【အရှင်... ကျွန်တော်က တကယ်ပဲ ရှောင်ဟ (ဂျင်နရယ်) ကို အပြင်ထုတ်ပြီး အပြေးလေ့ကျင့် ပေးချင်ရုံတင်ပါ ကျွန်တော်တို့တွေက နေ့တိုင်း ရပ်ကွက်ထဲက မြက်ခင်းပြင်မှာပဲ ဆော့တာပါ၊ လမ်းမပေါ်ထွက်ပြီး လူတွေကို လိုက်ခြောက်တာမျိုး မလုပ်ပါဘူး ရှောင်ဟ (ဂျင်နရယ်) က ပန်းပင်တွေ မြက်ပင်တွေကို နည်းနည်းပါးပါး ကိုက်ဖြတ်မိတာကတော့ သိပ်ကိစ္စမရှိဘူးထင်လို့ ကျွန်တော် မတားလိုက်မိတာပါ】
ယိတျန်တျန်၏ လေသံမှာ အနည်းငယ် သိမ်ငယ်နေသဖြင့် တန်ယန်စိတ်ထဲတွင် ရယ်ချင်သွားရသည်။
【အေးပါ... အေးပါ၊ ငါနင့်ကို အပြစ်မတင်ပါဘူး ယိတျန်တျန်... နင်က ဂျင်နရယ်ကို တကယ်ပဲ အသေအချာ စောင့်ရှောက်ပေးခဲ့တာပဲ သူအိမ်ကို တစ်ခါမှ မဖျက်ဆီးခဲ့တာက နင့်ကျေးဇူးပေါ့နောက်ဆိုရင်တော့ ဂျင်နရယ်ကို အပြင်ခေါ်သွားချင်တဲ့အခါ ငါ့ကိုဖြစ်ဖြစ်၊ အိမ်ကလူ တစ်ယောက်ယောက်ကိုဖြစ်ဖြစ် အဖော်ခေါ်ပေါ့ လူသူကင်းတဲ့ နေရာမျိုးကို သွားပြီးမှ သူ့ကို စိတ်ကြိုက် လွှတ်ပေးကြတာပေါ့】
【ဟုတ်၊ အရှင်က တကယ်ကို သဘောကောင်းတာပဲ】
သို့သော် ကိစ္စရပ်များမှာ တန်ယန် ခန့်မှန်းထားသကဲ့သို့ လွယ်လွယ်နှင့်တော့ မပြီးဆုံးခဲ့ပေ။
တန်ယန်သည် တစ်နေ့လယ်လုံး အပြင်မထွက်ဘဲ အိမ်မှာသာနေ၍ သူမ၏ခွေးလေး နှစ်ကောင်နှင့်အတူ အရာဝတ္ထုများ လွှတ်ပစ်ကာ ပြန်ကောက်ခိုင်းသည့် ကစားနည်းကို ကစားနေခဲ့သည်။ တကယ်တော့ ဂျင်နရယ် တစ်ကောင်တည်းသာ ပျော်နေခြင်းဖြစ်ပြီး ယိတျန်တျန်ကမူ ဤကဲ့သို့ ကလေးကလား ကစားနည်းမျိုးကို လုံးဝပင် အထင်မကြီးပေ။
တန်မိသားစု ညစာစားပြီးသည့် အချိန်တွင် စီမံခန့်ခွဲရေးအဖွဲ့မှ ဝန်ထမ်းများသည် ဇနီးမောင်နှံနှစ်ဦးကို ခေါ်ဆောင်ကာ အိမ်တံခါးဝသို့ တစ်ဖန် ရောက်ရှိလာပြန်သည်။
တန်ယန်၏ အဖေဖြစ်သူက သူတို့အဖွဲ့ကို အိမ်ထဲသို့ ဖိတ်ခေါ်ကာ လက်ဖက်ရည်ဖြင့် တည်ခင်းဧည့်ခံပြီးနောက် ထိုင်၍ စကားပြောကြတော့သည်။
