တခြားတစ်ဖက်တွင်.....
နတ်ဘုရားနယ်မြေနှင့် နတ်ဆိုးနယ်မြေတို့၏ အထက် ဟင်းလင်းပြင်ထဲတွင် မမြင်နိုင်သော စွမ်းအားတစ်ခု ဖြစ်တည်လာနေသည်။ အစွမ်းထက်သော စစ်တုရင်ရုပ်များကြားတွင် မမြင်နိုင်သော တုံ့ပြန်မှုများစွာ ရှိနေသည်။
ရှေ့တစ်ခေါက်က ပွဲတွင် သူတို့ ချင်နန်၏ ထိုးစစ်ကို ခုခံခဲ့ရသည်။ သို့သော် ယခုအခါ ထိုသို့လုပ်ရန် မလိုအပ်တော့ပေ။ သူတို့ တည်ဆောက်ထားသော နှစ်မျိုးစပ် ၀င်္ကပါနည်းဗျူဟာကို လွယ်ကူစွာ ကစားနိုင်ပြီ ဖြစ်သည်။
အဆုံးသတ်တွင်မူ သူတို့က ချင်နန်အား သေချာပေါက် သတ်နိုင်မည့် တိုက်ကွက်တစ်ခု ပေးမည် ဖြစ်သည်။
ဒုန်း... ဒုန်း... ဒုန်း...
စစ်တုရင်ရုပ်များ ကျဆင်းလာသော အသံက ပတ်ဝန်းကျင်တစ်ခုလုံးတွင် တာအိုသံကဲ့သို့ ပဲ့တင်ထပ်သွားသည်။
အချိန်အတော်ကြာပြီးနောက် ချင်နန်သည် အကျင့်ပါနေသဖြင့် ညာဘက်လက်ကို မြှောက်လိုက်သည်။ သို့သော် သူ၏ လက်ကို လေထဲသို့ မြှောက်လိုက်ချိန်တွင် သူ၏ လက်ချောင်းထိပ်များ၌ စုဝေးလာသော အလင်းတန်းများ မရှိတော့ပေ။ ယင်းအစား သူ၏ လက်မောင်းမှာ ထိုနေရာတွင်ပင် အေးခဲသွားသကဲ့သို့ လေထဲ ရပ်နေသည်။
ပထမဆုံးအကြိမ်အဖြစ် သူ၏ မျက်လုံးများထဲတွင် ရှုပ်ထွေးသွားသော အရိပ်အယောင်တစ်ခု ပေါ်လာခဲ့သည်။
ဒီအကွက်ကို သူ ဘယ်လို လုပ်ရမလဲ...
သူ ဘာကစားရမလဲ...
ရှီထျန်းကျွင်းက ပြုံးလိုက်သည်။ ဤသို့ဖြစ်လာမည်ကို သူ မျှော်လင့်ထားပြီး ဖြစ်သည်။ ပုရွက်ဆိတ်က ပို၍ ရုန်းကန်လေလေ သူ၏ စွမ်းအင်များ ပိုမြန်မြန် ကုန်ဆုံးလေလေ ဖြစ်သည်။ အဆုံးတွင်တော့ အားအင်ကုန်ခမ်းသွားမည်သာ ဖြစ်သည်။
ကစားရန် စစ်တုရင်ရုပ် မရှိဘဲနှင့် ကစားစရာ ဘာမှမရှိပေ။ သို့သော် ရှီထျန်းကျွင်းနှင့် တုံဟွမ်ချင်တို့သည် ထိုပုရွက်ဆိတ်အပေါ် မည်သည့် သနားကရုဏာမျှ မပြသသလို ရုန်းကန်ဖို့အချိန်လည်း မပေးကြပေ။ သူတို့သည် အံ့မခန်း အမြန်နှုန်းဖြင့် စစ်တုရင်ရုပ်များကို ဆက်လက် ချလိုက်သည်။
ဝုန်း...
