"ဒီနေ့ ညစာစားချိန်မှာ မစ်ရှင်ပြီးမြောက်သွားပြီဆိုတော့ ဝင်ငွေရဲ့ ၆၀% အချိုးအစားအသစ်နဲ့ပဲ အခုကစပြီး တွက်ချက်ပေးတော့မှာလား" ယွမ်ကျိုးက တည်ကြည်လေးနက်သော မျက်နှာပေးဖြင့် မေးမြန်းလိုက်သည်။
စနစ် "တွက်ချက်မှုကို မနက်ဖြန်မနက်မှ ချိန်ညှိပေးပါမယ်"
"စနစ်တစ်ခုဆိုပြီး ဘာလို့ ဒီလောက်တောင် ငွေရှာချင်နေရတာလဲ။ အားလုံးကို ငါ့ဆီပေးလိုက်တာက အလုံခြုံဆုံးပဲလေ" ယွမ်ကျိုးက စနစ်ကို စည်းရုံးရန် ကြိုးစားလိုက်သည်။
စနစ် "ဆိုင်ရှင်... ပြီးခဲ့တဲ့တစ်ခေါက် အထည်ဆိုင်သွားပြီးနောက်ပိုင်း ဘဏ်အကောင့်မှာ ငွေသုံးစွဲမှုမှတ်တမ်း လုံးဝမရှိပါဘူး"
"ဟ... အခု ငါဘယ်လောက် ချွေတာတတ်လဲဆိုတာ မင်းမြင်ပြီမလား။ ပိုပြီး ချွေတာနိုင်အောင် ဒီနေ့ကစပြီး အချိုးအစားသစ်နဲ့ တွက်ချက်ကြရအောင်" ယွမ်ကျိုးက စနစ်၏ ဆိုလိုရင်းကို လုံးဝလျစ်လျူရှုကာ ဇွတ်အတင်း ပြောလိုက်သည်။
စနစ် "ဆိုင်ရှင်ရဲ့ ဝင်ငွေအချိုးအစားနှင့် နှိုင်းယှဉ်ရင်သုံးစွဲတာ မရှိသလောက် ဖြစ်နေတယ်"
"မှန်တယ်... အကောင့်ထဲမှာ ဂဏန်းတွေ မြန်မြန်တက်လာတာကို မြင်ရတာ ငါကြိုက်လို့၊ ဒါကြောင့် မသုံးဘဲ ထားရတာကို ပိုကြိုက်တယ်" ယွမ်ကျိုးက ဂုဏ်ယူစွာ ပြောလိုက်သည်။
အမှန်တကယ်ပင် ယွမ်ကျိုးသည် ညတိုင်း အိပ်ရာမဝင်မီ ဘဏ်အကောင့်လက်ကျန်ငွေကို စစ်ဆေးရန် စာတိုပို့လေ့ရှိသည်။ သူသည် စိတ်ညစ်သည့်အခါမျိုးတွင် စုဘူးထဲမှ အကြွေစေ့များကို ထုတ်ရေတွက်ရင်း စိတ်သက်သာရာရတတ်သည့် လူစားမျိုး ဖြစ်သည်။
"ဆုလာဘ်ကို လက်ခံရယူနိုင်ပါပြီ။ ဆိုင်ရှင်... ကျေးဇူးပြုပြီး လက်ခံပါ" စနစ်က စကားလမ်းကြောင်းလွှဲရန် ကြိုးစားသည်။
"ဆုလာဘ်ကိုတော့ မှတ်မိတာပေါ့။ ဒါပေမဲ့ ဝင်ငွေခွဲဝေမှုကိစ္စကိုလည်း မမေ့နဲ့ဦး" ယွမ်ကျိုးက သူရရှိမည့် ဝေစုကိုသာ စွဲမြဲစွာ တွေးနေသည်။
စနစ်"မနက်ဖြန်မှ စတင်ပြောင်းလဲပါမည်"
"မဟုတ်ဘူး... မဟုတ်ဘူး... မဟုတ်ဘူး။ တရားမျှတမှုအပေါ် အခြေခံပြီး ဆွေးနွေးရအောင်။ ငါတာဝန်ကိုဒီနေ့ပြီးသွားပြီလေ" ယွမ်ကျိုးက လေးနက်သော အမူအရာဖြင့် စတင်ငြင်းခုံတော့သည်။
