“ဒီလောက်ထိကောင်းတဲ့ ဝိုင်ကို မင်းက တကယ်ပဲ ငါနဲ့ မျှသောက်ချင်တာလား...”
ကျိုးယွင်က လင်းရီကို ကြည့်လိုက်၏။
“စီနီယာမှာ ကြီးမားတဲ့ ရည်မှန်းချက်တစ်ခု ရှိတယ်လေ ကမ္ဘာမြေရဲ့ အကျိုးကျေးဇူးတွေကို ခံစားချင်တဲ့သူတွေက ကမ္ဘာမြေရဲ့ ပြဿနာတွေကို ခံနိုင်ရည်ရှိရမယ် ကမ္ဘာမြေရဲ့ ပျော်ရွှင်မှုတွေကို ခံစားရတဲ့သူတွေက ကမ္ဘာမြေရဲ့ ဝမ်းနည်းမှုတွေကို မျှဝေခံစားပေးရမယ် ဆိုတာလေ...”
“ဂျူနီယာမှာ အရည်အချင်း မရှိပေမဲ့ ကြီးမားတဲ့ ရည်မှန်းချက်တစ်ခုတော့ ရှိပါတယ်...”
လင်းရီက တောက်ပစွာ ပြုံးလိုက်သည်။
ကျိုးယွင်မှာ ချက်ချင်းပင် စိတ်ဝင်စားသွားခဲ့၏။
“ငါ အသေးစိတ် ကြားချင်တယ်...”
“ကျွန်တော့်မှာ လောကီကမ္ဘာကို နှစ်သိမ့်ပေးနိုင်တဲ့ ဝိုင်ဘူးသီးခြောက်တစ်လုံး ရှိတယ် အဲဒါကို မြစ်တွေ ပင်လယ်တွေထဲ လောင်းထည့်ပြီး ကောင်းကင်အောက်က လူတိုင်းကို ပူဇော်ချင်တယ်...”
လင်းရီ၏ အနီရောင်ဝတ်ရုံသည် လေနှင့်အတူ လွင့်ပျံနေကာ၊ သူသည် အားအင် အပြည့်ဖြင့် လွတ်လပ်စွာ ပြောဆိုလိုက်၏။
“မြစ်တွေ ပင်လယ်တွေထဲ လောင်းထည့်ပြီး ကောင်းကင်အောက်က လူတိုင်းကို ပူဇော်ချင်တယ်ပေါ့...” ကျိုးယွင်၏ မျက်လုံးများထဲတွင် တောက်ပသော အလင်းရောင်တစ်ခု လင်းလက်သွားခဲ့သည်။
စွမ်းအားကြီးမားသူအားလုံးသည် သူတို့၏ နှလုံးသားထဲတွင် စကြဝဠာတစ်ခု ရှိနေရမည် ။
ရိုးရှင်းသော စကားလုံးအနည်းငယ်ဖြင့် လင်းရီ၏ နှလုံးသားထဲရှိ ကြီးမားလှသော ရည်မှန်းချက်ကို ကျိုးယွင် ကြားလိုက်ရသည်။
သူသည် လင်းရီကို ပို၍ပင် သဘောကျသွားခဲ့၏။
လင်းရီသည် ဝိုင်ခွက်များကို ထုတ်ယူကာ တစ်ခွက်စီ လောင်းထည့်လိုက်သည်။
သူတို့နှစ်ဦးသည် မိုင်ရှစ်ရာခန့်ရှိသော သဲဝါများနှင့် ပွင့်လန်းနေသည့် ထူးဆန်းသော ပန်းများကို ကြည့်ကာ သောက်ချလိုက်ကြ၏။
ဝိုင်က လည်ချောင်းထဲသို့ ဝင်သွားသည်နှင့်တစ်ပြိုင်နက် ရေတွက်၍မရနိုင်သော ဝမ်းနည်းမှုများနှင့် ခံစားချက်များက ဝိုင်နှင့်အတူ သူတို့၏ ခန္ဓာကိုယ်အနှံ့ စီးဆင်းသွားပြီး အဆုတ်ထဲသို့ တိုက်ရိုက် ဝင်ရောက်သွားသကဲ့သို့ နှစ်ဦးစလုံး ခံစားလိုက်ရသည်။
