မြေအောက်ကမ္ဘာ၏ ဧကရာဇ်သုံးပါးစလုံး မယုံနိုင်အောင် ဖြစ်သွားကြသည်။
ကျွင်းရှောင်ယောက်က နိယာမ တစ်ရာကျော်ကို ထုတ်ဖော်ပြီး သူတို့၏ အသိအမြင်များကို ပြန်လည်ဆန်းသစ်စေခဲ့၏။
နိယာမကိုးခုသည်ပင် အဆုံးစွန်နယ်ပယ်တစ်ခု ဖြစ်နေပြီ။
သို့ဆိုလျှင်၊ နိယာမ တစ်ရာကျော်က အဘယ်နည်း။
သူက လူသားတစ်ယောက်တောင် ဟုတ်သေးရဲ့လား။
ဧကရာဇ်ကြီးတစ်ပါးက နိယာမတစ်ရာကျော်ကို နားလည်ထားသည်ဟုဆိုလျှင်ပင် နားလည်နိုင်သေးသည်။
နောက်ဆုံးတွင်၊ ဧကရာဇ်ကြီးများက တာအိုကို နက်နဲစွာနားလည်ပြီး သူတို့၏လမ်းစဉ်ကိုလည်း သက်သေပြုပြီးပြီ ဖြစ်သည်။
သို့သော်လည်း ယခုတော့ ကျွင်းရှောင်ယောက်က တာအိုကို သက်သေပြရန် အဝေးကြီးလိုသေးသည့်တိုင် နိယာမ တစ်ရာကျော်ကို နားလည်ထားခဲ့ပြီ။
သူသာ တာအိုကို သက်သေပြုပြီးပါက မည်သို့ဖြစ်မည်နည်း။
နိယာမသုံးထောင်ကို အမှန်တကယ် နားလည်သဘောပေါက်ပြီး တစ်ယောက်တည်းအားဖြင့် ကမ္ဘာကို မှောက်လှန်တော့မည်လော။
ဧကရာဇ်သုံးပါး သတိပြန်ဝင်လာကြချိန်တွင် မိုရာနတ်ဆိုးအစီရင်က ပျက်စီးလုနီးဖြစ်နေပြီ ဖြစ်သည်။
"ချီးတဲ့မှပဲ၊ မင်းက ဘယ်လိုမကောင်းဆိုးရွားမျိုးလဲ။ ဒီကမ္ဘာမှာ တရားမျှတမှု မရှိတော့ဘူးလား" တစ္ဆေဧကရာဇ်က အော်ဟစ်လိုက်သည်။
ကျွင်းရှောင်ယောက်က အဘယ်ကြောင့် ဤမျှမကောင်းဆိုးရွားဆန်နေမှန်း သူတို့ နားမလည်နိုင်ပေ။
သူ့တွင် မပြရသေးသော ဝှက်ဖဲများက ဘယ်လောက်များများ ရှိနေသေးသနည်း။
"အခု ငါ့အလှည့်ရောက်ပြီ" ကျွင်းရှောင်ယောက်က အမွှေးနီမိစ္ဆာထံသို့ လက်ကိုဆန့်ကာ ဖမ်းဆုပ်ဟန်ပြုလိုက်သည်။
ထို့နောက် မေယုကမ္ဘာလေးထောင်စွမ်းအားက ပေါက်ကွဲထွက်လာပြီး အမွှေးနီမိစ္ဆာကို တိုက်ရိုက် ဆုပ်ဖြဲပစ်လိုက်၏။
အလောင်းဧကရာဇ်က သွေးတစ်ပွက်အန်ထုတ်လိုက်ရသည်။ သူက အနောက်သို့ ချက်ချင်း ဆုတ်သွားရကာ ကြောက်ရွံ့မှုတို့ ပေါ်လာတော့သည်။ "မဖြစ်နိုင်တာ...၊ ငါ့အလောင်းကို အင်မော်တယ်ရွှေနဲ့ ပေါင်းစပ်ထားတာ... ဧကရာဇ်လက်နက်တွေကိုတောင် ထိပ်တိုက် ရင်ဆိုင်နိုင်တယ်"
အလောင်းသန့်စင်ခြင်းနန်းတော်က သူတို့၏အလောင်းကို မှော်လက်နက်များကဲ့သို့ သန့်စင်ထားကြခြင်း ဖြစ်သည်။
ရလဒ်အနေဖြင့်၊ ၎င်းကို ကျွင်းရှောင်ယောက်က တိုက်ရိုက် ဆုပ်ဖြဲပစ်လိုက်ပြီ။
