“တော်တယ်”
အထီးကျန်တာအိုရှင်သည် ချင်နန်၏ ပခုံးကို ပုတ်လိုက်ပြီး သူ၏ စွမ်းအားကို အသုံးပြုကာ ချင်နန်အား ဒိုဂျိုထဲသို့ ပြန်လည်ခေါ်ဆောင်သွားသည်။
“ချင်ဟွမ်... ဒီတစ်ခေါက်တော့ ရှင်က တော်တော်ဟုတ်တာပဲ...”
ကျန်းရှောင်ရီက တခစ်ခစ်ရယ်မောကာ ပြောလိုက်သည်။
“ကျမတို့အားလုံး ရှင့်ကို လက်ခံသွားပြီ... နောက်ကျရင် အစ်မဟုန်ရှူးနဲ့ ကိစ္စကို ကျမတို့ ကူညီပေးမယ်...”
“ရှောင်ရီ... မဟုတ်ကဟုတ်ကတွေ လျှောက်မပြောနဲ့”
ကျန်းဟုန်ရှူးက သူမကို ဆူပူလိုက်ပြီးနောက် ချင်နန်ကို လေးနက်စွာ ပြောလိုက်သည်။
“ချင်ဟွမ်... ဒီတစ်ကြိမ်အတွက် တကယ်ကို ကျေးဇူးတင်ပါတယ်... နောင်ကျ ရှင် တစ်ခုခုအကူအညီလိုရင် ကျမကို အသိပေးပါ...”
“ရပါတယ်... ငါ့အတွက်ငါ လုပ်တာပါပဲ”
ချင်နန်သည် ပြုံးလိုက်ပြီး သူ၏ လက်ကို ယမ်းပြလိုက်သည်။
“အားနာစရာစကားတွေနဲ့ အပိုစကားတွေ ပြောမနေကြစမ်းပါနဲ့ကွာ...”
ကောင်းကင်ပြာနယ်မြေသခင်က ရှေ့သို့ လျှောက်လာပြီး ချင်နန်၏ ရင်ဘတ်ကို ထုလိုက်သည်။
“ဘယ်လိုပဲဖြစ်ဖြစ် ဂုဏ်ပြုပါတယ်ကွာ... နောက်ကျရင် မင်း ငါ့ကို သေရည်တိုက်ရမယ်...”
“ဒါနဲ့ စကားမစပ်... ဒီကိစ္စတွေပြီးသွားရင် ကျမအဖေဆီ သတင်းပို့ပြီး ရှင့်အတွက် ဂုဏ်ပြုညစာစားပွဲတစ်ခု စီစဉ်ပေးဖို့ တောင်းဆိုလိုက်မယ်...”
ကျန်းဟုန်ရှူးက ချင်နန်ကို ပြောလိုက်ပြီးနောက် ကောင်းကင်ပြာနယ်မြေသခင်နှင့် တခြားသူများကို ကြည့်လိုက်သည်။
“အစ်ကိုကျောက်၊ အစ်ကိုလီ၊ အစ်ကိုလု... ရှင်တို့လည်း လာခဲ့ကြပါ”
နယ်မြေငါးခု၏ ဓလေ့ထုံးစံများအရ လူတစ်ယောက်သည် သူတို့၏ နတ်ဘုရားခန္ဓာကို နိုးထလာပြီးသည်နှင့် တစ်ပြိုင်နက် သူတို့သည် ဂုဏ်ပြုညစာစားပွဲကို စီစဉ်ကာ သူငယ်ချင်းများကို ဖိတ်ကြားရမည် ဖြစ်သည်။
ယုတ္တိတန်တန် တွေးကြည့်မည်ဆိုလျှင် ဤဂုဏ်ပြုညစာစားပွဲကို ချင်နန် ချင်ကလန်သို့ ပြန်ရောက်ပြီးမှသာ စီစဉ်သင့်သည်။ သို့သော် ချင်ကလန်တွင် ချင်ဟွမ် တစ်ယောက်သာ ကျန်ရှိတော့သဖြင့် ကျန်းဟုန်ရှူးက ဦးဆောင်ပြီး အကြံပြုလိုက်ခြင်း ဖြစ်သည်။
သို့သော် ချင်နန်သည် ချင်ဟွမ်၏ ကိုယ်ခန္ဓာကို ဝင်ရောက်ပူးကပ်ပြီးနောက်တွင် သူမသည် ချင်ဟွမ်ကို ယခင်ကလောက် မငြင်းဆန်တော့ကြောင်းကိုမူ ကျန်းဟုန်ရှူး သတိမထားမိခဲ့ချေ။
လီဟွာရီက ရယ်မောလိုက်ပြီး ပြောလိုက်သည်။
“လာရမှာပေါ့... ညီမတို့ ကျန်းကလန်ရဲ့ အဖိုးတန်အင်မော်တယ်အရက်က အရမ်းကောင်းတယ်လို့ အစ်ကို ကြားဖူးတယ်... ဒီတစ်ခေါက်တော့ သေချာပေါက် မြည်းစမ်းကြည့်ရမယ်”