တန်ယန်သည် ညစာစားပွဲတွင် ခွေးနှစ်ကောင်၏ အကြောင်းကို မိသားစုအား ကြိုတင်ပြောပြထားပြီး ဖြစ်သည်။ ခွေးနှစ်ကောင်၏ ပါးနပ်မှုကို အားလုံးက အံ့သြနေကြသော်လည်း တစ်ဖက်တွင်မူ ရယ်လည်းရယ်ချင်၊ စိတ်လည်း အနည်းငယ် ရှုပ်နေကြသည်။
"မစ္စတာတန်၊ မစ္စတန်... တကယ်ပဲ တောင်းပန်ပါတယ်ခင်ဗျာ ကျွန်တော့်အမေက ကလေးကို အလိုလိုက်လွန်းလို့ မပြောသင့်တဲ့ စကားတွေ ပြောမိသွားတာပါ ဒီနေ့ ကျွန်တော့်ဇနီးကို ခေါ်ပြီး နှုတ်ဆက်ရင်း တောင်းပန်ဖို့ လာခဲ့တာပါ ကျေးဇူးပြုပြီး စိတ်ထဲမထားပါနဲ့"
ဟု ထိုအမျိုးသားက အနည်းငယ် မျက်နှာချိုသွေးသော လေသံဖြင့် ပြောလိုက်သည်။
"နေပါဦး... လူကြီးမင်းတို့က ဘယ်သူတွေပါလဲ တောင်းပန်ပါတယ်၊ ကျွန်တော်က မကြာသေးခင်ကမှ မှတ်ဉာဏ်က သိပ်မကောင်းတော့လို့ပါ ကျွန်တော်တို့တွေ တစ်နေရာရာမှာ တွေ့ဖူးကြသလား"
ပြုံးလျက်လာသူကို လက်သီးဖြင့် မတုံ့ပြန်အပ်သကဲ့သို့ မစ္စတာတန်သည်လည်း အိမ်နီးချင်း အချင်းချင်းဖြစ်၍ ရိုင်းစိုင်းစွာ မဆက်ဆံလိုပေ။
"အိုး... ကျွန်တော် ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ဖို့ မေ့သွားတာပဲကျွန်တော့်မျိုးရိုးက 'ကျွမ်း' ပါ၊ နာမည်က 'ယန်' ပါ။ မစ္စတာတန်က ကျွန်တော့်ကို 'ရှောင်ကျွမ်း' လို့ပဲ ခေါ်နိုင်ပါတယ် လူကြီးမင်းကတော့ မှတ်ဉာဏ် တကယ်မကောင်းတာပဲ၊ ကျွန်တော်တို့တွေ အရင်က ပါတီပွဲတစ်ခုမှာ ဆုံဖူးကြတယ်လေ ကျွန်တော့်ကုမ္ပဏီက မီးဆိုင်းလုပ်ငန်း လုပ်တာပါ"
"အော်... မစ္စတာကျွမ်းကိုး တွေ့ရတာ ဝမ်းသာပါတယ်"
မစ္စတာတန်၏ မျက်နှာပေးမှာ မပြောင်းလဲဘဲ လိုရင်းကိုသာ တိုက်ရိုက်မေးလိုက်သည်။
"ကျွန်တော်တို့အိမ်က ဆိုးပေတေနေတဲ့ ကလေးနှစ်ကောင် (ခွေးနှစ်ကောင်) က လူကြီးမင်းရဲ့ သားလေးကို ခြောက်လှန့်မိတယ်လို့ ကြားလိုက်ရပါတယ် ဒါကို မစ္စတာကျွမ်းက ဘယ်လိုမျိုး ဖြေရှင်းစေချင်သလဲဆိုတာ သိပါရစေ"