၎င်းသည် ဝိုင်တစ်ခွက်သာ ဖြစ်သော်လည်း အရသာပေါင်း တစ်ရာ ပါဝင်နေပုံရပြီး၊ ရေတွက်၍မရနိုင်သော ဝမ်းနည်းမှုများနှင့် ခံစားချက်များကို ခံစားရစေကာ မျက်တောင်တစ်ခတ်အတွင်း လောကီကမ္ဘာ၏ အသွင်အပြင်ပေါင်းစုံကို မြည်းစမ်းနိုင်စေခဲ့၏။
ဤဝိုင်၏ လွှမ်းမိုးမှုအောက်တွင် သူတို့၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေ တိုးတက်လာသည်ကို နှစ်ဦးစလုံး ခံစားလိုက်ရသည်။
လင်းရီသည် တစွန်းတစ ထိုးထွင်းသိမြင်မှုများက ဝိုင်နှင့်အတူ သူ၏ ချီပင်လယ်ထဲသို့ တိုက်ရိုက်ဝင်ရောက်လာပြီးနောက် အထက်သို့ လှိုင်းထကာ သူ၏ မျက်ခုံးကြားရှိ စိတ်ဝိညာဉ်ပင်လယ်ထဲသို့ စီးဝင်သွားသည်ကိုပင် ခံစားလိုက်ရ၏။
လင်းရီ၏ စိတ်ဝိညာဉ်ပင်လယ်ထဲတွင် ဝိညာဉ်ရေးရာ အလင်းရောင် အစက်အပြောက်လေးများက သာယာသော လေညင်းတစ်ခုကဲ့သို့ မြင့်တက်လာပြီး မြူခိုးများကို ဖယ်ရှားပေးခဲ့သည်။
၎င်းက လင်းရီကို ဖော်ပြ၍မရနိုင်သော အပြောင်းအလဲတစ်ခု ဖြစ်စေခဲ့၏။
အာရုံခံနိုင်စွမ်း။
ခဏမျှ မြည်းစမ်းပြီးနောက် လင်းရီသည် ၎င်း၏ အဓိကအချက်ကို နားလည်သွားခဲ့သည်။
ဝိုင်သောက်ခြင်းက စိတ်ဝိညာဉ်ကို သန်မာစေသည်။
ဤစိတ်ဝိညာဉ်သည် လူသားစိတ်ဝိညာဉ်ဖြစ်ပြီး၊ အကျိုးသက်ရောက်မှု အနေဖြင့် ဤကောင်းကင်နှင့် မြေကြီး၏ အာရုံခံနိုင်စွမ်းကို မြှင့်တင်ပေးနိုင်သည်။
ကျင့်ကြံခြင်းဆိုသည်မှာ ကောင်းကင်တာအိုကို နားလည်သဘောပေါက်ခြင်းနှင့် ကောင်းကင်နှင့် မြေကြီးကြားရှိ သဘာဝနိယာမများကို နားလည်ခြင်း ဖြစ်သည်။
ဤအချိန်တွင် လင်းရီသည် ကောင်းကင်နှင့် မြေကြီး၏ စွမ်းအား လည်ပတ်မှုအပေါ် သူ၏ အာရုံခံနိုင်စွမ်းမှာ ယခင်ကထက် ပိုမိုသက်ဝင်လှုပ်ရှားနေကြောင်း တွေ့ရှိလိုက်ရသည်။
သိမ်မွေ့သော အပြောင်းအလဲများကို အသေးစိတ် သိရှိလာခဲ့သည်။
မကြည့်ဘဲနှင့်ပင် သူ၏ ဘေးပတ်ပတ်လည် ပေတစ်ရာအတွင်းရှိ မည်သည့်အပြောင်းအလဲကိုမဆို သူ အာရုံခံစားမိသည်။
“ဒီဝိုင်က စိတ်ပိုင်းဆိုင်ရာ အခြေအနေကို အားဖြည့်ပေးနိုင်တယ်ပေါ့...”
