ဤစိတ်ဝိညာဉ်စွမ်းအင်အမျှင်တန်းလေးကို ဝါးမျိုပြီးနောက်တွင်မူ ၎င်းတို့သည် မိုးမြေ၏အနှစ်သာရကို ထပ်မံ အမှီပြုစရာ မလိုတော့ပေ။ ပို၍သိကျစွာပြောရလျှင် ၎င်းတို့သည် အခြားသော မိုးမြေ၏ ကိုယ်ပွားတစ်ခု၏အနှစ်သာရကို မှီဝဲကြရမည်ဖြစ်ပြီး၊ ထိုအချိန်မှစ၍ ၎င်းတို့၏ အသက်ဝိညာဉ်များသည် လူတစ်ဦးတည်းအပေါ်တွင်သာ မူတည်သွားတော့မည် ဖြစ်ပေသည်။
မာနကြီးပြီး ထောင်လွှားသူများအတွက်မူ ဤသည်မှာ လက်ခံနိုင်ဖွယ်မရှိသော ကိစ္စရပ်ဖြစ်ပြီး၊ မသိစိတ်ထဲမှပင် ခုခံတွန်းလှန်ချင်စိတ်များ ပေါ်ပေါက်လာပေလိမ့်မည်။
သို့သော်လည်း၊ ရွှမ်ချင်းအပါအဝင် အတွင်းဂိုဏ်းတစ်ခုလုံးတွင် ထူးခြားသောလက္ခဏာတစ်စုံတစ်ရာမျှ မပြသခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏အသက်ဝိညာဉ်များသည် ထိုလူငယ်လေး၏ ပခုံးပေါ်တွင် အမြဲတစေတည်ရှိနေခဲ့ပြီးသား ဖြစ်သောကြောင့်ပင်။
ဤရင်းနှီးပြီးသားဖြစ်သော ဝိညာဉ်စွမ်းအင်ကို ရှူရှိုက်လိုက်ရခြင်းက ဆန့်ကျင်ဘက်အနေဖြင့် ၎င်းတို့ကိုရှင်းပြမရနိုင်အောင် စိတ်အေးချမ်းသွားစေခဲ့လေသည်။
"ဂုဏ်ယူပါတယ် ဂိုဏ်းချုပ်... မိုးမြေရဲ့ကိုယ်ပွားတစ်ခု ဖြစ်လာနိုင်ခဲ့တဲ့အတွက်။"
ရွှမ်ချင်းသည် သူ၏ ရင်ထဲမှ နာကျင်မှုနှင့် ဝမ်းနည်းမှုများကို အတင်းအကျပ် ဖုံးကွယ်လိုက်ပြီး၊ သူ၏ မျက်နှာပေါ်တွင် ရိုသေလေးစားမှုများ ပြန်လည်ပြည့်နှံလာကာ ခြင်လေးတစ်ကောင်၏ အသံကဲ့သို့တိုးညှင်းစွာဖြင့် ဂုဏ်ပြုစကား ဆိုလိုက်လေသည်။
ဂိုဏ်းချုပ်သည် အခြားသူများက သူ့အတွက် စကားပြောပေးရန် မလိုတော့သည့် အဆင့်အထိ ကြီးထွားလာခဲ့ပေပြီ။ နန်ယန်အတွင်းဂိုဏ်းတစ်ခုလုံးက သူ၏ တည်ရှိမှုကို ခံစားမိနေကြပေလိမ့်မည်။
ဤဝိညာဉ်စွမ်းအင်အခွင့်အရေးကို အသုံးချပြီး၊ ဂိုဏ်းချုပ်ပိုင်ဆိုင်သော ဤနန်ယန်နယ်မြေအတွင်း လှည့်လည်ကြည့်ရှုရာတွင် အတူလိုက်ပါရန် အဘယ်ကြောင့် မကြိုးစားကြည့်ဘဲ နေမည်နည်း။
ဤသို့တွေးလိုက်သည်နှင့် ရွှမ်ချင်း၏ နှုတ်ခမ်းများ အနည်းငယ်ကွေးညွတ်သွားပြီး မျက်လုံးများကို မှိတ်လိုက်လေ၏။
