ဝိညာဉ်ဆေးပင်များကို သူ့စိုက်ခင်းတွင် စိုက်ပျိုးခဲ့သည်မှာ သုံးနှစ်ခန့်သာ ရှိသေးသော်လည်း မြေအောက်လှိုဏ်ဂူက ၎င်းတို့၏ ကြီးထွားမှုကို အဆတစ်ရာခန့် မြှင့်တင်ပေးခဲ့သဖြင့် ဆေးပင်များ အားလုံးမှာ နှစ်သုံးရာခန့် ကြီးထွားလာသည့်အလား ဖြစ်နေသည်။
အဆင့်မြင့် ဝိညာဉ်ဆေးပင်များမှာ အနည်းဆုံး ရင့်မှည့်ချိန် နှစ်တစ်ရာ လိုအပ်ပြီး ယခုအခါ အတော်များများမှာ အပြည့်အဝ ရင့်မှည့်နေလေပြီ။
ကျန်းမင်က ကောင်းကင် နှလုံးသား သစ်ခွပင် ဆယ်ပင်ကို ကျွမ်းကျင် လျင်မြန်စွာ ရိတ်သိမ်းလိုက်ပြီး ဆေးစွမ်းများ မပျောက်ပျက်စေရန် ကျောက်စိမ်းသေတ္တာ တစ်လုံးထဲ ထည့်သွင်း ချိတ်ပိတ်လိုက်၏။ အဆင့်မြင့် ဝိညာဉ်ဆေးပင်များမှာ အလွန် တန်ဖိုးကြီးမားပြီး ဂိုဏ်းတွင်ပင် အနည်းငယ်မျှသာ စိုက်ပျိုး ထုတ်လုပ်နိုင်သည်။
မတူညီသော ဝိညာဉ်ဆေးပင် အမျိုးအစားများကို ဆက်လက် ရိတ်သိမ်းနေစဉ် ကျန်းမင်မှာ ပျော်ရွှင်မှုကြောင့် ပြုံးနေခြင်းကို မရပ်တန့်နိုင်ခဲ့ပေ။ သူ့ရိတ်သိမ်းမှုနှင့် ပတ်သက်သည့် စနစ်၏ ကြေညာသံများနှင့် ဆုလာဘ်များကို အဆက်မပြတ် ကြားနေရသောကြောင့်ပင်။
“ဒင်… သခင်… အဆင့်မြင့် ဝိညာဉ်ဆေးပင်ဖြစ်တဲ့ ကောင်းကင် နှလုံးသား သစ်ခွပင် ဆယ်ပင် ရရှိတဲ့အတွက် ဂုဏ်ပြုပါတယ်… ဆုလာဘ်အနေနဲ့ နှစ်တစ်ထောင်စာ ကျင့်ကြံမှုနဲ့ အထူးစွမ်းရည် ပုတီးစေ့ တစ်လုံး ရရှိပါတယ်”
“ဒင်… သခင်… အဆင့်မြင့် ဝိညာဉ်ဆေးပင်ဖြစ်တဲ့ ကျောက်စိမ်းဖြူ ဂျင်ဆင်း ခုနစ်ပင် ရရှိတဲ့အတွက် ဂုဏ်ပြုပါတယ်… ဆုလာဘ်အနေနဲ့ နှစ်ခုနစ်ရာစာ ကျင့်ကြံမှုနဲ့ အဆင့်မြင့် တာအိုလက်နက်ဖြစ်တဲ့ ကျောက်စိမ်းဖြူ တိုက်ခိုက်ရေး လက်အိတ် တစ်စုံ ရရှိပါတယ်”
“ဒင်… သခင်… အဆင့်မြင့် ဝိညာဉ်ဆေးပင်ဖြစ်တဲ့ ပွဲတော်တစ်ထောင် မြက်ပင် သုံးဆယ့်နှစ်ပင် ရရှိတဲ့အတွက် ဂုဏ်ပြုပါတယ်… ဆုလာဘ်အနေနဲ့ နှစ်သုံးထောင့်နှစ်ရာစာ ကျင့်ကြံမှုနဲ့ အဆင့်မြင့် တာအိုလက်နက်ဖြစ်တဲ့ တိုက်ခိုက်ရေး ရုပ်သေးရုပ် တစ်ခု ရရှိပါတယ်”
“ဒင်… သခင်… အဆင့်မြင့် ဝိညာဉ်ဆေးပင်ဖြစ်တဲ့ ပြာလဲ့သမုဒ္ဒရာ မြကျောက်ကောင်းကင် ဗီဂိုနီယာပန်း ငါးဆယ် ရရှိတဲ့အတွက် ဂုဏ်ပြုပါတယ်… ဆုလာဘ်အနေနဲ့ နှစ်ငါးထောင်စာ ကျင့်ကြံမှုနဲ့ အတုအယောင် အင်မော်တယ် ဓားဖြစ်တဲ့ ကောင်းကင်ပျံ ငှက်မွေး ဓားတစ်လက် ရရှိပါတယ်”
အဆင့်မြင့် ဝိညာဉ်ဆေးပင် တစ်ပင်အတွက် နှစ်တစ်ရာစာ ကျင့်ကြံမှု ရရှိခြင်းက ကျန်းမင်အား အံ့အားသင့်သွားစေ၏။ နှစ်ပေါင်း ကိုးထောင့်ကိုးရာစာ ကျင့်ကြံမှုအပြင် အတုအယောင် အင်မော်တယ် ဓားတစ်လက် အပါအဝင် အခြား ရှားပါး ပစ္စည်းလေးခုကိုပါ ဆုချီးမြှင့်ခံရခြင်းမှာ အမှန်တကယ်ပင် စိတ်ကူးယဉ် ဆန်လွန်းလှသည်။