"ဒါက 'နဂါးမင်းဗိမာန်ကို ရေကြီးလို့ ရေတက်လာသလို' ကိုယ့်လူအချင်းချင်း ဖြစ်ကုန်ကြတာပဲ မဟုတ်လားခင်ဗျာ ကျွန်တော်ဒီနေ့ အလုပ်ကပြန်ရောက်မှ ဒီကိစ္စကိုကြားရတာ၊ ကလေးကိုလည်း အသေအချာ ဆုံးမထားပြီးပါပြီ အိမ်ကလူကြီးတွေ ကျတော့လည်း အကျိုးအကြောင်း ပြောပြဖို့ နည်းနည်းခက်ခဲတာကြောင့်ပါ ဒါပေမဲ့ စိတ်မပူပါနဲ့ မစ္စတာတန်၊ ကျွန်တော် သူတို့ကိုထပ်ပြီး ပြဿနာ မရှာစေရပါဘူး အခု စီမံခန့်ခွဲရေးအဖွဲ့က လူတွေလည်း ရှိနေတာဆိုတော့ ဒီကိစ္စကို ဒီမှာတင် အေးအေးဆေးဆေး အဆုံးသတ်လိုက် ကြရအောင်နော်"
"ဟုတ်ပါတယ်၊ တကယ်ပဲ အားနာရပါတယ် ကျွန်မတို့ ဇနီးမောင်နှံက ပြီးခဲ့တဲ့နှစ်တွေမှာ အလုပ်တွေနဲ့ပဲ လုံးပန်းနေရတော့ ကလေးတွေကို လူကြီးတွေကပဲ အလိုလိုက်ပြီး ပျက်စီးကုန်တာပါ ဒီနေ့နေ့လယ်က ကျွန်မရဲ့ ယောက္ခမ (အမေ) ဘက်က မပြောသင့်တာတွေ ပြောမိတာ ရှိရင်လည်း စိတ်ထဲမထားပါနဲ့လို့ တောင်းပန်ချင်ပါတယ် ဒါကတော့ ကျွန်မတို့တွေဘက်က အမှတ်တရ လက်ဆောင်လေးမို့လို့ လက်ခံပေးပါဦးရှင်"
အမျိုးသား၏ ဇနီးဖြစ်သူက စကားကို ဝင်ကူပြောပေးရင်း သူမယူဆောင်လာသည့် သစ်သီးခြင်းကို ကမ်းပေးလိုက်သည်။
အိမ်တော်ထိန်းကျန်းသည် ကျွမ်းဇနီးမောင်နှံ၏ တောင်းပန်သည့်အနေဖြင့် ပေးအပ်သော သစ်သီးများကို လက်ခံလိုက်ပြီးနောက် သူတို့ ပြန်သွားသည့်အခါ လက်ဆောင်အဖြစ် ပြန်ပေးရန်အတွက် သရေစာနှင့် မုန့်အချို့ကို ပါးနပ်စွာဖြင့်ပင် ပြန်လည်ပြင်ဆင်ပေးလိုက်သည်။
တန်ယန်သည် ဧည့်ခန်းရှိ ဆိုဖာပေါ်တွင် ထိုင်နေပြီး သူမ၏ပေါင်ပေါ်တွင် ယိတျန်တျန်က မှီအိပ်နေကာ ဘေးတွင်တော့ ဂျင်နရယ်က ခေါင်းလေးကို ပွတ်သပ်ပေးရန် ချွဲနွဲ့နေလေသည်။ ကြည့်ရသည်မှာ သူမသည် ဘဝ၏ အောင်မြင်သူတစ်ဦး အလားပင် ဖြစ်နေသည်။
"ငါကြည့်ရသလောက်တော့ ကျွမ်းဇနီးမောင်နှံက လူကောင်းတွေပါပဲ၊ အကျိုးအကြောင်းလည်း နားလည်ကြတယ် ဒီကိစ္စကို ဒီမှာတင်ပဲ ရပ်လိုက်ကြရအောင်"
ဟု မစ္စတာတန်က ဆိုသည်။
"မစ္စကျွမ်းကတော့ တကယ်ကို အသိအမြင်ရှိပြီး ယဉ်ကျေးပျူငှာပုံ ရပါတယ် ဒါပေမဲ့ မစ္စတာကျွမ်းက နည်းနည်းတော့ လောကဝတ်တွေ များလွန်းသလားလို့"