ကျိုးယွင်က ဂရုတစိုက် မြည်းစမ်းပြီးနောက် အချိန်အတော်ကြာမှ ခံစားချက်အပြည့်ဖြင့် ပြောလိုက်၏။
ကျင့်ကြံခြင်းတွင် ကျင့်ကြံဖို့အခက်ဆုံးအရာမှာ စိတ်ပိုင်းဆိုင်ရာ အခြေအနေ ဖြစ်ပေသည်။
စိတ်ပိုင်းဆိုင်ရာ အခြေအနေ ဆိုသည်မှာ ကျင့်ကြံခြင်း၏ စိတ်ဝိညာဉ် ဖြစ်သည်။
လုံလောက်သော ခိုင်မာသည့် စိတ်ပိုင်းဆိုင်ရာ အခြေအနေကို ပိုင်ဆိုင်မှသာ သက်ဆိုင်ရာ ကျင့်ကြံခြင်းကို ထိန်းချုပ်နိုင်မည် ဖြစ်၏။
ရာစုနှစ်ပေါင်းများစွာအတွင်း ကျိုးယွင်သည် သူတို့၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေ တိုးတက်မှုကို လျစ်လျူရှုကာ ကျင့်ကြံခြင်းကိုသာ အာရုံစိုက်သော ကျင့်ကြံသူ များစွာကို မြင်တွေ့ခဲ့ရပြီး၊ နောက်ဆုံးတွင် သူတို့၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေသည် ပြိုလဲသွားကာ သေဆုံးသွားခဲ့ရသည်။
ကျင့်ကြံခြင်းကို မြန်မြန်ဆန်ဆန် ရရှိနိုင်ပေသည်။
ဆေးလုံး။
အခွင့်အရေး။
ကောင်းကင်နှင့် မြေကြီး၏ ရတနာ။
ဤအရာများအားလုံးသည် ကျင့်ကြံသူတစ်ဦးကို အချိန်တိုအတွင်း သူတို့၏ ကျင့်ကြံခြင်းကို များစွာ တိုးတက်စေနိုင်သည်။
သို့သော် စိတ်ပိုင်းဆိုင်ရာ အခြေအနေနှင့် ပတ်သတ်၍ တိုးတတ်မှုကို မြန်မြန်ဆန်ဆန် မရရှိနိုင်ချေ။
စိတ်ပိုင်းဆိုင်ရာ အခြေအနေသည် နက်နဲပြီး လျှို့ဝှက်ဆန်းကြယ်သော အရာတစ်ခု ဖြစ်သည်။
၎င်းသည် ရေတွက်၍မရနိုင်သော အတွေ့အကြုံများ၏ စုဆောင်းမှုဖြစ်ပြီး ထိုးထွင်းသိမြင်မှု အစက်အပြောက်လေးများကို မြစ်တစ်စင်း၊ ပင်လယ်တစ်စင်းအဖြစ် စုစည်းရပြီး၊ မည်သည့် ဖြတ်လမ်းမျှ မရှိချေ။
ဤသည်မှာလည်း ကျင့်ကြံသူများ ခရီးသွားရန် တောင်ပေါ်မှ ဆင်းလာရသည့် အကြောင်းရင်း ဖြစ်ပေ၏။
ရည်ရွယ်ချက်မှာ သူတို့၏ ခရီးစဉ်များအတွင်း သူတို့၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေကို ချွေးထုတ်ရန် ဖြစ်သည်။
ကျင့်ကြံသူအားလုံးထဲတွင် စိတ်ပိုင်းဆိုင်ရာ အခြေအနေ အတည်ငြိမ်ဆုံးသူများမှာ သေချာပေါက် မဟာယာနဗုဒ္ဓဘာသာဂိုဏ်းမှ ကျင့်ကြံသူများပင် ဖြစ်သည်။
ယခုအခါ လင်းရီ၏ ဝိုငိသည် စိတ်ပိုင်းဆိုင်ရာ အခြေအနေကို အမှန်တကယ် တိုးတက်စေနိုင်ခဲ့သည်။
ကျိုးယွင်ကဲ့သို့ ကြီးမြတ်သော ကျင့်ကြံသူတစ်ဦးအတွက် တိုးတက်မှုမှာ အလွန်သေးငယ်သော်လည်း ၎င်းသည် လုံလောက်စွာ အံ့အားသင့်စရာ ကောင်းနေပြီ ဖြစ်၏။
“ကောင်းမွန်တဲ့ ဝိုင်ပဲ...”