သို့သော် အဆင့်မြင့် ဝိညာဉ်ဆေးပင်များ အားလုံး အပြည့်အဝ ရိတ်သိမ်းခံလိုက်ရခြင်းမှာ နှမြောစရာ ကောင်းလှ၏။
ကြီးကျယ်ခမ်းနားသော ရိတ်သိမ်းမှုကို မျှော်လင့်နေရင်း ကျန်းမင် အံ့အားသင့်စွာ ရေရွတ်လိုက်သည်။
“အဆင့်မြင့် ဝိညာဉ်ဆေးပင်တွေဆီက ရတဲ့ ဆုလာဘ်တွေက ဒီလောက်တောင် များနေရင်… ငါ့ရဲ့ အမြင့်ဆုံးအဆင့် ဆေးပင်တွေ ဒါမှမဟုတ် ဘုရင်အဆင့် ဆေးပင်တွေ အပြည့်အဝ ရင့်မှည့်လာမယ့် အချိန်ကို စောင့်ကြည့်ရဦးမယ်…”
ကျန်ရှိနေသော ဝိညာဉ်ဆေးပင်များကို ကြည့်ရင်း သူ အနည်းငယ် စိတ်ပျက်မသွားဘဲ မနေနိုင်တော့။
အစပိုင်းတွင် ကျန်းမင်က ဝိညာဉ်ဆေးပင်များ ကြီးထွားလာစေရန် လုံလောက်သော ဝိညာဉ်စွမ်းအင်များ ပေးစွမ်းရန်သာ လိုအပ်သည်ဟု ထင်မှတ်ခဲ့သည်။ သို့သော် ဆေးပင်များ၏ မျိုးစေ့များ အခွံဖောက် ထွက်လာသည်ကို တွေ့လိုက်ရချိန်တွင် လက်တွေ့တရားက သူ့အား ပြင်းထန်စွာ ရိုက်ခတ်သွားတော့၏။ ၎င်းတို့ အဖူးအငုံ ထွက်လာစေရန် လုံလောက်သော ဝိညာဉ်စွမ်းအင် လိုအပ်ရုံသာမက အထူးပတ်ဝန်းကျင် တစ်ခုပါ လိုအပ်နေခြင်းပင်။
ဥပမာပြရလျှင် သူနှင့် ခဲတစ်ပစ်စာ အကွာအဝေးရှိ ရောင်နီ ဆေးပင်ပင်။ ထိုဆေးပင်၏ မျိုးစေ့မှာ အလွန်အမင်း အေးခဲသော ပတ်ဝန်းကျင်တွင်သာ အဖူးအငုံ ထွက်နိုင်ပေသည်။
မျိုးစေ့များ စတင် အဖူးထွက်လာပြီး မကြာမီ ကျန်းမင်က ဆက်လက် စောင့်ကြည့်ခဲ့ရာ မည်သည့် အဖူးမှ ဆက်လက် ကြီးထွားမလာကြောင်း တွေ့ရှိခဲ့ရသည်။ အချို့မှာ ညှိုးနွမ်းမည့် လက္ခဏာများပင် ပြသနေ၏။
သူ ထိတ်လန့်သွားပြီး အထွတ်အထိပ် စကားပြောခန်းတွင် အကြံဉာဏ်များ အလျင်အမြန် တောင်းခံခဲ့မှသာ သူ လုပ်စရာ အလုပ်များစွာ ကျန်နေသေးကြောင်း သဘောပေါက်သွားတော့သည်။
ကျန်းမင်လည်း ဆေးပင်များအတွက် သင့်လျော်သော ပတ်ဝန်းကျင် တစ်ခု ဖန်တီးပေးရန် ကြိုးစားရင်း တစ်ချိန်တည်းမှာပင် ကြီးမားသော မန္တန်အစီအရင် တစ်ခု ပြင်ဆင်ရန် အလုပ်ရှုပ်လာတော့၏။
ထိုမျှနှင့် မလုံလောက်သေးသည့်အလား သူ့အား ဒေါသထွက်စေသည့် အရာမှာ ဘယ်နေရာမှန်း မသိဘဲ ပိုးမွှားများ ရုတ်တရက် ထွက်ပေါ်လာပြီး သူ့ဆေးပင်များကို အန္တရာယ် ပြုလာခြင်းပင်။
ဘုရားရေ… နေရာတစ်ခုလုံးကို သူ ချိတ်ပိတ်ထားပြီးသား ဖြစ်ပါလျက်နှင့် ဘယ်လိုလုပ် ပိုးမွှားတွေ ရှိနေရတာလဲ။
ကျန်းမင်က ဆေးပင်များကြောင့်သာ ဖြစ်မည်ဟု သုံးသပ်လိုက်သည်။ ကောင်းကင်ကြီးက ဆေးပင်များကို မနာလိုဖြစ်ပြီး ဆေးပင်၏ အဆင့် မြင့်မားလေလေ ကံဆိုးမှုများ ပိုကြုံတွေ့ရလေလေ ဖြစ်ပုံရ၏။ သူက နှစ်ရက်၊ သုံးရက် တစ်ခါ စစ်ဆေးရုံမှလွဲ၍ ရွေးချယ်စရာ မရှိတော့ပေ။ သို့သော် ရိတ်သိမ်းမှု များပြားခဲ့ခြင်းက ကံကောင်းသည်ဟု ဆိုရမည်။