မစ္စတန်က အနည်းငယ် နှမြောတသဟန်ဖြင့် သက်ပြင်းချလိုက်သည်။
"အဲဒါကတော့ တစ်ဦးချင်းစီရဲ့ အကြိုက်ပေါ်မှာပဲ မူတည်ပါတယ်၊ ငါဆိုရင် မင်းကိုပဲချစ်တာ၊ တခြားဘယ်သူ့ကိုမှ မျက်စိထဲမဝင်ဘူးလေ"
တန်ယန်၏ ဖခင်ဖြစ်သူက အခွင့်အရေးရခိုက် ချစ်စကားဆိုလိုက်ရာ တန်ယန်၏မိခင်မှာ မျက်စောင်းလေးထိုးရင်း
"ကလေးရှိနေသေးတယ်လေ"
ဟု ဟန့်လိုက်ရတော့သည်။
တန်ယန်သည် သူမနှင့် ခွေးနှစ်ကောင်မှာ သူတို့ကြားတွင် အနှောင့်အယှက် ဖြစ်နေသည်ဟု ခံစားလိုက်ရသဖြင့် နှုတ်ဆက်ကာ ခွေးနှစ်ကောင်ကိုခေါ်၍ အပေါ်ထပ်သို့ တက်လာခဲ့သည်။
မိဘနှစ်ပါး၏ ဆက်ဆံရေး ကောင်းမွန်ခြင်းက သားသမီးများအပေါ် ကောင်းကျိုးများစွာ သက်ရောက်စေသည်။ တန်ယန်သည် လက်ရှိတွင် စိတ်ကြည်လင်နေသဖြင့် သူမ၏ စာရေးဆရာ ဘလော့ဂ်ထဲသို့ ဝင်ကြည့်လိုက်ရာ ပရိသတ်များ၏ ချီးကျူးသည့် မှတ်ချက်များစွာကို တွေ့လိုက်ရသည်။ ထို့ကြောင့် သူမသည် ဝတ္ထုအသစ် တစ်ပုဒ်ကို ချက်ချင်း စတင်ရေးသားရန် ဆုံးဖြတ်လိုက်တော့သည်။
သူမ "အနောက်ဘက်မျှော်စင်သို့ အိပ်မက်ပြန်လည်စေခြင်း"ဝတ္ထုကို ရေးသားပြီးကတည်းက ဝက်ဘ်ဆိုက်ပေါ်တွင် ခေတ်ကူးဝတ္ထုများမှာ ရေပန်းစားလာခဲ့သည်။ လူအများကလည်း သူမ၏ နောက်စာအုပ်သည် ဤစတိုင်အတိုင်းပင် ခေတ်ကူးဝတ္ထုအဖြစ် ဆက်လက် ထွက်ရှိလာမည်ဖြစ်ပြီး ခေတ်ကူးဝတ္ထုလောက၏ နံပါတ်တစ်နေရာကို အခိုင်အမာ ယူထားလိမ့်မည်ဟု ခန့်မှန်းနေကြသည်။
ဒါပေမဲ့ သူမက အဲဒီအတိုင်း လုပ်မှာတဲ့လား။ သူမသည် နောက်စာအုပ်အတွက် မည်သို့သော အံ့သြဖွယ် စိတ်ကူးစိတ်သန်းများကို တင်ဆက်ရမလဲဟု စဉ်းစားပြီးသားဖြစ်သည်။ သူမသည် 'တစ်ဖန်ပြန်လည် ရှင်သန်ခြင်း' နှင့် 'စနစ်ပါသော ဝတ္ထု' နှစ်ခုကြားတွင် ဝေခွဲမရ ဖြစ်နေခဲ့သည်။ လူတိုင်းက "လက်ထဲက ကိတ်မုန့်ကိုလည်း စားချင်၊ လက်ထဲမှာလည်း ကိတ်မုန့်ရှိနေချင်လို့ မရဘူး" ဟု ဆိုကြသော်လည်း သူမကတော့ နှစ်ခုစလုံးကို တစ်ပြိုင်နက်တည်း ရယူပိုင်ဆိုင်နိုင်အောင် ရေးသားရန် ဆုံးဖြတ်လိုက်ပါသည်။
