ထိုအခိုက်အတန့်တွင် ရန်ချန်ချန်သည်လည်း မျက်ရည်များ ဝဲလျက် လျှောက်လာကာ စိတ်လှုပ်ရှားစွာဖြင့် လီဟောင်ကို ငေးကြည့်နေမိသည်။
လီဟောင်သည် သူ(မ)၏ ပြောင်းလဲမှုကို သတိထားမိသည်။ ယခင်က သူ၏နောက်မှ ဓားကို ကိုင်ကာ လိုက်ပါလာတတ်သည့် နာခံမှုရှိသော မိန်းကလေးမှာ ယခုအခါတွင်မူ နတ်သမီးတစ်ပါးကဲ့သို့ ခန့်ညားထည်ဝါပြီး ပိုမိုလှပကာ ဆွဲဆောင်မှု ရှိလာခဲ့သည်။
လီဟောင်က သူ(မ)ကို ပြုံးပြရင်း "ဒီနှစ်တွေထဲမှာ ဓားသိုင်းကော တိုးတက်မှုရှိရဲ့လား" ဟု မေးလိုက်သည်။
ရန်ချန်ချန်သည် နှာခေါင်းထဲတွင် စပ်ဖျင်းဖျင်း ခံစားလိုက်ရပြီး "သခင်လေး ကျွန်မကို ဓားသိုင်း ပြန်သင်ပေးမှာကို စောင့်နေတာပါ" ဟု ပြောလိုက်သည်။
လီဟောင်၏ ရင်ထဲတွင် ဖော်ပြ၍မရနိုင်သော နွေးထွေးမှုတစ်ခု ခံစားလိုက်ရပြီး မျက်လုံးထဲတွင် သဲများ ဝင်နေသကဲ့သို့ ခံစားလိုက်ရသဖြင့် ပြုံးရင်းနှင့်ပင် "ဒီတစ်ခါတော့ ငါ မင်းကို ကောင်းကင်ဘုံအသီးသီးရဲ့ အစွမ်းအထက်ဆုံး ဓားသိုင်းကို သင်ပေးမယ်" ဟု ပြောလိုက်သည်။
ရန်ချန်ချန်သည် သူ(မ)၏ နှုတ်ခမ်းကို ကိုက်ထားရင်း လီဟောင်ကို တိတ်ဆိတ်စွာ ကြည့်နေမိသည်။ ကောင်းကင်ဘုံ၏ အစွမ်းအထက်ဆုံး ဓားသိုင်းထက် သူ(မ) အမှန်တကယ် လိုလားသည်မှာ ထိုလူငယ်၏ နောက်မှ လိုက်ပါရင်း နေ့စဉ် နေရောင်ခြည်ကို ခံစားကာ ရိုးရှင်းသော အစားအစာများကို စားသောက်ရန်သာ ဖြစ်သည်။ သူ(မ)အတွက် ဓားမရှိလျှင်ပင် ကိစ္စမရှိပေ။
ထိုအချိန်တွင် အခြားသူများသည်လည်း လီဟောင်၏ ရှေ့သို့ တဖြည်းဖြည်း ပျံသန်း ရောက်ရှိလာကြသည်။
လီဟောင်သည် ပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါ အချိန်ကာလ၏ တိုက်စားမှုကြောင့် လူအများအပြား ပြောင်းလဲသွားကြသော်လည်း သူတို့၏ မျက်နှာများမှာမူ ရင်းနှီးနေဆဲဖြစ်သည်။
"အဘိုးလေး၂၊ အဘိုးလေး၅၊ ဒေါ်လေး..."
