(ဘာသာပြန်၏ မှတ်ချက်။ ။ အဖြူရောင်သိုးအုပ်အတွင်း အမည်းရောင်ဖြစ်နေခြင်းသည် အပယ်ခံဟု ဆိုလိုသည်)
ယွမ်ရှောင် ဓားဖိနှိပ်မှု ခန်းမထဲမှ ထွက်လာသည်နှင့်တစ်ပြိုင်နက် ရွံရှာသလိုနှင့် သိချင်စိတ်များ ပြည့်နှက်နေသည့် အကြည့်ပေါင်းရာချီကို ချက်ချင်း ဆုံလိုက်ရသည်။
"သူ ပြီးသွားပြီလားဟ"
တစ်စုံတစ်ယောက်က ခပ်တိုးတိုး ရေရွတ်သည်။
" မိုးကြိုးဌာနက ဘယ်ယောက်ျားမဆို မိုးကြိုး တမန်တော် ချောင် နဲ့ တစ်မိနစ်ထက်ပိုပြီး ခံနိုင်ရည်ရှိမယ်လို့ မင်း ထင်နေတာလား။ သူမက မိုးကြိုးဌာနရဲ့ တကယ့်မိစ္ဆာမပဲ"
မဟာကောင်းကင်ကျောင်းတော် မှ ပါရမီရှင်များသည် အနည်းငယ် မကျေမနပ် ဖြစ်လာကြပြီး စိတ်အနှောင့်အယှက်ဖြစ်၍ ယွမ်ရှောင်ထံ တိုက်ရိုက် ဦးတည်သွားခဲ့သည်။ မိန်းကလေးများအတွက်မူ ယွမ်ရှောင်သည် ရွံရှာဖွယ်ကောင်းသည်ထက် မပိုဘဲ ချောမောပြေပြစ်သည့် အပြင်ပန်းရုပ်သွင်က ရွံရှာဖွယ်ကောင်းသော စိတ်ဝိညာဉ်ကို မည်သို့ ဖုံးကွယ်ထားကြောင်း နားမလည်နိုင်ကြပေ။ ယောက်ျားလေးများ၏ အကြည့်များသည် မနာလိုမှုများ ရောနှောနေပြီး မည်သို့ပင်ဆိုစေကာမူ ဆွဲဆောင်မှုရှိလှသည့် အမျိုးသမီးတစ်ဦးနှင့် ပျော်ပါးရမည့် ကိစ္စကို အလွယ်တကူ လျစ်လျူမရှုနိုင်ပေ။
"ဘယ်သူကများ အဲဒီကောင်မကို မြည်းကြည့်ချင်စိတ် မရှိဘဲ နေမှာလဲ"
သူတို့တို့၏ မနာလိုမှုသည် ခါးသီးသော အမုန်းသို့ လျင်မြန်စွာ ပြောင်းလဲသွားသည်။
ပိုင်ကျိကျွင်းက ဝက်တစ်ကောင်ကို ကြည့်သည့်အကြည့်မျိုးဖြင့် ခေါင်းခါရင်း ကြေညာလိုက်သည်။
"လူနဲ့ သားရဲကြားက အကြီးမားဆုံး ကွာခြားချက်၊ လူတွေဟာ လူသားဆန်မှုရှိပြီး ဆွေမျိုးသားချင်းတွေနဲ့ မပေါင်းသင်းကြဘူး။ သားရဲတွေကတော့ ဘာဖြစ်ဖြစ် ရောနှောနေတတ်ကြတယ်။ သိုးမည်းတစ်ကောင်က လူတွေရဲ့ အပြုအမူတွေကို နားလည်ဖို့ မျှော်လင့်လို့ မရဘူး"