“တကယ်ကို ကောင်းမွန်တဲ့ ဝိုင်ပဲ...”
“ဒီဝိုင်ရဲ့ ရနံ့ကို ရှူလိုက်ရုံနဲ့တင် ဒီတာအိုအိုကြီးက မူးတော့မလို ဖြစ်နေပြီ...”
ဤအချိန်တွင် အနည်းငယ် ထူးဆန်းသော အသံတစ်ခု ထွက်ပေါ်လာပြီးနောက် ပုံရိပ်နှစ်ခုသည် လင်းရီ၏ ရှေ့တွင် ပေါ်ထွက်လာခဲ့သည်။
ထိုနှစ်ဦးမှာ အဘိုးအိုတစ်ဦးနှင့် မိန်းမပျိုလေးတစ်ဦး ဖြစ်ပေသည်။
သူတို့ကို ဦးဆောင်လာသော အဘိုးအိုတွင် ဆံပင်ဖြူနှင့် မုတ်ဆိတ်ဖြူများ ရှိပြီး သူ၏ တာအိုဝတ်ရုံသည် လေနှင့်အတူ လွင့်ပျံနေကာ၊ သူသည် အိပ်မက်ဆန်သော အင်မော်တယ် ရောင်ဝါတစ်ခုကို ထုတ်လွှတ်နေခဲ့၏။
အဘိုးအိုထံမှ ခပ်သဲ့သဲ့ ရနံ့တစ်ခုလည်း ထွက်ပေါ်နေခဲ့သည်။
ထိုရနံ့မှာ အလွန် လျှို့ဝှက်ဆန်းကြယ်လှပေ၏။
၎င်းသည် ဝိုင်ရနံ့ မဟုတ်သော်လည်း တန်းတူ မူးယစ်စေနိုင်သည်။
အဘိုးအို၏ နောက်တွင် ကြောက်တတ်သော မိန်းမပျိုလေးတစ်ဦး လိုက်ပါလာခဲ့၏။
မိန်းမပျိုလေးမှာ လင်းရီနှင့် အသက်အရွယ်တူခန့်ရှိပြီး သူမ၏ ရောင်ဝါမှာ တိတ်ဆိတ်သော တောင်ကြားရှိ သစ်ခွပန်းလေးကဲ့သို့ အလွန် တည်ငြိမ်နေခဲ့သည်။
“ဟွေရှင်း...”
“ငါတို့ တာလော့အင်မော်တယ်ဂိုဏ်းရဲ့ တာအိုသိုလှောင်ရာ စာအုပ်တောင်ရဲ့ တောင်သခင် ကျိုးယွင်ကို မြန်မြန် အရိုအသေပေးလိုက်လေ...” အဘိုးအိုက ပြုံးကာ ပြောလိုက်၏။
“တပည့် ဟွေရှင်း က တောင်သခင် ကျိုးကို အရိုအသေပေးပါတယ်...”
ဟွေရှင်း သည် အလွန် စိတ်လှုပ်ရှားနေပုံရပြီး သူမ၏ ကျောက်စိမ်းကဲ့သို့ ဖြူစွတ်သော လက်ဖဝါးလေးနှစ်ဖက်ကို တင်းကြပ်စွာ ဆုပ်ကိုင်လျက် ဦးညွှတ်လိုက်သည်။
တာအိုသိုလှောင်ရာ စာအုပ်တောင်၏ တောင်သခင်။
လင်းရီသည် ကျိုးယွင်၏ အဆင့်အတန်းကို တိတ်တဆိတ် မှတ်သားထားလိုက်၏။
“ဒီလောက်ထိ အရိုအသေပြုဖို့ မလိုပါဘူး...”
ကျိုးယွင်က နှုတ်ဆက်သည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်ပြီး တာအိုအိုကြီးကို တွေးတောစွာ ကြည့်လိုက်သည် ။
“ဟွေရှင်း၊ နာမည်နဲ့ လိုက်ဖက်အောင် တကယ်ကို ဉာဏ်ရည်ထက်မြက်ပြီး ကျက်သရေရှိတဲ့ မိန်းကလေးပဲ ခင်ဗျားရဲ့ ဆေးတောင် မှာ နောက်ထပ် ထူးချွန်တဲ့ တပည့်တစ်ယောက် ရလာတော့မယ့်ပုံပဲ...”