လုချောင်ကလည်း အေးအေးဆေးဆေး ပြောလိုက်သည်။
“ဒီလို ပျော်စရာပွဲမျိုးကို အစ်ကို သေချာပေါက် လာမှာပါ”
ချင်နန် အံ့ဩသွားသည်။ သူသည် ရှီထျန်းကျွင်းနှင့် တုံဟွမ်ချင်တို့ကို အနိုင်ယူနိုင်ခဲ့ပြီး ၎င်းမှာ နယ်မြေငါးခုလုံးကို အံ့သြတုန်လှုပ်သွားစေမည့် ကိစ္စဖြစ်သည်ဟု ဆိုနိုင်သော်လည်း ဂုဏ်ပြုညစာစားပွဲတစ်ခု ကျင်းပရန် လိုအပ်ပုံမရချေ။
ထိုအချိန်တွင် အင်ပါယာခန္ဓာ၏ အသံက သူ၏ စိတ်ထဲတွင် ပဲ့တင်ထပ်လာခဲ့သည်။
“ချင်နန်... ချင်ကလန်ကိုယ်စား ငါ မင်းကို ကျေးဇူးတင်ပါတယ်... ချင်ဟွမ်ရဲ့ ခန္ဓာကိုယ်ထဲမှာ ရှိနေတုန်း မင်းမှာ တောင်းဆိုစရာ တစ်ခုခုရှိရင် မင်းကျေနပ်အောင် ငါ အစွမ်းကုန် လုပ်ပေးပါ့မယ်”
အချိန်ဓားသည် ခေတ္တမျှ တုံ့ဆိုင်းနေပြီးမှ ပြောလိုက်သည်။
“ကျေးဇူးပဲ...”
ချင်နန်သည် ပင်ကိုသိုင်းခန္ဓာကို နိုးထရန်အတွက် ချင်ဟွမ်၏ ခန္ဓာကိုယ်ကို အသုံးပြုခဲ့သည်။ ဤအကြောင်းကြောင့် ချင်ဟွမ်သည် ပင်ကိုသိုင်းခန္ဓာကို ပိုင်ဆိုင်နိုင်မည် မဟုတ်သော်လည်း ပင်ကိုသိုင်းခန္ဓာ နိုးထချိန်တွင် ချင်ဟွမ်၏ ခန္ဓာကိုယ်သည် ကြီးမားသော အကျိုးကျေးဇူးများကို ရရှိခဲ့သည်။
ချင်နန် အနည်းငယ် ရှုပ်ထွေးသွားသည်။ သူ တစ်စုံတစ်ခု ပြောရန် ပြင်လိုက်စဉ်မှာပင် ကောင်းကင်ပြာနယ်မြေသခင်က သက်ပြင်းချကာ ပြောလိုက်သည်ကို ကြားလိုက်ရသည်။
“မင်းက ပင်ကိုသိုင်းခန္ဓာကို တကယ်ကြီး နိုးထနိုင်လိမ့်မယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး... ဒီလို နတ်ဘုရားခန္ဓာမျိုးက မဆိုးပါဘူး... နောင်ကျရင် မင်း ပိုပြီး ကြိုးစားရလိမ့်မယ်”
ချင်နန် ထိုစကားကို ကြားသောအခါ အံ့အားသင့်သွားပြီး မေးလိုက်သည်။
“ကျုပ် ပင်ကိုသိုင်းခန္ဓာကို နိုးထသွားတာလား”
ကောင်းကင်ပြာနယ်မြေသခင်နှင့် တခြားသူများသည် တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ရယ်မောလိုက်ကြသည်။
“ဟားဟားဟား... မင်းက အခုထိ မသိသေးဘူးလား...”
ကောင်းကင်ပြာနယ်မြေသခင်က ဆက်ပြောလိုက်သည်။
“တကယ်လို့ မင်းသာ ပင်ကိုသိုင်းခန္ဓာကို မနိုးထနိုင်ခဲ့ရင် ရှီထျန်းကျွင်းနဲ့ တုံဟွမ်ချင်တို့ကို ဘယ်လိုလုပ် အနိုင်ယူနိုင်မှာလဲ...”
ချင်နန်သည် လုံးလုံးလျားလျား တုန်လှုပ်သွားပြီး သူ၏ နှလုံးသားထဲတွင် မုန်တိုင်းတစ်ခု တိုက်ခတ်သွားသကဲ့သို့ ခံစားလိုက်ရသည်။
ပင်ကိုသိုင်းခန္ဓာ...