ပထမဆုံး ယွမ်ရှောင်က သူ၏ ကြေညာချက်ဖြင့် ဂယက်ရိုက်စေခဲ့ပြီး ယခု မွေးစားအဒေါ်ဖြစ်သူနှင့် မလျော်မကန် ဆက်ဆံရေး ရှိနေရာ ဤလူငယ် ပါရမီရှင်များ အားလုံးက အလွန် ရွံရှာသွားခဲ့ကြသည်။ ပထမ လုပ်ရပ်က သူတို့ကို စိန်ခေါ်ခဲ့ပြီး နောက်ပိုင်း လုပ်ရပ်မှာ လူ့အဖွဲ့အစည်းကို စိန်ခေါ်ခဲ့ပြီး ပထမ လုပ်ရပ်ကို သူကိုယ်တိုင် ကျူးလွန်ခဲ့သော်လည်း ဒုတိယ လုပ်ရပ်မှာမူ ချောင်ရူ၏ လုပ်ရပ်သာ ဖြစ်သည်။ ဤအရှုပ်တော်ပုံ နှစ်ခု ပေါင်းစပ်လိုက်လျှင် သူက အထက်တန်းလွှာ အသိုင်းအဝိုင်းအတွင်း ဆက်လက် ရောနှော၍ မရနိုင်တော့သော်လည်း အရာတစ်ခုတည်းကိုသာ အာရုံစိုက်ထားပြီး ဓားဖိနှိပ်မှု တံခါးသို့ တည့်တည့်မတ်မတ် ပျံသန်းသွားခဲ့၏။
"လုယောင်၊ မင်းက မဟာကောင်းကင်ကျောင်းတော် ရဲ့ တပည့်တစ်ယောက် မဟုတ်ဘူး။ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ"
ပိုင်လင်းအာက အေးစက်စွာ မေးခွန်းထုတ်သည်။
" ထွက်ပြေးသွားပြီးမှ ဘယ်သူ ပြန်ရောက်လာလဲ ကြည့်စမ်း။ ငါ့ကို ရန်လိုတဲ့စကားတွေ ပြောနေသေးတယ်။ မင်းက ငါ့အာရုံစိုက်တာ ခံရအောင် ကြိုးစားနေတာလား"
သူမအပေါ် ယွမ်ရှောင်၏ အပြုအမူက ကျိန်ဆဲသံများကို ဆူညံသွားစေသည်။
"မင်းက ဒီလောက် အမုန်းခံနေရတာတောင် ရိုင်းရိုင်းစိုင်းစိုင်း ပြုမူနေသေးတာလား"
ကြယ်ပြာက မျက်လုံးလှန်ကြည့်လိုက်သည်။
ယွမ်ရှောင်က မဲ့ပြုံးတစ်ချက် ပြုံးပြီး ရှင်းပြ၏။
"လူတွေက ပေါင်းသင်းဆက်ဆံရေး သတ္တဝါတွေပဲ။ ဘဝဆိုတာကလည်း ကောလာဟလတွေနဲ့ ပြည့်နှက်နေတာပဲလေ။ ဒါကို ရှောင်လွှဲလို့မရမှတော့ ဘာလို့ လွတ်လွတ်လပ်လပ် မနေရမှာလဲ။ ငါ့ဟာငါ ပျော်ပျော်ရွှင်ရွှင် နေမှာပေါ့။ အင်မော်တယ် လမ်းခရီးက ဖုန်မှုန့်တွေ ငါ့ကို ဘယ်လိုမြင်မလဲဆိုတာ ဘာကိစ္စ ဂရုစိုက်နေရမှာလဲ"
ဤနေရာရှိ မည်သူမျှ သူငယ်ချင်း မဖြစ်ထိုက်သောကြောင့် သူ့အနေဖြင့် အစကတည်းက အမြင်များကို အလေးမထားခဲ့ချေ။
"အစ်မ၊ ဒီနေ့က မိုးကြိုး တမန်တော် ချောင် တာဝန်ကျတဲ့နေ့ပဲ။ အင်မော်တယ် ကျောက်စိမ်း ၃၀,၀၀၀ လည်း ပေးပြီးသွားပြီ။ ကျွန်တော်တို့ သူ့ကို တားလို့မရဘူး"
ပိုင်ကျိကျွင်းက ကူကယ်ရာမဲ့စွာ ပြောလာသဖြင့် ပိုင်လင်းအာ၏ မျက်နှာ မည်းနက်သွားသည်။
"ဒီလိုလူမျိုးက ဓားဖိနှိပ်မှု တံခါး ကို ညစ်ညမ်းခွင့်ပြုလိုက်တာလား။ မိုးကြိုး တမန်တော် ချောင်က ရွံစရာကောင်းတာပဲ"
"ဓားဖိနှိပ်မှု တံခါး ရဲ့ မူလပုံစံက စက်ကွင်းနှစ်ထပ်ပဲ။ ဓားဝိညာဉ်က ကောင်းကင်ကျယ် အဆင့် မဟုတ်ရင် ဓားပိုင်နက်ကို ဖန်တီးနိုင်မှာ မဟုတ်ဘူး"