တစ်ခဏအတွင်းမှာပင်၊လှပသော ပုံစံတူပန်းချီကားချပ်ကြီးတစ်ခုသည် သူ၏ စိတ်ထဲတွင် ပေါ်ထွက်လာလေ၏။ ၎င်းက ဂိုဏ်းအတွင်းစည်းမှ အပြင်စည်းအထိ၊ ထို့နောက် ဝူထုံတောင်၊ ပြည်နယ်ကိုးခုဒေသကိုအုပ်စိုးထားသော မဟာချန်နှင့် အဆုံးမရှိသော တောင်တန်းမြစ်ချောင်းများအထိ ဖြန့်ကျက်ထားလေသည်။
ထိုအချိန်မှာပင်၊ သူ၏ အပြုံးက ရုတ်တရက် တောင့်တင်းသွားခဲ့၏။
အဘယ်ကြောင့်ဆိုသော် မဟာချန်မြို့တော်၏ အထက်တွင် ဒုတိယမြောက်ရွှေရောင်အလင်းတန်းများ လျင်မြန်စွာပျံ့နှံ့သွားပြီး၊ မဟာချန်တစ်နိုင်ငံလုံးကို မသေမျိုးနယ်မြေတစ်ခုကဲ့သို့ လွှမ်းခြုံသွားသောကြောင့်ပင်။
ထို့နောက် တားဆီး၍မရသော စွမ်းအားများ သယ်ဆောင်လာသည့် ထူထဲလှသောအနက်ရောင် အလင်းတိုင်ကြီးတစ်ခုသည် မိုးနှင့်မြေကို နောက်တစ်ကြိမ် ဖောက်ထွင်းသွားပြန်လေ၏။
သိုင်းဘုံကျောင်းအတွင်းရှိ ရင်းနှီးပြီးသား ပုဂ္ဂိုလ်များစွာပြေးထွက်လာကြပြီး၊ ပြောင်းလဲနေသော ကောင်းကင်ယံကို အံ့အားသင့်စွာ မော့ကြည့်နေကြ၏။ မည်သည့်အရာများဖြစ်ပျက်နေမှန်း သူတို့ လုံးဝ မသိကြသော်လည်း၊ ဤသည်မှာ မင်္ဂလာရှိသော နိမိတ်တစ်ခုလားဟု တွေးတောနေမိကြသည်။
၎င်းက မင်္ဂလာရှိရမည် မဟုတ်ပါလား။ ရွှေရောင်အလင်းတန်းများကြားတွင် ကျရောက်လာသော အနက်ရောင်အလင်းတိုင်ကြီးကို ကြည့်ရင်း အားလုံးက ဝေခွဲမရဖြစ်နေကြလေသည်။
ရွှေရောင်အလင်းတန်းများအတွင်း ပျံ့နှံ့နေသော ရင်းနှီးသည့် အငွေ့အသက်ကို တစ်စုံတစ်ယောက်က ခံစားမိသွားသည့် အချိန်အထိပင်။
အစိမ်းရောင်ဝတ်ရုံဝတ်ထားသော ဘုံကျောင်း အစောက်အရှောက်အနည်းငယ်က တုန်ယင်နေသောအသံဖြင့် ပြောလိုက်ကြ၏။
"သူ ပြန်လာပြီ... သူ ဘယ်မှာလဲ။"
ကျူးကျွယ်သည် ဝိညာဉ်စွမ်းအင်ကို ရှူရှိုက်ရင်း၊ တွေဝေစွာဖြင့်ပတ်ဝန်းကျင်ကို ကြည့်လိုက်သော်လည်း အနက်ရောင်ဝတ်ရုံနှင့် ထိုရင်းနှီးသော ပုဂ္ဂိုလ်ကို မတွေ့ရပေ။ သို့သော် သူ၏ တည်ရှိမှုကို နေရာတိုင်းတွင် ခံစားနေရလေသည်။
...