သူသည် ပင်ကိုသိုင်းခန္ဓာကို အမှန်တကယ် နိုးထနိုင်ခဲ့ပြီ...
သူသည် ဤပုံရိပ်ယောင်ထဲသို့ ပင်ကိုသိုင်းခန္ဓာ နိုးထရန်အတွက် ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း လူတိုင်း သိထားသင့်သည်။
ကောင်းကင်စွန်းအဆင့်၏ ဝိညာဉ် အဆိုအရ သူသည် ပုံရိပ်ယောင်နယ်ပယ်ထဲမှ မထွက်ခွာမီ တာဝန်တစ်ခုကို ပြီးမြောက်အောင် လုပ်ဆောင်ရမည်ဖြစ်ပြီး ထိုသို့လုပ်ဆောင်နိုင်မှသာ ပင်ကိုသိုင်းခန္ဓာကို အောင်မြင်စွာ နိုးထနိုင်မည် ဖြစ်သည်။
သို့သော် ယခုအခါ ဘာကြောင့် သူက ကြိုတင်ပြီး နိုးထလာခဲ့ရနည်း...
ကောင်းကင်စွန်း အဆင့်၏ဝိညာဉ်က မှားယွင်းနေပြီး ပင်ကိုသိုင်းခန္ဓာသည် ဤပုံရိပ်ယောင်နယ်ပယ်ထဲတွင် အမှန်တကယ် နိုးထနိုင်ခဲ့သည် ဆိုပါစို့...
သို့ဆိုလျှင် မေးစရာရှိလာသည်မှာ သူ ပင်ကိုသိုင်းခန္ဓာ နိုးထလာချိန်တွင် ဘာကြောင့် ဤပုံရိပ်ယောင်နယ်ပယ်က မပြီးဆုံးသွားရသနည်း...
ချင်နန်သည် သူ၏ ရင်ထဲရှိ သံသယအချို့ကို ရုတ်တရက် ပြန်လည်စဉ်းစားမိလိုက်သည်။
ဥပမာအားဖြင့် ကောင်းကင်ပြာနယ်မြေသခင်ကဲ့သို့သော သူပင်လျှင် ပါလာနိုင်လောက်သည်အထိ ဤပုံရိပ်ယောင်နယ်ပယ်က ဘာကြောင့် ဤမျှ အစွမ်းထက်နေရသနည်း...
၎င်းတွင် အင်မော်တယ် အင်ပါယာတစ်ပါး၏ အမွေအနှစ်၊ နယ်မြေလက်နက်သခင်တို့ပင် ပါဝင်ပတ်သက်နေသေးသည် မဟုတ်လော...
“တကယ်လို့ ဒါက ပင်ကိုသိုင်းခန္ဓာ နိုးထခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ပုံရိပ်ယောင်နယ်ပယ်သာ မဟုတ်ခဲ့ရင်... ဒါက ဘယ်လို ပုံရိပ်ယောင်မျိုးလဲ...”
“ဒါက ပုံရိပ်ယောင်ကော ဟုတ်သေးရဲ့လား...”
လက်ရှိအခြေအနေသည် ယခင်က သူ ဝင်ရောက်ခဲ့ဖူးသော အချိန်နှင့် အာကာသအလင်းနှင့် အနည်းငယ် ဆင်တူနေသည်။
အချိန်နှင့် အာကာသအလင်း...
သို့သော် ဤနေရာသို့ မဝင်ရောက်မီက သူသည် ထာ၀ရစက်၀န်းတောင်တွင် ရှိနေခဲ့ပြီး အချိန်နှင့် အာကာသအလင်းနှင့် ထိတွေ့ခဲ့ခြင်း လုံးဝ မရှိခဲ့ချေ။
ဒါဆိုရင် သူ ဘာလို့ ဒီနေရာကို ရောက်လာရတာလဲ...
“ငါ ကျိရွှမ် ပြောပြခဲ့တဲ့ နည်းလမ်းအတိုင်း လုပ်ခဲ့ပြီး ပင်ကိုသိုင်းအလင်းတန်းကို မြင်တွေ့ခဲ့ရတာပဲ... အဲဒီလိုနဲ့ပဲ ဒီပုံရိပ်ယောင်နယ်ပယ်ကို ရောက်လာခဲ့တာ... ငါ လုပ်ခဲ့တဲ့တစ်ခုတည်းသောအရာက ပင်ကိုသိုင်းခန္ဓာ နိုးထဖို့ ကြိုးစားခဲ့တာပဲ...”
ချင်နန်၏ စိတ်ထဲတွင် မေးခွန်းများစွာ ပေါ်ထွက်လာခဲ့သည်။
“ဟေ့... ဟေ့.. မင်း ဘာဖြစ်နေတာလဲ... မင်း ပုံစံက သိပ်အဆင်မပြေဘူး...”