ယွမ်ရှောင်နှင့် မိုးကြိုး တမန်တော် ချောင်တို့၏ တရားမဝင် ဆက်ဆံရေး သတင်း ပြန့်သွားသည်နှင့်အမျှ မဟာကောင်းကင်ကျောင်းတော်မှ အခြား ကျောင်းသားများနှင့် အကြီးအကဲများသည် လှုပ်လှုပ်ရွရွ ဖြစ်သွားကြကာ ဓားဖိနှိပ်မှု တံခါးထံ စုရုံးရောက်ရှိလာကြသည်။ ထောင်ပေါင်းများစွာသော မျက်လုံးများသည် သံချပ်ကာဝတ် လူငယ်လေးကို အေးစက်စွာ စောင့်ကြည့်နေစဉ် သူက အရာရာကို လုံးဝ လျစ်လျူရှုထားပြီး လှပသော သက်တံတစ်ခုကဲ့သို့ ဆန့်တန်းနေသည့် လမ်းစဉ်အပေါ်၌သာ အာရုံစိုက်ထား၏။ ဓားဖိနှိပ်မှု တံခါး သည် အင်မော်တယ် လမ်းစဉ်ရှိ မှတ်တိုင်တစ်ခု ဖြစ်ကာ ၎င်းကို ဖြတ်ကျော်ခြင်းသည် အဆင့်သစ်တစ်ခုသို့ ခြေလှမ်းလိုက်ခြင်းပင်။ လျှပ်စီးကြောင်းများ ယှက်သန်းနေသည့် တံခါးချပ်ကြီးအထက်တွင် စက်ဝိုင်းသဏ္ဍာန် အလင်းကွင်းနှစ်ထပ် ရှိပြီး နားကွဲမတတ် ကျယ်လောင်သော မိုးချုန်းသံများကို ထုတ်လွှတ်နေသည်။
ဓားဝိညာဉ် အရည်အသွေး မြင့်လေလေ၊ ဓားဖိနှိပ်မှု တံခါးကို ကန့်သတ်ချက်အထိ နှိုးဆွပေးရန် လိုအပ်လေလေဖြစ်ကာ ဓားအော်ရာများကို ဖိသိပ်ရန် အလင်းကွင်းများ ထပ်မံ ထုတ်လုပ်ပေးရပြီး ဓားဝိညာဉ်သည် ကိုးကောင်းကင်သတ်မှတ်ချက်၊ ဒုတိယအဆင့်ဖြစ်သော ကောင်းကင်ကျယ် အဆင့်ကို ရောက်ရန် လိုအပ်သည်။ ၎င်းက အခြေခံ ကန့်သတ်ချက်ဖြစ်ကာ ပုံမှန်အားဖြင့် အဆင့် ၄ ကောင်းကင် အရာရှိ သားသမီးများသာ တည်ငြိမ်စွာ ရောက်ရှိနိုင်ကြ၍ ထိုအဆင့်ထက် ကျော်လွန်သွားလျှင် တတိယမြောက် အလင်းကွင်းတစ်ခု ဖြစ်ပေါ်လာပေလိမ့်မည်။ အသက် ၃၀ အောက်တွင် ကွင်းသုံးကွင်းကို နှိုးဆွနိုင်သူက မိုးကြိုးဌာနတွင် ထိပ်တန်း ပါရမီရှင်ဖြစ်ကာ အဆင့် ၃ ကောင်းကင် အရာရှိများ၏ ရင်သွေးများ ဖြစ်တတ်ကြ၏။ ဓားပိုင်နက်ကို ဖန်တီးနေစဉ် ကွင်းလေးကွင်းကို ဖြစ်ပေါ်စေနိုင်ခဲ့သော အထွတ်အထိပ် ပါရမီရှင်အချို့လည်း ရှိခဲ့ပြီး နောက်ခံများသည် ယေဘူယျအားဖြင့် မဟာစစ်သူကြီး အဆင့်ရှိ အဆင့် ၂ ကောင်းကင် အရာရှိများ ဖြစ်ကြသည်။ ကောင်းကင်ရုံးတော် တစ်ခုလုံးတွင် ကွင်းငါးကွင်းကို ဖြစ်ပေါ်စေသူများကို