စိတ်ကို တည်ငြိမ်အောင် ထားပြီးနောက် ကျန်းမင်က အနားယူရန် အမိုးပေါ်သို့ တက်လာခဲ့သည်။ လသာဆောင်ရှိ လက်ရန်းကို ဆုပ်ကိုင်ထားရင်း အဝေးရှိ ကျယ်ပြောလှသော တောင်တန်းများနှင့် မြစ်များကို ငေးကြည့်ကာ ငြိမ်းချမ်းမှုကို ခံစားနေမိသည်။
စိတ်ဝင်စားစရာ ကောင်းသည်မှာ ကျန်းမင်က တောင်တန်းများ တစ်လျှောက်မှသည် ကောင်းကင်အထိ တာအို စွမ်းအင်လှိုင်းများနှင့် တာအို အသိအမြင် လက္ခဏာများစွာကို မြင်တွေ့နိုင်စွမ်း ရှိနေခြင်းပင်။ လောကကြီး၏ စည်းမျဉ်းများ တပြိုင်နက်တည်း လည်ပတ်နေသည်ကိုပင် သူ ရှင်းလင်းစွာ ခံစားသိရှိနိုင်၏။
ကြိမ်ကုလားထိုင်ပေါ် လှဲလျောင်းနေရင်း သူက သဘာဝကျကျ ဘေးဘက်သို့ လှည့်ကြည့်ကာ ခဏတာ ရပ်တန့်သွားသည်။ ထို့နောက် ဇီလင်းလုံ သူ့ဘေးတွင် မရှိကြောင်း သတိပြုမိသွားသဖြင့် ပြုံး၍ ခေါင်းခါယမ်းလိုက်လေသည်။
ကျန်းမင်က ခပ်တိုးတိုး ရေရွတ်လိုက်သည်။
“သူမနဲ့ အတူနေရတာ အရမ်း အကျင့်ပါနေပြီ… သူ ထွက်သွားတော့ ငါ ရုတ်တရက် စိတ်မသက်မသာ ဖြစ်နေသလိုပဲ…”
နောက်တစ်ကြိမ် ဇီလင်းလုံ တောင်ပေါ်မှ ထွက်ခွာသွားချိန်တွင် သူလည်း သူမနှင့်အတူ လောကကြီးထဲ စွန့်စားသွားလာမည် ဖြစ်သည်။ တောင်များတက်၊ မြစ်များဖြတ်ကူးရင်း လောက၏ အံ့ဖွယ်များကို အတူတကွ ခံစားရပေလိမ့်မည်။
ဆုလာဘ်များထဲမှ ရရှိခဲ့သော ပုတီးစေ့ငယ်ကို ထုတ်ယူ၍ သူ အံ့ဩတကြီး ရေရွတ်လိုက်၏။
“အထူးစွမ်းရည် ပုတီးစေ့က လူတစ်ယောက်ကို အထူးစွမ်းရည် တစ်ခု ပေးစွမ်းနိုင်တယ်…”
အနီးကပ် စစ်ဆေးကြည့်လိုက်ရာ သူ အလွန် အံ့အားသင့်သွားရသည်။ အကယ်၍ သူက ပုတီးစေ့ထဲတွင် အထူးစွမ်းရည် တစ်ခုကို ရေးထွင်းမှတ်သားထားပါက ၎င်းကို အသက်သွင်းလိုက်သည်နှင့် ထိုအထူးစွမ်းရည်ကို ထုတ်ဖော်ပေးမည် ဖြစ်၏။ ပုတီးစေ့တွင် ကန့်သတ်ချက် တစ်ခုတော့ ရှိပြီး လူ့ဘုံထက် မကျော်လွန်သော အထူးစွမ်းရည်များနှင့်သာ အလုပ်လုပ်နိုင်ပေသည်။ မည်သို့ပင်ဆိုစေ ၎င်းမှာ ကောင်းမွန်သော တာအိုလက်နက် တစ်ခု ဖြစ်နေဆဲပင်။
ကျောက်စိမ်းဖြူ တိုက်ခိုက်ရေး လက်အိတ်နှင့် ကောင်းကင်ပျံ ငှက်မွေး ဓားတို့မှာ သူ့အတွက် လုံးဝ အံဝင်ခွင်ကျ ဖြစ်နေပုံရသော်လည်း တိုက်ခိုက်ရေး ရုပ်သေးရုပ် ကဲ့သို့သော တာအိုလက်နက်မျိုး ရရှိလိမ့်မည်ဟုမူ သူ မမျှော်လင့်ထားခဲ့ပေ။
တိုက်ခိုက်ရေး ရုပ်သေးရုပ်၏ အပြင်ပန်းမှာ အဆင့်မြင့် တာအိုလက်နက် တစ်ခုကဲ့သို့ မာကျောပြီး ၎င်းကိုယ်ပိုင် ရိုးရှင်းသော စိတ်ကူးဉာဏ်ပင် ရှိသေးသည်။ ရုပ်သေးရုပ်နှင့် အပြည့်အဝ ပေါင်းစပ်သွားသည်နှင့် ၎င်းကို ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန် ကိရိယာတစ်ခု အဖြစ် အသုံးပြုနိုင်လေသည်။