တာအိုအိုကြီးသည် ထိုစကားကို ကြားသောအခါ အောင်ပွဲခံသည့် အမူအရာကို ပြသလိုက်ပြီး သူ၏ ဂုဏ်ယူမှုကို ဖုံးကွယ်ရန် မကြိုးစားတော့ချေ။
“ဒါ သဘာဝပဲလေ...”
“သူမက ဆေးဖော်စပ်သူတစ်ယောက်လေ...”
“သူမက ဆေးဖက်ဝင် ဂုဏ်သတ္တိတွေအပေါ် သဘာဝအလျောက် အာရုံခံနိုင်စွမ်းရှိတယ် အကယ်၍ သူမသာ လောကီကမ္ဘာမှာဆိုရင် သမားတော်တစ်ယောက်ပဲ ဖြစ်နိုင်ပြီး သူမရဲ့ ပါရမီကို ဖြုန်းတီးပစ်သလို ဖြစ်သွားလိမ့်မယ်...”
“အခု ငါ့ရဲ့ တာလော့ တံခါးပေါက်ကို ဝင်လာပြီဆိုတော့ သူမက အနာဂတ်မှာ အရပ်မျက်နှာအားလုံးကို သေချာပေါက် တုန်လှုပ်သွားစေလိမ့်မယ်...”
တာအိုအိုကြီးက ယုံကြည်မှုရှိရှိ ခေါင်းညိတ်လိုက်၏။
ဆေးတောင်။
ဆေးဖော်စပ်သူ။
လင်းရီသည် တာအိုအိုကြီးကို စပ်စုစွာ ကြည့်လိုက်ရာ သူ၏ အရှေ့ရှိ ဤအဘိုးအိုသည် ဒဏ္ဍာရီလာ ဆေးဖော်စပ်သူတစ်ဦး ဖြစ်သင့်ပေသည်။
“လင်းရီ ဒါက ငါတို့ တာလော့အင်မော်တယ်ဂိုဏ်းရဲ့ ဆေးတောင် တောင်သခင် ကဲ့ချင် တဲ့...” ကျိုးယွင်က လင်းရီကို ကြည့်ကာ ပြောလိုက်၏။
“ဂျူနီယာ လင်းရီက တောင်သခင် ကဲ့ကို နှုတ်ဆက်ပါတယ်...” လင်းရီကလည်း နှိမ့်ချခြင်း၊ မာနကြီးခြင်း မရှိဘဲ ဦးညွှတ်လိုက်သည်။
“လင်းရီ...”
“မင်းအကြောင်း ကြားဖူးတယ် ပါရမီရှင်ကြီး...”
“အရင်က တောင်သခင် အများအပြားက မင်းကို သူတို့ရဲ့ ဂိုဏ်းတွေထဲ ခေါ်သွင်းချင်ခဲ့ကြတယ် ဒါပေမဲ့ ကံမကောင်းစွာနဲ့ တာ့ကန်းက ကျိုးယွင်ရဲ့ ဇာတိဖြစ်နေတယ်လေ...”
“အခု မင်းကို မြင်ရတာ မင်းက တကယ်ကို ထူးခြားတာပဲ...” ကဲ့ချင် သည် လင်းရီကို ခေါင်းအစ ခြေအဆုံး သေချာစစ်ဆေးကြည့်ပြီးနောက် နောက်ဆုံးတွင် သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်၏။
ဟွေရှင်း ကလည်း လင်းရီကို ခိုးကြည့်လိုက်သော်လည်း လင်းရီ၏ အကြည့်ကို သတိပြုမိသောအခါ လန့်ဖျပ်သွားသော ယုန်လေးတစ်ကောင်ကဲ့သို့ ကဲ့ချင် ၏ နောက်သို့ ဝင်ပုန်းသွားခဲ့သည်။
“စီနီယာကလည်း ကျွန်တော့်အကြောင်း ကြားဖူးတာလား...” လင်းရီ အံ့အားသင့်သွားခဲ့၏။
“မှန်ထဲကပန်း၊ ရေထဲကလ က ဆယ်နှစ်ကို တစ်ကြိမ် ပွင့်တယ် တစ်ကြိမ်ကို တစ်လကြာတယ်...”