ပတ်ဝန်းကျင်ကို ကြည့်နေရင်း လီဟောင်သည် လီရှောင်ရန်ပါမလာသည်ကို သတိထားမိသွားသဖြင့် "အဘိုးလေး၄ကော ဘယ်မှာလဲ" ဟု မေးလိုက်သည်။
လီမူရှို့သည် လီဟောင်အနေဖြင့် သူ၏ အဘိုးလေး၄ကို မှတ်မိနေသေးလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ထိုအခါမှသာ သူအရှေ့ရှိ လူငယ်မှာ အမှန်တကယ်ပင် ယခင်က ကလေးငယ်အတိုင်းပင် ဖြစ်နေသေးကြောင်း ခံစားလိုက်ရသည်။ သူသည် စိတ်လှုပ်ရှားမှုကြောင့် မျက်ရည်များ ဝဲလျက်ပင် ပြန်ဖြေလိုက်သည်။
"မင်း အင်မော်တယ်တံခါးထဲကို ဝင်သွားပြီး မကြာခင်မှာပဲ နံပါတ်၄က နေရာအနှံ့ လျှောက်သွားနေပြီး စစ်သူကြီးအိမ်တော်ကိုလည်း ပြန်လာခဲတယ်။ ဒါကြောင့် ဒီတစ်ခါ သူ ပါမလာတာပါ"
လီဟောင် သဘောပေါက်လိုက်သည်။ အဘိုးလေး၄သည် ငယ်စဉ်ကတည်းက လွတ်လပ်စွာ သွားလာရသည်ကို နှစ်သက်ပြီး အလွန် ထိန်းချုပ်ရခက်သူ ဖြစ်ကြောင်း သူ ကြားဖူးသည်။
"အရင်ကတော့ ကျွန်တော် သူတော်စင်တောင်တန်းကို တည်ဆောက်ပြီးမှ အားလုံးကို လိုက်ရှာဖို့ စီစဉ်ထားတာပါ။ အခုတော့ အားလုံးက စောစောရောက်လာကြတာဆိုတော့ ကောင်းတာပေါ့။ ကျွန်တော် တည်ဆောက်ထားတဲ့ သူတော်စင်တောင်တန်းကို ပြပေးမယ်။ နောင်လာမယ့် နေ့ရက်တွေမှာ အားလုံး ဒီမှာပဲ နေထိုင်နိုင်ပါတယ်"
လီဟောင်က လူတိုင်းကို သူတော်စင်တောင်ပေါ်သို့ ဆင်းသက်ရန် ဖိတ်ခေါ်လိုက်သည်။
သူသည် လူတိုင်း အခြေချနေထိုင်ရန်အတွက် အလွန်ကောင်းမွန်သော နေရာတစ်ခုကို ရွေးချယ်ပေးလိုက်သည်။
လူအုပ်ကြားတွင် ရှိနေသော လီထျန်းကန်နှင့် ဂျိချင်ချင်တို့သည် လီဟောင်၏ အကြည့်မှာ သူတို့ကို ကျော်ဖြတ်သွားသည်ကို သတိထားမိလိုက်သဖြင့် သူတို့၏ မျက်နှာများမှာ အနည်းငယ် ပျက်သွားပြီး အကြည့်များ မှေးမှိန်သွားခဲ့သည်။
လီဖျင်အန်းသည်လည်း အစ်ကိုဖြစ်သူသည် သူ့ကို တစ်ချက်ပင် လှည့်မကြည့်သည်ကို မြင်သောအခါ ဖော်ပြ၍မရနိုင်သော ဆုံးရှုံးမှု ခံစားချက်နှင့်အတူ ဒေါသများလည်း ဆူပွက်လာခဲ့သည်။
လီဟောင်သည် သူ့ကို လျစ်လျူရှုထားရုံသာမက သူတို့၏ မိဘများကိုပါ လုံးဝ လျစ်လျူရှုထားကြောင်း သူ သဘောပေါက်လိုက်သည်။
လီဟောင်က လူတိုင်းကို အခြေချရန် ဖိတ်ခေါ်နေသည့် နေရာမှာ အလွန်ကျယ်ဝန်းသော မြေကွက်လပ်ကြီး ဖြစ်ပြီး အဆောက်အအုံများစွာကို ဆောက်လုပ်နိုင်သည်။
လီဟောင်သည် အဆောက်အအုံများကို မဆောက်လုပ်ရသေးဘဲ သူတို့ ရောက်ရှိလာမှသာ သူတို့နှစ်သက်ရာ အဆောင်ဆောင် အခန်းခန်းများကို ဆောက်လုပ်စေရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။
"လီဟောင်"