အလောင်းထိန်းချုပ်သူအနေဖြင့် အလောင်းဧကရာဇ်က သဘာဝအတိုင်း တန်ပြန်သောက်ရောက်မှုများ ခံခဲ့ရသည်။
"လူတိုင်းပဲ၊ မင်းတို့ ဘာမှမထိန်ချန်ထားကြနဲ့တော့" အလောင်းဧကရာဇ်က အသံနက်ကြီးဖြင့် အော်ဟစ်လိုက်သည်။
သူတို့အားလုံး အကောင်းဆုံး မလုပ်ကြလျှင်၊ အခြေအနေကို မပြောင်းလဲနိုင်တော့မှာ ကြောက်ရသည်။
အလောင်းဧကရာဇ်က နောက်ထပ်အလောင်းကို ထပ်မံထုတ်ယူလိုက်သည်။
၎င်းက အနည်းငယ် ပုံရိပ်ယောင်ဆန်၏။
သို့သော်လည်း ၎င်း၏စွမ်းအားက ပို၍ ကြောက်စရာကောင်းသည်။
"ဒါက..." ကျွင်းရှောင်ယောက်၏ မျက်လုံးများက အရောင်လက်သွားသည်။
သူက မြေအောက်ကမ္ဘာ၏ အင်မော်တယ်လက်နက် ယမ်ပါးနန်းဆောင်အကြောင်း တွေးလိုက်မိ၏။
ထိုအင်မော်တယ်လက်နက်ကို အင်မော်တယ်တစ်ပိုင်းလက်နက် ဆယ်ခုဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။
သို့သော်လည်း ယခုအချိန်တွင်၊ အလောင်းဧကရာဇ်မှ ထုတ်ယူလိုက်သော အလောင်းမှာ... အလောင်းသန့်စင်ခြင်းခန်းမ၏ အင်မော်တယ်တစ်ပိုင်းလက်နက် အလောင်းရုပ်သေး ဖြစ်သည်။
ဟုတ်သည်၊ ၎င်းက စစ်မှန်သော အလောင်းရုပ်သေးမဟုတ်ဘဲ အလောင်းရုပ်သေး၏ အမှတ်အသားတစ်ခုမျှသာ။
၎င်းမှာ ယခင်က လွမ်ကုပုဆိန်အမှတ်အသားကဲ့သို့ပင် ဖြစ်သည်။
ထိုအချိန်တွင် မင်ဧကရာဇ်နှင့် တစ္ဆေဧကရာဇ်တို့ကလည်း သူတို့၏ အင်မော်တယ်တစ်ပိုင်း လက်နက်များကို ထုတ်ယူလိုက်ကြသည်။
မင်ဧကရာဇ်မှ ထုတ်ယူခဲ့သောအရာမှာ အမှောင်ဘုရင်မျိုးရိုး၊ အထူးသဖြင့် အမှောင်ဘုရင်ခန်းမ၏ အင်မော်တယ်တစ်ပိုင်းလက်နက် ယာမ၏လက်ပင်။
တစ္ဆေဧကရာဇ်ကမူ ရှေးဟောင်း ကြေးမီးအိမ်တစ်လုံးကို ထုတ်ယူလိုက်သည်။
မီးအိမ်အတွင်းမှ မီးလျှံများက မရေမတွက်နိုင်သော သက်ရှိများ၏အရိပ်ဟု ထင်ရပေသည်။
၎င်းက ဝိညာဉ်လမ်းပြမီးအိမ် ဖြစ်သည်။
ယခင် ကျွင်းမိသားစု၏ အင်မော်တယ်စစ်ပွဲတွင် ယိုပြည်ထောင်မှ ဝိညာဉ်သခင်က ဝိညာဉ်လမ်းပြမီးအိမ်ကို ထုတ်ယူခဲ့ဖူးသည်။
နောက်ပိုင်းတွင်၊ ဝိညာဉ်သခင်က ကျွင်းမိသားစု၏ လျှို့ဝှက်သွေးကြောမှ ရှန်းယွီဧကရာဇ်၏ လက်ချက်ဖြင့် သေဆုံးခဲ့ပေသည်။ ထိုအခါ ဝိညာဉ်လမ်းပြမီးအိမ်ကို မြေအောက်ကမ္ဘာမှ အကျော်အမော်က ယူဆောင်သွားခဲ့သည်။
ယခုမူ၊ ထိုပုဂ္ဂိုလ်က တစ္ဆေနန်းတော်မှ အကျော်အမော်တစ်ဦး ဖြစ်ပုံရသည်။
