အလောင်းဧကရာဇ်နှင့် တစ္ဆေဧကရာဇ်တို့မှာ ဒေါသထွက်သွားကြသည်။
မူလက၊ ၎င်းမှာ ပြီးပြည့်စုံသော အမဲလိုက်အစီအစဉ်တစ်ခု ဖြစ်ခဲ့သည်။
ရလဒ်အနေဖြင့် သူတို့ဟာ ပွဲမစခင်ကတည်းက ရှုံးနိမ့်ခဲ့ပြီးပြီ။
"အသုံးမကျတဲ့ ကူချမ်မြဲ့၊ မင်းက ငါတို့ရဲ့ အစီအစဉ်တွေကို ဖျက်ဆီးပစ်လိုက်တာပဲ" အလောင်းဧကရာဇ်က ဒေါသတကြီး အော်ဟစ်လိုက်၏။
အစပိုင်းတွင်၊ သူတို့က ကူချမ်မြဲ့ကိုသာ ချဉ်းကပ်ခဲ့ကြသည်။
နောက်ပိုင်းတွင်၊ ကျိချင်းရီကို အစီအစဉ်များ ပြောပြပြီး ဖိတ်ခေါ်ခဲ့သူက ကူချမ်မြဲ့ပင်။
ထို့ကြောင့် ကူချမ်မြဲ့က ဤအစီအစဉ်ကို တစ်ယောက်တည်း ဖျက်ဆီးခဲ့သည်ဟု ဆိုနိုင်သည်။
ဟုတ်သည်၊ အမှန်အတိုင်းဆိုရလျှင် ကျိချင်းရီက သူ့ကို သတိပေးသည်ဖြစ်စေ၊ အသိမပေးသည်ဖြစ်စေ...
ကျွင်းရှောင်ယောက်ကို အမဲလိုက်လိုသော ဤအစီအစဉ်က လုံလောက်မှုမရှိပေ။
သို့သော်လည်း အစီအစဉ်မအောင်မြင်ရုံသာဆိုလျှင် သူတို့က ကံကြမ္မာကို လက်ခံနိုင်ကြသည်။ ကျွင်းရှောင်ယောက်က သန်မာလွန်းသဖြင့် သူတို့ ကျရှုံးရခြင်းဟု ဖြေသိမ့်နိုင်ဦးမည်။
ယခုတော့ အစီအစဉ်က ကြိုတင်ပေါက်ကြားသွားခဲ့သည်။
ကျွင်းရှောင်ယောက်က ကျိချင်းရီနှင့် အဆက်အသွယ်ရှိနေပြီး အစီအစဉ်ကို ပေါက်ကြားစေခဲ့ပေသည်။
ဒါက ဒေါသထွက်စရာကောင်းသည်။
သူတို့က ရှုံးနိမ့်ရုံသာမကဘဲ အရူးများလို ဖြစ်ခဲ့ရပေသည်။
"ဘာကြောင့်လဲ.... ဘာကြောင့်များလဲ..." ယခုအချိန်ထိ ကူချမ်မြဲ့က မယုံနိုင်သေးပါ။
ဤအမျိုးသမီး၏ တာအိုခန္ဓာက သူနှင့် အလိုက်ဖက်ဆုံးဖြစ်ကြောင်း ထင်ရှားသည်။
ထို့ပြင်၊ အင်မော်တယ်နတ်ဆိုးကောင်းကင်ဂူကလည်း သူတို့နှစ်ယောက်ကို ပေါင်းဖက်စေလိုကြ၏။
ကူချမ်မြဲ့က ကျိချင်းရီကို သူ့ကိုယ်ပိုင်အဖြစ်ပင် သတ်မှတ်ထားခဲ့သည်။
ယခုတော့ ကျိချင်းရီက သူ့ကို အမှန်တကယ် သတ်ချင်နေပြီ။
"ကျိချင်းရီ၊ မင်း အင်မော်တယ်နတ်ဆိုးကောင်းကင်ဂူကို ရောက်လာတဲ့အချိန်ကစပြီး မင်းလိုချင်တာမှန်သမျှ ရခဲ့တယ်"