တိုက်ခိုက်ရေး ရုပ်သေးရုပ်မှာ အန္တိမ အဆင့် ကျွမ်းကျင်ပညာရှင်များကိုပင် ယှဉ်ပြိုင်နိုင်စွမ်း ရှိပြီး ၎င်းကို အနိုင်ယူရန်မှာ အမှန်တကယ် ခက်ခဲပေလိမ့်မည်။
ကျန်းမင်က တိုက်ခိုက်ရေး ရုပ်သေးရုပ်ကို ပြန်သိမ်းဆည်းလိုက်ပြီး ဇီလင်းလုံ၏ အခြေအနေကို စစ်ဆေးရန် လူသားလမ်းစဉ် မှတ်တမ်းကို လှန်လှောကြည့်မိသည်။
သူမ၏ အခြေအနေကို ဖတ်ရှုပြီးနောက် ဇီလင်းလုံက မိုးကြိုးနတ်ဘုရား၏ အင်မော်တယ် ရတနာသိုက် တံခါးပေါက်သို့ စောစီးစွာ ရောက်ရှိနေပြီး ၎င်းပွင့်လာမည့် အချိန်ကို စိတ်ရှည်စွာ စောင့်ဆိုင်းနေကြောင်း တွေ့ရှိလိုက်ရသည်။ သူမက လူအတော်များများနှင့် သိကျွမ်းခဲ့ပြီး ထိုအထဲတွင် ရိယွဲ့ဂိုဏ်း၏ သူတော်စင်မလေး ရှီးယောင်းနှင့် ချင်းယွင်ဂိုဏ်း၏ သူတော်စင်လေး လင်းဟန်တို့ပင် ပါဝင်နေသည်။
သူ့စိတ်ထဲ ထိုသူအား သေဒဏ်ပေးပြီးသား ဖြစ်သဖြင့် ကျန်းမင်က အေးစက်စက် ပြုံးလိုက်သည်။
“လင်းဟန်…”
ထို့နောက် ဆရာဖြစ်သူ၏ အခြေအနေကို ခိုးကြည့်လိုက်ရာ ထိုအဘိုးအိုမှာ ကျောင်းယန် တောင်ထွတ်ပေါ်တွင် ထိုင်၍ ပထမ အကြီးအကဲ ယင်ယွဲ့နှင့်အတူ ဉာဏ်အလင်းပွင့် လက်ဖက်ရည် သောက်သုံးနေကြောင်း သိလိုက်ရ၏။
ကျန်းမင်က ကျောင်းယန် တောင်ထွတ် ရှိရာဘက်သို့ လှမ်းကြည့်ပြီး ဟင်းလင်းပြင်ကို ဖြတ်၍ အဝေးဆီသို့ သူ့အသိစိတ်ကို အာရုံစိုက်လိုက်သည်။ ပထမ အကြီးအကဲ ယင်ယွဲ့မှာ မူလဝိညာဉ် အဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်ပြီး အဆင့်တက်ရန် သိပ်မလိုတော့ကြောင်း သူ ခံစားမိ၏။ အခြားတစ်ဖက်တွင်လည်း မီးတောက် တာအိုမျိုးစေ့ကို ကျင့်ကြံနေသော ဂူဟိုင်မှာလည်း အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်ရာ အချိန်မရွေး မူလဝိညာဉ် အဆင့်သို့ တက်လှမ်းနိုင်နေပြီ ဖြစ်သည်။
'ဒီအဘိုးအိုက ပထမ အကြီးအကဲ ယင်ယွဲ့ကို ဘယ်တော့များမှ လက်ထပ်မှာလဲ မသိဘူး…' ကျန်းမင် တိတ်တဆိတ် တွေးလိုက်သည်။
ပထမ အကြီးအကဲ ယင်ယွဲ့၏ မင်္ဂလာပွဲတွင် ကျောင်းယန် တောင်ထွတ်မှ ဂိုဏ်းတူ အစ်မများစွာ ရောက်လာကြပြီး ပျင်းစရာကောင်းသော ချူယန် တောင်ထွတ်လေးအား လှပသော မိန်းမပျိုလေးများစွာဖြင့် ပွဲတော်တစ်ခုအဖြစ် ပြောင်းလဲသွားမည့် မြင်ကွင်းကို သူ စိတ်ကူးယဉ်ကြည့်နေမိသည်။
ကျန်းမင်က သူ့မေးစေ့ကို ပွတ်သပ်ရင်း တွေးလိုက်၏။
'အဲ့ဒါက သိပ်မဆိုးလောက်ဘူး…'