သူမသည် ကွန်ပျူတာရှေ့တွင် ထိုင်ကာ ဖိုင်အသစ်တစ်ခုကို ဖွင့်လိုက်သည်။ ဝတ္ထုအမည် နေရာတွင် "တစ်ဖန်ပြန်လည် ရှင်သန်လာသော ဗီလိန်မလေး - ကံကြမ္မာပြောင်းလဲခြင်း စနစ်နှင့် ချည်နှောင်ခံရခြင်း" ဟု ရိုက်ထည့်လိုက်ပြီးနောက် ဇာတ်လမ်းအကျဉ်းကို စတင် ရေးသားတော့သည်။ တကယ်တော့ သူမတွင်ရှိသော "စာရေးစွမ်းရည် မြင့်မားခြင်း" ဟူသည့် အရည်အချင်းကြောင့် ဇာတ်လမ်းအကျဉ်း ရေးနေရန်ပင် မလိုသော်လည်း ဤသည်မှာ သူမ၏ အလေ့အကျင့်တစ်ခု ဖြစ်နေသည်။ ဘာပဲဖြစ်ဖြစ် သူမသည် စာရိုက်နှုန်း အလွန်မြန်သူဖြစ်ရာ စာလုံးရေ ရာဂဏန်းလောက် ရေးရသည်မှာ သူမအတွက် ဘာမှမဟုတ်ပေ။
မိနစ်နှစ်ဆယ် မပြည့်မီမှာပင် သူမသည် ဇာတ်လမ်းအကျဉ်းနှင့် အကျဉ်းချုပ်ကို အပြီးသတ်လိုက်ပြီးနောက် ပထမဆုံးအခန်းကို စတင်ရေးသားတော့သည်။
ဤဝတ္ထုသည် 'ခေတ်ကျော်ခြင်း'၊ 'တစ်ဖန်ပြန်လည် ရှင်သန်ခြင်း' နှင့် 'စနစ်' အယူအဆများကို ပေါင်းစပ်ထားခြင်းဖြစ်ရာ အွန်လိုင်းဝတ္ထု စာရေးဆရာများအကြား ကြီးမားသော ဂယက်တစ်ခု ဖြစ်လာလိမ့်မည်ဟု သူမယုံကြည်နေသည်။ နောက်ပိုင်းလများတွင် ဝက်ဘ်ဆိုက်ပေါ်၌ ပုံစံမျိုးစုံ ကွဲပြားခြားနားသော ဝတ္ထုအမျိုးအစားသစ်များကို မြင်တွေ့ရတော့မည်ဟု တွေးမိကာ သူမအနည်းငယ် စိတ်လှုပ်ရှားမိသွားသည်။
နှစ်နာရီအတွင်းမှာပင် သူမသည် ဇာတ်လမ်းအကျဉ်း၊ နောက်ခံသမိုင်းကြောင်းနှင့် ဇာတ်ကောင်စရိုက်များ သတ်မှတ်ခြင်းကို အပြီးသတ်လိုက်သည့်အပြင် ဝတ္ထု၏ အဓိကဇာတ်လမ်း စာလုံးရေ တစ်သောင်းကျော်ကိုပါ ရေးသားပြီးစီး သွားခဲ့သည်။ အနည်းငယ် ပြန်လည်စစ်ဆေးပြီးနောက် သူမသည် 'ဖုန်းချီ' အွန်လိုင်းစာပေ ပလက်ဖောင်းပေါ်သို့ တင်လိုက်ပြီး "အနောက်ဘက်မျှော်စင်သို့ အိပ်မက်ပြန်လည်စေခြင်း" ဝတ္ထုအောက်တွင်လည်း ဝတ္ထုအသစ် ထွက်ရှိကြောင်း ကြော်ငြာလိုက်တော့သည်။