"ဘယ်လိုအရင်းမြစ်မျိုးမဆို... အင်မော်တယ်ဓာတ်စွမ်းအင်ဆိုရင်တောင် ငါမင်းကို ပေးနိုင်သေးတယ်။ မင်းက ဘာဖြစ်လို့ ငါ့ကို သစ္စာဖောက်ရတာလဲ" ကူချမ်မြဲ့က ဟိန်းဟောက်လိုက်သည်။ သူ့နဖူးသွေးကြောများပင် ထောင်နေ၏။ သူ့ရှေ့မှ အရာအားလုံးက ရယ်စရာကောင်းလွန်းပြီး လက်တွေ့မကျဟု ခံစားလိုက်ရသည်။
"ငါလိုချင်တာ ဘာမဆို ရနိုင်တာလား" ကျိချင်းရီ၏ မျက်လုံးများတွင် အေးစက်မှုတို့ ပေါ်လာသည်။
"တကယ်လို့... ငါက နင့်ရဲ့အသက်ကို လိုချင်တယ်ဆိုရင် ငါ့ကိုပေးဖို့ ဆန္ဒရှိဦးမှာလား" ကျိချင်းရီက တည်ငြိမ်စွာ ပြောလိုက်၏။
"မင်းဘာပြောလိုက်တာလဲ" ကူချမ်မြဲ့က အံ့ဩသွားခဲ့သည်။
"နင့်ရဲ့ ကောင်းကင်နတ်ဆိုးခန္ဓာကို သန့်စင်နိုင်သရွေ့ ငါဟာ အင်မော်တယ်နတ်ဆိုးခန္ဓာ ဖြစ်လာဖို့ အခွင့်အရေးရှိတယ်"
"ဒါဆိုရင် ငါက အင်မော်တယ်နတ်ဆိုးပန်းချီကားကို တစ်ဦးတည်း ထိန်းချုပ်နိုင်ပြီး အင်မော်တယ်နတ်ဆိုးကောင်းကင်ဂူရဲ့ အနာဂတ် အုပ်စိုးရှင်တောင် ဖြစ်လာနိုင်လိမ့်မယ်"
ကျိချင်းရီ၏ စကားများက ကူချမ်မြဲ့ကို လုံးဝ အံ့အားသင့်သွားစေသည်။ သူ့စိတ်ထဲတွင် ဟာလာဟင်းလင်း ဖြစ်သွား၏။
ရေကန်ထဲမှ ကြာပန်းကဲ့သို့ အပြစ်ကင်းစင်ပြီး လှပသော ဤအမျိုးသမီးမှာ ဤမျှရည်မှန်းချက်ကြီးမည်ဟု သူ မမျှော်လင့်ခဲ့ပေ။
သူက အမှန်တကယ်ပင် အင်မော်တယ်နတ်ဆိုးခန္ဓာအဖြစ် လေ့ကျင့်ပြီး အင်မော်တယ်နတ်ဆိုးပန်းချီကားကို ထိန်စချုပ်ကာ အင်မော်တယ်နတ်ဆိုးကောင်းကင်ဂူ၏ အုပ်စိုးရှင် ဖြစ်လာချင်ခဲ့သည်။
"ဒီလိုဆိုရင်တောင် မင်းငါ့ကိုသတ်စရာမလိုသေးဘူးလေ။ ငါတို့အတူတူ လေ့ကျင့်နိုင်တယ်၊ ဒါကြောင့် မင်း အခုရပ်လိုက်မယ်ဆိုရင် နောက်မကျသေးပါဘူး" ကူချမ်မြဲ့၏ သူ့ရင်ထဲတွင် မျှော်လင့်ချက်အရိပ်အယောင်လေးတစ်ခု ရှိနေသေးသည်။
ကျိချင်းရီက နောက်ပြန်လည့်စေရန် မျှော်လင့်မိသည်။
ဒါကိုကြားတော့ ကျိချင်းရီက နှာခေါင်းရှုံ့လိုက်သည်။ သူ့မျက်လုံးများတွင် အေးစက်မှုအပြင် စက်ဆုပ်ရွံရှာမှု အရိပ်အယောင်များ ပေါ်လာခဲ့၏။
ဒါက အလွန်တရာ ညစ်ညမ်းသော အရာတစ်ခုကို ကြည့်နေရသလိုပင်။
"နင့်လိုကောင်က..."