"ဒါ့အပြင် ဒီနေ့အလုပ်ချိန်က မပြီးသေးဘူးလေ... တွေ့လား" ယွမ်ကျိုးက သူရှိနေသည့် ဘားကောင်တာလေးကို လက်ညှိုးထိုးပြလိုက်သည်။
"ပုံမှန်ဆိုရင် အလုပ်ချိန်ပြီးမှ ဝင်ငွေကို ခွဲဝေယူရတာလေ။ ဒါကြောင့် ခြုံပြောရရင် ဒီနေ့ညနေကစပြီး ၆၀% အချိုးနဲ့ တွက်ချက်သင့်တယ်"
ယွမ်ကျိုးက အကြောင်းပြချက်ပေါင်းစုံကို ချောမွေ့စွာ ထုတ်ဖော်ပြောဆိုနေတော့သည်။
စနစ်"ဒါပေမဲ့... မနက်စာ နဲ့ နေ့လယ်စာစားချိန်တွေမှာမစ်ရှင် မပြီးသေးဘူးလေ" စနစ်က အနည်းငယ် တွန့်ဆုတ်နေပုံရသည်။
"ကိစ္စမရှိပါဘူး... ငါလောဘမကြီးဘူး။ ညစာစားချိန်ကစပြီး အချိုးအစားအသစ်နဲ့ တွက်ချက်ပေးရင် ရပြီ" ယွမ်ကျိုးက အင်မတန် ရက်ရောသည့် လူကြီးလူကောင်းတစ်ဦးကဲ့သို့ ပြောလိုက်သည်။
"အချက်အလက်များအရ... ဝင်ငွေ ၆၀% ခွဲဝေမှုကို ယနေ့ညစာစားပွဲအတွက်သာ စတင်အကျုံးဝင်စေပါမယ်" စနစ်ကနောက်ဆုံးတွင် အလျှော့ပေးလိုက်ရသည်။
"အင်း... ကျေးဇူးတင်ပါတယ် စနစ်ရေ" ယွမ်ကျိုးက တည်ငြိမ်သောအမူအရာဖြင့် ကျေးဇူးတင်စကား ဆိုလိုက်သည်။
ကံကောင်းထောက်မစွာဖြင့် စနစ်တွင် လူသားတို့၏ စိတ်ခံစားချက်များ မရှိပေ။ မဟုတ်ပါက ယွမ်ကျိုးကို "ဟင်း... ဟင်း..." အဓိပ္ပာယ်ပါသော လှောင်ရယ်သံဖြင့် တုံ့ပြန်မိလိမ့်မည်မှာ သေချာသည်။
"ဝင်ငွေကိစ္စကို ပျော်ပျော်ရွှင်ရွှင် သဘောတူညီပြီးပြီဆိုတော့... အခု ဆုလာဘ်ကို ပေးတော့လေ" ယွမ်ကျိုးက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
"ဆုလာဘ်ကို ထုတ်ပေးပြီးပါပြီ အခု လက်ခံရယူပါ"
"ကောင်းပြီ... ကျွန်တော့်ရဲ့ လက်ရှိအဆင့်ဇယားကို ကြည့်ပါရစေ" ယွမ်ကျိုးက သူ၏စိတ်ထဲတွင် တိတ်တိတ်လေး ရေရွတ်လိုက်သည်။
ထိုအခါ စနစ် က ယွမ်ကျိုး၏ လက်ရှိအခြေအနေကို တိုက်ရိုက်ပြသလိုက်သည်။
ဖော််ပြချက်: "ဒီစနစ်က သင်မသိသေးတဲ့ စကြဝဠာတစ်ခုကနေလာစတင်ပေါ်ပေါက်လာတာပါ။ စနစ်ကို အလွန်ကျော်ကြားတဲ့ သိပ္ပံပညာရှင် ဒေါက်တာ A က လူသားတွေ ပိုမိုမြင့်မားတဲ့ စိတ်ပျော်ရွှင်မှုကိုရရှိဖို့အတွက်ရည်ရွယ်ပြီး ဖန်တီးခဲ့တာဖြစ်ပါတယ်။ ဒီကမ္ဘာကိုလွန်ခဲ့တဲ့ နှစ် ၂၅၀၀ လောက် ကတည်းကရောက်ရှိလာပြီး စနစ်မှာ ဆိုင်ရှင် ၁၀ ဦးအထိရှိခဲ့ပြီး သင်ဟာ ၁၁ယောက်မြောက် ဆိုင်ရှင်ဖြစ်ပါတယ်"