*
ကျန်းရှောင် "အနောက်ဘက် မျှော်စင်သို့ အိပ်မက်ပြန်လည်စေခြင်း" ကို ဒုတိယအကြိမ် ပြန်လည်ဖတ်ရှုနေစဉ် သူမ ဖောလိုးလုပ်ထားသော စာရေးဆရာမထံမှ ဝတ္ထုအသစ် ပထမဆုံးသုံးခန်း ထွက်ရှိလာသည်ကို ရုတ်တရက် မြင်လိုက်ရသည်။
"တန်တာက စာအုပ်အသစ် ထုတ်လိုက်တာလား၊ ကြည့်ရအောင်... ဟင် 'တစ်ဖန်ပြန်လည် ရှင်သန်လာသော ဗီလိန်မလေး - ကံကြမ္မာပြောင်းလဲခြင်း စနစ်နှင့် ချည်နှောင်ခံရခြင်း' တဲ့လား နာမည်က တကယ် ထူးဆန်းတာပဲ"
ကျန်းရှောင်သည် တစ်ယောက်တည်း ရေရွတ်ရင်း လင့်ခ်ကို နှိပ်လိုက်သည်။ ဤမျှ ထူးဆန်းသော အမည်မျိုးကို သူမတစ်ခါမှ မမြင်ဖူးခဲ့ပေ။ တစ်ဖန်ပြန်လည် ရှင်သန်လာတဲ့ ဗီလိန်မလေး စနစ်နဲ့ ချည်နှောင်ခံရတာ၊ ဗီလိန်မလေး ဆိုတာကိုတော့ နားလည်ပါသည်၊ ဒါပေမဲ့ 'ပြန်လည်ရှင်သန်လာတဲ့ ဗီလိန်မလေး' ဆိုတာက ဘာကိုဆိုလိုသနည်း။ ကဲ... အကျဉ်းချုပ်ကိုပဲ အရင်ဖတ်ကြည့်တော့မည်။
၁၅ မိနစ်ခန့် အကြာတွင် ကျန်းရှောင်သည် ရင်ခုန်စိတ်လှုပ်ရှားမှုနှင့်အတူ စာဖတ်ချင်စိတ်များ တားမရဆီးမရ ဖြစ်သွားရသည်။ ဝက်ဘ်ဆိုက်စာမျက်နှာပေါ်ရှိ ‘နောက်ဆုံးအခန်းအထိ ဖတ်ပြီးပါပြီ’ ဟူသော စာတန်းကိုကြည့်ကာ သူမအတော်ကြာ ဆွံ့အသွားရသည်။ နောက်ဆုံးတွင်မှ သူမ တုန်တုန်ယင်ယင်နှင့် ရေရွတ်လိုက်မိသည်။
"တန်တာကတော့ တကယ့်ကို နာမည်နဲ့လိုက်အောင် တော်တာပဲ၊ သူမရဲ့ စိတ်ကူးစိတ်သန်းတွေက တကယ်ကို အံ့မခန်းပဲ"
ထို့နောက် သူမသည် 'ဖုန်းချီ' ဖိုရမ်ကိုဖွင့်ကာ
"စိတ်လှုပ်ရှားစရာပဲ သူငယ်ချင်းတို့ရေ၊ တန်တာရဲ့ ဝတ္ထုအသစ်ကို သွားကြည့်လိုက်ကြဦး"
ဆိုသော ခေါင်းစဉ်ဖြင့် ပို့စ်တစ်ခု တင်လိုက်သည်။ သူမသည် အရင်ဝတ္ထုဟောင်းကို ပြန်ဖတ်နေစဉ် စာရေးဆရာမက စာအုပ်အသစ် တင်လိုက်သည်ကို တွေ့ရှိခဲ့ကြောင်း အားတက်သရော ဝင်ဖတ်ကြည့်ရာတွင် ယခင်က တစ်ခါမှ မကြားဖူးသော ဇာတ်လမ်းမျိုး ဖြစ်နေကြောင်း ရှင်းပြထားသည်။