“အကယ်၍ မှန်ထဲကပန်း၊ ရေထဲကလ ပွင့်တဲ့အထိ စောင့်ပြီးမှ လောကီကမ္ဘာကို ရှာမယ်ဆိုရင် ငါတို့မှာ အချိန်ဘယ်ရမှာလဲ...” ကဲ့ချင် က သဘာဝကျသကဲ့သို့ ပြောလိုက်သည်။
ယခင်က မှန်ထဲကပန်း၊ ရေထဲကလ ထဲမှ ထွက်သွားသော သာမန်လူများကို စီစဉ်ပေးခဲ့သကဲ့သို့ ဝိညာဉ်နယ်မြေတွင်လည်း လွန်ခဲ့သော ဆယ်နှစ်အတွင်း လောကီကမ္ဘာရှိ ထင်ရှားသော ပုဂ္ဂိုလ်များ၏ အသေးစိတ် အချက်အလက်များကို ပြုစုရန် တာဝန်ရှိသူများ သဘာဝကျကျ ရှိပေ၏။
လင်းရီမှာလည်း သဘာဝကျကျ စာရင်းထဲတွင် ပါဝင်နေခဲ့သည်။
“ဪ ဒီလိုကိုး...” လင်းရီက တွေးတောကာ သဘောတူလိုက်၏။
ရီကွမ်အဖွဲ့က ဒဏ္ဍာရီအမျိုးမျိုးကို စစ်ထုတ်ခြင်းဖြင့် အင်မော်တယ်များ၏ တည်နေရာကို ခန့်မှန်းနိုင်ပါက၊ ထိုနည်းတူစွာ အင်မော်တယ်များအတွက် လောကီကမ္ဘာရှိ လူအချို့၏ အချက်အလက်များကို ရရှိရန် မည်သို့ ခက်ခဲနိုင်မည်နည်း။
ထို့ထက်ပို၍ လင်းရီ၏ နာမည်ကြီးမှုမှာ ကြီးမားလွန်းသဖြင့် တာ့ကန်းရှိ လူတိုင်းက သူ့အကြောင်းကို သိကြပြီး ပတ်ဝန်းကျင် နိုင်ငံအချို့တွင်ပင် လင်းရီ၏ မှတ်တမ်းဖိုင်များကို စုပုံထားပါက တောင်တစ်လုံး ဖြစ်သွားနိုင်ပေသည်။
“မိတ်ဆွေငယ် လင်းရီ ဒီတာအိုအိုကြီးက ရိုင်းစိုင်းပေမဲ့ ဝိုင်တစ်ခွက်လောက် တောင်းလို့ရမလား...” ကဲ့ချင် သည် လင်းရီ၏ လက်ထဲရှိ ဝိုင်အိုးကို စိတ်အားထက်သန်စွာ ကြည့်လိုက်ရာ သူသည်လည်း သေရည်ကောင်းကို နှစ်သက်သူတစ်ဦးဖြစ်ကြောင်း သိသာလှပေ၏။
“ဘာလို့ မရရမှာလဲ...” လင်းရီသည် နောက်ထပ် ဝိုင်ခွက်တစ်ခွက်ကို ထုတ်ယူကာ ဝိုင်တစ်ခွက် လောင်းထည့်ပြီး ကဲ့ချင် ထံသို့ ကမ်းပေးလိုက်သည်။
ကြွယ်ဝသော ဝိုင်ရနံ့က ကဲ့ချင် အား စွဲမက်ဖွယ်ကောင်းသော အမူအရာကို ပြသစေခဲ့ပြီး အနံ့ကို လောဘတကြီး ရှူရှိုက်ကာ တစ်စွန်းတစ်စမျှ လွတ်သွားမည်ကို စိုးရိမ်နေသကဲ့သို့ ဖြစ်နေခဲ့ပြီးနောက်၊ သူသည် ခွက်ထဲတွင် ဝိုင်တစ်စက်မျှ မကျန်တော့သည်အထိ ဖြည်းညင်းစွာ အရသာခံ၍ သောက်လိုက်၏။
“ဒီတာအိုအိုကြီးက ကိုယ့်ကိုယ်ကိုယ် ဝိုင်ကျွမ်းကျင်သူလို့ သတ်မှတ်ထားတာ ငါ့ဘဝမှာ ကျိုးယွင်ထက် မနည်းတဲ့ ဝိုင်တွေကို သောက်ဖူးတယ် ဒါပေမဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေကို အားဖြည့်ပေးနိုင်တဲ့ ဒီဝိုင်ကတော့ တကယ်ကို ရှားပါးတာပဲ...”