ဒုတိယ ကပ်ဘေးဒုက္ခကို ထိန်းချုပ်နိုင်ခြင်း... မြေကမ္ဘာနယ်ပယ် အလယ်အလတ်အဆင့်
သူ့စိတ်ထဲက မြင်ကွင်းက ရွှမ်ချင်း၏ အသိဥာဏ်ကို လုံးဝ ပျက်စီးသွားစေခဲ့၏။
ဤလောကတွင် မည်သူက ရတနာနယ်မြေတစ်ခုကို ဤလောက်ထိလျှင်မြန်စွာ ထိန်းချုပ်နိုင်ကြသနည်း။
သူသည် ထိုနေရာတွင် ငိုင်တိုင်တိုင်ရပ်နေခဲ့ပြီး၊ ခဏအကြာတွင် သူ၏သစ်သားမျက်လုံးများထဲမှ နွေးထွေးသောမျက်ရည်များ စီးကျလာခဲ့သည်။
ထိုမျက်ရည်များက အလွန်ပူပြင်းလှသဖြင့် ရွှမ်ချင်းက သူ့လက်ဖြင့် အတင်းအကျပ်သုတ်ပစ်လိုက်ရ၏။
အကယ်၍ အကြောင်းပြချက်တစ်ခုခု တကယ်ရှိရမည်ဆိုလျှင်...
၎င်းက ထိုရတနာနယ်မြေသည် ထိုပုဂ္ဂိုလ်နှင့် ပိုင်ဆိုင်ပြီးသားဖြစ်ကြောင်း သက်သေပြနေခြင်းသာ ဖြစ်ပေလိမ့်မည်။ ၎င်းက ထိန်းချုပ်ရန် ကြိုးစားနေခြင်းမဟုတ်ဘဲ၊ သူနှင့် ပိုင်ဆိုင်ပြီးသားအရာကို ပြန်လည်သိမ်းယူနေခြင်းသာ ဖြစ်ပေသည်။
"တကယ်ပဲ ခင်ဗျားပြန်လာခဲ့တာကိုး။"
ရွှမ်ချင်း၏ အသံက ရုတ်တရက် ရှိုက်သံပါလာခဲ့၏။ သူ့နယ်မြေကို စိုးမိုးထားစဉ်ကရှိခဲ့သော မာနများ၊ဆုံးရှုံးမှုများနှင့် ရင်ဆိုင်ခဲ့ရစဉ်က ရှိခဲ့သော စိတ်ပျက်အားငယ်မှုများအားလုံး ပျောက်ကွယ်သွားပြီး၊ ကလေးငယ်တစ်ဦး၏ အကူအညီမဲ့မှုသာ ကျန်ရှိတော့သည်။
သူသည် မျက်လုံးများကို တင်းတင်းပိတ်ကာ ဝိညာဉ်စွမ်းအင်၏ ကျန်ရှိနေသော အငွေ့အသက်ကို အသည်းအသန် ရှာဖွေခဲ့ပြီး၊ နောက်ဆုံးတွင် သူ အရင်က မြင်ခဲ့ရသောမြင်ကွင်းသို့ ပြန်ရောက်သွားလေသည်။
အဆုံးမရှိသော တောင်တန်းများကြားတွင်၊ ရွှေရောင်အလင်းတန်းများမှတစ်ဆင့် အနီရောင်အလင်းများကျဆင်းလာပြီး၊ အဆုံးမဲ့သော ပင်လယ်ပြင်ကျယ်ကြီးကို ရွှေရောင်အဖြစ် ပြောင်းလဲပေးလိုက်ကာ၊ အနက်နှင့် အဖြူရောင် အစင်းကြောင်း နှစ်ခုစလုံးသည် ရေထဲသို့ ထိုးဆင်းသွားလေသည်။
မြေကမ္ဘာနယ်ပယ် နောက်ဆုံးအဆင့်၊ မြေကမ္ဘာနယ်ပယ် ပြီးပြည့်စုံခြင်းအဆင့်
ဤကဲ့သို့သော အရှိန်အဟုန်ဖြင့် ထိုးဖောက်ဝင်ရောက်မှုသည် မည်သည့်အဟန့်အတားမျှ မရှိသလောက်ပင် ဖြစ်နေလေ၏။
ရွှမ်ချင်းသည် ထူးဆန်းသည်ဟု မခံစားရတော့ပေ။