ပန်းတိုင်: " စနစ်က သင့်ကို အနောက်တိုင်းနဲ့ တရုတ်ရိုးရာအစားအစာ ချက်ပြုတ်နည်း အသိပညာတွေကို သင်ပေးပြီး သင့်ကို ထိတ်တန်း စားဖိုမှုးတစ်ယောက် ဖြစ်အောင်လေ့ကျင့်ပေးမှာပါ"
ဆိုင်ရှင်: ယွမ်ကျိုး (သာမန်လူသား တရုတ်နိုင်ငံသား)
အသက်: ၂၄ နှစ်
ရုပ်ပိုင်းဆိုင်ရာ အရည်အသွေး: B (တုံ့ပြန်မှု၊ ခွန်အား၊ ညှိနှိုင်းဆောင်ရွက်မှုနှင့် သွက်လက်မှုတို့အပေါ် အခြေခံထားသည်။)
ချက်ပြုတ်ခြင်းစွမ်းရည်: မသိရှိရသေးပါ။
စွမ်းရည်: မရှိ။
ပစ္စည်း: မရှိ။
အကဲဖြတ်ချက်: အတွေ့အကြုံမရှိသေးသူ (ဒေသိယအစားအစာတစ်ခုမျှပင် ပြည့်စုံစွာ မကျွမ်းကျင်သော စားဖိုမှူးကို စားဖိုမှူးကြီးဟု မသတ်မှတ်နိုင်ပါ။)
လက်ရှိအဆင့်: ၅ (ဝင်ငွေ၏ ၆၀% ကိုလက်ခံရရှိနိုင်ခြင်း)
---
"တကယ်ပဲ အဆင့်တက်သွားပြီဟ အလယ်အလတ်အဆင့် စားဖိုမှူး ဖြစ်သွားတာ တကယ်ကို ကောင်းတာပဲ" ယွမ်ကျိုးက ရေရွတ်လိုက်သည်။ အထူးသဖြင့် "ဝင်ငွေ ၆၀%" ဟူသော စာသားကို ကြည့်ကာ သူ အလွန်ပင် ကျေနပ်နေမိသည်။
"ကဲ... မစ်ရှင်ရဲ့ ဆုလာဘ်တွေကို ပြပါဦး"
စနစ်က ပြီးမြောက်သွားသော မစ်ရှင်နှင့် ရရှိနိုင်သော ဆုလာဘ်များကို ဖော်ပြလာသည် -
[မစ်ရှင်ဆုလာဘ်]
1. အဆင့်မြှင့်တင်မှု (ပြီးဆုံး)
2. ကံစမ်းမဲ (တစ်ကြိမ်)
3. အထူးဆုလာဘ်
4. အလယ်အလတ်စားဖိုမှူးအတွက် ဆုလာဘ်
ရရှိနိုင်သော ဆုလာဘ်များကို မြင်သောအခါ ယွမ်ကျိုးမှာ အလွန်ပင် ပျော်ရွှင်သွားသည်။ သူသည် ဆုံးဖြတ်ချက်ချရာတွင် ပြတ်သားသူ ဖြစ်သော်လည်း ယခုတစ်ကြိမ်တွင် မည်သည့်အရာကို အရင်ယူရမည်နည်း ငါးမိနစ်ခန့် စဉ်းစားနေမိသည်။
"ကံစမ်းမဲအရင်နှိုက်ကြည့်မယ်... ဒါနဲ့ ဒီတစ်ခါလည်း ဒေသထွက် အစားအစာအတွဲပဲ ရဦးမှာလား" ယွမ်ကျိုးက မစတင်မီ စနစ်ကို လှမ်းမေးလိုက်ပါတော့သည်။
"စနစ်... ရှိပြီးသား ဒေသထွက် အစားအစာအတွဲကို ထပ်ကျဦးမှာလား" ယွမ်ကျိုးက ထပ်မံအတည်ပြုရာ စနစ်က တိုတိုရှင်းရှင်း ဖြေကြားသည်။
"ဟုတ်ပါတယ်"