ရုတ်တရက် နတ်ဘုရားနယ်မြေနှင့် နတ်ဆိုးနယ်မြေတို့တွင် အံ့မခန်း အရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်။
ရှီထျန်းကျွင်းနှင့် တုံဟွမ်ချင်တို့၏ ကစားကွက် ၀င်္ကပါဖြစ်သည်။ သူတို့သည် စစ်တုရင်ရုပ်များကို ပိုမို အသုံးမပြုခဲ့သော်လည်း သူတို့့ နှစ်မျိုးစပ် ၀င်္ကပါ၏ အော်ရာမှာ ချင်နန်၏ နှစ်မျိုးစပ်၀င်္ကပါထက် ပိုမို သန်မာနေသည်။
အကြောင်းမှာ သူတို့၏ စစ်တုရင်ရုပ်တစ်ခုစီတိုင်းတွင် အစစ်အမှန် စွမ်းအား အနှစ်သာရများ ပါဝင်နေသောကြောင့် ဖြစ်သည်။
နတ်ဘုရားနယ်မြေအတွင်း မရေမတွက်နိုင်သော ကပ်ဘေးလျှပ်စီးများ လှိုင်းထလာသည်။ စွမ်းအင်တစ်ချောင်းက ကပ်ဘေးလျှပ်စီးထဲသို့ ပြေးဝင်သွားပြီး တစ်ခုတည်းအဖြစ် ပေါင်းစပ်ကာ ကပ်ဘေးလျှပ်စီးဓားတစ်လက် ဖြစ်ပေါ်လာသည်။
၎င်းသည် လေထဲတွင် ဝဲပျံနေပြီး သက်ရှိများကို တုန်လှုပ်သွားစေသည်။ ၎င်းမှာ နတ်ဘုရားနယ်မြေ၏ ဒေါသကဲ့သို့ပင်ဖြစ်သည်။ ၎င်းသည် ဓားတစ်လက်အဖြစ် ပြောင်းလဲသွားပြီး တခြားကမ္ဘာများအားလုံးကို ခုတ်ပိုင်းလိုက်သကဲ့သို့ပင်...
နတ်ဆိုးနယ်မြေတွင် နတ်ဘုရားအလင်းတန်းများ ထိုးတက်သွားပြီး ကြီးမြတ်သော နတ်ဆိုးနိုင်ငံတော်တစ်ခုကို ဖန်တီးလိုက်သည်။ တောက်ပသော အလင်းတန်းများစွာက နတ်ဆိုးနိုင်ငံတော်တွင် ပေါ်လာပြီး နတ်ဆိုးနိုင်ငံတော်၏ အုပ်စိုးရှင်၊ နတ်ဆိုးနိုင်ငံတော်၏ သူတော်စင်၊ နတ်ဆိုးနိုင်ငံတော်၏ စစ်သည်တော် အစရှိသည်တို့အဖြစ် ပြောင်းလဲသွားသည်။
နတ်ဆိုးနယ်မြေက ထပ်မံ တုန်ခါသွားပြန်သည်။ နတ်ဆိုးနိုင်ငံတော်သည် ချက်ချင်းပင် မိစ္ဆာနိုင်ငံတော်အဖြစ် ပြောင်းလဲသွားပြီး ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာအော်ရာများကို ထုတ်လွှတ်လိုက်သည်။ ၎င်းက နိုင်ငံတော်၏ စွမ်းအားဖြင့် အရာအားလုံးကို ချေမှုန်းတော့မည် ဖြစ်သည်။
ရှီထျန်းကျွင်းနှင့် တုံဟွမ်ချင်တို့က ဘာကိုမှ ဂရုမစိုက်သည့် အမူအရာဖြင့် ရှိနေသည်။
ဥပဒေသစွမ်းအားများ အပြည့်အဝ ပေါက်ကွဲထွက်လာသည်။
ဒိုဂျိုတွင် လီဟွာရီ၊ လုချောင်၊ ကျန်းရှောင်ရီနှင့် တခြားသူများက ချင်နန်၏ ပိန်ပါးသော ကျောပြင်ကို ကြည့်နေကြသည်။ သူတို့သည် သူ၏ နာကျင်မှုနှင့် ရှုပ်ထွေးမှုများကို ခံစားလိုက်ရသည်။
သူတို့၏ နှလုံးသားများ နာကျင်သွားကြပြီး ဆက်မကြည့်ရက်တော့သဖြင့် အကြည့်များကို လွှဲဖယ်လိုက်ကြသည်။
“ဒါက ဂုဏ်သိက္ခာရှိတဲ့ ရှုံးနိမ့်မှုပါပဲ...”
