လီအောက်ကျေးရွာ၏ နေထိုင်မှုဘဝမှာ အေးချမ်းသာယာလှသည်။ မင်ယွဲ့ ပံ့ပိုးကူညီထားသော အလှူငွေများကြောင့် မိသားစုဘိုးဘွားရိပ်သာ တည်ဆောက်ရေးမှာလည်း အရှိန်အဟုန်ဖြင့် ပြီးစီးလုနီးပြီ ဖြစ်သည်။
အဆောက်အဦ၏ အပြင်ပန်းလက်ရာများမှာ ရိုးရှင်းသော်လည်း အတွင်းဘက်ရှိ ပစ္စည်းများထားရှိရာ ဗီရိုနှင့် အမွမ်းအမံများမှာမူ လက်ရာမြောက်လှပေသည်။
ကျေးရွာလူကြီးက မင်ယွဲ့ကို လုပ်ငန်းခွင်သို့ လိုက်လံပြသချိန်တွင် အလုပ်သမားများမှာ အမိုးပြားများ ကပ်ခြင်းနှင့် အချောသတ်ခြင်းများကို လုပ်ဆောင်နေကြသည်။
ရွာသူရွာသား အလုပ်သမားများမှာ ပုံမှန်လုပ်ခလစာရရှိရုံသာမက ဤစီမံကိန်းမှာ မင်ယွဲ့၏ ကိုယ်ပိုင်လှူဒါန်းမှုဖြင့် တိုက်ရိုက်လုပ်ဆောင်ခြင်းဖြစ်ရာ အစိုးရရန်ပုံငွေထက်ပင် ပိုမိုစိတ်ချရသည်ဟု ယူဆကာ ပျော်ရွှင်တက်ကြွစွာ လုပ်ကိုင်နေကြသည်။
"ယွဲ့ယွဲ့... သမီးဆီကို ဧည့်သည်တွေ ရောက်နေတယ်"
ဘိုးဘွားရိပ်သာ၏ ဒုတိယဆောင်အတွင်း ရွာသားများ လိုက်နာရမည့် စည်းကမ်းချက်များနှင့် မင်ယွဲ့၏ ဂုဏ်ပြုမှတ်တမ်းဓာတ်ပုံများကို ကြည့်ရှုနေစဉ် ရွာလူကြီးက သတင်းစကား ပါးလိုက်
ခြင်း ဖြစ်သည်။
ဓာတ်ပုံထဲတွင် မင်ယွဲ့မှာ ဘွဲ့နှင်းသဘင်ဝတ်စုံဖြင့် ထူးချွန်ထက်မြက်သော ပုံရိပ်ကို ပိုင်ဆိုင်
ထားသည်။
"ကျွန်မဆီကိုလား ဘယ်သူပါလိမ့်"
"ယောင်္ကျားလေးတစ်ယောက်ပဲ၊ ဝတ်စုံအပြည့်နဲ့ တကယ့်ကို သူဌေးပုံစံပဲကွယ် ကားဆိုတာလည်း အကောင်းစားကြီးပဲ"
မင်ယွဲ့မှာ ဇဝေဇဝါ ဖြစ်သွားရသည်။
သူမ၏ မိသားစုတွင် ဤမျှ ချမ်းသာကြွယ်ဝသော ဆွေမျိုးမျိုးနွယ်များ ရှိခဲ့ဖူးသည်ဟု မမှတ်မိပေ။
သို့သော် အရပ်ရှည်ရှည်၊ ရုပ်ချောချောနှင့် ချမ်းသာသော ပုံရိပ်ဟု ဆိုလိုက်သည်နှင့် သူမ၏ စိတ်အာရုံထဲတွင် မိုဟန်ကျီ၏ ပုံရိပ်က ချက်ချင်း ထင်ဟပ်လာသည်။
'မဟုတ်လောက်ပါဘူး... သူက ယန်ကျန်းမှာ အလုပ်ရှုပ်နေမှာပဲ'
ဟု သူမက ကိုယ့်ကိုယ်ကိုယ် ပြန်လည်ငြင်းဆိုနေစဉ်မှာပင်၊ မလှမ်းမကမ်း၌ ရပ်နေသော အရပ်ရှည်ရှည်နှင့် ခန့်ညားထည်ဝါသော လူရိပ်တစ်ခုကို လှမ်းမြင်လိုက်ရသည်။ ထိုသူမှာ သူမကို နွေးထွေးစွာ ပြုံးကြည့်နေသော မိုဟန်ကျီပင် ဖြစ်သည်။
"ဘာလို့ ဒီအထိ ရောက်လာတာလဲ"
မင်ယွဲ့က အပြေးအလွှား သွားရောက်
နှုတ်ဆက်လိုက်သည်။
မိုဟန်ကျီက ရင်ခွင်ကို ဖွင့်ပေးလိုက်သော်လည်း လူမြင်ကွင်းဖြစ်သဖြင့် မင်ယွဲ့က ရှက်ကိုးရှက်ကန်းဖြင့် ရပ်လိုက်ရာ သူ၏ လက်များမှာ မသိမသာ ပြန်ကျသွားတော့သည်။
"မင်း ပြန်ရောက်ရင် လာတွေ့မယ်လို့ ကတိပေးထားတယ်လေ"
ဟု မိုဟန်ကျီက ညင်သာစွာ ဆိုသည်။