လီဟောင်သည် ဧကရာဇ်ယု၊ ရန်ချန်ချန်တို့နှင့် ရယ်မော စကားပြောနေသော်လည်း ဘေးတွင် ရှိနေသော မိဘများကိုမူ လုံးဝ လျစ်လျူရှုထားသည်ကို မြင်သောအခါ လီဖျင်အန်းသည် နောက်ဆုံးတွင် မအောင့်နိုင်တော့ဘဲ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
လီဟောင်သည် မျက်မှောင်ကြုတ်ကာ ခန့်ညားသော လူငယ်တစ်ဦးကို ဇဝေဇဝါဖြင့် ကြည့်လိုက်သည်။ သူသည် လီမိသားစုတွင် အရှိန်အဝါ အရှိဆုံးသူ ဖြစ်ပြီး တာအိုနားလည်ခြင်းနယ်ပယ်၏ ထိပ်ဆုံးသို့ ရောက်ရှိနေကြောင်း သူ သတိထားမိသော်လည်း သူ့အတွက်မူ ဤသည်မှာ အရေးမကြီးပေ။
လီဖျင်အန်းသည် ဒေါသတကြီး ပြောလိုက်ပြီးနောက်တွင်မူ ရုတ်တရက် နောင်တရသလို ခံစားလိုက်ရသဖြင့် ချွေးအေးများ ထွက်လာခဲ့သည်။
တစ်ချိန်တည်းတွက် ပတ်ဝန်းကျင် တစ်ခုလုံးမှာ ချက်ချင်းပင် တိတ်ဆိတ်သွားပြီး သေမင်းကဲ့သို့ ငြိမ်သက်သွားသည်ကို သူ သတိထားမိလိုက်သည်။
အစောပိုင်းက ပြုံးရွှင်နေကြသော လီယွမ်ကျောက်၊ အဒေါ် ဟဲကျန်းလန်နှင့် အခြားသူများသည် သူ့ကို စိုးရိမ်ပူပန်မှု၊ မသက်မသာဖြစ်မှုနှင့် တိတ်ဆိတ်မှုများဖြင့် ကြည့်နေကြသည်။
ထိုအကြည့်များကြောင့် လီဖျင်အန်းမှာ အလွန် နေရခက်သွားခဲ့သည်။ အတိတ်က သူ အမှားလုပ်ခဲ့စဉ်ကပင် သူတို့သည် သူ့ကို ဤကဲ့သို့ အကြည့်မျိုးဖြင့် မကြည့်ခဲ့ဖူးပေ။
"မင်း သူတော်စင်နယ်မြေမှာ ဒီလောက် ကောင်းကောင်း နေနေရတာကို၊ ဘာလို့ ဒီနှစ်တွေမှာ သေမျိုးလောကကို ပြန်လာပြီး မိဘတွေကို မတွေ့တာလဲ။ သူတို့ မင်းကို ဘယ်လောက် သတိရနေတယ်ဆိုတာကော မင်း သိရဲ့လား"
သူ၏ ရင်ထဲတွင် နေရခက်နေသော်လည်း လီဖျင်အန်းက အံကို တင်းတင်းကြိတ်ကာ ဆက်ပြောလိုက်သည်။
ငယ်စဉ်ကတည်းက သူသည် ထိုလူ၏ အရိပ်အောက်တွင်သာ နေခဲ့ရသည်။ မိဘများ၏ မျက်လုံးထဲတွင်ပင် သူတို့သည် တစ်စုံတစ်ဦးကို လွမ်းဆွတ်နေကြသည်ကို သူ အမြဲ မြင်တွေ့နေရသည်။ သူ ကြီးပြင်းလာသောအခါမှသာ ၎င်းမှာ အခြားသူတစ်ဦးကို သတိရနေခြင်း ဖြစ်ကြောင်း သူ သိရှိသွားခဲ့သည်။
သူ အသည်းအသန် ကြိုးစားသော်လည်း ဘယ်သောအခါမှ မရရှိနိုင်ခဲ့သောအရာကို အခြားသူတစ်ဦးက လွယ်လွယ်ကူကူ ရရှိထားရုံသာမက ယခုအခါတွင်မူ လျစ်လျူရှုသည့် ပုံစံမျိုး ပြသနေသည်ကို သူ မခံစားနိုင်တော့ပေ။
"မိဘတွေလား"
တစ်ဖက်လူ၏ ခေါ်ဝေါ်မှုကို ကြားသောအခါ လီဟောင်၏ မျက်လုံးများမှာ အနည်းငယ် ဝေ့ဝဲသွားပြီး အခြေအနေကို ချက်ချင်း သဘောပေါက်လိုက်သည်။
သို့သော် သူ၏ ရင်ထဲတွင် မည်သည့် ခံစားချက်မှမရှိဘဲ တည်ငြိမ်စွာပင် ပြောလိုက်သည်။
"မင်းပြောတဲ့လူက သေသွားတာ ကြာပြီ။ အဲဒါကို ဘယ်သူမှ မပြောပြကြဘူးလား"