ထို့နောက် ပထမ အကြီးအကဲ ယွဲ့ချန်၏ အခြေအနေကို စစ်ဆေးကြည့်ပြန်သည်။ ဤလူမှာ အမှန်တကယ်ပင် ရှုပ်ထွေးလှ၏။ ယင်မိစ္ဆာဂိုဏ်းက ကျိုယန်ဂိုဏ်းကို လျင်မြန်စွာ သိမ်းပိုက်လိုက်ပြီး သူ့ စိုးရိမ်ပူပန်မှုများ၊ အိပ်မပျော်သော ညများမှ ကယ်တင်ပေးနိုင်မည့် အချိန်ကို မျှော်လင့်နေသည်။
သို့သော် တစ်ချိန်တည်းမှာပင် ယင်မိစ္ဆာဂိုဏ်းမှာလည်း ပိရွှေဂိုဏ်းကဲ့သို့ အမည်မသိ ပြိုင်ဘက်ကင်း ကျွမ်းကျင်ပညာရှင် တစ်ယောက်၏ ဖျက်ဆီးခြင်းကို ခံရမည်ကို စိုးရိမ်နေပြန်သည်။
အခြားတစ်ဖက်တွင်လည်း သူ့နှလုံးသားက အပြစ်ရှိသလို ခံစားနေရ၏။ အကြောင်းမှာ သူက ကျိုယန်ဂိုဏ်းတွင် အချိန်အကြာကြီး နေထိုင်ခဲ့ပြီး ထိုနေရာကို သံယောဇဉ် တွယ်လာခဲ့သောကြောင့်ပင်။
ခဏတာ တွေးတောပြီးနောက် ကျန်းမင်က လိုဟန်၏ အခြေအနေကို စစ်ဆေးရန် လှန်လှောလိုက်ရာ သူ့မျက်လုံးများ တောက်ပသွားသည်။ သူက မြေအောက်လှိုဏ်ဂူဆီသို့ အလျင်အမြန် ပြန်လာပြီး အထွတ်အထိပ် အမိန့်တော်ကို ထုတ်ယူလိုက်၏။ ထို့နောက် အလင်းတန်း တစ်ခုအတွင်း အထွတ်အထိပ် စေတီအတွင်းသို့ ပျောက်ကွယ်သွားတော့သည်။
တတိယထပ်တွင် ထွက်ပေါ်လာပြီးနောက် သူ့အခြေအနေကို စစ်ဆေးလိုက်သည်။
အမည် - ကျန်းမင်
ကျင့်ကြံမှုအဆင့် - အဆင့် ၅
စုဆောင်းရရှိထားသော အမှတ် - ၃ မှတ်
ဂုဏ်ပြုမှတ်တမ်း - စင်မြင့် ၅ ခု စံချိန်၊ အဆင့် ၁၈ စံချိန်၊ အထူးစွမ်းရည် ၉၉၂ မျိုး
သူ့တွင် ကျန်ရှိနေသည့် ၃ မှတ်တည်းသော အမှတ်ကို မြင်လိုက်ရချိန်တွင် ကျန်းမင်လည်း သိပ်များများစားစား မလုပ်နိုင်တော့ချေ။ အစပိုင်းတွင် သူက အမှတ်များစွာ စုဆောင်းထားခဲ့သော်လည်း ပစ္စည်းတချို့ ဝယ်ယူခြင်းနှင့် ကောင်းကင်ကျောက်တိုင်၊ တာအိုကျောက်တိုင်တို့တွင် ကျင့်ကြံပြီးနောက် ယခုချိန်ထိ စုဆောင်းထားသမျှ အမှတ်များအားလုံး ကုန်လုနီးပါး ဖြစ်သွားခဲ့လေပြီ။
သူ လှည့်ကြည့်လိုက်ရာ ကောင်းကင် လှေကားထစ်၏ အဆင့် (၁၀) သို့ အောင်မြင်စွာ ခြေချနိုင်ခဲ့သော လိုဟန်ကို တွေ့လိုက်ရသည်။ လိုဟန်မှာ ချွေးစေးများ ရွှဲနစ်ကာ စင်မြင့်ပေါ်တွင် ယိမ်းထိုးနေပြီး မျက်နှာ ဖြူရော်နေသော်လည်း နောက်ဆုံးတွင် သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းထားနိုင်ခဲ့၏။
"ငါ လုပ်နိုင်ခဲ့ပြီ… ဟား ဟား… အောင်မြင်သွားပြီ… ဒီအတွက် အထူး ခွင့်ပြုချက် တစ်ခု တကယ် ရှိနေတာပဲ…" ဝမ်းသာလွန်းသဖြင့် မျက်ရည်များပင် ကျဆင်းလာသည်အထိ လိုဟန်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။
စိတ်ပိုင်းဖြတ်ထားစွာဖြင့် သူ့နှုတ်ခမ်းကို ကိုက်ကာ ရှေ့သို့ ဆက်တက်ရန် ပြင်ဆင်ပြီး အဆင့် (၁၁) သို့ ခြေလှမ်းရန် ခြေထောက်ကို မြှောက်လိုက်သည်။ သို့သော် သူ့ခန္ဓာကိုယ်မှာ တုန်ရီသွားပြီး အဆင့် (၁၀) မှ ပျောက်ကွယ်သွားကာ လှေကားထစ် အောက်ခြေတွင် ပြန်လည် ထွက်ပေါ်လာတော့၏။ အဆင့် (၁၁) သို့ တက်လှမ်းရန် သူ ကျရှုံးသွားခဲ့ပြီ ဖြစ်သည်။