"အင်မော်တယ်တစ်ပိုင်းလက်နက်... မဟုတ်သေးဘူး၊ ဒါတွေကနေ အင်မော်တယ်အငွေ့အသက်ကို ဘာဖြစ်လို့ ခံစားရတာလဲ" အင်မော်တယ်တစ်ပိုင်းလက်နက် အမှတ်အသားသုံးခုကို ခံစားကြည့်ရင်း ကျွင်းရှောင်ယောက်က ရေရွတ်လိုက်သည်။
အလောင်းရုပ်သေး၊ ယာမ၏လက်နှင့် ဝိညာဉ်လမ်းပြမီးအိမ်တို့ အားလုံးက ယမဆယ်ပါးနန်းတော်၏ အစိတ်အပိုင်းများ ဖြစ်ကြသည်။
ကောလဟာလများအရ ထိုလက်နက်ဆယ်ခုမှာ အင်မော်တယ်တစ်ပိုင်းအဆင့်သာ ရှိရမည်။
သို့သော်လည်း ယခုတော့ ဤအမှတ်အသားများမှ ထွက်ပေါ်နေသော အငွေ့အသက်က အင်မော်တယ်လက်နက်အဆင့်သို့ ရောက်လုနီးနေပြီ။
ထိုအင်မော်တယ်တစ်ပိုင်းလက်နက် ဆယ်ခုစလုံးကို ပူးပေါင်းလိုက်လျှင် ယမဆယ်ပါးနန်းဆောင်က မည်မျှစွမ်းအားကြီးမည်နည်း။
'မျှော်လင့်ထားတဲ့အတိုင်းပါပဲ၊ မြေအောက်ကမ္ဘာက အင်မော်တယ်ဓာတ်စွမ်းအင်တွေ ရရှိနေတာဟာ ကောင်းကင်ကိုးပါး တားမြစ်နယ်မြေတွေ... အထူးသဖြင့် သက်ရှည်ကျွန်းနဲ့ ပတ်သက်မှုရှိတယ်' ကျွင်းဆရှာင်ယောက်က သူ့စိတ်ထဲမှ ခန့်မှန်းလိုက်သည်။
ဒါက သက်ရှည်ကျွန်းနှင့် မြေအောက်ကမ္ဘာကြားမှ လျှို့ဝှက်စွာ ပူးပေါင်းဆောင်ရွက်နေခြင်းကို ပို၍သေချာလာစေသည်။
မြင့်မြတ်ခန္ဓာ၏ကျိန်စာက ထိုအင်အားစုနှစ်ခု ပူးပေါင်းကြံစည်ခဲ့ကြခြင်း ဖြစ်မည်။
သို့သော်လည်း မြေအောက်ကမ္ဘာ၏ အင်မော်တယ်လက်နက်က အလွန်စွမ်းအားကြီးလျှင်ပင် ကြောက်စရာမရှိပါ။
ကျွင်းမိသားစု၏ အင်မော်တယ်သတ်ဓားလေးချောင်းကို ပေါင်းစပ်လိုက်မည်ဆိုလျှင် ယမဆယ်ပါးနန်းဆောင်ကိုပင် ကျော်လွန်နိုင်သည်။
ဤအခိုက်တွင်၊ ဧကရာဇ်သုံးပါးက ကျွင်းရှောင်ယောက်ကို ဖိနှိပ်ရန် သူတို့၏ လက်နက်အမှတ်အသားများကို ထုတ်ယူလိုက်ကြသည်။
ဒါက သူတို့၏ နောက်ဆုံးအားကိုးရာပင်။
ထိုမျှသာမကဘဲ ကူချမ်မြဲ့၏ ဒဏ်ရာများကလည်း အနည်းငယ် ပြန်လည်သက်သာနေပြီ ဖြစ်သည်။
"ချင်းရီ၊ သူ့ကို အတူတူသတ်ကြရအောင်"
ကျိချင်းရီက ခေါင်းညိတ်လိုက်သည်။
သူတို့နှစ်ဦးက သူတို့၏ တာအိုခန္ဓာမှ စွမ်းအင်များကို အင်မော်တယ်နတ်ဆိုးပန်းချီကား အမှတ်အသားသို့ ထပ်မံပို့လွှတ်လိုက်၏။
အင်မော်တယ်လက်နက် အမှတ်အသား လေးခုက ကျွင်းရှောင်ယောက်ကို ဖိနှိပ်လာတော့သည်။
မိုရာနတ်ဆိုးအစီရင်ပြီးလျှင်၊ ဒါက သူတို့၏ အကြီးမားဆုံး သတ်ဖြတ်ရေး ဝှက်ဖဲဟု ဆိုနိုင်သည်။