ကဲ့ချင် က ချီးမွမ်းစကားများ အပြည့်ဖြင့် ထပ်ခါတလဲလဲ အာမေဍိတ်သံ ပြုလိုက်သည်။
“စီနီယာ ကြိုက်ရင် ပြီးတာပါပဲ...”
လင်းရီက ခေါင်းညိတ်လိုက်ပြီးနောက် ဟွေရှင်း အတွက်လည်း တစ်ခွက် လောင်းပေးလိုက်၏။
လင်းရီကို အံ့အားသင့်စေသည်မှာ ဟွေရှင်း သည် ဝိုင်ကို မြင်သောအခါ တစ္ဆေတစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ တုံ့ပြန်ခဲ့ပြီး လက်များကို အကြိမ်ကြိမ် ဝှေ့ယမ်းပြသဖြင့် လင်းရီမှာ လက်လျှော့လိုက်ရတော့သည်။
“မိတ်ဆွေငယ် လင်းရီ ဒီဝိုင်ကို ဘယ်လိုခေါ်လဲ...” ကဲ့ချင် သည် လင်းရီကို စိတ်အားထက်သန်သော မျက်လုံးများဖြင့် ကြည့်လိုက်၏။
“ရေတွက်လို့မရနိုင်တဲ့ ဝမ်းနည်းမှုတွေနဲ့ ခံစားချက်တွေကို ခံစားရစေပြီး လောကီကမ္ဘာကို နားလည်သဘောပေါက်စေနိုင်တဲ့ ဒီဝိုင်ကို ဟုန်ချန်ဝိုင် လို့ ခေါ်ပါတယ်...” လင်းရီက ဝိုင်ခွက်ကို ပွတ်သပ်ရင်း ပြောလိုက်သည်။
“ဟုန်ချန်ဝိုင်...”
“ဒါက သာမန်လည်းဆန်ပြီး ကျက်သရေလည်း ရှိတာပဲ...” ကျိုးယွင်က ခေါင်းညိတ်လိုက်၏။
“ဟုန်ချန်ဝိုင် အတွက် ကျေးဇူးတင်ပါတယ် မိတ်ဆွေငယ်...”
“မိတ်ဆွေငယ် စိတ်ချပါ ဒီတာအိုအိုကြီးက မင်းရဲ့ဝိုင်ကို အလကား မသောက်ပါဘူး အခုကစပြီး ဆေးလုံးတွေနဲ့ ပတ်သက်တာ တစ်ခုခုရှိရင် ဒီတာအိုအိုကြီးကို လာရှာလို့ရတယ်...”
ကဲ့ချင် က ရင်ဘတ်ကိုပုတ်ကာ ပြောလိုက်ရာ ကျိုးယွင်၏ ညင်သာသော ကျက်သရေရှိမှုနှင့် နှိုင်းယှဉ်ပါက ပို၍ပွင့်လင်းမှု အနည်းငယ်ကို ပြသနေခဲ့သည်။
“ဒီလိုဆိုမှတော့ ဒီဂျူနီယာက စီနီယာနဲ့ တိုင်ပင်ချင်တဲ့ ကိစ္စတစ်ခု တကယ် ရှိပါတယ်...”
လင်းရီ၏ မျက်လုံးများမှာ မှန်ထဲကပန်း၊ ရေထဲကလ ဝိုင်ချက်နည်းကို တွေးမိပြီး တောက်ပသွားခဲ့၏။
***