လက်ချိုးရေတွက်နိုင်ပြီး မဟာ တာအို နယ်မြေ၏ ထိပ်သီးများမှ ဆင်းသက်လာသူများပင်။ ထို့ကြောင့် ဓားဖိနှိပ်မှု တံခါးမှ ဖြစ်ပေါ်စေသော ကွင်းအရေအတွက်သည် ဓားကျင့်ကြံသူတစ်ဦး၏ ပါရမီအတွက် မှတ်ကျောက်တစ်ခု ဖြစ်ကာ ဓားပိုင်နက်ကို ပထမဆုံးအကြိမ် ဖန်တီးခြင်းသည်လည်း မွေးရာပါ စွမ်းရည် စမ်းသပ်မှုတစ်ခုနှင့် တူညီးပြီး အံ့မခန်း မြင်ကွင်းတစ်ခုပင်။
စတင်မည့် အချိန်တွင် အကြည့်ပေါင်း ၁၀,၀၀၀ ကျော်သည် ယွမ်ရှောင်၏ ကျောပြင်ကို စိုက်ကြည့်နေကာ လှောင်ပြောင်ရန် အသင့်ဖြစ်နေကြသော်လည်း သူ၏လက်ထဲရှိ မိုးပြာရောင် ဓားဝိညာဉ်ကမူ အလင်းရောင်တစ်ခုကို ထုတ်လွှတ်နေသည်။ ဓားဖိနှိပ်မှု တံခါး ၏ အလယ်ဗဟိုတွင်၊ မိုးကြိုးနှင့် လျှပ်စီးများအကြား ၎င်းကို ထည့်သွင်းရန် အက်ကြောင်းတစ်ခု ပေါ်ပေါက်လာကာ ချက်ချင်း ထိုးသွင်းလိုက်သောအခါ မရေမတွက်နိုင်သော မိုးကြိုးများသည် ကောင်းကင်သင်္ချိုင်း ဓားဝိညာဉ် ကို ရစ်ပတ်သွားပြီး အလင်းကွင်းနှစ်ထပ် စတင် လည်ပတ်လာ၍ အစီအရင်များကို အသက်သွင်းလိုက်သည်။
ခဏအကြာတွင် ပိုင်ကျိကျွင်းက ရယ်မောရင်း ခေါင်းခါလိုက်သကဲ့သို့ လှောင်ပြောင် အရသာခံသော ရယ်သံများ တပြိုင်နက် ဟိန်းထွက်လာသည်။
"တံခါးရဲ့ အပြင်ဘက်ကွင်းက မှိန်သွားလို့ ကွင်းနှစ်ထပ် မလိုအပ်ဘူးဆိုတာကို ပြနေတာပဲ။ သူ့ရဲ့ ဓားဝိညာဉ်က ကောင်းကင်ကျယ် အဆင့်ကို မရောက်ဘူး၊ ဓားပိုင်နက်ကိုလည်း မဖန်တီးနိုင်ဘူး"
သူတို့ ကြောက်ရွံ့ခဲ့သည့် တစ်ခုတည်းသောအရာမှာ ယွမ်ရှောင်၏ ပါရမီဖြစ်၍ တစ်ချိန်က မိုးကြိုး အင်မော်တယ် အစီအရင်ကို လှုပ်ခတ်စေခဲ့ဖူးသောကြောင့် ဖြစ်သည်။ သို့သော် ဓားကျင့်ကြံသူ တစ်ဦးအတွက် ဓားဝိညာဉ် အဆင့် ထိုမျှ ညံ့ဖျင်းလျှင် အလားအလာ မရှိသောကြောင့် အချိန်ကြာလာသည်နှင့်အမျှ ဓားဖိနှိပ်မှု တံခါး ၏ အပြင်ဘက် အလင်းကွင်းသည် ပို၍ မှိန်လာသောအခါ လူအုပ်ကြီး၏ ရယ်သံများသည် ထိန်းမနိုင်သိမ်းမရ ရိုင်းစိုင်းလာသည်။
ဓားဖိနှိပ်မှု ခန်းမ အတွင်း၌မူ ချောင်ရူ၏ အမူအရာသည် ရုတ်တရက် လေးနက်သွားသည်။
"အခုအချိန်အထိ၊ သူက ဘာလို့ ဒီလောက် တည်ငြိမ်နေရတာလဲ"