လေထဲတွင် လျှောက်လှမ်းလာရင်း ကျန်းမင်က လေးစားစွာ လက်သီးဆုပ် အရိုအသေ ပေးလိုက်သည်။
"ညီအစ်ကို လိုဟန်… ဂုဏ်ပြုပါတယ်…"
"ညီအစ်ကိုကျန်း…" လိုဟန်က ခဏတာ ရပ်တန့်သွားပြီးနောက် အကျယ်ဆုံး ပြုံးကာ လှည့်ကြည့်လာပြီး အော်ဟစ်တော့၏။
ထို့နောက် သူက ကျန်းမင်အား အလျင်အမြန် အရိုအသေပေး၍ ကျေးဇူးတင်စကား ဆိုလေသည်။
"ကျေးဇူး အများကြီး တင်ပါတယ် ညီအစ်ကိုကျန်း… မင်းရဲ့ လမ်းညွှန်မှုသာ မရှိခဲ့ရင် ငါ ဘယ်တော့မှ အဆင့် (၁၁) အထိ ရောက်နိုင်မှာ မဟုတ်ဘူး…"
"ဒါက မင်းရဲ့ သန်မာတဲ့ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကြောင့်ပါ…" ကျန်းမင်က ပြန်ဖြေလိုက်သည်။ "အထူး ခွင့်ပြုချက်ကို မြန်မြန် လက်ခံလိုက်ပါ… ယဲ့ချင်းရှန်းက အဖွဲ့ထဲ ဝင်လာပြီ…"
"ဟုတ်တယ်… ငါ သိတယ်" လိုဟန်က ကျောက်တိုင်ကို လက်ညှိုးထိုးပြရင်း ပြန်ပြော၏။
ကျောက်တိုင်၏ အမြင့်ပိုင်းတွင် ယဲ့ချင်းရှန်း၏ အမည်ကို ရေးထွင်းထားသည်အား တွေ့မြင်နိုင်ပြီး ၎င်းမှာ အဆင့် (၁၀)တွင် မဟုတ်ဘဲ အဆင့် (၁၁)တွင် ဖြစ်နေသည်။ သူမမှာ အမှန်တကယ် ကြောက်မက်ဖွယ် ကောင်းသော အမျိုးသမီးပင်။
"ဒီလို အချိန်တိုလေး အတွင်းမှာ ငါတို့သုံးယောက် အဆင့်တူကနေ အထွတ်အထိပ် စကားပြောခန်းထဲ ဝင်ရောက်လာတာက တခြားလူတွေကြားထဲ သေချာပေါက် ဟိုးလေးတကျော် ဖြစ်သွားမှာပဲ…" ကျန်းမင်က ပြုံးလိုက်သည်။ "အခု အဖွဲ့ထဲ ဝင်လိုက်ပါ… မင်း အံ့အားသင့်သွားလိမ့်မယ်…"
"ကောင်းပြီလေ…" လိုဟန်လည်း ဆက်မစောင့်နိုင်တော့သဖြင့် ခေါင်းညိတ်လိုက်သည်။
အထွတ်အထိပ် စကားပြောခန်းထဲ ဝင်ရောက်ပြီး အဖွဲ့ဝင်များထံမှ နွေးထွေးသော ကြိုဆိုမှုများကို လက်ခံရရှိပြီးနောက် သူတို့အချင်းချင်း မိတ်ဆက်ကြကာ မည်သည့် ကျင့်ကြံမှု အဆင့်တွင် ရှိနေပြီး မည်သည့် နေရာမှ လာကြသည်ကို သိရှိသွားကြသည်။
လိုဟန် အံ့အားသင့်သွားသော်လည်း သူ့အား ပိုမှင်တက်သွားစေသည်မှာ ကျန်းမင်က အဖွဲ့ခေါင်းဆောင် ဖြစ်နေခြင်းပင်။ ထို့အပြင် ဤအဖွဲ့ထဲတွင် ကမ္ဘာလောကများကြား ကုန်သွယ်မှုပင် ပြုလုပ်နိုင်ကြောင်း သူ သိရှိသွားခဲ့၏။
လိုဟန် သတိပြန်ဝင်လာရန် အချိန်အနည်းငယ် ယူလိုက်ရပြီး ကျန်းမင်အား ကြည့်သည့် သူ့အကြည့်များမှာ ယခင်လို မဟုတ်တော့ပေ။
ကျန်းမင်က စပျစ်ရည်ခွက်ကို မြှောက်၍ အေးအေးဆေးဆေး မေးလိုက်သည်။
"ဘာတွေ တွေးနေတာလဲ…"