အကယ်၍ တစ်ဖက်လူက ရတနာနယ်မြေကို ပြန်လည်သိမ်းပိုက်လိုက်မည်ဆိုပါက၊ သူ၏ ယခင်ကျင့်ကြံခြင်းများကိုလည်း သဘာဝအတိုင်း ပြန်လည်ရရှိမည်သာ ဖြစ်ပေသည်။
ကောင်းကင်နှင့် ပေါင်းစည်းကာ၊ ကောင်းကင်ဘုံနယ်ပယ်သို့ နောက်တစ်ကြိမ် ခြေချခြင်းပင်။
ရွှမ်ချင်းသည် သူ၏ အတွေးများအားလုံးကို အထက်သို့ စုစည်းလိုက်သော်လည်း၊ ထိုရင်းနှီးသောပုံရိပ်ကို မတွေ့ရသလို၊ ကောင်းကင်နှင့် ပေါင်းစည်းနေသည်ကိုလည်း မမြင်ရပေ။
ထို့အစား ရတနာနယ်မြေ၏ အလယ်ဗဟိုတည့်တည့်တွင် ပဉ္စမမြောက်ရွှေရောင်အလင်းတန်းများ ပေါ်ထွက်လာသည်ကိုသာ သူ မြင်တွေ့လိုက်ရလေ၏။
ထိုအချိန်မှစ၍၊ နန်ယန် ရတနာနယ်မြေတစ်ခုလုံးသည် ရွှေရောင်အလင်းတန်းများဖြင့် ဖုံးလွှမ်းသွားခဲ့လေသည်။
ဤကဲ့သို့ ခမ်းနားထည်ဝါလှသော မြင်ကွင်းကြီးထဲတွင်၊ ဆိုးယုတ်သောအနက်ရောင်တိမ်တိုက်တစ်ခု ကျဆင်းလာပြီး နယ်မြေတစ်ခုလုံးကို လွှမ်းခြုံသွားလေ၏။
"ဟင်"
ရွှမ်ချင်းသည် သူ အလွန်တောင့်တခဲ့သော ပဉ္စမမြောက်မြို့တော်ကို ဤကဲ့သို့သော အခြေအနေမျိုးတွင် မြင်တွေ့ရလိမ့်မည်ဟု တစ်ခါမျှ မထင်မှတ်ထားခဲ့ပေ။ သူ မည်သည့်တုံ့ပြန်ရမည်ကိုပင် ပြင်ဆင်မထားမိခဲ့ပေ။
ဒါဆို... ဂိုဏ်းချုပ်က သံယောဇဉ်တွေကြောင့် ကပ်ဘေးဒုက္ခကို ကျော်ဖြတ်ဖို့လက်လျှော့လိုက်တာ မဟုတ်ဘဲ၊ဒုက္ခဘေးကို မြန်မြန်ဆန်ဆန် ကျော်ဖြတ်နိုင်ခဲ့လွန်းလို့ ဘယ်သူမှ မမြင်လိုက်ရဘဲ၊သူကိုယ်တိုင်က အထင်မှားသွားခဲ့တာပဲ ဖြစ်ရမယ်။
ကပ်ဘေးဒုက္ခငါးခုစလုံး ပြီးမြောက်သွားပြီ ဖြစ်ရာ၊ ဤသည်က သူ့ကို ဟုန်ကျယ် မြေကမ္ဘာနယ်ပယ်ရှိ ကျင့်ကြံသူအားလုံးထဲတွင် ရတနာနယ်မြေကို ထိန်းချုပ်နိုင်သည့် အပြီးပြည့်စုံဆုံး ပုဂ္ဂိုလ်ဖြစ်လာစေပေလိမ့်မည်။
ထိုအခိုက်အတန့်တွင်၊ ရွှေရောင်အလင်းတန်းများကြားတွင်တင်ပျဉ်ခွေထိုင်နေသော ပုံရိပ်ကို အားလုံးက မြင်တွေ့လိုက်ကြရလေ၏။
ရှန်းယီ၏ မျက်နှာသွင်ပြင်သည် ဖြူဖျော့ပြီး ချောမောနေဆဲဖြစ်ကာ၊ သူ ဘိုင်ယွင်ခရိုင်တွင် ရှိစဉ်ကနှင့် မည်သို့မျှမထူးခြားပေ။
သူသည် မိုးနှင့်မြေ၏အထက်တွင် စိုးမိုးထားပြီး၊ မျက်လုံးများကိုဖွင့်ကာ အောက်ဘက်ရှိဟာလာဟင်းလင်းဖြစ်နေသော နေရာကို ကြည့်လိုက်လေသည်။