ရိုးရှင်းသော စကားတစ်ခွန်း၊ အထူးတလည် ပြောဆိုလိုက်ခြင်းမရှိသော်လည်း အလွန်နာကျင်ရသော စကားမျိုး ဖြစ်သည်။
ကူချမ်မြဲ့၏ မျက်နှာက နီရဲသွား၏။
ဒေါသထွက်သည်၊ သူ ဒေါသပေါက်ကွဲချေပြီ။
ဒီတုံ့ပြန်မှုက ဘာလဲ။ သူက တကယ်ပဲ အဲဒီလောက် ရွံစရာကောင်းတာလား။
ဒါက လူတစ်ယောက်၏ ဂုဏ်သိက္ခာကို လုံးဝ ထိခိုက်စေသော ထိုးနှက်မှုမျိုးပင်။
"ဒီလောကမှာ ချင်းရီကို စက်ဆုပ်ရွံရှာမှုမရှိဘဲ စိတ်အလိုကျ အပ်နှံစေနိုင်သူက တစ်ယောက်တည်းပဲ ရှိတယ်"
"ဒါပေမဲ့... အဲဒီလူက နင်မဟုတ်ဘူး" ကျိချင်းရီက အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။
"မင်း မကောင်းတဲ့မိန်းမ...၊ ဒီနေ့ ငါ ကူချမ်မြဲ့က မင်းကိုသတ်ပစ်မယ်။ ငါ့အသက်ကိုတောင် ပေးဆပ်ရမယ်ဆိုရင်တောင် မင်းလည်းသေရမယ်" ကူချမ်မြဲ့၏ နောက်ဆုံး အတားအဆီးက လုံးဝ ပြိုကျသွားခဲ့သည်။
အမျိုးသမီးတစ်ယောက်၏ အထင်သေးခံရခြင်းက ကျွင်းရှောင်ယောက်ကို ရှုံးနိမ့်ခြင်းထက် သူ့ကို ပို၍ ဒေါသထွက်စေသည်။
ဒါက လူတစ်ယောက်၏ ကိုယ့်ကိုယ်ကိုယ်လေးစားမှုပင်။
"ဝမ်" ကူချမ်မြဲ့က ကောင်းကင်နတ်ဆိုးခန္ဓာ၏ အဆုံးစွန်စွမ်းအားတို့ကို ထုတ်လွှတ်လိုက်သည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးက နတ်ဆိုးစွမ်းအင်များဖြင့် ပြည့်နှက်နေပြီး ကျိချင်းရီထံသို့ ပြေးဝင်သွား၏။
မည်သို့သောတန်ကြေးကို ပေးဆပ်ရသည်ဖြစ်စေ၊ ထိုကောင်မကို သတ်ရန် စိတ်ပိုင်းဖြတ်ထားပြီးပြီ။
ကျိချင်းရီကလည်း အမူအရာ မပြောင်းပေ။ သူက ကူချမ်မြဲ့ကို သတ်ဖြတ်ရန် ရည်ရွယ်ချက်ဖြင့် ပြန်လည်တိုက်ခိုက်ခဲ့သည်။
ကောင်းကင်နတ်ဆိုးခန္ဓာနှင့် ကောင်းကင်အင်မော်တယ်ခန္ဓာ... ဆင်တူသော တာအိုခန္ဓာနှစ်ခု ထိပ်တိုက်တွေ့ကြပြီ။
နှစ်ဖက်စလုံးက တစ်ယောက်ကိုတစ်ယောက် အသေသတ်ရန် စိတ်ပိုင်းဖြတ်ထားကြတာကြောင့် မည်သူမျှ အနည်းငယ် တွန့်ဆုတ်ခြင်းမျိုး မရှိတော့ပါ။
"အိမ်း၊ ငါတို့လည်း ငါတို့ဘက်ကကိစ္စကို ဂရုစိုက်ကြရအောင်" ကျွင်းရှောင်ယောက်က သူ့အကြည့်ကို ရုတ်သိမ်းပြီး အလောင်းဧကရာဇ်နှင့် တစ္ဆေဧကရာဇ်ကို ကြည့်လိုက်သည်။