နတ်အင်ပါယာအထွတ်အထိပ်အဆင့်များစွာက မျက်လုံးများကို မှိတ်ပြီး သက်ပြင်းချလိုက်ကြသည်။
အဆုံးသတ်တွင် ချင်ဟွမ်သည် သေချာပေါက် ရှုံးနိမ့်မည့် ဤစစ်တုရင်ပွဲကို မပြောင်းလဲနိုင်ခဲ့သော်လည်း ယနေ့ သိုင်းစစ်တုရင်ပွဲအကြောင်း သတင်းများ ပျံ့နှံ့သွားသောအခါ ချင်ဟွမ်၏ နာမည်သည် နယ်ပယ်ငါးခု၏ ကောင်းကင်ယံတွင် သေချာပေါက် တောက်ပနေမည်ဖြစ်သည်။
နယ်ပယ်ငါးခုတွင် ပါရမီအရှိဆုံးလူ....
ဤသည်ကို နှစ်သိမ့်မှုတစ်မျိုးအဖြစ် သတ်မှတ်နိုင်သည်။
ဤအခိုက်အတန့်တွင် အချိန်နှင့် အာကာသတို့သည် အေးခဲသွားပုံရပြီး အရာအားလုံး အလွန် နှေးကွေးသွားသည်။
ချင်နန်၏ မျက်လုံးများက မရှုပ်ထွေးတော့ပေ။ သူသည် နတ်ဘုရားနယ်မြေနှင့် နတ်ဆိုးနယ်မြေတို့မှ တိုက်ခိုက်မှုများကို မြင်တွေ့နိုင်သည်။ သူသည် ပွဲ၏ ရလဒ်ကိုလည်း သိနေသည်။
သူ ရှုံးတော့မည် ဖြစ်သည်။
ပြင်းထန်သော ခါးသီးမှု ခံစားချက်တစ်ခုက သူ၏ ဝိညာဉ်တစ်ခုလုံးသို့ ချက်ချင်း ပျံ့နှံ့သွားသည်။
ဂုဏ်သိက္ခာရှိစွာ ရှုံးနိမ့်ခြင်းဆိုသည်မှာ မည်သည့်အရာဖြစ်ကြောင်း သူ မသိသော်လည်း ဤတစ်ကြိမ်တွင် ရှုံးနိမ့်သွားပြီဆိုတာကိုမူ သူ သိနေသည်။
သူ၏ စစ်တုရင်ရုပ်များကို ဆက်မချတော့ပေ။
အကယ်၍ ချနိုင်လျှင်ပင် ထိုကြောက်မက်ဖွယ် တိုက်ခိုက်မှုများကို သူ ခုခံနိုင်မည် မဟုတ်ပေ။
ချင်နန်၏ မြှောက်ထားသော ညာဘက်လက်က အသိစိတ်လွတ်စွာဖြင့် အောက်ချတော့မည့်ဆဲဆဲတွင် ရပ်နေသည်။
၎င်းက အဓိပ္ပာယ်မရှိချေ။
မဟုတ်ဘူး....
သူ၏ နှလုံးသားထဲတွင် ဟိန်းဟောက်သံတစ်ခုက မိုးကြိုးပစ်ချလိုက်သကဲ့သို့ ရုတ်တရက် ပေါက်ကွဲထွက်လာသည်။
ဒါက သူကိုယ်တိုင်ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်ပဲ...