ရတနာနယ်မြေအတွင်းရှိ သက်ရှိအားလုံးက မော့ကြည့်နေကြပြီး၊ ဤနန်ယန် မိုးနှင့်မြေ၏ကိုယ်ပွားကြီးက ဘာများပြောမလဲဟု စောင့်ကြည့်နေကြလေသည်။
ထိုမျှော်လင့်ချက်က သူတို့၏ ရင်ဘတ်ထဲမှ ပေါက်ကွက်ထွက်လုမတတ် ဖြစ်နေလေ၏။
မိုးမြေ၏ စကားလုံး၊ ကျောက်စိမ်းအမိန့်တော်
သို့သော်လည်း၊ ၎င်းတို့၏ နိမ့်ကျလှသော ကျင့်ကြံမှုများကြောင့် ဖြစ်နိုင်သလို၊ ထိုပုံရိပ်က ပါးစပ်ဟလိုက်သည်ကိုသာမြင်တွေ့လိုက်ရပြီး၊ ထို့နောက် ရွှေရောင်အလင်းတန်းများ ပြန်လည်ဆုတ်ခွာသွားကာ အရာအားလုံးက ငြိမ်သက်ခြင်းသို့ ပြန်လည်ရောက်ရှိသွားလေသည်။
ရွှမ်ချင်း၏ မျက်နှာအမူအရာသာလျှင် တစ်ဖန် ပြန်လည်ပြောင်းလဲသွားလေ၏။ နန်ယန် ရတနာနယ်မြေတစ်ခုလုံးတွင် သူတစ်ဦးတည်းသာလျှင် ထိုဝါကျကို ရှင်းရှင်းလင်းလင်းကြားလိုက်ရပုံရလေသည်။
ဂိုဏ်းချုပ်က ပြောလိုက်သည့်အရာမှာ....
"အရမ်း ခေါင်းမာတယ်မလား၊အခု ဘာလို့ ခေါင်းမမာတော့တာလဲ၊ ဆက်ပြီး ခုခံလေ"
ရှန်းယီသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး၊ သူ၏ မျက်နှာတွင် ရက်စက်ကြမ်းတမ်းသော အရိပ်အယောင်လေးတစ်ခု ရှိနေ၏။
ဤစုတ်ပျက်နေသည့် ကျင့်စဉ်ကို သင်ယူရတာတင် နတ်ဆိုးဖိနှိပ်ကျောက်တိုင်ရှေ့တွင် သူ့ကို အရှက်ရစေခဲ့ပြီး ဒေါသထွက်စေခဲ့၏။ ယခု ဤနန်ယန် ရတနာနယ်မြေကလည်း သူအားအချင်းချင်း မရင်းနီးသကဲ့သို့ ပြင်းပြင်းထန်ထန်ခုခံနေသေးသည်။
ဒီကမ္ဘာကို ရောက်လာတာနှစ်အတော်ကြာနေပြီ ဖြစ်ပေမယ့်၊ အခုထိ မရင်းနှီးသေးဘူးလား။
ပုံမှန်အားဖြင့်၊ တာအိုပေါင်းစည်းခြင်းအဆင့်မှ လူများအတွက် တာအိုလက်နက် တစ်ခုကို ပေါင်းစည်းရန် အများဆုံးနှစ်ပေါင်း သောင်းဂဏန်းလောက်သာ ကြာတတ်ပြီး၊ လေးခုလုံးကို ဆပါင်းစည်းဖို့ဆိုလျှင် နှစ်ပေါင်းတစ်သိန်းကျော်လောက်သာ ကြာတတ်လေ၏။
သို့သော် ရှန်းယီကတော့ နှစ်ပေါင်း တစ်သန်းနီးပါးခန့်အသုံးပြုပြီးမှ တာအိုလက်နက် ငါးခုလုံးကို အတင်းအကျပ် ပေါင်းစည်းနိုင်ခဲ့လေ၏။
"ဟင်း။"
ရှန်းယီက သက်ပြင်းချလိုက်ပြီး စနစ်မျက်နှာပြင်ကို ကြည့်လိုက်သည်။
[တာအိုပေါင်းစည်းခြင်း (စိတ်ဝိညာဉ်)။ မသေမျိုးငါးပါးလက်နက်ထိန်းချုပ်ခြင်း မှတ်တမ်း - ပြီးပြည့်စုံသောအဆင့်]
[လက်ကျန် နတ်ဆိုးသက်တမ်း - ၈၇၀၀၀၀]
***