ကျွင်းရှောင်ယောက်ထံမှ ကြီးမားသော ဖိအားများကို ခံစားမိသောအခါ အလောင်းဧကရာဇ်နှင့် အခြားသူများ တုန်လှုပ်သွားကြသည်။
"ခဏ... ခဏနေပါဦး။ ကျွင်းရှောင်ယောက်... ခဏရပ်လိုက်ပါ။ ဒါမှမဟုတ် ငါတို့ နောက်ကိုပြန်ဆုတ်ကြမလား"
"အခုချိန်ကစပြီး မင်းကို ထပ်ပြီး ပစ်မှတ်ထားတော့မှာ မဟုတ်ဘူးလို့ ငါတို့ ကတိပေးတယ်။ မင်ဧကရာဇ်ရဲ့ ကျဆုံးမှုကို ဖြေရှင်းဖို့ နည်းလမ်းရှာပြီး မင်းကို ဘာပြဿနာမှ မရှာတော့ဘူး" အလောင်းဧကရာဇ်က အမှန်တကယ် ကြောက်ရွံ့သွားပြီး ဆုတ်ခွာရန် စဉ်းစားလာသည်။
"ဒါက ဖြစ်နိုင်မယ်လို့ ထင်တာလား" ကျွင်းရှောင်ယောက်က လှောင်ပြောင်သရော်ဟန်ဖြင့် ပြုံးလိုက်သည်။
"ကျွင်းရှောင်ယောက်၊ မင်း တစ်ခုခုလုပ်ရင် ဆုတ်လမ်းဆိုတာ ချန်သင့်တယ်။ ဒါမှ အနာဂတ်မှာ ပြန်ဆုံကြရင် မျက်နှာမပျက်ရမှာ... ၊ ဒီနေ့ ငါတို့သုံးယောက်စလုံးကို သတ်လိုက်မယ်ဆိုရင် မင်းနဲ့ မြေအောက်ကမ္ဘာကြားမှာ ဖြေရှင်းမရနိုင်တဲ့ ရန်ငြိုးတစ်ခု ဖွဲ့မိသွားလိမ့်မယ်။ တစ်ဖက်က မသေမချင်း ရပ်တန့်တော့မှာ မဟုတ်ဘူး" အလောင်းဧကရာဇ်က ပြောသည်။
"ဪ၊ ဒါဆိုရင် အရင်က မြေအောက်ကမ္ဘာနဲ့ ငါ့ကြားမှာ ပြဿနာတွေ မရှိခဲ့ဘူးပေါ့" ကျွင်းရှောင်ယောက်က ပြောလိုက်၏။
"မင်း..."
"မင်းတွေဘာတွေမလုပ်နေနဲ့၊ မင်းတို့ကိုယ်တိုင် အမဲလိုက်အစီအစဉ်ကို ရေးဆွဲခဲ့တာ... အခု ဒါကို ပြန်ပေးဆပ်ရမဲ့အချိန်ရောက်ပြီ" ကျွင်းရှောင်ယောက်က ပြောလိုက်သည်။ တာ့လော့ဓားသန္ဓေကို သူ့လက်ထဲတွင် ကိုင်ထားပြီး အရာအားလုံး၏မိခင်ချီ ဒယ်စောက်အိုးက သူ့ဦးခေါင်းထက်တွင် မျောလွင့်နေ၏။
တောက်ပသော ဓားအလင်းများက ဖြာထွက်လာတော့သည်။
ရလဒ်ကတော့ အားလုံးသိကြသည့်အတိုင်း ဖြစ်သည်။
အချိန်တိုလေးအတွင်းမှာ တစ္ဆေဧကရာဇ်ကို သတ်ပစ်လိုက်ပြန်ပြီ။
အလောင်းဧကရာဇ် တစ်ဦးတည်းသာ ကျန်ရှိတော့သည်။ သူ့မျက်နှာမှာလည်း ကြောက်ရွံ့မှု၊ စိတ်ပျက်အားငယ်မှုနှင့် နောင်တရမှုတို့ဖြင့် ပြည့်နှက်နေတော့သည်။
ဤကဲ့သို့ဖြစ်လာမည်မှန်း ကြိုသိခဲ့လျှင် ဤအစီအစဉ်ကို ဘယ်တော့မှ လုပ်ခဲ့မိမည် မဟုတ်ပါ။
တစ်ချိန်တည်းမှာပင် တိုက်ပွဲ၏ တစ်ဖက်ခြမ်းမှာ...