ဒါက အဓိပ္ပာယ်မရှိတာ မဟုတ်ဘူး....
သူ ချစရာ စစ်တုရင်ရုပ် တစ်ရုပ်မှ မရှိတော့ချေ။
ကျန်းဟုန်ရှူး ပြောခဲ့သလိုပင် ဤသည်မှာ သူ၏ ဇွဲ၊ သူ၏ ခေါင်းမာမှုပင် ဖြစ်သည်။ အကယ်၍ သူ၌ နောက်ဆုံး စစ်တုရင်ရုပ် တစ်ရုပ်သာ ကျန်ရှိပြီး ၎င်းက အဓိပ္ပာယ်မရှိသော စစ်တုရင်ရုပ် ဖြစ်နေလျှင်ပင် သူ ချမည်သာ ဖြစ်သည်။
ဂုဏ်သိက္ခာရှိစွာ ရှုံးနိမ့်ခြင်းဆိုသည်မှာ မည်သည့်အရာဖြစ်ကြောင်း သူ မသိသော်လည်း နောက်ဆုံးအချိန်အထိ တိုက်ပွဲဝင်သွားမည်ဆိုတာကိုသာ သူသိသည်။
ရုတ်တရက် ကြာပန်းစင်မြင့်ထံမှ လုံးထွေးသော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး ရှီထျန်းကျွင်းနှင့် တုံဟွမ်ချင်တို့၏ မျက်နှာများကို ချက်ချင်း အေးခဲသွားစေသည်။
ဒိုဂျိုရှိ လူတိုင်းလည်း မှင်တက်သွားကြသည်။
အမှောင်ထဲတွင် ဖုံးကွယ်နေသော အထီးကျန်တာအိုရှင် တစ်ယောက်တည်းသာ မျက်လုံးများ အရောင်လက်သွားသည်။
ဤအခိုက်အတန့်တွင် ရှေးဟောင်း နက်နဲသော တံခါးပေါက်ကြီးတစ်ခု ပွင့်သွားသကဲ့သို့ ဖြစ်သွားပြီး အဆုံးအစမဲ့သော လျှို့ဝှက်ဆန်းကြယ်သည့် အရှိန်အဝါက နေရာတစ်ခုလုံးကို ချက်ချင်း လွှမ်းခြုံသွားသည်။
ရွှစ်...
အလင်းတန်းတစ်ခုက ထိုနက်နဲသော တံခါးပေါက်ကြီးထဲမှ ပစ်ထွက်လာပုံရသည်။
ပုံမှန်အားဖြင့် အလင်း၏ အမြန်နှုန်းမှာ အလွန် မြန်ဆန်သော်လည်း ဤအလင်းတန်းကမူ အလွန် နှေးကွေးနေပုံရသည်။ ၎င်းသည် အဆုံးအစမဲ့ လျှို့ဝှက်ဆန်းကြယ်သော နေရာမှ လာပြီး ချင်နန်၏ ခန္ဓာကိုယ်ကို ဖြည်းညင်းစွာ ထိမှန်သွားသည်ကို လူတိုင်း ရှင်းလင်းစွာ မြင်တွေ့နိုင်ကြသည်။
ချင်နန်သည် သူ၏ ပတ်ဝန်းကျင်ရှိ မြင်ကွင်းများ ပြောင်းလဲသွားသည်ကို ရုတ်တရက် သတိပြုမိလိုက်သည်။ ဧရာမ လက်ကြီးတစ်ဖက်က မည်သည့်နေရာမှန်းမသိ ထွက်ပေါ်လာပြီး သူ၏ စိတ်ကို ဖမ်းဆုပ်ကာ မြေပြင်မှ မ တင်ပြီး အပေါ်သို့ ဆွဲခေါ်သွားသကဲ့သို့ ဖြစ်သည်။