စနစ်၏ တုံ့ပြန်မှုမှာ စက်ရုပ်ဆန်လွန်းနေသဖြင့် ယွမ်ကျိုး အနည်းငယ် စိုးရိမ်သွားသော်လည်း ဆုလာဘ်အတွက် ရင်ခုန်စွာဖြင့် ကံစမ်းမဲဘီးကို စိတ်ထဲမှ လှည့်လိုက်တော့သည်။ ဘီးရပ်သွားချိန်တွင် စနစ်က ကြေညာလိုက်သည်။
"ဂုဏ်ယူပါတယ် ဆိုင်ရှင် ကွမ်တုံအစားအစာအမျိုးမျိုးထဲမှ 'ဒေါင်ကျင်းဟင်းလျာအတွဲ' ကို ရရှိပါပြီ။ ဟင်းလျာစုစုပေါင်း ငါးမျိုး ပါဝင်ပါသည်။ ကျေးဇူးပြု၍ လက်ခံပါ"
"ဟမ်... ဒေါင်ကျင်း ဟင်းလျာအတွဲလား" ယွမ်ကျိုးက ဇဝေဇဝါ ဖြစ်သွားသည်။ စနစ်က ထိုဟင်းလျာများမှာ ဟွေ့ကျိုးဒေသကို ကိုယ်စားပြုပြီး ဟတ်ကာလူမျိုးတို့၏ ရိုးရာနှင့် ဆက်စပ်နေကြောင်း Baidu မှ ကူးယူထားသကဲ့သို့ ရှင်းပြနေသည်။
ယွမ်ကျိုးက စနစ်ကို လှောင်ပြောင်လိုက်သော်လည်း ဆုလာဘ်ကိုတော့ ဝမ်းသာအားရ လက်ခံလိုက်သည်။ ချက်ချင်းပင် ထိုဟင်းလျာငါးမျိုး၏ ချက်ပြုတ်နည်း ဗဟုသုတများမှာ သူ၏ ဦးနှောက်ထဲသို့ ဝင်ရောက်လာသည်။ သို့သော် အသေးစိတ် စစ်ဆေးကြည့်ပြီးနောက် ယွမ်ကျိုးမှာ အံ့အားသင့်သွားရပြန်သည်။
"စနစ်... စုဒုံပို (Su Dongpo)က မင်းရဲ့ ဆွေမျိုးလား အခုရတဲ့ ဟင်းလျာငါးမျိုးထဲက လေးမျိုးက သူနဲ့ ဆက်စပ်နေတယ်နော်"
စနစ်က စုဒုံပို (အမည်ရင်း စုရှီ) ၏ နောက်ခံသမိုင်းကြောင်းကို အကျဉ်းချုံး ပြသလိုက်ပြီး ယွမ်ကျိုးကိုလည်း သူ၏ ဗဟုသုတကို ပြန်လည်စစ်ဆေးရန် အကြံပြုသည်။ ယွမ်ကျိုးသည် ဖုန်းဖြင့် အမြန်ရှာဖွေကြည့်လိုက်သောအခါ ဒေါင်ကျင်းဒေသ၏ ဂန္တဝင်ဟင်းလျာ ၁၂ မျိုးအနက် ၆ မျိုးမှာ စုဒုံပိုနှင့် တိုက်ရိုက်ပတ်သက်နေသည်ကို တွေ့လိုက်ရသည်။
"အံ့သြစရာပဲ ဆရာစု ဟွေ့ကျိုးကို နန်းတော်ကနေ နှင်ထုတ်ခံရတာတောင် ဒီလောက်များတဲ့ ဟင်းလျာတွေကို ယူလာခဲ့တာလား"ယွမ်ကျိုးက အားကျစွာ ရေရွတ်လိုက်သည်။
စုဒုံပို ဆိုသော လူတစ်ယောက်တည်းကပင် ဒေသတစ်ခုလုံး၏ ဟင်းလျာသမိုင်းကို ထောက်ခံပေးထားနိုင်ခြင်းမှာ အမှန်တကယ်ပင် အံ့ဩစရာ ဖြစ်သည်။ ဒေါင်ကျင်းဟင်းလျာများအားလုံးမှာ စုဒုံပို၏ လက်ရာများ၊ စိတ်ကူးများနှင့် တစ်နည်းမဟုတ်တစ်နည်း ဆက်စပ်နေခြင်းမှာ ဤဆုလာဘ်ကို ပို၍ တန်ဖို
းရှိစေပါတော့သည်။
"ဒီဆုလာဘ်က တကယ်ကို အရမ်းကောင်းတာပဲ"
***