လီဖျင်အန်းမှာ မှင်သက်သွားပြီး သူ့ကို ထိတ်လန့်မှု၊ သံသယများဖြင့် ကြည့်ရင်း "မင်း... မင်း ဘာကို ဆိုလိုတာလဲ" ဟု မေးလိုက်သည်။
လီဟောင်သည် သူ့ကို များများစားစား ရှင်းပြရန် စိတ်မဝင်စားတော့ဘဲ လီမူရှို့နှင့် ဧကရာဇ်ယုတို့ကို အခြားတစ်ဖက်သို့ ခေါ်ဆောင်ကာ စကားပြောလိုက်သည်။
ထိုအခိုက်အတန့်တွင် ဟင်းလင်းပြင်အတွင်းမှ လေတိုးသံများ ထွက်ပေါ်လာသည်။
၎င်းမှာ ဂျိဆန်းကြယ်နတ်ဘုရားနှင့် အခြားသူများသည် ကောင်းကင်ဘုံအသီးသီးမှ မိတ်ဆွေများစွာနှင့်အတူ ရတနာများကို သယ်ဆောင်လာကြခြင်း ဖြစ်သည်။
"ဟောင်ထျန်း... ငါတို့ ရောက်ပြီ"
ဂျိဆန်းကြယ်နတ်ဘုရားနှင့် အခြားသူများသည် လီဟောင်၏ ရှေ့သို့ ဆင်းသက်လိုက်ကြပြီး အနီးနားရှိ လီမိသားစုဝင်များကိုလည်း သတိပြုမိသွားကြသည်။ ဂျိဆန်းကြယ်နတ်ဘုရားသည် သူတို့ကို ရင်းနှီးသလို ခံစားရသော်လည်း မမှတ်မိသဖြင့် လီဟောင်၏ မိတ်ဆွေများသာ ဖြစ်လိမ့်မည်ဟု ထင်လိုက်သည်။
သူက အနည်းငယ် ရှက်ကိုးရှက်ကန်းဖြင့် "ကြည့်ပါဦး... ငါတို့ လူတွေ အများကြီး ခေါ်လာမိတယ်လို့ မင်း ထင်လား" ဟု မေးလိုက်သည်။
သူ၏ ဘေးတွင် သူငယ်ချင်းများနှင့် သူတို့၏ နောက်လိုက်များ အပါအဝင် လူထောင်ပေါင်းများစွာ ရပ်နေကြသည်။ ဂျိဆန်းကြယ်နတ်ဘုရား၏ ရွေးချယ်မှုအရ နောက်ဆုံးတွင် လူထောင်ချီ ကျန်ရှိနေခဲ့ခြင်း ဖြစ်သည်။
လီဟောင် တစ်ချက်ကြည့်ကာ အသာအယာ ရယ်မောရင်း "မများပါဘူး။ ဒီမြင့်မြတ်နယ်မြေက လူသန်းပေါင်းများစွာကို လက်ခံနိုင်ပါတယ်။ အရင်ဆုံး လူဖြည့်ထားလို့ ရတာပေါ့" ဟု ပြောလိုက်သည်။
လီဟောင်က ထိုသို့ ပြောလိုက်သဖြင့် ဂျိဆန်းကြယ်နတ်ဘုရားသည် နောက်ဆုံးတွင် သက်ပြင်းချနိုင်သွားခဲ့သည်။ သူ၏ နောက်မှ လူများသည်လည်း လီဟောင် သူတို့ကို နှင်ထုတ်မည်ကို စိုးရိမ်နေကြရာမှ စိတ်အေးသွားကြသည်။
တစ်ချိန်တည်းတွင် သူတို့သည် ဟောင်ထျန်းသူတော်စင်အပြင် သူတော်စင်များလည်း ဤနေရာတွင် ရှိနေသည်ကို သတိထားမိသွားကြသည်။
ဤသည်မှာ သူတို့ကို မှင်သက်သွားစေခဲ့သည်။ ကောင်းကင်ဘုံ၏ သူတော်စင်များ အားလုံး ဤနေရာတွင် စုဝေးနေလိမ့်မည်ဟု သူတို့ မထင်မှတ်ထားခဲ့ပေ။
ထိုအခိုက်အတန့်တွင် မြင့်မြတ်နယ်မြေ၏ အပြင်ဘက်မှ လေတိုးသံများ ပိုမို ထွက်ပေါ်လာသည်။
လီဟောင်၏ သိကျွမ်းသူများစွာမှာ တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာကြသည်။ ၎င်းတို့ထဲတွင် ကျန်းတန်၊ ဘိုးဘေးယဲ့ နှင့် အခြားသူများ ပါဝင်သည်။
၎င်းတို့ကြားတွင် လီဟောင်သည် လင်းချင်းယွဲ့ကိုလည်း မြင်လိုက်ရသည်။ သူ(မ)၏ နောက်တွင် လင်းရှန်းဟိုင်နှင့် သူ(မ)၏ ဆရာအပါအဝင် အဂ္ဂိရတ်ပညာရှင်များစွာ ပါဝင်လာခဲ့သည်။
***