ထိုမျှသာမက သူသည် ဟင်းလင်းပြင်ကို ထိုးဖောက်၊ ကြယ်မြစ်ကို ထိုးဖောက်ပြီး မျက်တောင်တစ်ခတ်အတွင်း အကြွင်းမဲ့အထွတ်အထိပ်နေရာတစ်ခုသို့ ရောက်ရှိသွားသည်။
သူ အောက်ကို ငုံ့ကြည့်လိုက်သောအခါ အနန္တလောကများစွာသည် ထာဝရ အမှောင်ထုထဲတွင် ဖြန့်ကြက်ထားသော သန့်စင်သည့်မြေပုံတစ်ခုနှင့် တူနေသည်ကို မြင်တွေ့လိုက်ရသည်။
သူက ဆက်လက် အပေါ်သို့ မြင့်တက်နေဆဲဖြစ်ပြီး စကြာဝဠာကမ္ဘာများစွာမှာ ပိုပို၍ သေးငယ်လာကာ ပိုပို၍ မှေးမှိန်လာသည်။ အဆုံးသတ်တွင် သူသည် အနန္တလောကများစွာကိုပင် မမြင်နိုင်တော့ပေ။
သူသည် အဆုံးအစမဲ့ ဟင်းလင်းပြင်၏ အနက်ရှိုင်းဆုံးနေရာသို့ ရောက်ရှိလာသည်။ ထိုနေရာတွင် ဖရိုဖရဲ၊ အမှောင်ထုနှင့် တိတ်ဆိတ်ခြင်းတို့သာ ရှိနေသည်။
ရုတ်တရက် သူ အလင်းတန်းတစ်ခုကို မြင်လိုက်ရသည်။
ဤအလင်းတန်းမှာ နှိုင်းယှဉ်၍မရနိုင်လောက်အောင် စိတ်ကူးယဉ်ဆန်နေသည်။ ၎င်းသည် အစစ်အမှန်ဖြစ်နေသလို တစ်ချိန်တည်းမှာပင် စိတ်ကူးယဉ်ဆန်သည်။ ၎င်းသည် ကစဥ့်ကလျားကြားတွင် ပုန်းကွယ်နေပြီး တခြားခေတ်တွင် ပေါ်လာသည်။
“ဒါ...”
ရုတ်တရက် ထိုအလင်းတန်းက ကွဲကြေသွားသည်။
ချင်နန်သည် သူ မွေးခါစအချိန်က မိမိကိုယ်ကိုယ် ပြန်မြင်တွေ့လိုက်ရသည်။ ထို့နောကိ သူ အသက်သုံးနှစ်အရွယ်တွင် ပထမဆုံး သိုင်းပညာကို ရွေးချယ်ခဲ့စဉ်က သူ၏ မျက်နှာပေါ်ရှိ ပျော်ရွှင်နေသော အမူအရာကို မြင်တွေ့ရသည်။
သူသည် ယိမ်းယိုင်စွာ လမ်းလျှောက်နေသော်လည်း သိုင်းပညာ လေ့ကျင့်နေသော အစ်ကိုကြီးများကို ကြည့်နေချိန်တွင် သူ၏ မျက်လုံးများ တောက်ပနေသည်ကို မြင်ရသည်။
သူ၏ ပထမဆုံး ဆေဘာကို ကိုင်ဆောင်ခဲ့ပုံ၊ သူ၏ ပထမဆုံး သိုင်းပညာကို လေးနက်စွာ သင်ယူခဲ့ပုံ၊ ဦးနှောက်စားခံပြီးနောက် သူ၏ ပထမဆုံး သိုင်းပညာကို ဖန်တီးခဲ့ပုံတို့ကို ပြန်လည် မြင်တွေ့လိုက်ရသည်။
သူ၏ ပထမဆုံး နတ်ဘုရားစွမ်းရည်၊ သူ၏ ပထမဆုံး အင်ပါယာပညာရပ်၊ သူ၏ ပထမဆုံး အင်မော်တယ်ပညာရပ်၊
***