"ခေါင်းမာနေတဲ့ ကောင်လေးတွေ၊ ဒီလိုဆိုမှတော့ စိတ်ပျက်အားငယ်ရခြင်းက ဘာလဲဆိုတာ မင်းတို့သိရအောင် ပြမယ်"
ကျွင်းရှောင်ယောက်၏ ဦးခေါင်းထက်တွင် ခြေထောက်သုံးချောင်းနှင့် လက်ကိုင်နားနှစ်ဖက်ရှိသော အိုးကြီးတစ်လုံး ပေါ်လာသည်။ ၎င်းထံမှ အရာအားလုံး၏မိခင်ချီစွမ်းအား အငွေ့အသက်များ ထွက်ပေါ်နေပြီး ကမ္ဘာတစ်ခုလုံးကို ဖိနှိပ်နိုင်သော စွမ်းအားမျိုးကို သယ်ဆောင်ထား၏။
တစ်ချိန်တည်းမှာပင်၊ တာ့လော့ဓားသန္ဓေက သူ့လက်ထဲတွင် ပေါ်လာသည်။ ဓားအလင်းရောင်က ခေတ်အဆက်ဆက်မှ ကောင်းကင်ယံကို တုန်ခါစေသည်။
တိုက်ခိုက်ခြင်းနှင့် ခုခံကာကွယ်ခြင်း လက်နက်နှစ်ခု။
ဒါက လှောင်ချိုင့်ထဲတွင် ပိတ်မိနေသော သားရဲ၏ ရုန်းကန်ခြင်းမြင်ကွင်း ဖြစ်သည်။
သို့သော်လည်း လှောင်ချိုင့်ထဲတွင် ပိတ်မိနေသော သားရဲက ကျွင်းရှောင်ယောက်မဟုတ်ပေ။
ထိုအစား မြေအောက်ကမ္ဘာ၏ ဧကရာဇ်သုံးပါးနှင့် ကူချမ်မြဲ့တို့ ဖြစ်ကြသည်။
နှစ်ဖက်စလုံးက ပြင်းထန်သော တိုက်ပွဲကို စတင်တော့မည့်အချိန်တွင်...
ရုတ်တရက်...
ကျိချင်းရီက အင်မော်တယ်နတ်ဆိုးပန်းချီကားကို ထိန်းချုပ်ကာ ကူချမ်မြဲ့ထံသို့ ပြင်းထန်သော တိုက်ခိုက်မှုတစ်ခု ထုတ်ဖော်လိုက်တော့သည်။
ဟုတ်သည်။
သက်ညှာခြင်းမရှိ၊ တုံ့ဆိုင်းခြင်းလည်း မရှိပါ။
သူ့နည်းလမ်းက အလွန်ရက်စက်ပြီး ကူချမ်မြဲ့ကို တစ်ချက်တည်းဖြင့် သတ်လိုသည်။
"ချင်းရီ... မင်း" ကူချမ်မြဲ့က ချက်ချင်း သတိပြုမိခဲ့သော်လည်း နောက်ကျနေခဲ့ပြီ။
ကူချမ်မြဲ့က နိယာမစွမ်းအားကို စုစည်းပြီး ခုခံရန် အကောင်းဆုံးကြိုးစားလိုက်သည်။
သို့သော်လည်း အလျင်စလိုဖြစ်သောကြောင့် အင်အားအပြည့် မစုစည်းနိုင်ပေ။
"ဝုန်း"
သွေးများက ဒရဟော စီးကျလာခဲ့သည်။
ကူချမ်မြဲ့က မြေပေါ်ကို အရှိန်အဟုန်ဖြင့် ပြုတ်ကျသွား၏။ သူ့အရိုးများ ကျိုးပဲ့သွားပြီး ခန္ဓာတစ်ဝက် ပျက်စီးလုနီး ဖြစ်သွားတော့သည်။
သူ၏ ကောင်းကင်နတ်ဆိုးခန္ဓာဖြင့်ပင် မခံနိုင်ပါ။
အရေးကြီးဆုံးအချက်က သူဟာ ကျွင်းရှောင်ယောက်ကြောင့် ဒဏ်ရာရရှိထားခဲ့သည်။
ယခင်က သူ၏ခန္ဓာကို ပြန်လည်ကောင်းမွန်လာစေရန် အထူးနည်းလမ်းဖြင့် အတင်းအကြပ်ကုသထားခြင်း ဖြစ်ပေသည်။