ကျိချင်းရီက အသာစီးရခဲ့သည်။
မည်သို့ပင်ဆိုစေ၊ ကူချမ်မြဲ့က ကျွင်းရှောင်ယောက်ကြောင့် အစပိုင်းမှာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။ နောက်ပိုင်းတွင်၊ ကျိချင်းရီကလည်း အလစ်အငိုက် တိုက်ခိုက်ခဲ့၏။
ယခုအခါ သူက နောက်ဆုံးအခိုက်အတန့်ကို ရောက်နေပြီ။
ကျိချင်းရီ၏ လှုပ်ရှားမှုများကလည်း အထူးရက်စက်ကြမ်းကြုတ်သောကြောင့် ကူချမ်မြဲ့မှာ သဘာဝအတိုင်း အန္တရာယ်များနေပြီ ဖြစ်သည်။
ထိုအချိန်တွင် ကူချမ်မြဲ့က အသံနက်ကြီးဖြင့် အော်ဟစ်လိုက်သည်။
"မကောင်းတဲ့မိန်းမ ငါသေရင်တောင် မင်းကို ငါနဲ့အတူ ငရဲကို ဆွဲခေါ်သွားမယ်"
ကူချမ်မြဲ့ထံမှ အားကောင်းသော အရှိန်အဝါများ တဟုန်ထိုး ထွက်ပေါ်လာ၏။
ကောင်းကင်နတ်ဆိုးခန္ဓာ၏သွေးများ လောင်ကျွမ်းနေပြီ။
သူ့အရှိန်အဝါများက အားနည်းနေရာမှ ရုတ်တရက် အဆများစွာ ထိုးတက်သွားခဲ့သည်။
"ဒါက..." ကျိချင်းရီ၏ မျက်လုံးများတွင် အံ့အားသင့်မှု အရိပ်အယောင်တို့ ပေါ်လာသည်။
သူက ကောင်းကင်နတ်ဆိုးခန္ဓာမှ တားမြစ်နည်းလမ်းတစ်ခုကို တွေးလိုက်မိ၏။
"ဟုတ်တယ်၊ ဒါက ကောင်းကင်နတ်ဆိုး ပြိုကွဲခြင်းကျင့်စဉ်... ကောင်းကင်နတ်ဆိုးခန္ဓာရဲ့ တားမြစ်နည်းလမ်းပဲ"
"ဒါကိုသုံးပြီး ငါသေသွားနိုင်ရင်တောင် မင်းကို ငါနဲ့အတူ ခေါ်သွားမယ်" ကူချမ်မြဲ့က ရက်စက်ကြမ်းကြုတ်စွာ ပြုံးလိုက်သည်။
ကောင်းကင်နတ်ဆိုး ပြိုကွဲခြင်းကျင့်စဉ်။
ဒါက ကောင်းကင်နတ်ဆိုးခန္ဓာ၏ တားမြစ်နည်းလမ်းတစ်ခုပင်။
၎င်းက ကောင်းကင်နတ်ဆိုးခန္ဓာ၏ အစွမ်းအစအားလုံးကို လောင်ကျွမ်းစေခြင်းဖြစ်ကာ လူတစ်ယောက်၏ ခွန်အားကို သိသိသာသာ မြှင့်တင်ပေးနိုင်သည်။
သို့သော်လည်း ၎င်းကိုအသုံးပြုခြင်းအတွက် ကြီးမားသော ဘေးထွက်ဆိုးကျိုးများ ရှိလိမ့်မည်။ တန်ပြန်ခံစားရခြင်း၊ အရည်အချင်းနှင့် အလားအလာများ ပျောက်ကွယ်ခြင်းတို့အပြင် ကျင့်ကြံမှုအခြေခံ ထာဝရ ရပ်တန့်သွားခြင်းတို့ပင် ဖြစ်စေနိုင်သည်။
ထို့ထက်၊ ရေးကြီးဆုံးအချက်က ကူချမ်မြဲ့ဟာ ပြင်းထန်စွာ ဒဏ်ရာရရှိထားပြီးပြီ။
ကောင်းကင်နတ်ဆိုး ပြိုကွဲခြင်းကျင့်စဉ်ကို ထုတ်လွှတ်ပြီးနောက် သူက အလွန်အမင်း မောပန်းနွမ်းနယ်ပြီး သေတော့မည့်အလား ဖြစ်သွားသည်။
သို့ရာတွင်၊ သူ မသုံးလျှင်လည်း သေရလိမ့်မည်။
ထို့ကြောင့် ဤအချိန်မျိုးတွင် အနည်းဆုံးတော့ သူနှင့်အတူ ကျိချင်းရီကို ဆွဲခေါ်သွားနိုင်သည်။
ဒါက သူ့ဒေါသကို ထုတ်ဖော်ရန် နည်းလမ်းတစ်ခုပင်။
ကျိချင်းရီ မသေမချင်း သူ ငြိမ်းချမ်းစွာ အနားယူနိုင်မည် မဟုတ်ပါ။
***