ကောင်းကင်ပြာနယ်မြေသခင်နှင့် တခြားသူများသည် ချင်နန်၏ ရှုပ်ထွေးနေမှုကို မြင်တွေ့လိုက်ရသဖြင့် စိုးရိမ်စွာ မေးလိုက်သည်။
“မင်းရဲ့ စိတ် တအားပင်ပန်းသွားလို့လား...”
“မဟုတ်ပါဘူး... ကျုပ် အဆင်ပြေပါတယ်...”
ချင်နန် သတိပြန်ဝင်လာပြီး အတင်း ပြုံးပြလိုက်သည်။
“ကျန်းဟုန်ရှူး... မင်းရဲ့ စမ်းသပ်မှုကို အောင်မြင်သွားပြီဆိုတော့ ထူးကဲအမွေအနှစ်ကို လက်ခံဖို့ ငါနဲ့ လိုက်ခဲ့ပါ...”
အထီးကျန်တာအိုရှင်က ကျန်းဟုန်ရှူးကို ကြည့်ကာ ဆက်ပြောလိုက်သည်။
“မူလနတ်ဘုရားအပိုင်းအစသုံးခုကို မင်း ဘယ်လို လုပ်ချင်လဲ...”
ကျန်းဟုန်ရှူးက ပြန်ဖြေလိုက်သည်။
“ပင်ကိုသိုင်းခန္ဓာရဲ့ မူလနတ်ဘုရားအပိုင်းအစတစ်ခုကိုတော့ ချင်ဟွမ်ကို ပေးလိုက်ပါ... ကျန်တဲ့ နှစ်ခုကိုတော့...”
ကျန်းရှောင်ရီနှင့် တခြားသူများအတွက် ထည့်တွက်စဉ်းစားရန် မလိုသော်လည်း ကောင်းကင်ပြာနယ်မြေသခင်၊ လီဟွာရီနှင့် လုချောင်တို့မှာ သုံးယောက် ဖြစ်နေသည်။
မူလနတ်ဘုရားအပိုင်းအစနှစ်ခုကို သူတို့ မည်ကဲ့သို့ ခွဲဝေကြမည်နည်း...
“အစ်ကို့အမြင်ကို ပြောရရင် လီဟွာရီက ငရဲမီးမူလနတ်ဘုရားအပိုင်းအစကို သန့်စင်သင့်တယ်... ကျန်တဲ့ တစ်ခုကိုတော့ အစ်ကိုကျောက်နဲ့ အစ်ကိုနဲ့ အတူတူ သန့်စင်ကြမယ်...”
လုချောင်က ဝင်ပြောလိုက်သည်။
“အစ်ကိုကျောက်... ခင်ဗျား ဘယ်လို ထင်လဲ...”
“ဒီလိုဆို ငါ မင်းဆီကနေ အခွင့်အရေး ယူရမှာပေါ့...”
ကောင်းကင်ပြာနယ်မြေသခင်က ပြုံးလိုက်ပြီး ပြောလိုက်သည်။
“ကောင်းပြီလေ ညီလေးလု... ငါ မင်းကို အားနာမနေတော့ဘူး... နောက်ကျရင် ငါ မင်းကို ပြန်ကူညီပေးပါ့မယ်...”
သူသည် ဤတံဆိပ်ပြားအတွက် များစွာ ပေးဆပ်ခဲ့ရခြင်း မရှိချေ။
“ကောင်းပြီ... ဒါဆိုလည်း အဲဒီလိုပဲ လုပ်လိုက်ကြတာပေါ့”
ကျန်းဟုန်ရှူးက ခေါင်းညိတ်လိုက်သည်။
အထီးကျန်တာအိုရှင်သည် တခြားဘာမျှ ဆက်မပြောတော့ပေ။ သူသည် လက်ကိုဆန့်ထုတ်ကာ မူလနတ်ဘုရားအပိုင်းအစသုံးခုကို ဆင့်ခေါ်လိုက်သည်။ ထို့နောက် အထီးကျန်တာအိုရှင်သည် ကျန်းဟုန်ရှူးကို အင်မော်တယ်နန်းတော်ထဲသို့ ခေါ်ဆောင်သွားသည်။
လီဟွာရီသည် သန့်စင်ရန်အတွက် မစောင့်ဆိုင်းနိုင်တော့ချေ။ လုချောင်နှင့် ကောင်းကင်ပြာနယ်မြေသခင်တို့လည်း သန့်စင်ရန် ပြင်ဆင်နေကြစဉ်မှာပင် ချင်နန်က ရုတ်တရက် လှမ်းပြောလိုက်သည်။
“အစ်ကိုကျောက်... ကျုပ် ခင်ဗျားနဲ့ ပြောစရာရှိလို့”
စာစဉ် ၁၇၅ ပြီး၏။
***