သို့သော်လည်း ယခုအခါ ကျိချင်းရီ၏ ပြင်းထန်စွာ ထပ်မံတိုက်ခိုက်ခြင်း ခံလိုက်ရခြင်းက ဒဏ်ရာအသစ်နှင့်အဟောင်း ပေါင်းစပ်သွားပြီး သူ့အား သေအံ့ဆဲဆဲ ဖြစ်သွားစေခဲ့သည်။
"ဘယ်လိုဖြစ်တာလဲ" အလောင်းဧကရာဇ်နှင့် အခြားသူများလည်း အံ့ဩသွားကြသည်။
"ငါ့ရှေ့မှာ အာရုံပြောင်းဝံ့သေးတယ်လား"
"ရွှပ်" ဓားအလင်းတစ်ခုက လေဟာနယ်ကို ဖြတ်သန်းသွား၏။
မင်ဧကရာဇ်နှင့် အခြားသူများလည်း သူတို့၏ အင်မော်တယ်လက်နက် အမှတ်အသားများဖြင့် ကမန်းကတန်း ခုခံရန် ကြိုးစားလိုက်ကြသည်။
သို့သော်... နောက်ကျနေသေးပြီး ဦးခေါင်းတစ်လုံး လွင့်ပျံသွားခဲ့ပြီ။
"မင်ဧကရာဇ်" အလောင်းဧကရာဇ်နှင့် တစ္ဆေဧကရာဇ်တို့ မျက်နှာပျက်သွားကြသည်။
သူတို့က ဤအခြေအနေကို ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပါ။
"ကျိချင်းရီ၊ မင်း သစ္စာဖောက်" အလောင်းဧကရာဇ်က မည်မျှပင် တုံးအပါစေ၊ ယခုအချိန်မှာတော့ အခြေအနေကို နားလည်ခဲ့ပြီ။
ယခင်က သူတို့ဟာ ကျွင်းရှောင်ယောက်ကို လှောင်ချိုင့်ထဲမှသားရဲဟု လှောင်ပြောင်ခဲ့ကြသည်။
ယခုတော့ လှောင်ချိုင့်ထဲမှသားရဲက သူတို့ကိုယ်တိုင် ဖြစ်နေပြီ။
"နင့်အဆင့်လောက်နဲ့ ကျွင်းသခင်လေးကို ဆန့်ကျင်ဖို့ ကြံစည်ဝံ့တယ်။ ကိုယ့်အဆင့်ကို ပိုတွက်နေတာပဲ" ကျိချင်းရီက ကူချမ်မြဲ့ကိုကြည့်ကု အေးစက်စက် ပြောလိုက်သည်။
"ကျိချင်းရီ၊ မင်း မိန်းမယုတ်... ငါကတော့ မင်းကို ကောင်းကောင်းဆက်ဆံလိုက်ရတာ၊ မင်းက တကယ်တော့..." ရူချမ်မြဲ့က ခံစားချက်များကို မထိန်းချုပ်နိုင်တော့ပေ။
မိန်းမတစ်ယောက်ထံမှ လှည့်စားခံရခြင်းမှာ အလွန်နာကျင်ရသည်။
အထူးသဖြင့်၊ မိမိအပိုင်ဟု ယုံကြည်ထားသော မိန်းမထံမှ လှည့်စားခံရခြင်းက ပို၍ နာကျင်စရာကောင်းပေသည်။
"ဒါက နင့်ဘာသာနင် လျှောက်တွေးနေတာပါ၊ ချင်းရီက ရွံစရာကောင်းသလိုတောင် ခံစားမိတယ်" ဤအခိုက်တွင်၊ ကျိချင်းရီက သူမ၏ ဟန်ဆောင်မျက်နှာဖုံးကို ခွာချလိုက်ပြီ ဖြစ်သည်။ သူ၏ စကားတစ်လုံးစီက ပြင်းထန်ရက်စက်လှပေသည်။
"ချီးတဲ့မှပဲ၊ မင်း ငတုံးပဲ" အလောင်းဧကရာဇ်နှင့် တစ္ဆေဧကရာဇ်က ကူချမ်မြဲ့ကို စူးစူးဝါးဝါး ကြည့်လိုက်ကြသည်။
သူတို့ကဲ့သို့ မြေအောက်ကမ္ဘာ၏ ဧကရာဇ်သုံးပါးနှင့် အင်မော်တယ်နတ်ဆိုးကောင်းကင်ဂူ၏ မဟာနတ်ဆိုးဘုရင်မှာ အမျိုးသမီးတစ်ယောက်၏ လှည့်စားခြင်းကို ခံခဲ့ရပေသည်။
***