"တာအိုအပေါ် ငါ့ရဲ့ နားလည်မှုက ဉာဏ်အလင်းပွင့် သွားသလိုပဲ…" လိုဟန်က အာမေဋိတ်သံဖြင့် ပြောသည်။ "ပါရမီရှင်တွေရဲ့ အထက်မှာ အထွတ်အထိပ် စကားပြောခန်း ဆိုတာ ရှိနေမယ်လို့ ဘယ်သူက ထင်မှာလဲ… ဒီက အဖွဲ့ဝင်တွေက မတူညီတဲ့ ကမ္ဘာလောက အသီးသီးက အကောင်းဆုံးထဲက အကောင်းဆုံးတွေချည်းပဲ… ဒါ့အပြင် ညီအစ်ကိုကျန်းက အဖွဲ့ခေါင်းဆောင် ဖြစ်နေပြီး တကယ့် အထွတ်အထိပ်ဆီ တက်လှမ်းနေတာပဲ…"
ကျန်းမင်က လက်ကာပြရင်း လိုဟန်အား နောက်ပြောင်ဟန်ဖြင့် ပြုံး၍…
"ငါက အခု အဆင့် ၅ မှာပဲ ရှိသေးတာပါ… အနာဂတ်မှာ ဘာဖြစ်လာမလဲ ဘယ်သူ သိမှာလဲ… ဒါနဲ့ ငါ့ဆီမှာ ဝိညာဉ်ဆေးပင် တချို့ ရှိတယ်… လိုချင်လား…"
"သေချာပေါက်ပေါ့" လိုဟန်က မဆိုင်းမတွပင် လျင်မြန်စွာ ဖြေပေးသည်။
ကျန်းမင်က လက်တစ်ချက် ဝှေ့ယမ်းကာ သူ ရိတ်သိမ်းထားသော ဝိညာဉ်ဆေးပင်များ အားလုံးကို ထုတ်ယူ၍ အစီအစဉ်တကျ စီစဉ်ပြီး တစ်ခုချင်းစီ၏ ဖော်ပြချက်များကိုပါ ရေးသားပြသည်။
လိုဟန်ကလည်း လက်နှစ်ဖက်ကို ပွတ်သပ်ရင်း စိတ်လှုပ်ရှားစွာဖြင့်…
"ဒါတွေ အကုန်လုံးက ပစ္စည်းကောင်းတွေချည်းပဲ… သူတို့နဲ့ ဘာကို လဲလှယ်ချင်တာလဲ"
"စွမ်းအင် သလင်းကျောက်တွေ…" ကျန်းမင်က ချက်ချင်း ပြန်ဖြေပေးသည်။
လိုဟန်က မူလ သလင်းကျောက် ဆယ်တုံးကို ကမ်းပေးရင်း…
"ကောင်းပြီလေ… ဒီမှာက မူလ သလင်းကျောက်တွေ… သူတို့က ငါ လာတဲ့ စကြဝဠာရဲ့ မူလ ဥပဒေသတွေ ပုံဆောင်ခဲ ဖြစ်သွားရာကနေ ဖြစ်ပေါ်လာတာ… အင်မော်တယ် လောကက အင်မော်တယ် သလင်းကျောက်တွေနဲ့ ဆင်တူတယ်… ဆယ်တုံးဆို လုံလောက်မလား…"
"လုံလောက်ပါတယ် ညီအစ်ကို လိုဟန်… ကျေးဇူးပါပဲ"
"ဟား ဟား… ငါကသာ ကျေးဇူးတင်ရမှာပါ" လိုဟန်က ပြန်ပြောလိုက်သည်။
ကျန်းမင် သက်ပြင်းတစ်ချက် ချလိုက်ပြီးနောက်…
"ဒါဆိုလည်း… ငါ ဝမ်းသာအားရ လက်ခံလိုက်ပါ့မယ်…"
သူ့အတွက် ဝိညာဉ်ဆေးပင်များမှာ တန်ဖိုးကြီးမားနိုင်သော်လည်း ၎င်းတို့ တန်ဖိုးမှာ ဤမူလ သလင်းကျောက် ဆယ်တုံးနှင့် နှိုင်းယှဉ်လျှင် ဘာမှမဟုတ်ပေ။
လိုဟန်က သူ့စေတနာကို ပြသချင်နေပြီး ကျန်းမင်လည်း ထိုကျေးဇူးကို ဝမ်းမြောက်ဝမ်းသာ လက်ခံခဲ့ခြင်းပင်။
"ညီအစ်ကိုကျန်း… ဒီကို လာတာ တိုက်ခိုက်ရေး စင်မြင့်ကို ဆက်စိန်ခေါ်ပြီး ကောင်းကင် လှေကားထစ်ကို တက်ဖို့ မဟုတ်လား…" လိုဟန်က မေးလာ၏။
"သေချာတာပေါ့… ဒါပေမဲ့ မင်း အံ့အားသင့်သွားမှာကို ငါ စိုးရိမ်မိတယ်…" ကျန်းမင် ခေါင်းညိတ်မိသည်။
ကျန်းမင် အောင်မြင်နိုင်မည့် အရာများကို မျှော်လင့်နေရင်း လိုဟန်က ရယ်မောတော့သည်။
"ဟား ဟား… ညီအစ်ကိုကျန်း ရှေ့လူတွေရဲ့ အကန့်အသတ်တွေကို ဆက်ပြီး ချိုးဖျက်နိုင်မလား ဆိုတာ စောင့်ကြည့်ရသေးတာပေါ့… မင်း အောင်မြင်မှုတွေက ပိုမြင့်မားတဲ့ ရည်မှန်းချက် တစ်ခု ချမှတ်နိုင်အောင် ကူညီပေးလိမ့်မယ်… မင်း အံ့ဩအောင် လုပ်တာတွေကိုတော့ ငါ အကျင့်ပါနေပါပြီ… ငါ့ကို အံ့ဩအောင် လုပ်လေ… ယှဉ်ပြိုင်ချင်တဲ့ စိတ်ဆန္ဒက ပိုသန်မာလာလေပဲ…"