ထိုအချိန်မှာပင် အပြင်ဘက်ကွင်းသည် ရုတ်တရက် တုန်ခါသွားပြီး မိုးကြိုးများ မြင့်တက်လာကာ အားအပြည့်သွင်းထားသော အခြေအနေမျိုးသို့ ရောက်ရှိသွားသဖြင့် လူအုပ်ကြီး၏ အပြုံးများ အေးခဲတောင့်တင်းကုန်၏။ တတိယကွင်းသည် အပြင်ဘက် စက်ဝိုင်းတွင် ရုတ်တရက် ပေါ်ပေါက်လာသည်နှင့် တပြိုင်နက် လင်းလက်သွားပြီး လျှပ်စီးကြောင်းများ လျှံထွက်လာသည်။
"ဟင်"
ယွမ်ရှောင်၏ ဓားဝိညာဉ်သည် သူတို့နှင့် တန်းတူဖြစ်နေ၍ ပိုင်မောင်နှမ စိတ်ပျက်လက်ပျက် ဖြစ်သွားကာ တစ်ဖက်လူက အဆင့် ၃ ကောင်းကင် အရာရှိ တစ်ဦး၏ မွေးစားသားအဖြစ် အသိအမှတ်ပြုခံရရန် ထိုက်တန်သော ထိပ်တန်း ပါရမီရှင်တစ်ဦး ဖြစ်နေသည်။ စတုတ္ထကွင်းသည်က အင်တိုက်အားတိုက် ထွက်ပေါ်လာသောကြောင့် ပိုင်လင်းအာ၏ မျက်နှာ ရှုံ့မဲ့သွားကာ လူတိုင်း အချင်းချင်း ကြည့်လိုက်မိကြပြီး မကျေမနပ် ဖြစ်သွားကြသည်။
"ဒီကောင်လေးရဲ့ ဓားဝိညာဉ်က ကောင်းကင်ကျယ် အဆင့်မှာ ရှိနေတယ်"
ဆံပင်ဖြူဖြူနှင့် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ပေါ်လာပြီး လေသံမှာ အေးစက်ကာ အကြည့်များ နက်ရှိုင်းပြီး ပိုင်မောင်နှမ၏ ဖခင် ဖြစ်နေသည်။
"အဖေ"
ထိုနှစ်ဦးသည် ပါရမီအရာတွင် ကျော်တက်ခံလိုက်ရပြီဖြစ်သည်။
" နောက်ထပ်နှစ်နည်းနည်းကြာရင် မင်းတို့နှစ်ယောက်လည်း ဒီအဆင့်ကို ရောက်နိုင်မှာပါ"
သို့သော်လည်း၊ ကွင်းလေးကွင်း ရလဒ်သည် လှောင်ပြောင်မှုများကို နာကျင်စေသော ပါးရိုက်ချက် တစ်ခု အဖြစ် ပြောင်းလဲသွားစေကာ လူအုပ်ကြီး တိတ်ဆိတ်သွားစဉ် သူက အဓိပ္ပာယ်ပါပါဖြင့် မှတ်ချက်ချလိုက်သည်။
" ကောင်းကင်ကျယ်အဆင့်မှာ ရှိနေရင်တောင်မှ အသုံးချခံ နယ်ရုပ်လေးတစ်ခု ဖြစ်ရမယ့် ကံကြမ္မာကိုတော့ ပြောင်းလဲနိုင်မှာ မဟုတ်ပါဘူး"
သို့သော် သူ၏ စကား မဆုံးခင်မှာပင် နောက်ထပ် သုံးကြိမ် ထပ်မံ ပေါက်ကွဲသွားသောကြောင့် လူတိုင်း တုန်တုန်ယင်ယင်နှင့် ဓားဖိနှိပ်မှုတံခါးသို့ ပြိုင်တူ ကြည့်လိုက်မိကြသောအခါ ၎င်းမှာ ယခင်က မရှိခဲ့ဖူးသော ကန့်သတ်ချက်တစ်ခုသို့ ရောက်ရှိသွားကာ ကွင်းခုနစ်ကွင်း ဖြစ်ပေါ်နေ၍ မေးရိုးများ ဆွဲဖြုတ်ခံလိုက်ရသကဲ့သို့ ပါးစပ်ဟောင်းလောင်း ဖြစ်သွားကြလေသည်။
***