ကျန်းရှောင်သည် ဖိုရမ်တွင် လူသိများသူတစ်ဦး ဖြစ်သည့်အတွက် သူမ ပို့စ်တင်ပြီးသည်နှင့် လူအများက ဝင်ရောက်၍ မှတ်ချက်ပေးကြတော့သည်။
2L: "ပထမဆုံး မှတ်ချက်ကို အရင်ဦးအောင် ယူထားလိုက်မယ်၊ ပြီးမှ ဖြည်းဖြည်းချင်း ဖတ်တော့မယ်"
3L: "အခုတလောမှာတော့ ဝတ္ထုတွေထဲမှာ အချိုနဲ့အငန် ရောတာမျိုးက တော်တော်လေး ခေတ်စားနေတာပဲ"
4L: "အပေါ်ကလူရေ... တန်တာရဲ့ 'အနောက်ဘက် မျှော်စင်သို့ အိပ်မက်ပြန်လည်စေခြင်း' ကို မဖတ်ရသေးဘူးလား၊ တကယ်ကောင်းတာနော် အားပေးပါတယ်"
5L: "အပေါ်ကလူနဲ့ အတူတူပါပဲ၊ ဒီစာအုပ်က ဝတ္ထုအမျိုးအစားသစ် တစ်ခုကို လမ်းဖောက်ပေးလိုက်တာပဲ၊ ချီးကျူးဖို့ ထိုက်တန်ပါတယ်"
6L: "ဝတ္ထုအသစ်ရဲ့ နာမည်က နည်းနည်းတော့ ထူးဆန်းနေသလားလို့"
7L: "အပေါ်ကလူ... နင်တစ်ယောက်တည်း မဟုတ်ပါဘူး၊ ငါလည်း ထူးဆန်းတယ်လို့ ထင်လို့ပါ"
8L: "နောက်ထပ် အမျိုးအစားသစ်တစ်ခု ထပ်လာပြန်ပြီလား"
9L: "ဇာတ်လမ်းအကျဉ်းနဲ့ ပထမဆုံးသုံးခန်းကို ဖတ်ပြီးသွားတဲ့ ငါကပဲ ပြောပြပါရစေ... အားလုံးပဲ သတ္တိရှိရှိသာ ဖတ်ကြပါ၊ ဒါက အမျိုးအစားသစ် တစ်ခုတည်းတင် မဟုတ်ဘူး သုံးခုတောင်မှ"
10L: "အပေါ်ကမှတ်ချက်က ငါ့ကို အံ့သြသွားစေတယ်အသေးစိတ်လေး ရှင်းပြပေးလို့ ရမလား"
11L: "(ပို့စ်တင်သူ ကျန်းရှောင်) ဒီစာအုပ်ကတော့ တကယ့်ကို ပေါက်ဦးမှာ သေချာတယ် တန်တာက 'တစ်ဖန်ပြန်လည် ရှင်သန်ခြင်း'၊ 'စနစ်' နဲ့ 'ခေတ်ကျော်ခြင်း' သုံးခုလုံးကို တစ်ပုဒ်တည်းမှာ ပေါင်းထည့်ထားတာ၊ တကယ့်ကို အမျိုးအစားသစ် သုံးမျိုးစလုံးပဲ တကယ်လို့ ထပ်ပြီး ခွဲခြမ်းစိတ်ဖြာ ကြည့်မယ်ဆိုရင် 'ဗီလိန်မလေး' ကို ဇာတ်လိုက်အဖြစ် ထားတာကလည်း ဇာတ်ကောင်ပုံစံအသစ် တစ်မျိုးလို့တောင် ပြောလို့ရတယ်"
12L: "ပို့စ်တင်တဲ့သူကို ငါမုန်းတယ်၊ ဘာလို့ ဒီအချိန်မှာ ငါ့ကိုလာပြီး မြှူဆွယ်ရတာလဲ... ခုမှ စာလုံးရေ တစ်သောင်းတောင် မပြည့်သေးဘူးလေ၊ အား အား ငါ့နှလုံးသားတွေ တုန်ယင်နေပြီ"
***