"ကောင်းကင် တိုက်ပွဲစင်မြင့်ကို စိန်ခေါ်ပြီး ကောင်းကင် လှေကားထစ်ကို မတက်ခင် ငါ ခဏလောက် တရားထိုင်ဖို့ လိုသေးတယ်…"
စကားအဆုံးတွင် ကျန်းမင်က ထိုနေရာ၌ တင်ပျဉ်ခွေ ထိုင်ချပြီး ကမ္ဘာဦး ပျက်သုဉ်းခြင်း တာအိုမျိုးစေ့၏ ကြီးထွားမှုကို မြှင့်တင်ရန်နှင့် သူ့အသိစိတ်ပင်လယ်အား ဝိညာဉ်စွမ်းအင်များ အပြည့်အဝ ဖြည့်တင်းရန် မူလ သလင်းကျောက် တစ်တုံး သန့်စင်တော့သည်။
အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားသော်လည်း လိုဟန်က အလျင်လိုနေခြင်း မရှိပေ။ သူက ဗီဒီယို အတိုလေးများ ကြည့်ရန် သို့မဟုတ် လှပသော မိန်းမပျိုလေးများကို ငေးကြည့်ရန် သူ့တက်ဘလက်အား ရံဖန်ရံခါ ထုတ်ယူကြည့်ရှုသည်။ ထိုသို့မဟုတ်လျှင် ကောင်းကင် တိုက်ပွဲစင်မြင့်တွင် စိန်ခေါ်ရန် ကြိုးစားပြီး ကောင်းကင် လှေကားထစ်တွင် သူ့စိတ်ဆန္ဒ ပိုထက်မြက်လာစေရန် လေ့ကျင့်လေသည်။
တစ်နေ့တွင် ကျန်းမင် ရုတ်တရက် မတ်တပ်ရပ်လိုက်သည်အထိ ဤလုပ်ရိုးလုပ်စဉ်မှာ နေ့စဉ် ဆက်လက် ဖြစ်ပေါ်နေခဲ့၏။
"ညီအစ်ကိုကျန်း… အသင့်ဖြစ်ပြီလား" လိုဟန်က မေးလိုက်သည်။
"အင်း… အသင့်ဖြစ်ပြီ… အခု အဆင့် ၅ ရဲ့ အထွတ်အထိပ်ကို အပြည့်အဝ ကျွမ်းကျင်သွားပြီ…" ကျန်းမင်က ခွန်အားများ ပြည့်ဝနေသည့်ဟန်ဖြင့် ပြန်ဖြေ၏။
"ကောင်းလိုက်တာ… ဘယ်ဟာ အရင်လာမလဲ… ကောင်းကင် တိုက်ပွဲစင်မြင့်လား… ကောင်းကင် လှေကားထစ်လား…"
ကျန်းမင်က တိုက်ခိုက်ရေး စင်မြင့်၏ တံခါးပေါက်ဆီသို့ လျှောက်သွားရင်း…
"ကောင်းကင် တိုက်ပွဲစင်မြင့်ပဲ…"
သူ မော့ကြည့်လိုက်ချိန်တွင် သူ့ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်မှာ အနည်းငယ် တုန်ခါလာပြီး အားကောင်းသော တိုက်ခိုက်ရေး အော်ရာလှိုင်းများ သူ့ထံမှ ဖြာထွက်လာသည်ကို ခံစားလိုက်ရသည်။
ကောင်းကင် တိုက်ပွဲစင်မြင့်ဆီသို့ နောက်မှ လိုက်ပါလာသော လိုဟန်မှာ ကျန်းမင်ထံမှ ဖြာထွက်လာသော ကြီးမားသည့် အော်ရာကို မခံနိုင်မီ မီတာ ဆယ်လောက် အထိ နောက်ဆုတ်သွားရတော့သည်။
‘သေစမ်း… မင်းက အဲ့ဒီလောက်တောင် ရူးလောက်အောင် သန်မာနေတာလား… မင်းရဲ့ တိုက်ခိုက်ရေး အော်ရာကိုတောင် ငါ မခံနိုင်ပါလား… ငါတို့ တကယ်ပဲ ကျင့်ကြံမှု အဆင့်တူမှာ ရှိနေကြတာလား…' လိုဟန် လုံးဝ မယုံကြည်နိုင်စွာဖြင့် တွေးနေမိ၏။
ထိုအဖြစ်အပျက်က သူ့အား ကိုယ့်ကိုယ်ကိုယ် ပြန်လည် မေးခွန်းထုတ်လာစေသည် အထိ အမှန်တကယ် ပြင်းထန်သော ရိုက်ခတ်မှု ဖြစ်စေခဲ့လေပြီ။
End
***