သူ၏ မျက်ဝန်းများမှာ ပြုံးရွှင်နေသော မိန်းကလေးထံမှ ခဏမျှပင် ဖယ်ခွာမသွားပေ။
"တကယ် လာလိမ့်မယ်လို့ မထင်ထားဘူးအလုပ်တွေ မရှုပ်ဘူးလား"
"မရှုပ်ပါဘူး"
ဟု သူက ပေါ့ပေါ့ပါးပါး ဖြေလိုက်သော်လည်း၊ အမှန်စင်စစ် သူသည် မင်ယွဲ့ကို လာတွေ့နိုင်ရန် ကုမ္ပဏီတွင် ညလုံးပေါက် အလုပ်ဆင်းကာ ကြိုတင်ပြင်ဆင်ခဲ့ရခြင်း ဖြစ်သည်။
အိမ်သို့အပြန်လမ်းတွင် ရွာသားများက စူးစမ်းသော အကြည့်များဖြင့် ကြည့်နေကြသည်။
မင်ယွဲ့သည် မိုဟန်ကျီ၏ လက်ကို တင်းတင်းဆုပ်ကိုင်ကာ "ဒါ ကျွန်မရဲ့ ရည်းစားပါ" ဟု ပွင့်လင်းစွာ မိတ်ဆက်ပေးလိုက်သည်။
မိုဟန်ကျီ၏ မျက်ဝန်းများမှာ ကြယ်ပမာ တောက်ပသွားပြီး မင်ယွဲ့၏ လက်ကို ပြန်လည် ဆုပ်ကိုင်ထားလိုက်သည်။
အိမ်ရှေ့သို့ ရောက်သောအခါ မင်ယွဲ့၏ မိဘများက စိုးရိမ်တကြီး စောင့်မျှော်နေကြသည်။
"အဖေ... အမေ... ဒါက မိုဟန်ကျီ ပါ ဟန်ကျီလို့ပဲ ခေါ်လို့ရပါတယ်"
"ဦးလေး... အန်တီ..."
ဟု မိုဟန်ကျီက ယဉ်ကျေးစွာ နှုတ်ဆက်လိုက်
သည်။
မင်ယွဲ့၏ မိခင်မှာ မိုဟန်ကျီ၏ ယဉ်ကျေးသိမ်မွေ့သော အမူအရာကြောင့် အားနာစိတ်များ ဖြစ်ပေါ်လာကာ ဧည့်သည်ကို နွေးထွေးစွာ ကြိုဆိုလေသည်။
သို့သော် ဖခင်ဖြစ်သူမှာမူ မိမိသမီးကို ခိုးယူသွားမည့် သူဌေးသားကို ကြည့်ကာ စိတ်ထဲတွင် တစ်မျိုးကြီး ဖြစ်နေရှာသည်။
ဧည့်ခန်းထဲတွင် မိုဟန်ကျီက လက်ဖက်ရည်ကို ကျွမ်းကျင်စွာ ဖျော်စပ်ပြလိုက်သည်။ သူ၏ စနစ်ကျလှသော အမူအရာနှင့် မွှေးပျံ့လှသော လက်ဖက်ရည်နံ့တို့က မင်ယွဲ့ဖခင်၏ စိတ်ကို အနည်းငယ် ပြေလျော့သွားစေသည်။
ဘိုးဘွားများနှင့် ဦးလေး၊ အဒေါ်များမှာလည်း မင်ယွဲ့၏ ရည်းစားကို ကြည့်ရန် စုရုံးရောက်ရှိလာကြသည်။
မင်ယွဲ့က မီးဖိုချောင်ထဲရှိ သူမ၏ မိခင်ထံသို့ သွားရောက်ကူညီလိုက်သည်။
"ယွဲ့ယွဲ့... သူ ယူလာတဲ့ ပစ္စည်းတွေကို ကြည့်ပါဦး ဂျင်ဆင်းတွေ၊ ငှက်သိုက်တွေ၊ တန်ဖိုးကြီး လက်ဖက်ရည်တွေချည်းပဲ ဒါတွေက အရမ်းစျေးကြီးမှာပဲ၊ အန်တီတို့ လက်ခံဖို့ သင့်တော်ပါ့မလား"
ဟု မိခင်ဖြစ်သူက စိုးရိမ်တကြီး မေးမြန်းသည်။
"အမေရယ်... စိတ်မပူပါနဲ့ ဟန်ကျီအတွက် ဒါတွေက ဘာမှ မဟုတ်ပါဘူး အမေတို့က အားနာပြီး လက်မခံရင် သူ့ကို မျက်နှာပျက်အောင် လုပ်
သလို ဖြစ်နေလိမ့်မယ်"
ဟု မင်ယွဲ့က နှစ်သိမ့်လိုက်သည်။
မိုဟန်ကျီ၏ ရည်မှန်းချက်မှာ ရှင်းလင်းလှသည်။ သူသည် မင်ယွဲ့၏ ဘဝထဲသို့သာမက သူမ၏ မိသားစုအတွင်းသို့ပါ နွေးထွေးစွာဖြင့် ဝင်
ရောက်လာခဲ့ပြီ ဖြစ်သည်။
မင်ယွဲ့၏ မိသားစုဝင်များမှာလည်း ဤထူးခြားထက်မြက်သော လူငယ်လေးအား ကြည့်ကာ သူတို့သမီးလေးအတွက် စိတ်ချရသော လက်တွဲဖော် ဖြစ်လိမ့်မည်ဟု စတင်ယုံကြည်လာကြတော့သည်။
***