။
"ကျွန်မ ခင်ပွန်းက ကျွန်မအပေါ် အရမ်းကောင်းတာ ဒါကြောင့် သူ့အတွက် သားတစ်ယောက် မွေးပေးဖို့ ဆုံးဖြတ်ထားတာပဲ
အမရဲ့ ခင်ပွန်းကလည်း အမအပေါ် ကောင်းပုံရတယ်၊ သားလေးတစ်ယောက် ရှိရင်တော့ ပိုကောင်းမှာပေါ့"
မင်ယွဲ့မှာ ဆက်၍ နားမထောင်နိုင်တော့ပေ။ သူမက ပြတ်သားသော လေသံဖြင့် ကြားဖြတ်ပြောလိုက်သည်။
"ကျွန်မတို့ မိသားစုက သားသမီး ခွဲခြားဆက်ဆံတာမျိုး မရှိဘူး ပြီးတော့ ကျွန်မတို့မှာ ဆက်ခံစရာ ရာဇပလ္လင်လည်း မရှိဘူးလေ ဒါကြောင့် သားမွေးဖို့ကို အဓိကမထားဘူး နောင်ကျရင် ကျွန်မအဒေါ်ရှေ့မှာ စိတ်အနှောင့်အယှက်ဖြစ်
စရာ စကားမျိုးတွေ မပြောပါနဲ့"
မင်ယွဲ့၏ ပြင်းထန်သော တုံ့ပြန်မှုကြောင့် ထိုဇနီးမောင်နှံမှာ ဆွံ့အသွားကြသည်။
ခဏအကြာတွင် ထိုအမျိုးသမီး ဗိုက်နာလာသဖြင့် ဆရာဝန်များက မွေးခန်းသို့ ခေါ်ဆောင်သွားကြသည်။ တစ်နာရီ၊ နှစ်နာရီခန့် ကြာသောအခါ ထိုဘေးကုတင်မှ မိသားစုများ ပြန်လည်ရောက်ရှိလာကြသည်။ သို့သော် အခန်းတွင်း လေထုမှာ ချက်ချင်းပင် တင်းမာအေးစက်သွားတော့သည်။
"ဘာလို့ နောက်ထပ် သမီးလေးပဲ ဖြစ်နေရတာလဲ ဒါနဲ့ဆို သမီးသုံးယောက် ရှိသွားပြီ"
အသက်ကြီးကြီး အမျိုးသမီးတစ်ဦးက ရုပ်ဆိုးဆိုး မျက်နှာထားဖြင့် မနှစ်မြို့ဖွယ် စကားများကို ဆိုနေသည်။
သူမသည် ထိုအမျိုးသမီး၏ ယောက္ခမ ဖြစ်ဟန်တူသည်။ ယခင်က ဇနီးသည်ကို ချစ်လှပါသည်ဆိုသော ခင်ပွန်းဖြစ်သူမှာလည်း အသံတိတ်နေကာ တစ်ချက်မျှ ဝင်မပြောတော့ပေ။
မွေးဖွားပြီးစ မိခင်လောင်းမှာတော့ စိတ်ပင်ပန်းစွာဖြင့် အိပ်ပျော်နေရှာသည်။
ထိုစဉ် မင်ယွဲ့၏ အဘိုးနှင့် အဘွားတို့ ရောက်ရှိလာသည်။
"သမီးလေးက အရမ်းချစ်ဖို့ကောင်းတာပဲ ရှောင်
ရှင်းနဲ့တောင် တူသေးတယ် နောင်ကျရင် အလှလေး ဖြစ်မှာပဲ"
ဟု အဘွားဖြစ်သူက မြေးမလေးကို ကြည့်ကာ ဝမ်းသာအားရ ပြောနေသည်။
"အမေ... ဘာလို့ ဒီအထိ လိုက်လာတာလဲ"
ဟု အဒေါ်ဖြစ်သူက သူမအပေါ် တန်ဖိုးထားသော ယောက္ခမမိသားစုကို ကြည့်ကာ ကြည်နူးပီတိ ဖြစ်နေသည်။
ဘေးကုတင်မှ အဘွားအိုက မင်ယွဲ့၏ အဘွားကို လှမ်းမေးပြန်သည်။
"ခင်ဗျားတို့လည်း မြေးမလေးပဲ ရတာလားအကြီးကတော့ သားမလား"
မင်ကျောက်က စိတ်မရှည်တော့ဘဲ ကြားဖြတ်ဖြေလိုက်သည်။
“ကျွန်တော်က အကြီးပဲ၊ ပြီးတော့ ကျွန်တော်က ယောင်္ကျားလေး အဲဒါ ဘာဖြစ်လို့လဲ"
အဘွားအိုက မျက်မှောင်ကြုတ်ကာ
“ဒီကလေးကတော့... ငါက မင်းတို့အတွက် ဝမ်းသာပေးတာပါ ယောင်္ကျားလေးဆိုတာ မိသားစုရဲ့ ဒေါက်တိုင်တွေပဲလေ"
ဟု ဆိုသည်။
မင်ယွဲ့၏ အဘွားက ထိုသူတို့နှင့် ဆက်၍ စကားမပြောလိုတော့ပေ။
သူမသည် မြေးမလေးကိုသာ ဂရုတစိုက် ကြည့်ရှုနေသည်။ မင်ယွဲ့၏ အဘိုးမှာလည်း စကားတစ်ခွန်းမှ မဆိုသော်လည်း မြေးမလေးထံမှ မျက်တောင်မခတ်တမ်း ကြည့်ကာ မေတ္တာအပြည့်ဖြင့် ငေးမောနေတော့သည်။
ဤမိသားစုအတွက်မူ သားဖြစ်စေ၊ သမီးဖြစ်စေ ရတနာတစ်ပါးကဲ့သို့ပင် တန်ဖိုးရှိနေသည်မှာ အထင်အရှားပင်။
***